Faw-Volkswagen Myanmar

Faw-Volkswagen Myanmar Electric Vehicles : Driving Towards a Sustainable Future

MEB Platform ဆိုတာ Volkswagen Group ရဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ပေးနေတဲ့ platform တစ်ခုဖြစ်ပါတယ်။ Modular electric drive ...
20/11/2024

MEB Platform ဆိုတာ Volkswagen Group ရဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ပေးနေတဲ့ platform တစ်ခုဖြစ်ပါတယ်။ Modular electric drive system (MEB) ကို အခြေခံပြီး ID. series အပြင် အခြားနာမည်ကြီး ဥရောပကားတွေကိုလည်း အ‌မြောက်အများ ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

MEB ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အကောင်းဆုံးလျှပ်စစ်ကားတွေကို အသင့်တော်ဆုံး‌စျေးနှုန်းတွေနဲ့ ရောင်းချပေးဖို့ပါ။ ဒါ့ပြင် နေ့စဥ်အသုံးပြုမှုမှာ အဆင်ပြေချောမွေ့ပြီး ပတ်ဝန်းကျင်ကို မထိခိုက်ရလေအောင် ဖန်တီးထုတ်လုပ်ထားပါတယ်။ EV ကားတွေရဲ့ အဓိက features ၂ ခု လို့ဆိုနိုင်တဲ့ Range နဲ့ Efficiency ကို ဦးစားပေးတည်ဆောက်ထားတာကြောင့် EV ကားချစ်သူတွေအတွက် အကိုက်ညီဆုံးဖြစ်မှာ အသေချာပါပဲ…




ID Crozz ဆိုတာ Volkswagen ရဲ့ MEB platform မှတဆင့် ထုတ်လုပ်ထားတဲ့ ကမ္ဘာ့အဆင့်မီ EV ကားအမျိူးအစားဖြစ်ပါတယ်။ Pure German E...
26/09/2024

ID Crozz ဆိုတာ Volkswagen ရဲ့ MEB platform မှတဆင့် ထုတ်လုပ်ထားတဲ့ ကမ္ဘာ့အဆင့်မီ EV ကားအမျိူးအစားဖြစ်ပါတယ်။

Pure German EV ကားဖြစ်တာကြောင့် အရည်အသွေးထိပ်တန်းဖြစ်တဲ့အပြင် … လူကြီးမင်းတို့အတွက် တင့်တယ်စေမှာ အမှန်ပါပဲ။

Faw-Volkswagen Myanmar





12/09/2024

The ID.Crozz - Where Style Meets Innovation!

Step into the future of driving with the all-new ID.Crozz, an Electric SUV that redefines style and sophistication ✨

- 𝐋𝐨𝐲𝐚𝐥 𝐀𝐬𝐢𝐚 𝐓𝐫𝐚𝐝𝐢𝐧𝐠

⛽ အင်ဂျင်ကား Vs EV ကား 🔋ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ EV ကားတွေက နေရာတစ်ခုယူလာခဲ့ပါပြီ။ ဒါဆို ပုံမှန်စီးနေကျ အင်ဂျင်ကား နဲ့ ...
06/09/2024

⛽ အင်ဂျင်ကား Vs EV ကား 🔋

ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ EV ကားတွေက နေရာတစ်ခုယူလာခဲ့ပါပြီ။ ဒါဆို ပုံမှန်စီးနေကျ အင်ဂျင်ကား နဲ့ လျှပ်စစ်ကား ဘယ်လိုတွေကွာခြားလဲ ပုံလေးကို ထောက်ကြည့်လိုက်နော်!

လူကြီးမင်းတို့ရော ဘယ်အချက်ကြောင့် EV ကားကို အကြိုက်ဆုံးဖြစ်မလဲ … ဖြေခဲ့ပါဦး 🌱





🔋EV ကားတွေ ဘယ်လိုအလုပ်လုပ်လဲ? 🚗“EV ကားဝယ်စီးချင်တယ် ဒါမှမဟုတ် EV ကားကို လက်ရှိစီးနေတယ် … ဒါပေမဲ့လည်း EV အကြောင်း မသိသေးဘ...
31/07/2024

🔋EV ကားတွေ ဘယ်လိုအလုပ်လုပ်လဲ? 🚗

“EV ကားဝယ်စီးချင်တယ် ဒါမှမဟုတ် EV ကားကို လက်ရှိစီးနေတယ် … ဒါပေမဲ့လည်း EV အကြောင်း မသိသေးဘူး” ဆိုရင် မြန်မြန်လေးဖတ်ကြည့်လိုက်နော်!

