ZNP Online Ticketing and Car Rental Service

ZNP Online Ticketing and Car Rental Service Rolling with ZNP

Famous Ferry လမ်းကြောင်းလေးပါနော်မိုးတွင်းကာလသွားလာရေးလွယ်ကူစေရန်ရန်ကုန်မြို့တွင်းမှအောင်မင်္ဂလာကားကွင်းသို့ အခမဲ့ Ferry ဝ...
29/06/2019

Famous Ferry လမ်းကြောင်းလေးပါနော်

မိုးတွင်းကာလသွားလာရေးလွယ်ကူစေရန်ရန်ကုန်မြို့တွင်းမှအောင်မင်္ဂလာကားကွင်းသို့ အခမဲ့ Ferry ဝန်ဆောင်မှုလမ်းကြောင်များ
==========================================================

မိုးတွင်းကာလသွာလာရေးအဆင်ပြေချော့မွေ့စေရန် Famous Traveller Express မိသားစု မှ ကျေးဇူးရှင်ခရီးသွား မိဘပြည်သူများအတွက်အောင်မင်္ဂလာကားဂိတ်သို့. အခမဲ့ Ferry ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။ Ferry လမ်းကြောင်းများကို အလွယ်တကူ သိရှိနိုင်စေရန် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။

🔷▶️်းကြောင်း(၁)
ဗဟိုလမ်း(Famous Gate) ➡️ စမ်းချောင်းမီးသတ်ရှေ့ ➡️ရွှေသီဟ(ညောင်တုန်းလမ်း, စမ်းချောင်း)➡️ ဗဟိုလမ်း(လှည်းတန်းဂုံးတံတားရှေ့) ➡️ဗဟိုလမ်း(Famous Gate)➡️ ရွာမကျောင်းလမ်းကွေ့➡️ ဘုရားလမ်း➡️ မင်းဓမ္မ Famous ရုံးရှေ့➡️ စော်ဘွားကြီးကုန်း➡️ အောင်မင်္ဂလာကားကွင်း။

🔔👉ဗဟိုလမ်းမှ Ferry စထွက်ချိန် (၂:၃၀) နာရီမှာ👉🚌 Express ယာဉ်ထွက်ချိန် (၆) နာရီမှ ( ၇) နာရီ ခရီးသည်များစီးရန်အတွက်သာဖြစ်ပါသည်။ 👉👉ဗဟိုလမ်းမှ Ferry စထွက်ချိန် (၄:၃၀) နာရီမှာ👉🚌 Express ယာဉ်ထွက်ချိန် (၈) နာရီမှ (၁၀) နာရီ ခရီးသည်များစီးရန်အတွက်သာဖြစ်ပါသည်။
📲☎️ဗဟိုလမ်း(Famous Gate) Ph: 09-761693541, 09-761693521, 09-768215351

🔷▶️်းကြောင်း(၂)
အောင်ဆန်းကွင်း➡️ တာမွေအဝိုင်းထိပ်(ဦးချစ်မောင်လမ်း)➡️ Lucky Seven Teashop နား(ဦးချစ်မောင်လမ်း)➡️ ပတ်စပို့ရုံးရှေ့ ➡️ ချော်တွင်းကုန်မှတ်တိုင်နှင့်ကမ္ဘာအေးဘုရားမှတ်တိုင်ကြား ➡️ နဝဒေးရုပ်ရှင်ရုံရှေ့ ➡️ ၉မိုင်(A1-မှတ်တိုင်အနီး)➡ ၁၀မိုင်ကုန်း(Famous Gate) ➡️ အောင်မင်္ဂလာကားကွင်း။

🔷▶️်းကြောင်း(၃)
အောင်ဆန်းကွင်း➡️ ယုဇနပလာဇာ➡️ သီတာမှတ်တိုင်၊ KBZ Bank ရှေ့(ကျောက်မြောင်းဈေး)➡️ တာမွေဈေးဗလီ➡️ ကြက်ဘဲဈေး➡️ UAB Bank ရှေ့(ဇဝန)➡️ ငမိုးရိပ်(စံပြဈေး မှတ်တိုင်)➡️ တောင်ဥက္ကလာပ ဘုရားမှတ်တိုင်➡️ ဘေလီမီးပွိုင့်(တောင်ဥက္ကလာ)➡️ အောင်မင်္ဂလာကားကွင်း။

