ReadMe ထိုင်းနိုင်ငံအတွင်းခရီးသွားကားအငှား၀န်ဆောင်မှုနှင့် အပန်းဖြေလည်ပတ်စရာနေရာများသိရှိရန် 🚗🚙🚐🚌🛻🚚🍀

မနှစ်ကနဲ့ မတူ တမူထူးခြားပြီး လှပလွန်းနေတဲ့🪻Ying Yong Flower Garden🪻-  #ချင်းမိုင်⛰️ 🍃 🌼 🪻 💐 🌸 🌹 📸 🤳 💃🤳📸🌹🌸💐🪻🌼 🍃⛰️        ...
14/08/2026

မနှစ်ကနဲ့ မတူ တမူထူးခြားပြီး လှပလွန်းနေတဲ့
🪻Ying Yong Flower Garden🪻- #ချင်းမိုင်

⛰️ 🍃 🌼 🪻 💐 🌸 🌹 📸 🤳 💃🤳📸🌹🌸💐🪻🌼 🍃⛰️

🪻Ying Yong Flower Garden ဟာ #ချင်းမိုင်မြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ မွန်ဂျမ်မှာရှိပါတယ်။ ချင်းမိုင်မြို့ကနေ တနာရီသာသာလောက် ကားမောင်းသွားရင် ရောက်ပါတယ်။

🏔️ #မွန်ဂျမ်ကို ရောက်ပြီဆိုရင် Yingyong flower Gardenကို မဖြစ်မနေ ဝင်ရောက် လည်ပတ်ကြရလောက်အောင်လည်း ပန်းခင်တွေရဲ့အလှ နောက်ခံတောက်တန်းတွေရဲ့ စိမ်းညို့တဲ့ ညို့ငင်အားနဲ့ လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်ထားပါတယ်။

☁️🌁အခုလို မိုးရာသီမျိုးမှာဆိုရင် အရောင်အသွေးစုံတဲ့ ပန်းခင်းတွေနဲ့အတူ မြူခိုးတွေ ရစ်သိုင်းနေတဲ့ တောင်ကုန်းတောင်တန်းတွေဟာ အမှတ်တရတွေ ချန်ထားရစ်ဖို့ အကောင်းဆုံးနေရာလေးတွေ ဖြစ်ပါတယ်။

💚
🪴ပန်းခင်း ဝင်ကြေး
- လူကြီး 50 baht.
- ကလေး (၄ နှစ်မှာ ၉ နှစ်) 30 baht
- ၃ နှစ်နှင့်အောက် Free entrance
💥 နိုင်ငံခြားသား
- လူကြီး : 100 Baht
- ကလေး : 50 baht

🍀
🚗🚙🚐 🍀
#ချင်းမိုင်မြို့တွင်းမြုိ့ပြင် #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှုများ
✅ချင်းမိုင် - ချင်းရိုင်
✅ချင်းမိုင် - မဲ့ဟောင်ဆောင်
✅ချင်းမိုင် - မွန်ဂျန်
✅ချင်းမိုင် - မဲ့ကမ်ပေါင်
✅ချင်းမိုင် - ဒွယ်အင်ထနွန်
စသည်ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို #အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်
🍀ကားဆရာနှင့်တကွ - ငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (2-3 ယောက်စီး)
🚙 SUV (5-6 ယောက်စီး)
🚐 VIP Van (10/12 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour - သီးသန့် နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour - ညအိပ် ညနေ ခရီးစဥ် များ
✅Hotel Reservation
✅ Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။

⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန် Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

🚗🚙🚐🌸🏔️🏡

เน็ก สเตชั่น

ချင်းမိုင်က  #နှင်းဆီ ပန်းခင်းကြီး 🌹💐🏔️🌳💐🏡            ဒီသြဂုတ်လ ၂၀ ရက်နေ့အထိပဲ ဖွင့်ပေးမှာဖြစ်လို့ ပန်းလေးတွေလှနေတုန်း အ...
10/08/2026

ချင်းမိုင်က #နှင်းဆီ ပန်းခင်းကြီး 🌹💐🏔️🌳💐🏡

ဒီသြဂုတ်လ ၂၀ ရက်နေ့အထိပဲ ဖွင့်ပေးမှာဖြစ်လို့ ပန်းလေးတွေလှနေတုန်း အချိန်မီလေး သွားလိုက်ကြရအောင် 🌹💐

🎟️
၀င်ကြေး
လူကြီး : တဦး ၁၃၀ ဘတ်
ကလေး : ၈၀ ဘတ် (အသက် ၁၁ နှစ်အောက်)

🌹ရိုမန်တစ် နှင်းဆီပန်းခင်း
ချင်းမိုင်မြို့ရဲ့အနောက်မြောက်ဘက် Mon Jam နဲ့ Doi Suthep အကြား ချင်းမိုင်မြို့ကို ပြန်ပတ်ဝင်တဲ့ တောင်ကြားလမ်းဘေးက နှင်းဆီပန်းခင်းကြီး တခုဖြစ်ပါတယ်။

တောင်ကုန်းထက်မှာ ရောင်သွေးစုံတဲ့ နှင်းဆီပန်းတွေ စိုက်ပျိုး ပွင့်ဖူးနေလိုက်ပုံက မြင်ရသူတို့ ဘဝင်မှာ ယစ်မူးချင်စရာပါပဲ။

