Hill Street Company limited - Yangon

Hill Street Company limited - Yangon We sell prime mover cars which are imported from all over the world and all brands of trucks are ava We are warmly welcome you from our company

We sell Prime-movers and trucks which are directly imported from all over the world.

29/01/2026

သားဖြစ်သူ မိုးသူရိန်က ဘောလုံးကန်တယ် နှလုံးဖော.က်တယ်ဆိုတာ မဟုတ်မှန်ပဲ တဖက်ခလေးက လိုက်ခဲ့ဆိုပြီး လာခေါ်ကာ အု.ပ်.စု.နဲ့ ချု.ပ်ပြီး htoe ခဲ့ခြင်းသာဖြစ်ကြောင်း ပြောလာတဲ့ thay ဆုံ:သူ ရွှေပြည်သာကျောင်းသားရဲ့ မိခင်
ရွှေပြည်သာ အထက ၁ ကျောင်းက Grade 7 ကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်မိုးသူရိန် ဟာ သူတို့ကျောင်းက သူ့ထက် တစ်တန်းကြီးတဲ့ Grade 8 ကျောင်းသား မောင်နိုင်ဝင်းခန့် htoe တာကို ခံ.ရပြီး ကျောင်းမှာပဲ လဲကျ thay ဆုံ: ခဲ့ရတာပါ.
ကျောင်းက တာဝန်ရှိသူတွေနဲ့ ဆရာမတွေကတော့ မောင်မိုးသူရိန် ဟာ ဘောလုံးကန်ရင်း နှလုံးဖော-က် thay ဆုံ: ရတာလို့ ပြောခဲ့ကြောင်း မိခင်ဖြစ်သူက ရှင်းပြပါတယ်.
မောင်မိုးသူရိန် ၁၅နှစ်ရဲ့ မိခင်က "ဆရာမတွေကကျ ဘောလုံးကန်ရင်းဖြစ်တယ်လို့ ပြောတာ. တ.စ်တော့ တင်လိုက်တဲ့ ခ.လေ:က သူတို့ သူငယ်ချင်း အချင်းချင်း ပို့တာ ငါတော့ ဒီဟာ ခို:ရို.-က်ထားတယ်ကွာဆိုပြီး ပို့လိုက်တာ. ပို့လိုက်တဲ့ ခ.လေ:ဆီကနေ တဆင့်ပို့ရင်းနဲ့ ပြ.န့်သွားတာ. အဲ့ပြ.န့်တဲ့ကိစ္စလည်း ကျွန်မတို့က အမှန်တော့မသိဘူး. ကျွန်မတို့ခ.လေ: ဘာဖြစ်ပြီး ဆုံ:မှန်းမသိလို့ ကျောင်းကို အတည်သွားပြုတာ. အဲ့ကျမှ ဆရာမတွေရဲ့ ပြောပြချက်အရ ဗီ.ဒီ.ယို.ဖို.င်တွေလည်း ပြန့်နေပြီ ဆရာမတို့ ပြောစကားအရဆိုရင် ဒါမဟုတ်ဘူးပေါ့ ဆိုပြီး သိတာ. ဘောလုံးကန်ရင်းဖြစ်တာလုံးဝမဟုတ်ဘူး. ခ.လေ:က ဘောလုံး လုံးဝမက.န်ဘူး. ထမင်းစားနေတုန်းကို သူတို့အဖွဲ့ထဲက တယောက်က ဟေ့ကော.င်လာဦးဆိုပြီး ခေါ်သွားတာ. ဒါဆရာမတွေရဲ့ ပြောစကားအရပေါ့."
"တကယ်တမ်းက အိမ်သာလမ်းကြားထဲကို ဘောလုံးကန်ဖို့ဆိုပြီး ခေါ်သွားတာ အဲ့ရောက်တော့မှ အု.ပ်စု.ဖွဲ့ပြီး လက်ကို ဒီလို နော.က်ပ.-စ်ခိုင်းထားပြီး လူတွေက စိနေအောင်ရပ်ထားတာ အဲ့ဗီ.ဒီ.ယို.ဖိုင်ထဲမှာ . မုန်စားဆင်းချိန်ဆိုတော့ ဘောလုံးကန်တဲ့အဖွဲ့က သပ်သပ်ရှိတယ် ဟိုဘက်မှာ. အခုသူတို့ပြောသလို ဘောလုံးကန်လို့ ဖြစ်တာဆိုရင် ဘောလုံးကန်တဲ့အဖွဲ့တွေခေါ်ပေးပါလို့ ပြောတော့ ဆရာမတွေက ခေါ်ပေးပါတယ်. ခေါ်ပေးတဲ့ခ.လေ:တွေကို တစ်ယောက်ချင်းစီမေးကြည့်တဲ့အခါကျတော့ မိုးသူရိန်က ဒီဘောလုံးကန်တဲ့အဖွဲ့ထဲမှာ လုံးဝမပါကြောင်း ၄ / ၅ ယောက်က အတည်ပြုပေးတယ်. ဘောလုံးကန်ရင်း ဖြစ်တာ လုံးဝမဟုတ်ကြောင်း ကျောင်းမှာ အတည်ပြုနိုင်ခဲ့တယ်."
