20/10/2026
Ye Nadi Showroom (1) ရေကျော်
ရဲနဒီရေကျော် - အမှတ် (၅၀/၅၂)၊
ဗိုလ်ချုပ်အောင်ဆန်းလမ်
း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို။
Ye Nadi Showroom (2) သာကေတ
ရဲနဒီသာကတေ - အမှတ် ၂၉၆ C1/C2 ဧရာဝဏ်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းဒေါင့်
၊သာကေတ၂၉၆ I မြို့နယ်၊ ရန်ကုန်မြို့။
Hotline no:
09-777200645
09-777200562
အင်ဂျင် Overheat မဖြစ်အောင် ဘာတွေ ကြိုတင်စစ်ဆေးထားသင့်လဲ?
ကားမောင်းနေစဉ် အင်ဂျင် အပူချိန်လွန်ကဲပြီး Overheat ဖြစ်လာတာက ကားရဲ့ Performance ကို ထိခိုက်စေနိုင်သလို၊ အင်ဂျင်အစိတ်အပိုင်းတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် အင်ဂျင် Overheat မဖြစ်အောင် အောက်ပါအချက်တွေကို ကြိုတင်စစ်ဆေးထားဖို့ အရေးကြီးပါတယ်။
🔹Coolant Level
အင်ဂျင်အအေးခံအရည် (Coolant) ကို သတ်မှတ်ထားသည့် Level မှာ ရှိ/မရှိ သေချာစွာ စစ်ဆေးပါ။
🔹Coolant Condition
Coolant ဟောင်းနွမ်းမှုအခြေနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်ပါ။
🔹Radiator and Leakage
ရေတိုင်ကီ (Radiator) ထိခိုက်ပျက်စီးမှု၊ အင်ဂျင်နှင့်ချိတ်ဆက်ထားသည့် Hoses ပိုက်တွေနဲ့ Cooling System အစိတ်အပိုင်းတွေမှာ Coolant ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပါ။
🔹 Radiator Cap
ရေတိုင်ကီအဖုံး တပ်ဆင်ထားသည့်အခြေအနေနှင့် ပျက်စီးမှုအခြေအနေကို စစ်ဆေးပါ။
(သတိပြုရန် - ဘေးအန္တရာယ်မဖြစ်ပွားစေရန် အင်ဂျင်ပူနေသည့်အချိန်တွင် ရေတိုင်ကီအဖုံးကို မဖွင့်ပါနှင့်။)
🔹 Radiator Fan
Cooling Fan ပုံမှန်အလုပ်လုပ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးပေးပါ။
🔹 Engine Oil and Level
Engine oil အခြေနေနဲ့ သတ်မှတ်ထားသည့် level တွင် ရှိ/မရှိကိုလည်း တိကျမှန်ကန်စွာ စစ်ဆေးပါ။
🔹 Temperature Gauge/ Warning light
ကားဒိုင်ခွက်ရှိ Temperature Gauge တွင် အင်ဂျင်အပူချိန် ပုံမှန်ထက်မြင့်တက်လာခြင်း သို့မဟုတ် Overheat သတိပေးအချက်ပြမီး ပေါ်လာပါက မပေါ့ဆပါနဲ့။
အင်ဂျင် Overheat ဖြစ်ပွားသည့်အခါမှ ဖြေရှင်းတာထက် ကြိုတင်စစ်ဆေးထားခြင်းက ပိုမိုကောင်းမွန်ပြီး၊ ကြီးမားသည့် ပြုပြင်မှုစရိတ်တွေကိုပါ ကာကွယ်နိုင်မှာဖြစ်လို့ လူကြီးမင်းတို့ ကားရဲ့ Maintenance နဲ့ ပတ်သက်ပြီး နီးစပ်ရာ SUZUKI Authorized Service Center တွေမှာ စစ်ဆေးပြုပြင်နိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer