S2 Car Rental Service Company Limited -Thailand

S2 Car Rental Service Company Limited -Thailand Car rental services (self drive & with drivers)

အခုလို နေပူပူမှာ အိမ်ထဲမှာပဲ အောင်းမနေဘဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပတ္တရားကမ်းခြေမှာ လေညင်းခံ၊ ရေကစားရင်း အပန်းဖြေ...
24/05/2026

အခုလို နေပူပူမှာ အိမ်ထဲမှာပဲ အောင်းမနေဘဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ပတ္တရားကမ်းခြေမှာ လေညင်းခံ၊ ရေကစားရင်း အပန်းဖြေဖို့ အချိန်တန်ပြီနော်! 🌊☀️

ဘန်ကောက်ကနေ (၂) နာရီလောက်ပဲ မောင်းရတဲ့ ပတ္တရားမှာ ရေစိမ်မလား၊ ကမ်းခြေမှာ အေးအေးဆေးဆေး အနားယူမလား၊ အမိုက်စား Cafe တွေမှာ ဓာတ်ပုံရိုက်မလား... အားလုံးက ဒီလို အချိန်ဆို အဆင်သင့်ပဲနော်။

ပတ္တရားမှာ သွားလည်ဖို့ဆိုရင်တော့ ဘန်ကောက်ကနေ S2 ရဲ့ ကားတွေကိုသာ ငှားသွားလိုက်ပါ။

✅ စိတ်အေးရတယ်: ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်လို့ ယုံကြည်စိတ်ချရပါတယ်။

✅ ကားသစ်၊ ကားသန့်: လမ်းခရီးမှာ အေးအေးလူလူနဲ့ သက်သောင့်သက်သာ သွားလာနိုင်ဖို့ ကားကောင်းတွေကိုပဲ စီစဉ်ပေးထားပါတယ်။

✅ အဆင်ပြေတယ်: ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ရုံးခန်းတွေရှိလို့ နီးစပ်ရာမှာ ဝန်ဆောင်မှုရယူနိုင်မှာပါ။

ဒီနွေရာသီ ခရီးစဉ်ကို S2 နဲ့အတူ ပျော်ပျော်ပါးပါး ဖန်တီးမယ်ဆို ကြိုပြီး ဘိုကင်လုပ်ထားလိုက်နော်။! 🌴🥥

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ပတ္တရားကို အလည်သွားတဲ့အခါ The Sanctuary of Truth Museum ကို မရောက်ဖူးရင် ခရီးမရောက်သလိုပါပဲ။ သံတစ်ချောင်းမှ မသုံးဘဲ သစ်သ...
17/05/2026

ပတ္တရားကို အလည်သွားတဲ့အခါ The Sanctuary of Truth Museum ကို မရောက်ဖူးရင် ခရီးမရောက်သလိုပါပဲ။

သံတစ်ချောင်းမှ မသုံးဘဲ သစ်သားသက်သက်နဲ့သာ ထွင်းထုတည်ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်သားဗိသုကာလက်ရာကြီးက အံ့ဩမှင်သက်သွားစေမှာ အသေအချာပေါ့။

ဓာတ်ပုံရိုက်ဖို့ဆိုရင်လည်း အရမ်းကို ကောင်းတဲ့နေရာဖြစ်သလို ဒီ ပြတိုက်ကြီးက ပတ္တရားမြို့ထဲတင်ရှိတာမို့လို့ သွားရ လာရလည်း အရမ်းလွယ်ကူပါတယ်နော်။

ဓာတ်ပုံရိုက်လို့ အလှဆုံး Point လေးတွေကိုတော့ ဒီလိုညွှန်းကြပါတယ်။

👉The Main Structure (အပြင်ဘက်မြင်ကွင်း): ပင်လယ်ကမ်းစပ်မှာ တည်ရှိနေတဲ့ ဒီကြီးမားလှတဲ့ သစ်သားအဆောက်အဦးကြီးကို နောက်ခံထားပြီး အဝေးကနေ ရိုက်ရင် တကယ့်ကို ခန့်ညားလှပါတယ်။

