13/06/2025
မှတ်မိကြသေးလားတော့ မသိဘူး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Xiaomi ဘက်ကနေ SU7 Ultra (Prototype) နဲ့ ဂျာမန်မြေ Nürburgring ထိသွားပြီး 6:46.874 မိနစ်ဆိုတဲ့စံချိန်တစ်ခုကို ချိုးပြခဲ့ချိန် ကျွန်တော်ကိုယ်တိုင်လည်း ဒီကားအပေါ် အတော်လေး impressed ဖြစ်မိကြောင်း article လေးတစ်ပုဒ် ရေးတင်ခဲ့ဖူးတယ်။ ခဏလေးအတွင်းပဲ ပို့စ်ကအတော်လေးပေါက်သွားသလို အားပေးတဲ့သူတွေလည်း အတော်လေးများခဲ့ပါတယ်။ အားပေးတယ်ဆိုလို့ အဟုတ်မှတ်မနေနဲ့ ကိုယ့်လူရေ။ သူတို့အားပေးတာက ဟောဒီလိုဗျ . . .
➤ "ဘာတွေစွတ်hype နေလဲ၊ McLaren ဒီဇိုင်းကိုခိုးထားတာအသိသာကြီး၊ Prototype မို့ရတာ၊ Serial production မှာဆိုစောက်တလွဲပဲလာမှာ"
➤ "S ta yote ကားက ta yote ကားပါပဲ"
➤ "အရမ်းကောင်းတယ်လိုအကြိမ်၁၀၀၀ထောင်ပြောရင် တရုတ်ဆိုရင်ဘယ်တော့မှမယုံရဘူး"
➤ "Made in China လား။ တရုပ်မတောင်ဖွားစုတ်စုတ်မို့လို့ မကြိုက်ပါ။"
➤ "Prototype ကြီးနဲ့ cheating လုပ်သွားတာပါကွာ" စသည်ဖြင့်ပါ။ xD:
အမှန်တော့ ကျွန်တော်ကိုယ်တိုင်လည်း Xiaomi ဘက်ကနေ sponsorship ရထားလို့ ချီးမွမ်းခန်းတွေဝင်နေတာမဟုတ်သလို မကြာသေးခင်ကမှ ဒီနယ်ပယ်ထဲဝင်ရောက်လာတဲ့ Automaker တစ်ခုရဲ့ Prototype တစ်စီးဖြစ်သည့်တိုင် Sub-6-minute ဆိုတဲ့ စံချိန်တစ်ခုကို ချိုးဖျက်ပြသွားတဲ့အပေါ် အံ့အားသင့်မိရုံမျှသာ။
Anyway, Xiaomi ဘက်ကတော့ SU7 Ultra ရဲ့ production-ready ကားနဲ့အတူ တစ်နေ့ကပဲ Green Hell မှာ စံချိန်သစ် ထပ်မံချိုးဖျက်ခဲ့ပြန်ပါပြီ။ အရင် Prototype ကားလို "light and fast" ဖြစ်ဖို့ အတွင်းခန်းက ထိုင်ခုံတွေအကုန်ဖြုတ်၊ slick racing တာယာတွေနဲ့မဟုတ်ဘဲ showroom ကားကို optional track pack ထည့်ထားတဲ့ တကယ့် production-ready (သို့မဟုတ်) road-legal မော်ဒယ်နဲ့ ပြန်လာခဲ့တာပါ။ ဆိုလိုချင်တာက ကားရဲ့အတွင်းခန်းမှာလည်း ထိုင်ခုံတွေအားလုံးပါမယ်၊ Street-legal ဖြစ်တဲ့ Pirelli P Zero Trofeo RS တာယာတွေအပါအဝင် AP Racing ရဲ့ carbon-ceramic ဘရိတ်အကြီးကြီးတွေပါ တပ်ဆင်ထားတာပါ။
