PYR Car Rental 🚘ကားအဌား၀န်ဆောင်မှူ့🚘 💸 ငွေလွှဲ 💵 နှင့်
📕ပါတ်စပို့ ဗီဇာ 📗 🎋 အကျိုးဆောင် 🎋

🚘ဒီမနက်ကတော့ မော်ချစ် ကားကြီးကွင်းတစ်ကြောင်း ✈️Don Mueang လေယဉ်ကွင်းတစ်ကြောင်း ✈️ ညနေ Suvanabhumi လေယဉ်ကွင်းတစ်ကြောင်း  ...
06/04/2024

🚘ဒီမနက်ကတော့ မော်ချစ် ကားကြီးကွင်းတစ်ကြောင်း
✈️Don Mueang လေယဉ်ကွင်းတစ်ကြောင်း ✈️ ညနေ Suvanabhumi လေယဉ်ကွင်းတစ်ကြောင်း
ဆိုတော့က အခါကြီးရက်ကြီး သွားစရာ လာစရာ ရှိရင် လက်မှတ်တွေကြိုတင်ဝယ်ထားဖို့ အသိပေးပါရစေ
☎️ 0921129619 သားဖြိုး
#သားဖြိုး #ဘန်ကောက်အတွင်းအလည်အပါတ် #ပါတ်စပို့Visaအကျိုးဆောင် #လေယဉ်ကွင်းကြိုပို့ #ကားအဌားဝန်ဆောင်မှု့ #သံရုံးထောက်ခံစာ ာအုပ်လဲ

ထိုင်းနိုင်ငံvisaအကြောင်းအပြည့်အစုံ #မူရင်းရေးသားသူအားCreditပေးပါတယ်ဗျ🙏--------------------------------------ထိုင်းနိုင်...
31/03/2024

ထိုင်းနိုင်ငံvisaအကြောင်းအပြည့်အစုံ
#မူရင်းရေးသားသူအားCreditပေးပါတယ်ဗျ🙏

--------------------------------------

ထိုင်းနိုင်ငံမှာနေမယ်ဆိုရင်ဘာဗီဇာတွေရှိမလဲကိုယ်နဲ့ဘယ်ဗီဇာတွေကိုက်မလဲဆိုတာစဉ်းစားလို့ရအောင်အပြည့်အစုံဖော်ပြပေးသွားပါမယ်။

Elite Visa (budget များများ)⭐⭐⭐⭐⭐

ဒီဗီဇာအမျိုးအစားကတော့ပိုက်ဆံများများသုံးနိုင်ပြီးထိုင်းမှာViP အနေနဲ့နေထိုင်လိုသူများခေါင်းလုံးဝမကိုက်ချင်သူများအတွက်အသင့်လျော်ဆုံး Visaအမျိုးအစားပါ။
5နှစ်ကိုဘတ်၉သိန်း
10နှစ်ကိုဘတ်1.5သန်း
15နှစ်ကိုဘတ်2.5သန်း
20နှစ်ကိုဘတ်5သန်း အသီးသီးကျသင့်မှာဖြစ်ပါတယ်။

Company Register + Work Permit (budget များများ)⭐⭐⭐

ဒါကတော့ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ပြီးဗီဇာနဲ့ work permitထုတ်တဲ့နည်းလမ်းပါ။ ကိုယ့်companyမှာကိုယ့်ကိုယ်ကိုပြန်အလုပ်ခန့်ပြီးဗီဇာထုတ်တာဖြစ်ပြီးတော့ ဒီလိုဗီဇာထုတ်ဖို့ဆိုသတ်မှတ်စည်းမျဉ်းစည်းကမ်း(ဥပမာ-နိုင်ငံခြားသားဝန်ထမ်းတစ်ဦးခန့်တိုင်းထိုင်းဝန်ထမ်းလေးဦးခန့်ခြင်း) တွေ လိုက်နာရမှာဖြစ်ပြီးသတ်မှတ်အခွန်ပမာဏအတိုင်းလည်းပြည့်မှီအောင်ပေးဆောင်ရမှာဖြစ်ပါတယ်။ အမှန်အကန်စီးပွားရေးလုပ်ကိုင်မည့်သူများအတွက်သာအားပေးပြီးဗီဇာရဖို့အကြောင်းအရင်းတစ်ခုတည်းအတွက်တော့ဒီနည်းလမ်းမလိုက်သင့်ပါ။

