Amici Myanmar

Amici Myanmar "AMICI MYANMAR: Distributor of Car Audio & Video Recorder, Auto Lamps "

“သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း “
10/04/2026

“သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း “

👍🏻👍🏻👍🏻
14/08/2025

👍🏻👍🏻👍🏻

Suzuki Myanmar Motor မှ လက်ရှိထုတ်လုပ်ရောင်းချနေတဲ့ Ertiga Smart Hybrid Model ဝယ်ယူသည့်အခါ Promotion Item အဖြစ်ပါဝင်သည့် အင်ဂျင်ဝိုင်နှင့် ဆီစစ် အခမဲ့လဲလှယ်ခွင့် (၅ ကြိမ်) အတွက် ဆားဗစ်ကူပွန် (၅ စောင်) ပေးအပ်ခြင်းကို စက်တင်ဘာလ (၁) ရက်နေ့၊ ၂၀၂၅ မှ စတင်ပြီး ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးလိုပါတယ်။

သို့သော် စက်တင်ဘာလ (၁) ရက်နေ့၊ ၂၀၂၅ မတိုင်မီ ရရှိထားသည့် ဆားဗစ်ကူပွန်များကိုတော့ ယခင်က သတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ertiga Smart Hybrid မော်ဒယ်အတွက် အာမခံသတ်မှတ်ချက်များဖြစ်သည့် မော်တော်ယာဉ် အာမခံကာလ (၃) နှစ် သို့မဟုတ် ကီလို ၁၀၀,၀၀၀၊ Lithium-ion Battery နှင့် ISG အတွက် အာမခံကာလ (၅) နှစ် သို့မဟုတ် ကီလို ၁၀၀,၀၀၀ သတ်မှတ်ချက်များသည် ပြောင်းလဲမှုမရှိပါကြောင်းနှင့် (၁) လ၊ (၆) လ နှင့် (၁၂) လပြည့် များတွင် လက်ခမဲ့ စစ်ဆေးခွင့် တို့ကိုတော့ ယခင်ကအတိုင်း ဆက်လက်ရရှိမှာပဲဖြစ်ပါတယ်။

ဆူဇူကီးမော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း ကားအတွက်လိုအပ်သော ပုံမှန်စစ်ဆေးခြင်း၊ ပြုပြင်ထိန်သိမ်းခြင်းနဲ့ အပိုပစ္စည်းလှဲလှယ်ခြင်းများကို နီးစပ်ရာ မည်သည့် ဆူဇူကီးတရားဝင်အရောင်းပြခန်းမှာမဆို သွားရောက်ပြုလုပ်နိုင်ကြောင်း ထပ်မံအသိပေးလိုပါတယ်ရှင်။


15/05/2023

Amici Myanmar office ရုံးခန်းနေရာပြောင်းလဲဖွင့်ထားကြောင်း အကြောင်းကြားခြင်း။

ကျွန်တော်တို့ Amici Myanmar office ကို လက်ရှိ အမှတ်(၇၁)၊လေးထောင့်ကန်လမ်း၊လေးထောင့်ကန်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။ မှ

အမှတ် ၃၄၆B၊ သုမင်္ဂလာလမ်း၊ ၉ရပ်ကွက်၊ တောင်ဉက္ကလာမြို့နယ်၊ ရန်ကုန်မြို့ သို့ နေရာပြောင်းလဲဖွင်လှစ်ထားပါတယ်ခင်ဗျာ။

သို့ဖြစ်ပါ၍ Suzuki car audio serviceပြချင်သောကားများကို ကျွန်တော်တို့ Amici Myanmar office နေရာသစ်သို့ လမ်းညွှန်နိုင်ရန်အတွက် အသိပေးအကြောင်းကြားခြင်းဖြစ်ပါတယ်ခင်ဗျာ။

Service နဲ့ပတ်သက်လို့ သိလိုသည်များရှိပါက Amici Myanmar service phone number 09428901956သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

20/08/2022

😍အရည်အသွေးမြင့်မားတဲ့ Apple CarPlay နဲ့ Android Auto ကို ကြိုးမဲ့ အသုံးပြုလို့ရတဲ့ Audio အမျိုးအစားကို Amici Myanmar မှ Suzuki Myanmar Motor ရဲ့ ထုတ်ကုန် Suzuki Ertiga Type 4 မှာ တပ်ဆင်အသုံးပြုနိုင်ရန် ဖြန့်ချီပေးလျက်ရှိပါတယ် … 😇

