KH Car Rental Service

เส้นทาง

KH Car Rental Service Stop Working & Start Travelling

28.9.2026 ညနေပိုင်း Ramkhamhaeng/ Bangkapi  တစ်ဝိုက်ရေကြီးမှုအခြေအနေများ………
28/09/2026

28.9.2026 ညနေပိုင်း Ramkhamhaeng/ Bangkapi တစ်ဝိုက်ရေကြီးမှုအခြေအနေများ………

🏔️🚂✨ ဒီနေ့တော့ သဘာဝအလှအပနဲ့ သမိုင်းဝင်နေရာတွေ ပေါင်းစပ်ထားတဲ့ Kanchanaburi (ကန်ချနဘူရီ) မြို့ဆီသို့ ကျွန်တော်တို့ရဲ့ ကား...
24/09/2026

🏔️🚂✨ ဒီနေ့တော့ သဘာဝအလှအပနဲ့ သမိုင်းဝင်နေရာတွေ ပေါင်းစပ်ထားတဲ့ Kanchanaburi (ကန်ချနဘူရီ) မြို့ဆီသို့ ကျွန်တော်တို့ရဲ့ ကားငှားဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အသုံးပြုပြီး လာရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏🚗

Kanchanaburi ဆိုတာ သဘာဝတောင်တန်း၊ မြစ်ချောင်းအလှအပတွေနဲ့အတူ ရှေးဟောင်း သမိုင်းဝင် အမှတ်တရတွေကို တစ်နေရာတည်းမှာ အပြည့်အဝ ခံစားလို့ရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ မြစ်ကူးတံတားတွေ၊ တောင်ပေါ်က သပ္ပာယ်လှတဲ့ ဘုရားကျောင်းတွေနဲ့ သမိုင်းဝင် လည်ပတ်စရာ နေရာမျိုးစုံရှိတာကြောင့် ဘန်ကောက်မြို့ပြင်မှာ အပန်းဖြေဖို့ အကောင်းဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်ခင်ဗျာ။

ခရီးစဉ်တစ်ခုလုံးမှာ ဧည့်သည်တော်တွေ စိတ်လွတ်လပ်စွာ အနားယူနိုင်ဖို့နဲ့ အသွားအပြန် လမ်းခရီး အစအဆုံး သက်တောင့်သက်သာဖြစ်စေဖို့အတွက်ခရီးစဉ်တစ်လျှောက်လုံး မြို့ပြင်နေရာအနှံ့ အချိန်ကုန်သက်သာစွာနဲ့ စိတ်အေးချမ်းသာ သွားလာနိုင်အောင်၊ ဘေးကင်းလုံခြုံမှုရှိအောင် ကျွမ်းကျင်သောကားဆရာမှ စေတနာပါပါနဲ့ ကားမောင်းပြီး လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်ခင်ဗျာ။

ဧည့်သည်တော်များလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေနပ်ကြတဲ့အတွက် ဝမ်းသာရပါတယ်ခင်ဗျာ။

Bangkok မှ Kanchanaburi သို့မဟုတ် အခြားမြို့ပြင် ခရီးစဉ်များကို မိသားစု၊ သူငယ်ချင်းများနှင့်အတူ သက်တောင့်သက်သာ၊ စိတ်ကြိုက်ခရီးစဉ်ရေးဆွဲပြီး သွားရောက်ချင်သူများရှိရင် ကျွန်တော်တို့ Page ထံ စာပို့ပြီး ကားလာရောက် ငှားရမ်းနိုင်ပါတယ်ခင်ဗျာ။ 📥✨

ခရီးစဉ် စုံစမ်းမေးမြန်းလိုပါက Chat Box (CB) မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤝









ကန်ချနဘူရီက မရဏမင်းနဲ့ စိန်ခေါ်ခဲ့ရတဲ့ သေမင်းတမံ ရထားလမ်းနဲ့ ဂူကျောင်းတော်အကြောင်း (Part-1)   ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ...
21/09/2026

ကန်ချနဘူရီက မရဏမင်းနဲ့ စိန်ခေါ်ခဲ့ရတဲ့ သေမင်းတမံ ရထားလမ်းနဲ့ ဂူကျောင်းတော်အကြောင်း (Part-1)

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ (Kanchanaburi) လို့ ပြောလိုက်ရင် ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းကြောင်းနဲ့အတူ "သေမင်းတမံ ရထားလမ်း" (Death Railway) ကို ပြေးမြင်ကြမှာပါ။ ဒါပေမဲ့ ဒီရထားလမ်းရဲ့ အလှဆုံးနဲ့ အခြောက်ခြားဆုံး အပိုင်းဖြစ်တဲ့ မက္ကဆင်း (Tham Krasae) တောင်ကောက်ကွေ့နားမှာ စိတ်ဝင်စားစရာကောင်းလှတဲ့ ဂူဘုရားကျောင်းတော်ကြီးတစ်ခု ရှိနေတာကိုရော သိပြီးကြပြီလား။

သေမင်းတမံရထားလမ်းဆိုတာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တပ်မတော်က မြန်မာနိုင်ငံကို စစ်ကူပစ္စည်းများ ပို့ဆောင်ဖို့အတွက် စစ်သုံ့ပန်းပေါင်း မြောက်မြားစွာရဲ့ သွေး၊ ချွေး၊ အသက်ပေါင်းများစွာနဲ့ ရင်းပြီး တောင်နံရံတွေကို လက်နဲ့တူး မိုင်းခွဲပြီး တည်ဆောက်ခဲ့ရတာပါ။

အဲဒီအထဲကမှ ကန်ချနဘူရီရဲ့ Tham Krasae ဘူတာနား တောင်နံရံဘေးက ပျဉ်ထောင်တံတား ဟာ တကယ့်ကို အသည်းယားစရာ ပါ။ တစ်ဖက်မှာ မတ်စောက်တဲ့ ကျောက်တောင်နံရံကြီးရှိပြီး အခြားတစ်ဖက်မှာတော့ Khwae Noi Riverမြစ်က စီးဆင်းနေတာပါ။ ရထားလမ်းပေါ် လမ်းလျှောက်ရင်း ကြည့်လိုက်ရင် ရင်တထိတ်ထိတ်နဲ့ ဒီတံတားကြီးရဲ့သမိုင်းကိုစိတ်လှုပ်ရှားဖွယ် အပြည့်အဝ ခံစားရစေမှာပါ။

အဲဒီ မတ်စောက်လှတဲ့ ရထားလမ်းဘေး တောင်နံရံကြီးရဲ့ အောက်ခြေမှာတော့ သဘာဝအတိုင်း ဖြစ်
တည်နေတဲ့ "တမ်ကရာဆဲ ဂူ” (Tham Krasae Cave) လို့ခေါ်တဲ့ ဘုရားတည်ထားတဲ့ ဂူတစ်ခုရှိနေပါတယ်။

ဂူအတွင်းထဲကို လှမ်းဝင်လိုက်တာနဲ့ ဂူရဲ့ အလည်တည့်တည့်မှာ တည်ထားကိုးကွယ်ထားတဲ့ ရွှေရောင်ဝင်းပနေတဲ့ ဗုဒ္ဓဆင်းတုတော်ကြီး ကို ဖူးတွေ့ရပါမယ်။

ဒီဗုဒ္ဓဆင်းတုတော်ကြီးက ဒုတိယကမ္ဘာစစ်အတွင်း အငတ်ဘေး၊ ရောဂါဘေး၊ စစ်ဆင်ရေးတွေကြောင့် ရထားလမ်းဖောက်လုပ်ရင်း သေဆုံးခဲ့ကြရတဲ့ စစ်သုံ့ပန်းများစွာရဲ့ ဝိညာဉ်များကို ရည်စူးပြီး ငြိမ်းချမ်းရေးနဲ့ အမျှအတန်း ပေးဝေနိုင်ဖို့အတွက် ဒီဂူအတွင်းမှာ ဗုဒ္ဓဆင်းတုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဂူထဲမှာ သမိုင်းဝင် ဗုဒ္ဓဆင်းတုတော်ကို ဖူးမြော်ဆုတောင်းကြသလို၊ လမ်းခရီး အန္တရာယ်ကင်းရှင်းဖို့နဲ့ ဘဝရဲ့ သောကတွေကို ငြိမ်းချမ်းစေဖို့ ခရီးသွားအများအပြား ဝင်ရောက်ဝတ်ပြုဆုတောင်းကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ရထားလမ်းဘေးတစ်နေရာမှာ နောက်ထပ်မြင်တွေ့ရမှာကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဗုံးကျင်းကြီးဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၄ - ၁၉၄၅ ခုနှစ်
ဝန်းကျင်) မှာ မဟာမိတ်တပ်ဖွဲ့တွေဟာ ဂျပန်တပ်မတော်ရဲ့ စစ်ကူလမ်းကြောင်းဖြစ်တဲ့ သေမင်းတမံ ရထားလမ်းကို ဖျက်ဆီးဖို့အတွက် လေကြောင်းကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။ ဒီနေရာဟာ မဟာမိတ်တပ်ဖွဲ့တွေ ကြဲချခဲ့တဲ့ ဗုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ဗုံးကျင်းကြီး ဖြစ်ပါတယ်။

အဆိုပါ ဗုံးကျရောက်ခဲ့တဲ့ ကျင်းကြီးကို ကွန်ကရစ်ခင်း၊ ခြံစည်းရိုးခတ်ပြီး ရေကန်ငယ်အဖြစ် ပြုလုပ်ကာ ဗုံးသီးပုံစံ အမှတ်တရရုပ်တုကို အလယ်မှာ စိုက်ထူထားရှိပါတယ်။

ဒီနေရာဟာ ဒုတိယကမ္ဘာစစ်ရဲ့ စစ်ဒဏ်နဲ့ စစ်ပွဲရဲ့
အကြမ်းဖက်မှုတွေကို နောင်လာနောင်သားတွေ မြင်တွေ့သင်ခန်းစာယူနိုင်ဖို့အတွက် Tham Krasae ဘူတာနှင့် ဂူကျောင်းတော်အနီးမှာ သမိုင်းဝင် အမှတ်တရနေရာတစ်ခုအဖြစ် ထိန်းသိမ်းပြသထားခြင်း ဖြစ်ပါတယ်။

ဒီလိုစိတ်ဝင်စားစရာ သမိုင်းကြောင်းတွေကိုဆက်လက်ဖတ်ရှုချင်တယ်ဆိုရင်တော့ page လေးကို like& follow လေးလုပ်ခဲ့ပေးပါဦးခင်ဗျာ။

သွားရောက်လေ့လာချင်လို့ ကားလိုအပ်ပါကလည်းဆက်သွယ်ငှါးရမ်းနိုင်ပါတယ်ခင်ဗျာ။




Bangkok မှာ Shopping ထွက်ရတာ ကြိုက်သူတွေ သဘောကျတဲ့ Siam Premium Outlets သို့ ကျွန်တော်တို့ရဲ့ ကားငှားဝန်ဆောင်မှုကို ယုံက...
20/09/2026

Bangkok မှာ Shopping ထွက်ရတာ ကြိုက်သူတွေ သဘောကျတဲ့ Siam Premium Outlets သို့ ကျွန်တော်တို့ရဲ့ ကားငှားဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အသုံးပြုပြီး လာရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏🚗

Siam Premium Outlets ဆိုတာ ကမ္ဘာကျော် Brand ပေါင်းများစွာ (Luxury Brands မှစ၍ Sports & Lifestyle Brands များအထိ) ကို ဈေးနှုန်းချိုသာစွာနဲ့ Discount အများကြီး ရရှိနိုင်တဲ့ အထူးစျေးဝယ်စင်တာကြီး ဖြစ်ပါတယ်။ အဝတ်အစား၊ ဓါတ်ပုံရိုက်စရာ နေရာလှလှလေးတွေနဲ့ အစားအသောက်စုံလင်စွာ ရှိတာကြောင့် ဈေးဝယ်ရင်း စိတ်လက်ချမ်းသာ အနားယူလို့ အရမ်းကောင်းတဲ့ နေရာတစ်ခုပါ။

ဈေးဝယ်ထွက်တဲ့အခါ ပစ္စည်းတွေ အများကြီးနဲ့ သယ်ရပြုရ မပင်ပန်းရအောင်နဲ့ ခရီးစဉ်တစ်လျှောက်လုံး ဘေးကင်းလုံခြုံစိတ်ချစွာ သွားလာနိုင်အောင် ကျွမ်းကျင်သော ယာဉ်မောင်းမှ စေတနာပါပါနဲ့ ကားမောင်းပြီး လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်ခင်ဗျာ။

🛍️နားနားနေနေ စိတ်ကြိုက် ဈေးဝယ်နိုင်တာကြောင့် shopping ထွက်ရတာကြိုက်တဲ့ဧည့်သည်တော်များ အလွန်သဘောကျမဲ့နေရာတစ်ခုလဲဖြစ်ပါတယ်ခင်ဗျာ။

Bangkok ကနေ Siam Premium Outlets သို့မဟုတ် Central Village၊ အခြား နာမည်ကြီး Shopping Mall များ/မြို့ပြင် ခရီးစဉ်များသို့ မိသားစု၊ သူငယ်ချင်းများနှင့်အတူ သက်တောင့်သက်သာ သွားရောက်ချင်သူများရှိရင် ကျွန်တော်တို့ Page ထံ စာပို့ပြီး ကားလာရောက် ငှားရမ်းနိုင်ပါတယ်ခင်ဗျာ။ 📥

ခရီးစဉ် စုံစမ်းမေးမြန်းလိုပါက Chat Box (CB) မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤝




ဒီနေ့တော့ Bangkok ကနေ ရှေးဟောင်းသမိုင်းဝင် Ayutthaya မြို့ဆီကို ကျွန်တော်တို့ရဲ့ ကားငှားဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ ...
19/09/2026

ဒီနေ့တော့ Bangkok ကနေ ရှေးဟောင်းသမိုင်းဝင် Ayutthaya မြို့ဆီကို ကျွန်တော်တို့ရဲ့ ကားငှားဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အသုံးပြုပြီး လာရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏🚗

Ayutthaya ဆိုတာ ရှေးဟောင်းသမိုင်းဝင် ဘုရားကျောင်းများ၊ လက်ရာမြောက် စေတီပုထိုးများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ပုဂံမြို့ဟောင်းလိုပဲ ရှေးဟောင်းအနုပညာ အငွေ့အသက်တွေကို အပြည့်အဝ ခံစားရစေမှာဖြစ်ပြီး စိတ်အေးချမ်းသာစွာ လည်ပတ်လို့ ကောင်းမွန်တဲ့ နေရာတစ်ခုပါ။
ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ဧည့်သည်တော်များ စိတ်ချမ်းသာ အဆင်ပြေစေဖို့၊ လမ်းကြောင်းကျွမ်းကျင်စွာနဲ့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ဖို့အတွက် စိတ်ရှည်ပြီးကျွမ်းကျင်သောယာဉ်မောင်းနှင့်အတူ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်ခင်ဗျာ။

Bangkok မှ Ayutthaya သို့မဟုတ် အခြားမြို့များသို့ မိသားစု၊ သူငယ်ချင်းများနှင့်အတူ စိတ်
အေးချမ်းသာ သက်တောင့်သက်သာ သွားရောက်လည်ပတ်ချင်သူများ ရှိရင်လည်း ကျွန်တော်တို့ Page သို့ စာပို့ပြီး ကားလာရောက် ငှားရမ်းနိုင်ပါတယ်ခင်ဗျာ။ 📥

ခရီးစဉ်များအတွက် စုံစမ်းမေးမြန်းလိုပါက CB မှတစ်ဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤝



🩷 တစ်ရက်ထဲ Bangkok City နှစ်ကြောင်း၊ Pattaya Beach တစ်ကြောင်း Order လေး 😍😍အခုလိုအားပေးကြတဲ့ Customer တွေကိုလဲကျေးဇူးအမျာ...
18/09/2026

