Lin Naing Lin Naing
(2)

28/05/2026

ပြည်သူ တဦးကို စစ်🐕‍🦺ရဲ🐕‍🦺တွေက ဝိုင်းကိုက်၁၁တ်ပြီး PDFလုပ်တယ်လို့ ဆိုကာ စစ်⚽မများက သတင်းဖြတ်နေလို့ သတင်းမှန်တင်ပေးလိုက်ပါတယ်👇

ဘီးလင်းမြို့ခံ လူငယ်တစ်ဦး စစ်တပ်ရဲ့ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံး  မေ ၂၉ရက်၂၀၂၆မွန်ပြည်နယ် ဘီးလင်းမြို့ “ထွန်းထွန်း”က...
28/05/2026

ဘီးလင်းမြို့ခံ လူငယ်တစ်ဦး စစ်တပ်ရဲ့ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံး

မေ ၂၉ရက်၂၀၂၆

မွန်ပြည်နယ် ဘီးလင်းမြို့ “ထွန်းထွန်း”ကားပစ္စည်းရောင်းဝယ်ရေးဆိုင်က အသက် ၂၅ နှစ်အရွယ် ကိုထွန်းထွန်းဟာ မနေ့ မေ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်လောက်မှာ သထုံမြို့ကနေ ဘီးလင်းမြို့သို့ ပြန်လာစဉ် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ ကိုထွန်းထွန်းဟာ တစ်ဦးတည်းကားမောင်းလာစဉ် မစောတံတားဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တားဆီးမှုကို မကြားဘဲ မောင်းထွက်သွားမိတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မစောတံတားဂိတ်က ဘီးလင်းတိုးဂိတ်ရှိ စစ်တပ်ထံ သတင်းပို့အကြောင်းကြားခဲ့တဲ့အတွက် တိုးဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့တွေက ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီးမှာ အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ အချက်အရေ အမြောက်အမြား ပစ်ခတ်ခံလိုက်ရပါတယ်။

သေနတ်နဲ့ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရတာကြောင့် ကိုထွန်းထွန်းဟာ ဦးခေါင်း၊ရင်ဘတ်နဲ့ မျက်နှာတွေမှာ သေနတ်ဒဏ်ရာ အများအပြား ရရှိပြီးနောက် အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အလောင်းကို စစ်ကော်မရှင်တပ်က လမ်းပေါ်မှာ ဒီအတိုင်းပဲ ပစ်ထားခဲ့တဲ့အတွက် မေ ၂၈ ရက်နေ့ မနက်ပိုင်းမှသာ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကောက်ယူသွားပြီး ဘီးလင်းပြည်သူ့ဆေးရုံ ရင်ခွဲရုံထံ ပို့ဆောင်ထားပါတယ်။

ဒီပစ်ခတ်မှုကို ဘီးလင်းတိုးဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်တာလို့ လိမ်လည် သတင်းကြေးနန်း ပေးပို့ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

28/05/2026

အဘဒို့ ရေကာတာ ဘာအတွက် လုပ်ထားတာလဲဟတ်း....

28/05/2026

စစ်တပ်လက်အောက်က အနုပညာရှင်များ ဖြူဖြူကျော်သိန်း
ရဲ့စကားကိုကြားရင် သူတို့မှာ ရှတ်တတ်တဲ့စိတ်များရှိရင်လဲ၁ေ၁လို့ရတယ်👇

28/05/2026

မလေးရှားပွဲမှာ ပထမသီချင်းတပုဒ် မဆိုမီ ဖြူဖြူကျော်သိန်း ပြောသွားတဲ့ နှုတ်ခွန်းဆက်စကား မြန်မာစာတန်းထိုး။



28/05/2026

စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ပုံကို
မလေးရှားနိုင်ငံတွင် လူထောင်သောင်းချီတဲ့ ကြားထဲ အနုပညာနဲ့
ချပြလိုက်တဲ့ (ဖြူဖြူကျော်သိန်း)❤️❤️

28/05/2026

ပြည်သူတွေကို ရက်ရက်စက်စက် ဖိနိုပ်၁၁တ်ဖြတ်ထားတဲ့ လူတစုကို ကျမတို့ ပြည်သူတွေ အနေနဲ့ လုံးဝ မမေ့ထားသင့်ဘူး။
(ဖြူဖြူကျော်သိန်း)

ရထားတာ လေးကဘး ရှယ်ဘဲ့မေ၂၈ရက်၂၀၂၆
28/05/2026

ရထားတာ လေးကဘး ရှယ်ဘဲ့
မေ၂၈ရက်၂၀၂၆

စစ်ခေါင်းဆောင်ကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရသည်ဟုပြောသော ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်မေ ၂...
28/05/2026

စစ်ခေါင်းဆောင်ကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရသည်ဟုပြောသော ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တိုက်လေယာဉ်ဖြင့် ခြိမ်းခြောက်

မေ ၂၈ ရက်၂၀၂၆

စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရသည်ဟုပြောသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်လာကြောင်း ထိုတပ်ဖွဲ့က ယနေ့ မေ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

ရှမ်း(သျှမ်း)ပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ ယမန်နေ့ မေ ၂၇ ရက်၊ မနက် ၁၀ နာရီ ၅ မိနစ်ခန့်က ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရန် ရောက်ရှိနေသည့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့ကို တိုက်လေယာဉ် တစ်စင်းဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ဟု ဖော်ပြချက်အရ သိရသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတော်တင်ပွဲ ပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန်အတွက် အဆိုပါဝမ့်နန်းကျေးရွာသို့ မေ ၂၆ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ယမန်နေ့ တစ်ရက်တည်း၌ပင် ခြောက်ကြိမ်တိုင် အနီးကပ်ပျံသန်းမှု ပြုလုပ်သွားကြောင်း သိရသည်။

ထိုတိုက်လေယာဉ် တစ်စီးသည်လည်း အာဏာသိမ်း ရွေးတုအစိုးရတပ် လက်အောက်ခံ နမ့်စန်လေတပ်မှဟု ယူဆရပြီး အစပိုင်းတွင် ကျေးရွာအထက် ဝေဟင်မှ ခပ်လှမ်းလှမ်း လှည့်ပတ်ပျံသန်းသော်လည်း နောက်ပိုင်း၌ တဖြည်းဖြည်းအနီးကပ် ချဉ်းကပ်ပျံသန်း၍ ခြိမ်းခြောက်မှု လက္ခဏာများကို ပြသသွားခဲ့သည်ဟု RCSS သတင်းဌာန Tai Freedom က ထုတ်ပြန်ဖော်ပြ ဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်က နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကိုထောက်ရှု၍လည်းကောင်း၊ ယခုခရီးစဉ်မှာ မိမိတို့ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာဖြစ်သည့်အတွက် မည်သည့်စစ်ရေးပြင်ဆင်ချက်မျှ ပြုလုပ်မထားခြင်းတို့ကြောင့် တစုံတရာ တုန့်ပြန်ခြင်းမရှိဟု ပြောသည်။

ထို့အပြင် ရွေးတုသမ္မတမှ ရက် (၁၀၀) ငြိမ်းချမ်းရေး စီမံချက်ကို တရား ဝင်ကမ်းလှမ်းထားသော်လည်း ဤကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် မကိုက်ညီသည့် လုပ်ရပ်များကြောင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်နားလည်မှုများကိုပါ ထိခိုက်ပျက်စီးစေနိုင်ဟု ၎င်းက ဆက်လက်ဆို‌ကြောင်း သိရသည်။

အလားတူ RCSS ပိုင်သတင်းဌာန Tai Freedom ၏ ဖော်ပြထားချက်အရ ရွေးတုအစိုးရဘက်က လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပ ပြောထားသည်ကို ကြားသိရသော်လည်း မြေပြင်တွင် လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန်လုံးဝမရှိဘဲ တမင်သက်သက် ခြိမ်းခြောက်မှုပြသသော စော်ကားပျံသန်းမှု တရပ်ဟုဆိုသည်။