အာမခံ ကာလ သုံးနှစ် ရရှိထားတဲ့ Suzuki Ertiga Type 4 ရဲ့ Audio သွင်ပြင်နှင့် လုပ်ဆောင်မှုError မရှိတဲ့ Amici Audio များကို မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြန့်ချီ ပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ 🥰

လူကြီးမင်းတို့၏ Suzuki Motor ယာဉ် အမျိုးအစားများအတွက် Audio တပ်မယ်ဆို Amici Myanmar ကို သတိရလိုက်ပါ 😘😘

Audio ပြသာနာကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ ကျွမ်းကျင်ဝန်ထမ်းများနှင့် ကျတော်တို့ Amici Myanmar မှ ဝန်ဆောင်မှုပေးလျက်ရှိပါတယ် …🥰😍

ဆက်သွယ်ရမဲ့ လိပ်စာလေးကတော့

🏢No 71၊ လေးထောင့်ကန်လမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ရန်ကုန်

ဖုန်း ☎️ 01 579115 ကို

ရုံးချိန် တနင်္လာ မှ သောကြာ
မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ် မေးမြန်စုံစမ်းဝယ်ယူနိုင်ပါတယ် ခင်ဗျာ 🤩

(စနေ & တနင်္ဂနွေ ရုံးပိတ်သည်။)

30/05/2022

Philips က ထွက်ရှိထားတဲ့ ကားမီးဆံလေးတွေမှာ
လက်ရှိ ဘယ်ကားမီးဆံလေးတွေ သုံးနေကြလဲဆိုတာ ပြောပြပေးသွားပါဦးနော် . . .

မိုးရာသီရောက်လာပြီဆိုတော့ နေ့ခင်းကြောင်တောင်မှာတောင် မိုးမဲသွားလို့ မီးဖွင့်ပြီး မောင်းရတဲ့ ရက်တွေရှိလား ?Taxi မောင်းတဲ့...
25/05/2022

မိုးရာသီရောက်လာပြီဆိုတော့ နေ့ခင်းကြောင်တောင်မှာတောင်
မိုးမဲသွားလို့ မီးဖွင့်ပြီး မောင်းရတဲ့ ရက်တွေရှိလား ?
Taxi မောင်းတဲ့ ဦးဦးတို့အတွက် သတင်းကောင်းလေး ပြောပြချင်ပါတယ် . . .
ကားမီးဆံထည့်မယ်ဆိုရင် PHILIPS ရဲ့ နည်းပညာတစ်ခုဖြစ်တဲ့Premium vision လေး လာပါပြီ . . .

သာမန် မီးဆံတွေထက် မီးအလင်းအား 30% ပိုမိုရှည်လျားတဲ့အတွက်မောင်းနှင်ရာမှာ ဘေးကင်းလုံခြုံမှုကို ခံစားရစေပြီး အထိုင် အနေဖြင့် 7 မျိုး (H1/H3/H4/H7/H11/HB3/HB4) ထွက်ရှိထားတာမို့ ကားအမျိုးအစား အများစုမှာလည်း သုံးနိုင်ပါတယ်နော် . . .

ဈေးနှုန်းချိုသာပြီး Quality ကောင်းတဲ့ အမျိုးအစားဖြစ်လို့အငှားကားမောင်းနှင်သူတွေအတွက် ပိုမို တွက်ခြေကိုက်စေမှာပါ . . .



ဒီတစ်ပတ်မှာတော့ အားလုံးပဲ အပျင်းပြေသွားရအောင်gaming section လေး ထည့်သွင်းထားပါတယ် . . .ဘယ်သူမျက်စိအလျင်ဆုံးလဲ ဆိုတာ စမ်း...
23/05/2022

ဒီတစ်ပတ်မှာတော့ အားလုံးပဲ အပျင်းပြေသွားရအောင်
gaming section လေး ထည့်သွင်းထားပါတယ် . . .

ဘယ်သူမျက်စိအလျင်ဆုံးလဲ ဆိုတာ စမ်းသပ်ပါမယ်နော်👀
ပုံထဲမှာ Autoglym DIY ဗူးလေးတွေ ဘယ်နဗူးရှိလဲဆိုတာ ရှာကြည့်ပေးသွားပါဦး . . .

