TL Carbon Cleaning Service

TL Carbon Cleaning Service အဆြဲအရုန္​းက်​ေန​ေသာကားမ်ား မီးသံ​

အင်ဂျင် heat တက်လာရင် ဘာတွေ စစ်ဆေးရမလဲ??အင်ဂျင် Heat တက်လာတယ် (အပူလွန်ကဲလာတယ်) ဆိုတာ ကားအတွက် အရေးပေါ်အခြေအနေတစ်ခုမို့ ခ...
27/05/2026

အင်ဂျင် heat တက်လာရင် ဘာတွေ စစ်ဆေးရမလဲ??

အင်ဂျင် Heat တက်လာတယ် (အပူလွန်ကဲလာတယ်) ဆိုတာ ကားအတွက် အရေးပေါ်အခြေအနေတစ်ခုမို့ ချက်ချင်း ဘေးကင်းတဲ့နေရာမှာ ရပ်ပြီး အင်ဂျင်စက်သတ်ရပါမယ်။

(သတိပြုရန် - အင်ဂျင်ပူနေတုန်း ရေတိုင်ကီအဖုံးကို လုံးဝ (လုံးဝ) မဖွင့်ပါနဲ့။ ရေနွေးငွေ့တွေ ပန်းထွက်ပြီး အပြင်းအထန် အပူလောင်နိုင်လို့ပါ)။

​အင်ဂျင်အေးသွားပြီဆိုရင် စနစ်တကျနဲ့ အောက်ပါအချက်တွေကို အဆင့်ဆင့် စစ်ဆေးရပါမယ်။

​၁။ ရေအေးပေးစနစ် (Cooling System) ကို စစ်ဆေးခြင်း

ရေ သို့မဟုတ် Coolant (အအေးခံရည်) လျော့နေသလား စစ်ဆေးပါ။ ရေလုံးဝခမ်းနေရင် (သို့) အရမ်းနည်းနေရင် Heat တက်ရခြင်းရဲ့ အဓိကအကြောင်းရင်းပါ။

​ရေတိုင်ကီအုံ၊ ရေပိုက်လိုင်းတွေ၊ ပိုက်အဆက်တွေနဲ့ ရေပန့် (Water Pump) အနီးတစ်ဝိုက်မှာ ရေယိုစိမ့်မှု ရှိ၊ မရှိ သေချာကြည့်ပါ။ ကားအောက်ခြေမှာ ရေတွေ ကျနေသလားလည်း သတိပြုပါ။

ရေတိုင်ကီအဖုံးရဲ့ ရာဘာကွင်း ပျက်စီးနေရင် သို့မဟုတ် စပရိန်မကောင်းရင် စနစ်ထဲမှာ ဖိအားမထိန်းနိုင်ဘဲ ရေတွေ ပွက်လျှံပြီး Heat တက်တတ်ပါတယ်။

​၂။ ပန်ကာနှင့် လျှပ်စစ်စနစ် (Fan & Electricals)

ကားစက်နှိုးထားပြီး အပူချိန်တက်လာတဲ့အချိန် (ဒါမှမဟုတ် Aircon ဖွင့်ထားချိန်) မှာ ပန်ကာ ကောင်းကောင်း လည်၊ မလည် စစ်ဆေးပါ။

ပန်ကာမော်တာလောင်နေရင် သို့မဟုတ် ပန်ကာဒေါက် (Fan Clutch) ချောင်နေရင် အင်ဂျင်ကို အအေးမချနိုင်တော့ပါဘူး။

ပန်ကာ လုံးဝမလည်ဘူးဆိုရင် ၎င်းနဲ့သက်ဆိုင်တဲ့ Fuse သို့မဟုတ် Relay ပျက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

​၃။ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ (Mechanical Parts)

​သာမိုစတတ် (Thermostat)

ဒီကောင်က ရေလည်ပတ်မှုကို ထိန်းချုပ်ပေးတဲ့ အဆို့ရှင်ပါ။

သူက ပိတ်ပြီး ညပ်နေရင် အင်ဂျင်ထဲက ရေပူတွေ ရေတိုင်ကီဆီကို မရောက်နိုင်တော့ဘဲ Heat တက်လာပါလိမ့်မယ်။

(အင်ဂျင်အေးနေပေမဲ့ ရေတိုင်ကီထဲကရေက မပူဘဲ နေတာမျိုး ဖြစ်တတ်ပါတယ်)။

​ဒိုင်နမိုပတ်ကြိုး (Drive Belt / Serpentine Belt)

ပတ်ကြိုး ချောင်နေလား၊ ပြတ်နေလား စစ်ဆေးပါ။ ပတ်ကြိုးမကောင်းရင် ရေပန့် (Water Pump) ကို မလည်ပတ်နိုင်လို့ ရေမလည်တော့ဘဲ Heat တက်တာပါ။

​ရေပန့် (Water Pump)

ရေပန့်ရဲ့ ဒလက်တွေ စားသွားရင် သို့မဟုတ် ဂျမ်ဖြစ်နေရင် ရေလည်ပတ်မှု အားနည်းပြီး Heat တက်တတ်ပါတယ်။

​၄။ အင်ဂျင်ဝိုင် (Engine Oil)

အင်ဂျင်ဝိုင် ကုန်ခါနီးဖြစ်နေရင် သို့မဟုတ် အရမ်းနည်းနေရင် အင်ဂျင်အတွင်း ပွတ်တိုက်မှုစွမ်းအား မြင့်တက်ပြီး အပူရှိန် ပိုထွက်လာတတ်ပါတယ်။

​အရေးပေါ် ကြုံတွေ့ရလျှင်

​စက်ချက်ချင်းသတ်ပါ

Heat တက်တဲ့လက္ခဏာပြတာနဲ့ ကားကို လမ်းဘေးကပ်ရပ်ပြီး စက်ပိတ်ပါ။

ဆက်မောင်းရင် အင်ဂျင်ခေါင်း (Cylinder Head) ကွေးသွားတာ၊ ဂတ်စကတ် (Gasket) ပြတ်တာကနေ အင်ဂျင်တစ်လုံးလုံး လဲရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

အင်ဂျင်အရမ်းပူနေတုန်း ရေတိုင်ကီထဲကို ရေအေးတွေ အလောတကြီး လောင်းထည့်ခြင်းမပြုလုပ်ပါနဲ့

အပူအအေး ရုတ်တရက်ပြောင်းလဲမှုကြောင့် အင်ဂျင်တုံး (Engine Block) အက်ကွဲသွားနိုင်ပါတယ်။

အင်ဂျင် အတန်အသင့် အေးသွားပြီဆိုမှ စက်နှိုးလျက်အနေအထားနဲ့ ရေကို တဖြည်းဖြည်းချင်း ဖြည့်ရပါမယ်။

Wheel Balance ချိန်သင့်တဲ့အချိန်များ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကားတွေကို ဘီးတုန်ခါမှု Whee...
26/05/2026

Wheel Balance ချိန်သင့်တဲ့အချိန်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားတွေကို ဘီးတုန်ခါမှု Wheel Vibration မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ Balancing Machine မှာ Balance လုပ်ခြင်းကို ဆောင်ရွက်ထားသင့်ပါတယ်

ဘီးတုန်ခါမယ်ဆိုရင် တာယာတွေသက်တမ်းတိုစေမှာဖြစ်ပြီး မြန်နှုန်းမြင့်မောင်းနှင်ချိန်မှာလည်း မတော်တဆ တိမ်းမှောက်နိုင်ချေများစေမှာဖြစ်ပါတယ်
ဒီတော့ ဘယ်အချိန်မှာများ Balanceလုပ်ဆောင်ထားသင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်
🔸တာယာအသစ်လဲလှယ်တပ်ဆင်ချိန်
🔸ဒစ်ဝှီး ဘီးခွေများ အသစ်လဲလှယ်တပ်ဆင်ချိန်
🔸နောက်ဆုံးချိန်ထားတဲ့Balance Weight တုံးပြုတ်ထွက်သွားချိန်
🔸ဘီးပေါက်ဖာပြီး တာယာဖြုတ်ထုတ်ပြီး ပြန်လည်တပ်ဆင်စီးနင်းနေချိန်
🔸တာယာပန်းသားတွေ စားနေတာကို မျက်မြင်တွေ့လာရချိန်
🔸ကွန်ပေါင်းပန်းတင်ထားတဲ့တာယာများ လဲလှယ်တပ်ဆင် သုံးစွဲချိန်

အထက်ဖော်ပြပါ အချိန်တွေဟာ Balance ပြန်ချိန်သင့်ဖို့ အကောင်းဆုံးဖြစ်ပါတယ်

ဒီလို Balance ချိန်တဲ့နေရာမှာ Static Balancing နဲ့ Dynamic Balancing ဆိုပြီးချိန်နည်း နှစ်မျိုးရှိပါတယ်