Long Term Investment Visa (budgetများများ)⭐⭐⭐⭐

ထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံမှု ၁၀သန်းကျော်မှစပြီး (မြန်မာငွေသိန်းတစ်သောင်းကျော်) ရင်းနှီးမြှုပ်နှံသူများအတွက် ဗီဇာနှစ်ရှည်ထုတ်ပေးတာမျိုးဖြစ်ပါတယ်။ ထိုင်းမှာကွန်ဒိုဝယ်တာမျိုး အစိုးရငွေတိုက်စာချုပ်ဝယ်တာမျိုး ကလည်းအကြုံးဝင်ပြီးတော့ မိမိရင်းနှီးမြှုပ်နှံမှုအားလုံးကိုပေါင်းပြီး ၁၀သန်းကျော်ရင်လျှောက်လို့ရပါတယ်။ (ဥပမာ ဘတ်၅သန်းတန်အခန်း၂ခန်းဝယ်တာ ) ကွန်ဒိုဝယ်တာဆိုရင်တော့ developerတိုက်ရိုက်ပဲအကြုံးဝင်ပါတယ်။

Smart Visa (budget များများ)⭐⭐⭐

အဓိကအားဖြင့်ထိုင်းကိုအကျိုးပြုမယ့်နည်းပညာသမားများအတွက်ထုတ်ပေးတဲ့ဗီဇာအမျိုးအစားပဲဖြစ်ပါတယ်။ ကိုယ့် business modelကိုချပြပြီး ထိုင်းBOI ဘက်ကကြိုက်ရင်ဗီဇာထုတ်ပေးတာဖြစ်ပါတယ်။ elite visaလိုpriviledgeတွေအများကြီးရနိုင်ပြီးတော့ ပထမနှစ်အတွက်နည်းပညာသမားဆိုကျဖို့လွယ်ပေမယ့်နောက်နှစ်တွေမှာ companyတကယ်ထောင်ပြီးလုပ်ရတာမျိုးတွေရှိလာနိုင်ပါတယ်။

Language School Program(Non-Ed Visa) (ပုံမှန်budget) (အသက်၁၈-၄၈)⭐⭐⭐⭐

ထိုင်းမှာကျောင်းတက်ရင်ဗီဇာထုတ်ပေးတဲ့ဟာဖြစ်ပြီးတော့ ထိုင်းဘာသာစကားသင်တန်းတက်ရင်ဗီဇာရတာမို့လို့ ဗီဇာလိုချင်သူများရွေးချယ်လေ့ရှိတဲ့အမျိုးအစားပဲဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို ဘတ်45000 (မြန်မာငွေ၄၆သိန်းကျော်) ကျရှိတာဖြစ်ပါတယ်။ တစ်နှစ်လောက်ပဲဗီဇာလိုချင်သူများအတွက်အဆင်ပြေပြီးတော့ နောက်နှစ်တွေအတွက်အကူးအပြောင်းမှာစဉ်းစားရနိုင်ပါတယ်။ နောက်ထပ်အားနည်းချက်ကတော့သုံးလတစ်ခါ immigrationကိုသွားပြီးသက်တမ်းတိုးရပါတယ်။ ကျောင်းကတစ်ပါတ်တစ်ရက် or နှစ်ရက်တက်ပေးရပါတယ်။ ကျောင်းအခြေအနေပေါ်မူတည်ပြီး arrival visa (e extension)နဲ့လျှောက်မရပဲ tourist visaတစ်မျိုးပဲရတာမျိုးရှိနိုင်ပါတယ်။

Language University Program (ပုံမှန်budget) (Non-ED visa) (အသက်၁၈-၄၈)⭐⭐⭐⭐⭐

ဒါကတော့ အပေါ်ကဟာလိုမျိုးကိုပဲUniversity တွေကဖွင့်တဲ့programပါ။ နှစ်ရှည်၅နှစ်ထိသက်တမ်းတိုးသွားလို့ရနိုင်သလို ဗီဇာလည်းသုံးလတစ်ခါမဟုတ်ပဲတစ်နှစ်တုံးတန်းရနိုင်ပါတယ်။ ၁၅လကို 55000 နီးပါးကျရှိပြီးကျောင်းကိုတော့online programအနေနဲ့သင်ကြားတက်ရောက်နိုင်ပါတယ်။ ရောက်တာနဲ့လျှောက်မယ်ဆို arrival visa(14ရက်)နဲ့လဲရပ့တယ်။