"ဆရာမတွေက အစက ဘောလုံးကန်ရင်း နှလုံးဖော.-က်တယ်လို့ ပြောထားကြတော့လေ တခါ ဟိုဘက်က ဆေ:စ.စ်ချ.က်ရတော့လည်း နှလုံးဖော.-က်တာဆိုတာ မဟုတ်ဘူး. နှလုံးရော.ဂါ.လည်း မရှိဘူးလို့ သိရတယ်. ကျောင်းမှာလည်း ဘောလုံးကန်တာလည်း မဟုတ်ဘူးဆိုတာ ကျောင်းကနေပဲ သိလာရတယ်."
"ဘယ်လိုမှလည်း မဖြေနိုင်ပါဘူး. နေမကောင်းလို့ ဆေ:ကု.နေရင်း ဆုံ:သွားတာဆို ခံ.သာသေးတယ်. ပြီးတော့ ပ.-စ်ထားတဲ့ခ.လေ:လည်းမဟုတ်ဘူး. အမေရော အဖေရော ဂရုစိုက်ပေးနေတာ. တရပ်ကွက်လုံးက မိဘတွေလည်းသိတယ်. ရပ်ကွက်ထဲက မိဘတွေဆိုလည်း မ.ခံ.စာ:နိုင်ကြဘူး ဆေ:ရုံ.ကိုလည်း အကုန်လိုက်လာကြတာ. ခ.လေ:ကအေးလည်းအေးတယ် သူများလိုလည်း ရ.-န်ဖြစ်လို့လည်း ပြန်မပြောတတ်ဘူး. အဲဒါကြောင့် ကိုယ့်သားကို အနို.-င်ကျ-င့်မှာစိုးလို့ သူထွက်ဆော့နေရင်တောင် ထွက်ထွက်ကြည့်နေတာ. အနို-င်ကျ-င့်ကြမှာစိုးလို့. အဲဒီနေ့က ကိုယ်ရောက်သွားတော့ တက်စီပေါ်မှာတင်ထားတာ ခ.လေ:က ပျော့.ခွေ.ပြီး ခေါ်လို့လည်း မ.ရ.တော့ဘူး တကိုယ်လုံးကဖြူဆွ.တ်နေတာပဲ." အစရှိသဖြင့် မိခင်က သူသိသမျှကို ပြောပြခဲ့တာပါ.
ဖခင်ကလည်း "အဲဒါကို ဟိုတရက်ကကျတော့ ဘောလုံးကန်တော့တဲ့ ခ.လေ:က မူ:လဲ.သွားတယ်တဲ့. အဲဒါနဲ့ ဆရာမကျောင်းဆင်းတာ ဘယ်အချိန်လဲဆိုတော့ ကျောင်းဆင်းတာက ၁၁နာရီခွဲ ကျွန်တော့်ကိုခေါ်တော့ ၁၁နာရီ ၄၄မိနစ် ၁၄မိနစ်ပဲ ကွာတယ်. တွက်ကြည့်ရင် ဘောလုံးကန်တာ ၁၀မိနစ်တောင်မရှိဘူး. သားက တမနက်ခင်းလုံး ဘောလုံးကန်တောင် အဲလိုမဖြစ်ဘူး. အဲဒါကို ဆရာမအများကြီး အကုန်လုံးလိ.-န်တာ အဲ့ဆရာမတွေ" လို့ ဆိုပါတယ်.
လက်ရှိမှာ လ.က်သီ:နဲ့ htoeခဲ့တဲ့ ခ.လေ: တစ်ဦးကိုသာ ဖမ်:ဆီ:ထားပြီး ဝိုင်းဝန်းချု.ပ်နှော.င်ခဲ့သူတွေလို့ ယူဆရသူတွေကိုတော့ ဖော်.ထု.တ်လာခြင်း မရှိသေးဘူးလို့ သူတို့က ဆိုထားတာပါ.
htoe ကြိ.-တ်ရတဲ့ အကြောင်းရင်းအတိအကျကိုလည်း မသိရှိရသေးပဲ မောင်မိုးသူရိန် ရဲ့ သူငယ်ချင်းအချို့ အဆိုအရ htoe မလား လိုက်ခဲ့ဆိုပြီး ခေါ်သွားတာလို့ သိရပါတယ်.
မောင်မိုးသူရိန်ရဲ့ နာ.ရေ:ကို ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်.