🔹Static ကတော့ တည်ငြိမ်အနေအထားမှာ ယာဉ်ရဲ့ဘီးအပေါ် ဝန်သက်ရောက်မှုနဲ့ တည်ငြိမ်မှု ဟန်ချက်ကို စစ်ဆေးတာဖြစ်ပြီး
🔹Dynamic ကတော့ ဘီးတွေလည်ပတ်ချိန်မှာဖြစ်လာမဲ့ အလေးချိန်ဖြန့်ကျက်မှု အနေအထားကို စစ်ဆေးပြီးဟန်ချက်ညီအောင် လိုအပ်သလိုပြန်လည်ချိန်ညှိယူရတာပဲဖြစ်ပါတယ်

Balance Out ဆိုတဲ့အနေအထားဆိုရင်တော့ Weight တုံးတွေခံပြီး ဟန်ချက်ညီအောင် လုပ်ယူရတာပါ

ချိန်ညှိပုံကတော့ လိုအပ်သလို ဆိုင်ကနေ လုပ်ဆောင်ပေးမှာဖြစ်ပြီး အမျိုးအစားနှစ်မျိုးကို ဗဟုသုတ ရရန်မျှဝေခြင်းဖြစ်ပါတယ်

Credit - Lin Htet
မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါသည်

အင်ဂျင်ကူးလန့် အသုံးပြုရခြင်းရဲ့ ကောင်းကျိုးများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ကားအင်ဂျင်ရဲ့ အ...
25/05/2026

အင်ဂျင်ကူးလန့် အသုံးပြုရခြင်းရဲ့ ကောင်းကျိုးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားအင်ဂျင်ရဲ့ အအေးပေးစနစ်မှာ အင်ဂျင်ကူးလန့် (Coolant) ကို အရောင်အမျိုးမျိုးနဲ့ သုံးစွဲကြပါတယ်။

ယခင်ခေတ်ဟောင်းကားတွေမှာတော့ ကူးလန့်ကို အသုံးမပြုဘဲ ရေကိုဘဲအသုံးပြုကြပါတယ်။

ရေကိုအသုံးပြုတဲ့အခါ သံချေးတတ်ခြင်း၊ ရေဂျိုးတတ်ခြင်း စသည့်ပြစ်ချက်များကြောင့် အင်ဂျင်အအေးပေးစနစ်ရှိ ရေတိုင်ကီများ ချေးပိတ်ခြင်း၊ ရေလည်အုံဒလက်များ ပွန်းစားခြင်းစသည့် ပြဿနာများကိုကြုံတွေ့ရကာ အင်ဂျင်အပူလွန်ကဲမှု (အိုဗာဟိ Overheat) ဖြစ်စေပါတယ်။

ဒါ့အပြင် ရိုးရိုးရေရဲ့ ရေဆူမှတ်က 100 C ဖြစ်ပြီး
အင်ဂျင်ကူးလန့်ရဲ့ ရေဆူမှတ်က 107 C ~ 150 C ကြား (ကူးလန့်အမျိုးအစားနှင့် ရောစပ်ထားသည့်အချိုးအစားပေါ်မူတည်) ရှိပါတယ်။

ဒါကြောင့် ကူးလန့်ကိုအသုံးပြုခြင်းဖြင့် အင်ဂျင်အပူလွန်ကဲမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။

အင်ဂျင်အပူလွန်ကဲတဲ့အခါ အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

အေးခဲတဲ့ဒေသများမှာ ရိုးရိုးရေကိုအသုံးပြုမိပါက 0 C မှာ ရေခဲကာ အအေးပေးစနစ်မှာ ပြဿနာတတ်စေပါတယ်။

အင်ဂျင်ကူးလန့်ကို အသုံးပြုခြင်းဖြင့် အေးခဲမှုကို ကာကွယ်ပေးကာ အအေးပေးစနစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ထိန်းထားနိုင်ပါတယ်။

ဒါ့အပြင် သံချေးတတ်ခြင်းကို ကာကွယ်ပေးတဲ့အတွက် ရေတိုင်ကီချေးပိတ်ခြင်း၊ ရေလည်အုံပျက်စီးခြင်း၊ သာမိုစတတ် (Thermostat) ဂျန့်ဖြစ်ခြင်း စသည့် ပြဿနာများကိုလည်း လျော့ချပေးပါတယ်။

အင်ဂျင်ကူးလန့်မှာ အရောင်တွေပါဝင်တာကြောင့် ယိုစိမ့်မှုဖြစ်တဲ့အခါမှာလည်း အလွယ်တကူသိမြင်နိုင်ကာ ပြစ်ချက်ရှာဖွေဖို့ လွယ်ကူစေပါတယ်။

ဒါကြောင့် မော်တော်ကားအင်ဂျင်အအေးပေးစနစ်မှာ အင်ဂျင်ကူးလန့်ကိုသာ အသုံးပြုသင့်ပါတယ်။

♂️အင်ဂျင်ကူးလန့် အသုံးပြုတဲ့အခါ သတိထားရမည့်အချက်လေးတွေတော့ ရှိပါတယ်။

အင်ဂျင်ကူးလန့်ရဲ့အရောင်တွေကို ရောစပ်ပြီး အသုံးပြုလို့မရပါဘူး။

ဥပမာ
ကူးလန့်လျော့တဲ့အခါ အနီရောင်အသုံးပြုထားတဲ့ အင်ဂျင်က ကူးလန့်အနီရောင်ကိုသာ ဖြည့်ပေးသင့်သလို
အစိမ်းရောင်အသုံးပြုထားတဲ့အင်ဂျင်က ကူးလန့်အစိမ်းရောင်ကိုသာ ဖြည့်ပေးသင့်ပါတယ်။

တကယ်လို့ အရောင်ပြောင်းလဲအသုံးပြုမယ်ဆိုရင် အင်ဂျင်အအေးပေးစနစ်အတွင်းမှာရှိတဲ့ ကူးလန့်အားလုံးကို ကုန်စင်အောင်ဖေါက်ချပြီးမှ အခြားအရောင်ကို အသုံးပြုသင့်ပါတယ်။

အင်ဂျင်ကူးလန့်မှာ Anti-Freeze (ကူးလန့်အဆီ) ပါဝင်မှုရာခိုင်နှုန်းကိုလည်း သတိထားသင့်ပါတယ်။
20%, 30% နှင့် 50% Pre-mixed (ရောစပ်ပြီးသား) ကူးလန့်များကိုသာ အသုံးပြုသင့်ပြီး 100% (ကူးလန့်အဆီ) သီးသန့်ကို အသုံးမပြုသင့်ပါဘူး။

ကူးလန့်အဆီသီးသန့်အသုံးပြုရင် အင်ဂျင်အိုဗာဟိ (Engine Overheat) ဖြစ်စေနိုင်ပါတယ်။

ဒီအချက်ကိုလည်း သတိပြုစေချင်ပါတယ်။

အင်ဂျင်ကူးလန့်ကိုလည်း ကီလိုမီတာ (40,000) (သို့) ၂ နှစ်တစ်ကြိမ်အသစ်လဲပေးသင့်ပါတယ်
(တချို့ကူးလန့်အမျိုးအစားများ SLLC (Super Long Life Coolant) တွေကို ၃၊ ၄ နှစ်ပေးတာတွေလည်း ရှိပါတယ်)။

ကူးလန့်ကို မလဲဘဲ သတ်မှတ်အချိန်ကာလထက် ကျော်လွန်အသုံးပြုမိပါက အရည်သွေးကျဆင်းကာ ကူးလန့်အနည်များဖြစ်စေပြီး ရေလိုင်းများမှာ ချေးပိတ်စေပါတယ်။

ဒါဆိုရင်လည်း အင်ဂျင်အပူလွန်ကဲမှုကို ဦးတည်စေတာကြောင့် အင်ဂျင်ကူးလန့်ကို ပုံမှန်စစ်ဆေးလဲလှယ်ပေးသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

Auto ဂီယာကားတွေကို ဂီယာဘောက်မပျက်အောင်ဘယ်လိုကာကွယ်သင့်သလဲ ??~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
24/05/2026

Auto ဂီယာကားတွေကို ဂီယာဘောက်မပျက်အောင်ဘယ်လိုကာကွယ်သင့်သလဲ ??