Retirement Visa (အသက်၅၀အထက်) (ပုံမှန်budget)⭐⭐⭐⭐⭐

အသက်၅၀ကျော်ဦးဦးဒေါ်ဒေါ်တွေအတွက်ပင်စင်ဗီဇာအမျိုးအစားဖြစ်ပါတယ်။ ပထမနှစ်အတွက်ကုန်ကျစားရိတ်ဘတ်၅သောင်းဝန်းကျင်ရှိပြီးတော့နောက်နှစ်တွေမှာပိုနည်းသွားနိုင်ပါတယ်။

Pink Card (အနည်းဆုံးbudget)⭐⭐⭐⭐

ရွှေ့ပြောင်းအခြေခံလုပ်သားများအတွက်ထုတ်ပေးတဲ့အထောက်အထားcardဖြစ်ပြီးတော့ အောက်လမ်းကဝင်လာသူများ passportစာအုပ်အလွတ်သမားများ ဗီဇာရက်လွန်သမားများပါလျှောက်ထားနိုင်ပါတယ်။ pink cardကိုတော့လျှောက်ချင်တိုင်းလျှောက်လို့မရပဲထိုင်းနိုင်ငံလွှတ်တော်ကတရားဝင်ဘတ်ဖွင့်ချိန်မှသာလျှောက်ထားနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တစ်နှစ်ဘတ် ၂သောင်းအောက်သာကျနိုင်ပါတယ်။သို့သော် အနာဂါတ်မှာအခြားသောplanရှိသူများအနေဖြင့်သတိထားလျှောက်သင့်ပါတယ်။

ကျောင်းတက်ဗီဇာ⭐⭐⭐⭐⭐

အထက်တန်းအောင်မြင်ကြောင်းအထောက်အထားရှိသူများအနေဖြင့်တက္ကသိုလ် တက်နိုင်ပါတယ်။
ကလေးငယ်များအနေနဲ့တော့ international school ဒါမှမဟုတ် ထိုင်းစာတဝက် အင်္ဂလိပ်စာတစ်ဝက်သင်ကြားပေးတဲ့ Bilingual School တက်ရောက်နိုင်ပါတယ်။

Guardian Visa⭐⭐⭐⭐⭐

ထိုင်းမှာ ၁၈နှစ်အောက်ကလေးကျောင်းထားမယ်ဆိုရင် သန်းခေါင်စာရင်းတူမိဘတစ်ဦးအနေဖြင့် ဘဏ်ထဲမှာဘတ်၅သိန်းအထက်ရှိကြောင်းပြပြီးGuardian Visa လျှောက်ထားနိုင်ပါတယ်။

Non-B + Work Permit ⭐⭐⭐⭐⭐

အကယ်၍ကိုယ်ကထိုင်းcompanyအကြီးမှာအလုပ်ရခဲ့မယ်ဆိုရင် Non B + work permit ကိုရရှိနိုင်ပါတယ်။ သူက နိုင်ငံသားအခွင့်အရေးနီးပါရရှိပြီးတော့အခွန်မှန်မှန်ဆောင်ရင်သုံးနှစ်ကျော်မှာ PR ပါရရှိနိုင်ပါတယ်။ ဒါ့ကြောင့်လူအများလိုချင်ကြတဲ့ဗီဇာအမျိုးအစားပါ။ တကယ်အလုပ်မရပဲ လှည့်ပါတ်လျှောက်သူများလည်းရှိပေမယ့် cost အရမ်းများပြီးမသေချာမှုတွေရှိတာကြောင့် တကာ်အလုပ်ရတာမျိုးမဟုတ်ရင်recommend မပေးပါဘူး။

Dependent Visa⭐⭐⭐⭐⭐

ကိုယ့်အိမ်ထောင်ဖက်ကခိုင်မာတဲ့long term visa တစ်ခုခုရထားရင် သူ့ကိုမှီခိုတဲ့ဗီဇာလျှောက်လို့ရပါတယ်။ visa အမျိုးအစားပေါ်
မူတည်ပြီး လိုအပ်တဲ့အခြေအနေအမျိုးမျိုးရှိနိုင်ပါတယ်။

