FAW Heavy Truck Myanmar

Directions Contact the business

FAW Heavy Truck Myanmar Product/Service

အမှတ်တရတွေနဲ့ ပြည့်နှက်ခဲ့တဲ့ TIMES CITY CAR EXPO မှာ  AUTOBOOM ရဲ့ FAW TIGER ကားတွေကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှု...
22/10/2026

အမှတ်တရတွေနဲ့ ပြည့်နှက်ခဲ့တဲ့ TIMES CITY CAR EXPO မှာ AUTOBOOM ရဲ့ FAW TIGER ကားတွေကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုခဲ့ကြတဲ့ Customer များ၊ ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်ပေးလာရောက် ဆွေးနွေးခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏

ယုံကြည်မှုကို တန်ဖိုးထားပြီး လုပ်ငန်းလိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် ကားများကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်ရှင်

အခုလို လာရောက်တွေ့ဆုံပြီး အားပေးခဲ့ကြတဲ့ မိတ်ဆွေ Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားရင်း TIMES CITY CAR EXPO မှာ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။ 🥰

16/10/2026

📣 AUTOBOOM ရောက်ရှိနေပါပြီနော်! 🚛❤️

ဒီနေ့ စတင်ကျင်းပတဲ့ TIMES CITY PRE-THADINKYUT CAR EXPO 2026 မှာ ကျွန်တော်တို့ AUTOBOOM Team လည်းရောက်ရှိနေပါပြီခင်ဗျ

ဒီနေ့ကစလို့ နောက်ထပ် ၂ ရက်တိုင်တိုင် ကျွန်တော်တို့ ရှိနေမှာဖြစ်လို့ Times City ရောက်ဖြစ်ရင် ဝင်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 🥰

လုပ်ငန်းရှင် မိတ်ဆွေတို့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ မော်ဒယ်သစ်တွေနဲ့အတူ AUTOBOOM  က အဆင်သင့်ဖြစ်နေပါပြီ! 🔥ဒီနှစ် Time...
09/10/2026

လုပ်ငန်းရှင် မိတ်ဆွေတို့အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ မော်ဒယ်သစ်တွေနဲ့အတူ AUTOBOOM က အဆင်သင့်ဖြစ်နေပါပြီ! 🔥

ဒီနှစ် Times City Pre-Thadinkyut Car Expo 2026 မှာ AUTOBOOM ကနေ ဘယ်လို စိတ်လှုပ်ရှားစရာ မော်ဒယ်သစ်တွေကို မိတ်ဆက်ပေးသွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါအုံးရှင်

ဒါ့အပြင် AUTOBOOM ကို လာရောက်လည်ပတ်မယ့် မိတ်ဆွေတို့အတွက်လည်း ကံစမ်းမဲအစီအစဉ်တွေနဲ့ အထူးလက်ဆောင်တွေကို စီစဉ်ပေးထားတာကြောင့် အခွင့်အရေးကောင်းတွေကို လက်မလွတ်တမ်း ရယူလိုက်ပါနော်! 🎁✨

လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတွေ ဖြစ်လာမယ့် မော်ဒယ်သစ်တွေကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ဖို့
Times City Car Expo ဆီ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်

🗓️ ရက်စွဲ - 16-18 October 2026
📍 နေရာ - Times City Complex, Yangon
📞 ဆက်သွယ်ရန် - 09-97 150 5557 ❤️

လေးစားအပ်ပါသော မိတ်ဆွေ Customer များခင်ဗျာAUTOBOOM COMPANY မှ Pre-Order ဖြင့် မှာယူထားကြသော FAW Truck 2026 Model များနှင...
01/10/2026

လေးစားအပ်ပါသော မိတ်ဆွေ Customer များခင်ဗျာ

AUTOBOOM COMPANY မှ Pre-Order ဖြင့် မှာယူထားကြသော FAW Truck 2026 Model များနှင့် ပတ်သက်၍ လက်ရှိအခြေအနေအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

