Yangon Car News

Yangon Car News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Car News, Automotive, aircraft & boat, mingalar taung naunt tw, Yangon.

အားလုံးပဲမင်္ဂလာပါခင်ဗျာ. ဆီအခက်အခဲနှင့်စုံ/မ ကိစ္စများပေါ်ပေါက်လာချိန်မှ လိုင်စင်ကားပိုင်ရှင်များ ကြုံတွေ့ရတဲ့အပွါးကားဖ...
02/06/2026

အားလုံးပဲမင်္ဂလာပါခင်ဗျာ. ဆီအခက်အခဲနှင့်စုံ/မ ကိစ္စများပေါ်ပေါက်လာချိန်မှ လိုင်စင်ကားပိုင်ရှင်များ ကြုံတွေ့ရတဲ့အပွါးကားဖြေရှင်းမှုပြသနာများကို ကိုယ့်တွေ့ အတွေ့အကြုံတစ်ခုကိုမျှဝေချင်ပါတယ်၊ ကျွန်တော့ကားက ygn-19 4L-7530 Honda fit GP1ပါ နိုင်ငံတော်မှ ဆီဆိုင်များတွင် စုံရက် မရက် ဆီဖြည့်ရန်နှင့် ကျွန်တော့်တို့ကားအမျိုးအစားများမှ တစ်ပတ်လျှင်၃၅လီတာခွဲတမ်းဖြင့်ဆီဖြည့်ရန်ညွှန်ကြားပြီးချိန်မှစ၍ ဆီဆိုင်များတွင် ဆီဖြည့်ရာ အပွါးကား(အမျိုးသမီးမောင်း)မှ ၁၄-၂-၂၀၂၆ ရပ်နေ့မှစ၍ အပတ်စဉ် ဆီဖြည့်ပြီး မောင်းနှင်နေသည့်အတွက် ၅၁ လမ်းရုံး(တာဝန်မှူးရုံးခန်း)နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ(မြောက်ဉက္ကာလာ/တောင်ညွန့်/ဗိုလ်တထောင်/စမ်းချောင်း/ဗဟန်း/ဒဂုံ)မြို့နယ်များ)မှ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများသို့ တိုင်ကြားခဲ့ရာ သတင်းစုံစမ်းခဲ့ပြီး ဆီဆိုင်များမှ ဆီဖြည့်မှတ်တမ်းများရယူခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂-၆-၂၀၂၆ ရက်နေ့တွင် အဆိုပါ အပွါးကားအား ဒဂုံတပ်ဖွဲ့စုမှူး ဒုရဲမှူး ပြည်စိုး ကွပ်ကဲမှုအောက်ရှိမြို့မကျောင်းလမ်းတွင် ဖမ်းဆီရမိခဲ့ပါသည်။ ပြည်သူများအနေဖြင့် မိမိကားအပွါးခံရပါက လိုင်းပေါ်တွင်အရင်မတင်ပဲ သက်ဆိုင်ရာတာဝန်ရှိသူများသို့ အဆင့်ဆင့်တိုင်ကြားပြီး အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်မှသာ လိုင်စင်အပွါးကားများ အရေးယူခံပြီး မူလပိုင်ရှင်များနစ်နာမှုမရှိမှာဖြစ်ပါသည်။ မြန်မာနိုင်ငံ၊ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့်လည်း တိုင်ကြားလာပါက အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေး နေ့/ညမလပ် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူများမှ ယုံကြည်အားကိုးစွာ တိုင်ကြားသင့်ကြောင်း ကျွန်တော့အတွေ့အကြုံအရ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ…..
အထူးကျေးဇူးတင်ရှိသူများ—-
မြောက်ဉက္ကလာမှ ဒုရဲမှူး လှိုင်ဝင်းအောင်
စမ်းချောင်းမှ ဒုရဲမှူး အောင်ဖြိုးသိန်း
မင်္ဂလာတောင်ညွန့်မှ ဒုရဲမှူး ဇော်အောင်ထွန်း
ဗိုလ်တထောင်မှ ဒုရဲမှူး ဆန်းညွန့်ဦး
ဒဂုံမှ ဒုရဲမှူး ပြည်စိုး နှင့်တကွ
တာဝန်မှူးတာဝန်ကျသော ကမာရွတ် တပ်ဖွဲ့စုမှူးနှင့် လှည်းကူးတပ်ဖွဲ့စုမှူးတို့အား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…
(၅၁)လမ်း ယာဉ်ထိန်းရုံးဖုန်း တိုင်ကြားရန်-၀၁၂၉၁၂၈၅ —

Myo Myint Khant

သက်တမ်း၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နိုင်သည် မြန်မာစာကို မြန်မာတွေမဖတ်တက်အောင်ရေးထားသလားပေါ့ယခုထုပ်ပြန်ချက်သည် မ...
30/05/2026