Pink Card > CI > Non LA⭐⭐⭐⭐⭐

ထိုင်းအိမ်နီးနားချင်းကနိုင်ငံတွေရဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက်သီးသန့်လုပ်ပေးထားတဲ့ဗီဇာအမျိုးအစားပါ။ အပေါ်က budgetအနည်းဆုံးနဲ့အတူတူပါပဲ။ အရင်ဆုံးpink card onlyပဲဆိုကိုယ့်မြို့မှာသာကိုယ်နေလို့ရပြီး CI နဲ့ဆိုရင်တော့မြန်မာနဲ့ထိုင်းကိုတရားဝင်အသွားအပြန်လုပ်လို့ရပါမယ်။ passportထဲNon LA visaရသွားရင်တော့သွားချင်တဲ့နေရာသွားလို့ရပါပြီ။
ဘတ်ဥပဒပေါ်မူတည်ပြီး passportထဲကိုNon LA visa တန်းရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပဒေအသေးစိတ်တွေကိုတော့ဘတ်ဖွင့်ချိန်မှသာသိနိုင်ပါတယ်။

🚖ဒီနေ့တော့ လူကြိုမဟုတ်ပဲ ဧည့်သည်အလည်လိုက်ပို့တစ်ကြောင်းပါ 🚘🤝💢ဘန်ကောက်နဲ့ မနီးမဝေး 💢မိနစ် လေးဆယ် လောက်မောင်းရုံနဲ့ ပျိုမဒ...
26/03/2024

🚖ဒီနေ့တော့ လူကြိုမဟုတ်ပဲ ဧည့်သည်အလည်လိုက်ပို့တစ်ကြောင်းပါ 🚘🤝
💢ဘန်ကောက်နဲ့ မနီးမဝေး
💢မိနစ် လေးဆယ် လောက်မောင်းရုံနဲ့ ပျိုမဒီလေးတွေအကြိုက်
💢ဓါတ်ပုံ လှလှလေးတွေရိုက်ပြီး
💢အရသာရှိတဲ့အစားအသောက်လေးတွေစားရင်း
💢အေးဆေး Feel လို့ရမဲ့နေရာလေးကို သွားလည်ချင်ရင်တော့ 🚖 🚖ကို ဆက်သွယ်လာဖို့မမေ့နဲ့နော် 🤝🚗🚘

☎️ 0921129619 သားဖြိုး

#သားဖြိုး #ဘန်ကောက်အတွင်းအလည်အပါတ် #ပါတ်စပို့Visaအကျိုးဆောင် #လေယဉ်ကွင်းကြိုပို့ #ကားအဌားဝန်ဆောင်မှု့ #သံရုံးထောက်ခံစာ ာအုပ်လဲ

✈️ ဒီနေ့တော့ လေယဉ်ကွင်းကြိုပြီး ကော်စမွေဆက်သွားဖို့အတွက် ကားလက်မှတ်ဖြတ် ပြီး 🚖 ကာစီးရမဲ့နေရာ အသေးဆိပ် လိုက်လုပ်ပေးခဲ့ပါတ...
19/03/2024

✈️ ဒီနေ့တော့ လေယဉ်ကွင်းကြိုပြီး ကော်စမွေဆက်သွားဖို့အတွက် ကားလက်မှတ်ဖြတ် ပြီး 🚖 ကာစီးရမဲ့နေရာ အသေးဆိပ် လိုက်လုပ်ပေးခဲ့ပါတယ်ဗျ 🙏 ကားအဌားဝန်ဆောင်မှု့ပေးတဲ့ Customer အယောက်စီတိုင်း အထူးကျေးဇူးတင်ပါတယ်ဗျ 🙏🙏🙏
☎️ 0921129619 သားဖြိုး #သားဖြိုး #ဘန်ကောက်အတွင်းအလည်အပါတ် #ပါတ်စပို့Visaအကျိုးဆောင် #လေယဉ်ကွင်းကြိုပို့ #ကားအဌားဝန်ဆောင်မှု့ #သံရုံးထောက်ခံစာ ာအုပ်လဲ

🚗 ဒီနေ့ VIP ဧည့်သည်နှစ်ယောက်ကို လိုက်ပို့ဖြစ်ခဲ့တဲ့ Khao Yai Toscana ခရီးစဉ်အမှတ်တရပုံလေးတွေပါ 🎋🚘ကားဌားပေးတဲ့ တို့ကွီးနဲ...
16/03/2024