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်လာတဲ့ အော်တိုဂီယာကားတွေအတွက် အဓိကကျတဲ့ ဂီယာဘောက် ကိုမပျက်အောင်ဘယ်လိုထိန်းသိမ်းသင့်တယ် ဆိုတာပြောပြပေးပါမယ်။

ကျွန်တော်တို့လက်ရှိကားတွေအသုံးပြုသူအများစုဟာ ကားကိုပြုပြင်ထိန်းသိမ်းရင် အများစုက Engine Oil ၊ Tyre အောက်ပိုင်း ဒါတွေပဲအဓိကထားစစ်ဆေးဖြစ်ကြပါတယ်။ Kilo 5000 ဆိုရင်အများစုဟာ Engine Oil လဲကြပေမယ့် Gear Oil Auto ဆီကိုလဲဖို့ကိုတော့သတိမပြုမိကြပါဘူး။

ဥပမာ-Japan ကနေကားတစ်စီးဝယ်လိုက်ပါပြီ လပ်ထဲရောက်ရင် Tyre လဲ ၊ အောက်ပိုင်းစစ် အများစုကဒါပဲလုပ်ကြပါတယ်။

Gear Auto Oil ကိုနဂိုဂျပန်ကလာတဲ့အတိုင်းပဲသုံးကြပါတယ်။အဲ့လိုပဲစီးနေရင်း ကားပြောင်းစီးချင်လို့ရောင်း ဝယ်တဲ့သူကလည်း Engine Oil လောက်ပဲ

အဲ့တာကိုမစစ်ဘူး။

စစ်ဖို့ကလည်း အရင်ကကားတွေတော့လွယ်တယ်။

ဒါပေမယ့်အခုနောက်ဝင်တဲ့ကားတွေဖြစ်တဲ့ Belta ၊ Axio ၊ Fielder စတဲ့ကားတွေကျ စစ်ဖို့ဂိတ်တံပျောက်တွေဆိုတော့ မစစ်မိကြပါဘူး။ အဲ့ဒီတော့သူရဲ့သတ်မှတ်ထားတဲ့ Kilo 30000-50000 ထိပိုပြီး Auto ဆီကအထဲမှာကြာတော့ မဲပြီးဂျီးတွေဖြစ်ပြီးခဲသွားပြီး Gear တွေကို Auto ပြောင်းပေးရမယ့်နေရာမပြောင်းဘဲ Gear Change နောက်ကျတာတွေ Gear အကုန် change မပေးတာတွေဖြစ်ပါတယ်။ ကြာတော့ Gear Box ပျက်ပြီးအသစ်လဲပေးရတဲ့အဖြစ်ရောက်သွားပါတော့တယ်။

နောက်တစ်ခုက Hondaအမျိုးအစားကားတွေပါ။ Fit ၊ Civic ၊ Shuttle စတဲ့ကားတွေက Auto Oil လုံးဝအမှားမခံပါဘူး Toyota လိုမဟုတ်ပါဘူး။ CVT Gear Box အမျိုးအစားကို Honda ကလာတဲ့ HMMF Auto Oil ဒါမှမဟုတ် အခြား Brand တွေက အင်ဂျင်ဝိုင်တွေဆိုရင် HMMF လို့ပါရင်ထည့်လို့ရပါတယ်။ အဲ့ဒီ HMMF ကို မထည့်မိဘဲ အရင် Gear Box အမျိုးအစားမှာပါတဲ့ ATF Oil မှားထည့်ရင်တော့ ချက်ချင်းဖောက်ချပြီး HMMF Oil ပြန်ထည့်ပေးပါ။ မဟုတ်ရင် သင့်ကားအော်တိုဂီယာ ဘောက်ပြင်ရမယ့်အခြေအနေဖြစ်သွားမှာပါ။

“Gear Box ATF နဲ့Gear Box CVT ဘယ်လိုခွဲခြားနိုင်မလဲ ”

အကြမ်းဖျဉ်းကတော့မိမိတို့ ကား Gear တံ Lever တံမှာ D 4 3 2 L ၊ D 2 L အဲ့လိုပြရင် ATF ဂီယာဘောက်ဖြစ်ပြီး D S L ၊ D L အဲ့တာဆိုရင် CVT ဂီယာဘောက်လို့ အကြမ်းဖျဉ်းခွဲခြားလို့ရပါတယ်။တချို့ကားတွေက ဂိတ်တံကြည့်ပြီးခွဲကြပါတယ်။ ဂိတ်တံ မှာ ATF, CVT အဲ့လိုရေးတာကြည့်ပြီး ခွဲကြပါတယ်။ အရင်ကနည်းပညာအားနည်းတော့ အဲ့တာကြည့်ပြီးထည့်ကြပါတယ်။ မှန်လားဆိုတော့ အားလုံးမမှန်ပါဘူး။ တချို့ကဝပ်ရှော့မှာစုပြင်တဲ့အခါ ဂိတ်တံထုတ်ပြီး အကုန်စုချပြီး ပြန်ထည့်ရင် ကြုံရာဆွဲထည့်တတ်လို့ CVT က ATF တံထည့်မိတာတို့ ဖြစ်တတ်လို့ အဲ့လိုကြည့်ပြီး မခွဲပါနဲ့။ Gear Position ကိုကြည့်ပြီး ခွဲပြီးရင်ကားမောင်းရင် သတိထားကြည့် CVT က Gear change တာ ညင်သာမှုရှိပါတယ်။မသိသာပါဘူး။ ATF က Gear Change တာကတော့ သိသာပါတယ် ကလပ်ဂီယာမျိုးပေါ့။

ထပ်သေချာချင်ရင် မလဲခင်ဝပ်ရှော့မှာသေချာမေးပြီးလဲပါ။ နောက်ပိုင်းကားတွေကတော့ ATF နေရာမှာ CVT တွေအစားထိုးလာပါတယ်။ Gear Box မပျက်အောင်မိမိလက်ထဲကားစတင်ရောက်ရင် အသစ်သာလဲပေးလိုက်ပါ ပိုက်ဆံ60000-70000 လောက်ကိုမနှမျှောပါနဲ့။ လဲပြီးရင် Kilo 25000-30000 ပြည့်တိုင်းလဲပေးသင့်ပါတယ်။ Kilo မမှတ်မိရင် Engine Oil ၄ခါ (သို့) ၅ခါ ဆိုရင် တခါလဲပေးပါ။ အဲ့တာဆိုရင်မိမိကားဟာ Gear Box ပုံမှန်အလုပ်လုပ်ပြီး Engine လည်းသက်သာကာ Gear ပုံမှန် Change လို့ ဆီစားလည်းသက်သာပါတယ်။Gear Box နဲ့ဆီစားတာသက်ဆိုင်လားဆိုရင် သက်ဆိုင်ပါတယ်။ Gear Box မကောင်းရင် မိမိတို့ကားက Gear ၄ ချက်ဆိုပါတော့ Gear Box ကအထဲမှာ ဂျီးတွေများနေရင် Gear 1,2,3 ထိပဲ Change ပြီး နံပါတ် 4 ကိုမပြောင်းပေးလို့ အင်ဂျင်ကလည်း No.3 Gear နဲ့ပဲ ပိုပြီးအပတ်ရေများနေတော့ ဆီပိုစားပါတယ်။ ကြာရင် Gear Box ပါပျက်သွားတတ်ပါတယ်။

photo from google

Credit...မောင်ဂျစ်တူး (Popular News)

မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါသည်

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

Engine Brake (Jake Brake)~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အင်ဂျင်ဘရိတ် ဆိုသည်မ...
23/05/2026

Engine Brake (Jake Brake)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်ဂျင်ဘရိတ် ဆိုသည်မှာ ခြေနင်းဘရိတ်မနင်းဘဲ အင်ဂျင်ကို နှောင့်နှေးစေခြင်းဖြင့် ကားအရှိန်သတ်သွားစေသည့် လုပ်ရပ်ဖြစ်ပါသည်။

ယနေ့ ခေတ်အော်တိုကားများတွင်လီဗာ(Accelerator)ခြေနင်းကို လွှတ်လိုက်သည်နှင့်
လေအဝင် Throttle ဗားပိတ်သွားကာ Intake Manifold အတွင်း လေဟာနယ် (Vacuum) ဖြစ်စေပါသည်။
ထိုလေဟာနယ်ကြားခံကြောင့် ပြင်ပလေများ ဆလင်ဒါအတွင်းသို့ မဝင်ရောက်နိုင်တော့ဘဲ လေနည်းလျှင် ဆီလည်းနည်းသွားကာ ဂီယာလည်း အော်တို Down သွားမည်ဖြစ်သည်။
ယင်းမှာ အင်ဂျင်ဘရိတ် သဘောတရားပင်ဖြစ်ပါသည်။

Manual ကားများတွင် အရှိန်သတ်ချင်ပါက ဂီယာ Down လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ အင်ဂျင်ဘရိတ်ပြုလုပ်ခြင်းဖြင့် ကား၏ ဘရိတ်ရှူးများ ပါးမှုကို ပထမဆုံးလျော့ကျစေပါသည်။
ထို့နောက် ကုန်းဆင်းများတွင် ပို၍ အန္တရယ်ကင်းပြီး ဘရိတ်စနစ်တစ်ခုလုံးကိုပါ သက်သာစေသောကြောင့် ကြာရှည်ခံစေပါသည်။