သက်တမ်း၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နိုင်သည်
မြန်မာစာကို မြန်မာတွေမဖတ်တက်အောင်ရေးထားသလားပေါ့
ယခုထုပ်ပြန်ချက်သည် မြန်မာတစ်ပြည်လုံးအတွက်ထုပ်ပြန်ထားတာပါ
တစ်ချိုက ကျွန်တော်တို့မြို့ပါလားလို့မေးလို့
Taxi ဆရာကြီးကလည်းလာမေးပြန်ရော ကျွန်တော်တို taxiတွေ‌ရော
ပါလားတယ့် ပါပါတယ် ပါတာမှ ပါပါပါလိုတောင်မည်သေးတယ် ကား၏model ကိုပြောတာဆိုရင်
ထုပ်လုပ်သည်ခုနှစ်မှ နှစ်၂၀
ဆိုရင် 2006
modelအထိအပ်လိုရပါသည်
လာမည်2027နှစ်တွင်2007model
ကားသည်လည်း နှစ်20ပြည့်ပါမည်
စာမှာရေးထားတာက သက်တမ်း၂၀ ယာဉ်များ မိမိဆန္ဒအရ အပ်နိုင်သည်ဆိုတော့
ရန်ကုန်taxi ကားအများစုသည် modelနှိပ် ကားများဖြစ်သည့်အတွက်
ကြံ့ခိုင်မှူ့စစ်ဆေးရင် ဖျက်သိမ်းဖို့များပါသည်
ရန်ကုန်taxi. model နှိပ် proboxအများစုသည် ကားအတွင်းခန်း ခြေနင်း ကြမ်းခင်းများဆွေးပြီးပေါက်ပြဲနေသည်ကများပါသည် taxi ဆရာများသည်လည်း မပြုပြင်ကြပါ ထိုကြမ်းခင်းများကိုပြုပြင်ပြီးကညနတွင်ယာဉ်သက်တန်းတိုး
ယာဥ်စစ်လျှင်
အောက်ကြမ်းခင်းဖြတ်ဆက်ထားလို့ မှတ်တမ်းထည့်ရမည်ဆိုကာ ငွေကြေး
တောင်ခံချင်း တို့ကြောင့် taxiဆရာကြီးများသည်လည်း မပြုပြင်ပဲထရှိသည်ကများပါသည်
( မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်းရန် ပြင်ဆင်၍ မရနိုင်သည်မော်တော်ယဉ်များ)
မော်တော်ယဉ်သက်တန်းတိုးလျှင် ကညနမှ
မော်တော်ယာဉ်ကြံ့ခိုင်မှူ့စစ်ဆေးပါမည် ထိုအခါ 🚕 ကားတွေကိုပိုလို့တောင်စစ်ဆေးသင့်ပါသည်
ကြံ့ခိုင်မှူ့အားအနည်းဆုံးကားများသည်
(W)RTA ကားများဖြစ်ပြီး w/RTA ကားများသည် ကြံ့ခိုင်မှူ့အားနည်းလို့ ယာဉ်တိုက်မှူ့ဖြစ်ထားလို့ ပြန်လည်ပြုပြင်ထားသည့်အတွက် ကညနမှ မှတ်တမ်းတင် (w ) (RTA) မှတ်သားထားခြင်းဖြစ်ပါသည်
ဒီတော့ဗျာ ကြံ့ခိုင်မှူ့စစ်ဆေးရင်
ဒီကားတွေကိုတော့ modelနဲ့မဆိုင်တော့ဘူး ယာဉ်သက်တန်းတိုးရင် သေသေချာချာ စစ်ဆေးရတော့မှာပေါ့
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဆို မော်တော်ယာဉ်စုစုပေါင်း ၆ သိန်းကျော်ရှိပါတယ်။ 2006 Model နှင့်အောက် ကားတွေက အစီးရေ ၃ သိန်းလောက်ရှိပါတယ်။
အဲ့ဒီ အစီးရေ 3သိန်းလောက် ထဲမှာ
Taxiကားသည်လဲ ပါနေသည်
ဒီနေရာမှာ မေးထားတာလေး ဖြေပေးပါမည် ကားဈေးတက်မှာလာကျမှာလာ ?
ကားဈေးအကျ အတက်သည် နိုင်ငံရေးနှင့်သက်ဆိုင်နေသည့်အတွက်
သမ္မတကြီး ဦသိန်းစိန်ပြန်လာပြီး ယခင် အတိုင်းမှတ်ပုံတင်ရှိသူတိုင်း ကားသွင်းနိုင်သည်ဆိုရင်တောင် ခင်ဗျာ တို့မျော်လျှင့်နေသလို honda fit ge6 model.2011 ကို သိန်း160နဲ့ပြန်စီးလိုမရတော့ဘူး ဘာလို့လဲဆိုတော့
ဦသိန်းစိန်လက်ထက် $က1100ဈေးလေ
2026မှာ $4050ဖြစ်နေပြီးလေ သုံးဆတက်သွားပြီးလေ အရင်ဈေးတွေနဲ့တော့ပြန်မလာနိုင်ဘူးလေ
2021မှာ ကြက်ဥ တစ်လုံး200ကျပ်
2026မှာ ကြက်ဥ တစ်လုံး 600ကျပ်
အရည်ကျို 29.5.2026‌
ဈေးygn/450သိန်း ပေါက်နေတာကို
ဘာတွေမျော်လင်နေတာလဲ
Model နှိပ်တွေဖျတ်သိမ်းလေ ဓါတ်ဆီကားတွေရှားပါးလာမယ်ဒီတော့ ဓါတ်ဆီကားဈေးပိုပို‌ ဈေးတက်လာမယ်
EVကားဆိုတာမြန်မာတစ်နိုင်ငံလုံး သုံးလို့ရနေတာမဟုတ်ဘူး မြို့ပေါ် မှာပဲသုံးလို့ကောင်းတာ ကမ္ဘာ့ အင်အားကြီးနိုင်ငံ
ဖြစ်တယ့် အမေရိကန်နိုင်ငံမှာတောင် EVထက် ယနေတိုင် ဓါတ်ဆီကားကို အားကိုးပြီးသုံးစွဲနေကြ ရပါသည်
ထိုနည်းလည်ကောင်းဘဲ EVကို
အ‌မြောက်အများထုပ်လုပ်နေသည့်
တရုပ်နိုင်ငံမှာတောင် ယနေ့တိုင် ဓါတ်ဆီကားတွေကို အားကိုအားထားသုံးစွဲနေရတုံးပါ
ဒီတော့ ရလာသည့်အဖြေအရ ကားဈေး
တက်မှာလာ ကျမှာလာ ?
Comment မှာ ဝင်မန့်သွားကြပါအုံး။

(မလမ)ကိုဖြိုး

စီးပွားကူးသန်းက ထုတ်ပြန်တဲ့စာမှာအိုမင်းဟောင်းနွမ်းသောယာဉ်များသည် စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့်ဆိုတာထားကို ပြောရမယ...
29/05/2026

စီးပွားကူးသန်းက ထုတ်ပြန်တဲ့စာမှာ
အိုမင်းဟောင်းနွမ်းသောယာဉ်များသည်
စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့်
ဆိုတာထားကို ပြောရမယ်ဆိုရင်
အခု စီးပွားကူးသန်းက
တင်သွင်းခွင့်ပေးထားတဲ့
နောက်ဆုံးထုတ်
တရုတ် ICE ကား 1.5 အင်ဂျင်ကားနဲ့
၂၀၀၅ ဝန်းကျင် 1.5 JDM ကားတစ်စီးနဲ့
ရန်ကုန် မန္တလေးကို
ကီလို ၁၀၀ လောက်နဲ့ အတူတူမောင်းသွားကြည့်ပါရင်
2025/26 ထုတ်
တရုတ် 1.5 နဲ့ JDM 1.5 ဘယ်ကားက ဆီပိုစားမယ်ဆိုတာ
လောင်စာဆီကုန်ကျမှု့ ပိုများမယ်ဆိုတာ
သိလာပါလိမ့်မယ်ဗျာ...

ယာဉ်များ၏ ကြံခိုင်မှု့အားနည်းခြင်းကြောင့်
ယာဉ်မတော်တဆဖြစ်ပေါ်ခြင်း၊

ယာဉ်‌မတော်တဆမှု့ဆိုတာ
မော်တော်ယာဉ်‌မောင်းနဲ့ပဲ ဆိုင်ပါတယ်...
မော်ဒယ် နိမ့်တာ မြင့်တာနဲ့
လုံးဝ မဆိုင်ပါဘူး...
ငါးနှစ်တောင် မပြည့်သေးတဲ့
မော်ဒယ်အသစ်တွေ
ယာဉ်မတော်တဆမှု့ ဖြစ်ထားတာ
အများကြီးပါ...
ယာဉ်မတော်တဆမှု့ဆိုတာက
မော်တော်ယာဉ်ကို ထိန်းချုပ်မောင်းနှင်သူနဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်...

ကိုယ်ထိန်းသိမ်းနိုင်တဲ့
အရှိန်ထက် ပိုမောင်းရင်...
အရက်ကို ယာဉ်ကိုမထိန်းချုပ်နိုင်လောက်အောင်ထိ သောက်ပြီးမောင်းရင်...
ရမ်းကားပြီး မောင်းရင်...
ယာဉ်မောင်းသူရဲ့ ကျန်းမာရေးမပြည့်စုံရင်...
အိပ်ငိုက်ရင်...
ယာဉ်မောင်းနှင်သူဟာ
စိတ်ခံစားပြင်းထန်နေရင်...
အလောတကြီး အလျင်လိုပြီးမောင်းရင်...
စတဲ့အချက်တွေပေါ်မှာ မူတည်ပါတယ်...
ထိုင်းနိုင်ငံ မယ်ဆိုင် ဟွေခိုက် ချင်းရိုင်းလိုင်းပြေးနေတဲ့အထဲမှာ
Hilux 1976 Model ကားတွေ
တော်တော်ကျန်သေးတယ်...
ယာဉ်ဟောင်းလို့ မတော်တဆဖြစ်ရမယ်ဆိုရင်
အဲ့ကားကို စီးပြီး ကျောင်း အလုပ် သင်တန်း ကျန်းမာရေးကိစ္စသွားနေတဲ့သူတွေ
တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ပါဘူးဗျာ...

ယာဉ်မှ ပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝ ပတ်ဝန်းကျင်
ပျက်စီးစေခြင်း၊

ဒီတချက်ကလည်း တရုတ်ကားအသစ်တွေထက်
JDM ကားတွေမှာ
Engine Exhaust ကထွက်
Carbon monoxide(CO)ကို
စစ်ထုတ်ပေးတဲ့
Catalytic Converter က
Euro Standard မှီပြီး
ကားအင်ဂျင်အလိုက် ၂ လုံးကနေ
၄ လုံးအထိပါတယ်...
ဥပမာ Mark 2 2001 ကားတစ်စီးမှာဆိုရင်
Catalytic Converter ၄ လုံးတောင်ပါတယ်...

‌ဒါလည်း ကညနတိုင်းမှာ
Carbon Monoxide Tester တွေ
ရှိကြတာပဲလေ...
CO Testing လုပ်ကြည့်
မအောင်ရင် နောက်တစ်ခါထပ်ချိန်း
ထပ်ကျရင် အချိန်တစ်ခုသတ်မှတ်ပေးလိုက်
အဲ့တာမှ ကျရင် လိုင်စင်သက်တမ်းမတိုးပေးနဲ့တော့...
ထိုင်းမှာလည်း အဲ့လိုလုပ်နေတာပါ...

စီးပွားကူးသန်းက လူကြီးတွေ
ထိုင်းမှာ မော်တော်ယာဉ်စစ်ဆေးတာနဲ့ ပတ်သက်ပြီး
သွားရောက်လေ့လာအတုယူသင့်တယ်လို့လည်း
နိုင်ငံတော်အတွက် အကြံကောင်းပေးပါရစေဗျာ...

EV ကားတွေသုံးစွဲရင် မီးခိုးမထွက်တာ မှန်ပေမယ့်...
EV Lithium Battery တွေ
စွန့်ပစ်ရင်
ICE ကားထက် သဘာဝပတ်ဝန်းကျင်ကို
ကြာရှည်စွာ ထိခိုက်နိုင်ပါတယ်ဗျာ...

နောက်တစ်ခုက
EV Charging Station တွေ
မြန်မာပြည်မှာ လုံလောက်နေပြီလား မီးအမြဲလာနေလားဆိုတာကို
ရန်ကုန်မြို့တွင်း အမြန်လမ်းတလျောက်
EV Charging Station တွေမှာ
အများပြည်သူ အားလပ်ခရီးသွားရက်
မဟုတ်တာတောင်
EV ကားတစ်စီး တစ်ခါအားသွင်းဖို့
ဘယ်လောက်ကြာအောင်
စောင့်ရလဲ ဆိုတာကို
စီးပွားကူးသန်း တာဝန်ရှိသူများ
သွားရောက်လေ့လာစေချင်ပါတယ်ဗျ...

EV Charging Station တွေမှာ
အိမ်တွေမှာ မီးမလာလို့
မီးစက်နဲ့ နိုးပြီးအားသွင်းရရင်
Catalytic Converter မပါတဲ့
မီးစက်တွေရဲ့ Exhaust က
တိုက်ရိုက်ထွက်လာတဲ့
Carbon Monoxide ဟာ
Catalytic Converter ပါတဲ့
ကားအစီးတစ်ရာထက်
Carbon Monoxide ပိုများပါတယ်...
သဘာဝ ပတ်ဝန်းကျင်ကို
ထိခိုက်စေနိုင်ပါတယ်...

နှစ် ၂၀ အပ်ကားတွေက
စီးပွားကူးသန်းရဲ့ စာထဲက
Flow အရဆိုရင်တော့
မဖြစ်မနေအပ်ရမလား
မအပ်ရမလားဆိုတာကို
အတိအကျမသိရသေးဘူးဖြစ်နေပါတယ်ဗျာ...

မည်သို့ပင် ဆိုစေကာမူ
ပြည်သူလူထု၏ ချွေးနှဲစာများဖြင့်
ကိုယ်ပိုင်ငွေများဖြင့် ဝယ်ယူထားရသော
မော်တော်ယာဉ်များအားလုံးသည်
ကညနမှ ကြံခိုင်မှု့အခြေအနေအရ
ဆက်လက်အသုံးပြုရန်
မသင့်လျော်ဟု
မသတ်မှတ်မချင်း
မိမိဆန္ဒအလျောက်သာ
အပ်ချင်ပါက အပ်
သုံးချင်ပါက ဆက်သုံးသာ
အသင့်တော်ဆုံးသာဖြစ်ပါကြောင်း
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အစိုးရ
တာဝန်ရှိသူလူကြီးမင်းများအား
ရိုသေလေးစားစွာဖြင့်
တင်ပြအပ်ပါတယ်ခင်ဗျာ...

ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)
Copy

1984/1985 မှာအမှားကြီးမှားခဲ့ပြီးပြီး  ယာဉ်အို ယာဉ်ဟောင်း (ဃ /င) ကားများ ဖျက်သိမ်းခြင်း နယ်နှင်ခြင်းများပြုလုပ်ခဲ့သည် အက...
29/05/2026

1984/1985 မှာ
အမှားကြီးမှားခဲ့ပြီးပြီး

ယာဉ်အို ယာဉ်ဟောင်း (ဃ /င) ကားများ ဖျက်သိမ်းခြင်း နယ်နှင်ခြင်းများပြုလုပ်ခဲ့သည် အကျိုးဆက်အနေနှင့် ကမ္ဘာ မှာတန်ဘိုးထားနေကြသည့်ကား အများစုကို ကျွန်တော်တို့မြန်မာပြည်မှာ ကျွန်တော်ကိုယ်တိုင်
ကားတစ်စီးကို ၅၀၀ဝိ/ကျပ်တိတိဖြစ်ဝယ်ယူကာ ကားကိုယ်ထည် နှင့်ကားတံခါးများကို ဇွန်း ခရင် မြေသည်ဒယ်လုပ်သူများကိုရောင်း တန်ဖိုးကြီးမားသည့် အင်ဂျင် ဘလောက်တုံးကြီးများကို သံရည်ကျိုဈေးဖြစ်ထုခွဲ ရောင်းချခဲ့ပါသည်

ဒီလိုနဲ့ တစ်ချိုသောကားပိုင်ရှင်များသည် မိမိပိုင်ကားကို အိမ် ခြံဝန်းထဲမှာ သိမ်းစီးထားကြပါသည်
ဖျက်ရောင်းခြင်း မပြုလုပ်ကြပါ
ထိုသို့ ဖျက်ရောင်းခြင်းမပြုသည့်ကား
များထဲတွင် ဗိုလ်ချုပ်အောင်ဆန်းစီးသော ကားအမျိုးအစားများလဲပါရှိပြီး မြန်မာရုပ်ရှင် လောကတွင်
နာမည်ကြီးခဲ့သော ဦးစံရှား နှင့်
ဦးဒိန်းဒေါင် ရုပ်ရှင်တွင် ပါရှိသော စမုတ်တန်ကားများသည်လည်း
သိမ်းစီးထားကြပါသည် 1995/2009 ခုနှစ်လောက်တွင် ထိုသို့သိမ်းစီးထားသော ကားများကို နိုင်ငံခြားကုန်သည်တွေပြန်လည်ဝယ်ယူ သည့်ဈေးနှုန်းမှာ $20000/$60000 တို့ဖြစ် အရောင်းအဝယ်ဖြစ်သည်ဟုကြားဖူးပါသည်

