Honda NCX Myanmar

Honda NCX Myanmar Authorized distributor of Honda Motorcycle in Myanmar
(382)

လူကြီးမင်းတို့ 🏍𝐇𝐨𝐧𝐝𝐚 ဆိုင်ကယ်လေးရောင်းချင်ပေမယ့် ဘယ်မှာရောင်းရမလဲ စဉ်းစားနေတုန်းလား❓"သံယောဇဉ် ရှိရှိ နဲ့စီးခဲ့တဲ့ 𝐇𝐨𝐧𝐝𝐚...
16/08/2026

လူကြီးမင်းတို့ 🏍𝐇𝐨𝐧𝐝𝐚 ဆိုင်ကယ်လေးရောင်းချင်ပေမယ့် ဘယ်မှာရောင်းရမလဲ စဉ်းစားနေတုန်းလား❓
"သံယောဇဉ် ရှိရှိ နဲ့စီးခဲ့တဲ့ 𝐇𝐨𝐧𝐝𝐚 🏍ဆိုင်ကယ်လေးကို ငွေလိုလို့ပဲဖြစ်ဖြစ်၊ မော်ဒယ် မြင့်ဝယ်ချင်လို့ပဲဖြစ်ဖြစ် ရောင်းတော့မယ်ဆိုရင်....."
အပြင်မှာသွားရောင်းရင် ဈေးနှိမ်ခံရတာ၊ပွဲစားခကုန်တာ၊အချိန်ကုန်ပြီး စိတ်ရှုပ်ရတာတို့ ဖြစ်မှာ အသေအချာပါပဲနော်။🔹

အဲ့လို စိတ်ရှုပ်စရာတွေက ကင်းဝေးဖို့ ဆိုရင်တော့ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရှိနေပါပြီ❗️
𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫မှာ 𝟐𝟎𝟏𝟗 𝐦𝐨𝐝𝐞𝐥 နှင့် အထက် 🏍𝐇𝐨𝐧𝐝𝐚 ဆိုင်ကယ် များကို ဝယ်ယူပေးနေပါပြီခင်ဗျာ။
သင်ပိုင်ဆိုင်ထားတဲ့ 𝐇𝐨𝐧𝐝𝐚 🏍ဆိုင်ကယ်လေးကို 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫မှာရောင်းရချမယ်ဆိုရင် အလိမ်အညာမရှိ စိတ်ချရမယ်၊တန်ရာတန်ကြေးရတာ ဈေးမှန်ရမယ်၊အချိန်ကုန်သက်သာပြီး စိတ်အေးရမယ် စတဲ့ အကျိုးကျေးဇူးများရရှိမှာဖြစ်ပါတယ်။

ရောင်ဖို့ဆိုရင် လိုအပ်တာလေးတွေကတော့........
✅ဆိုင်ကယ် ပိုင်ဆိုင်မှု စာရွက်စာတမ်း အပြည့်အစုံ
✅ပိုင်ရှင်၏ မှတ်ပုံတင်(သို့မဟုတ်)ယာဉ်မောင်းလိုင်စင် စတာတွေယူပြီး မိမိ 𝐇𝐨𝐧𝐝𝐚 ဆိုင်ကယ်လေးနဲ့ အတူ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းများသို့ လာရောက်ရောင်းချဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။👐






ရေမြုပ်ထားတဲ့ ဆိုင်ကယ်တစီးကို "စက်နှိုးကြည့်တာ" ဟာ အင်ဂျင်ကို ရစရာမရှိအောင် ပျက်စီးစေမယ့် အကြီးမားဆုံး အမှားပါ❌အခုလို 🌧မ...
15/08/2026

ရေမြုပ်ထားတဲ့ ဆိုင်ကယ်တစီးကို "စက်နှိုးကြည့်တာ" ဟာ အင်ဂျင်ကို ရစရာမရှိအောင် ပျက်စီးစေမယ့် အကြီးမားဆုံး အမှားပါ❌
အခုလို 🌧မိုးများတဲ့ကာလမှာ ရေလွှမ်းတဲ့လမ်းတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဆိုင်ကယ်ရေမြုပ်သွားတဲ့ အခြေအနေ‌မှာ ထိခိုက်မှုအနည်းဆုံးနဲ့ ကြီးမားတဲ့ဆုံရှုံးမှုတွေမဖြစ်စေဖို့ ဆောင်ရန်/ရှောင်ရန် အချက်လေးများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။🙏

ဆိုင်ကယ်တစီးရေမြုပ်သွားတဲ့အခါ….

