Snow Beauty Auto Services Co., Ltd.

Snow Beauty Auto Services Co., Ltd. We can surely give the best and flexible service that you need from us. Feel free to learn our logistic services for automobile. Thank you.

03/10/2020

ကိုဗစ်ကို ဘယ်လို ဖြတ်သန်း ကြမလဲ?

ကိုဗစ် သည် ဖြစ်ကြောင်းရယ်ကဖြင့် ရှည်လာပြီ၊ စည်းကမ်းမလိုက်နာ၊ ကိုယ်ချင်းစာ တရား မရှိသူများ ကြောင့် ကိုဗစ် ရန်ကုန် ၌ ပြန့်ရသည်၊ မသေသင့်သူ များ သေဆုံးကုန်သည်၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်း များ၊ လူမှုရေး ဝန်ထမ်းများ မနိုင်ဝန်ထမ်းဆောင် ကြ ရတော့သည်၊ လေးစားစရာ စိတ်ဓါတ်များပင် ဖြစ်သည်။

တနေ့လုပ် မှ တနေ့စား များ များစွာ အတိ ဒုက္ခ ရောက်ရသည်၊ ကုမ္ပဏီ ပိုင်ရှင်များ လည်း ဝန်ထမ်း လစာအတွက် တွေးတောပူပင် လာကြသည်၊ အမှန်က ဘယ်လို ဖြတ်သန်း ရမည်နည်း ဆို တဲ့ New Normal ကို လည်း မသိ ကြတာမဟုတ်၊ လူတိုင်း အသိစိတ်မြင့်မား စွာ ဖြင့် အလွယ်တကူ ကျော်ဖြတ် နိင် သည် ကို မခက် ခက်အောင်လုပ် ကြသည်၊ ယုတ်စွ အဆုံး မိမိ အိမ်ရှိ ရောဂါအခံ ရှိသူ၊ သက်ကြီး ရွယ်အို များ ကို ပင် ထည့်မတွက် ကြ၊ ဘယ်သူ သေသေ ငတေမာ လျှင် ပြီး ရောလူမျိုးများ ထုနဲ့ ထေး ရှိသည်ကိုတော့ အလွန် တရာ အံ့ဩမိသည်။

ကိုဗစ် ကို အနိုင်တိုက် နည်း မရှိသည် လည်း မဟုတ်၊ ရှိသည်၊ တရုတ်၊ ဗီယင်နမ် အစရှိသော နိုင်ငံ များ က သက်သေခံ နေသည်၊ quarantine, isolation, contact tracing, testing ကို အမြင့်မားဆုံး အခြေအနေတခု အထိ လုပ်ဆောင်မည်၊ နိုင်ငံသူ နိုင်ငံသား များ က Mask တပ်၊ လက်ဆေး၊ social distancing အစရှိ သော ကိုဗစ် စည်းကမ်း များကို မြေဝယ်မကျ လိုက်နာလျှင် ဘယ်လို သော အကြောင်း ကြောင့် မှ ဖြစ်ကြောင်း ရယ်ရှည် စရာမရှိ၊ ဟုတ်ရဲ့လားလို့ စောဒက တက်လာပါ က အဆို ပါ နိုင်ငံ များ၏ လုပ်ပုံ ကိုင်ပုံ များ ကို ပြန်လည် လေ့လာသင့်ပါသည်။

ယခု လည်း အချိန်မနှောင်း သေးပေ၊ stay at home ကာလ တွင် ချမှတ်ထားသော စည်းကမ်းစည်းမျဉ်း များ ကို တိတိကျကျ လိုက်နာ သင့် သည်၊ အထူး သဖြင့် ဆီးချို၊ သွေးတိုး အစရှိသည့် ရောဂါအခံ ရှိသူများ၊ အသက် ၆၀ နှင့် အထက် ရှိသူများ သေနှုန်းမြင့်မား၍ အထူးသတိ ထားသင့်သည်၊ ထို ကဲ့သို့သော လူများ အိမ်ထဲ မှ အိမ်ပြင် မထွက်သင့်ပေ၊ သေရေးရှင်ရေး သမျှ အရေးကြီး မှ သာထွက်သင့်သည်၊ ထွက်မည် ဆို လည်း သတ်မှတ်ထားသော ကိုဗစ် စည်းကမ်း ချက် ကို တိတိကျကျ လိုက်နာရမည်၊ မိမိ၏ မိသားစု ဝင် များ ထဲတွင် သက်ကြီးရွယ်အို များလည်းရှိသည်၊ ရောဂါအခံ ရှိ သူများ ရှိသည်၊ အဆိုပါ မိသားစု မှ တယောက်ယောက် သည်၊ မဖြစ်မနေ အပြင်ထွက်နေသည်ဆိုပါက အပြင်ထွက်သောသူသည် မိမိ ကိုယ် မိမိ အထူး ဂရုစိုက်ရမည် ဖြစ်သည်၊ အပြင် မှ ပြန်လာလျှင် ပြန်လာချင်း မိမိ ၏ အဝတ်အစားများ ကို လျှော်ဖွတ် ရန် ဆပ်ပြာရေ စိမ်သင့်သည်၊ နောက်မှ လျှော်ဖွတ်မည်၊ မိမိ ကိုယ်တိုင်လည်း တကိုယ်လုံး ဆပ်ပြာ များများ သုံးကာ ရေချိုး သန့်စင်ရမည်၊ ခေါင်းပါလျှော််သင့်သည်၊ အပြင်က ပြန်လာပြီး၊ ရေချိုး ပြီး သည့် အခါ ရေနွေး ပူပူ တခွက်သောက်သင့်သည်၊ ရေနွေးပူပူ ဖြင့် လည်ချောင်း ထိ အာလုတ်ကျင်းသင့်သည်၊ ရေနွေးငွေ့ ရှုသင့်သည်။