ထိုကားများသည် ယနေ့တိုင် တန်ဖိုးထားသိမ်းစီးထားသူများလဲရှိသကဲသို့
နိုင်ငံတော် မှလည်း ထိုကားများကို ပြန်လည် ပြုပြင် ပြီးနံပတ်ပြန်ပေးထားကြသည်လဲ ရှိပါသည်
ဒီဘက်ခေတ် ဒီမိုခရေစီ‌ခေတ်ကြီးမှာ
ဟော သမ္မတ ရှိတယ် လွှတ်တော်ဆိုတာရှိတယ် နိုင်ငံတော်ကို အခက်အခဲပေါင်းစံုကနေ စီမှန်ခန့်ခွဲနိုင်တယ့်
သမ္မတ ကြီးရှိတယ် ဒါကြောင်မို့လို့ထင်တယ်
မိမိဆန္ဒဖြင့် မဖြစ်မနေအပ်ရမယ် ဆိုတာမျိုး မဟုတ်ဘူးလေ
မိမိဆန္ဒအရ အပ်ချင်ရင် အပ်လို့ပဲ ပြောတာ
1984/1985 ကလို (ဃ/ င)တွေ ဘာတစ်ခုမှာ အစားမပေးပဲ ဖျက်သိမ်းလိုက်တာမဟုတ်ဘူးလေး အစားသွင်းခွင့်ပေးမယ်ပြီးတော့ နိုင်ငံခြားငွေလည်း ရောင်းပေးအုံးမယ် ဘာလို‌သေးလဲ..... ဗျာ

စိုးသန်း ကန်တော်ရိပ်

ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်မော်တော်ယာဉ်များ ထုတ်လု...
28/05/2026

ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်

မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ယာဉ်အို/ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့်နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Credit

ခြွင်းချက်အနေနဲ့တော့.....အုံနာဘုတ်မိတ္တူကို လက်မခံခြင်းဟာ ကညနဥပဒေကို လက်မခံခြင်း ဖြစ်ပါတယ်ခင်ဗျာ------------------------...
17/05/2026

ခြွင်းချက်အနေနဲ့တော့.....
အုံနာဘုတ်မိတ္တူကို လက်မခံခြင်းဟာ ကညနဥပဒေကို လက်မခံခြင်း ဖြစ်ပါတယ်ခင်ဗျာ
-------------------------------------------------------
အထက်ပါစာသားသည် ကညန နှင့်
တရားရုံးကို ရန်တိုက်ပေးချင်သာဖြစ်ပါသည် ကျွန်တော့ လက်တွေ ဘဝမှာက အုံနာဘုတ် မိတ္တူဖြစ် ကားတစီးဝယ်ပြီး ပြန်ရောင်းရန်facebook car groupမှကြော်ငြာတင်လိုက်ပါသည် ထိုကြော်ငြာတင်ပြီးတစ်နာရီလောက်အကြာတွင် ဒုရဲအုပ်ဆိုသူဖုန်းဆက်လာပါသည် ရဲအုပ်အမည်နှင့် စခန်းအမည် မြို့နယ်တို့ကိုတော့ အမည်ထည့်မရေးတော့ပါနိုင်ငံရေးတွေပါနေမှာစိုးလိုပါ
ဖုန်ဆက်လာသည်မှာ ကားဝယ်ချင်လို့ အခုချက်ချင်းကားလာပြပေးပါ ဒီလိုကားမျိုးရှာနေတာကြာပြီး ဒီအရောင်ပဲကြိုက်လို အခုလာပြပေးပါ
ဘယ်ရမလဲ ကျွန်တော့ကလည်း
ခက်ချေချေပဲ လာမပြနိုင်ပါ လာကြည့်ပါ
ဒုရဲအုပ်သည်လည်း လာကြည့်မှာပါ ဘယ်မှာကြည့်ရမှာလဲ ဘူတာကြီးနာလာကြည့် okအခုလာပြီး
ရန်ကုန်ဘူတာကြီး နားကိုကျွန်တော်ကားမောင်းပြီးရောက်တော့ ကားကြည်မည်သူတွေက ကြိုတောင်ရောက်နေကြပြီး ကျွန်တော်ကတော့စိတ်ထဲက
ကြိပ်ပျော်နေတာပေါ့ ကျွန်တော်ကားပေါကဆင်းပြီးတာနဲ့ ဒုရဲအုပ်ဆိုသူက
ကား‌ရောလူပါ စခန်လိုက်ခဲ့ပါတယ့်
အဲတော့မှ သိတယ် အုံနာဘုတ်မူရင်းရှိသူက ရဲစခန်းမှာအမှူ့လာဖွင့်ထားတာ
ပထမ ယာဉ်ပိုင်ရှင်က ကားကိုအပေါင်ထားတာ ကားစာအုပ်တော့ အပေါင်ခံသူကိုမပေးထားဘူး ကားကိုအပေါင်ခံသူက
ကားစာအုပ်ကို မိတ္တူ ထုပ်ပြီး
ကားကိုပြန်ရောင်း လို့ကျွန်တော့ဝယ်လာတာလေး အထက်ပါ စာစုလို
မိတ္တူထုပ်ပေးပြီးရင် မူရင်းသည် အလိုလို ပယ်ပျက်ပါသည် ဒါ‌ပေမယ့် ဒါတွေသည်စခန်းရောက်မှတောင်ရှင်းရတာမဟုတ်ဘူး တရားရုံးရောက်မှရှင်းရတာလေ ကားတော့ပြန်ရတယ် 6လလောက်‌တော့ကြာသွားပါတယ် ပေါ့ ငွေလည်း သိန်းရာကျော်ထက်ကုန်သွား ပါတယ်
အခုလိုဖြစ်တော့ ဘယ်သူမှ တာဝန်မယူဘူး တရားစွဲတာကားဝယ်သူကိုစွဲတာတော့မဟုတ်ဘူး ကားပိုင်ရှင် ကားကိုပေါင်လိုက်တယ့်သူ အပေါင်ခံထားတယ့်သူကိုတရားစွဲတာ ကြားကကားဝယ်ထားသူလက်ဝယ်ရှိသူက တရားခံပစ္စည်းအသိမ်းခံရပါသည်

စိုးသန်းကန်တော်ရိပ်

Probox GG - 3072(KYN - 4)မင်္ဂလာတောင်ညွန့်က လူတွေအားလုံး သတိထားလို့ရအောင်တင်လိုက်ရခြင်းပါရှင့်။ 11/5/2026 ညဘက် 8နာရီခွဲဝ...
11/05/2026