👉Intricate Wood Carvings (အနုစိတ်လက်ရာများ): အဆောက်အဦးတစ်ခုလုံးမှာ သံတစ်ချောင်းမှမပါဘဲ သစ်သားထွင်းထုထားတဲ့ နတ်ရုပ်တွေ၊ ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ပြည့်နှက်နေတာပါ။ အနီးကပ် ရိုက်ရင် အရမ်းအနုပညာဆန်ပါတယ်။

👉ဆင်စီးရင်း ရိုက်မယ်- ပြတိုက်အနီးတစ်ဝိုက်မှာ ဆင်စီးလို့ရတဲ့ ဝန်ဆောင်မှုရှိပါတယ်။ ဆင်ပေါ်ကနေ ပြတိုက်ကြီးကို နောက်ခံထားပြီး ရိုက်ရင် Adventure ဆန်ဆန် ပုံလှလှလေးတွေ ရမှာပါ။
ညနေစောင်း နေဝင်ချိန်မှာဆိုရင် ရွှေရောင်သန်းနေတဲ့ အလင်းအမှောင်နဲ့ ဒီသစ်သားပြတိုက်ကြီးက ပိုပြီးလှသွားပါတယ်။

ပြတိုက်သွားမယ်ဆို ဝင်ကြေးရှိတယ်ဆိုတာရယ်၊ ပခုံးနဲ့ ဒူးဖုံးတဲ့ ယဥ်ကျေးတဲ့ ဝတ်စုံလေးတွေ ဝတ်ဖို့တော့ သတိထားပေးနော်။

🚗 ဘန်ကောက်ကနေ ပတ္တရားကို စိတ်ကြိုက်မောင်းနှင်ဖို့ဆိုရင်တော့ S2 Car Rental ရှိပါတယ်!
ကားကောင်းတွေကို မြန်မြန်လေးရဖို့ အခုပဲ ကြိုတင်ဘိုကင်လုပ်လိုက်ပါ။

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

မယ်ဟောင်ဆောင်ခရိုင်ရဲ့ အလှဆုံးနဲ့ အရင်သပ်ရှုမောဖွယ်အကောင်းဆုံး ဂူတစ်ခုဖြစ်တဲ့ Nam Lod Cave ကို ရောက်ဖူးကြပြီလား? ဒီနေရာက...
10/05/2026

မယ်ဟောင်ဆောင်ခရိုင်ရဲ့ အလှဆုံးနဲ့ အရင်သပ်ရှုမောဖွယ်အကောင်းဆုံး ဂူတစ်ခုဖြစ်တဲ့ Nam Lod Cave ကို ရောက်ဖူးကြပြီလား?

ဒီနေရာက တခြားဂူတွေနဲ့မတူဘဲ စွန့်စားခန်းဆန်ဆန်နဲ့ သဘာဝအလှကို တစ်ဝကြီး ခံစားနိုင်တဲ့ နေရာတစ်ခုပါနော်။

✨ နမ့်လော့ဂူမှာ ဘာတွေလုပ်လို့ရလဲ?

🛶ဝါးဖောင်စီးပြီး ဂူထဲဝင်မယ်- ဂူအတွင်းထဲမှာ စီးဆင်းနေတဲ့ မြစ်ရေပြင်ပေါ်မှာ ဝါးဖောင်လေးစီးရင်း ကျောက်စက်ပန်းဆွဲတွေရဲ့ အလှကို ခံစားနိုင်ပါတယ်။

⚰️ရှေးဟောင်းလျှို့ဝှက်ချက်များ- ထောင်နဲ့ချီတဲ့ သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းသစ်သားခေါင်းတလားတွေကို ဂူရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာ တွေ့မြင်ရမှာပါ။

🐟ငါးအုပ်ကြီးတွေကို အစာကျွေးမယ်- ဖောင်စီးနေရင်း ရေထဲမှာ ကူးခတ်နေတဲ့ ငါးအုပ်ကြီးတွေကို အနီးကပ်တွေ့ရတာကလည်း တကယ့်ကို စိတ်လှုပ်ရှားစရာပါ။

📍 ချင်းမိုင်ကနေ ပိုင် (Pai) ဘက်ကို ခရီးထွက်မယ့်သူတွေအတွက် မဖြစ်မနေ ဝင်ရောက်လည်ပတ်သင့်တဲ့ နေရာလေးပါပဲ။

