20/10/2026
“AC Filter ဂျီးပိတ်ခြင်းနှင့် မလဲဘဲ ထားခြင်း၏ နောက်ဆက်တွဲပြဿနာများ” ❄️🦠
ကားထဲမှာ အဲကွန်းအေးအားနည်းပြီး အနံ့ဆိုးတွေ ထွက်နေပြီဆိုရင်တော့ သင့်ကားရဲ့ AC Cabin Filter ဂျီးပိတ်နေတာ (သို့) သက်တမ်းလွန်နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ✔️
AC Filter ကို အချိန်မှန် မလဲလှယ်ဘဲ ဒီအတိုင်း ထားလိုက်ရင်
1️⃣ အဲကွန်း အေးအားကျခြင်းနဲ့ အနံ့ဆိုးများထွက်ခြင်း
ဖုန်နဲ့ ဂျီးတွေ ပိတ်ဆို့နေတဲ့အတွက် လေအဝင်နည်းပြီး အအေးဓာတ် ကျဆင်းသွားပါမယ်။ ဒါ့အပြင် မှိုနဲ့ ဘက်တီးရီးယားတွေ ခိုအောင်းပြီး မလိုလားအပ်တဲ့ အနံ့ဆိုးတွေ ထွက်လာစေပါတယ်။
2️⃣ ကျန်းမာရေးကို ထိခိုက်စေခြင်း
ကားအတွင်းပိုင်းထဲကို စစ်ထုတ်မပေးနိုင်တဲ့ ဖုန်မှုန့်တွေနဲ့ မသန့်ရှင်းတဲ့လေတွေ ပြန်ဝင်လာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ဓာတ်မတည့်တာတွေကို ဖြစ်စေနိုင်ပါတယ်။
3️⃣ AC Compressor သက်တမ်းတို စေခြင်း
လေဝင်မဖြောင့်တဲ့အတွက် AC စနစ်တစ်ခုလုံး အလုပ်ပိုလုပ်ရပြီး ဆီစားပိုစေသလို Compressor ကိုလည်း အပူလွန်ကဲပြီး ပျက်စီးလွယ်စေပါတယ်။
ဒါကြောင့် ကားစီးတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ လေကိုရှုရှိုက်ချင်တယ်ဆိုရင်တော့ Toyota Mingalar မှာ Aircare Service လေး လာလုပ်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။ 🛠️✨❄️
■ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူရန်
📍 𝗧𝗼𝘆𝗼𝘁𝗮 𝗠𝗶𝗻𝗴𝗮𝗹𝗮𝗿 𝗢𝗻𝗲 𝗦𝘁𝗼𝗽 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 𝗖𝗲𝗻𝘁𝗲𝗿, 𝗬𝗮𝗻𝗴𝗼𝗻
အမှတ် (၂၃၆)၊ အလုံလမ်း၊ အလုံမြို့နယ်။
☎️ 𝗛𝗼𝘁𝗹𝗶𝗻𝗲𝘀: 𝟬𝟵 𝟰𝟬𝟱 𝟯𝟵𝟵 𝟵𝟵𝟯, 𝟬𝟵 𝟰𝟬𝟳 𝟯𝟭𝟰 𝟲𝟵𝟵
📞 𝗧𝗲𝗹: 𝟬𝟭-𝟮𝟯𝟬𝟮𝟭𝟮𝟮~𝟬𝟭-𝟮𝟯𝟬𝟮𝟭𝟮𝟯, 𝟬𝟭-𝟮𝟯𝟬𝟮𝟭𝟮𝟲, 𝟬𝟭-𝟮𝟮𝟭𝟮𝟮𝟰