မြူတွေ ရစ်သိုင်းနေတဲ့ တောအထပ်တောင်
အသွယ်သွယ်တွေနဲ့ အတူ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးအောက်မှာ နှင်းဆီပန်းတောထဲ တိုးဝှေ့ပျော်မြူးရတဲ့ အရသာ …
အဲ့ဒီအရသာကို
ကိုယ်တိုင်ကိုယ်ကျ သွားပြီး ခံစားကြည့်မှ ရမှာပါ။

🕰️
ဖွင့်ချိန်
မနက် ၇ နာရီမှ​ ညနေ ၅း၀၀ အထိ

🎟️
၀င်ကြေး
လူကြီး : တဦး ၁၃၀ ဘတ်
ကလေး : ၈၀ ဘတ် (အသက် ၁၁ နှစ်အောက်)

🍀
🚗🚙🚐 🍀
#ချင်းမိုင်မြို့တွင်းမြုိ့ပြင် #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှုများ
✅ချင်းမိုင် - ချင်းရိုင်
✅ချင်းမိုင် - မဲ့ဟောင်ဆောင်
✅ချင်းမိုင် - မွန်ဂျန်
✅ချင်းမိုင် - မဲ့ကမ်ပေါင်
✅ချင်းမိုင် - ဒွယ်အင်ထနွန်
စသည်ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို #အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်
🍀ကားဆရာနှင့်တကွ - ငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (1-3 ယောက်စီး)
🚙 SUV (2-6 ယောက်စီး)
🚐 VIP Van (7-10 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour - သီးသန့် နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour - ညအိပ် ညနေ ခရီးစဥ် များ
✅Hotel Reservation
✅ Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။
⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန် Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

🚗🚙🚐🌸🏔️🏡


สวนกุหลาบโรแมนติก ชิดขอบฟ้า

ဘုရားငါးဆူ တနေ့တာ ခရီးစဥ် 🍀            လာမယ့် ၀မ်မဲ့ (ထိုင်းနိုင်ငံ အမေများနေ့ - တနည်းအားဖြင့် ဘုရင်မကြီးမွေးနေ့) နေ့မှာ...
09/08/2026

ဘုရားငါးဆူ တနေ့တာ ခရီးစဥ် 🍀

လာမယ့် ၀မ်မဲ့ (ထိုင်းနိုင်ငံ အမေများနေ့ - တနည်းအားဖြင့် ဘုရင်မကြီးမွေးနေ့) နေ့မှာ သွားရောက်လည်ပတ်နိုင်ကြစေဖို့ ခရီးစဥ်လေးတခု စီစဥ်ပေးထားပါတယ်။ ဒီခရီးအတွင်း ချိုင်နတ်မြို့မှာ အသစ်တည်ကိုးကွယ်ထားတဲ့ ဘုရားငါးဆူ အပါအ၀င် ဆူဖန်ဘူရီက နာမည်ကြီး ကျောက်တောင်ဘုရား နဲ့ ငါးပြတိုက် သို့မဟုတ် ရေကစားကွင်းတွေ ပါ၀င်တာမို့ တနေ့တာ ပြီးပြည့်စုံတဲ့ ခရီးစဥ်လေးဖြစ်စေပါမယ်။

ဒီလို ပြီးပြည့်စုံတဲ့ ခရီးစဥ်လေးကို မိမိရဲ့ မိဘတွေကို၊ မိဘလို့ ချစ်ခင်ရသူတွေကို ပို့ဆောင်ပေးဖို့ စီစဥ်လိုက်ကြရအောင် …။​

🍀ချိုင်နတ် + ဆူဖန်ဘူရီ ခရိုင်ချင်းဆက်ခရီးစဥ်မှာ🍀

🍀နံပါတ် ၁ နေရာ အနေနဲ့
ဘုရားဖူးရင်း စိမ်းလန်းတဲ့ တောတောင်သဘာ၀ရှုခင်းတွေကို တ၀ကြီး ခံစးနိုင်ဖို့ Wat Klai Kangwon (Khao Sarapatdee Sri Charoentham) ဘုန်းတော်ကြီးကျောင်းအတွင်းက ဘုရားငါးဆူ

🍀 နံပါတ် ၂ နေရာ
ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းက တခုတည်းသော ငါးပြတိုက်ဖြစ်ပြီး မိကျောင်းကန်၊ တိရစ္ဆာန်ဥယျာဥ်ပါ ရှိတဲ့နေရာ ဆူဖန်ဘူရီက Bueng Chawak Chaloem Phrakiet ငါးပြတိုက်

🍀 နံပါတ် ၃ နေရာ
ဆူဖန်ဘူရီမြို့ရဲ့ အထင်ကရ ကျောက်တောင်မှာ ထွင်းထုထားတဲ့ ဘုရားကြီးနဲ့ ထိုင်းနိုင်ငံမှာ အရှည့်ဆုံးမှန်တံတားရှိရာ Wat Khao Tham Thiam နဲ့ အနီးနားက

🍀 နံပါတ် ၄ နေရာ
ရေကစားပြီး အပန်းဖြေနိုင်မယ့် ဆူဖန်ဘူရီမြို့ရဲ့ တခုတည်းသော ရေကစားဥယျာဥ် C&Y Water Park and Resort (ဒီနေရာကို အချိန်ယူပြီး လည်ဖို့ဆိုရင်တော့ အပေါ်က နေရာတွေမှာ အချိန်ညှိပြီး လည်ခဲ့မှ အဆင်ပြေမှာပဲ ဖြစ်ပါတယ်။)

အခုလို ခရိုင်ချင်းဆက်နေရာတွေကို တရက်တည်း အပြီးလည်နိုင်ဖို့ ကျွန်တော်တို့ ReadMe အဖွဲ့သားများက ဒီခရီးစဥ်လေးကို စီစဥ်ပေးလိုက်ပါတယ်။

🍀
🚗🚙🚐🚌🚎🛻🚚🚛 🍀
#ထိုင်းနိုင်ငံအတွင်း #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှု၊ #အခန်းပြောင်း-ပစ္စည်းသယ်ဝန်ဆောင်မှုများကို ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို
#အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်

🍀ကားဆရာနှင့်တကွ - အစီးလုံးငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (1-3 ယောက်စီး)
🚙 SUV (4-6 ယောက်စီး)
🚐 VIP Van (7-10 ယောက်စီး)
🚎 VIP Air-Con Bus (20-30-40 ယောက်စီး)
🚌 DJ Fan Bus (45 ယောက်စီး)
🚍 Double Decker Air-Con Bus (50 ယောက်စီး)

🍀 ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour-သီးသန့်နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour -ညအိပ်ညနေခရီးစဥ်များ
✅Hotel Reservation
✅Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။

⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန် Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

❤️
🍀


"ဘုရားငါးဆူ" (ချာချင်စောင်ကိုလည်း သွားပြီးပြီ၊​ ငါးမျက်နှာဘုရားအထိလည်း မသွားချင်ဘူးဆိုရင်)တောင်တန်းတွေကြားက ဖြူစင်သပ္ပါယ...
08/08/2026

"ဘုရားငါးဆူ"
(ချာချင်စောင်ကိုလည်း သွားပြီးပြီ၊​ ငါးမျက်နှာဘုရားအထိလည်း မသွားချင်ဘူးဆိုရင်)
တောင်တန်းတွေကြားက ဖြူစင်သပ္ပါယ်တဲ့ ချိုင်နတ်မြို့က ဗုဒ္ဓရုပ်ပွားတော် ၅ ဆူကို သွားရောက်ဖူးမျှော်လိုက်ပါ။

ထိုင်တော်မူဘုရားငါးဆူမှာ တဆူကို မုဒြာတမျိုးစီနဲ့ တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေဟာ Chai Nat ပြည်နယ်၊ Hankha ခရိုင်၊ Ban Chian ခွဲမြို့နယ်ရှိ Wat Kaikangwon(Wat Khao Saraphatdi Sri Charoen Tham) မှာ တည်ရှိပါတယ်။ ဘန်ကောက်မြို့ကနေ သွားမယ်ဆိုရင် နေ့ချင်းပြန်သွားလို့ ရနိုင်မယ် အကွာအေ၀းမှာ တည်ရှိပါတယ်။

စိမ်းစိုညို့မောင်းတဲ့ တောင်ထိပ်ပေါ်မှာ ခမ်းနားလှပသော ဖြူဖြူစင်စင် ဗုဒ္ဓရုပ်ပွားတော် ၅ ဆူကို တည်ထားတာဟာ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတောင်တန်းရှုခင်းတွေနဲ့ အလွန်အန်မတန် လိုက်ဖက်ပါတယ်။ (*ကနဦးအနေနဲ့ ဖစ်ချဘွန်ခရိုင်က ငါးမျက်နှာဘုရားပုံစံ ရှေ့နောက်အတွဲလိုက် တည်ထားဖို့ ပုံစံဆွဲခဲ့ပေမဲ့ လက်ရှိမှာတော့ ဘုရားငါးဆူကို တဆူချင်းစီခွဲပြီးတည်ထားခဲ့ပါတယ်။*) တိမ်တွေဖြစ်ထွန်းတဲ့အခါတိုင်းမှာ ရင်သပ်ရှုမောဖွယ်အလှနဲ့ Chai Nat ပြည်နယ်ရဲ့ စိတ်ဝင်စားဖွယ် နေရာတခုအဖြစ် တည်ရှိနေပါတယ်။​

Wat Khao Saraphatdi Sri Charoen Tham ဘုန်းတော်ကြီးကျောင်းဟာ အရင်က လူသူကင်းမဲ့ပြီး ပျက်စီးနေခဲ့တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်မွမ်းမံပြုပြင်ခဲ့ကြပါတယ်။​

