JY's Auto Repair Car Services & Body Paint Works

Call Directions Contact the business

JY's Auto Repair Car Services & Body Paint Works Car Services
(304)

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ✨အေးချမ်းသာယာလှတဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ ချစ်ရတဲ့ Customer များအားလုံး စိတ်...
25/10/2026

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ✨

အေးချမ်းသာယာလှတဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ ချစ်ရတဲ့ Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း JY’s Auto Repairမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🕯️✨

မင်္ဂလာရှိလှတဲ့ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်းမှာ မိဘဘိုးဘွား၊ ဆရာသမားများကို ပူဇော်ကန်တော့ရင်း ကုသိုလ်ကောင်းမှု ပြုလုပ်ကြမည့် မိတ်ဆွေများ၊မိသားစု၊ ချစ်ခင်ရသူများနှင့်အတူ ခရီးသွားလာကြမည့် မိတ်ဆွေများ အားလုံး လမ်းခရီးတစ်လျှောက် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်ချမ်းမြေ့ဖွယ်ရာ ခရီးစဉ်များ ဖြစ်ကြပါစေခင်ဗျာ။ 🚗💨💖

JY’s Auto ကို Facebook မှာပဲ တွေ့နေရတာလား? TikTok မှာလည်း ဆုံကြမယ်နော်! 😉🔧 ကားပြုပြင်ထိန်းသိမ်းမှု ဗဟုသုတတွေ 🎬 Workshop ...
14/10/2026

JY’s Auto ကို Facebook မှာပဲ တွေ့နေရတာလား? TikTok မှာလည်း ဆုံကြမယ်နော်! 😉

🔧 ကားပြုပြင်ထိန်းသိမ်းမှု ဗဟုသုတတွေ
🎬 Workshop ထဲက လက်တွေ့ပြုပြင်မှု ဗီဒီယိုတွေ
💡 ကားပိုင်ရှင်တိုင်း သိထားသင့်တဲ့ Tips & Tricks အကြံပြုချက်တွေ

အစရှိတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို နေ့စဉ် ကြည့်ရှုနိုင်ဖို့ JY’s Auto ရဲ့ TikTok Account လေးကို အခုပဲ Follow လုပ်ထားလိုက်ပါဦးနော်။ 📲👇

📲 Follow လုပ်ရန် နည်းလမ်းများ

👉 TikTok Search မှာ ကို ရှာပြီး Follow လုပ်နိုင်သလို၊

👉 ပုံထဲက QR Code လေးကို Scan ဖတ်ပြီးတော့လည်း ချက်ချင်း Follow လုပ်နိုင်ပါတယ်ဗျာ။

(စကားမစပ်... ကားမောင်းနေတုန်းတော့ ဖုန်းကြည့်ပြီး TikTok မဆော့နဲ့နော်... အားတဲ့အချိန်မှ TikTok မှာ ဆုံကြမယ်! )

Repair

သင့်ကားအတွက် လိုအပ်တဲ့အခါ JY’s Auto Repair ကို ဆက်သွယ်လိုက်ပါ! 📞💬ကားပြုပြင်ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ်၊ Spare Parts ပစ္စည်း...
12/10/2026

သင့်ကားအတွက် လိုအပ်တဲ့အခါ JY’s Auto Repair ကို ဆက်သွယ်လိုက်ပါ! 📞💬

ကားပြုပြင်ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ်၊ Spare Parts ပစ္စည်းရှိ/မရှိ စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ Service Booking ကြိုတင်တင်ချင်တာပဲဖြစ်ဖြစ်... မိမိအဆင်ပြေရာ Channel ကနေ အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ။ 💬👇

📞 Phone Hotline: 09 250 909 995, 09 448 829 999, 09 678887739 📱
💬 Facebook: JY’s Auto Repair Page ရဲ့ Messenger
🎵 TikTok: ရဲ့ Direct Message Box

🕘 Business Call Hours

တနင်္လာ မှ စနေနေ့: မနက် ၉:၃၀ မှ ညနေ ၅:၀၀ အထိ
တနင်္ဂနွေနေ့: မနက် ၁၀:၀၀ မှ ညနေ ၅:၀၀ အထိ

⚠️ ဆိုင်မလာခင် ကြိုတင်ဆက်သွယ်ပြီး လိုအပ်တဲ့ Service အတွက် စုံစမ်းနိုင်ပါတယ်ဗျာ။

📌 လိုတဲ့အချိန် အလွယ်တကူ ပြန်ရှာတွေ့နိုင်ဖို့ ဒီ Post လေးကို Save ထားလိုက်ပါဦးနော်!

🏢 JY’s Auto Repair 📍

Address: အမှတ် (၆၄)၊ တောင်ဥက္ကလာစက်မှုဇုန် (၄) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

🚘✨

09/10/2026

🚘သင့်ကားအတွက် အမှန်ကန်ဆုံးနဲ့ စိတ်အချရဆုံး ဝန်ဆောင်မှုများကို JY’s Auto Repair မှာ ရယူလိုက်ပါ!

ခေတ်မှီ စုံလင်သော အဆင်မြင့်စက်ပစ္စည်းများဖြင့် စစ်ဆေးပြီး ကားအမျိုးအစားအလိုက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများကို အတွေ့အကြုံရင့် ညာရှင်များ မှ အနီးကပ် ဂရုစိုက် ဆောင်ရွက်ပေးလျက် ရှိပါတယ်ဗျာ။ 👨‍🔧🔧

သင့်ကားအတွက် အကောင်းဆုံးနဲ့ အစိတ်ချရဆုံး ဝန်ဆောင်မှုအားလုံးကို တစ်နေရာထဲမှာ ရယူဖို့ အခုပဲ JY’s Auto Repair ကို ဆက်သွယ်လိုက်တော့နော်! 💬👇

🏢 JY’s Auto Repair

📞 Hotline: 09 250 909 995, 09 448 829 999, 09 678887739
📍 Address: အမှတ် (၆၄)၊ တောင်ဥက္ကလာစက်မှုဇုန် (၄) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

🌕 တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) 🙏တော်သလင်းလပြည့် အခါသမယမှာ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်...
25/09/2026

🌕 တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) 🙏

တော်သလင်းလပြည့် အခါသမယမှာ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🌸🕯️

မိသားစုများ၊ ချစ်ခင်ရသူများနှင့်အတူ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း လမ်းခရီးသွားလာရာမှာလည်း လုံခြုံဘေးကင်းစွာဖြင့် စိတ်ချမ်းမြေ့ဖွယ်ရာ ခရီးစဉ်များ ဖြစ်ပါစေကြောင်း JY’s Auto Repair မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။💖

🏢 JY’s Auto Repair

📞 Hotline: 09 250 909 995, 09 448 829 999
📍 Address: အမှတ် (၆၄)၊ တောင်ဥက္ကလာစက်မှုဇုန် (၄) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

🚘 ကား Body ထိခိုက်သွားလို့ စိတ်ပူနေလား?အာမခံကုမ္ပဏီများ၏ Official Partner ဖြစ်သော JY’s Paint & Body Repair Service ရှိပါ...
24/09/2026

🚘 ကား Body ထိခိုက်သွားလို့ စိတ်ပူနေလား?

အာမခံကုမ္ပဏီများ၏ Official Partner ဖြစ်သော JY’s Paint & Body Repair Service ရှိပါတယ်

အာမခံကုမ္ပဏီများရဲ့ တရားဝင်မိတ်ဖက် JY’s Auto ရဲ့ Paint & Car Body Service မှာ—

✅ ကား Body ချိုင့်ဝင်၊ ထိခိုက်ပျက်စီးမှုများ ပြုပြင်ခြင်း
✅ ဆေးသားပွန်းပဲ့မှု၊ ခြစ်ရာများ ပြုပြင်ခြင်း
✅ လိုအပ်သည့် Body အစိတ်အပိုင်းများ ဆေးပြန်မှုတ်ခြင်းတို့ကို ဆောင်ရွက်ပေးနေပါတယ်။ 🔧🎨

သင့်အာမခံကုမ္ပဏီနဲ့ ဆောင်ရွက်နိုင်မှု၊ ပြုပြင်မှုအတွက် လိုအပ်တဲ့အချက်အလက်တွေကို JY’s Auto သို့ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။ 💬

အာမခံအကျုံးဝင်မှုနှင့် ပြုပြင်ခွင့်ပြုချက်သည် သက်ဆိုင်ရာ Policy နှင့် အာမခံကုမ္ပဏီ၏ စည်းကမ်းချက်များအပေါ် မူတည်ပါသည်။

ဒီနေ့တော့ ကားလေးကို ခွင့်တစ်ရက်ပေးလိုက်ပါဦး! 🚗💤ဝပ်ရှော့က ကားမစီးဖို့ ပြောနေလို့ မအံ့ဩပါနဲ့… JY’s Auto Page အဟက်ခံထားရတာ ...
21/09/2026

ဒီနေ့တော့ ကားလေးကို ခွင့်တစ်ရက်ပေးလိုက်ပါဦး! 🚗💤

ဝပ်ရှော့က ကားမစီးဖို့ ပြောနေလို့ မအံ့ဩပါနဲ့… JY’s Auto Page အဟက်ခံထားရတာ မဟုတ်ပါဘူးနော်။ 🤭

စက်တင်ဘာ (၂၂) ရက်၊ World Car-Free Day မှာ နီးနီးနားနားသွားရင် လမ်းလျှောက်ကြမယ်။ အဆင်ပြေရင် စက်ဘီး ဒါမှမဟုတ် အများပြည်သူသုံးယာဉ်ကို ရွေးချယ်ပြီး လေထုညစ်ညမ်းမှု လျှော့ချဖို့ ပါဝင်ကြမယ်။ 🌿

ကားလေးကို ဂရုစိုက်သလို… ကားလေးမောင်းနေတဲ့ မြို့ကိုလည်း ဂရုစိုက်ကြရအောင်။ 💚

🛑 ဘရိတ်စစ်ဖို့... နောက်မကျပါစေနဲ့! 🚘ကားတစ်စီးအတွက် အရှိန်တင်နိုင်ဖို့ အရေးကြီးသလို၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ သက်သာစွာ...
20/09/2026

🛑 ဘရိတ်စစ်ဖို့... နောက်မကျပါစေနဲ့! 🚘

ကားတစ်စီးအတွက် အရှိန်တင်နိုင်ဖို့ အရေးကြီးသလို၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ သက်သာစွာ ရပ်တန့်နိုင်ဖို့ကလည်း မရှိမဖြစ် အရေးကြီးပါတယ်။

🛠️ လုံခြုံစိတ်ချရဖို့ ပုံမှန်စစ်ဆေးရမည့် (၅) ချက်

✅ Brake Pads — ဘရိတ်ပတ်တွေ ပါးလာတာ၊ မညီမညာ ပွန်းစားနေတာ ရှိ/မရှိ။
✅ Brake Drum — ဘရိတ်ဒရမ်မှာ ပွန်းစားမှု၊ အက်ကွဲမှုနဲ့ ပုံပျက်မှု ရှိ/မရှိ။
✅ Brake Fluid — ဘရိတ်ဆီပမာဏ နည်းနေတာ၊ ဆီယိုစိမ့်မှုရှိတာနဲ့ ဆီလဲလှယ်ဖို့ လို/မလို။
✅ Tyres — တာယာလေဖိအား (PSI)၊ တာယာပန်းအနက်နဲ့ အက်ကွဲ ပျက်စီးမှု ရှိ/မရှိ။
✅ Wheel Alignment — ဘီးထောင့်ချိန်ညှိမှု မှန်ကန်ခြင်း ရှိ/မရှိ။

⚠️ ပြဿနာကြီးကြီးမားမား ပေါ်လာမှ စစ်ဆေးတာထက် ကြိုတင်စစ်ဆေး ထိန်းသိမ်းထားတာက ပိုမိုစိတ်ချရပါတယ်။ သင်နဲ့ သင်ချစ်ရသူတွေရဲ့ လမ်းခရီး လုံခြုံရေးအတွက် JY’s Auto Repair မှာ အချိန်မီ လာရောက်စစ်ဆေးထားလိုက်တော့နော်။ 🔧

🏢 JY’s Auto Repair

📞 Hotline: 09 250 909 995, 09 448 829 999
📍 Address: အမှတ် (၆၄)၊ တောင်ဥက္ကလာစက်မှုဇုန် (၄) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

🚨 ဒီလက္ခဏာ (၃) ခု ပြလာပြီဆိုရင် Engine Oil လဲဖို့ လုံးဝ မမေ့ပါနဲ့! Engine Oil ဆိုတာ အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေက...
17/09/2026

🚨 ဒီလက္ခဏာ (၃) ခု ပြလာပြီဆိုရင် Engine Oil လဲဖို့ လုံးဝ မမေ့ပါနဲ့!

Engine Oil ဆိုတာ အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေကို ချောမွေ့စွာ လည်ပတ်နိုင်အောင် ကူညီပေးပြီး ပွတ်တိုက်မှုနဲ့ အပူချိန် မြင့်တက်မှုကို လျှော့ချပေးတဲ့ အဓိက အသက်သွေးကြောတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် သင့်ကားမှာ အောက်ပါလက္ခဏာတွေ စတင်တွေ့ရှိလာပြီဆိုရင် Engine Oil စစ်ဆေး/လဲလှယ်ဖို့ အချိန်ရောက်ပါပြီ။ 👇

၁။ Oil Change / Engine Light ပေါ်လာခြင်း

Dashboard ပေါ်မှာ Oil Change Reminder သို့မဟုတ် Oil Warning Light မီးလင်းလာပြီဆိုရင် လုံးဝ မပေါ့ဆသင့်ပါဘူး။ Engine Oil Level ၊ Oil Pressureနဲ့ လဲလှယ်ရမယ့် ကီလိုတိုင်စကေးတို့ကို ချက်ချင်း စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

၂။ Engine အသံ ပုံမှန်ထက် ဆူညံလာခြင်း

Engine Oil အရည်အသွေး ကျဆင်းလာတဲ့အခါ အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေကြား Lubrication မလုံလောက်တော့တာကြောင့် အင်ဂျင်အသံ ပိုကျယ်လာတာ၊ ကြမ်းလာတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

၃။ ကားမောင်းရတာ လေးပြီး Engine Performance ကျလာခြင်း

လီဗာနင်းလိုက်တဲ့အခါ Acceleration တုံ့ပြန်မှု နှေးကွေးသွားတာ၊ အင်ဂျင်လည်ပတ်မှု မချောမွေ့တော့တာမျိုးတွေကလည်း Engine Oil လဲလှယ်ရန် စစ်ဆေးသင့်တဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။

⚠️ ဒီလက္ခဏာတွေ ပေါ်လာမှပဲ Engine Oil လဲရမယ်လို့ မဆိုလိုပါဘူး။

ကားထုတ်လုပ်သူများ သတ်မှတ်ထားသည့် Mileage / Service Interval စကေးအတိုင်း ပုံမှန် စစ်ဆေးလဲလှယ်ပေးခြင်းကသာ အင်ဂျင်သက်တမ်းကို ရေရှည်ခိုင်ခံ့စေမည့် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

Engine Oil မှန်မှန်လဲပါ၊ သင့်ကားအင်ဂျင်ကို အကောင်းဆုံး ကာကွယ်ပါ။

🏢 JY’s Auto Repair
📞 Hotline: 09 250 909 995, 09 448 829 999
📍 Address: အမှတ် (၆၄)၊ တောင်ဥက္ကလာစက်မှုဇုန် (၄) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

🚨 သင့်ကားရဲ့ နောက်မီး လင်းရဲ့လားစစ်ကြည့်လိုက်ပါ! ရန်ကုန်မြို့တွင်း မောင်းနှင်နေကြတဲ့ ကိုယ်ပိုင်ကားတွေ၊ ရုံးသုံး/လုပ်ငန်း...
14/09/2026

🚨 သင့်ကားရဲ့ နောက်မီး လင်းရဲ့လားစစ်ကြည့်လိုက်ပါ!