ထို့အပြင် ဘရိတ်ကို အတင်းဖိနင်းသောကြောင့် ဖြစ်ပေါ်လာမည့် Friction ကြောင့် အပူထွက်မှုကိုလည်း တားဆီးပြီးသားဖြစ်ပါမည်။
ရေစိုနေသော လမ်းများတွင် ဘရိတ်ဖိနင်းမှုကြောင့် Slip ဖြစ်ခြင်းကိုလည်း ကာကွယ်ပါမည်။

အထက်ပါအကြောင်းအရာများကို ယာဥ်မောင်းအများစုသိပြီးသားဖြစ်ပါလိမ့်မည်။

သို့သော်အရှိန်တင်ချင် လီဗာနင်း၍ ရပ်ချင်လျှင် ဘရိတ်နင်း သူများလည်းရှိကြမှာဖြစ်ပါသည်။ ဘရိတ်ကိုမှေးနင်း၍ ဂီယာ Down လိုက်ပါက ကားမှာ သက်တောင့်သက်သာလေး နှေးသွားမည်ဖြစ်ပါသည်။

▪️'Exhaust Brake'
ကားကြီး ဒီဇယ်အင်ဂျင်များတွင် Throttle မပါသဖြင့် ဓာတ်ဆီကားများကဲ့သို့ လီဗာလွှတ်၍ လေအဝင်ကို မတားနိုင်ချေ။ ၄င်းတို့တွင် Exhaust line ၌ Throttle တပ်ဆင်ထားပြီး ယာဥ်မောင်းမှ ခလုတ်နှိပ်ကာ ပိတ်ပေးရပါသည်။
Engine Brake လုပ်ချင်သောအခါ Exhaust လိုင်းပိတ်လိုက်ခြင်းဖြင့် အထွက်မီးခိုးများ ပိတ်မိကာ Back Pressure ပြန်ကန်လာပါမည်။ ထို တန်ပြန်ဖိအားဖြင့် နောက်ပြန်ဝင်လာသော မီးခိုးများကြောင့် ဆလင်ဒါအတွင်း ဖိအားများလာပြီး ပြင်ပမှ Intake လေအဝင်ကို ရပ်တန့်စေပါမည်။ ထိုအခါ လေနည်း၊ ဆီနည်းပြီး အင်ဂျင်ပါဝါကျကာ အရှိန်သတ်သွားပါမည်။ ထိုစနစ်အား Exhaust Brake ဟုခေါ်၍ ယခင်က ဒီဇယ်ကားကြီးများတွင် ပါဝင်ခဲ့ပါသည်။

▪️'Compression Release Engine Brake'
Compression Brake/ Decompression Brake/Jacobs Brake/ Jake Brake စသည်ဖြင့် ခေါ်ဆိုကြပြီး ဒီဇယ်အင်ဂျင်များတွင် အသုံးပြုလေ့ရှိပါသည်။

၄င်းစနစ်သည် အင်ဂျင် 4 Stroke ၏ Compression Stroke ၌ ပစ္စတင်မှ လေကိုကျစ်၍ အပေါ်သို့ တွန်းတင်ရာ နောက်ဆုံး TDC မရောက်ခင်လေးအချိန်တွင် Exhaust Valve အား ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
ဖိအားမြင့်လေများမှာ အိတ်ဇောဗားမှ အပြင်ထွက်ကုန်သဖြင့် ပေါက်ကွဲရန် မလုံလောက်တော့ချေ။ ဤတွင် အင်ဂျင်ပါဝါ ကျ၍ အရှိန်သတ်သွားပါမည်။ ၄င်းတွင် Exhaust Valve အားဖွင့်ပေးနိုင်ရန် သီးခြား Rocker Arm တစ်ခုထပ်၍ ထည့်သွင်းထားကာ Hydraulic စနစ်ဖြင့် လှုပ်ရှားပါမည်။ Jake Brake ဖမ်းရန် Driver မှ ခလုတ်နိပ်ပေးရပါမည်။ Jake Brake 'ON' လိုက်သည်နှင့် အင်ဂျင်ဝိုင်များအား Solenoid Valve မှ လမ်းကြောင်းဖွင့်ပေးလိုက်ပါမည်။ ၄င်းမှ Control Valve သို့ရောက်ရှိ၍ Hydraulic Piston အား ဖိကာ Jake Rocker Arm ကို ဖိစေခြင်းဖြင့် Exhaust ဗားပွင့်မည်ဖြစ်သည်။ Jake Brake ဖမ်းရာတွင် အင်ဂျင်အသံကျယ်လောင်စွာ ထွက်စေပါသည်။ ဖွင့်ထုတ်ပေးလိုက်သည့် Exhaust Gas များမှ noise ဖြစ်ခြင်းဖြစ်ပါသည်။ ထို့သို့ ကျယ်လောင်သည့် ဆူညံသံကြောင့် အချို့ မြို့များတွင် မြို့ပြဧရိယာအတွင်း Jake Brake အသုံးမပြုကြရန် တားမြစ်ထားတတ်ပါသည်။

▪️'Retarder'
နောက်ပိုင်းကားကြီးများတွင် Continuous Braking System ဟုခေါ်သည့် Engine Retarder များတပ်ဆင်အသုံးပြုလာပါသည်။
Mechanical Retarder များအား Transmission Output Shaft နှင့် ဂီယာဖြင့်ချိတ်ဆက်ထားတတ်ပါသည်။

Retarder On/Off အား Driver မှ ပြုလုပ်ပေးရမည်ဖြစ်သည်။ On လိုက်သည်နှင့် Retarder Control Unit သို့ လျှပ်စစ် Signal ရောက်ပါမည်။ ထိုအခါ Retarder အတွင်းရှိ ဆီ (Transmission Oil)များ Torque Converter ကဲ့သို့ တာဘိုင်အတွင်းလည်ပတ်လာပါမည်။ ထိုဆီများ Retarder အတွင်း လှည့်ပတ်ပြီး လည်ပတ်ခြင်းဖြင့် အပူချိန်တက်လာမှုအား အအေးခံရန် ကား ရေတိုင်ကီမှပင် ပိုက်လိုင်းသွယ်၍ အအေးခံ (Heat Exchanger) အတွင်းလည်ပတ်စေပါသည်။ သဘောတရားမှာ အင်ဂျင်၏ လည်ပတ်မှုစွမ်းအား (Kinetic Energy) မှ အပူစွမ်းအား (Heat Energy) သို့ ပြောင်းလဲကာ စွမ်းအင် ဖြုန်းတီးပေးလိုက်ခြင်းဖြင့် ကားအရှိန်သတ်ပေးခြင်းဖြစ်ပါသည်။
Retarder Off ထားလျှင်တော့ ဆီများမလည်ဘဲ အချိတ်အဆက် ဂီယာသာလည်ပတ်မှုရှိနေပါမည်။
Electro Magnetic Retarder (EMR) များကိုမူ Transmission Prop Shaft (ကားနောက် ကရောင်းသို့သွားသော ရှက်ချောင်း)အား ခွ၍တပ်ဆင်ထားပါသည်။ Stator ပြားတွင် လျှပ်စစ် သံလိုက်များကပ်ထားပြီး Prop Shaft ကိုခွထားကာ Prop Shaft တွင် Rotor (Conductor) ပြားတပ်ဆင်ထားပါသည်။ အပြား ၂ ခုကြားတွင် Air Gap ဟုခေါ်သော အနည်းငယ်နေရာလွှတ်ထားခြင်းဖြင့် Friction မရှိစေရန်ပြုလုပ်ထားပါသည်။ Driver မှ Brake နင်းလိုက်ပါက Stator သို့ လျှပ်စစ်ရောက်၍ လျှပ်စစ်သံလိုက်ဖြစ်သွားပါမည်။ ထိုအခါ လည်ပတ်နေသည့် Rotor တွင် လျှပ်စီးဖြစ်ပေါ်လာပါမည်။ ယင်းကို Eddy Current ဟုခေါ်ပါသည်။ သို့သော် Rotor ရှိ ၄င်း Current များအား ဆွဲမထုတ်သည့်အခါ Rotor တွင် လည်အားဖြစ်ပေါ်လာပြီး Prop Shaft ၏လည်ပတ်မှုနှင့် ပြောင်းပြန်ဖြစ်သောကြောင့် prop Shaft လည်ပတ်မှုနှေးလာစေကာ ကားကို အရှိန်သတ်စေပါမည်။ ထိုသို့ ကား Retarder အမျိုးအစားများ များစွာရှိပါ​သေးကြောင်းဖြင့်။ ။

LinHtet(EEM)
မူရင်းရေးသားမျှဝေသူအားလေးစားစွာ Credit ပေးပါသည်
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

TL Carbon Service မှ ကာဗွန်ဂျိုးဆေးကြောခြင်း နှင့် ကျောက်ဇကာဆေးကြောခြင်း တို့ကို ဈေးနှုန်းသက်သာစွာ ဝန်ဆောင်မှုပေးနေပါသည်...
22/05/2026

TL Carbon Service မှ

ကာဗွန်ဂျိုးဆေးကြောခြင်း နှင့် ကျောက်ဇကာဆေးကြောခြင်း တို့ကို ဈေးနှုန်းသက်သာစွာ ဝန်ဆောင်မှုပေးနေပါသည်။

ကျောက်ဇကာ (Catalytic Converter) ဆေးရင် ဘာတွေထူးခြားမလဲ?