ထိုင်းနိုင်ငံ အနုပညာဦးစီးဌာန (Fine Arts Department) ရဲ့ ရှေးဟောင်းသုတေသနဌာန က လေ့လာစစ်ဆေးရာမှာ ဒီဘုန်းကြီးကျောင်းဟာ လွန်ခဲ့သော နှစ်ပေါင်း ၁,၅၀၀ ကျော်ခန့် Lopburi ခေတ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် Khao Saraphatdi Sri Charoen Tham တောင်ထိပ် ပေါ်မှာ ဗုဒ္ဓရုပ်ပွားတော် ၅ ဆူတင်မကဘဲ ကျောက်သလင်းဂူပုံစံ ပြန်လည်တည်ဆောက်ထားတဲ့ဂူတခု လည်း ရှိပါတယ်။ ဂူအတွင်းမှာ ဘုရားရှင် ၄ ဆူရဲ့ ခြေတော်ရာတွေကို ထိန်းသိမ်းပူဇော်ထားပြီး၊ ဘေးပတ်ဝန်းကျင်မှာလည်း ဗုဒ္ဓရုပ်ပွားတော်များစွာကို ကိုးကွယ်ထားပါတယ်။​

Wat Kaikangwon ဘုန်းတော်ကြီးကျောင်းဟာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဧရိယာတခုအဖြစ်လည်း နာမည်ကြီးပါတယ်။ ဘုန်းကြီးကျောင်းမှာ တောရိုင်းတိရစ္ဆာန်များစွာကို သဘာဝအတိုင်း နေထိုင်ခွင့်ပြုထားပြီး သမင်များအပါအဝင် တောရိုင်းတိရစ္ဆာန် ထောင်ပေါင်းများစွာ နေထိုင်ကြတယ်လို့ သိရပါတယ်။ ဘယ်တောရိုင်းတိရစ္ဆာန်ကိုမဆို အမဲလိုက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။ ခရီးသွားများအနေဖြင့်လည်း တိရစ္ဆာန်များနှင့် အနီးကပ်တွေ့ဆုံကာ အစာကျွေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အားလပ်ရက်တွေမှာ မိသားစုနှင့်အတူ အေးအေးဆေးဆေး အပန်းဖြေခရီးထွက်လိုသူတွေအတွက် ဘုရားဖူးပြီး တောရိုင်းတိရစ္ဆာန်များကြည့်ရှုခြင်းကို တနေရာတည်းမှာ ပေါင်းစပ်ခံစားနိုင်တဲ့ ခရီးစဉ် တခုကို ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ ReadMe က အသင့်ရှိပါတယ်။​

🍀
🚗🚙🚐🚌🚎🛻🚚🚛 🍀
#ထိုင်းနိုင်ငံအတွင်း #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှု၊ #အခန်းပြောင်း-ပစ္စည်းသယ်ဝန်ဆောင်မှုများကို ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို
#အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်

🍀ကားဆရာနှင့်တကွ - အစီးလုံးငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (1-3 ယောက်စီး)
🚙 SUV (4-6 ယောက်စီး)
🚐 VIP Van (7-10 ယောက်စီး)
🚎 VIP Air-Con Bus (20-30-40 ယောက်စီး)
🚌 DJ Fan Bus (45 ယောက်စီး)
🚍 Double Decker Air-Con Bus (50 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး

✅Private Day Tour-သီးသန့်နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour -ညအိပ်ညနေခရီးစဥ်များ
✅Hotel Reservation
✅Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။

⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန်Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

❤️
🍀

Chai Nat News Team

၀ဋ်ကြွေးကြေဘုရားနဲ့ ချာချင်စောင်တနေ့တာခရီးစဥ် "လူကြီးမင်းတို့ စိတ်ကြိုက် သွားလိုတဲ့ရက်မှာ ပို့ဆောင်ပေးပါတယ်။"           ...
19/06/2026

၀ဋ်ကြွေးကြေဘုရားနဲ့ ချာချင်စောင်တနေ့တာခရီးစဥ်
"လူကြီးမင်းတို့ စိတ်ကြိုက် သွားလိုတဲ့ရက်မှာ ပို့ဆောင်ပေးပါတယ်။"

အားလပ်ရက်တွေမှာ ဘုရားဖူးဧည့်သည်တွေ ကြိတ်ကြိတ်တိုးလာရောက်ဖူးမျှော်ကြတဲ့ ချင်ချင်စောင်ခရိုင်မှာရှိတဲ့ ၀ဋ်ကြွေးကြေဘုရားခေါ် လာဘမုနိရုပ်ပွားတော်မြတ်ကြီးရှိရာကို ပို့ဆောင်ပေးမယ့် ခရီးစဥ်ဖြစ်ပါတယ်။

ချာချင်စောင်ခရိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ အရှေ့တောင်ဘက်ကို၂ နာရီ၀န်းကျင်လောက်ကားမောင်းရင် ရောက်နိုင်တဲ့နေရာဖြစ်ပါတယ်။ ခရိုင်အတွင်းမှာ ဖြတ်သန်းစီးဆင်းနေတဲ့ Bang Pakong မြစ်၀မ်းဒေသတလျှောက်မှာ အယုဒ္ဓယခေတ်ကတည်းက ယဥ်ကျေးမှု့တွေထွန်းကားတဲ့မြို့ဖြစ်ပြီး သမိုင်းကြောင်းအစဥ်အလာရှိခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများနဲ့ ခံတပ်များရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။​