Probox GG - 3072(KYN - 4)
မင်္ဂလာတောင်ညွန့်က လူတွေအားလုံး သတိထားလို့ရအောင်တင်လိုက်ရခြင်းပါရှင့်။ 11/5/2026 ညဘက် 8နာရီခွဲဝန်းကျင်က 127 လမ်းထဲမှာ ကျွန်မနဲ့ကျွန်မ‌‌ေမာင်နဲ့ အိမ်ပြန်နေတဲ့အချိန် probox ခဲရောင်ကားတစ်စီးကအနောက်ကနေ ရောက်လာပြီး ကားခေါင်းခန်းထဲမှာ ထိုင်နေတဲ့အသားမဲမဲ နှုမ်းခမ်းမွှေးနဲ့ လူ(driver မဟုတ်ပါဘူးနော် ဒီဘက်အခြမ်းမှာထိုင်တဲ့လူပါ ဒါပေမဲ့ driver လဲ အလိုတူအလို ပါပါဘဲ ဝိုင်းရယ်နေပါတယ်)က ကျွန်မရဲ့တင်ပါးကို လှမ်းရိုက်ပါတယ်။ကျွန်မမောင်က ဟေ့လူ ဘာလုပ်တာလဲဆိုပြီးအော်တော့ ကျွန်မမောင်ကိုလည်း မအေလိုး ကိုမေကိုလိုးဆိုပြီး ဖင်ချလိုက်မယ် ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ဆဲသွားပါတယ်။ဒီ group ထဲကလူတွေလည်း အဲ့ကားကို ငှားစီးမယ်ဆို မိန်းမသားတစ်ယောက်ထဲဆို ငှားမစီးပါနဲ့ အဲ့လို နှမချင်းကိုယ်ချင်းမစာတဲ့သူတွေက ဘယ်လိုမိန်းကလေးဘဲဖြစ်ဖြစ် ရှောင်မှာမဟုတ်ပါဘူး။
ကားနံပါတ်က GG - 3072 (KYN - 4) ကားအမျိုးအစားက probox ခဲရောင်ပါရှင့်။ အဲ့အချိန်က တအားပူထူပြီး လူတွေဝိုင်းကြည့်နေတော့ တော်တော်လေး ရှက်နေလို့ ကားပုံကို ဓာတ်ပုံမရိုက်လိုက်ရပါဘူး။ ဒီ group ထဲကအကို၊အမ‌တွေက ကျွန်မကို ကိုယ့်ညီမလို သဘောထားပြီး အဲ့ကားရဲ့ လိပ်စာသိရင်ပေးကြပါဦးရှင့်။ ကျွန်မ မိဘတွေက သက်ဆိုင်ရာကနေ အမှုဖွင့်ချင်လို့ပါရှင့်။ ရှက်လွန်းလို့ ငိုထားတာ မျက်ရိုးတွေပါ ကိုက်နေပါပြီရှင့်။
ဒီပို့စ်ကို အများသိအောင် ဝိုင်းပြီး share ပေးကြပါဦးရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ကညန မှာ ကြိုတင်ပြင်ဆင်ခွင့်မတင်ပဲ ကားပြင်မိလို့ အခန့်မသင့်ရင် ကားသိမ်းခံရမယ်ဆိုပြီးပြောပြောနေကြတာကြားမိတယ်တကယ်တော့ မိမိ၏...
07/05/2026

ကညန မှာ ကြိုတင်ပြင်ဆင်ခွင့်မတင်ပဲ ကားပြင်မိလို့
အခန့်မသင့်ရင် ကားသိမ်းခံရမယ်ဆိုပြီးပြောပြောနေကြတာကြားမိတယ်

တကယ်တော့ မိမိ၏ကားထိခိုက်မိတဲ့အစိတ်အပိုင်းများ ပြုပြင်ခြင်းကို
ကြိုတင်ပြင်ဆင်ခွင့်မတင်ထားမိရုံနဲ့ ကားသိမ်းနိုင်တဲ့ ဥပဒေပြပါဋ္ဌါန်းထားတာမျိုးကတော့ လုံးဝမရှိပါဘူး

မိမိကိုယ်တိုင်ကသာဖေါက်စွပ်လုပ်ပြီးအလုံးမချိန်းထားခဲ့ရင် ကားသိမ်းလို့လဲမရပါဘူး

Road safety ကို မထိခိုက်တဲ့ပြုပြင်ခြင်းမျိုးကိုတော့ ကညန အနေနဲ့ ခွင့်ကို ခွင့်ပြုရမှာပါ

Welding ရာပါတိုင်းလဲ ကားသိမ်းလို့မရပါဘူး

ကြိုတင်အသိမပေးပဲပြင်ဆင်ခြင်းပြုခဲ့မိတဲ့ အတွက်ကြောင့် ဒဏ်ကြေးအနေနဲ့ သောင်းဂဏန်းမျိုးလောက်ဆောင်သာရနိုင်သလို

အများဆုံး အနေနဲ့ကတော့ W/ လောက်ရိုက်ပေးလိုက်တာမျိုးလောက်ပဲလုပ်လို့ရတာပါ( အသိပေးပြီးမှပြုပြင်ရင်တော့ ဒဏ်ကြေးသက်သာပါတယ်သိသလောက်တော့ ထောင်ဂဏန်းလောက်သာကျသင့်မယ်ထင်ပါတယ် )

ဒီလိုမှမဟုတ်ပဲ
ချက်စီ (ဘောင်နံပါတ်) ဖေါက်ထည့်ပြီး အလုံးချိန်းပြုပြင်ထားတာမျိုးကတော့ အပြီးအသိမ်းခံရနိုင်သလို အမှုဖွင့်တရားစွဲခံရတဲ့အထိလည်းဖြစ်နိုင်ပါတယ်

လက်ရှိ ကညန မှာဖြစ်နေတာတွေက အောက်ခြေက ယာဉ်စစ်အင်ဂျင်နီယာတွေအနေနဲ့ တာဝန်ယူ တာဝန်ခံနိုင်မှုအားနည်းနေတာကိုတွေ့နေရပါတယ်