🔹သော့ဖွင့်ခြင်း/ စက်နှိုးကြည့်ခြင်း လုံးဝမပြုလုပ်ပါနှင့်။
ဝါယာရှော့ခ်ဖြစ်ခြင်း နှင့် အင်ဂျင်အစိတ်အပိုင်များ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် သော့ဖွင့်ခြင်း ၊ စက်နှိုးကြည့်ခြင်းများ မပြုမိစေရန် ဂရုစိုက်ပါ။

🔹ဘက်ထရီကြိုးများကို ဖြုတ်ပါ
ဝါယာရှော့ခ် ဖြစ်ခြင်းမှ ကာကွယ်ဖို့ ဘက်ထရီရဲ့ အနက်ကြီး (-) ကို အရင်ဆုံး ဖြုတ်ပြီးမှ အနီကြိုး (+) ကိုဖြုတ်ပါ။

🔹သန့်ရှင်းရေးပြုလုပ်ပေးပါ။
ဘရိတ်စနစ် နှင့် ဆိုင်ကယ်ကိုယ်ထည်ရှိ သဲ/ရွှံ့နွံ နှင့် အညစ်အကြေးများကို ပြောင်စင်အောင် ဆေးကြောသန့်စင်ပြီ ခြောက်သွေ့အောင်ထားပါ။

🔹အင်ဂျင်ဝိုင် စစ်ဆေး/လဲလှယ်ပါ။
အင်ဂျင်ဝိုင်ကို စစ်ဆေးကြည့်ပြီး “နို့နှစ်ရောင်” ဖြစ်နေပါက ရေဝင်သွားတာဖြစ်လို့ အသစ် ချက်ချင်းလဲပေးပါ။

🔹𝐒𝐩𝐚𝐫𝐤 𝐏𝐥𝐮𝐠 , 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 တို့ကို စစ်ဆေးပါ။
𝐒𝐩𝐚𝐫𝐤 𝐏𝐥𝐮𝐠 နှင့် 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 တို့ကို စစ်ဆေးပြီး ရေစိုနေပါက ခြောက်သွေ့သန့်စင်အောင်ပြုလုပ်ပါ။ လိုအပ်ပါက အသစ်လဲလှယ်ပေးပါ။

🔹ဆီတိုင်ကီ ရေဝင်ခြင်းရှိ/မရှိ စစ်ဆေးပါ။
ဆီတိုင်ကီအတွင်း ရေဝင်မဝင် စစ်ဆေးပြီး ရေဝင်ရောက်နေပါက ဆီဟောင်းများကိုကုန်စင်အောင်စစ်ထုတ်ပြီး အသစ်လဲလှယ်ပေးပါ။

❗️သတိပြုရန်: အင်ဂျင်ဝိုင်အသစ်လဲ၊ ပလပ်ခြောက်အောင်လုပ်၊ လေစစ် သန့်ရှင်းပြီးမှသာ စက်ပြန်နှိုးပါ။
✅စက်နိုးသွားပါက ၅ မိနစ်မှ ၁၀ မိနစ်ခန့် အင်ဂျင်ကို ဒီအတိုင်း ပုံမှန်နှိုးထားပါ။
✅ခဏမောင်းနှင်ပြီးနောက် အင်ဂျင်ဝိုင်ကို ပြန်စစ်ပါ။ အင်ဂျင်ဝိုင်သည် နို့နှစ်ရောင် ပြန်ဖြစ်နေပါက ရေကျန်နေသေးသည့်အတွက် အင်ဂျင်ဝိုင် ထပ်မံလဲလှယ်ပေးရမည်ဖြစ်ပါသည်။👐

စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမရှိခြင်း (သို့မဟုတ်) ကိရိယာ မပြည့်စုံပါက ကျွမ်းကျင်စက်ပြင်ပညာရှင်များနှင့် ပြသစစ်ဆေးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။