🔔👉အောင်ဆန်းကွင်းမှ Ferry စထွက်ချိန် (၃) နာရီမှာ👉🚌 Express ယာဉ်ထွက်ချိန် (၆) နာရီမှ (၇) နာရီ ခရီးသည်များစီးရန်အတွက်ဖြစ်ပါသည်။👉👉 အောင်ဆန်းကွင်းမှ Ferry စထွက်ချိန် (၅) နာရီမှာ 👉🚌Express ယာဉ်ထွက်ချိန် (၈) နာရီမှ (၁၀) နာရီ ခရီးသည်များစီးရန်အတွက်ဖြစ်ပါသည်။
📲☎️အောင်ဆန်းကွင်း(Famous Gate) Ph: 09-777915222, 09-777916222

Ferry Serviceနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အထက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

⚠ဖယ်ရီကြို/ပို့ လမ်းကြောင်းတစ်လျောက်တွင်ကားရပ်နားရန်အဆင်မပြေသောကြောင့်စောင့်ဆိုင်းပေးမည်မဟုတ်ပါ။
⚠အောင်မင်္ဂလာ Express ကားထွက်ချိန်မှီအရောက်သွားရမည်ဖြစ်သောကြောင့် ခရီးသည်များအနေဖြင့် မိမိတို့လိုက်ပါစီးနင်းမည့်မှတ်တိုင်တွင်ကြိုတင်စောင့်ဆိုင်းပေးရပါမည်။

မေတ္တာများစွာဖြင့်

 #သတင်းလေးရှယ်ပေးလိုက်ပါတယ်Famous Traveller Express အဆင့်မြင့်ယာဉ်လိုင်းမိသားစုနှင့် လက်တွဲလုပ်ဆောင်ရန် 👉ယာဉ်မောင်/ယာဉ်မ...
25/06/2019

#သတင်းလေးရှယ်ပေးလိုက်ပါတယ်

Famous Traveller Express အဆင့်မြင့်ယာဉ်လိုင်းမိသားစုနှင့် လက်တွဲလုပ်ဆောင်ရန် 👉ယာဉ်မောင်/ယာဉ်မယ်များ👈 လိုအပ်နေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🔷 #သတ်မှတ်အရည်အချင်းများ🔷

▶️ အခြေခံပညာ အထက်တန်းအောင် (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။(ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်)
▶️ ရုပ်ရည်အသင့်အတင့်ရှိသူ
▶️ အရပ် (၅) ပေနှင့်အထက်ရှိရမည်။
▶️ အသက် (၂၀ မှ ၂၅ )နှစ်အတွင်းရှိသူဖြစ်ရမည်
▶️အပျို/လူပျို (အိမ်ထောင်မရှိသူ)
▶️ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
▶️သင်ယူလိုစိတ်ရှိပြီး အသင်းအဖွဲ့ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
▶️ချမှတ်ထားသောစည်းမျည်းစည်းကမ်းများနှင့်အညီနေထိုင်နိုင်သူဖြစ်ရမည်။
▶️ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်

👉အထက်ပါရာထူးသို့လျှောက်ထားလိုသူများသည် CV Form တွင် လိုအပ်သော အထောက်အထား၊ တစ်ကိုယ်လုံးပေါ်ပုံ (၁)ပုံ၊ ဘယ်ဘေးစောင်း တစ်ကိုယ်လုံးပေါ်ပုံ (၁)ပုံ၊ ညာဘေးစောင်း တစ်ကိုယ်လုံးပေါ်ပုံ (၁) ၊ ရပ်ကွက်/ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင်/သန်းခေါင်စာရင်း (မိတ္တူ)၊ အလုပ်သမားမှတ်ပုံတင်တို့နှင့်တကွ Famous Traveller Express ရုံးချုပ် သို့ လာရောက် လျှောက်ထားနိုင်ပါသည်။ (တနလာင်္နေ့ မှ သောကြာနေ့ - ၉း၃၀ မှ ၁၆း၃၀ အတွင်းသာ လျှောက်ထားရန်။)