ရန်ကုန်မြို့တွင်း မောင်းနှင်နေကြတဲ့ ကိုယ်ပိုင်ကားတွေ၊ ရုံးသုံး/လုပ်ငန်းသုံး ကား ၁၀ စီးမှာ ၈ စီးနီးပါး လောက်ဟာ အချက်ပြမီး (Signal) ဒါမှမဟုတ် ဘရိတ်မီးတွေ အလုပ်မလုပ်တာကို သတိထားမိကြရဲ့လား? 🤔

လမ်းပေါ်မှာ ကားမောင်းနေရင်း ကိုယ့်ရှေ့က ကားတွေကို သတိထားကြည့်ရင် သိနိုင်ပါတယ်။

ဘရိတ်နင်းလိုက်တဲ့အခါ မီးတစ်ဖက်ပဲ လင်းတာ၊ နှစ်ဖက်လုံး မလင်းတာ၊ အချက်ပြမီး ပျက်နေတာ စသဖြင့် တစ်ခုမဟုတ်တစ်ခု အမြဲလိုလို ပျက်စီးနေတတ်ကြပါတယ်။ ⚠️

ဒါကြောင့် ကိုယ်စီးနေတဲ့ ကားကို အိမ်က/အလုပ်က မထွက်ခင် အနားမှာရှိတဲ့သူတစ်ယောက်ကို အကူအညီတောင်းပြီး အခုပဲ ခဏလောက် စစ်ဆေးကြည့်လိုက်ရအောင်။ 💡👇

🛠 ကားမီးများ အလုပ်လုပ်/မလုပ် အလွယ်တကူ စစ်ဆေးနည်း

အကူအညီပေးမယ့်သူကို ကားရဲ့ ရှေ့/နောက် မှာ ရပ်ကြည့်ခိုင်းပြီး ကားပေါ်မှ အချက်ပြမီးများကို တစ်ခုချင်းစီ စမ်းသပ်ပြပေးပါ။

၁။ ကားရှေ့ပိုင်း စစ်ဆေးခြင်း 🚘

- ကားရှေ့မီးဖွင့်ကြည့်ခြင်း
- မီးကြီးထိုးခြင်း
- Signal Right/Left
- Emergency Signal (Right & Left)

၂။ ကားအနောက်ပိုင်း စစ်ဆေးခြင်း 🚗

- Brake မီး (ဘရိတ်နင်းကြည့်ခြင်း)
-Left / Right Signal အချက်ပြမီးများ
-Emergency Signal (အရေးပေါ် အချက်ပြမီး)
-Reverse Light (နောက်ဆုတ်မီး)

မီးအချက်ပြစနစ်တွေ မှန်ကန်စွာ အလုပ်လုပ်ခြင်းဟာ မိမိကိုယ်တိုင်နဲ့ လမ်းပေါ်မှာ မောင်းနှင်နေကြတဲ့ အခြားသော ကားများအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် အလွန်အရေးကြီးပါတယ်။ အချိန်လေး နည်းနည်းပေးပြီး ဒီနေ့ပဲ ကိုယ့်ကားလေးကို စစ်ဆေးလိုက်ရအောင်နော်။ 🌧🚗✨

🏢 JY’s Auto Repair

📞 Hotline: 09 250 909 995, 09 448 829 999 📱
📍 Address: အမှတ် (၆၄)၊ တောင်ဥက္ကလာစက်မှုဇုန် (၄) လမ်း၊ (၈) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

Address

No. 63, South Okkala Industrial Zone (4) Street, (8) Quarter, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959250909995

Website

Alerts

Be the first to know and let us send you an email when JY's Auto Repair Car Services & Body Paint Works posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JY's Auto Repair Car Services & Body Paint Works:

Shortcuts

Share

Nearby autos & automotive services