​ "ကျောက်ဇကာ" ဆေးကြောသန့်စင်ခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ -

​🚀 အဆွဲအရုန်း သိသိသာသာ ပေါ့ပါးသွားခြင်း။

​⛽ လောင်စာဆီ စားနှုန်းကို ပြန်လည်သက်သာစေခြင်း။

​🔥 အင်ဂျင် အပူတက်ခြင်းကို လျှော့ချပေးခြင်း။

​💨 အိတ်ဇော အနံ့ဆိုးနှင့် မီးခိုးမည်းများ ပျောက်ကွယ်ခြင်း။

​💰 ကျောက်ဇကာအသစ်လဲရမည့် ကုန်ကျစရိတ်ကို သက်သာစေခြင်း။

​"အင်ဂျင်သက်တမ်း ပိုရှည်ဖို့ ကျောက်ဇကာကို ပုံမှန်ဆေးကြောသင့်ပါတယ် "


👉▪️Carbon Cleaning

သင့်ကား အရင်လို မရုန်းတော့ဘူးလား? ဆီစားတွေ အရမ်းများနေပြီလား?

​အင်ဂျင်အတွင်းပိုင်းမှာ ကပ်ငြိနေတဲ့ ကာဗွန်ဂျိုး (Carbon) တွေကြောင့် သင့်ကားရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေတာ ဖြစ်နိုင်ပါတယ်။ Carbon Cleaning လုပ်ပြီး အသစ်အတိုင်း ပြန်ဖြစ်အောင် ဖန်တီးလိုက်ပါ။

Carbon Cleaning လုပ်ခြင်းကြောင့် ရရှိမည့် ရလဒ်များ

​🚀အင်ဂျင်ရုန်းအား သိသိသာသာ ပြန်ကောင်းလာခြင်း။

​⛽လောင်စာဆီလောင်ကျွမ်းမှု ပိုမိုကောင်းမွန်လာခြင်း။

​🔇စက်နှိုးထားစဉ် တုန်ခါမှုနှင့် ဆူညံသံများ လျော့ကျသွားခြင်း။

​🌍အိတ်ဇောမှ အဆိပ်ငွေ့နှင့် မီးခိုးမည်းထွက်ခြင်းကို ထိန်းချုပ်ပေးခြင်း။

​🛠️အင်ဂျင်အစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်ပေးခြင်း။

​💰 ဈေးနှုန်းများ -

Carbon service

​3 လုံးထိုး အင်ဂျင် - 25,000 ks

​4 လုံးထိုး အင်ဂျင် - 35,000 ks

​6 လုံးထိုး အင်ဂျင် - 50,000 ks

​ကျောက်ဇကာ ဆေးကြော - 30,000 ks / 50,000 ks

📞 ဆက်သွယ်ရန်

​🚕 ကိုသက်လွင် 🚕

📍 ကြည့်မြင်တိုင် ရဲစခန်းဘေးလမ်း၊ ရုံးကြီးလမ်း / ဗားကရာချောက်အနီး၊ ရန်ကုန်။

​☎️ Ph: 09 44300 3881

☎️ Ph: 09 79 65 29677

အော်တိုဝိုင်လဲဖို့လိုအပ်နေလျှင် ပြတတ်တဲ့ လက္ခဏာ ၅ ချက်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
21/05/2026

အော်တိုဝိုင်လဲဖို့လိုအပ်နေလျှင်
ပြတတ်တဲ့ လက္ခဏာ ၅ ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အော်တိုဝိုင်လဲဖို့လိုနေမယ်ဆိုရင် ဒီလိုလက္ခဏာတွေကိုပြတတ်ပါတယ်....

🔸ဂီယာချိန်းရာမှာအခက်အခဲရှိခြင်း ၊
အော်တိုဝိုင်လဲဖို့လိုနေတာကိုပြတဲ့ ပုံမှန်လက္ခဏာတစ်ခုက ဂီယာချိန်းရာမှာ အခက်အခဲဖြစ်ခြင်းပါပဲ။

🔸အော်တိုဝိုင်မဲညစ်လာခြင်း ၊
အနီရောင်လွင်လွင်လေးရှိနေတဲ့အော်တိုဝိုင်က အမည်းရောင်(သို့မဟုတ်)အညိုရောင်အဖြစ်ကို ပြောင်းသွားပြီဆိုရင် အော်တိုဝိုင်လဲပေးဖို့
လိုနေပါပြီလို့ပြတဲ့ လက္ခဏာတစ်ခုပါ။

🔸ဂီယာချိန်းတဲ့အခါချော်ထွက်ခြင်း ၊
အရှိန်တင်ချင်လို့ဂီယာချိန်းတဲ့အခါ ဂီယာချော်ထွက်တာမျိုးဖြစ်နေမယ်ဆိုရင် အော်တိုဝိုင်လဲပေးဖို့လိုနေကြောင်း အသိပေးနေတာဖြစ်ပါတယ်။

🔸ဂီယာအုံအပူလွန်ကဲလာခြင်း ၊
အော်တိုဝိုင်လျော့နည်းနေမယ်ဆိုရင် ဂီယာအုံ အပူလွန်ကဲ နိုင်ပါတယ်။

🔸အော်တိုဝိုင်ယိုစိမ့်ခြင်း ၊
Transmission Line တွေ၊ Seal တွေ၊ Gasket တွေကတဆင့်
အော်တိုဝိုင်တွေယိုစိမ့်နေမယ်ဆိုရင် ဒီအစိတ်အပိုင်းတွေကို သေချာပြန်စစ်ဆေးပြီး
ယိုစိမ့်နေတဲ့အပိုင်းကို အစားထိုးအသုံးပြုပြီးမှ လျော့နေတဲ့အော်တိုဝိုင်ကို
ပြန်ဖြည့်ပေးသင့်ပါတယ်။

credit original uploader
မူရင်းရေးသားမျှဝေသူအားလေးစားစွာ Credit ပေးပါသည်
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

“ကားကျန်းမာရေး အထူးဂရုစိုက်ပါ ”ကျွန်တော်တို့ကိုနေ့စဉ်လိုရာခရီးရောက်အောင်မောင်းနှင်ပို့ဆောင်ပေးနေတဲ့ ကားလေးတွေရဲ့ကျန်းမာရ...
20/05/2026

“ကားကျန်းမာရေး အထူးဂရုစိုက်ပါ ”

ကျွန်တော်တို့ကိုနေ့စဉ်လိုရာခရီးရောက်အောင်မောင်းနှင်ပို့ဆောင်ပေးနေတဲ့ ကားလေးတွေရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့အတွက်မမေ့ပါနဲ့နော်

ဒါဆိုရင်ကားကျန်းမာရေးကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတော့👇👇👇

1️⃣ အင်ဂျင်ဝိုင်ကိုပုံမှန်စစ်ဆေးလဲလှယ်ပါ

အင်ဂျင်ဝိုင်နဲ့ Filter ကို ပုံမှန်စစ်ဆေးပြီး အသစ်လဲပေးတာက အင်ဂျင်သက်တမ်းကို ကြာရှည်ခံစေပါတယ်

2️⃣ တစ်နှစ်တစ်ကြိမ် ရေတိုင်ကီနဲ့အအေးပေးစနစ်ကိုဆေးကြောပေးပြီး coolant ကိုအသစ်လဲပေးပါ။ ဒီလိုလုပ်တာက အအေးပေးစနစ်ကို ကောင်းမွန်စေပြီး ရေတိုင်ကီနဲ့ ပိုက်လိုင်းတွေထဲမှာ အနည်ထိုင်ပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်

3️⃣ ဂီယာဆီတွေက မကြာခဏလဲပေးဖို့ မလိုပေမယ့် သတ်မှတ်ချိန်တစ်ခုထားပြီး လဲပေးတာကတော့အကောင်းဆုံးဖြစ်ပါတယ်။ ဆီတွေလဲတဲ့အခါမှာလည်း အမြဲတမ်း သတ်မှတ်ထားတဲ့ အမျိုးအစားကိုပဲ အသုံးပြုပေးပါ