👉လိပ်စာ - No.A/3၊ ၂လွှာ၊ ရွှေကမ္ဘာအိမ်ယာ၊ ၄ -လမ်း၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်း: 09 790238775, 09788113322
Email: [email protected]

21/06/2019

H1N1 ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ၀က်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ၀က်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။လူလူချင်းသာ ကူးစက်ပါတယ်။

ရောဂါလက္ခဏာတွေက အများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးးက ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ လက္ခဏာ တွေက –

ချမ်းတုန်ခြင်း
ချောင်းဆိုးခြင်း
မောပန်းအားကုန်ခြင်း
ဝမ်းလျှောခြင်း
ဖျားခြင်း
ခေါင်းကိုက်ခြင်းနဲ့ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း
လည်ချောင်းနာခြင်း
နှာစေးနှာပိတ်ခြင်း
မူးဝေအော့အန်ခြင်းတို့ဖြစ်ပါတယ်။
ဘယ်လိုကူးစက်နိုင်သလဲ
ရောဂါရှိနေသူက ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပျံ့နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးက သက်မဲ့အရာဝတ္ထုတွေမှာ ဒါမှမဟုတ် လက်မှာ ကပ်ငြိရင် မိနစ်ပိုင်းလေးပဲ အသက်ရှင်နိုင်တယ်။ ဒါပေမယ့် ဆက်ပြန့်ပွားဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာဖြစ်နေတယ်။ ဥပမာ ကိုယ့်ရုံးခန်းထဲက တစ်ယောက်ယောက်နှာချေလိုက်တယ်၊ချောင်းဆိုးလိုက်တယ်ဆိုပါစို့။ စားပွဲ သို့မဟုတ် မျက်နှာပြင်တနေရာရာမှာ နှာရည် သို့မဟုတ် တံတွေးတွေစင်မယ်၊ ဒါကိုထိတွေ့မိရာက လွယ်လွယ်ကူးစက်နိုင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရာကနေလည်း ကိုယ့်လက်ကို ရောဂါပိုးရရှိနိုင်တယ်၊ ကိုယ့်မျက်လုံးပွတ်မိမယ်ဆိုရင် ပြီးပြီပဲ။ အကောင်းဆုံးက လက်ဆေးပါ။

ဒီတော့ ဘယ်လိုကာကွယ်လို့ရမလဲ
(၁) နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ။ နေမကောင်းဖြစ်တဲ့အခါ ၂၄ နာရီအတွင်းတော့ အိမ်မှာပဲနားနေပြီး တခြားသူကိုမကူးအောင် ဂရုစိုက်ပါ။

(၂) လက်မကြာခဏဆေးပါ။ ရောဂါပိုးတွေရန်က ကာကွယ်နိုင်ဖို့အလွယ်ဆုံးနည်းလမ်းပါ။ ဆပ်ပြာနဲ့ဆေးပါ ဒါမှမဟုတ်ရင် လက်သန့်ဆေးရည်သုံးပါ။ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။

(၃) နှာချေချောင်းဆိုးတာ ထိန်းပါ။ နှာချေချောင်းဆိုးတိုင်း အဝတ်နဲ့အုပ်ဆိုးတဲ့အကျင့်ကိုလုပ်ပါ။ နှာခေါင်းစည်းသုံးလည်းရပါတယ်။ လုံးဝလက်မအားရင် တံတောင်ဆစ်နဲ့ပဲဖြစ်ဖြစ် ကာပြီးဆိုးပါ။

(၄) သန့်ရှင်းမှုကို ဂရုစိုက်ပါ။ သုံးပြီးသားတစ်ရှူးတွေ သေချာစွန့်ပစ်ပါ။ လက်မသန့််ဘဲ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတွေကို မထိမိပါစေနဲ့(virus ပိုးက စားပွဲ၊တယ်လီဖုန်းစတဲ့ မျက်နှာပြင်တွေမှာ ကောင်းစွာ အသက်ရှင်နေနိုင်တာကြောင့်ဖြစ်ပါတယ်။)