25/01/2026

ကမ္ဘာ့ဈေးအကြီးဆုံး ကျောင်း

ကမ္ဘာပေါ်မှာ ကျောင်းလခ အကြီးဆုံးကျောင်း တနည်အားဖြင့် ကမ္ဘာ့ဈေးအကြီးဆုံးကျောင်းက ဘယ်ကျောင်းလဲလို့ မေးရင် အဖြေက တခုတည်း ရှိပါတယ်။

အဲဒါကတော့ ဆွစ်ဇာလန်နိုင်ငံက Institut Le Rosey ပါပဲ။

ဒီကျောင်းကို ၁၈၈၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး တော်ရုံချမ်းသာရုံ နဲ့ တက်ဖို့ မလွယ်ကူပါဘူး။

တကယ့် ဘုရင်မျိုးနွယ်တွေ၊ ကမ္ဘာ့ထိပ်သီး သူဌေးကြီးတွေရဲ့ သားသမီးတွေမှ တက်ရောက်နိုင်တဲ့ ကျောင်းမို့လို့ သူ့ကို School of Kings လို့တောင် ခေါ်ကြပါတယ်။

ဒီကျောင်းဟာ ကမ္ဘာပေါ်မှာ ကျောင်းဝင်း ၂ ခု ပိုင်ဆိုင်ပြီး ရာသီဥတုအလိုက် ရွှေ့ပြောင်းသင်ကြားတဲ့ တခုတည်းသော ကျောင်း ဖြစ်ပါတယ်။

စက်တင်ဘာလကနေ ဒီဇင်ဘာ၊ ပြီးတော့ ဧပြီလကနေ ဇွန်လအထိ ကျောင်းသားတွေက ဂျီနီဗာရေကန်ကြီး နံဘေးက ရဲတိုက်ကြီးမှာ နေရပါတယ်။

ကိုယ်ပိုင် ရွက်လှေအသင်း၊ မြင်းစီးကွင်း နဲ့ ပေါင်သန်း ၄၀ တန် ပြဇာတ်ရုံကြီးတွေ ပါရှိပါတယ်။ ဒီပြဇာတ်ရုံကြီးမှာ ကမ္ဘာကျော် သံစုံတီးဝိုင်းတွေ လာရောက်ဖျော်ဖြေလေ့ရှိပါတယ်။

ဇန်နဝါရီလ ရောက်ပြီဆိုရင်တော့ ကျောင်းသား၊ ဆရာ နဲ့ ဝန်ထမ်းအကုန်လုံး နှင်းလျှောစီးစခန်းရှိတဲ့ Gstaad မြို့ကို ပြောင်းရွှေ့ကြပါတယ်။

၁၉၁၆ ခုနှစ်ကတည်းက စခဲ့တဲ့ ရိုးရာပါ။ မနက်ပိုင်း စာသင်ပြီး ညနေပိုင်း (၄) ရက်ကို နှင်းလျှောစီး (Skiing) ထွက်ကြရပါတယ်။

ဒီကျောင်းထွက်တွေရဲ့ စာရင်းကို ကြည့်လိုက်ရင် ကမ္ဘာ့သမိုင်းကို ဖတ်နေရသလိုပါပဲ။

တော်ဝင်မျိုးနွယ်စုတွေအနေနဲ့ စပိန်ဘုရင် Juan Carlos I၊ မိုနာကိုဘုရင် Rainier III၊ ဘယ်လ်ဂျီယံဘုရင် Albert II နဲ့ အီရန် ရှားဘုရင်တို့ ဒီကျောင်းမှာ တက်ခဲ့ပါတယ်။