ဒီမြို့လေးမှာ နေထိုင်သူလူဦးရေ (၂၀၂၄ ခုနှစ် စစ်တမ်းအရ) ၇၃၃,၁၃၁ ဦး နေထိုင်ကြပြီး စပါးခင်းတွေ၊ နံနတ်စိုက်ခင်းတွေ၊ အုန်းခြံတွေ နဲ့ ငှက်ပျောခြံတွေ ပြည့်နှပ်နေတဲ့ ခရိုင်တခုဖြစ်ပါတယ်။

ဘုရားဖူးခရီးစဥ်လေးဖြစ်တာနဲ့အညီ ဒီခရီးစဥ်မှာ ဘုရားဖူးခရီးသည်များသွားဖူးမျှော်နိုင်မယ့် ဘုရားကျောင်းများကတော့

၁။ ၀ဋ်ကြွေးကြေဘုရား
မြန်မာဘုရားဖူးခရီးသည်များအကြား ၀ဋ်ကြွေးကြေဘုရားလို့ နာမည်ကြီးတဲ့ လာဘမုနိရုပ်ပွားတော်မြတ်ကြီးရှိရာ Wat Mongkolthep ဘုန်းတော်ကြီးကျောင်း

၂။ ငွေကျောင်းတော်
ချာချင်စောင်မြို့မှာ တကျောင်းတည်းတည်ရှိပြီး အခုတလော ရေပန်းစားနေတဲ့ ငွေကျောင်းတော်

၃။ ရွှေကျောင်းတော်
အယုဒ္ဓယထီးနန်း ဒုတိယအကြိမ်ပျက်သုဥ်းပြီးနောက် ထွန်ဘူရီထီးနန်းကို တည်ထောင်သူ သက်ဆင်ဘုရင်မင်းမြတ်လက်ထက်မှာ တည်ထားခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီဖြစ်ကာ ရှေးမြန်မာစစ်တပ်ကို အောင်နိုင်ခြင်းအထိမ်းအမှတ်နဲ့ တည်ထားခဲ့တဲ့ ရွှေကျောင်းတော် Wat Pak Nam Jolo (วัดปากน้ำโจ้โล้)

၄။ ၀ပ် စမန်ရတ္တနာ့ရာမ်
ကြွက်ရုပ်တုရဲ့ နားရွက်နားကိုကပ်ပြီး လိုရာဆုတောင်းရင် ပြည့်တယ်လို့ ယူဆကြတဲ့ “၀ပ် စမန်ရတ္တနာ့ရာမ်”​Wat Saman Rattanaram ထိုင်းဘုန်းတော်ကြီးကျောင်း

၅။ မှန်တံတား
ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ တခုတည်းသော မှန်တံတားရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ ညနေဆည်းဆာအလှကို တ၀ကြီးခံစားဖို့ မျှော်စဥ်ကြီးလည်းရှိတဲ့ ၀ပ်ဟောင်ထောင် ဘုန်းတော်ကြီးကျောင်း

တို့ ဖြစ်ပါတယ်။​

ဒါ့အပြင် ခရီးသည်များစိတ်ကြိုက်ရွှေးချယ်ထားတဲ့ ခရီးများအတိုင်းလည်း စိတ်တိုင်းကျပို့ဆောင်ပေးဖို့ အသင့်ရှိပါတယ်။

ဒီခရီးစဥ်လေးဟာ လူတဦးတယောက်ချင်းစုပေါင်းပြီး သွားရောက်ပို့ဆောင်တဲ့ Joint Tour ခရီးစဥ်မဟုတ်ဘဲ မိမိတို့မှာ ရှိပြီးလူဦးရေအလိုက် ကားဆရာအပါ အစီးလုံးငှား သီးသန့်စီစဥ်ပို့ဆောင်ပေးတဲ့ခရီးစဥ်လေးဖြစ်ပါတယ်။​

🍀
🚗🚙🚐🚌🚎🛻🚚🚛 🍀
#ထိုင်းနိုင်ငံအတွင်း #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှု၊ #အခန်းပြောင်း-ပစ္စည်းသယ်ဝန်ဆောင်မှုများကို ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို
#အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်

🍀ကားဆရာနှင့်တကွ - အစီးလုံးငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (1-3 ယောက်စီး)
🚙 SUV (4-6 ယောက်စီး)
🚐 VIP Van (7-10 ယောက်စီး)
🚎 VIP Air-Con Bus (20-30-40 ယောက်စီး)
🚌 DJ Fan Bus (45 ယောက်စီး)
🚍 Double Decker Air-Con Bus (50 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour-သီးသန့်နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour -ညအိပ်ညနေခရီးစဥ်များ
✅Hotel Reservation
✅Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။

⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန်Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

❤️
🍀

 #ပင်လယ်ထဲကို😮ထိုးထွက်နေတဲ့  #ချာချင်စောင်က  #မှန်တံတား Sea Skywalk - Chachoengsao             🏝 ထိုင်းနိုင်ငံမှာရှိတဲ့ ...
15/06/2026