(၅) လူများလွန်းတဲ့နေရာတွေ မလိုအပ်ဘဲမသွားပါနဲ့။ ကိုယ့်မှာကိုယ်ခံအားနည်းနေတဲ့အခါမျိုးဆို ကူးစက်ခံရလွယ်နိုင်ပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေ၊ ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေ၊ နာတာရှည်မကျန်းမာသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပန်းနာရင်ကျပ်၊နှလုံးတို့လို ရောဂါရှိသူတွေဟာ ဘယ်တုပ်ကွေးကိုမဆို ကူးစက်ခံရလွယ်တဲ့သူတွေဖြစ်လို့ ပိုသတိထားသင့်ပါတယ်။

(၆) အာဟာရပြည့်အောင်စားပါ။ ပြည့်ဝစွာအနားယူပါ။ ဒီလိုအာဟာရပြည့်အောင် စားသောက်ပြီး ကောင်းကောင်းအနားယူမှ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးကို ထိထိရောက်ရောက်တိုက်ထုတ်နိုင်ပါလိမ့်မယ်။

(၇) နေမကောင်းရင် နှာခေါင်းစည်း (mask) တွေတပ်ထားပါ။ ကိုယ့်ဆီကနေ သူများကိုမကူးစက်ဖို့အပြင် ကိုယ်အားနည်းနေတဲ့အချိန်မှာ တခြားရောဂါပိုးတွေထပ်မဝင်စေဖို့ နှာခေါင်းစည်းတပ်ထားတာအကောင်းဆုံးဖြစ်ပါတယ်။

H1N1 ဖြစ်တဲ့အခါ ကိုယ်ခံအားကောင်းတဲ့သူတွေ မှာ ကုသမှုခံယူပြီး သက်သာသွားသူတွေရှိပေမယ့် ပြင်းထန်ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ကုသတဲ့အခါ ဗိုင်းရပ်စ်ဆန့်ကျင်ဆေး oseltamivir (Tamiflu) and zanamivirကို အကြံပေးထောက်ခံထားပါတယ်။ ရောဂါပိုးက ဆေးယဉ်သွားနိုင်တဲ့ အတွက်ကြောင့် တုပ်ကွေးနောက်ဆက်တွဲတွေရနိုင်ခြေများသူတွေမှာပဲ သုံးလေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့လူအနေနဲ့တော့ ၀က်တုပ်ကွေးကူးခဲ့ရင်တော့ ခုခံအားနဲ့ပြန်တိုက်နိုင်မှာဖြစ်ပါတယ်။

Sourses From Hellosayawon

ချစ်ရပါသော ခရီးသွားမိတ်ဆွေများရှင့်မိမိ ၀ယ်ယူထားသော JJ ကားဂိတ်တွေရဲ့ ဖုန်းနံပတ်လေးတွေ အရေးပေါ် ဆက်လို့ ရအောင် ဖုန်းထဲ Sav...
12/06/2019

ချစ်ရပါသော ခရီးသွားမိတ်ဆွေများရှင့်

မိမိ ၀ယ်ယူထားသော JJ ကားဂိတ်တွေရဲ့ ဖုန်းနံပတ်လေးတွေ

အရေးပေါ် ဆက်လို့ ရအောင် ဖုန်းထဲ Save ထားကြပါဦးနော်....

ချစ်ရပါသော ခရီးသွားပြည်သူမိတ်ဆွေများရှင့်Famous Traveller Express ၏ ရန်ကုန်↔️မုံရွာ ခရီးစဉ် 🚎🎉🎊🎉(၃)လပြည့်အထိမ်းအမှတ်အဖြင...
12/06/2019

ချစ်ရပါသော ခရီးသွားပြည်သူမိတ်ဆွေများရှင့်

Famous Traveller Express ၏ ရန်ကုန်↔️မုံရွာ ခရီးစဉ် 🚎🎉🎊🎉(၃)လပြည့်အထိမ်းအမှတ်အဖြင့် VIP(2+1) Bus ကို ၆.၃.၂၀၁၉ ရက်နေ့မှစတင်၍ အောက်ပါအတိုင်း နေ့စဉ်ပြေးဆွဲမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ခရီးစဉ်..🚎🗓
🔶(၆.၃.၂၀၁၉မှနေ့စဉ်) ရန်ကုန် ↔️ မုံရွာ (🕘၂၁:၀၀ နာရီ)
🔶(၇.၃.၂၀၁၉မှနေ့စဉ်) မုံရွာ ↔️ ရန်ကုန် (🕢၁၉:၃၀ နာရီ)

