09/07/2026
ဆိုင်ကယ်သမားတော်တော်များများ Engine Oil ဝယ်တဲ့အခါ ဗူးခွံပေါ်မှာ 𝐉𝐀𝐒𝐎 𝐌𝐀 ဒါမှမဟုတ် 𝐉𝐀𝐒𝐎 𝐌𝐀2 ဆိုတဲ့ စာသားလေးတွေကို မြင်ဖူးကြမှာပါ။
ဒီစာသားလေးကတော့ Wet-Clutch စနစ်သုံး ဆိုင်ကယ် မောင်းတဲ့သူတွေအတွက် အသက် ဖြစ်ပြီးတော့ ...
သူတို့နှစ်ခုက ဘာကွာလဲ၊ ဆိုင်ကယ်အတွက် ဘယ်တစ်ခုက ပိုကိုက်မလဲဆိုတာကို 𝐌𝐨𝐛𝐢𝐥 မှ မျှဝေပေးချင်ပါတယ်ခင်ဗျာ။
⚖️ 𝐉𝐀𝐒𝐎 𝐌𝐀 နှင့် 𝐌𝐀2 တို့၏ အဓိကကွာခြားချက်⚖️
🏍️𝐉𝐀𝐒𝐎 𝐌𝐀 ကတော့ နေ့စဉ်ရုံးတက်ရုံးဆင်း စီးတဲ့ အင်ဂျင်ပါဝါ ၁၁၀ စီစီ၊ ၁၂၅ စီစီ (ဥပမာ - Wave, Dream) ဆိုင်ကယ်တွေအတွက် လုံလောက်မှုရှိပြီးတော့ သာမာန်အခြေအနေမှာ မောင်းနှင်နိုင်ပါတယ်။
🏍️ 𝐉𝐀𝐒𝐎 𝐌𝐀2 ဆိုတာကတော့ 𝐉𝐀𝐒𝐎 𝐌𝐀 ကို အဆင့်မြှင့်တင်ထားတဲ့ Version အမြင့်စား ဖြစ်ပြီး အင်ဂျင်ပါဝါ မြင့်တဲ့ဘီးကြီးတွေ၊ Manual Clutch နဲ့ စွမ်းဆောင်ရည်မြင့် ဆိုင်ကယ်တွေ၊ တောင်တက်ခရီးဝေး အကြမ်းမောင်းရတဲ့ ဆိုင်ကယ်တွေဆိုရင် 𝐌𝐀2 ကို မဖြစ်မနေ ရွေးချယ်သင့်ပါတယ်။
သူက Engine တအားပူလာချိန် (သို့) ဂီယာအပြောင်းအလဲ အမြန်လုပ်ချိန်မှာ အင်ဂျင်ပါဝါကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး Sport Types လိုမျိုး Racing Bike တွေ အတွက်ဆိုရင်တော့ 𝐌𝐀2 ရထားတဲ့ အင်ဂျင်ဝိုင်ကိုပဲ ရွေးချယ်သုံးစွဲသင့်ပါ တယ်
📌 မိတ်ဆွေရဲ့ ဆိုင်ကယ် manual စာအုပ်ထဲမှာ JASO MA သုံးဖို့ ညွှန်ကြားထားရင် MA2 ကို အဆင့်မြှင့်ပြီး သုံးလို့ရပါတယ် (ပိုကောင်းပါတယ်)။
ဒါပေမယ့် MA2 သုံးခိုင်းထားရင်တော့ MA ကို လျှော့မသုံးဖို့ အကြံပြုပေးချင်ပါတယ်။
#တာရှည်ခံတဲ့အင်ဂျင်နဲ့ကြာရှည်တဲ့ခရီးမိုင်များဆီ