ကုသနည်း တိတိကျကျမရှိသေး၊ ကာကွယ်ဆေး လည်း မပေါ်သေးသော ကိုဗစ် အတွက် မိမိ ၏ ကိုယ်ခံအားသည်သာ အားကိုးဖွယ်ဖြစ်သည်၊ ကိုယ်ခံအား ကောင်းအောင် ကြက်ဥ၊ ပဲ အမျိုးမျိုး၊ အသား၊ ဟင်သီးဟင်းရွက်၊ အသီးအနှံ အမျိုးမျိုး စားပေးသင့်သည်၊ WHO အရတော့ Vit C , Vit D, နှင့် Zinc တို့သည် ကိုယ်ခံ အားကောင်းစေသည်၊ ကိုယ်ခံ အားကို မြင့်တင်ပေးသည်၊ အကယ်၍ ရောဂါဖြစ် သည် ရှိအုံး၊ ပြင်းပြင်းထန်ထန် မဖြစ်နိုင် သော research data များရှိသည်။

အချုပ် ဆို ရသော် ကိုဗစ် သည် plan ကောင်းကောင်း ရှိဖို့လိုအပ်ပါတယ်၊ management ကောင်းဖို့ လိုအပ်ပါတယ်၊ ကြိုတင်ပြင်ဆင်မှု ကောင်းဖို့ လိုအပ်ပါတယ်၊ တဦးကောင်းတယောက် ကောင်း hero လုပ်လို့ မရပါဘူး၊ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊ law enforcement လည်း လိုအပ်ပါကြောင်း။

28/01/2020

ကား သက်တမ်းတိုးဆောင်ရွက်မည့် မိတ်ဆွေများအခက်မတွေ့စေရန်အတွက်.....

Online Booking နဲ့ကားလိုင်စင်သက်တမ်းတိုး

အနည်းဆုံး ၃ ရက်ကြိုတင်ပြီး booking ယူရပါတယ်။ booking ယူလို့အဆင်ပြေသွားပြီဆိုရင် Appointment letter လေးကို print ထုတ်ပြီး ယူသွားရပါတယ် မှတ်ပုံတင်မိတ္တူ တစ်စောင် လိုအပ်ပါတယ်။



မြန်မာ့အာမခံမှာ ပရီမီယံကြေးဆောင်ပါ (သို့) သက်ဆိုင်ရာ ကညနရုံး (မြင်သာ ၊ အင်းစိန်) တို့မှာ ဆောင်လို့ရပါတယ်။ မိမိ booking ပြုလုပ်ထားတဲ့ မနက်ပိုင်း (သို့) ညနေပိုင်းမှာ ကညနရုံးကို သွားပါ။



၁- ကားတန်းစီပါ။



၂- သက်တမ်းတိုးပုံစံစာရွက်ရယူဖို့


ယာဉ်မှတ်ပုံတင်စာအုပ်+ appointment letter + မှတ်ပုံတင်မိတ္တူ တို့ကို ပြပါ။ ပုံစံစာရွက် ရပြီဆိုလျှင် ကားစစ်ဆေးလို့ရပါပြီ။



၃- ယာဉ်+စက် ခဲခြစ်ပြီးရင် ကားမှန်မှာ Vehicle Inspection စတစ်ကာလေး ကပ်ပေးပါလိမ့်မယ်။



၎- စစ်ဆေးခံပြီးရင် ဓါတ်ပုံရိုက်ဖို့ နေရာကိုသွားပြီး ကားကို ဓါတ်ပုံရိုက်ပါ ဓါတ်ပုံရိုက်တဲ့အတွက် ၅၀၀ ကျပ် ဆောင်ပေးရပါတယ်။ အဲ့ဒါတွေ ပြီးသွားရင်တော့ ကားကို တစ်နေရာရာမှာ သွားရပ်ထားလိုက်လို့ ရပါပြီ။