ယင်းမတိုင်မီ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းအမျိုးသားနေ့တွင် လက်ရှိတိုင်းပြည်၌ မငြိမ်မသက်၊ အကျပ်အတည်းဖြစ်၍ ပြည်သူများ စစ်ဘေးရှောင်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးရခြင်း၊ နေအိမ်ရပ်ရွာ စွန့်ခွာရခြင်းတို့ ကြုံနေရမှုမှာ အာဏာသိမ်း ရွေးတုသမ္မတ တစ်ဦးတည်း၏ အတ္တ၊ မာန၊ လောဘ ကြီးမားခြင်းတို့ကြောင့် ဖြစ်ရကြောင်း ထည့်သွင်းပြောထားသည်။

#စစ်ခေါင်းဆောင် #တိုင်းပြည်မငြိမ်မသက်ဖြစ်ရ #ဗိုလ်ချုပ်ကြီးယွက်စစ် #တိုက်လေယာဉ်

"မင်းအောင်လှိုင်အား ရုပ်ထုနဲ့ဂုဏ်ပြုပေမဲ့ မြေမြိုဟန် ကြိုးကွင်းစွပ်ဟန် ပေါက်နေလို့ ဂုဏ်ပြုသူကို ဖမ်းဆီးခံရ"ဖားတာ အဖားလွန...
27/05/2026

"မင်းအောင်လှိုင်အား ရုပ်ထုနဲ့ဂုဏ်ပြုပေမဲ့ မြေမြိုဟန် ကြိုးကွင်းစွပ်ဟန် ပေါက်နေလို့ ဂုဏ်ပြုသူကို ဖမ်းဆီးခံရ"

ဖားတာ အဖားလွန်သွားတဲ့ မင်းသားကြီး 😁

#မြေမြိုလှိုင် #ကြောက်လို့ဖမ်းခိုင်းပြီ

သူပြောပုံ အရ ဆိုရင်မအလ စစ်ရှုံးသွားပြီး  ဖြစ်၍တပ်မတော် သားများ အားလုံး ၁ယုတ်ကျွန် ဖြစ်ကာ ၁ယုတ် လက်ပါးစေ တပ်ဖြစ်နေခဲ့ပြီ။...
27/05/2026

သူပြောပုံ အရ ဆိုရင်
မအလ စစ်ရှုံးသွားပြီး ဖြစ်၍
တပ်မတော် သားများ အားလုံး ၁ယုတ်ကျွန် ဖြစ်ကာ ၁ယုတ် လက်ပါးစေ တပ်ဖြစ်နေခဲ့ပြီ။

တိုင်းပြည်ကို မပြောက်လိုပါက မိဘပြည်သူများအားလုံး စုပေါင်း၍ တွန်းလှန်ထုပ်ရန် လိုအပ်နေပြီ။

အခုလိုမျိုး စည်းလုံးညီညွန့် မှုမရှိဘဲ
တော်လှန်နေရင်တော့
အချိန် ကြားလာရင်လူကို လူက မျိုသွားလိမ့်မယ်နော်။

မှတ်ချက် ဧရာဝတီမြစ်ဟာ မြန်မာ ပြည် ရဲ့ အဒိက အသက်သွေးကြောဖြစ်ပါတယ်။
အခု ဒီမြစ်ကို ၁ယုတ်က အပိုင်စီးထားပြီး ရေကာတာလုပ်ရန် စတင်နေခဲ့ပြီ။

၁ယုတ်မြန်မာ နယ်စပ်မှာလဲ ကျုးကျော်ဝင်ရောက်လာနေခဲ့ပြီ။

ที่อยู่

10/13
Bangkok
LINNAING

เว็บไซต์

https://t.me/linnaing11223

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lin Naingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์