စိတ်ဝင်စားစရာကောင်းတာက အခုလို real-world equipment တွေအကုန်ပြစ်ထည့်ထားသည့်တိုင် SU7 Ultra အနေနဲ့ သိပ်ကိုမှအရိုက်ကြမ်းလှပါပေ့ဆိုတဲ့ Nordschleife မှာ 7:04.95 မိနစ်အတွင်း စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ယခင် Prototype ရဲ့ lap time နဲ့ယှဥ်ရင်တော့ အတော်လေးကွာပေမယ့် ဒီစံချိန်ဟာ Rimac Nevera အပါအဝင် Taycan Turbo GT ထက်လည်း ပိုမြန်သလို ကနေ့ခေတ် တံခါးလေးပေါက် Sedan ( EV နှင့် ICE အပါအဝင်) တွေထဲ Nürburgring ရဲ့ အမြန်ဆုံးကားတစ်စီး ဖြစ်လာခဲ့ပါပြီ။ ဒါ့ထက် ပိုစိတ်ဝင်စားစရာကောင်းတာက ဒီ record ရဖို့ အကြိမ်ပေါင်းများစွာ multiple runs လုပ်ခဲ့တာမဟုတ်ဘဲ first attempt နဲ့တင် ချိုးဖျက်နိုင်ခဲ့တဲ့ "Just one lap, one record" ဆိုတာပါ။
လွန်ခဲ့တဲ့ (၂) နှစ်လောက်ကိုသာ ပြန်သွားကြည့်မယ်ဆိုရင် Xiaomi ကို စျေးပေါပေါ Budget စမတ်ဖုန်းတွေသာထုတ်တဲ့ ကုမ္ပဏီတစ်ခုလို့သာ လူအများစုမှတ်ယူကြမယ်ဆိုပေမယ့် အချိန်ခဏလေးအတွင်းမှာပဲ Taycan လို ဂျာမန်သားတွေကို မနက်စာအဖြစ်သုံးဆောင်မယ့် သားရဲတစ်ကောင်ကို မွေးဖွားစေခဲ့ပြီး Ring ရဲ့ သရဖူးကို သိမ်းပိုက်သွားတဲ့အပေါ် အတော်လေး impressed ဖြစ်မိပြန်တာ အမှန်ပဲ။
Xiaomi အနေနဲ့ SU7 Ultra အပေါ် ဘာ performance upgrade မျှ မလုပ်ခဲ့တာမို့ ဒီကောင့်ရဲ့ Super Motor V8s သုံး tri-motor setup ကနေ 1,548 hp ပဲ ယခင်အတိုင်း ထွက်ရှိပါတယ်။ ကားရဲ့အလေးချိန် 2,360 kg ကတော့ EV တစ်စီးအတွက် လေးတယ်လည်းမဆိုနိုင်သလို၊ ပေါ့တယ်လည်းမပြောပလောက်ပေမယ့် carbon fiber တွေကျေးဇူးကြောင့် base မော်ဒယ် SU7 ထက် 500 kg ပိုပေါ့တာအပါအဝင် ၂.၁ တန်ကျော် downforce ထုတ်ပေးနိုင်တဲ့ aero kit တွေရဲ့ ကျေးဇူးကလည်း SU7 Ultra ကို Nürburgring ရဲ့ "fastest four-door sedan" ဖြစ်စေနိုင်ဖို့ များစွာအထောက်အပံ့တွေ ပေးနိုင်ခဲ့တယ်လို့ပဲ ဆိုရလိမ့်မယ်။