၅- စစ်ဆေးခံထားပြီးတဲ့ စာရွက်တွေကို AE လက်မှတ်ထိုးပါ ပြီးလျှင် စည်ပင် ဘီခွန်း ပေးသွင်ပါ။ ပေးသွင်ပြီးစာရွက်စာတမ် နှင့် တကွ ဝိတ်တက်တွင်အမည်ပါ မှတ်ပုံတင်မူရင် နှင့် တကွ စစ်ဆေးပြီစာရွက်စာတမ်း များအာလုံး အရာရှိထံ သိုစစ်ဆေးလက်မှတ်ထိုးပြီး အက္ခရာစိတ်တွင် ငွေတွက်ပါ။ပြီးလျှင် ငွေသွင်းပြီး စလစ်နှင့်တကွ မိမိငွေတွက်ခဲ့သည် အက္ခရာစိတ်တွင် ပြန်လည်အပ်နှံရမည်။ သက်မှတ်သည့်အချိန်ကို ငွေသွင်းစလစ် တွင်ရေပေးလိုက်ပါသည်။

စလစ်တွင်ဖော်ပြပါ အချိန်စောင့်ပြီ
ရင်တော့ ယာဉ်မှတ်ပုံတင်စာအုပ်နဲ့ wheel tax ရပါပြီ။

မှတ်ချက်။ ရန်ကုန်နှင့်မန္တလေး၌သာ booking ရှိပါသည်။

Yangon Car Driver's Licence Services
Contacts-09;450840505

13/01/2020
03/01/2020

ကားအရောင်းစင်တာများအတွက် လအလိုက်တင်သွင်းခွင့်ပေးမည့် ကားအစီးရေကို ယမန်နှစ်အတိုင်း ခွင့်ပြုပေးမည်
ရန်ကုန်၊ ဇန်နဝါရီ
ကားအရောင်းစင်တာများအတွက် လအလိုက်တင်သွင်းခွင့်ပေးမည့် ကားအစီးရေကို ၂ဝ၁၉ ခုနှစ်အတိုင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကားအရောင်းစင်တာများကို ယခုနှစ်တွင်လည်း ဖရီးပါမစ်ဖြင့် ကားအစီးရေငါးဆယ်၊ ယာဉ်အို/ ဟောင်းစလစ်ကပ်ဖြင့် အစီးရေတစ်ရာ ခွင့်ပြုပေးမည်ဖြစ်သည်။ တင်သွင်းထားသည့်ကားများထဲမှ ရောင်းထွက်သွားသည့်ကားများအတွက်သာ အသစ်ထပ်မံတင်သွင်း ခွင့်ပေးမည်ဖြစ်သည်။

‘‘ကားအရောင်းစင်တာတွေကို အရင်နှစ်ကလိုပဲ ဖရီးပါမစ် ငါးဆယ်၊ ယာဉ်အို/ဟောင်းအစီး တစ်ရာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်၊ တင်သွင်းထားတဲ့အထဲက ရောင်းထွက်သွားတဲ့ကားအရေအတွက်ကို အသစ် ထပ်မံတင်သွင်းခွင့်ပေးမှာ ဖြစ်ပါတယ်၊ မိုဒယ်သတ်မှတ်ချက် ကြောင့် တင်သွင်းမှုအစီးရေ ဖောင်းပွ မှုမရှိနိုင်တဲ့အတွက် အရင်နှစ်က လိုပဲ ခွင့်ပြုပေးတာ ဖြစ်ပါတယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကားအရောင်းစင်တာများ ကားတင်သွင်းခွင့်အတွက် ကန့်သတ်ခြင်းကို ၂ဝ၁၆ ခုနှစ်ကဆောင် ရွက်ခဲ့ပြီး ထိုအချိန်က ယာဉ်အို/ ဟောင်းအစီး ၁၅ဝ၊ ဖရီးပါမစ်အစီး ငါးဆယ်အထိ တင်သွင်းခွင့်ပေးခဲ့ သည်။ ထို့နောက်တင်သွင်းခွင့်ကို တဖြည်း ဖြည်းလျှော့ချခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ယာဉ်အို/ဟောင်းအစီး တစ်ရာ၊ ဖရီးပါမစ် အစီးငါးဆယ် တင်သွင်းခွင့်ပေးခဲ့သည်။ ယခုနှစ်တွင်မူ အပြောင်းအလဲမပြုလုပ်ဘဲ ၂ဝ၁၉ ခုနှစ် သတ်မှတ်ချက်အတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်
Source-Automobile Journal

01/01/2020

ကား တစ်စီး ကို ထုတ်လုပ်သော ရက်/လ/ခုနှစ် စစ်ဆေးမယ် ။
®®®®®®

©©တစ်ချို့တွေ မေးကြလွန်းလို့ပါ ။
မသိသေးသော သူများအတွက်ပါ ။

® ပထမ နည်း ...