🚗 ဒီနေ့ VIP ဧည့်သည်နှစ်ယောက်ကို လိုက်ပို့ဖြစ်ခဲ့တဲ့ Khao Yai Toscana ခရီးစဉ်အမှတ်တရပုံလေးတွေပါ 🎋
🚘ကားဌားပေးတဲ့ တို့ကွီးနဲ့တို့မရီး ကျေးဇူးအထူးပါဗျ 🙏🙏🙏
☎️ 0921129619 သားဖြိုး #သားဖြိုး #ဘန်ကောက်အတွင်းအလည်အပါတ် #ပါတ်စပို့Visaအကျိုးဆောင် #လေယဉ်ကွင်းကြိုပို့ #ကားအဌားဝန်ဆောင်မှု့ #သံရုံးထောက်ခံစာ ာအုပ်လဲ

💢ထိုင်းမှာ  condo နဲ့ Landed House တွေဝယ်ရင် နေထိုင်ခွင့်ရလား??? 💢👉ပြီးခဲ့တယ့် ၂၀၂၂ ကလည်း True Thailand မှ ဒီ Post အကြော...
16/03/2024

💢ထိုင်းမှာ condo နဲ့ Landed House တွေဝယ်ရင် နေထိုင်ခွင့်ရလား??? 💢

👉ပြီးခဲ့တယ့် ၂၀၂၂ ကလည်း True Thailand မှ ဒီ Post အကြောင်းရေးသားခဲ့ပေးဖူးပါတယ်၊ အခုပြန်အမေးများလာတာမို့ ပိုပြီး details ရေးပေးထားပါတယ်။ တချို့ information စာသားတွေကို အနည်းငယ်ကူးယူဖော်ပြထားပါတယ်။ (Original ရေးသူများကို Credit ပေးပါတယ်)

❌ ထိုင်းနိုင်ငံတွင် Property ဝယ်ယူလို့တော့ အမြဲတမ်းနေထိုင်ခွင့် တန်းမပေးပါ။ ❌

သို့သော်နေထိုင်ခွင့် ဗီဇာ အမျိူးအမျိူးရှိပြီး အခြားနိုင်ငံများထက် လွယ်ကူစွာလျောက်နိုင်ပါတယ်။

𝐓𝐨𝐮𝐫𝐢𝐬𝐭 𝐕𝐢𝐬𝐚 (𝟑လဗီဇာ)
သံရုံးမှ (၃) လသက်တမ်းဗီဇာကို လျောက်လာလို့ရပါတယ်။ ဗီဇာသက်တမ်း (၃)လ မှာ (၂)လ အပြည့်နေထိုင်ခွင့်ရပြီး ကျန်တဲ့ (၁)လကို ထိုင်း လဝက ရုံးမှာ သက်တမ်းတိုးခ ဘတ် (၁,၉၀၀)ပေးပြီး သက်တမ်း အလွယ်တကူ ပြန်တိုးနိုင်ပါတယ်။

𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐕𝐢𝐬𝐚
အသက် (၅၀) အောက်ရှိသူများအတွက် ထိုင်းမှာ အရင်ဆုံး ကြာကြာနေရဖို့ ဒီဗီဇာအမျိူးအစားက အသင့်တော်ဆုံးဖြစ်ပါတယ်။ ထိုင်းမှာ ထိုင်း/အင်္ဂလိပ်/တရုတ်/ကိုရီးယား/ ဂျပန် စတဲ့ ဘာသာစကား တစ်မျိုးမျိုးကို သင်နေရုံနဲ့ ရရှိနိုင်ပါတယ်။ မိမိအပ်မယ့် ဘာသာစကားကျောင်းပေါ်မူတည်ပြီး နိုင်ငံခြားသားကျောင်းသားဦးရေ မပြည့်မချင်းအပ်နှံနိုင်ပြီး Education Visa နဲ့နေထိုင်လို့ရပါတယ်။ ဒီဗီဇာက နိုင်ငံအဝင်အထွက် ခဏခဏ လုပ်လို့တော့ မလွယ်ပါ။ လေဆိပ်မှာ အတော်လေး အရစ်ခံရတတ်ပါတယ်။ အရစ်မခံချင်ဘူး နိုင်ငံပြင်ပသွားလိုက်ပြန်လိုက်လုပ်ချင်ရင်တော့ တက္ကသိုလ်တစ်ခုခုမှာ ပညာသင်ကြားပြီး University Visa ကိုင်ထားလိုက်ရုံပါ။

𝐖𝐨𝐫𝐤 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐕𝐢𝐬𝐚
အလုပ်တရားဝင် လာလုပ်တဲ့ ဗီဇာအမျိုးအစားဖြစ်ပြီး ဒီအမျိုးအစားထဲမှာ Non-Immigrant B Visa, M Visa (for media), IB Visa (for investor), BA Visa (for investor) ဆိုပြီး အစားစားရှိသေးသလို တင်ပြရတဲ့ အချက်အလက်နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏပေါ်မူတည်ပြီး ကွာခြားပါတယ်။ Business Visa အတွက် ကုမ္ပဏီဖွင့်၊ ဆိုင်ဖွင့်ပြီးတော့လည်း ရယူနိုင်ပါသေးတယ်။ လုပ်ငန်းတစ်ခု ဖြစ်လာပြီဆိုရင်တော့ လိုအပ်တဲ့ စာရင်းရှင်းတမ်း၊ အခွန်အခ ကိစ္စအပါအဝင် ထိုင်းလူမျိုး ရာခိုင်နှုန်းတစ်ဝက်ကျော်ပိုင်ဆိုင်မှုပါမှ ဖြစ်တာကြောင့် ထိုင်းလူမျိုးအမည်ခံခတွေကိုပါ ထည့်သွင်းတွက်ချက်ပြီး ပြင်ဆင်ထားရတော့မှာ ဖြစ်ပါတယ်။

𝐑𝐞𝐭𝐢𝐫𝐞𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚
အသက် ၅၀ အထက်ရှိသူများကတော့ Retirement Visa ကိုလျောက်ထားနိုင်ပါတယ်။ ဒီဗီဇာက ဘဏ်မှာ ဘတ်ငွေ ၈ သိန်းပြပြီး အလွယ်တကူလျှောက်ထားနိုင်တာမျိုးပါပဲ။ ပထမ စလျှောက်တဲ့နှစ်မှာ ၁၅ လ သက်တမ်းအထိ နေထိုင်ခွင့်ရပြီး နောက်ပိုင်းနှစ်တွေမှာတော့ ၁၂ လ ဆီ သက်တမ်းတိုး နေထိုင်လို့ရပါတယ်။

𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 𝐕𝐢𝐬𝐚
ကျောင်းတက်အရွယ်ကလေးရှိတဲ့ မိဘတွေ လျှောက်ထားနိုင်တဲ့ ဗီဇာ အမျိုးအစားဖြစ်ပါတယ်။ ကလေးတစ်ဦးလျင် မိဘတစ်ဦးလျောက်ထားခွင့်ရှိတာမို့ မိသားစုလိုက်ပြောင်းရွှေ့နေထိုင်မယ်ဆိုရင် ကလေး (၂) ဦးစလုံးကို ကျောင်းထားနိုင်မှ အဖေရော၊ အမေရော အဆင်ပြေမှာဖြစ်ပါတယ်။

𝐌𝐚𝐫𝐫𝐢𝐚𝐠𝐞/𝐒𝐩𝐨𝐮𝐬𝐞 𝐕𝐢𝐬𝐚
ထိုင်းနိုင်ငံသားနဲ့ လက်ထပ်ပြီး ဒီဗီဇာကို ရယူနိုင်ပါတယ်။ ဟိုးအရင်ကနေ ခုထိလည်း ဟန်ဆောင်လက်ထပ်တဲ့ဝန်ဆောင်မှုလုပ်ပေးနေသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆိုးချက်ကတော့ ကိုယ့်အပေါ် မသမာသူ၊ ငွေညှစ်နိုင်သူတွေနဲ့ ကြုံဆုံနိုင်ချေ များတာပါပဲ။ အားသာချက်ကတော့ အလုပ်ပါ တရားဝင် လုပ်နိုင်တာပါပဲ။
(credit to original writer)

