28/08/2026
❤️ အချစ်ဆိုတာ တစ်မျိုးတည်း မဟုတ်ပါဘူး…
“အချစ်” လို့ပြောလိုက်ရင်
🤴👸ချစ်သူနှစ်ယောက်ရဲ့ အချစ်ကိုပဲ အရင်ဆုံး တွေးမိတတ်ကြတယ်နော်။
ဒါပေမယ့်…တကယ်တော့ အချစ်ဆိုတာ
တို့များရဲ့ ဘဝတွေထဲမှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ 🌿
👱♀️ မိခင်ရဲ့အချစ် —
ကိုယ်မပြောဖြစ်တဲ့အရာတွေကိုတောင် နားလည်ပေးတတ်တဲ့အချစ်။
👨👧 ဖခင်ရဲ့အချစ် —
မိခင်နဲ့ မတူပေမယ့် ဘဝတစ်လျှောက်လုံး ကာကွယ်ပေးနေတဲ့အချစ်။
👨👩👧👦 မိသားစုရဲ့အချစ် —
ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်ကြာကြာ…
ပြန်လာချင်စရာကောင်းတဲ့ နေရာတစ်ခုကို ပေးထားတဲ့အချစ်။
💑 ချစ်သူနှစ်ယောက်ရဲ့အချစ် —
အတူတူရယ်မောခဲ့တဲ့အချိန်တွေ၊
အခက်အခဲတွေကို အတူကျော်ဖြတ်ခဲ့တဲ့ အမှတ်တရတွေရဲ့ အချစ်။
👭 သူငယ်ချင်းတွေရဲ့အချစ် —
နှစ်တွေကြာသွားလည်း ပြန်တွေ့တဲ့အခါ
မနေ့ကလိုပဲ စကားဆက်ပြောလို့ရတဲ့ အချစ်။
👵👴 အဘိုးအဘွားတွေရဲ့အချစ် —
နွေးထွေးမှုတွေနဲ့ ပြည့်နေပြီး
အမှတ်တရအဖြစ် တစ်သက်လုံးကျန်ခဲ့တတ်တဲ့အချစ်။
🐾 အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အချစ် —
ဘာမှမတောင်းဆိုဘဲ ကိုယ့်ဘေးမှာ ရှိနေပေးတဲ့ အချစ်။
🤍 ကိုယ့်ကိုယ်ကိုယ် ချစ် ဖို့ အချစ်—
အခြားသူတွေကို ချစ်ပေးသလို
ကိုယ့်ကိုယ်ကိုလည်း နားလည်ပေးဖို့ သင်ယူရတဲ့အချစ်။.....တချို့အချစ်တွေက
🕰️တို့များရဲ့ ဘဝတွေထဲမှာ ခဏလေးပဲ ရှိခဲ့ပေမယ့်…
တချို့အချစ်တွေကတော့
🕰️နှစ်တွေ၊ ဆယ်စုနှစ်တွေကြာတဲ့အထိ
နှလုံးသားထဲမှာ မပျောက်ကွယ်ဘဲ ကျန်နေတတ်ပါတယ်။ ❤️
🕰️အချိန်တွေ ဘယ်လောက်ပဲပြောင်းပြောင်း.....
ကိုယ့်ဘဝမှာ မမေ့နိုင်တဲ့ အချစ်တစ်ခုတော့ ရှိကြမှာပါ။
အဲ့ဒီအချစ်တွေ၊ အဲ့ဒီအမှတ်တရတွေ၊ အဲ့ဒီဘဝခရီးလမ်းလေးတွေကို
တစ်နေရာတည်းမှာ သိမ်းထားချင်လို့…
🌿 Loves' Journeys 🌿
အချစ်တိုင်းမှာ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။
အမှတ်တရတိုင်းမှာ ခရီးတစ်ခုရှိတယ်။ ❤️
ဒီနေရာလေးမှာ
အချစ်တွေအကြောင်း၊ အမှတ်တရတွေအကြောင်းနဲ့
နှလုံးသားထဲမှာ သိမ်းထားချင်တဲ့ ဇာတ်လမ်းလေးတွေကို
အတူတူမျှဝေကြမယ်နော်။ ✨
Welcome to Loves' Journeys ❤️
LOVES' JOURNEYS
28.08.26 - 17:00 p.m.
⚠️ COPY ပြန်တင်ခြင်း ခွင့်မပြုပါ။
✅ လွတ်လပ်စွာ SHARE နိုင်ပါသည်။