ယာဉ်တစ်စီး ဖေါက်စွပ်ဖြတ်ဆက် လုပ်ထားတာ မဟုတ်မှန်းလဲသူတို့သိတယ်
ပြန်လည်ပြုပြင်ထားတာမှန်း အစိတ်အပိုင်းတချို့တစ်လေပဲ လဲ ထားတာမှန်း သိပါတယ်

ဒါပေမယ့် အဲ့ဒါကို အောက်ခြေယာဉ်စစ် အင်/ယာ နဲ့ တင်ခွင့်ပြုပေးလိုက်လို့ မရကြပါဘူး သူတို့အနေနဲ့လဲ သိသိနဲ့ တာဝန်ခံပြီး ခွင့်မပြုပေးရဲကြပါဘူး

ဒီလိုပဲ အဆင့်ဆင့်တင်ပြနေကြရတော့ ပြည်သူလူထုကိုပဲ ဒုက္ခပေးသလို ဖြစ်မှန်းမသိဖြစ်နေကြတာပါပဲ

ယခင်ခေတ် ကတည်းက အောက်ခြေမှာမသမာမှုတွေနဲ့အဆင်ပြေသလို ဖြေရှင်းခဲ့ကြတော့ အထက်လူကြီးတွေက အောက်ကို မယုံမ ကြည် ဖြစ်ကြ

ဒီတော့ ယာဉ်လာစစ်တဲ့ကားတစ်စီးစီးတစ်ခုခုလွဲတာနဲ့ အထက်ကိုတင်ခိုင်း

အဲ့ဒီတော့ ဒီလိုပဲ ဘာမဟုတ်တဲ့ကိစ္စမျိုးလေးတွေနဲ့ ကြန့်ကြာပြီးတိုင်ပတ်ကြတာ ပြည်သူတွေပဲ

အမှန်ကတော့ ယာဉ်စစ်တဲ့နေရာကကျွမ်းကျင်ဝန်ထမ်း တွေက မှန်တယ်မှားတယ်ကို သူတို့မှာ စစ်ဆေးစရာအချက်အလက်တွေအများကြီးရှိပါတယ်

သူတို့ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ် လုပ်ပိုင်ခွင့်မပေးတော့ အချိန်တွေကုန် အလုပ်တွေထပ်ကုန်ကြရတာပေါ့

ကညန အနေနဲ့တချို့ကြေငြာချက်တွေကို ရုံးတွင်းမှာပဲ ကပ်ပြီးအသိပေးနေရုံနဲ့မရပါဘူး Public ကိုများများသိစေချင်တဲ့ကြေငြာချက်မျိုးကို

အများသိနိုင်တဲ့နည်းနဲ့ကြေငြာသင့်တာပါ တချို့ကြေငြာချက်တွေက ရုံးသွားမှကို တဆင့်စကားနဲ့တဆင့်သိရတာများပါတယ်

ဥပမာ တိုက်မိခိုက်မိထားတဲ့ ယာဉ်ကြိုတင်ပြင်ဆင်ခွင့်တောင်းတာမျိုးကို ရုံးယူလာလို့ရတဲ့ကားမျိုး ရုံးတွင်စစ်ဆေးပေးသလို

ယူလာလို့မရနိုင်ခက်ခဲတဲ့ကားမျိုးကို စတင်လျှောက်ကတည်းက သယ်ယူရန်ခက်ခဲသည့်အတွက် ကညန ကဝန်ထမ်းတွေကို ကားရှိရာ ခေါ်စစ်ဆေးခိုင်းလို့ရပါတယ်

ပြည်သူတွေမှာ ဒါမျိုးတွေမသိရှိ လို့ ကရိန်းနဲ့သယ် ကားပေါ်တင် ယာဉ်သွားစစ်ရတဲ့အတွက် အပိုကုန်ကျငွေက မနည်းပါဘူး ဒါမျိုးကိစ္စတွေရေးစရာအများကြီးပါ

ဒါကြောင့် အများပြည်သူသိသင့်တဲ့အချက်မျိုးတွေကို Public သိအောင် တခြားနည်းတွေနဲ့လဲ ကြေငြာပေးသင့်တာပါ

ကညန အနေနဲ့ကလဲ အခြား နိုင်ငံ က ယာဉ်စစ်ဆေးတဲ့ပညာရှင်တွေတစ်ယောက်ကိုတစ်နေ့ မှ အစီးရေ လေးငါးဆယ်လောက် သာစစ်ဆေးနိုင်တဲ့အလုပ်မျိုးကို

မြန်မာနိုင်ငံက ယာဉ်စစ်ဆေးတဲ့ပညာရှင်တွေအနေနဲ့ အစီးရေ ရာကျော်စစ်ဆေးနေရတာပါ

ဝန်ထမ်းအင်အားနဲ့ ကားအစီးရေမမျှတပေမယ့် ပြည်သူတွေအပေါ် အဆင်ပြေနိုင်တဲ့နည်းလမ်းမျိုးကိုလဲ စဉ်းစားထားပေးသင့်ပါသည်
Copy

၂-၅-၂၀၂၆ ရက်နေ့ ၀၁:၁၀ နာရီခန့်တွင် ယာဉ်မောင်းပါ ကျား(၁၂)ဦး၊ မ (၁၀)ဦးလိုက်ပါလာသောYGN-44/ 9M-3974 Scania  ရွှေမန္တလေးခရီးသ...
03/05/2026