𝐄𝐥𝐢𝐭𝐞 𝐕𝐢𝐬𝐚
ဒီဗီဇာကတော့ သူဌေးဗီဇာ ပါ။ ထိုင်းမှာ ၅ နှစ်ကနေ နှစ် ၂၀ အထိ ကိုယ်ရွေးချယ်မှုအပေါ်မူတည်ပြီး နေထိုင်နိုင်ပါတယ်။ အဲ့ဒါအပြင် ဒီဗီဇာကိုင်ထားရင် အစိုးရက ကိုယ့်အတွက် ဒီလို အပိုဆောင်း​ဝန်ဆောင်မှုတွေပါ ထပ်ပေးပါသေးတယ်။
▪️လေဆိပ်အကြိုအပို့ဝန်ဆောင်မှု
▪️ဂေါက်ကလပ်အသင်းဝင်ခွင့်
▪️ပထမတန်းစားတည်းခိုနေထိုင်စရာနေရာများ
▪️ကျန်းမာရေးစောင့်ရှောက်မှုအကျိုးခံစားခွင့်များ
▪️လူဝင်မှုစစ်ဆေးရေးမှာ ဦးစားပေးဆက်ဆံမှု
ဒါတွေပါ ခံစားရနိုင်ပါတယ်။
ဒီဗီဇာ မှာ Gold, Platinum, Diamond နဲ့ Reserve ဆိုပြီး ၄ မျိုးရှိပါတယ်။ ဈေးနှုန်းအားဖြင့် ဘတ် ၉ သိန်း၊ ၁၅ သိန်း၊ ၂၅ သိန်း နဲ့ သိန်း ၅၀ ဆိုပြီး အသီးသီးရှိပါတယ်။ (credit to original writer)

𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐕𝐢𝐬𝐚
ထိုင်းနိုင်ငံတွင် USD 500,000 နှင့်ညီမျှသည့် Real Estate တွင်ရင်းနှီးမြှုပ်နှံ၍ (သို့မဟုတ်)၊ ထိုင်းအစိုးရမှ တရားဝင်
ရောင်းချသည့် Bond များတွင် ဝယ်ယူထားမှု သက်တမ်း (၅) နှစ်ကျော်ရှိသည့်အထောက်အထား ပြ၍ မိသားစုလိုက် (၁၀) နှစ် သက်တမ်းရှည်ဗီဇာကိုလျောက်ထားနိုင်သည်။
ပထမဦးစွာ (၅) နှစ်ရရှိမည်ဖြစ်ပြီး ဒုတိယအကြိမ် နောက် (၅) နှစ်ကိုထက်မံ လျောက်ထားရပါမည်။ (၂) နှစ်အတွင်း အခွန်ဆောင်ထားသော ကိုယ်ပိုင်ဝင်ငွေ USD 80,000 ရှိသည့်အထောက်အထား၊ USD 100,000 ထက်မနည်းသော ပမာဏအားထိုင်းဘဏ်တွင် ၁၂ လကြာထည့်ထားသည့် အထောက်အထားများကို ပြသပေးရမည်၊ US 1million ပမာဏရှိသည့် ပိုင်ဆိုင်မှုတခုခုကို ပြသပေးရမည်ဖြစ်ပြီး ဗီဇာကျသည်မကျသည်ကိုတော့ အာမခံထားခြင်းမရှိဘဲ အစိုးရ၏ ဆုံးဖြတ်ချက်နှင့်သာသက်ဆိုင်သည်ဟုဆိုထားသည်။

𝐒𝐦𝐚𝐫𝐭 𝐕𝐢𝐬𝐚
ဒီဗီဇာအမျိုးအစားက ၂၀၁၈ ခုနှစ်မှာ အတည်ပြုပြငှါန်းလာတယ့် ဗီဇာဖြစ်ပါတယ်။ ကျွမ်းကျင်အဆင့်တွေ၊ အရည်အချင်းရှိသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ကို ထုတ်ပေးတဲ့ဗီဇာဖြစ်ပါတယ်။ မိသားစုပါ ခေါ်နေခွင့်ရှိတဲ့ ဗီဇာဖြစ်ပါတယ်။ အောက်ဖော်ပြကဏ္ဍတွေထဲက ဆိုရင် လျှောက်ထားလို့ရနိုင်ပါတယ်။

* Next-Generation Automotive
* Smart Electronics
* Affluent, Medical and Wellness Tourism
* Agriculture and Biotechnology
* Food for the Future
* Automation and Robotics
* Aviation and Logistics
* Biofuels and Biochemicals
* Digital
* Medical Hub
* Alternative Dispute Resolution
* Human Resource Development in Science and Technology
* Environmental Management and Renewable Energy