Gamers တွေနဲ့ Petrolheads တွေအတွက် ဝမ်းသာစရာသတင်းကတော့ Xiaomi နဲ့ Polyphony Digital တို့ collab လုပ်လိုက်ပြီမို့ မကြာခင်မှာပဲ Gran Turismo 7 မှာ SU7 Ultra ပါဝင်လာပါတော့မယ်။ ဒါ့ကြောင့် $75,000 လောက် မတတ်နိုင်လို့ SU7 Ultra မမောင်းရဘူးဆိုပြီး စိတ်ညစ်မနေပါနဲ့။ PlayStation 5 တစ်လုံးဝယ်ပါ၊ ပြီးရင် G29 လို decent racing wheel လေးတစ်စုံဝယ်ပြီး ခံစားမောင်းနှင်နိုင်ပါလိမ့်မယ်။ :3
ကျွန်တော့်ရဲ့ တစ်ဦးတည်းကိုယ်ပိုင်အမြင် Final Thought လေးနဲ့ အဆုံးသတ်ရရင် ကနေ့ခေတ် Automakers တွေအများစုဟာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် "performance legacy" တစ်ခုကို တည်ဆောက်ခဲ့ကြရပါတယ်။ Porsche ဟာ racing နယ်ပယ်မှာ 1930 ခုနှစ်တွေလောက်ကတည်းက ကျင်လည်နေခဲ့ချိန် Xiaomi ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်မှာတောင် Mi Bands လေးတွေ ရောင်းနေခဲ့တာပါ။
မျှမျှတတပြောရရင် SU7 Ultra ဆိုတာကလည်း Chinese EV တွေထဲက တစ်စီးပဲမို့ ကီလို (၅) သောင်းလောက်မောင်းပြီးချိန် ကြုံတွေ့လာနိုင်မယ့် Reliability တစ်ခုနဲ့၊ ကားရဲ့ Build Quality အပါအဝင် ဘယ်အချိန်ပေါ်လာမလဲ မသိနိုင်တဲ့ Software bugs တွေကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ဖို့လိုအပ်မှာပဲ။ ဖုန်းလေးဟန်းလာရင် အလွယ်တကူ Reboot ပြန်ချလိုက်လို့ အဆင်ပြေနိုင်ပေမယ့် 1,548 hp ထွက် hyper-sedan တစ်စီးအတွက်ကျ different story ဖြစ်သွားပါပြီ။
လက်ရှိ ကျွန်တော့်မှာ Taycan Turbo GT တစ်စီးပိုင်ဆိုင်ထားလို့ မနက်ဖြန်မှာ Porsche ကိုရောင်းပြီး SU7 Ultra ဝယ်မလားဆို Probably not လို့ပဲ ဖြေချင်ဖြေပါလိမ့်မယ်။ သို့ပေတည်း "we should respect the hell out of what Xiaomi just did!" လို့ပဲ ပြောချင်ပါရဲ့။
{ 𝙍𝙚𝙨𝙩𝙧𝙞𝙘𝙩𝙚𝙙 𝙪𝙨𝙖𝙜𝙚 : 𝙄 𝙠𝙞𝙣𝙙𝙡𝙮 𝙧𝙚𝙦𝙪𝙚𝙨𝙩 𝙩𝙝𝙖𝙩 𝙮𝙤𝙪 𝙧𝙚𝙛𝙧𝙖𝙞𝙣 𝙛𝙧𝙤𝙢 𝙪𝙨𝙞𝙣𝙜 𝙩𝙝𝙞𝙨 𝙥𝙤𝙨𝙩 𝙞𝙣𝙙𝙚𝙥𝙚𝙣𝙙𝙚𝙣𝙩𝙡𝙮, 𝙗𝙪𝙩 𝙛𝙚𝙚𝙡 𝙛𝙧𝙚𝙚 𝙩𝙤 𝙨𝙝𝙖𝙧𝙚 𝙞𝙩 }
𝙁𝙪𝙚𝙡 𝙮𝙤𝙪𝙧 𝙥𝙖𝙨𝙨𝙞𝙤𝙣 𝙛𝙤𝙧 𝙖𝙪𝙩𝙤𝙢𝙤𝙗𝙞𝙡𝙚𝙨 𝙬𝙞𝙩𝙝
▀▄▀▄▀▄ 𝙆𝙖𝙧𝙨 - 𝘽𝙪𝙧𝙢𝙖 ▄▀▄▀▄▀