20/05/2022

Tar & Adhesive အသုံးပြုပုံလေး မေးထားတဲ့ ကာကာတို့အတွက် video file လေးနဲ့ လေ့လာလို့ရပါတယ်နော် . . .

👇👇အသုံးပြုပုံလေးကို ကြည့်လိုက်ရအောင်👇

🇬🇧 ကားရဲ့ အပြင်ဘက်ဆေးသားပေါ်မှာရှိနေတဲ့ ကတ္တရာစီးကို ဖယ်ရှားဖို့အတွက် အသုံးပြုမယ်ဆိုရင် . . .
🔸ပထမဦးဆုံး ဆေးဘူးကို ကောင်းစွာလှုပ်ခါပြီး ကတ္တရာစီးများပေနေသော နေရာပေါ်သို့ trigger spray ဖြင့် ဖြန်းပါ ။
🔸 ကတ္တရာစီးများ အရည်ပျော်ကျသွားသည့်တိုင် အများဆုံး ငါးမိနစ်ခန့်အထိ ထားပြီး Autoglym Microfibre Cloth ဖြင့် အညစ်အကြေးများပြောင်စင်သွားအောင် ပွတ်တိုက်ပါ ။

🇬🇧 ကားအတွင်းဘက်မှာ အသုံးပြုမယ်ဆိုရင်

🔸 ပထမဦးဆုံး ဆေးဘူးကို ကောင်းစွာလှုပ်ခါပြီး trigger spray ဖြင့် အဝတ်စပေါ်သို့ဖြန်းပါ။
🔸 ထိုဖြန်းထားသော အဝတ်စဖြင့် စေးကပ်သော အညစ်အကြေးပေါ်သို့ ခေတ္တအုပ်ထားပါ။
🔸 ထို့နောက် အညစ်အကြေးများကို အလွယ်တကူ ခွါယူပြီး ရှင်းလင်းပါ။
🇬🇧 Car Spa တွေအတွက် professional Series - 5 လီတာ ပုံးကြီး ထွက်ရှိထားပါတယ် . . .
Product အကြောင်း သိချင်ရင်ပဲဖြစ်ဖြစ် ကား spa တွေ အတွက် လက်ကားဈေး သိချင်ရင်ပဲ ဖြစ်ဖြစ်
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် . . .📲

For Products Enquiry & Wholesale Please call
☎️ 01579115
Authorized Distributed by Amici Myanmar 🇲🇲


&AdhesiveRemover

🌧🌧မိုးရာသီရောက်တော့မှာဆိုတော့ ကော်ဖီတစ်ခွက်နဲ့ feel ဖို့စဉ်းစားနေသူလေးတွေရှိလား ?ကော်ဖီပူပူလေးသောက်ပြီးရင်တော့ exercise ...
19/05/2022

🌧🌧မိုးရာသီရောက်တော့မှာဆိုတော့ ကော်ဖီတစ်ခွက်နဲ့ feel ဖို့စဉ်းစားနေသူလေးတွေရှိလား ?
ကော်ဖီပူပူလေးသောက်ပြီးရင်တော့ exercise လေး လုပ်လိုက်ကြရအောင် . . .
မိုးတွင်းမှာ သင့်ရဲ့ကားလေးအတွက် ပုံမှန် ပြုလုပ်ပေးရမယ့် အချက် (5) ချက်ကို ပြောပြပေးချင်ပါတယ်နော် . . .

1. ကားကို ပုံမှန် ဆေးပါ . . .