စီးပွားရေးဘက်က ကြည့်မယ်ဆိုရင်လည်း Rothschild နဲ့ Rockefeller လို ကမ္ဘာကျော် သူဌေးမျိုးရိုးတွေ၊ John Lennon နဲ့ Elizabeth Taylor တို့ရဲ့ သားသမီးတွေလည်း ပါဝင်ပါတယ်။

နိုင်ငံတနိုင်ငံတည်းက လွှမ်းမိုးသွားမှာ စိုးလို့ နိုင်ငံတခုကို ကျောင်းသားဦးရေရဲ့ ၁၀% ထက် ပိုမလက်ခံပါဘူး။ ဒါကြောင့် ကျောင်းသား ၄၅၀ ဟာ နိုင်ငံပေါင်းစုံက ဖြစ်နေတာပါ။

ကျောင်းလခ ကြီးမားသလို ပညာရေးစနစ်ကလည်း ကမ္ဘာ့အဆင့်မီပါတယ်။

ကျောင်းသားတွေဟာ နိုင်ငံတကာပညာရေးစနစ် သို့မဟုတ် ပြင်သစ်ပညာရေးစနစ် ဆိုတဲ့ လမ်းကြောင်းကြီး (၂) ခုထဲက ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။

အင်္ဂလိပ်နဲ့ ပြင်သစ်အပြင်၊ ကိုယ့်နိုင်ငံက မိခင်ဘာသာစကား (ဥပမာ - ဂျပန်၊ အာရပ်၊ စပိန်) ကို မမေ့ပျောက်အောင် ဘာသာစကား (၂၀) ကျော်ကို သီးသန့် သင်ကြားပေးပါတယ်။

ဒါ့အပြင် သိပ္ပံ၊ လူမှုရေးနဲ့ အနုပညာ ဘာသာရပ်တွေကိုလည်း အသေးစိတ် သင်ယူရပါတယ်။

ကျောင်းလခ ကြီးပေမယ့် ကျောင်းသားတွေကို အလိုလိုက်ထားတာ မဟုတ်ပါဘူး။ Intelligent Discipline (ဉာဏ်ပညာပါသော စည်းကမ်း) ကို ကျင့်သုံးပါတယ်။

ဆရာအချိုးအစားကို ကြည့်ရင်လည်း ကျောင်းသား (၃) ယောက်မှာ ဆရာ (၁) ယောက်နှုန်း ရှိပါတယ်။

ညစာစားပွဲမှာ ကျောင်းသားတွေက ဝတ်စုံပြည့် ဝတ်ဆင်ရပြီး သူဌေးသားသမီးတွေ နှိမ့်ချတတ်အောင် တလှည့်စီ စားပွဲထိုး ဝင်လုပ်ပေးရတဲ့ အလေ့အထ ရှိပါတယ်။

ဒီဘက်နှစ် စာရင်းတွေအရ ဒီကျောင်းမှာ ပညာသင်နှစ်အတွက် ကျောင်းလခနဲ့ နေထိုင်စရိတ် စုစုပေါင်းကတော့ ၁၅၉,၆၀၀ ဆွစ်ဖရန် (အမေရိကန်ဒေါ်လာ ၂သိန်းဝန်းကျင်) ကျသင့်ပါတယ်။

ဒါဟာ အခြေခံစရိတ်ပဲ ရှိပါသေးတယ်။ သီးသန့် ဂီတသင်တန်းတွေ၊ အထူးအားကစား သင်တန်းတွေ ထပ်တက်ရင် ဒီထက်မက ကုန်ကျမှာပါ။

ဒါတောင် ပိုက်ဆံရှိတိုင်း တက်ခွင့်မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လျှောက်ထားသူ (၃) ယောက်မှာ (၁) ယောက်နှုန်းလောက်ပဲ ရွေးချယ်လေ့ရှိလို့ ဖြစ်ပါတယ်။

Institut Le Rosey ဟာ စာသင်ကျောင်း သက်သက် ဆိုတာထက် ကမ္ဘာ့အနာဂတ် ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အချင်းချင်း ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်မှု တည်ဆောက်ပေးရာ နေရာတခု ဆိုရင် ပိုမှန်ပါလိမ့်မယ်။

Address

No. 84, 9th Floor, Upper Pan Soe Dan Street
Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 14:00

Telephone

+959421052072

Website

Alerts

Be the first to know and let us send you an email when Hill Street Company limited - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share