ဒီ Link က ဝင်ရင်
http://www.jpcenter.ru/month
>>ကားအမျိုးစားရွေး
>>ချက်စီနံပါတ်ထည့်
>>find ကို နိုပ်

® ဒုတိယ နည်း ...

ဒီ Link က လည်းဝင်ရ
http://oliac.com/autos/i/
>>find year ထဲဝင်
>> ဆက်လျှောက်

ကဲ အားလုံးဘဲ အဆင်ပြေကြပါစေဗျာ ။
#ကားချစ်သူ
credit>>

®®®®®®


® ပထမ နည်း ...

ဒီ Link က ဝင်ရင်
>>ကားအမျိုးစားရွေး
>>ချက်စီနံပါတ်ထည့်
>>find ကို နိုပ်

® ဒုတိယ နည်း ...

ဒီ Link က လည်းဝင်ရ
http://oliac.com/autos/i/
>>find year ထဲဝင်
>> ဆက်လျှောက်

#ကားချစ်သူ
credit>>

06/06/2019

e-Bike လည်း မိတ်ဆက်ထားပါတယ်။

22/05/2019

တာယာဆိုဒ်ကိုသိရင် ကားရဲ့ အလျင်နှုန်းတစ်ခုမှာ ဒီတာယာ (၁) မိနစ်ကို ဘယ်နှပတ်လည်မလဲဆိုတာကို သိနိုင်မလား?

👉👉👉သိနိုင်တာပေါ့… ရှင်းပြဖို့တော့ နည်းနည်းတော့ ရှုပ်ထွေးနေပါလိမ့်မယ်…

ပထမဆုံးသိထားသင့်တာတော့ ဘီးမှာ တပ်ဆင်ထားတဲ့ တာယာရဲ့ စက်ဝန်းပမာဏ (Circumference) ကို သိရှိဖို့ပါပဲ… စက်ဝန်းမျဉ်း (Circumference) Formula ကတော့ C=2*π*R ပဲဖြစ်ပါတယ်… တာယာဆိုဒ် (တနည်းအားဖြင့်) တာယာရဲ့ အချင်းက (15) လက်မရှိမယ်ဆိုရင် 2*3.14*15/2 = 47.1 inches or 3.925 feet ဟာ ကားတာယာရဲ့ စက်ဝန်းအလျားဖြစ်မှာပါ။

ဒီတာယာကို (၁) နာရီကို မိုင် (၆၀) နှုန်း သွားနေတဲ့ ကားတစ်စီးမှာတပ်ထားတယ်ဆိုပါတော့။ ဒါဆို ဒီတာယာရဲ့ တစ်မိနစ် လည်ပတ်နှုန်းကိုသိချင်ရင်...

၁ နာရီကို မိုင် ၆၀ နှုန်းသွားနေတဲ့ကားဟာ (မိုင်ကို ပေဖွဲ့တော့ (၁) မိုင်မှာ (၅၂၈၀) ပေ) >> ၁ နာရီကို ၃၁၆၈၀၀ ပေ ပမာဏရောက်တယ်။

တာယာစက်ဝန်းက (၃.၉၂၅) ရှိခဲ့ရင် (၃၁၆၈၀၀÷၃.၉၂၅) ဖြင့် တွက်ချက်လိုက်ရင် ၁ နာရီကို ဘီးအပတ်ရည် စုစုပေါင်း ၈၀၇၁၃ ပတ် ရှိတယ်။ ဒါကို RPM ပြောင်းလိုက်ရင် (၁) မိနစ်ကို ဘီးအပတ်ရေ ၁၃၄၅ ပတ် ရရှိမှာပဲဖြစ်ပါတယ်…

ဒါဟာ ကားရဲ့ အလျင်နှုန်း ၁ နာရီမိုင် ၆၀ နှုန်းနဲ့ မောင်းနေချိန် ၁၅ လက်မ အချင်းရှိတဲ့ ဘီးတစ်ဘီးရဲ့ RPM ပဲဖြစ်ပါတယ်။ ဗဟုသုတပေါ့ဗျာ😁😁😁

MV-TECH
Ensuring the best
Yangon: 09-456599991, 09-456599993
Mandalay: 09-456599992

03/03/2019

Address

No. 17, GF, Daw Thein Tin Street
Yangon
11221

Website

Alerts

Be the first to know and let us send you an email when Snow Beauty Auto Services Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Snow Beauty Auto Services Co., Ltd.:

Share