သူ့မှာ ပါဝင်တည်ဆောက်ထားတာတွေက -

🔸 Battery Pack

လျှပ်စစ်စွမ်းအင်တွေ ထိန်းသိမ်းထားတဲ့ ဘက်ထရီအိုးကတော့ EV ရဲ့ အသက်ဖြစ်ပါတယ်။

🔸Electric Motor

ဘက်ထရီမှာ သိမ်းဆည်းထားတဲ့ လျှပ်စစ်စွမ်းအင်တွေကို ကားရွေ့လျားမှုအဖြစ်ပြောင်းလဲဖို့… motor လည်ပတ်ရပါတယ်။

🔸Charging

ဖုန်းတစ်လုံးအားသွင်းသလိုပဲ EV ကားတွေကိုလည်း Charging Station တွေမှာ ဘက်ထရီအားပြန်ဖြည့်ပေးရပါတယ်။

🔸Regenerative Braking

EV ကားအများစုမှာ ဘရိတ်အသုံးပြုလိုက်တိုင်း … လျှပ်စစ်စွမ်းအင်အဖြစ် ဘက်ထရီထဲ ပြန်လည်သိမ်းဆည်းပေးတဲ့စနစ်ပါဝင်ပါတယ်။

EV ကားတည်ဆောက်လည်ပတ်ပုံက ရိုးရိုးရှင်းရှင်းလေးပါပဲ။ EV ကားတွေမှာ အင်ဂျင်မပါတာကြောင့် အင်ဂျင်ဝိုင်(engine oil)၊ ဆီပန့်၊ filter တွေ လဲလှယ်နေစရာမလိုတော့ဘူးပေါ့…

ဒါဆို လူကြီးမင်းတို့ရော …မီးခိုးငွေ့ကင်းစင်ပြီး စိမ်းလန်းတဲ့ပတ်ဝန်းကျင်အတွက် EV ကားတွေကို ရွေးချယ်ဖို့ ready ပဲလား? 🌍⚡️

🔋Curious about how electric vehicles (EVs) power your drive?

Let’s break it down:

Battery Pack: The heart of an EV is its battery, which stores electrical energy.

Electric Motor: This converts the stored energy into motion, propelling the car forward.

Charging: Plug your EV into a charging station to recharge the battery, much like you do with your smartphone.

Regenerative Braking: EVs can capture energy when braking, adding it back to the battery for extra efficiency.

With no tailpipe emissions, EVs are a cleaner, greener choice for the environment. Ready to make the switch? 🌍⚡️


EV ကားနဲ့ခရီးသွားမယ်ဆိုရင် long range ကားတစ်စီးပိုင်ဆိုင်ထားမှ အဆင်ပြေမှာပေါ့!လူကြီးမင်းတို့ ခရီးမသွားခင်မှာ ဘာတွေပြင်ဆင...
09/07/2024

EV ကားနဲ့ခရီးသွားမယ်ဆိုရင် long range ကားတစ်စီးပိုင်ဆိုင်ထားမှ အဆင်ပြေမှာပေါ့!

လူကြီးမင်းတို့ ခရီးမသွားခင်မှာ ဘာတွေပြင်ဆင်သွားရမလဲဆိုတော့ -

🚗 ခရီးစဉ်နဲ့ရပ်နားဖို့နေရာတွေကို ကြိုတင်စီစဉ်ပါ

လမ်းခရီးမှာ အချိန်မလင့်ရအောင် စားသောက်နားနေတဲ့နေရာမှာ Charging သွင်းနိုင်ဖို့ လိုပါတယ်။

အဝေးပြေးလမ်းပေါ်က ကီလိုမီတာအတိုင်း ကိုယ့်ရဲ့ ကား range နဲ့ချိန်ထားဖို့လည်း အရေးကြီးပါတယ်နော်။

🚗 ခရီးမစခင် ကားကိုစစ်ဆေးပါ

ဒါကတော့ ဆီကားတွေလိုပါပဲ … ခရီးမသွားခင် တာယာ၊ ဆီ၊ ရေ၊ wiper၊ ဘက်ထရီစတာတွေကို စစ်သွားဖို့လိုပါတယ်။

🚗 ဘက်ထရီအားသွင်းဖို့ လုပ်ဆောင်ပါ

ခရီးသွားမယ်ဆိုရင် အိမ်မှာတည်းက ဘက်ထရီအပြည့်နဲ့ထွက်လာသင့်ပါတယ်။ လမ်းမှာလည်း ၂၀% လောက်ကျန်ပြီဆိုတာနဲ့ မဖြစ်မနေအားသွင်းပါ။ ရှေ့ခရီးမှာ Charger station တွေရှိတယ်ဆိုရင် ဘက်ထရီ ၈၀%လောက်သွင်းနိုင်ရင်ကို လုံလောက်ပါပြီ။