🚗 ခရီးစဉ်တစ်လျှောက် အေးအေးဆေးဆေးနဲ့ စတိုင်ကျကျ သွားချင်တယ်ဆိုရင်...
အကွေ့အကောက်များတဲ့ လမ်းခရီးကို စိတ်ပူစရာမလိုဘဲ မောင်းနှင်နိုင်ဖို့ S2 Car Rental ရဲ့ ကားကောင်းတွေကို အခုပဲ ကြိုတင်ဘိုကင်လုပ်လိုက်ပါ။

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း
063 417 931 5, 082 272 187 9

☎️ မြန်မာဖုန်း
09 421 755 376, 09 451 566 180

▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315

🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand

🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

S2 ရဲ့ လချုပ်မင်းသားကြီးလို့ပဲ ခေါ်ရမလား?လချုပ်တွေချည်း ဆက်တိုက် ငှါးနေရတဲ့ saloon ကားလေး🥰ရန်ကုန်မှာ ရွှေငါးစီးရတဲ့ feel...
08/05/2026

S2 ရဲ့ လချုပ်မင်းသားကြီးလို့ပဲ ခေါ်ရမလား?

လချုပ်တွေချည်း ဆက်တိုက် ငှါးနေရတဲ့ saloon ကားလေး🥰

ရန်ကုန်မှာ ရွှေငါးစီးရတဲ့ feeling မျိုးရမယ့် ထိုင်းလူမျိုးအကြိုက် ကားလေး 🚘

လချုပ်ကနေ ပြန်ရောက်လာပြီမို့ နောက်ထပ်လချုပ် ယူချင်သူများ ဆက်သွယ်လို့ရပါပြီ💝
🎉ရက်တို၊ ရက်ရှည်လည်း ရပါတယ်နော်🎉

အသေးစိတ်လေး သိရှိလိုပါက

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180

▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315

🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand

🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ Ayutthaya Historical Park ကို သွားဖို့ ပြင်နေပြီလား? လမ်းခရီးမှာ စိတ်အေးချမ်းသာ...
03/05/2026

ရှေးဟောင်းအမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ Ayutthaya Historical Park ကို သွားဖို့ ပြင်နေပြီလား?

လမ်းခရီးမှာ စိတ်အေးချမ်းသာစွာနဲ့ သွားလာနိုင်ဖို့အတွက် S2 Car Rental က ကားတွေ အသင့်ရှိနေပြီနော်။

ဒီ ဘုရားတွေကို ဖူး၊ ဒီနေရာတွေကိုလည်ပတ်ဖို့ S2 က ညွှန်းပေးချင်ပါတယ်။

🛕Wat Mahathat: ညောင်ပင်မြစ်တွေကြားထဲမှာ ရောက်နေတဲ့ ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်း ကြောင့် ကမ္ဘာကျော်တဲ့နေရာပါ။ ဒီပန်းချီကားချပ်လို လှပတဲ့ မြင်ကွင်းက အထင်ကရ သင်္ကေတတစ်ခုပါ။

🛕Wat Phra Si Sanphet: ရှေးဟောင်းနန်းတော်ဝင်းအတွင်းမှာ တည်ရှိပြီး အလွန်ကြီးမားတဲ့ စေတီဖြူကြီး (၃) ဆူ ကို တွေ့မြင်ရမှာပါ။ အယုဒ္ဓယခေတ်ရဲ့ အခမ်းနားဆုံး ဘုရားဆိုလည်းမမှားဘူးပေါ့။

🛕Wat Chaiwatthanaram: မြစ်ကမ်းဘေးမှာ တည်ရှိပြီး ခမာဗိသုကာလက်ရာ (Angkor Wat နဲ့ ဆင်တူ) နဲ့ တည်ဆောက်ထားတာပါ။ နေဝင်ချိန် ကြည့်ဖို့ အလှဆုံးနေရာဖြစ်ပြီး ထိုင်းရိုးရာဝတ်စုံငှားဝတ်ပြီး ဓာတ်ပုံရိုက်သူတွေနဲ့ အမြဲစည်ကားနေတတ်ပါတယ်။

🛕Wat Lokayasutharam: ၃၇ မီတာ ရှည်လျားတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး ကို ဖူးမြော်နိုင်ပါတယ်။

အယုဒ္ဓယသွားဖို့ ကားကောင်းတွေရှာနေရင်တော့ S2 က ကားတွေနဲ့ နေ့ချင်းပြန် အမြန်ဆုံးသွားဖို့ စီစဥ်လိုက်တော့နော်!