🩷 တစ်ရက်ထဲ Bangkok City နှစ်ကြောင်း၊ Pattaya Beach တစ်ကြောင်း Order လေး 😍😍

အခုလိုအားပေးကြတဲ့ Customer တွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ စီးပွါးရေးတွေလဲအခုထက်မကအများကြီး အောင်မြင်တိုးတက်ကြပါစေခင်ဗျာ ။

ထိုင်းနိုင်ငံအတွင်းဘယ်ကိုပဲသွားချင်သွားချင် ကားလိုအပ်ပါက အချိန်မရွေး page cb ကနေတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ 😍😍





18/09/2026

ဒီညီမလေးလို Pattaya မှာ အခုလို jet ski လေးစီးပီး video လှလှလေးရိုက်ချင်တယ်ဆိုရင် အခုပဲ မင်မင်တို့ကိုဆက်သွယ်လိုက်တော့နော်😍


Contact for more detail
📞 Phone: 0656573037,0818981344
💬 Line ID: kaunghsu009
📱 Viber: +959 962033210

ဒီနေ့လိုက်ပို့ပေးဖြစ်တဲ့ လူတွေသိပ်မသိသေးတဲ့နေရာလေးတစ်ခုလေယာဉ်ပျံကြီး ပေါ်မှာ ကော်ဖီသောက်ရင်း လေယာဉ်မောင်းခန်းထဲထိဝင်ပြီး...
23/08/2026

ဒီနေ့လိုက်ပို့ပေးဖြစ်တဲ့ လူတွေသိပ်မသိသေးတဲ့နေရာလေးတစ်ခု

လေယာဉ်ပျံကြီး ပေါ်မှာ ကော်ဖီသောက်ရင်း လေယာဉ်မောင်းခန်းထဲထိဝင်ပြီးဓာတ်ပုံရိုက်လို့ရမဲ့နေရာလေး ✈️

Damnoen Sky Airplane Café & Park 📸✨
Bangkok ကနေ (၂) နာရီ ကားမောင်းရုံနဲ့ ရောက်နိုင်တဲ့ Landmark အသစ်

ဒီမှာ ဘာတွေ လုပ်လို့ရလဲဆိုရင်...

Airplane Cafe & Cockpit Spot
လေယာဉ် ပိုင်းလော့မောင်းခန်းထဲထိ ဝင်ပြီး Pilot ပုံစံ ဓာတ်ပုံရိုက်မလား၊ လေယာဉ်ပေါ်မှာ အေးဆေး ကော်ဖီသောက်မလား ☕✈️

Kayaking
သဘာဝ ရေကန်ကျယ်ကြီးထဲ လှေလှော်မလား 🚣

Kids Playground & Dinosaur Ride
ကလေးတွေအတွက် Trampoline, 3D ဒိုင်နိုဆော စီးစရာနဲ့ သဲတူးစက် ကစားစရာတွေ ပါဝင်လို့ မိသားစုလိုက် အပန်းဖြေဖို့ ကွက်တိပဲ 🦖🎡

🎫 ဝင်ကြေး က Foreignerတွေဆိုရင်- ၃၀၀ဘတ်(လူကြီး)
(အဲ့ဒီ လက်မှတ်နဲ့ Free ကော်ဖီ + ကိတ်မုန့်/ဆူရှီ
လဲသောက်လို့ရသလို၊ ပန်းခြံပတ် Mini Train စီးလို့လည်း ရပါတယ်)
(အရပ် ၁၄၀ cm အောက် ကလေးတွေကတော့ FREE ဖြစ်ပါတယ်)

⏰ Opening Hours: 9:00 AM – 6:00 PM

Bangkok နီးနီးနားနား Chill ချင်သူတွေနဲ့ ဓာတ်ပုံလှလှရိုက်ချင်သူတွေ Save ထားနော်👇

ကားလိုအပ်ပါကလဲ ဆီဖိုး၊ လမ်းကြေး၊ ယာဉ်မောင်း အပြီးအစီးဖြင့်လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။




ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ KH Car Rental Service โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์