🚗 Long Range ကားနဲ့ခရီးသွားပါ

600ကီလိုမီတာသွားနိုင်တဲ့ EV ကားတွေဆိုရင် ရန်ကုန်-မန္တလေးတစ်ကြောင်းစာပါပဲ။ ကြားထဲမှာ တစ်ခါလောက်နားနေပြီး အားသွင်းရုံနဲ့ စိတ်အေးလက်အေး ခရီးဆက်သွားနိုင်တာပေါ့။

ဒါကြောင့် Long Range EV ကားတွေ ဝယ်ယူမယ်ဆိုရင် လမ်းခရီးအတွက် safety ပိုင်းမှာ စိတ်အချရဆုံး Faw-Volkswagen ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ ခရီးစဉ်ကို သာယာချောမွေ့ပြီး စိတ်ချမ်းသာစေမယ့် Faw-Volkswagen EV ကားတွေပါပဲ။

စိတ်ဝင်စားတယ်ဆိုရင် Yes! လို့သာ comment ပေးခဲ့လိုက်နော်! ☺️

Faw-Volkswagen Myanmar




ား

Germany Brand နဲ့ EV ကားတစ်စီး ပိုင်ဆိုင်ဖို့အခွင့်အရေးကို အမိအရ ရယူလိုက်ပါ! Volkswagen ရဲ့ ရှေးရိုးစဉ်လာမပျက်တဲ့အရည်အသွ...
04/07/2024

Germany Brand နဲ့ EV ကားတစ်စီး ပိုင်ဆိုင်ဖို့အခွင့်အရေးကို အမိအရ ရယူလိုက်ပါ!

Volkswagen ရဲ့ ရှေးရိုးစဉ်လာမပျက်တဲ့အရည်အသွေးနဲ့ ခေတ်မီဆန်းသစ်တဲ့နည်းပညာတို့ပေါင်းစပ်ရာ Faw-Volkswagen EV ကားဖြစ်ပါတယ် ❤️

Discover the new FAW-Volkswagen Electric Vehicle: a pinnacle of German engineering.

Experience unmatched precision, advanced technology, and superior craftsmanship. Drive into a sustainable future with the reliability and innovation that define German automotive excellence.

FAW-Volkswagen EVs – where tradition meets modern electric mobility!

Volkswagen Myanmar GEPM

🏠 ရွှေမိုးကောင်းကွန်ဒို၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်




ား


#ဂျာမနီ

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးကြတဲ့ ဥရောပနိုင်ငံတွေမှာ ခုဆိုရင် EV ကားအသုံးပြုမှုက အချိန်နဲ့အမျှ တိုးတက်လာတာကို တွေ့ရပါ...
02/07/2024

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးကြတဲ့ ဥရောပနိုင်ငံတွေမှာ ခုဆိုရင် EV ကားအသုံးပြုမှုက အချိန်နဲ့အမျှ တိုးတက်လာတာကို တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဥရောပနိုင်ငံတွေမှာ Norway၊ Iceland၊ Sweden၊ Denmark၊ Finland နဲ့ Netherland စတဲ့ (၆) နိုင်ငံက EV ကားအသုံးပြုသူတွေ အများဆုံးဖြစ်လာခဲ့ပါတယ်။ Austria၊ Belgium၊ Germany နဲ့ UK တို့ကလည်း နောက်ကလိုက်နေခဲ့ပါတယ်။

EV ကားတွေဟာ အနာဂတ်ကမ္ဘာကြီး ပိုစိမ်းလန်းဖို့အတွက်ဆိုတာ ဥရောပနိုင်ငံတွေက သက်သေပါပဲ 😍

Volkswagen Myanmar GEPM

🏠 ရွှေမိုးကောင်းကွန်ဒို၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်


𝐄𝐕ကား ဝယ်သင့်/မဝယ်သင့် တွေဝေနေပြီလား? 🤔ခေတ်မီတိုးတက်လာတဲ့ခေတ်ကြီးမှာ 𝐄𝐕ကားတွေကလည်း နေရာတစ်ခုယူလာကြပါပြီ။ အိမ်စီးကားကစပြီ...
01/07/2024