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း
063 417 931 5, 082 272 187 9

☎️ မြန်မာဖုန်း
09 421 755 376, 09 451 566 180

▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315

🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand

🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ထိုင်းမှာ ကားမောင်းတဲ့သူတိုင်း သိသင့်တဲ့ လမ်းညွှန်ချက်-ဆိုင်းဘုတ်တွေထဲက တစ်ချို့ကို S2 က ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီ ဆို...
30/04/2026

ထိုင်းမှာ ကားမောင်းတဲ့သူတိုင်း သိသင့်တဲ့ လမ်းညွှန်ချက်-ဆိုင်းဘုတ်တွေထဲက တစ်ချို့ကို S2 က ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီ ဆိုင်းဘုတ်လေးတွေကို မှတ်ထားတော့ ကားမောင်းတဲ့အခါ ဘေးကင်းပြီး တားခံရတာတွေကလွတ်၊ ဖိုင်းကောက်ခံရတာတွေကနေ လွတ်တာပေါ့နော်။ အကျိုးရှိတယ်ဆို Post လေးကို Save ပြီး ရှယ်သွားလို့ရပါတယ်!

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ချင်းမိုင်နားမှာ ချင်းရိုင်၊ မယ်ဆိုင်၊ မဲ့ကမ်ပေါင်၊ မွန်ဂျမ်းတွေပဲလည်ပတ်ရင်း ပျင်းနေသူတွေအတွက် နေရာကောင်းလေးတစ်ခု လမ်းညွ...
27/04/2026

ချင်းမိုင်နားမှာ ချင်းရိုင်၊ မယ်ဆိုင်၊ မဲ့ကမ်ပေါင်၊ မွန်ဂျမ်းတွေပဲလည်ပတ်ရင်း ပျင်းနေသူတွေအတွက် နေရာကောင်းလေးတစ်ခု လမ်းညွှန်ပေးပါမယ်။

ချင်းမိုင်ကနေ ၄ နာရီခွဲ ၅ နာရီကြားမောင်းရုံနဲ့ရောက်တဲ့ ဆူခိုထိုင်းက Sukothai Historical Park ပါပဲ။

ထိုင်းနိုင်ငံရဲ့ ပထမဆုံး မင်းနေပြည်တော်ဟောင်းဖြစ်ပြီး ယူနက်စကို အမွေအနှစ် စာရင်းဝင်နေရာဖြစ်ပါတယ်။ ဒီ ပန်းခြံမှာ

🛕Wat Mahathat
🛕Wat Si Chum တို့လို ဘုရားတွေကိူ ဖူးမျှော်နိုင်သလို နောက်ထပ် လေ့လာစရာ ဗိသုကာနဲ့ ထိုင်းရိုးရာတွေကို လေ့လာဖို့အတွက် အဲ့ ဝန်းထဲတင် စက်ဘီးလေးနဲ့ ပတ်ပြီး သွားနိုင်ပါတယ်။

ပုဂံလောက် မကျယ်၊ ပုဂံလောက်တော့ အနှစ်သာရအပြည့်အဝမရပေမယ့် ပုဂံကို လွမ်းနေသူတွေ သွားလည်ရင် စိတ်ကျေနပ်စရာတစ်ခုရမှာအသေအချာပါပဲနော်။

သွားနေကျနေရာတွေ လည်ရင်း လည်ရင်း ရိုးအီလာပြီဆိုရင် Sukothai ကိုသွားပြီး မြို့ထဲမှာနေ၊ အခုလိုနေရာလေးတွေကို ပတ်ပြီး ၁-၂ ရက် အပန်းဖြေလို့ရအောင် S2 က ညွှန်းပေးတာဖြစ်ပါတယ်နော်။

Sukhothai သွားဖို့ ကားတွေလိုတယ်ဆိုရင်တော့ Driver ပါတာရော၊ Self-Drive ရော အဆင်ပြေအောင် S2 Car Rental ချင်းမိုင်ရုံးကနေ ငှားပေးနေလို့ အခုပဲဆက်သွယ်လိုက်တော့!