ဆက်သွယ်ရန် ၀၉၂၅၃၈၃၄၁၁၄

ချစ်ရပါသော ခရီးသွား မိတ်ဆွေတို့ရေမိုးရာသီ Promotion တွေ ကို Elite ကနေ စတင် ကြော်ငြာလိုက်ပြီဆိုတော့ခရီးလဲ သွားရင်း လျှော့...
10/06/2019

ချစ်ရပါသော ခရီးသွား မိတ်ဆွေတို့ရေ

မိုးရာသီ Promotion တွေ ကို Elite ကနေ စတင် ကြော်ငြာလိုက်ပြီဆိုတော့

ခရီးလဲ သွားရင်း လျှော့ဈေးတွေလဲ ယူလိုက်ကြရအောင်နော်... 😎😎

09 253834114

ဘော်ဒါတို့ရေ သင်္ကြန်အတွက် စိတ်မပူကြနဲ့တော့နော်...
09/03/2019

ဘော်ဒါတို့ရေ သင်္ကြန်အတွက် စိတ်မပူကြနဲ့တော့နော်...

Famous Traveller Express ကိုအစဉ်အမြဲ အားပေးလျှက်ရှိသော Customer များကို မင်္ဂလာပါဟု Famous Traveller Express မိသားစုမှ နှုတ်ခွန်းဆက်သပါသည်။🙏🙏🙏
💦💦အတာသင်္ကြန်ပွဲတော်ရက်များဖြစ်သော 🗓၁၂.၄.၂၀၁၉ မှ ၁၇.၄.၂၀၁၉ ရက်နေ့အထိ Famous Traveller Express ယာဉ်လိုင်းပြေးဆွဲမှုကို ခေတ္တခဏရပ်နားသွားမည်ဖြစ်ပြီး၊ 🗓၁၈.၄.၂၀၁၉ (မြန်မာနှစ်ဆန်း နှစ်ရက်နေ့) တွင် ခရီးစဉ်အားလုံးကို ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲ ပေးမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ရန်ကုန်မှ နယ်မြို့များသို့ 🗓၂၀၁၉ ခုနှစ် ဧပြီလ ၉ရက်၊ ၁၀ရက် နှင့် ၁၁ရက်နေ့များတွင် လိုက်ပါစီးနင်းမည် ခရီးသည်များအနေဖြင့် ကားလက်မှတ်များကို ရန်ကုန် Famous Gate 🏠(အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း) တွင် အောက်ပါအစီအစဉ်အတိုင်းရောင်းချပေးမည်ဖြစ်ပါသည်။

🗓27.3.2019 - တောင်ကြီးခရီးစဉ် 🚎
🗓30.3.2019 - မန္တလေးခရီးစဉ် 🚎
🗓31.3.2019 - ပုဂံ၊ ရွှေဘို ခရီးစဉ် 🚎
🗓6.4.2019 - မုံရွာ၊ ပြည် ခရီးစဉ် 🚎
🗓7.4.2019 - မြင်းခြံ၊နေပြည်တော် ခရီးစဉ် 🚎

▶️💵လက်မှတ်ဈေးနှုန်းများကို မူလဈေးနှုန်းအတိုင်းသာ ရောင်းချ ပေးမည်ဖြစ်ပါသည်။ 💵◀️

🔕မှတ်ချက် - မှတ်ပုံတင်တစ်ခုလျှင် လက်မှတ်(၁)စောင်နှုန်းသာ ရောင်းချပေးမည်ဖြစ်ပါသည်။

#အောင်မင်္ဂလာ Famous ဂိတ် - ☎️📞09788006611~44

ခရီးသွား ပြည်သူ မိဘ အပေါင်းတို့ရှင့်Famous Traveller Express နဲ့ ခရီးသွားမယ်ဆိုရင် ဖယ်ရီဝန်ဆောင်မှုတွေ ရှိပါတယ်...ဖုန်းထဲ...
16/11/2018

ခရီးသွား ပြည်သူ မိဘ အပေါင်းတို့ရှင့်

Famous Traveller Express နဲ့ ခရီးသွားမယ်ဆိုရင် ဖယ်ရီဝန်ဆောင်မှုတွေ ရှိပါတယ်...