#ပင်လယ်ထဲကို😮ထိုးထွက်နေတဲ့ #ချာချင်စောင်က #မှန်တံတား

Sea Skywalk - Chachoengsao

🏝 ထိုင်းနိုင်ငံမှာရှိတဲ့ တခြားမှန်တံတားတွေနဲ့မတူဘဲ ပင်လယ်ထဲကို ထိုးထွက်ဆောက်လုပ်ထားတဲ့ မှန်တံတားဖြစ်လို့ Seawalk လို့ နာမည်ပေးထားပါတယ်။ ချာချင်စောင်ခရိုင် ၀ပ်ဟောင်ထောင် ဘုန်းတော်ကြီးကျောင်းမှာ တည်ရှိပါတယ်။ တံတားအစွန်းက ရင်ပြင်တော်မှာ ထိုင်တော်မူဘုရားဆင်းတုတော်တစ်ဆူ တည်ထားကိုးကွယ်ထားပါတယ်။

🌁 တံတားကို ပင်လယ်ထဲမှာ တည်ဆောက်ထားတယ်ဆိုပေမယ့် တံတားအောက်မှာ ရေရှိခြင်း မရှိခြင်းကတော့ ဒီရေအတက်အကျပေါ်မှာမူတည်ပါတယ် ခင်ဗျာ။ ဒါပေမယ့်လည်း ညနေခင်း နေ၀င်ဆည်းဆာအချိန်များမှာဆိုရင်တော့ မေ့ဖျောက်လို့ မရနိုင်တဲ့ နေ၀င်ဆည်းဆာရှုခင်းမျိုးကို ကြည့်ရှုခံစားရမှာကတော့ အမှန်ပဲဖြစ်ပါတယ်။

🏖 စမွတ်ပကန်နယ်အလွန် ချာချင်စောင်ခရိုင်ကိုဖြတ်သွားတဲ့ စူကူ၀စ်လမ်းမကြီးဘေး ပင်လယ်ကမ်းရိုးတမ်းမှာ ရှိတာမို့ တစ်နေ့တာ အနေနဲ့ တခြားနေရာတွေကို လည်ပတ်ချင်တယ်ဆိုရင်လည်း တစ်နေ့တာ ခရီးစဥ်အနေနဲ့ စီစဥ်ပေးနိုင်ရန်အတွက် ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်လို့ သတင်းကောင်းပါးပါရစေခင်ဗျာ...။

🍀
#မှန်တံတား ၀င်ကြေး -
လူကြီး တစ်ဦး - ၃၀ ဘတ်
ကလေး အခမဲ့

🍀
#မျှော်စဥ် ၀င်ကြေး -
လူကြီး တစ်ဦး - ၂၀ ဘတ်
ကလေး အခမဲ့

🍀
ဖွင့်ချိန်
မနက် ၀၆း၀၀ နာရီမှ ညနေ ၀၈း၀၀ နာရီအထိ

🍀
🚗🚙🚐🚌🚎🛻🚚🚛 🍀
#ထိုင်းနိုင်ငံအတွင်း #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှု၊ #အခန်းပြောင်း-ပစ္စည်းသယ်ဝန်ဆောင်မှုများကို ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို

#အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်
🍀ကားဆရာနှင့်တကွ - အစီးလုံးငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (2-3 ယောက်စီး)
🚙 SUV (5-6 ယောက်စီး)
🚐 VIP Van (10 ယောက်စီး)
🚎 VIP Air-Con Bus (20-30-40 ယောက်စီး)
🚌 DJ Fan Bus (45 ယောက်စီး)
🚍 Double Decker Air-Con Bus (50 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour-သီးသန့်နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour -ညအိပ်ညနေခရီးစဥ်များ
✅Hotel Reservation
✅Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။

⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန်Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

❤️
🍀


05/06/2026

Tata River Resort 🏡🏖️🛶💦🏊🏻

ဖစ်ဘူရီ၊ ကန်ကကျန်အမျိုးသားဥယျာဉ်ထဲက အပန်းဖြေရေကစားလို့ရတဲ့ resort ဖြစ်ပါတယ်။ မြစ်ချောင်းတလျောက်အလားတူ ရေကစားလို့ရတဲ့ resort တွေ အများကြီးရှိပါတယ်။

သူ့ဆီမှာ ညအိပ်ညနေ မတည်းဘဲလည်း ရေဝင်ကစားလို့ရတယ်။ Tata Reiver Resort မှာ ရေပဲဝင်ကစားမယ်ဆိုရင်

🎟️
လူကြီး - ၇၀ (သက်ကယ်အင်္ကျီအခမဲ့)
ကလေး - ၅၀ (သက်ကယ်အင်္ကျီအခမဲ့)
ခွေး - ၅၀ ☺️ (သက်ကယ်အင်္ကျီ မိမိဘာသာ ဝယ်လာပါရန်)
ရာဘာလှေစီးခ ၁ဦး ၁၂၀ (၁၀ ဦး အများဆုံးရ)

ရေချိုးခန်း၊ အိမ်သာ အစုံရှိတယ်၊ ဒရုန်းလည်းမောင်းလို့ရတယ်။ အထဲမှာရှိတဲ့ ကစားစရာအစုံ စိတ်ကြိုက်ကစားလို့ရတယ်။

🏡🛶🏖️🌿

ဇွန်လ ၁ ရက်နေ့ကစပြီး MRT နဲ့ MRT Plus ကဒ်ဟောင်းတွေ ပိတ်ပါတော့မယ်။              Bangkok Expressway and Metro Public Compa...
26/05/2026