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

မင်္ဂလာပါရှင်။🔊 ဒါလေးကတော့ အငှါးပို့စ် မဟုတ်တဲ့ အရောင်းပို့စ်လေးပါ 🔊 S2 ရပ်တည်လာတာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိပြီးသကာလ ...
27/04/2026

မင်္ဂလာပါရှင်။
🔊 ဒါလေးကတော့ အငှါးပို့စ် မဟုတ်တဲ့ အရောင်းပို့စ်လေးပါ 🔊

S2 ရပ်တည်လာတာ ၂ နှစ်ကျော် ၃ နှစ်နီးပါး ရှိပြီးသကာလ ကားတွေကို upgrade မြှင့်တော့မှာမို့ model နိမ့်တဲ့ကားလေးတွေ ထုတ်ရောင်းပါတော့မယ်ရှင့်🚙

ငှါးနေကျ customer တွေဆို ကားတွေ ဘယ်လို well-maintained လုပ်ထားလဲဆိုတာ သိကြမှာပါ။
Car model နဲ့ မလိုက်အောင်ကို performance မကျအောင် maintain လုပ်ထားတာပါ။ မယုံရင် test drive လာလုပ်ပြီး တစ်ခါထဲ ဝယ်သွားပါရှင်😝

ပထမဦးဆုံး ထုတ်ရောင်းမယ့်ကားကတော့ Toyota Alphard (7 seaters) ဖြစ်ပါတယ်။

Registration - 2006
Engine Power - 2994 cc
တာယာ ၄ လုံး အသစ်
Oil change every 10,000 miles
Regular Maintenance

စျေးလေးကတော့ 369,000 THB ကို တေ့တေ့ဆိုင်ဆိုင်ဆို လျှော့ပေးမှာပါ။

Car details လေး သိချင်ရင်
Chatbox
📞 063-417-9315 (WhatsApp, viber)
📞 082-272-1879 (WhatsApp, viber)
Line ID -

Khao Yai National Park ထဲ သွားရင် အကြီးဆုံးရေတံခွန်၊ အလှအပဆုံး ရေတံခွန်ဖြစ်တဲ့ Haew Narok Waterfall အကြောင်းသိပြီးပြီလား...
24/04/2026

Khao Yai National Park ထဲ သွားရင် အကြီးဆုံးရေတံခွန်၊ အလှအပဆုံး ရေတံခွန်ဖြစ်တဲ့ Haew Narok Waterfall အကြောင်းသိပြီးပြီလား?

ဘန်ကောက်နေ ၂-၃ နာရီဝန်းကျင် သွားရုံနဲ့ ရောက်တဲ့ Khao Yai National Park တောင်ဘက်ဝင်ပေါက် Prachinburi ဘက်ခြမ်းကနေ ဝင်ရင် မြန်မြန်နဲ့ရောက်တဲ့ Haew Narok Waterfall က ထူးခြားတဲ့ ရေတံခွန်ပါ။

အဆင့် (၃) ဆင့်ပါပြီး မီတာ ၁၅၀ အမြင့်ရှိပါတယ်။ ပထမအဆင့်တင် မီတာ ၆၀ ရှိလို့ တော်တော်လေးကို ခန့်ညားတဲ့ ရေတံခွန်ကြီးပါ။

Viewpoint ရောက်ဖို့ လှေကားထစ်တွေနဲ့ တက်ရမှာဖြစ်သလို တစ်ခါတစ်လေမှာလေး ဆင်ရိုင်းတွေ သွားလာတာကို လှမ်းမြင်ရတတ်ပါတယ်။ အရင်ကဆို ရေတံခွန်ရဲ့ ရေစီးသန်တဲ့အချိန်တွေမှာ ဆင်တွေ ရေထဲကျသွားတတ်လို့ ငရဲချောက်လို့လည်း ခေါ်ကြပါတယ်။

Haew Narok Waterfall က ဇွန်လကနေ အောက်တိုဘာလဆို ရေစီးသန်လို့ တော်တော်လှပေမယ့် အချို့ရက်တွေဆို ပိတ်ထားတာရှိတတ်ပါတယ်။ ဒါကြောင့်သွားမယ်ဆို အခုလို နွေရာသီ၊ မိုးဦး၊ ဆောင်းရာသီသွားရင် ဘေးကင်းပါတယ်။