အားလုံးပဲဒီလောက်ဆိုရင်တော့ ထိုင်းဗီဇာ အမျိူးအစားအချို့နဲ့ နေထိုင်ခွင့်အကြောင်း သိရှိနားလည်မယ်လို့ထင်ပါတယ်။

Your Favourite Realtor
True Thailand Property (since 2022)

🚘 မနက်စောစော CI တစ်ကြောင်း 📗📗📗🚘 အရေးအကြောင်း ကားအသုံးလိုရင်   ကိုအချိန်မရွေးဆက်သွယ်လာခဲ့ပါခဗျ 🤝🤝🙏🙏☎️ 0921129619 သားဖြိ...
15/03/2024

🚘 မနက်စောစော CI တစ်ကြောင်း 📗📗📗
🚘 အရေးအကြောင်း ကားအသုံးလိုရင် ကိုအချိန်မရွေးဆက်သွယ်လာခဲ့ပါခဗျ 🤝🤝🙏🙏

☎️ 0921129619 သားဖြိုး #သားဖြိုး #ဘန်ကောက်အတွင်းအလည်အပါတ် #ပါတ်စပို့Visaအကျိုးဆောင် #လေယဉ်ကွင်းကြိုပို့ #ကားအဌားဝန်ဆောင်မှု့ #သံရုံးထောက်ခံစာ ာအုပ်လဲ #သားဖြိုး #ဘန်ကောက်အတွင်းအလည်အပါတ် #ပါတ်စပို့Visaအကျိုးဆောင် #လေယဉ်ကွင်းကြိုပို့ #ကားအဌားဝန်ဆောင်မှု့ #သံရုံးထောက်ခံစာ ာအုပ်လဲ

10/03/2024

🚘 ဒီနေ့ ကျန်ထဘူရီမှာသွားကြို ပြီး ကော်စမွေသွားမဲ့ လှေဆိပ်ပို့ ပေးခဲ့ပါတယ်🚗ညီအကိုတွေအားလုံး အလုပ်ကိုင်အစစ အရာရာ အဆင်ပြေပါစေဗျ 🤝🤝🙏🙏🙏

🚗 ကားအဌား ဝန်ဆောင်မှုပေးခြင်း 🕹️ပါတ်စပို့ ရက် 90 တုံးထုပေးခြင်း Visa ကိစ္စအမျိုးမျိုး အိပ်ပြန်တုံးထုပေးခြင်းနှင့် အခြားသ...
09/03/2024

🚗 ကားအဌား ဝန်ဆောင်မှုပေးခြင်း
🕹️ပါတ်စပို့ ရက် 90 တုံးထုပေးခြင်း
Visa ကိစ္စအမျိုးမျိုး အိပ်ပြန်တုံးထုပေးခြင်းနှင့် အခြားသောဝန်ဆောင်မှုများကို လိုအပ်သလို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခဗျ 🕹️
💢အလုပ်နားရက်မရလို့ တုံးထုဖို့အခက်ခဲရှိနေသူများ
💢သွားလာရ အခက်ခဲရှိလို့ တုံးထုဖို့ လိုအပ်နေသူများ
💢အကြောင်းအမျိုးမျိုးကြောင့် တုံးထုဖို့အဆင်မပြေဖြစ်နေသူများကို ( ဘန်ကောက်အတွင်း )
ကျနော်ကိုယ်တိုင် လာယူ တုံးထု ပြန်ပို့ပေးပါတယ်ခဗျာ လိုအပ်ရင်ဖုန်း
☎️ 0921129619 လေးကိုသာတချက်ဆက်ပေးပါခဗျ ( miss call လေးလဲ အဆင်ပြေပါတယ် ပြန်ဆက်ပေးပါ့မယ်ခဗျာ EX မပါ 😅 )
ထိုင်းနိုင်ငံရောက် ရွှေညီအကိုများ လုပ်ငန်းကိုင်ငန်း အစစအရာရာ အဆင်ပြေကြပါစေခဗျာ 🙏🙏🙏

ที่อยู่

Iถ. สุขุมวิท. 71 แขวง. คลองตันเหนือ เขต. วัฒนา
Bangkok
10110

เบอร์โทรศัพท์

+66921129619

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PYR Car Rentalผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง PYR Car Rental:

แชร์

ประเภท