ဇွန်လ ၁ ရက်နေ့ကစပြီး MRT နဲ့ MRT Plus ကဒ်ဟောင်းတွေ ပိတ်ပါတော့မယ်။

Bangkok Expressway and Metro Public Company Limited (BEM) မှ MRT Blue Line နှင့် Purple Line ကို စီးနှင်းကြတဲ့ ခရီးသည်များကို တနင်္လာနေ့ (၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့) ကစပြီး MRT လက်မှတ်ကတ်ဟောင်းများနဲ့ MRT Plus ကတ်များကို ခရီးသွားလာရာမှာ အသုံးပြုလို့ရတော့မဟုတ်ကြောင်း သတိပေးထားတယ်လို့ The Nation သတင်းမှာ ရေသားထားပါတယ်။

ဝန်ဆောင်မှုများကို EMV Contactless ငွေပေးချေမှုသို့ အပြည့်အဝ ရွှေ့ပြောင်းသွားမှာဖြစ်တဲ့အတွက် ခရီးသည်များအနေနဲ့ Visa သို့မဟုတ် Mastercard ခရက်ဒစ်နှင့် ကြိုတင်ငွေဖြည့်ကတ်များ၊ UnionPay ခရက်ဒစ်ကတ်များ၊ ဒက်ဘစ်ကတ်များနှင့် Mangmoom EMV ကတ်များကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကတ်အမျိုးအစားများကို BEM Bangkok Expressway and Metro Facebook စာမျက်နှာမှာ စစ်ဆေးနိုင်ပြီး ခရီးသည်များဟာ လက်ရှိအသုံးပြုနေတဲ့ လက်မှတ်ကတ်နှင့် ID ကတ်ကို MRT Blue Line သို့မဟုတ် Purple Line ဘူတာရုံတခုခုသို့ ယူဆောင်ပြီး ကတ်အသစ်အစားထိုးဖို့ အခမဲ့တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

တခြားသိရှိလိုတာများရှိရင် သတင်းအချက်အလက်စင်တာ( ဖုန်း-0-2624-5200 ) သို့ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။



ထိုင်းနိုင်ငံကို ရှေ့နောက်တောင်မြောက် တိုးယိုဖောက်ထားတဲ့ ဟိုက်ဝေးလမ်းမကြီးများ 🛣️             ထိုင်းနိုင်ငံမှာရှိတဲ့ မော...
25/05/2026

ထိုင်းနိုင်ငံကို ရှေ့နောက်တောင်မြောက် တိုးယိုဖောက်ထားတဲ့ ဟိုက်ဝေးလမ်းမကြီးများ 🛣️

ထိုင်းနိုင်ငံမှာရှိတဲ့ မော်တော်ကားလမ်းကွန်ရက်ရဲ့ လက်ရှိ လည်ပတ်နေ၊ တည်ဆောက်ဆဲနဲ့ တည်ဆောက်မယ့် အမြန်လမ်းမကြီး ၆ ခုရှိတယ်လို့ သိရပါတယ်။​ စုစုပေါင်း ၆၃၇ ကီလိုမီတာ ရှည်လျားပါတယ်။

အနှစ် ၂၀ မော်တော်ကားလမ်းစီမံကိန်း (၂၀၁၇-၂၀၃၆) ရဲ့ တစိတ်တပိုင်းဖြစ်ပြီး စုစုပေါင်း ၅,၉၇၅ ကီလိုမီတာ ရှည်လျားတဲ့ အခြားလမ်းကြောင်း ၁၉ ခုအပါအ၀င် စုစုပေါင်း ၆,၆၁၂ ကီလိုမီတာ ရှည်လျားတဲ့ အမြန်လမ်းမကြီး ၂၁ ခုထိ ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လည်ပတ်နေ၊ တည်ဆောက်ဆဲနဲ့ ဆောက်လုပ်မယ့် လမ်းကြောင်း ၃ ခု (စုစုပေါင်း ၃၄၅ ကီလိုမီတာ)

🛣️ M7 :
ဘန်ကောက် - ဘန်ချန်း အမြန်လမ်းမ ၁၅၃ ကီလိုမီတာ (ဘန်ချန်း အပိုင်းရဲ့ ၁၅၀ ကီလိုမီတာကို ဖွင့်လှစ်ထားပြီး၊ U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ်လမ်းဆုံမှာ ၃ ကီလိုမီတာရှိတဲ့ အပိုင်းဟာ ဆောက်လုပ်ဆဲဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်ရပါတယ်။)

🛣️ M9 :
ကန်ချနာဖီဆက်လမ်း (ဘန်ကောက် အပြင်ဘက်စက်ဝိုင်းလမ်း အမှတ် ၂)၊ ၁၆၅ ကီလိုမီတာ (အရှေ့ဘက်နှင့် တောင်ဘက်အပိုင်း ၉၈ ကီလိုမီတာကို ဖွင့်လှစ်ထားပြီး ဒီနှစ်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပါတယ်)။ နောက်နှစ်မှာ အနောက်ဘက်ခြမ်း ၆၇ ကီလိုမီတာ ရှည်လျားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်ကစပြီး တဖြည်းဖြည်း ဖွင့်လှစ်သွားမှာပါ။)