4️⃣ သန့်ရှင်းရေးလုပ်ပေးပါ။ ကားရဲ့အပြင်ဘက်ကိုသာမကပဲ အောက်ဘက်ကအညစ်အကြေးတွေကိုလည်းရေအားကောင်းကောင်းနဲ့ ထိုးပြီး ဆေးကြောပေးပါ

5️⃣ ကားအောက်ပိုင်းနဲ့ အလိုင်းမင်းကို ပုံမှန်စစ်ဆေးပေးပါ။ ဘေးကင်းဖို့၊ ကားစွမ်းဆောင်ရည် ကောင်းဖို့၊ အစိတ်အပိုင်းတွေ တာရှည်ခံဖို့နဲ့ လမ်းအခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ကားအောက်ပိုင်းနဲ့အလိုင်းမင်းကိုပုံမှန်စစ်ဆေးပေးပြီး ကားတာယာနဲ့ လေပေါင်ချိန်ကိုလည်း နှစ်ပတ်တစ်ခါစစ်ဆေးပေးသင့်ပါတယ်

6️⃣ အနည်းဆုံး (၆)လ တစ်ကြိမ်လောက်တော့ အရောင်တင်ပေးဖို့ လိုပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ အရောင်တင်ဆီတွေက ကားရဲ့ ဆေးရောင်ကို သစ်လွင်လှပနေစေပြီး အရောင်မလွင့်အောင် ကာကွယ်ပေးမှာပါ

7️⃣ ဘရိတ်ဆီက အစိုဓာတ်ကို စုပ်ယူနိုင်တာကြောင့် အစိုဓာတ်များပြီး အစိတ်အပိုင်းတွေ သံချေးတက်

ပျက်စီးနိုင်ပါတယ် ဒါကြောင့် ဘရိတ်ဆီလဲလှယ်ပေးပြီး ဘရိတ်စနစ်ရဲ့အစိတ်အပိုင်းတွေကို တစ်နှစ်တစ်ခါလောက် စစ်ဆေးပေးဖို့ လိုပါတယ်

ဒီလိုလေးတွေသေချာဂရုစိုက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ကားလေးကျန်းမာရေးမကောင်းဖြစ်မှာမပူရတော့ဘူးပေါ့ဗျာ

Credit to original uploader

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါသည်။

ဗဟုသုတရစေရန် ပြန်လည်မျှဝေပေးခြင်းပါခင်ဗျ။

Honda Fit အကြောင်း သင်အပြည့်အစုံ သိပီးပီလား?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~...
19/05/2026

Honda Fit အကြောင်း သင်အပြည့်အစုံ သိပီးပီလား?

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာမှာရောင်းအားအကောင်းဆုံးနဲ့မြန်မာမှာလူကြိုက်အများဆုံး Honda Fit အကြောင်းသိကောင်းစရာ

Honda Fit ဟာ လက်ရှိရန်ကုန်မြို့မှာသာမက မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့နေရတဲ့ ကားတစ်စီးဖြစ်ပါတယ်

ဒီဇိုင်းပုံစံလှပသေသပ်ခြင်း၊ ဆီစားသက်သာခြင်း၊ အသံ စနစ်ကောင်းမွန်ခြင်းနဲ့ အခြားသော အားသာချက်တွေကြောင့် လူကြိုက်များနေရခြင်းလည်း ဖြစ်ပါတယ်။

Honda Fit ကို Honda Jazz လို့လည်း ခေါ်ပါသေးတယ် ၊

ကျစ်လျစ်တဲ့ပုံစံတည်ဆောက်ထားပြီး ဂျပန်နိုင်ငံ၊ ဟွန်ဒါ ကားထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်တဲ့ ‘Subcompact’ ကားတစ်စီးပါ။

ဒါပေမဲ့ သူ့ရဲ့အတွင်းခန်းကတော့ တော်ရုံ Wagon ကားထက်တောင်ကျယ်ပြီး / နောက်ခန်း ပစ္စည်းတင်တဲ့နေရာကလည်း အိတ်ကြီးကြီး ၆ အိတ်လောက်ထိ တင်လို့ပါသေးတယ်

၂၀၀၁ ခုနှစ်၊ ဇွန်လက စတင်မိတ်ဆက်ခဲ့တဲ့ ကားဖြစ်ပြီး အခုတော့ ဒုတိယမျိုးဆက်ထိ ရောက်သွားပါပြီ။

ဂျပန်၊ တရုတ်နဲ့ အမေရိက မှာတော့ အဆိုပါကားကို ‘Honda Fit’ လို့ခေါ်ကြပြီး

ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ သြစတြေးလျနဲ့ အာရှတိုက်နေရာ တော်တော်များများမှာ “Honda Jazz” လို့ ခေါ်ကြပါတယ်။

တံခါး ငါးပေါက်ပါတဲ့ 5-door Style ဖြစ်ပြီး အင်ဂျင်က ရှေ့မှာတပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပေါ်ကာစ ၂၀၀၁ ခုနှစ်မှာတည်းက လူကြိုက်များ၊ အရောင်းသွက်ခဲ့တဲ့ ကားဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာတော့ ပုံစံအနည်းငယ်ပြောင်းထားတဲ့ ဒုတိယမျိုးဆက်ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

မော်ဒယ်နှစ်မျိုးလုံးမှာ ဂီယာငါးချက်ပါတဲ့ Auto/Manual စနစ်တွေ ရွေးချယ်နိုင်သလို အင်ဂျင်ဆီစားနှုန်းကလည်း 1.2L, 1.3L, 1.5L စသဖြင့် အသီးသီး ရှိပါတယ်(အဓိက မြန်မာပြည်မှာတော့ ဂျပန်က သွင်းတာပဲများတဲ့ အတွက် 1.3 နဲ့ 1.5 ပဲပြောပါမယ်)။

ကားတစ်စီးလုံးရဲ့ အလေးချိန်ဟာဆိုရင်လည်း ပေါင်နှစ်ထောင်ကျော်ခန့် (ကီလိုဂရမ် ၁၀၀၀ ကျော်)သာ ရှိပါတယ်။

Honda Fit, Honda Jazz အတူတူပဲ ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ဂျပန်မှာခေါ်တဲ့အတိုင်း ‘Honda Fit’ လို့ပဲ ခေါ်ကြပါတယ်။

ရန်ကုန်မြို့တွင်းလမ်းတွေမှာနဲ့ နယ်တွေမှာပါ အဆိုပါကားကို တော်တော်အသုံးများကြတာ တွေ့ရပါတယ်

လက်ရှိမြန်မာပြည် စျေးကွက်မှာတော့ First-generation ရော၊ Second-generation ရော Third generation ရောသုံးမျိုးစလုံး ရှိနေပါတယ်။

၂၀၀၁ ဇွန်မှာ စတင် ထုတ်လုပ်ခဲ့ပြီး အခုအခါမှာတော့ တတိယမျိုးဆက်အဖြစ် တောင်မှထုတ်လုပ်နေပါတယ်။ နိုင်ငံ ၈ နိုင်ငံက စက်ရုံ ၁၀ ရုံကနေ ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးမှာ ရောင်းချနေတာဖြစ်ပါတယ်။

၂၀၁၂ ဇွန်လအထိ ၁၁ နှစ်အတွင်း အစီးရေ ၄ သန်း ဝန်းကျင် ရောင်းချပြီး ဖြစ်ပါတယ်။

Hybrid အမျိုးအစား ဆီစွမ်းအင်နဲ့လျှပ်စစ်မော်တာ ဖြင့် မောင်းနိုင်သည့် အမျိုးအစားများကို ၂၀၁၀ အောက်တိုဘာတွင် ဂျပန်နိုင်ငံ၊ ၂၀၁၁ အစောပိုင်းတွင် ဥရောပ၌ စတင်ရောင်းချခဲ့ပါတယ်။

လျှပ်စစ်သီးသန့် ဖြင့်သာ မောင်နှင်နိုင်သည့် အမျိုးအစားဖြစ်တဲ့ FIT EV ကိုတော့ ၂၀၁၂ ဇွန်လိုင်တွင် အမေရိကန်မှာ စတင်ရောင်းချခဲ့ပါတယ်။

Fit Shuttle ဆိုတဲ့ အမျိုးအစားလည်း ထုတ်လုပ်ပါသေးတယ် သူကတော့ station wagon ဆန်ဆန် ကားကြီးသွားပါ ပြီ နောက်ခန်းလည်း အကျယ် ကြီးဖြစ်သွားပါတယ် (စျေးလည်းပိုတယ်ပေါ့နော်)