𝐄𝐕ကား ဝယ်သင့်/မဝယ်သင့် တွေဝေနေပြီလား? 🤔

ခေတ်မီတိုးတက်လာတဲ့ခေတ်ကြီးမှာ 𝐄𝐕ကားတွေကလည်း နေရာတစ်ခုယူလာကြပါပြီ။ အိမ်စီးကားကစပြီး လုပ်ငန်းသုံးနဲ့ အများပြည်သူစီးဘတ်စ်ကားတွေထိ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါတယ်။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ဆီကားဝယ်ရမလား၊ 𝐄𝐕ကားဝယ်ရမလား ဆုံးဖြတ်ရခက်နေပြီဆိုရင် … EV ကားရဲ့ အားသာချက်လေးတွေကို ပြောပြချင်ပါတယ်။😍

🚙 ဆီဖိုးချွေတာတယ်

ဓာတ်ဆီနဲ့ဒီဇယ်ဈေးတွေ မြင့်တက်လာတဲ့အချိန်မှာ … ကားစီးတဲ့ ကုန်ကျစရိတ်က သိသိသာသာတိုးလာတာ အားလုံးအသိပါပဲ။ 𝐄𝐕ကားတွေကတော့ ဆီထည့်စရာမလိုတာကြောင့် နိစ္စဓူဝလမ်းပေါ်သွားလာနေရသူတွေဆိုရင် တစ်လ ၁၀သိန်းဝန်းကျင်လောက် သက်သာနိုင်ပါတယ်။

🚙 ပြုပြင်ထိန်းသိမ်းမှုလျော့တယ်

𝐄𝐕ကားသစ်တွေက တော်ရုံနဲ့ ဝပ်ရှော့သွားနေစရာမလိုပါဘူး။ ဘက်ထရီနဲ့ပတ်သက်ရင်လည်း ၅နှစ်အာမခံပေးထားတာကြောင့် စိတ်ပူနေစရာမရှိတော့ဘူးပေါ့။

🚙 ငြိမ့်ငြောင်းစွာမောင်းနှင်နိုင်တယ်

𝐄𝐕ကားတွေက အသံငြိမ်ပြီး smooth ဖြစ်တယ်။ စီးရတဲ့လူတွေလည်း သက်တောင့်သက်သာရှိပြီး မောင်းနှင်တဲ့သူတွေမှာလည်း handling ပိုကောင်းတယ်။ Mode တွေပြောင်းလဲလိုက်တာနဲ့ ပြိုင်ကားတစ်စီးလို အရှိန်မြှင့်မောင်းနှင်သလို … ကလေးတွေပါရင်လည်း ငြိမ့်ငြောင်းဖြည်းညှင်းစွာမောင်းနိုင်ပါတယ်။

🚙 Function စုံလင်တယ်

ဒိုင်ခွက်ကအစ Eye level နဲ့ ထိန်းညှိပေးထားပြီး user-friendly ဖြစ်အောင် ဖန်တီးပေးထားတယ်။ အကောင်းဆုံး Lighting, sound system တွေနဲ့အတူ ကားတစ်စီးရဲ့ လုပ်ဆောင်ချက်တွေအားလုံးကို touch screen တွေနဲ့ control လုပ်ပေးထားပါတယ်။

🚙 ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်စေတယ်

မီးခိုးငွေ့မရှိတဲ့အတွက် လေထုညစ်ညမ်းမှုကို လျော့ကျစေတယ်။ ဆီနံ့၊ စက်သံမရှိတဲ့အတွက် စက်မသတ်ထားရင်တောင် ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်စေဘူး။ 𝐄𝐕 ကားတွေဟာ ပုံမှန်ဆီကားတွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ၉၀% လျော့ကျစေတဲ့အတွက် … အနာဂတ်ကမ္ဘာကြီးအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

ခုဆိုရင် 𝐄𝐕 ကားတွေကို တရုတ်နိုင်ငံအပြင် US၊ UK၊ Germany၊ Norway၊ Netherland စတဲ့နိုင်ငံကြီးတွေမှာ အသုံးပြုမှုမြင့်တက်လာပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ကားဝယ်ဖို့စဉ်းစားနေသူ လူကြီးမင်းတွေအနေနဲ့ ရေရှည်အကျိုးများစေမယ့် EV ကားတွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

တခြားရော EV ကားရဲ့ ကောင်းကျိုးတွေက ဘာတွေရှိနိုင်လဲဆိုတာ 𝐄𝐕 ကားချစ်သူတွေ ဖြေခဲ့ပေးဦးနော်! 😍

𝐕𝐨𝐥𝐤𝐬𝐰𝐚𝐠𝐞𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐆𝐄𝐏𝐌

🏠 ရွှေမိုးကောင်းကွန်ဒို၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်




Address

Faw-Volkswagen Showroom, Moe Kaung Road, Shwe Moe Kaung Condominium, Yankin Township
Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Faw-Volkswagen Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share