🛣️ M81 :
Bang Yai - Kanchanaburi (Nam Phu Ron စစ်ဆေးရေးဂိတ်) အကွာအဝေး ၁၆၄ ကီလိုမီတာ။ (Bang Yai - Kanchanaburi အပိုင်းမှာ ၉၇ ကီလိုမီတာကို ဖွင့်လှစ်ထားပါတယ်။)

ဆောက်လုပ်ဆဲနဲ့ အပိုင်းတချို့ကို ဖွင့်လှစ်ထားတဲ့ လမ်းမကြီး ၂ ခု (စုစုပေါင်း ၂၂၁ ကီလိုမီတာ)

🛣️ M6 :
Bang Pa-in - Nong Khai အကွာအဝေး ၅၄၀ ကီလိုမီတာ။ (Bang Pa-in - Nakhon Ratchasima အပိုင်းမှာ ၁၉၆ ကီလိုမီတာ ရှည်လျားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွင့်လှစ်ထားပြီး ကျန်အပိုင်းကို ဒီနှစ်မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။)

🛣️ M82 :
Kanchanapisek လမ်း (အနောက်ဘက်ခြမ်း) - Pak Tho
အကွာအဝေး ၇၄ ကီလိုမီတာ။ (Kanchanapisek လမ်းအပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖွင့်လှစ်ထားပါတယ်) (အနောက်ဘက်ခြမ်း) - Ban Phaeo အကွာအဝေး ၂၅ ကီလိုမီတာ။ (ဒီနှစ်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။)

ဆောက်လုပ်ဆဲ- လမ်းကြောင်း ၁ ခု၊ ၂၂ ကီလိုမီတာ။

🛣️ M5 :
Utraphimuk Elevated Expressway - Bang Pa-in - Chiang Rai (Mae Sai/Chiang Khong နယ်စပ်ဖြတ်ကျော်), 853 km. (ယခုနှစ်အတွင်း ဖောက်လုပ်ခြင်း- ဥထရာဖိမုခ် အမြန်လမ်း-ဘန်ဖားအပိုင်း၊ ၂၂ ကီလိုမီတာ၊ ၂၀၂၈ ခုနှစ်တွင် ဖွင့်လှစ်မည်)

အနာဂတ်စီမံကိန်းများ
(လမ်းကြောင်း 15 ခု၊ 5,975 ကီလိုမီတာ)

1) M2 Tak - Mukdahan, 704 km.
2) M3 Surin - Bueng Kan, 465 km.
3) M4 Nakhon Sawan - Ubon Ratchathani, 610 km.
4) M8 Nakhon Pathom - Narathiwat (Suai Ngai Kolok နယ်စပ်ဖြတ်ကျော်) 1,103 km.
5) M51 Chiang Mai - Lampang (Chae Hom District), 53 km.
6) M52 Suphan Buri - Chai Nat, 42 km.
7) M53 Kanchanaphisek Road (Wing Wing) - Bang Pahan, 48 km.
8 M61 Chonburi (Laem Chabang Port) - Nakhon Ratchasima၊ 288 km.
9) M62 Kanchanaphisek Road (East Wing) - Saraburi, 78 km.
10) M71 Kanchanaphisek Road (East Wing) - Sa Kaeo (Aranyaprathet Border Crossing), 204 km.
11) M72 Chonburi - Trat၊ 216 km.
12) M83 Surat Thani - Phuket, 191 km.
13) M84 Songkhla - ထိုင်း/မလေးရှားနယ်စပ် (နယ်စပ်ဖြတ်ကျော်), 95 km.
14) M91 Bangkok Outer Ring Road (Third Wing), 254 km.
15) M92 Chonburi - Saraburi - Suphanburi - Nakhon Pathom, 312 km.

မှတ်ချက်။ ။
MR မြေပုံအစီအစဉ်တွင် ရှိပြီးသား လမ်းကြောင်းအချို့ မပါဝင်သောကြောင့် ပြသထားသော ကီလိုမီတာ (km) အရေအတွက်သည် အနည်းငယ် မှားယွင်းနိုင်ပါသည်။ ထို့အပြင် လမ်းကြောင်းများစွာသည် လက်ရှိတွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပြီး စစ်တမ်းကောက်ယူခြင်းနှင့် ဒီဇိုင်းလုပ်ငန်းများကိုလည်း စောင့်ဆိုင်းနေပါသည်။ (သတင်းအချက်အလက်နှင့် ပုံများအတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ အဝေးပြေးလမ်းဌာန၊ အဝေးပြေးလမ်းဌာနခွဲကို ကျေးဇူးတင်ရှိပါသည်။)



ที่อยู่

Bangkok
10150

เวลาทำการ

จันทร์ 08:00 - 23:00
อังคาร 08:00 - 23:00
พุธ 08:00 - 23:00
พฤหัสบดี 08:00 - 23:00
ศุกร์ 08:00 - 23:00
เสาร์ 20:00 - 23:00
อาทิตย์ 08:00 - 23:00

เบอร์โทรศัพท์

+66620080297

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ReadMeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ReadMe:

ทางลัด

แชร์

ประเภท