14/08/2026

NCX Myanmar ရဲ့ အဆင့်မြင့်နည်းပညာသုံးပြုပြင်ထိန်းသိမ်းမှုများ







12/08/2026

Shock Absorber မကောင်းတော့တဲ့အခါ စိတ်ချရတဲ့ Honda Genuine Shock Absorber များကိုသာလဲလှယ်ပါ။








11/08/2026

ဆိုင်ကယ်လက်ကိုင် ချိုးကွေ့ရအဆင်မပြေတဲ့ အချိန်မှာ ဘာတွေ စစ်ဆေးရမလဲ?








🌧️မိုးသည်းထန်စွာရွာသွန်းတဲ့နေ့တွေမှာ က.ည.န ရုံးမှာ ရေစိုခံ၊ တန်းစီ စောင့်ဆိုင်းရတာတွေကြောင့် စိတ်ညစ်နေရပြီလား❓သင့်ရဲ့ တန...
10/08/2026

🌧️မိုးသည်းထန်စွာရွာသွန်းတဲ့နေ့တွေမှာ က.ည.န ရုံးမှာ ရေစိုခံ၊ တန်းစီ စောင့်ဆိုင်းရတာတွေကြောင့် စိတ်ညစ်နေရပြီလား❓

သင့်ရဲ့ တန်ဖိုးရှိတဲ့⏳ အချိန်တွေကို မလိုလားအပ်ဘဲ မကုန်ဆုံးရအောင်နဲ့ အခက်အခဲမရှိ အဆင်ပြေစေဖို့ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ က.ည.န ဆိုင်ရာ ဝန်ဆောင်မှုများကို 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဖြင့် တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။✅

လူကြီးမင်းတို့ရဲ့ 🏍️ဆိုင်ကယ်အတွက် က.ည.န ဆိုင်ရာကိစ္စအဝဝကို ယုံကြည်စိတ်ချစွာနဲ့ အမြန်ဆုံး အပြီးအစီး ဆောင်ရွက်ပေးနေပြီးဖြစ်လို့ နီးစပ်ရာ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းများ သို့ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။👐


#ကညန


🌧️မိုးကိုတော့ တားလို့မရပါဘူး… ဒါပေမယ့် ယုံကြည်မှုကိုတော့ ရွေးချယ်လို့ရတယ်✅🌧️မိုးရာသီရောက်ပြီဆိုတာနဲ့ လမ်းတွေစိုမယ်… ရေဗွ...
08/08/2026

🌧️မိုးကိုတော့ တားလို့မရပါဘူး… ဒါပေမယ့် ယုံကြည်မှုကိုတော့ ရွေးချယ်လို့ရတယ်✅
🌧️မိုးရာသီရောက်ပြီဆိုတာနဲ့ လမ်းတွေစိုမယ်… ရေဗွက်တွေများမယ်… ခရီးစဉ်တွေတော့ မရပ်သင့်ပါဘူး❌
ဒါကြောင့် 𝐇𝐨𝐧𝐝𝐚 𝐔-𝐆𝐎 က စွမ်းဆောင်ရည်တစ်ခုတည်းကိုပဲ မတည်ဆောက်ထားပါဘူး သင့်ရဲ့ နေ့စဉ်ခရီးတိုင်းကို ယုံကြည်စိတ်ချစွာ ဖြတ်သန်းနိုင်ဖို့ 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 ကိုလည်း အလေးထား တည်ဆောက်ထားပါတယ်။🙏
🔹𝐁𝐚𝐭𝐭𝐞𝐫𝐲 & 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 ကို 𝐈𝐏𝟔𝟕 အသုံးပြုပေးထားတာကြောင့် ရေအနက် ၁ မီတာ အထိ မိနစ် ၃၀ ကြာ ရေစိမ်ခံနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။
🔹𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐏𝐨𝐫𝐭 & 𝐂𝐡𝐚𝐫𝐠𝐞𝐫 ကို 𝐈𝐏𝟒𝟓 အသုံးပြုပေးထားတာကြောင့် ဖိအားနည်းရေစိုမှု၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများကို ကာကွယ်ပေးနိုင်ပါတယ်။
🌧️မိုးရာသီရဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို 𝐇𝐨𝐧𝐝𝐚 𝐔-𝐆𝐨 နဲ့အတူ ယုံကြည်မှုအပြည့်နဲ့ ဖြတ်ကျော်လိုက်ပါ။
နည်းပညာအဆင့်မြင့်မားတဲ့ မောင်းနှင်မှုရသကို စိတ်ကြိုက်စမ်းသပ်စီးနင်းနိုင်ဖို့အတွက် အနီးဆုံး 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်း သို့ အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။👐





𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 ထဲမှာ ရပ်ထားတာကိုပဲ ကြည့်ပြီး ဝယ်ဖို့ ဆုံးဖြတ်ရတာ အားမရဘူးမို့လား❓🏍️ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်𝐃𝐞𝐬𝐢𝐠𝐧 လေးပဲ...
07/08/2026

𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 ထဲမှာ ရပ်ထားတာကိုပဲ ကြည့်ပြီး ဝယ်ဖို့ ဆုံးဖြတ်ရတာ အားမရဘူးမို့လား❓

🏍️ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်𝐃𝐞𝐬𝐢𝐠𝐧 လေးပဲကြည့်၊ အရောင်းဝန်ထမ်းက ရှင်းပြတာလေးပဲ နားထောင်ပြီး ဝယ်ရတဲ့ခေတ် ကုန်သွားပါပြီ။ တကယ် ကောင်း၊ မကောင်းဆိုတာ ကိုယ်တိုင် လမ်းမပေါ်မှာ စမ်းမောင်းကြည့်မှ အမှန်သိနိုင်မှာပါ။✅

ဒါကြောင့် 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှာ တခြားဘယ်မှာမှမရနိုင်တဲ့ 𝐇𝐨𝐧𝐝𝐚 𝐔-𝐆𝐨 လျှပ်စစ်🏍️ဆိုင်ကယ်လေးရဲ့ 𝐓𝐞𝐬𝐭 𝐑𝐢𝐝𝐞 အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်စီးနင်းနိုင်ဖို့အတွက် 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ
🔹မိမိနာမည်
🔹နေထိုင်ရာမြို့နှင့်
🔹စမ်းသပ်မောင်းနှင်လိုသည့် အချိန် စမ်းသပ်စီးနင်းလိုသည့်အချိန် တို့ကို ပေးပို့ပြီး စာရင်းပေးနိုင်သလို ကိုယ် နဲ့ နီးစပ်ရာ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းတွေမှာလည်း ဖုန်းနဲ့ဆက်သွယ် စာရင်းပေးထားနိုင်ပါတယ်ခင်ဗျာ🙏

စမ်းမောင်းကြည့်မှ အမှန်သိမှာမို့ အခွင့်အရေးကို လက်လွတ်မခံပဲ လူကြီးမင်းတို့နဲ့ နီးစပ်ရာ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းသို့ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။👐







𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 🏍️ဆိုင်ကယ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေး 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မျှဝေရင်း 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ဓါတ်ပုံပြိုင်ပွဲ လေးမှာပါဝင်လိုက်ပါ...
06/08/2026

𝐇𝐨𝐧𝐝𝐚 𝐍𝐂𝐗 🏍️ဆိုင်ကယ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေး 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ မျှဝေရင်း
𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ ဓါတ်ပုံပြိုင်ပွဲ လေးမှာပါဝင်လိုက်ပါ
𝐒𝐮𝐫𝐩𝐫𝐢𝐬𝐞 𝐆𝐢𝐟𝐭 လက်ဆောင်လေးလဲ ပေးဦးမှာမို့ အခုပဲ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။👐