မြန်မာပြည်မှာတော့ Honda Fit ကို ရွေးချယ်စရာ (၃)မျိုး ထိရှိပါသေးတယ်။

First Generation GD1/GD2/GD3/GD4/GD5

Second Generation GE6/GE7/GE8/GE9/GP1

Third Generation GK3/GK4/GK5/GK6

မှတ်ချက်အနေနဲ့ကတော့ မြန်မာပြည်မှာ GD1 / GD3 / GE6 / GE7 / GE8 / GP1 ၊GK3 အမျိုးအစားတွေသာအများအားဖြင့်တွေ့ရနိုင်ပါတယ်။

GD1 မှာတော့ grade 2 မျိုးသာ တွေ့ရပါတယ်

G နဲ့ L ပါ L grade ရဲ့ ထင်ရှားတဲ့ ကွဲပြားမှုက Aircon digital ဖြစ်မယ် Driver လက်တင်ပါမယ်

လက်ကိုင်ကွင်း ၄ ကွင်း ပါမယ် ဒါတွေက G grade မှာလုံးဝ မပါဝင်ပါဘူး ။

GE6 အကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်။

ရိုးရိုး G ဆိုရင် မှန်ကာလာ မပါဘူး၊ side mirror ဘေးမှန်မှာ မီးတန်းမပါသလို မှန်ချိုး၊ မှန်ခေါက် မရပါဘူး။

G F package ဆိုရင် G မှာ မရတာ၊ မပါတာတွေ ပါလာမယ်၊ ရလာပါမယ်။

L package ဆိုရင်တော့ aircon မှာ digital ဖြစ်သွားပါမယ်။

Smart key (turn start), Original TV & Audio controller / Back cam / Sonar / Fog light စတဲ့ အချက်တွေကတော့ optional တွေမို့ package နဲ့ ခွဲခြားဖို့ ခက်ခဲစေပါတယ်။

ဒါ့အပြင် G 10th anniversary, Sporty Edition, She S, Smart Edition , RS စတဲ့ အခွဲလေးတွေလည်း အများကြီး ထပ်ရှိသေးပါတယ် အဓိကကွဲပြာတာကတော့ မီးခွက်ပုံစံ , အရောင် code နဲ့ skirt ရယ် အင်ဂျင်မှာ တပ်ဆင်တဲ့ ပစ္စည်းအမျိုးအစားလေးတွေသာ ကွာပါတယ် ။

Second Generation GP1 မှာ နောက်ထပ် ထူးခြားတာ တစ်ခုက ၂၀၁၀ ခုနှစ် ၁၀လပိုင်း နောက်ပိုင်းထုတ်တဲ့ ကားတွေဆို ရှေ့ဘန်ဘာနဲ့ အနောက်မီးခွက်ပုံစံ ကွဲပြားသွားပါတယ်( တချို့ hybrid မဟုတ်ပဲနဲ့ GE6 chassis နဲ့ ဘန်ဘာပြောင်းတာလည်းရှိပါတယ်)။

အမျိုးအစား လိုက် အင်ဂျင်ပါဝါတွေကတော့

GD1 1300cc, FF

GD2 1300cc, 4WD

GD3 1500cc , FF

GD4 1500cc, 4WD

GD5 1200cc, FF ( Europe only -Jazz )

Second generation

GE6 1300cc, FF

GE7 1300cc, 4WD

GE8 1500cc, FF

GE9 1500cc, 4WD

အခုဆို မြန်မာပြည်လမ်းပေါ်မှာ ရောက်လာပြီဖြစ်တဲ့ Third generation fit တွေကတော့

GK3 1300cc, FF

GK4 1300cc, 4WD ( ရှားပါး )

GK5 1500cc, FF

GK6 1500cc, 4WD ( ရှားပါး )

ဂရိတ်ခွဲ အနေနဲ့ကတော့ 13G/ 15X / RS နဲ့ Hybrid. ဆိုပြီး ဂျပန်မှာရောင်းနေပါတယ်

RS က အမြင့်ဆုံး ဂရိတ်ပါ 1.5 အင်ဂျင်နဲ့ပဲလာပါတယ် ။

အင်ဂျင် အမျိုးအစားတွေကတော့

First Generation အတွက်

1.3 = L13A I4 i-DSI ( plug ၈ လုံး )

1.5 = L15A I4 i-DSI

Second Generation အတွက်

1.3 = L13A I4 i-VTEC ( plug ၄ လုံး )

1.5 = L15A I4 i-VTEC

Third Generation အတွက်ကတော့

1.3 = L13B I4 Earth Dreams i-DTEC

1.5 = L15B I4 Earth Dreams i-DTEC

ဆို ပြီးဖြစ်ပါတယ် ။

အခု HONDA Fit 2018 Model အထိကို

လူကြိုက်များ ရောင်းအားကောင်းဆဲဖြစ်ပါတယ်

အခြားသော အင်ဂျင်ပါဝါမတူတဲ့ အမျိုးအစားတွေ ရှိပါသေးတယ် ဒါပေမဲ့ မြန်မာပြည်မှာ တွေ့ရတဲ့ အမျိုးအစားတွေကို အဓိက ပြေ ာခြင်းဖြစ်ပါတယ်

အသိပညာများတိုးပွားစေဖို့ ရည်ရွယ်ပါတယ် ။

Credit & copy to ဝေယံ
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်။
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

photocredit

မိတ်ဆွေတို့ ကား spark plug အကြောင်း ဗဟုသုတပါ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဓာတ်ဆီအင်ဂျင်တစ်လု...
18/05/2026

မိတ်ဆွေတို့ ကား spark plug အကြောင်း ဗဟုသုတပါ
~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~

ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ လေနဲ့ လောင်စာအရောတွေ အကောင်းဆုံး မီးလောင်ပေါက်ကွဲနိုင်ဖို့ Spark Plug တွေရဲ့လုပ်ဆောင်ချက်ဟာ အရေးကြီးပါတယ်။

Ignition System မှာနောက်ဆုံးအဓိကကျတဲ့အရာကလည်း Spark Plug ပါပဲ။

Plug မကောင်း လို့ အင်ဂျင်လုပ်ဆောင်ချက်စွမ်းရည် အပြည့်အဝမရရင် ဆီစားနှုန်းများလာ ပါတယ်။
အင်ဂျင်ရုန်းအား၊ ဆွဲအား လည်း ကျဆင်းပါတယ်။

Plug ဆိုတာ လူတိုင်းသိပေမယ့် Plug ကြောင့် ဖြစ်နေတဲ့ပြဿနာတွေ၊ ချွတ်ယွင်းအားနည်းချက်တွေကို အသေးစိတ်နားလည် သိရှိကြသူတွေ နည်းပါတယ်။

အရည်အသွေးမကောင်းတဲ့ ဓာတ်ဆီတွေသုံးပြီး ပြုပြင်ထိန်းသိမ်းမှု အားနည်းနေတဲ့ကားတွေမှာ Plug ပြဿနာ၊ Plug ဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။

➡Ignition စနစ်ဆိုတာဘာလဲ
~~~~~~~~~~~~~~~~~~~
ဓာတ်ဆီအင်ဂျင်တစ်လုံး မှာ လေနဲ့လောင်စာဆီအရောကို Power Stroke ရောက်ခါနီးမှာ မီးလောင်ပေါက်ကွဲသွားအောင် မီးပွား (Spark) တွေဖန်တီးပြုလုပ်ပေးတဲ့အရာပါပဲ။

Ignition စနစ်မှာ မီးကွိုင် (Ignition Coil) က ပို့လွှတ်ပေးလိုက်တဲ့ ဗို့အားမြင့်(High Voltage) တွေ၊ ပလပ်ကြိုးကနေတစ်ဆင့် Plug ကို ရောက်လာပါတယ်။

ဗို့အား ၁၂၀ဝ၀ ကနေ ၂၅၀ဝဝ Volt ရှိတဲ့အတွက် Plug ထိပ်မှာရှိတဲ့ Center Electrode ကနေ Ground ငုတ်ကို မီးပွားတွေခုန်ကူးပါတယ်။

ဒီမီးပွားကြောင့် Combustion Chamber ထဲမှာရှိနေတဲ့ ဖိသိပ်ခံထားရတဲ့ လေ-လောင်စာဆီအရောတွေ ပေါက်ကွဲထွက်သွားပါတယ်။

ဒီပေါက်ကွဲတွန်းကန်အားကြောင့် ပစ္စတင်က Connecting Rod ကိုတွန်းချပြီး ကရိုင်းရှပ်ကို လည်ပတ်စေပါတယ်။

ပစ္စတင် ၄ လုံးရှိရင် ပလပ် ၄ လုံးရှိပါတယ်။ တချို့ကားတွေမှာ ဆလင်ဒါတစ်လုံးအတွက် Plug ၂ လုံးစီတောင်တပ်ဆင်ထားပါတယ်။

အင်ဂျင်လည်ပတ်နေတဲ့နှုန်းကမြန်လွန်းတဲ့အတွက် ပလပ်မီးပွားပွင့်ချိန်ကလည်း အလွန်တိုတောင်းလှပါတယ်။ High Speed မောင်းနေတဲ့အချိန်မှာ ပလပ်မီးပွားပွင့်ချိန်တစ်ခုဟာ ၁ စက္ကန့်ရဲ့ အပုံ ၁၀ဝ၀ ပုံ ၁ ပုံ (၁/၁၀ဝဝ) လောက်ပဲ ကြာပါတယ်

ပလပ်ထိပ် Electrode နဲ့ ကြွေသားတွေမှာ ကာဗွန်တွေချိုးကပ်ပြီး ပလပ်ညစ်ပေလာတတ်ပါတယ်။
ကာဗွန်ချိုးတွေ ညစ်ပေတာများလာရင် ပလပ်မီးပွားခုန်ကူးတာကို အနှောင့်အယှက်တွေဖြစ်လာပါတယ်။

ပလပ်မီးကူးတာ မမှန်တော့ဘူး။ အင်ဂျင်ပေါက်ကွဲမှုလည်း မမှန်တော့ဘူး။ ပလပ်ညစ်ပေနေပြီး ပလပ်မခုတ်တော့တာကို Carbon Fouling ဖြစ်တယ်လို့ခေါ်ပါတယ်။

➡ဘာကြောင့် Plug ထိပ်မှာ (Hot Type)၊ အအေးပလပ် (Cold Type) ဆိုပြီး ခွဲခြားထုတ်လုပ်ပါလဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Plug တစ်လုံးကနေ အပူတွေလျှောက်ကူးစီးဆင်း ပြန်လည်အအေးခံတဲ့အခါမှာ ကြာတဲ့အချိန်ပေါ်မှာမူတည်ပြီး အပူ ပလပ်၊ အအေးပလပ်ကို သတ်မှတ်ပါတယ်။
ပလပ်တစ်လုံးမှာ လျှပ်ကာပစ္စည်းဖြစ်တဲ့ ကြွေသီးတွေနဲ့ တည်ဆောက်ထားပါတယ်။

ပလပ်ရဲ့အလယ်အူတိုင် Center Electrode ကို ကြွေသား Insulator ကဖုံးအုပ်ပြီးထားပါတယ်။
အပူပလပ်တွေမှာ ကြွေသား Insulator Nose က အလျားရှည်ပါတယ်။
အအေးပလပ် (Cold Type) မှာတော့ Insulator Nose က အလျားပိုပြီးတိုပါတယ်။
အပူပလပ်နဲ့ အအေးပလပ်ကို ကုပ်နံပါတ်တွေနဲ့ ခွဲခြားထုတ်လုပ်ထားပါတယ်။
ပလပ်တစ်လုံးက အပူတွေကို အင်ဂျင် Head ကနေတစ်ဆင့် အပြင် ကိုစွန့်ထုတ်ပစ်ရပါတယ်။ အပူပလပ်တစ်လုံးရဲ့ Insulator Nose က ပိုပြီးရှည်တာကြောင့် အပူစွန့်ထုတ်ပစ်တဲ့နေရာမှာကြာပါတယ်။ ဒီလိုကြာတဲ့အတွက် ပလပ်ရဲ့အပူချိန်က မြင့်နေပါတယ်။

အကောင်းဆုံးပလပ်တစ်လုံးရဲ့ မီးလောင်ပြီးဆုံးမှုအပူချိန်ဟာ (500C) ကနေ (800C) အတွင်း ခန့်မှန်းခြေအားဖြင့်ရှိပါတယ်။ 500 C ထက်နိမ့်ကျနေတဲ့အပူချိန်မှာ ပလပ်တစ်လုံးရဲ့ Self-Cleaning Temperature လို့ ခေါ်ပါတယ်။ ဒီအပူချိန်အခြေအနေမှာရှိနေရင် ပလပ်တွေသန့်ရှင်းနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပလပ်အတွင်းပိုင်းမှာလာပြီး ချိုးကပ်နေတဲ့ ကာဗွန်တွေဟာ သူ့သဘာဝအတိုင်း လောင်ကျွမ်းသွားကုန်လို့ပါပဲ။ 800C ထက်ပိုနေရင်လည်း Overheating ဖြစ်ပါတယ်။ ပလပ်တစ်လုံးရဲ့အကောင်းဆုံး Thermal Performance ရဖို့ ပလပ်တစ်လုံးကို ရွေးချယ်တဲ့အခါမှာ Heat range ဟာ အရေးကြီးတဲ့အချက်ပါပဲ။
ပလပ်တစ်လုံးမှာ ကာဗွန်ချိုးတွေညစ်ပေနေရင် မီးပွားပွင့်တာမမှန်တော့ပါဘူး။

ပလပ်ကာဗွန်ချိုးတွေ တွယ်ကပ်လာစေနိုင်တဲ့အကြောင်း တရားတွေကတော့-

▪️ ကားအင်ဂျင် low speed မှာပဲ ခရီးတိုလေးတွေကို အဆက်မပြတ်မောင်းနေခြင်း။
▪️ အအေးပလပ် (Cold Plug)ကို ရွေးချယ်အသုံးပြုထားခြင်း။
▪️ အင်ဂျင်အတွင်းသို့ ဆီများသော လေ-လောင်စာအချိုးအစားများဝင်ရောက်မှုများနေခြင်း။
▪️ အင်ဂျင်Compression ကျနေခြင်း၊ ပစ္စတင်ရိန်းနဲ့ ဆလင်ဒါနံရံများစားနေ၍ အင်ဂျင်ဝိုင်အကုန်များနေခြင်း။
▪️ မီးတိုင်မင် (Ignition timing) နောက်ကျလွန်းခြင်း။
▪️ မီးပေးစနစ် (Ignition System) အခြေအနေယိုယွင်းပျက်စီးနေ ခြင်း တို့ဖြစ်ပါတယ်။

Crd ... original wiriter
မူရင်းရေးသားသူအားလေးစားစွာ Creditပေးပါသည်
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်

ES ခလုတ်ဆိုတာဘာလဲ ?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အော်တိုဂီယာ မဟုတ်တဲ့ ရိုးရိုး မန်နူရယ် ဂီယာတ...
17/05/2026

ES ခလုတ်ဆိုတာဘာလဲ ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အော်တိုဂီယာ မဟုတ်တဲ့ ရိုးရိုး မန်နူရယ် ဂီယာတပ်ဆင်ထားသော မော်တော်ယာဉ်တွေအတွက် တော်တော် အသုံးဝင်တဲ့ ခလုတ်တစ်ခု ဖြစ်ပါတယ်...

ES (Easy Start) ခလုတ်ဟာ အလွယ်တကူ စက်နိုးရ နိုင်အောင် အထောက်အကူ ပြုပေးတဲ့ စနစ် တစ်ခု ဖြစ်ပါတယ် ...

ဘယ်အချိန် အသုံးပြုသင့်လဲဆိုရင်တောင် အတက်အဆင်း ကုန်းအတက်ကုန်းအဆင်းတွေမှာ ကုန်ဝိတ်နဲ့ ကားရပ်ထားခဲ့တယ် ဆိုပါစို့..

ကားပြန်ထွက်မယ်အချိန်မှာ ညာခြေက ဘရိတ် နဲ့လီဗာကို ခြေထောက်ကန့်လန့် နင်းထိန်းစရာ မလို တော့ဘဲ ES ခလုတ် ကို on ထားပြီး ဘရိတ်နင်း ကလပ်နင်း စက်နိုး ဂီယာထိုး မောင်းထွက်သွားရုံပါဘဲ... အဆင်းအတိုင်း လိမ့် သွားမှာ မစိုးရိမ်ရတော့ပါဘူး ...
(အရင်ကားတွေ တုန်းကတော့ ကုန်ဝိတ်နဲ့ ဒီလိုအခြေအနေကို နောက်ပြန် မလိမ့်အောင် မောင်းနိုင်မှဒရိုင်ဘာ စစ်စစ် ဖြစ်တာပါ )

သူ့စနစ် အကြမ်းဖျင်းက ကလပ်နင်း စက်နိုးချိန်မှာဘရိတ်ဖမ်းထားပေးပီး ဂီယာ ဝင်ပီ ဆိုမှ ဘရိတ်ကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးတာပါ ...
ပြန်လွှတ်ချိန်အနှေးအမြန်ကိုတော့FAST /SLOW ခလုတ်နဲ့ချိန် ပေးလို့ရပါတယ်။

Cr -Car အကြောင်းစုံ
to original Writer
မူရင်းရေးသားသူအားလေးစားစွာဖြင့်credit ပေးပါသည်
ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်
photocredit

Address

Yone Gyi Street
Yangon

Telephone

+95973003881

Website

Alerts

Be the first to know and let us send you an email when TL Carbon Cleaning Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TL Carbon Cleaning Service:

Share

Category