မိုးရေနဲ့ ထိတွေ့တာကြောင့် ကား ထပ်ဆေးပေးဖို့ မလိုဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ် ။ မိုးရေနဲ့ ထိတွေ့ထားတဲ့ ကားတွေကို ပြန်မဆေးဘဲ ထားမိရင် ကားဆေးသားတွေနဲ့ Chrome တွေပေါ်ကို အက်စစ်ဓါတ်တွေ တင်ကျန်နေနိုင်ပြီးဆိုးကျိုးတွေဖြစ်လာနိုင်ပါစေတယ်နော် . . . သင့်ရဲ့ကား လေးအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ အချက်ကတော့ မှန်ကန်တဲ့စောင့်ရှောက်မှုတွေနဲ့ ပုံမှန် care လုပ်ပေးဖို့ပဲ ဖြစ်ပါတယ် ။ ကားကိုမဆေးကြောမီမှာ ငှက်ချေးလိုမျိုး မာပြီးကပ်ငြိနေတဲ့ အစွန်းအထင်းတွေကို ရေများများသုံးပြီး microfibre အဝတ်စနဲ့ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ နောက်တစ်ချက်ကတော့ နူးညံ့တဲ့ ရေမြုပ်ကိုသုံးပြီးတော့ မော်တော်ယာဉ်အပေါ်ပိုင်းကနေစလို့ အောက်ဘက်ကို ပွတ်တိုက်ဆေးကြောပေးဖို့လိုအပ်ပါတယ်။ ကားဆေးတဲ့အချိန် အသုံးပြုမယ့် product တွေကတော့ solvent free cleaning products တွေဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။ တကယ်လို့ အဆင့်ဆင့်ကားဆေးဖို့ အချိန်မရှိဘူးဆိုရင်တော့ မိုးရေ ထိတွေ့ထားတဲ့ ကားကို ရေပိုက်နဲ့ ဖြန်းပြီးဆေးပေးခြင်းကလည်း မိုးရေမှာပါလာတဲ့အက်စစ်ဓါတ်ကို ပျက်ပြယ်စေနိုင်ဖို့အတော်အသင့် ကူညီပေးနိုင်ပါလိမ့်မယ်နော် . . .

2.ကားမောင်းနှင်ရာမှာ အန္တရာယ်ကင်းနိုင်ဖို့အတွက် ကားဘီးတွေကို ထိန်းသိမ်းပါ . . .

မိုးရာသီကာလတွေမှာ သင့်ရဲ့ ကားဘီးတွေကလည်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့လိုအပ်လှပါတယ် ။ လမ်းမျက်နှာပြင်အနေအထားတွေ ၊ ကားမောင်းနှင်နေတဲ့ အရှိန်တွေ ၊ တာယာပေါ်မှာရှိတဲ့အရစ်အနေအထားတွေပေါ်မူတည်ပြီး စိုစွတ်တဲ့ လမ်းမတွေပေါ်မောင်းနှင်တဲ့အခါ လမ်းချော်တာတွေဖြစ်လေ့ရှိပါတယ်။ ဒီလိုဆိုးဝါးတဲ့အခြေအနေတွေ ဖြစ်မလာစေဖို့က သင့်တာယာအရစ်ပြုန်း / မပြုန်းကိုလည်း ပုံမှန်စစ်ဆေးပေးနေရပါမယ်။

3.လေကာမှန်မှာ Wiper ကောင်းကောင်းကို တပ်ဆင်ရပါမယ်. . .

မိုးရာသီမှာတော့ wiper လေးတွေက အလုပ်လုပ်ရဆုံးလေးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်ကားရဲ့ wiper blades တွေ washer fluid ရဲ့ အကြိမ်ရေတွေကို ပုံမှန် စစ်ဆေးပေးဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုက မှန်နဲ့ wiper ရဲ့ ပွတ်တိုက်တဲ့အသံကိုလည်း ဂရုတစိုက် နားထောင်ပေးဖို့လိုအပ်ပါတယ်။ အသံပြောင်းလာပြီ ဒါမှမဟုတ် ပုံမှန် အသံမဟုတ်တော့ဘူးဆိုရင်တော့ အသစ်တစ်ခုလဲလှယ်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ မိုးရွာနေတဲ့အချိန် အန္တရာယ်ကင်းစေဖို့ Wiper ရဲ့ အစိတ်အပိုင်းအားလုံးက မြင်ကွင်းရှင်းလင်းစေရန် လုပ်ဆောင်ပေးဖို့က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ခြောက်လအတွင်းမှာ သင့်ရဲ့ wiper လေးဟာ လေကာမှန်ပေါ် ပျှမ်းမျှအားဖြင့် 800km ခန့်ရွေ့လျားရတယ်ဆိုတာ သင်သိပါသလား ?

4. သင့်ကားရဲ့ ရှေ့မီး နောက်မီးကို စစ်ဆေးပါ . . .