#စည်းကမ်းချက်များ
✅𝐍𝐂𝐗 ဆိုင်ကယ်နဲ့ ရိုက်ထားသည့် ဓာတ်ပုံဖြစ်ရပါမည်။ (𝐀𝐈 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐞𝐝 ပုံများ အကျုံးဝင်မည်မဟုတ်ပါ။)
✅ဓာတ်ပုံနှင့်အတူ အမှတ်တရအကြောင်းအရာ အနည်းဆုံး ၁ ကြောင်း ရေးရပါမည်။
✅𝐋𝐢𝐤𝐞 အများဆုံး 𝐂𝐨𝐦𝐦𝐞𝐧𝐭 ပိုင်ရှင် (၁၀) ဦးကို ရွေးချယ်ပေးသွားပါမည်။
✅[𝟎𝟓.𝟎𝟖.𝟐𝟎𝟐𝟔] မှ [𝟏𝟐.𝟎𝟖.𝟐𝟎𝟐𝟔] အထိ ပါဝင်နိုင်မည်ဖြစ်ပါသည်။
ဆုလက်ဆောင်ရရှိသူများကို 𝟏𝟑.𝟎𝟖.𝟐𝟎𝟐𝟔 (ကြာသပတေးနေ့) မှာ ရွေးချယ်ကြေညာပေးသွားမှာဖြစ်လို့ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 လေးကို 𝐒𝐞𝐞 𝐅𝐢𝐫𝐬𝐭 လုပ်ထားဖို့လည်း မမေ့ပါနဲ့ခင်ဗျာ။🙏
(မှတ်ချက်။ ။ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ။ အငြင်းပွားဖွယ်တစုံတရာရှိပါက 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨.,𝐋𝐭𝐝 ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။)




See less

🏍️ဆိုင်ကယ်တစ်စီး အင်ဂျင်အဆွဲအရုန်းကောင်းပြီး ရေရှည်စိတ်ချလက်ချ မောင်းနှင်နိုင်ဖို့ဆိုရင် အင်ဂျင်ဝိုင်တင်မကဘဲ အခြား အရည်အ...
03/08/2026

🏍️ဆိုင်ကယ်တစ်စီး အင်ဂျင်အဆွဲအရုန်းကောင်းပြီး ရေရှည်စိတ်ချလက်ချ မောင်းနှင်နိုင်ဖို့ဆိုရင် အင်ဂျင်ဝိုင်တင်မကဘဲ အခြား အရည်အမျိုးမျိုး (𝐅𝐥𝐮𝐢𝐝𝐬) တွေကိုပါ #သတ်မှတ်ကီလိုမီတာ နဲ့ ကာလအလိုက် ပုံမှန်စစ်ဆေးလဲလှယ်ပေးဖို့ လိုအပ်ပါတယ်။🙏

အချိန်မှန် မလဲလှယ်ဘဲ မေ့ထားမိရင် 🏍️ဆိုင်ကယ်အစိတ်အပိုင်းတွေ ပွန်းစားပျက်စီးလွယ်ပြီး ရုန်းဆွဲအားကျတာ၊ အင်ဂျင်ပိုင်းဆိုင်ရာ ကုန်ကျစရိတ်ကြီးမားတဲ့ ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။✅

သင့်🏍️ဆိုင်ကယ် ရုန်းဆွဲအားနဲ့ အင်ဂျင်သက်တမ်း အမြဲကောင်းမွန်စေဖို့ နီးစပ်ရာ 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟑𝐒 အရောင်းပြခန်းများမှာ 𝐇𝐨𝐧𝐝𝐚 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐅𝐥𝐮𝐢𝐝𝐬 များဖြင့် စနစ်တကျ လာရောက်စစ်ဆေး လဲလှယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။👐

💗 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦, 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦, 𝐕𝐢𝐛𝐞𝐫 နဲ့ 𝐓𝐢𝐤𝐓𝐨𝐤 မှာလည်း 𝐍𝐂𝐗 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐜𝐡𝐚𝐧𝐧𝐞𝐥 တွေရှိနေပြီမို့ 𝐉𝐨𝐢𝐧 ထားဖို့မမေ့ပါနဲ့ခင်ဗျာ❗
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉https://www.instagram.com/honda_ncx_myanmar_official/
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://t.me/hondancxmyanmar
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://bit.ly/3unwEO7
𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥 👉 https://www.tiktok.com/





Address

Thiri Mingalar Hao
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959444337767

Alerts

Be the first to know and let us send you an email when Honda NCX Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Honda NCX Myanmar:

Shortcuts

Share