ဖုန်းထဲ သိမ်းထားကြဦးနော်...

တန်ဆောင်တိုင် ပွဲတော် အခါသမယ ရောက်တော့မယ်ဆိုတော့ တောင်ကြီး ကို သွားဖို့ အဆင်​သင့်​ ပဲလား... ချစ်ဆုံးတို့ရေ...ကားလက်မှတ်ေ...
02/11/2018

တန်ဆောင်တိုင် ပွဲတော် အခါသမယ ရောက်တော့မယ်ဆိုတော့ တောင်ကြီး ကို သွားဖို့ အဆင်​သင့်​ ပဲလား... ချစ်ဆုံးတို့ရေ...
ကားလက်မှတ်တော်တော်များများတော့ ကုန်နေပြီနော်... စောစော ဝယ်ထားမှ စိတ်ချရမယ်...

ချစ်လေးတို့ရေကိုယ့်ဘေးနားက ခရီးသည်က အဲ့လိုဆို ဘယ်လိုလုပ်ကြမလဲ... :Dချစ်တို့ရော အဲ့လိုပဲလား... Admin ကတော့ အဲ့လိုလေးပဲ......
26/06/2018

ချစ်လေးတို့ရေ

ကိုယ့်ဘေးနားက ခရီးသည်က အဲ့လိုဆို ဘယ်လိုလုပ်ကြမလဲ... :D
ချစ်တို့ရော အဲ့လိုပဲလား... Admin ကတော့ အဲ့လိုလေးပဲ... သယ်စရာ ပြုစရာတွေက အများသား မှတ်လား... 😛

မိုး​တွေဆက်​တိုက်​ရွာ​နေလို့ လက်​မှတ်​မဖြတ်​ခင်​ ကိုယ်​သွားမဲ့ လမ်း​ကြောင်း ​ရေ​ကျော်​ရမှာလား ​ရေကြီးမှာလား စုံစမ်းဖိ...
11/06/2018

မိုး​တွေဆက်​တိုက်​ရွာ​နေလို့ လက်​မှတ်​မဖြတ်​ခင်​ ကိုယ်​သွားမဲ့ လမ်း​ကြောင်း ​ရေ​ကျော်​ရမှာလား ​ရေကြီးမှာလား စုံစမ်းဖို့ မ​မေ့နဲ့အုံး​နော်​။

ရာသီဥတု​အေး​အေးမှာ ​နွေး​နွေး​ထွေး​ထွေး​နေ​စေချင်​ပါတယ်​။

အားလုံး ​ဘေးရန်​ကင်းကြပါ​စေ​နော်​။

ဖြစ်​ပါ​စေရှင်​။

ZNP Online Ticketing ချစ်လှစွာသော ခရီးသွားပြည်သူများရှင့်၂၂-၀၅-၂၀၁၈ နေ့မှစတင်၍ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား ယာဥ...
08/06/2018

ZNP Online Ticketing ချစ်လှစွာသော ခရီးသွားပြည်သူများရှင့်

၂၂-၀၅-၂၀၁၈ နေ့မှစတင်၍ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား ယာဉ်စီးခ ၇၃၀၀/-ကျပ် မှ ၇၂၀၀/-ကျပ် ဖြင့်ပြေးဆွဲပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်

၁၀-၀၅-၂၀၁၈ နေ့ ရန်ကုန်-မကွေး (Economy Class) ခရီးစဉ်သစ်အား စတင်ပြေးဆွဲမည် ဖြစ်ပါသည်။

ယာဉ်ထွက်ချိန်မှာ ရန်ကုန်မှ ည (၉း၃၀)၊ မကွေးမှ ည(၉း၀၀)

ကျေးဇူးတင်ပါတယ်ရှင့်

Address

Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

09253834114

Website

Alerts

Be the first to know and let us send you an email when ZNP Online Ticketing and Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZNP Online Ticketing and Car Rental Service:

Share