၂-၅-၂၀၂၆ ရက်နေ့ ၀၁:၁၀ နာရီခန့်တွင် ယာဉ်မောင်းပါ ကျား(၁၂)ဦး၊ မ (၁၀)ဦးလိုက်ပါလာသောYGN-44/ 9M-3974 Scania ရွှေမန္တလေးခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ နေပြည်တော်(အသွားလမ်း)အတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၁၃၆/၅-၆)ကြားအရောက်တွင် လမ်းလယ်ကျွန်းကိုဖြတ်၍ အနောက်မှအရှေ့သို့ ဖြတ်ကူးလာသော ကျွဲလှည်းအားဝင်ရောက်တိုက်မိခဲ့ပါသည်။ ယာဥ်တိုက်မှု​ကြောင့်ကျွဲနှစ်‌‌ ကောင် သေဆုံး၍ လှည်းမောင်းနှင်သူမှာထိခိုက်ဒဏ်ရာရရှိခဲ့‌သော်လည်း ခရီးသည်တင်ယာဥ်‌ ပေါ်ပါ ခရီးသည်များမှာ ထိခိုက်မှုမရှိ‌ကြောင်း သိရပါသည်။အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင်လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ ကျွဲ/နွားလှည်းများမှာသွားလာ ခွင့်မရှိကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါ လူ/ယာဉ်/လှည်းများကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူသာအရေးယူခံရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့

ဖတ်မိတာလေးပါ။နှစ် (၂၀) ပြည့် Model နိမ့်ကားတွေကို "မအပ်မနေရ"ဆိုရင် ကားဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်သွားမယ့် "Shock" တစ်...
01/05/2026

ဖတ်မိတာလေးပါ။
နှစ် (၂၀) ပြည့် Model နိမ့်ကားတွေကို "မအပ်မနေရ"ဆိုရင် ကားဈေးကွက်ကို အကြီးအကျယ် ရိုက်ခတ်သွားမယ့် "Shock" တစ်ခု ဖြစ်လာပါလိမ့်မယ်။
မအပ်မနေရဆိုရင် လူတိုင်း စလစ်ရဖို့ ကားအိုတွေကို လိုက်ဝယ်ကြပါလိမ့်မယ်။ ဝယ်လိုအား ရုတ်တရက် မြင့်တက်လာတဲ့အတွက် စလစ်ဈေးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်ပါတယ်။
အပ်ရမယ့် ၂၀၀၀ အောက် Model ကားတွေဟာ ကားအဖြစ် တန်ဖိုးမရှိတော့ဘဲ "စလစ်ရမယ့် လက်မှတ်" အဖြစ် တန်ဖိုးတက်လာပါမယ်။ ကားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ စလစ်တန်ဖိုးအတိုင်း ဈေးကပ်သွားပါလိမ့်မယ်။
အပ်စာရင်းထဲ မပါသေးတဲ့ကားများအတွက် "အန္တရာယ်ကင်းတဲ့ကား" ဆိုပြီး ဝယ်လိုအား အလွန်တက်လာကာ ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားနိုင်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ ၂၀၀၀ အောက်ကားတွေကို တစ်ပြိုင်နက်အပ်ခိုင်းပြီး စလစ်တွေအများကြီး ထွက်လာရင် ကားသစ်သွင်းဖို့ ဒေါ်လာလိုအပ်ချက် အရမ်းများလာပါမယ်။ အဲဒီအခါ ဒေါ်
လာဈေးထပ်တက်ပြီး ကားဈေးနှုန်းတွေပါ လိုက်တက်တဲ့ သံသရာ ဖြစ်သွားနိုင်ပါတယ်။
လက်ရှိအခြေအနေအရ "မအပ်မနေရ" မူဝါဒကို ကျင့်သုံးဖို့ အလွန်ခဲယဉ်းသလို၊ ဖြစ်နိုင်ခြေလည်း နည်းပါသေးတယ် ။ အကြောင်းရင်းတွေကတော့ -
မြန်မာပြည်မှာ ၂၀၀၀ အောက် Model ကားတွေကို အခြေခံလူတန်း
စားနဲ့ ကုန်စည်ပို့ဆောင်ရေးမှာ အများဆုံး သုံးနေရတာပါ။ ဒါတွေကို အတင်းအဓမ္မ အပ်ခိုင်းရင် လူထုအပေါ် ဝန်ထုပ်ဝန်ပိုး အကြီးအကျယ် ဖြစ်စေနိုင်ပါတယ်။
ကားဟောင်းတွေ အမြောက်အမြား အပ်နှံလာတဲ့အခါ အဲဒီသံတိုသံစ တွေကို စနစ်တကျ စီမံခန့်ခွဲမယ့် စက်ရုံတွေနဲ့ နေရာတွေ လုံလောက်မှု ရှိ/မရှိ
စဥ်းစားနိုင်ပါတယ်။
လူတိုင်းကို စလစ်ထုတ်ပေးပြီး ကားသစ်သွင်းခွင့်ပေးလိုက်ရင် နိုင်ငံခြားငွေ အပြင်ကို အလုံးအရင်းနဲ့ စီးထွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံခြားငွေ ထိန်းချုပ်နေရတဲ့ အခြေ အနေမှာ ဒါဟာ အစိုးရအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါလိမ့်မယ်။
"မအပ်မနေရ"ထက် "အခြားနည်းလမ်းတစ်ခုကိုစဥ်းစားပြီး အပ်ခိုင်းခြင်း"ကိုပဲ အရင်ကလို ဆက်သုံးဖို့ များမယ်ထင်ပါတယ်။
မအပ်မနေရ လုပ်ခဲ့ရင် ကားဈေးကျဖို့ထက် စလစ်ဈေးကြောင့် ကားဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး ပိုတက်လာဖို့ပဲ ရှိပါတယ်။ အထူးသဖြင့် Model မြင့်ကားဈေးတွေနဲ့ စလစ်ဈေးတွေဟာ စံချိန်တင် မြင့်တက်သွားနိုင်ပါတယ်လို့ထင်ပါတယ်။
Copy

Address

Mingalar Taung Naunt Tw
Yangon
121

Telephone

09976225979

Website

Alerts

Be the first to know and let us send you an email when Yangon Car News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share