လက်ရှိတွင် 10ft 12ft 14 ft Truck များနှင့် Dump Truck များကို စက်ရုံမှ တပ်ဆင်ပြီးစီးထားပြီးဖြစ်ပြီး၊ ကားများထုတ်ယူနိုင်ရန် လိုအပ်သော COA Form ရရှိရေးကို စောင့်ဆိုင်းလျက်ရှိပါသည်။

COA Form ရရှိသည်နှင့်တပြိုင်နက် ကားများကို အမြန်ဆုံး အပ်နှံပေးသွားမည်ဖြစ်ပါသည်။ထို့အပြင် မိတ်ဆွေ Customer များ Pre-Order တင်ထားစဉ်က သတ်မှတ်ထားသော မူလဈေးနှုန်းအတိုင်းသာ အပ်နှံပေးမည်ဖြစ်ပြီး၊ အပိုဆောင်းကုန်ကျစရိတ် တစ်စုံတစ်ရာ ထပ်မံကောက်ခံမည်မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ယခုကဲ့သို့ မျှော်လင့်ထားသည်ထက် အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းပေးရခြင်းများအတွက် Customer များအနေဖြင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါက AUTOBOOM COMPANY အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်ခင်ဗျာ။

အဆိုပါ ကြန့်ကြာမှုများအပေါ် နားလည်ပေးပြီး ယုံယုံကြည်ကြည် စောင့်ဆိုင်းပေးကြသည့် မိတ်ဆွေ Customer များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။🙏🏻🙏🏻🙏🏻

🚚 FAW TIGER 14ft (VH Series) — Class မြင့် စွမ်းဆောင်ရည်FAW TIGER ရဲ့ 10ft နဲ့ 12ft အမျိုးအစားတွေဟာ မြို့တွင်း/မြို့ပြင်...
17/09/2026

🚚 FAW TIGER 14ft (VH Series) — Class မြင့် စွမ်းဆောင်ရည်

FAW TIGER ရဲ့ 10ft နဲ့ 12ft အမျိုးအစားတွေဟာ မြို့တွင်း/မြို့ပြင် ကုန်စည်ပို့ဆောင်ရေးမှာ စွယ်စုံရပြီး လူကြိုက်များတဲ့ အကြမ်းခံ ကုန်ကားများ ဖြစ်ကြပါတယ်။

ခရီးဝေး၊ လမ်းကြမ်းနဲ့ ကုန်အလေးချိန် ပိုမို တင်ဆောင်လိုတဲ့ လုပ်ငန်းကြီးများအတွက်ကတော့ အင်ဂျင်၊ အောက်ပိုင်းနဲ့ ဘရိတ်စနစ်များ အဆင့်မြင့် ထုတ်လုပ်ထားတဲ့ FAW TIGER 14ft (VH Series) ကို ရွေးချယ် ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

🔹 4214 cc YUCHAI Engine + 6-Speed Gearbox
103 kW Power နဲ့ 380 N.m Torque ထွက်ရှိပြီး ကုန်အပြည့်တင်ထားချိန် ခရီးဝေးလမ်းကြောင်း နဲ့ တောင်တက်လမ်းတွေမှာ လွယ်ကူစွာ မောင်းနှင်နိုင်ပါတယ်။

🔹 5 Ton+ Payload Capacity
Heavy-Duty Frame တည်ဆောက်ပုံကြောင့် 5080 kg အထိ ကုန်တင်ဆောင်နိုင်ပါတယ်။

🔹 6-Ton Rear Axle & Heavy Duty တာယာ ဝိတ်ပိုမို ထိန်းနိုင်ရန်အတွက် အနောက် ကရောင်းကို Qingte 6-Ton Axle နဲ့ ဒေါက်တိုင်ကိုလည်း Front 3 / Rear 10+4 အထိတိုးမြှင့်ထားပါတယ်။ တာယာကိုလည်း Heavy Duty သုံး 7.50R16 14PR သုံးပေးထားတာကြောင့် လမ်းကြမ်း၊ ကုန်အလေးချိန်များတာတွေအတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

🔹 Full Air Brake System
Air Brake, Air-Cut Parking Brake နဲ့ Exhaust Brake ပါဝင်တာကြောင့် Load အပြည့်တင်ပြီး မောင်းနှင်ရာမှာ Brake Control ပိုကောင်းစေပါတယ်။

🔹 120L Aluminium Alloy Fuel Tank
ခရီးဝေး သွားလာရမှုတွေအတွက် ဆီတိုင်ကီကို ပုံမှန်ထက် ပိုမိုကြီးမားပြီး ပေါ့ပါးခိုင်ခံ့တဲ့ 120L Aluminium Alloy Fuel Tank အဖြစ် တပ်ဆင်ပေးထားပါတယ်။

💡 ဒါကြောင့် ကုန်အလေးချိန် ၅ တန်ကျော်အထိ စိတ်ချလက်ချတင်ချင်တယ်၊ ခရီးဝေးနဲ့ လမ်းကြမ်းမရွေး စိတ်ချလက်ချ မောင်းနှင်ချင်တယ် ဆိုရင်တော့ အင်ဂျင်ရုန်းအား၊ အောက်ပိုင်း တောင့်တင်းမှုနဲ့ ဘရိတ်စနစ်ပါ ရာခိုင်နှုန်းပြည့် စိတ်အေးရတဲ့ FAW TIGER 14ft (VH Series) ကိုပဲ လက်မနှေးဘဲ ဦးစားပေး ရွေးချယ်သင့်ပါတယ်ရှင်!

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက FAW Heavy Truck Myanmar page Messenger မှ ဖြစ်စေ၊ ☎️ Hotline Number : 09 97 150 5557 သို့ ဖြစ်စေ တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် 🍀❤️

12/09/2026

Congratulations & Thank You! 🎉

Faw Tiger ကို Pre-orderဖြင့် ယုံကြည်စိတ်ချစွာ မှာယူအားပေးခဲ့တဲ့ အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။

ကားသစ်ကြီးနှင့်အတူ လုပ်ငန်းစီးပွားများ ဒီရေအလား တိုးတက်အောင်မြင်ပြီး၊ ခရီးစဉ်တိုင်း ဘေးအန္တရာယ်ကင်းရှင်း၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ကျွန်မတို့ Auto Boom မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင် ။ 🍀🚛✨

🚛 အလုပ်ကြမ်းတိုင်းအတွက် အားကိုးရတဲ့ FAW DumperDump Truck ဆိုတာ နေ့တိုင်း သဲ၊ ကျောက်၊ မြေတွေ တင်ပြီး အလုပ်လုပ်ရမယ့်ကားဖြစ...
10/09/2026

🚛 အလုပ်ကြမ်းတိုင်းအတွက် အားကိုးရတဲ့ FAW Dumper

Dump Truck ဆိုတာ နေ့တိုင်း သဲ၊ ကျောက်၊ မြေတွေ တင်ပြီး အလုပ်လုပ်ရမယ့်ကားဖြစ်တာကြောင့် ဝယ်ယူတဲ့အခါ ကားရဲ့ Horsepower တစ်ခုတည်းကို ကြည့်ပြီး ရွေးလို့မရပါဘူး။
ဝန်ပို ခံနိုင်ရည်ရှိဖို့၊ Engine ဆွဲအား ကောင်းမွန်ဖို့အပြင် Chassis, Suspension နဲ့ Braking System တွေ ကြံ့ခိုင်ဖို့လည်း အရေးကြီးပါတယ်။ 💪

အဲဒီလို လုပ်ငန်းခွင်သုံးအတွက် လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ FAW 140HP Dumper မှာ
🔥 140HP YUCHAI Engine
💪 420 N·m Max Torque
📦 9.57 Ton Load Capacity
⚙️ 8-Speed Manual Transmission
🛠️ Front 10 + Rear 10+9 Leaf Spring
🔩 Casting Rear Axle
🛑 Air Brake + Exhaust Brake တို့ ပါဝင်ပါတယ်။

အထူးသဖြင့် 9,570 kg အထိ တင်ဆောင်နိုင်တာကြောင့် သဲ၊ ကျောက်၊ မြေ စတဲ့ Material တွေကို သယ်ယူရတဲ့ လုပ်ငန်းခွင်တွေမှာ ခေါက်ရေနည်းနိုင်သမျှနည်းအောင် အကျိုးရှိရှိ သယ်ယူနိုင်မှာဖြစ်ပါတယ်။ 🚚💨

အလုပ်ကြမ်းခံနိုင်မှု + Engine ဆွဲအား + Load Capacity လုပ်ငန်းခွင်အတွက် လိုအပ်တဲ့အချက်တွေကို တစ်စီးတည်းမှာ ရှာဖွေနေတယ်ဆိုရင် FAW Dumper ကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုပါရစေရှင်။ 💯

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက FAW Heavy Truck Myanmar page Messenger မှဆက်သွယ်မေးမြန်းနိုင်ပြီး၊ ☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟗𝟕 𝟏𝟓𝟎 𝟓𝟓𝟓𝟕 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် 🍀❤️

Pre orderဖြင့် ယုံကြည်စိတ်ချစွာနဲ့ ကျွန်မတို့ Auto Boomကို ရွေးချယ်ဝယ်ယူအားပေးခဲ့တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်ရှင့...
08/09/2026

Pre orderဖြင့် ယုံကြည်စိတ်ချစွာနဲ့ ကျွန်မတို့ Auto Boomကို ရွေးချယ်ဝယ်ယူအားပေးခဲ့တဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်ရှင့်

🚛Truck အသစ်လေးနဲ့ အတူ လုပ်ငန်းအကျိုးအမြတ်များ ပိုမိုကောင်းမွန်လာပြီး ခရီးစဉ်တိုင်းအန္တရာယ်ကင်းရှင်းကာ စီးပွားရေးခရီးလမ်းတစ်လျှောက် အောင်မြင်မှုများနှင့် ပြည့်စုံပါစေကြောင်း ကျွန်မတို့ Auto Boomမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🍀❤️

28/08/2026

ကဲ... ဒီနေ့မှာလည်း pre orderနဲ့ မှာယူထားခဲ့တဲ့ Faw Truckတွေကို customerရဲ့ လက်ထဲအရောက် အပ်နှံ‌ ပေးခဲ့ပုံလေးပဲ ဖြစ်ပါတယ်ရှင်

ယုံကြည်မှုအပြည့်နဲ့ ဝယ်ယူအားပေးခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

ကားအသစ်လေးတွေနဲ့အတူ လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးပွားပြီး စီးပွားလာဘ်လာဘများ တိုးပွားပါစေကြောင်း ကျွန်မတို့ FAW Heavy Truck Myanmar မိသားစုမှ ဆု‌မွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်🍀❤️



Fuel သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ကားတစ်စီးရွေးတဲ့အခါ Capacity တစ်ခုတည်းကြည့်လို့ မရပါဘူး။တစ်ခေါက်သယ်နိုင်တဲ့ ပမာဏ၊ Ta...
26/08/2026

Fuel သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ကားတစ်စီးရွေးတဲ့အခါ Capacity တစ်ခုတည်းကြည့်လို့ မရပါဘူး။
တစ်ခေါက်သယ်နိုင်တဲ့ ပမာဏ၊ Tanker ရဲ့ ကိုယ်ထည်အလေးချိန်၊ ရေရှည်အသုံးပြုနိုင်မှု နဲ့ ကိုယ့်လုပ်ငန်းမှာ တကယ်အသုံးချနိုင်မယ့် Payload ဒီအချက်တွေကို သေချာ စဉ်းစားရပါမယ်

တစ်ခေါက်သယ်နိုင်တဲ့ပမာဏ နည်းရင် လိုအပ်တဲ့ကုန်ပမာဏ ရောက်ဖို့အတွက် အကြိမ်ရေပိုသယ်ရနိုင်ပါတယ်။ အဲ့လိုအခါမျိုးမှာ ဆီဖိုး၊ Driver စရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်နဲ့ အချိန် တွေကလည်း တစ်ခုပြီးတစ်ခု လိုက်တက်လာနိုင်ပါတယ်။

ဒီအချက်တွေကို ထည့်တွက်ပြီး ကြည့်မယ်ဆိုရင် CIMC (LAG) Aluminium Fuel Tanker က Fuel သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တွေအနေနဲ့ စဉ်းစားကြည့်သင့်တဲ့ Option တစ်ခုပါ။

50,000 Liters အထိ ဆံ့ပြီး 5 Room / 5 Valves ပါဝင်တာကြောင့် လိုအပ်ချက်အလိုက် Fuel အမျိုးအစားတွေကို ခွဲခြားသယ်ယူနိုင်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ Aluminium Tank ဖြစ်တာပါ။
Tank ကိုယ်ထည်အလေးချိန် 7.5 Ton ခန့်သာရှိတာကြောင့် Tanker ရဲ့ ကိုယ်ထည်အလေးချိန်ကို ပေါ့ပါးစေပြီး ရရှိထားတဲ့ Weight Capacity ကို ကုန်တင်ဖို့အတွက် ပိုမိုထိရောက်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် All Air Suspension စနစ်အသုံးပြုထားတာကလည်း ဒီ Tanker ရဲ့ အားသာချက်တစ်ခုပါ။
လမ်းမညီညာမှု၊ ချိုင့်ခွက်တွေကို ဖြတ်သန်းသွားလာတဲ့အခါ Air Suspension က Shock ကို ပိုမိုထိန်းညှိပေးနိုင်တာကြောင့် Chassis Frame နဲ့ Tanker Body ပေါ်ကို ရုတ်တရက်ထိခိုက်တဲ့ Load ကို လျော့ချပေး နိုင်ပါတယ်။

ဒါကြောင့် လမ်းပေါ်က ချိုင့်ခွက်တွေကြောင့် Frame နဲ့ Tanker Body ပေါ်မှာ Stress များပြားပြီး အလုံးပိန်ခြင်း၊ ကိုယ်ထည်ပုံပျက်ခြင်းနဲ့ ဆက်ရာ/အဆက်နေရာတွေမှာ ပြတ်တောက်ခြင်း ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် Fuel Tanker လိုမျိုး နေ့စဉ် ခရီးအကွာအဝေးများစွာ သွားလာရတဲ့ လုပ်ငန်းတွေအတွက် ပိုမိုတည်ငြိမ်ပြီး ရေရှည်အသုံးပြုနိုင်ဖို့ အထောက်အကူပြုတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ In Stock ရှိပြီးသား ဖြစ်တာကြောင့် အချိန်ကြာကြာ စောင့်ဆိုင်းစရာမလိုဘဲ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီရင် အမြန်ဆုံး စတင်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။

အသေးစိတ်ကို FAW Heavy Truck Myanmar page Messenger မှဆက်သွယ်မေးမြန်းနိုင်ပြီး၊ ☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗 𝟗𝟕 𝟏𝟓𝟎 𝟓𝟓𝟓𝟕 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

Address

No. (17). Ayarwaddy Road, Thit Seik Kone Ward, Thingangyun Gyi, Mingalardon Township
Yangon
11021

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 17:00
Friday 08:00 - 16:30
Saturday 08:00 - 16:30

Website

Alerts

Be the first to know and let us send you an email when FAW Heavy Truck Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FAW Heavy Truck Myanmar:

Shortcuts

Share

Category