မိုးရာသီမှာ သင့်ကားရဲ့ မီးပိုင်းဆိုင်ရာကလည်း အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်ပါတယ်နော်။ ညပိုင်းတွေမှာ ဒါမှမဟုတ် နေ့ခင်းဘက်ဆိုလည်း မိုးမှောင်တဲ့ အချိန်တွေမှာ အလင်းပေးဖို့သာမက အခြားသော လမ်းပေါ်မှာ ရှိနေသူတွေက သင့်ရှိနေတဲ့ နေရာအနေအထားကို ရှင်းရှင်းလင်းလင်းညွှန်ပြဖို့အတွက်လည်း ကားမီးတွေက အရေးပါပါတယ်။ Driving safety ဖြစ်ဖို့အတွက်ဆိုရင် မှောင်နေချိန်မှာ ကားရှေ့မီး ၊ နောက်မီးတွေကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ မီးကြီးထွန်းတဲ့ နေရာမှာလည်း ကိုယ့်မြင်ကွင်းမှာ လင်းထိန်နေသော်လည်း အခြားလူများ ၊ အခြားသော မောင်းနှင်သူများ မျက်စိ မစူးတဲ့ အမျိုးအစားဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်နော်။ စိုထိုင်းမှုများတဲ့ ရာသီတွေမှာဆိုရင် ကားအတွင်းနဲ့အပြင်ရဲ့ အပူချိန်ကွာခြားချက်ကြောင့် ကားမီးလုံးမှန်တွေမှာ မြူခိုးလိုရေငွေ့ရိုက်နေတာကို သင်တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ မီးကိုခဏဆက်ဖွင့်ထားလိုက်ပါ။ မကြာခင်မှာ ရေငွေ့ရိုက်တာတွေကင်းစင်သွားနိုင်မှာပါ။

5.မှန်ကန်တဲ့ accessories တွေသုံးခြင်းအားဖြင့် သင့်ကားကို ရာသီဥတုဒဏ်ခံနိုင်ပါစေ . . .

ကားမီးဆံတွေလဲသင့်နေပြီလို့ သင်တွေးနေပါသလား ?
အမှန်တကယ် effective ဖြစ်တဲ့ Car care product ကောင်းကောင်းသုံးချင်လို့ရှာနေပါသလား ?

Amici Myanmar ကနေ လူကြီးမင်းတို့ရဲ့ ကားနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့
Philips Automotive Lighting
Autoglym Car Care Products များကို တင်သွင်း ဖြန့်ဖြူးထားပါတယ်။

ကဲ . . . အခုဆိုရင် မိုးရာသီမှာ ထိခိုက်လွယ်တဲ့ ကားအစိတ်အပိုင်းလေးတွေအကြောင်းကို သိသွားရုံသာမက သူတို့ကို ဘယ်လို Maintain လုပ်မလဲ ဘယ်အချက်လေးတွေကို သတိထားသင့်သလဲဆိုတာ သိသွားလောက်ပါပြီနော် ။ ဒီအချက်လေးတွေက ရေရှည်မှာ သင့်ကားအတွက် သင့်ရဲ့ အချိန်နဲ့ငွေကို ခြွေတာနိုင်ရုံသာမက သင်နဲ့အတူ လိုက်ပါစီးနင်းသူများကိုလည်း ဘေးကင်းလုံခြုံစေမှာပဲ ဖြစ်ပါတယ်။

အခုပြောပြေပေးခဲ့တာကတော့ မိုးရာသီနဲ့ ပတ်သတ်တဲ့ ကားပိုင်းဆိုင်ရာ ဗဟုသုတလေးတွေဖြစ်ပြီး အကျိုးရှိတယ်ဆိုရင် Like & Share လေး လုပ်သွားပေးပါဦးနော်။


18/05/2022

☀️☀️နွေနေပူပူမှာ လမ်းမထက်က ကတ္တရာစီးတွေက အနဲနဲ့ အများ အရည်ပျော်နေတတ်ပါတယ် . . .

ဒါမှမဟုတ် ခင်းကာစ ကတ္တရာလမ်းမတွေဘေးက ဖြတ်သန်း မောင်းနှင်တဲ့အခါမှာ မောင်းနှင်တဲ့အရှိန်ကြောင့်
ဘီးအနားပတ်ပတ်လည်နဲ့ ကားအောက်ပိုင်းဆေးသားတွေပေါ်မှာ ကတ္တရာစီး အစက်အပြောက်တွေ ထင်ကျန်နေတတ်ပါတယ် . . .❌❌

🇬🇧 ဒါတွေကို သန့်ရှင်းရေး လုပ်မယ်လို့ စဉ်းစားနေတယ်ဆိုရင်တော့

Autoglym မှ ထုတ်လုပ်ထားတဲ့ Tar & Adhesive Remover ရှိလို့နေပါပြီ . . . 👍👍
🇬🇧 စီးကပ်တဲ့အရာတွေနဲ့ ကတ္တရာ အစက်အပြောက်များအတွက် သီးသန့် ထုတ်လုပ်ထားတာဖြစ်လို့
ကားဆေးသားများကို ထိခိုက်မှုမရှိဘဲ ဝယ်ခါစကလို သန့်ရှင်းတဲ့ အသွင်အပြင်ကို ပြန်လည်ရရှိစေနိုင်ပါတယ် . . . 👍👍

🇬🇧 ဘယ်လိုအညစ်အကြေးတွေကို သန့်စင်ဖို့အတွက် သုံးနိုင်လည်းဆိုတော့

🛢️🛢️ကတ္တရာစီး ၊ အမဲဆီ ၊ မှင်အမှတ်အသားများ ၊ ဖယောင်းနဲ့ စေးကပ်တဲ့အရာတွေကို ဖယ်ရှားဖို့အတွက် အသုံးပြုနိုင်ပါတယ် . . .
ကားရဲ့ အပြင်ဘက်တင်မဟုတ်ဘဲ အတွင်းဘက်တွေမှာလည်း စေးကပ်တဲ့အရာတွေ (ဥပမာ ပီကေ) ကပ်ညှိနေတဲ့အခါ
အသုံးပြုနိုင်ပါသေးတယ်နော် . . .

🇬🇧 ကားတစ်စီးရဲ့ ဘယ်လို အစိတ်အပိုင်းတွေပေါ်မှာ အသုံးပြုနိုင်လဲ ??

🚘🚘ကားရဲ့ဆေးသားတွေပေါ်မှာရှိတဲ့အညစ်အကြေးတွေပေါ်ကို တိုက်ရိုက်အသုံးပြုနိုင်ပြီး
ကားအတွင်းပိုင်းမှာ အသုံးပြုထားတဲ့ leather , suede နဲ့ alcantara စတဲ့ အသားတွေပေါ်မှာတော့ အသုံးပြုလို့မရနိုင်ပါ . . .
✅လွယ်ကူတဲ့ အသုံးပြုကြောင့် Car Spa များတင်မကဘဲ မိမိကိုယ်တိုင်လည်း အိမ်မှာ အသုံးပြုနိုင်ပါတယ် . . .✅

Product အကြောင်း သိချင်ရင်ပဲဖြစ်ဖြစ် ကား spa တွေ အတွက် လက်ကားဈေး သိချင်ရင်ပဲ ဖြစ်ဖြစ်
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် . . .📲

For Products Enquiry & Wholesale Please call
☎️ 01579115
Authorized Distributed by Amici Myanmar 🇲🇲


&AdhesiveRemover

17/05/2022

🚖 ပြိုင်ဘက်ကင်းတဲ့ မောင်းနှင်မှုတိုင်းအတွက် Racing Vision ရှိပါတယ် . . .🚖

✅ သာမန်မီးဆံများထက် 150% ပိုမို အလင်းအားမြင်နိုင်ပြီး 3500K cooler white ကာလာနဲ့ For Sporting Drivers များအတွက်လည်း အထူးသင့်လျော်ပါတယ် . . .✅

12V - 60/55W ဖြင့် ထွက်ရှိထားပြီး Relay ခံရန် မ လိုသော တပ်ဆင်ရလွယ်ကူသော ဒီဇိုင်းဖြစ်တာကြောင့်cooler white color ကြိုက်သူများအတွက် ရွေးချယ်နိုင်ပါတယ် . . .

အထိုင်အနေဖြင့် (H4/H7) နှစ် မျိုးထွက်ရှိထားပြီး ရန်ကုန် ၊ မန္တလေး ကားပစ္စည်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ် . . .
For Products Enquiry & Wholesale Please call
☎️ 01579115
Authorized Distributed by Amici Myanmar 🇲🇲


Address

No. 346/B, Block 9, Thu Mingalar Road South Okkalapa Tsp
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959428901956

Alerts

Be the first to know and let us send you an email when Amici Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amici Myanmar:

Share