သွားတဲ့အခါ ဖိနပ်ကောင်းကောင်း ယူသွား၊ ရေသန့်ဆောင်သွားနော်။ ဒါမှ ကြိုက်သလောက် ကဲပြီးအေးဆေးနားနိုင်မှာဖြစ်သလို ရေတံခွန်ပေါ်လည်း အေးအေးဆေးဆေး တက်လို့ရမှာပါ။

Khao Yai သွားဖို့ ကားတွေလိုတယ်ဆိုရင်တော့ Driver ပါတာရော၊ Self-Drive ရော အဆင်ပြေအောင် S2 Car Rental ဘန်ကောက်ရုံးကနေ ငှားပေးနေလို့ အခုပဲဆက်သွယ်လိုက်တော့!

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ပတ္တရားက ဒီအချိန်ဆို လူများတတ်တော့ ထိုင်းမှာ ကမ်းခြေလည်မယ်ဆို ဘန်ကောက်ကနေ နေ့ချင်းပြန်သွားရင်း ရွေးလို့ရတာက Hua Hin-ဟွာဟ...
20/04/2026

ပတ္တရားက ဒီအချိန်ဆို လူများတတ်တော့ ထိုင်းမှာ ကမ်းခြေလည်မယ်ဆို ဘန်ကောက်ကနေ နေ့ချင်းပြန်သွားရင်း ရွေးလို့ရတာက Hua Hin-ဟွာဟင်း နားတဝိုက်ပါ။

Hua Hin မှာတောင်မှ သူများတွေ သွားနေကျ ချအမ်းတို့၊ Hua Hin- ဟွာဟင်းတို့က ဒီအချိန် လူများတာကြောင့် S2 ကကားတွေနဲ့သွားလို့ရပြီး လူသိနည်း အလှတရားမပျောက်သေးတဲ့ ကမ်းခြေ Hidden Spots လေးတွေပြောပြပေးမယ်။

🏖️Sainoi Beach- ဒီကမ်းခြေက ကျောက်ဆောင် အငူနှစ်ခုကြားမှာရှိပြီး သဲသောင်ပြင်ကတော့ အခြားကမ်းခြေတွေနဲ့ ယှဥ်ရင်သေးပါတယ်။ ဒါပေမယ့် ရေက ပိုကြည်ပြီး ရေကူးရကောင် လူသိနည်းတဲ့နေရာလေးပါ။

🏖️Pak Nam Pran- Hua Hin- ဟွာဟင်းကနေ တောင်ဘက်ကို ၂၅ မိနစ်လောက် ဆက်မောင်းရင် ရောက်ပါတယ်။ ကမ်းခြေမှာ Ro ပြီးလမ်းလျှောက်လို့ကောင်းသလို Kite-Surfing လုပ်တဲ့သူတွေလည်း အဆင်ပြေ၊ အဆင့်မြင့် အပန်းဖြေစခန်းတွေလည်းရှိတော့ အရမ်းကို အဆင်ပြေပါတယ်။

🏖️Khao Kalok- ပရန်ဘူရီဘက်မှာရှိတဲ့ ဒီကမ်းခြေကလည်း ထုံးကျောက်တောင်ကြီးအောက်မှာရှိလို့ နာမည်ကြီးပါတယ်။ ခရီးသွား သိပ်မလာလို့ သဘာဝအလှတရားတွေနဲ့ ပြည့်နေပြီး ကမ်းခြေက လုံးဝ သဘာဝအတိုင်းရှိပါတယ်။

ကဲ…S2 ရဲ့ တာဝန်ကတော့ ကမ်းခြေလေးတွေ ညွှန်းပေးလိုက်ပြီနော်! သွားမယ့်တာဝန်ကတော့ စာဖတ်သူတို့ရဲ့ တာဝန်…ကားလိုတယ်ဆိုရင်တော့ ဘန်ကောက်ကနေ ၂ နာရီခွဲ ၃ နာရီ ဇိမ်ကျကျနဲ့မောင်းရင်း Hua Hin-ဟွာဟင်းကိုပတ်ဖို့ ကားတွေ S2 ဘန်ကောက်ရုံးမှာရှိနေလို့ အခုပဲ ငှားပြီး စီစဥ်လိုက်ပါ။

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ချင်းမိုင်ရောက်တုန်း ရောက်ခိုက် ဘုရားစုံအောင် ဖူးချင်တယ်၊ ထိုင်းမြောက်ပိုင်း ဗိသုကာလက်ရာတွေကို လေ့လာချင်တယ်ဆိုရင်တော့ S2...
15/04/2026

ချင်းမိုင်ရောက်တုန်း ရောက်ခိုက် ဘုရားစုံအောင် ဖူးချင်တယ်၊ ထိုင်းမြောက်ပိုင်း ဗိသုကာလက်ရာတွေကို လေ့လာချင်တယ်ဆိုရင်တော့ S2 က ကားတွေနဲ့ တင်သွားဖူးနိုင်တဲ့ မြို့ထဲက Wat Sri Don Moon ကို ညွှန်းချင်ပါတယ်နော်။

ခရိီးသွားအလာနည်းပြီး အေးအေးဆေးဆေး ဘုရားဖူးချင်တဲ့သူတွေ ချင်းမိုင်ရောက်တုန်းသွားသင့်ပါတယ်။

🛕ဒီဘုရားမှာ ထိုင်းနိုင်ငံမြောက်ပိုင်း Lanna ယဥ်ကျေးမှုတွေ ထုံမွှမ်းနေပြီး ထူးခြားတဲ့ အပြင်အဆင်ရှိတယ်၊

🛕ထိုင်းရဲ့ ရိုးရာကံကောင်းမှုကို ရရှိစေတဲ့ ထူးခြားတဲ့ Na Nha Thong ဆုတောင်းမှုကို စိတ်ဝင်စားသူတွေအတွက် နာမည်ကြီးနေရာဖြစ်တယ်၊

🛕တိတ်ဆိတ်ငြိမ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေချင်သူတွေအတွက် ပန်းခြံ၊ ရေတံခွန်နဲ့ အရိပ်ရနေရာများစွာရှိလို့ တကယ်ကို Hidden Gem လေးပါ။

ဝင်ကြေးကလည်းအခမဲ့ဖြစ်ပြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိဖွင့်သလို မြို့လယ်ခေါင် Old City ကနေ နာရီဝက်အတွင်း အရောက်သွားနိုင်ပြီး Lamphun ဘက်ဆက်သွားမယ်ဆိုလည်း အဆင်ပြေတဲ့နေရာပါ။ ကားနဲ့ ဖူးဖူး၊ ဆိုင်ကယ်နဲ့ ဖူးဖူး အဆင်ပြေတဲ့ Wat Sri Don Moon ကို ချင်းမိုင်ရောက်နေတဲ့ မြန်မာတို့သွားရောက်ဖူးမြော်လို့ရအောင် ညွှန်းပေးလိုက်ပါတယ်နော်။

“ဘန်ကောက်မှာရော၊ ချင်းမိုင်မှာပါ ကားအငှားရုံးဖွင့်ထားတဲ့ ထိုင်းအစိုးရ တရားဝင်မှတ်ပုံတင် ကုမ္ပဏီ-S2 Car Rental”

☎️ ထိုင်းဖုန်း :
063 417 931 5, 082 272 187 9
☎️ မြန်မာဖုန်း :
09 421 755 376, 09 451 566 180
▪️Line ID : stellasandi, rokisett
▪️Viber : +66 63 417 9315
▪️WhatsApp : 063 417 9315
🇹🇭 Bangkok Office Address:
Le Crique Condo, Soi Sukhumvit 64/2, Bang Chak, Phra Khanong, Bangkok 10260, Thailand
🇹🇭 Chiang Mai Office Address
8 Sanambin Kao 6 Alley, Suthep, Mueang Chiang Mai District, Chiang Mai 50200, Thailand

ที่อยู่

Le Crique Condo, 1/501, Soi Sukhumvit 64/2, Bang Chak, Phra Khanong, , , Https://maps. App. Goo. Gl/SMPdJDHNg2B7jHLM9?g_st=ic
Bangkok
10260

เวลาทำการ

จันทร์ 07:00 - 22:00
อังคาร 07:00 - 22:00
พุธ 07:00 - 22:00
พฤหัสบดี 07:00 - 22:00
ศุกร์ 07:00 - 22:00
เสาร์ 07:00 - 22:00
อาทิตย์ 07:00 - 22:00

เบอร์โทรศัพท์

+66634179315

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ S2 Car Rental Service Company Limited -Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท