New Shine Premium Car Polish & Coating

Call Directions Contact the business

New Shine Premium Car Polish & Coating Quality is our priority !!! သစ်လွင်တောက်ပတဲ့ Car တို့ဖြစ်တည်မွေးဖွားတိုင်း ....New Shine

🏁New Shine Premium Car Aesthetic ရဲ့ ကြည်နူးဖွယ် သီတင်းကျွတ် ဂါရဝပြု အစီအစဉ် နဲ့ မုန့်ဖိုးပေး အစီ အစဉ်လေးပဲ ဖြစ်ပါတယ်..အ...
26/10/2026

🏁New Shine Premium Car Aesthetic ရဲ့ ကြည်နူးဖွယ် သီတင်းကျွတ် ဂါရဝပြု အစီအစဉ် နဲ့ မုန့်ဖိုးပေး အစီ အစဉ်လေးပဲ ဖြစ်ပါတယ်..
အားလုံးပဲ ပျော်ရွှင်ဖွယ် သီတင်း ကျွတ် အချိန်အခါလေး ပိုင်ဆိုင် နိုင်ကြပါစေ ✨

🪔✨ ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့ ✨🪔🙏🏻 မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်အခါသမယလေးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်...
26/10/2026

🪔✨ ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့ ✨🪔

🙏🏻 မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်အခါသမယလေးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

🌕 သီတင်းကျွတ်မီးရောင်စုံလေးတွေ ထွန်းလင်းတောက်ပနေသလိုပဲ မိတ်ဟောင်းမိတ်သစ် Customer များနှင့် မိသားစုဝင်များအားလုံးရဲ့ ဘဝတွေမှာလည်း ပျော်ရွှင်ခြင်း၊ အေးချမ်းခြင်းနဲ့ အောင်မြင်ခြင်းအလင်းရောင်တွေ ထွန်းလင်းတောက်ပနေပါစေ။

❤️ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ။

🚘 New Shine ကို အစဉ်အမြဲ ယုံကြည်အားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ယခုလို မင်္ဂလာရှိတဲ့ သီတင်းကျွတ်အခါသမယမှာ ချစ်ရသူတွေနဲ့အတူ နွေးထွေးပျော်ရွှင်ဖွယ် အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ New Shine Premium Car Aesthetic မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🏻✨

❤️ NEW SHINE PREMIUM CAR AESTHETIC
Your Car Deserves to Shine.

#သီတင်းကျွတ်လပြည့်နေ့ #သီတင်းကျွတ်ဆုတောင်း

🌕 သီတင်းကျွတ်လပြည့်နေ့ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း 🙏မင်္ဂလာပါ ခင်ဗျာ။သီတင်းကျွတ်လပြည့်နေ့ဖြစ်သော ၂၆.၁၀.၂၀၂၆ (တနင်္လာနေ...
25/10/2026

🌕 သီတင်းကျွတ်လပြည့်နေ့ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း 🙏

မင်္ဂလာပါ ခင်ဗျာ။

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော ၂၆.၁၀.၂၀၂၆ (တနင်္လာနေ့) တွင် New Shine Premium Car Aesthetic ဆိုင်အား တစ်ရက်တာ ပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

၂၇.၁၀.၂၀၂၆ (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

သီတင်းကျွတ်အခါသမယမှာ မိတ်ဟောင်းမိတ်သစ် Customer များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း New Shine မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏

NEW SHINE
Premium Car Aesthetic

New Shine ရဲ့ Futuristic Car Wash & Detailing Center ပါ ✨😎
18/10/2026

New Shine ရဲ့ Futuristic Car Wash & Detailing Center ပါ ✨😎

06/10/2026

✨October လအတွက် Car Wash & Detailing သင်တန်း
Oct 17 - Oct 30 ( 14 Days Training) ဖြစ်ပါတယ် ။

💯Detailing ပညာရပ်များ အပြင် ဆိုင်တဆိုင် ဖွင့်ဖို့ လိုအပ် တဲ့ မြေနေရာ ရွေးချယ်မှု ၊ဆိုင်တည်ဆောက်ပုံ အတိုင်းအတာနှင့် ဆောက်လုပ်ပုံများ၊ စက်ပစ္စည်း ဝယ်ယူမှု ၊ စာရင်းဇယားပိုင်း Marketing နှင့် ဝန်ထမ်းထိန်းသိမ်းမှု စည်းကမ်းများနဲ့ ၊ လုပ်ငန်းစီမံခန့်ခွဲမှု နဲ့ အခက်အခဲ များ အကြောင်း သိလိုသမျှ တွေ ကို ဆွေးနွေး တိုင်ပင် ခြင်းတွေ ပါ အသေးစိတ် ပါဝင်မှာ ဖြစ်ပါတယ် ။

💎လက်တွေ့ အောင်မြင်စွာ လည်ပတ် နေတဲ့ လုပ်ငန်းခွင်နဲ့ တွဲရက် ရှိတာမို့ လုပ်ငန်းလည်ပတ်မှု ကို အနီးကပ် ကောင်းစွာ လေ့လာနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဆိုင် တဆိုင် စတင် ဖွင့်လှစ် လိုသူတွေ အတွက် အရွေးချယ်သင့်ဆုံး သင်တန်းကျောင်းဖြစ်ပါတယ် ။

🎓အပတ်စဉ် တခု လျှင် သင်တန်းသား ၁၀ ယောက်သာကန့်သတ် ပြီး အနီးကပ် ကြပ်မတ်မှု နဲ့ လေ့ကျင့်သင်ကြားပေးပါတယ် ။သင်တန်း လူပြည့်မြန်တာမို့ ကြိုတင် စာရင်းပေးထားဖို့ လိုအပ်ပါတယ် ။

အသေးစိတ်ကို အားမနာတမ်း ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

📲Ph -09450000577 , 09401537024

🏁ဆိုင်သို့ လူကိုယ်တိုင် လာရောက် လိုသူများအတွက်
အမှတ် -၁၀၅၄ ၊ ဗိုလ်မင်းရောင်လမ်း ၊၃၅ ရပ်ကွက် ၊ မြောက်ဒဂုံ ။

🏁( Oct 19 - Nov 1 တန်းခွဲသစ် ) ကားရေဆေး နှင့် Detailing ဆိုင် ဖွင့်လှစ် လုပ်ကိုင် လိုသူများအတွက် New Shine ရဲ့ Professio...
04/10/2026

🏁( Oct 19 - Nov 1 တန်းခွဲသစ် ) ကားရေဆေး နှင့် Detailing ဆိုင် ဖွင့်လှစ် လုပ်ကိုင် လိုသူများအတွက် New Shine ရဲ့ Professional Detailing သင်တန်း ( October တန်းခွဲ ) စတင် အပ်နှံနိုင်ပါပြီ ။အတတ်ပညာ ပိုင်း၊ စီမံခန့်ခွဲမှု ၊ လုပ်ငန်းလည်ပတ်မှု အားလုံး ပြည့်ပြည့်စုံစုံ သင်ကြားပေးမှာဖြစ်ပါတယ်။

🌟ကား Detailing ကို ဝါသနာပါပြီး စီးပွါးဖြစ် ဆိုင်တစ်ဆိုင် အနေနဲ့ ဖွင့်လှစ် ချင်သူများ လုပ်ငန်း အကြောင်းကို အစိမ်းသက်သက်ကနေ နားလည်လွယ်နိုင်ဖို့ လိုအပ်တဲ့ စတင် ရွေးချယ်ရတဲ့ မြေနေရာအကျယ် အဝန်း ၊ စက်ပစ္စည်း ၊ ဝန်ထမ်း ၊ အရင်းအနှီး ၊ စီးပွါးရေး ပိုင်း ဆိုင်ရာ အကြံ ပြုချက်များ နဲ့ Detailing ပညာရပ် တွေရဲ့အခြေခံ ကားရေဆေး ကနေ Ceramic Coating ထိနည်းစနစ်တကျ တက်မြောက်အောင် သင်ကြားပေးမယ့် သင်တန်း ဖြစ်ပါတယ် ။

💎သင်တန်းလူဦးရေ အကန့်အသတ်နဲ့ သေချာ ကျပ်မတ် လေ့ကျင့် ပြီး တဦး ချင်း လုပ်ကွက် များကို Guide လုပ်ပေးမှာ ဖြစ်ပါတယ် ။သင်တန်းပြီးဆုံးတဲ့အခါ အစအဆုံး တစီးလုံးကို လက်တွေ့ပြုလုပ် နိုင်မှ သင်တန်းဆင်း ပေးမှ ဖြစ်လို့ ကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့ ယုံကြည်ချက်ပါ ရသွားစေရပါမယ်။

👉အခြား လိုအပ်သည့် လုပ်ငန်းအတွက် အရင်းအနှီးငွေ ချိန်ဆခြင်း၊ စက်ပစ္စည်း များ အကြောင်း ဝယ်ယူ ခြင်း အသုံးပြုခြင်း ရွေးချယ် အကြံပေးခြင်း ၊ ဆိုင်တည်နေရာနှင့် အဆောက်အဦး layout ပုံစံ Setting အတိုင်းအတာ တွေ က အစ ခေါင်းရှုပ်စရာ မလိုတော့ ပဲ အဆင်သင့် Format ရရှိသွားမှာဖြစ်ပါတယ် ။

💎ဘာလို့ New Shine သင်တန်း ကို ပိုရွေးချယ်သင့်တာလဲ ?
New Shine သည် ၁၀ နှစ် သက်တမ်းရှိသည့် အတွေ့အကြုံများကို လေ့လာဆွေးနွေးသင်ကြားနိုင်မည့်အပြင် 40x 100 ဂိုထောင်အပြည့် တည်ဆောက်ထားသည့် တပြိုင် ထဲ ၁၂ စီး ဝန်ဆောင်မှုပေး နိုင်သည့် အကြီးဆုံး သင်တန်း တစ်ခု ဖြစ်ပါသည်။ Detailing သာမက ကားရေဆေး လုပ်ငန်းဖြင့်လည်း နာမည်ရရှိထားပြီး တရက်လျင် အစီး ၅၀ ခန့် လုပ်ငန်းခွင်တွင် ကားပေါင်း များစွာ ဝန်ဆောင်မှု ပေးနေသော လုပ်ငန်းခွင်လည်ပတ်မှု များကို ပါတွဲဖက် လေ့လာနိုင်ပါသည်။

⭐️သင်တန်း သက်တမ်း ၆ နှစ်ကျော်ရှိပြီး လုပ်ငန်းသစ်စတင်ခြင်း များစွာကို အကြံပေး လုပ်ကိုင်ပြီး ဖြစ်လို့လုပ်ငန်းစတင်လုပ်ကိုင်စဉ် ကနေ အခက်အခဲမရှိ အောင်အောင် မြင်မြင် လည်ပတ်နိုင်တဲ့ ထိ အာမခံချက်ပေးနိုင်တဲ့ သင်တန်းကျောင်း တခုဖြစ်ပါတယ် ။

⚙️Theory တွေ လည်း အလွယ်ကူဆုံး နာလည်သဘောပေါက် အောင် နည်းပညာပိုင်း အခြေခံတွေ ကို International အဆင့်မီ အထိ သင်ကြားရမှာ ဖြစ်ပြီးလက်တွေ့ပိုင်း များများ နဲ့ ကျွမ်းကျင် ပိုင်နိုင်သည် အထိ လေ့ကျင့်မှု အဆင့်ဆင့် ကို ကိုယ်တိုင်ပြုလုပ်နိုင်သည်ထိ အနီးကပ်ကြီးကျပ်မှု နဲ့ ကိုယိပိုင် သတ်မှတ် လေ့ကျင့်ဧရိယာများ သတ်မှတ်၍ ထိရောက်စွာ သင်ယူလေ့လာနိုင်ပါမည် ။

💯 ဘာမှ အခြေခံ မရှိ သေးတဲ့ အနေအထားကနေ ဆိုင် တဆိုင် ဖွင့်ဖို့ အဆင်သင့်ဖြစ်တဲ့ထိ အပြည့်အဝ အာခံချက် ပေးပါတယ် ။သင်တန်းတက်ပြီး ဖွင့်လှစ်ခဲ့တဲ့ ဆိုင်တွေလည်း အများကြီး ရှိနေပြီမို့ ဒီသင်တန်း တခုက လုပ်ငန်း တခုလုံးအတွက် လုံလောက်တာ သေချာပါတယ်။သင်တန်းပြီး သွားသည့် တိုင်လည်း Online Group များဖွဲ့စည်းထားပြီး သင်ခန်းစာ အသစ်တွေ နဲ့ လိုအပ်တာ မှန်သမျ ဖြေပေးနေတာမို့ Life Time ဘာမှ ကို စိတ်ပူစရာ မလိုတော့ပါဘူး ။

🚗 သင်တန်းမှာ အခြေခံ အကျဆုံး လုပ်ငန်း သဘောကနေ

နည်းစနစ်ပိုင်းဆိုင်ရာ ⚙️

၁.လုပ်ငန်းမိတ်ဆက်
၂.အခြေခံ ကုန်ကျစရိတ်
၃.အဓိက စက်ပစ္စည်း ကိရိယာများ
၄.အဆောက်အဦး ပိုင်းနှင့် အဌားစရိတ်များ
၅.အကျိုးအမြတ် နှင့်ရေရှည်ရပ်တည်နိုင်ရန် အချက်များ
၆.၀န်ဆောင်မှု လုပ်ငန်း ဆိုင်ရာ အကြံပြူချက်
၇.၀န်ထမ်းစရိတ်များနှင့်အရေအတွက် တွက်ချက်ခြင်း
၈.စီမံ ခန့်ခွဲ မှု အပိုင်းများ
၉.စာရင်းရှင်းတန်းများ
၁၀.တွေ့ကြုံရနိုင်သော အခက်အခဲများ

လုပ်ငန်းသုံး ပစ္စည်းပိုင်းဆိုင်ရာ🌡️

၁၁။ ဆိုင်သုံး လိုအပ်မည့် ဆေးများ Brand များ(အမှတ်တံဆိပ် အမျိုးမျိုး) နှင့် အသုံးဝင်မှုများ အကြောင်း။
၁၂။ စက်ပစ္စည်း များ၏ အသုံးဝင်မှု နှင့် လက်တွေ့ အသုံးချခြင်း ( အတွင်းခန်းလျော်စက်၊ ရေနွေးငွေ့ စက် ၊ ပိုးသတ်စက် )
၁၃။ကားတစီးကို မထိခိုက်စေအောင်Car Care Products များ နည်းစနစ် တကျ အသုံးပြုခြင်း ။

လုပ်ဆောင်ချက်နှင့် ပညာရပ်ပိုင်းဆိုင်ရာ 🗽

၁၄။စနစ်တကျ ကားရေဆေးနည်း
၁၅။Premium Car Wash အဆင့်မြင့်ကားရေဆေးခြင်း
အကြောင်း
၁၆။ Decontamination ( ကားဆေးသား မထိခိုက် အောင် ဂျေးချွတ် ပြင်ဆင်ခြင်း)
၁၇။ Paint Thickness & Paint Damage ( ကားဆေးသား အထူ နှင့် ဆေးသား ထိခိုက် မှု ဒဏ်ရာများ အကြောင်း )
၁၈။Original Paint & Respray Paint ( အော်ဆေး နှင့် ပြန်ဆေး များ အကြောင်း ) အမြင် ဖြင့် ခွဲခြားခြင်း ၊စက်ဖြင့် တိုင်းတာစစ်ဆေးခြင်း နည်းစနစ်များ။
၁၉။စက်ပေါလစ် တိုက်ခြင်း နှင့် နည်းစနစ် တကျ ပေါလစ် တိုက်ခြင်း (Standard & Premium Polish)
၂၀။အတွင်းခန်းလျော််ခြင်း ( လည်သာ ၊ ရှမွိုင်း ၊ခုံဖြုတ်)
၂၁။ မီးသီး များ ပြန်လည် တောက်ပ လာအောင် အရောင်တင်ခြင်း
၂၂။အင်ဂျင်ခန်း ဆေးကြော သန့်စင်ခြင်း
၂၃။မှန် ရေဂျိုးဖျောက်ခြင်း နှင့် မှန်ပေါလစ်တိုက်ခြင်း
၂၄။Ceramic Coating , Glass Coating များ အကြောင်း ။
၂၅။လက်တွေ့ သင်ခန်း စားများ တဆင့်ဆီ ပြုလုပ်ခြင်း။
၂၆။ Training Panel များနှင့် အနီးကပ် ထပ်မံ လေ့ကျင့်ခြင်း။
၂၇။ကားအစစ်များဖြင့် လက်တွေ့ လေ့ကျင့်ခြင်း။
၂၈။၄ ယောက်တဖွဲ့ အရည်အချင်း ပြန်လည်စစ်ဆေးသည့် လက်တွေ့ပြုလုပ်သည့် စာမေးပွဲ ဖြေဆို ခြင်း။
၂၉။အတွေ့အကြုံ အခက်အခဲ နှင့် သိလိုသည်များ ကို ဆွေးနွေးတိုင်ပင် အကြံပေးခြင်း။
၃၀။ သင်တန်းဆင်း လက်မှတ် Certificate ချီးမြှင့်ခြင်း တို့ ပါဝင်ပါမည်။

📆 သင်တန်း တက်ရောက်ခြင်းဖြင့် လုပ်ငန်း အတွေ့အကြုံများကို အခြေခံ ပြီး မိမိ လုပ်ငန်း ကို အခက်အခဲ မရှိ အချိန်တိုအတွင်း အောင်မြင် နေရာရစေမည် ဖြစ်ပါသည်။

သင်တန်းရက် -Oct 17 - Oct 30
( 14 Days )

သင်တန်း အချိန် - 10 am - 4 pm
14 ရက် ဆက်တိုက် တက်ရောက်ရပါမည် ။

လစဉ် -၁၅ ရက်နေ့တိုင်း မှာ တန်းခွဲ သစ်ဖွင့်လှစ် ပါတယ်။
ယခု အပတ် စဉ် မမီ သူများ November 15 မှာ စမယ့် တန်းခွဲ ကိုကြိုတင် အပ်နှံ စာရင်း ပေးထားနိုင် ပါတယ်။

💶သင်တန်းကြေး - 10 သိန်း
(မည်သည့် အပိုဆောင်း ကြေးမှ ထပ်မံ ပေးရန်မလိုပါ)

☘️သင်တန်းကြေးသည် အသက်မွေး ဝမ်းကြောင်း ပညာရပ်ဖြစ်ပါသည်။ Detailing ကားတစ်စီး ၅ သိန်း ဝန်းကျင် လောက်ရရှိနိုင်သော အာမခံချက်ရှိသည့် စျေးကွက်ရှိသည့် လုပ်ငန်း ဖြစ်သည့်အတွက် ငွေကြေး ပြန်လည် ရရှိနှုန်း မြင့်တာကြောင့် တလအတွင်း မှာ ပြန်ရှာနိုင်မှာကို အာမခံပါတယ် ..

💴 သင်တန်းကြေးတွင် သင်ထောက်ကူပစ္စည်း များ နှင့် ဆေးဖိုး ၊ လေ့ကျင့်ရေးကားများ ၊စာရွက် စာတမ်းကြေး များ ပါဝင်ပြီးဖြစ်ပါသည်။

မတတ်မချင်း ဆိုင်မှာ အကန့်အသတ် မရှိ ဆက်လက် လေ့လာ နိုင်ပါတယ် …

( နေ ရန် ၊ စားရန် အတွက် မိမိ အစီအစဉ်ဖြင့် ဆောင်ရွက်ရပါမည်)။

သင်တန်းသားများအတွက် အဆောင် ၊ တည်းခိုခန်း ၊ ဟိုတယ် သင်တန်းနှင့် ကပ်ရပ် တွင် စရိတ် သက်သာသော တည်းခိုခန်း ရှိပါသည်။

ဆက်သွယ် စုံစမ်း ရန် PH - 09 450 000 577
09 401 53 7024

သင်တန်းလိပ်စာ - အမှတ် ၁၀၅၄ ,ဗိုလ်မင်းရောင်လမ်း , 35 ရပ်ကွက် , မြောက်ဒဂုံ , ရန်ကုန်မြို့

🚨 ထိရောက်စွာ သင်ကြား ဆွေးနွေး နိုင်ရန် အပတ်စဉ်တခုလျင် သင်တန်းသား ၁၀ ယောက်ထိ သာလက်ခံပါသည်။ကြိုတင် စာရင်းပေး စရန်ငွေသွင်း သူသာ အတည်ဖြစ်ပါသည်..

#ကားသင်တန်း
#ရေဆေးသင်တန်း
#ပေါလစ်သင်တန်း
်တန်း

👩🏻‍💼ရန်ကုန် ၊ မြောက်ဒဂုံ ရှိ Car Service Center အတွက် Customer Service ( F -2 ) အမြန် ခန့်ထားလိုပါတယ် ။Company တိုက်ရိုက...
04/10/2026

👩🏻‍💼ရန်ကုန် ၊ မြောက်ဒဂုံ ရှိ Car Service Center အတွက် Customer Service ( F -2 ) အမြန် ခန့်ထားလိုပါတယ် ။
Company တိုက်ရိုက် ဖြစ်ပါသည်။

🦾Requirements

👉ရုပ်ရည်ပြေပြစ်ပြီး စကားပြောကောင်းမွန်သူ ဖြစ်ရမည်။
👉Customer များအား ဖော်ရွေ ပြူဌာစွာ အချက်အလက်များကို ရှင်းပြ ပြောဆို နိုင်ရမည်။
👉Tik Tok , Online Program များအတွက် Camera မကြောက်ပဲ ဝန် ဆောင်မှု များ ရှင်းပြနိုင်သူဖြစ်ရမည်။

✨အသက် -၂၀ မှ ၃၀ အတွင်း
✨ပညာအရည်အချင်း ၁၀ တန်း နှင့် အထက်
✨မြောက်ဒဂုံ မြို့နယ် အနီး နေထိုင်သူ ဦးစားပေးပါမည်။

👉အလုပ်ချိန် - မနက် ၈ - ညနေ ၆
👉အလုပ်နေရာ - မြောက်ဒဂုံ ၊ ဘေလီတံတားအနီး ။
👉အလုပ်နားရက် - တပတ်တရက် ( Wednesday နေ့တိုင်း) ။
👉လစာ ခံစားခွင့် - 400,000-500,000 ++ (Target Bonus )+ Uniform + ကားအစီးရေပေါ် Incentive % များ ခံစားခွင့်

Cv form ကို CB သို့မဟုတ် Viber -09450000577
*လူတွေ့ အင်တာဗျူးပြီး မှ ခေါ်ယူခန့်ထားပါမည်။

🚨အကူညီတောင်း Post 🙏3Q -4858 Kia Rio ( Black ) ကားပိုင်ရှင် လူကြီးမင်းခင်ဗျာ ကျတော် တို့ ဆိုင် မှာ 30 ရက် ညနေက ရေလာဆေးရင်...
03/10/2026

🚨အကူညီတောင်း Post 🙏
3Q -4858 Kia Rio ( Black ) ကားပိုင်ရှင် လူကြီးမင်းခင်ဗျာ ကျတော် တို့ ဆိုင် မှာ 30 ရက် ညနေက ရေလာဆေးရင်း ဘေးက အမျိုးစားတူ KiA Rio ရဲ့ သော့ကို ထပ်ထည့်ပေးလိုက်မိတဲ့ အတွက် သော့ ၂ ချောင်း လုံး လူကြီးမင်းရဲ့ ကား ထဲ ကို ပါသွားလို့ပါခင်ဗျာ ။

🙏ကျွန်တော်တို့ ဘက်က Customer Information လေး ယူထားလေ့မရှိတာကြောင့် ကို ကျေးဇူးပြု၍ ပြန်လည် ဆက်သွယ်ပေးလာရင် အများကြီး ကျေးဇူးတင်မိမှာပါ။

🙏အခု ကိစ္စ မှာ ကျတော် တို့ ဘက်က သာ တာဝန် အပြည့်အဝ ရှိပါတယ် ဗျ ။ ဆိုင် ပိတ်ချိန် ဖြစ်တဲ့ အတွက် ကားသော့ အထဲ မှာ ပေးပြီး သား ကို နောက်ထပ် ဘေးကကား သော့ကို ထပ် ပေးမိတာပါ ။

ကားပိုင်ရှင် ကို သိရှိသူ များရှိရင် လည်း Mention ပေးကြပါအုန်းခင်ဗျ ။

ကျေးဇူးတင် အားနာမိပါတယ် ဗျ ။😓
Hotline -09450000577 , 09-401537024

04/09/2026

✨Sep လအတွက် Car Wash & Detailing သင်တန်း
Sep 17 - Sep 30 ( 14 Days Training) ဖြစ်ပါတယ် ။

💯Detailing ပညာရပ်များ အပြင် ဆိုင်တဆိုင် ဖွင့်ဖို့ လိုအပ် တဲ့ မြေနေရာ ရွေးချယ်မှု ၊ဆိုင်တည်ဆောက်ပုံ ၊ စက်ပစ္စည်း ဝယ်ယူမှု ၊ စာရင်းဇယားပိုင်း Marketing နှင့် ဝန်ထမ်းထိန်းသိမ်းမှု စည်းကမ်းများနဲ့ လုပ်ငန်း အခက်အခဲ များ အကြောင်းတွေ ပါ အသေးစိတ်ပါဝင်ပါမယ် ။

💎လက်တွေ့ အောင်မြင်စွာ လည်ပတ် နေတဲ့ လုပ်ငန်းခွင်နဲ့ တွဲရက် ရှိတာမို့ လုပ်ငန်းလည်ပတ်မှု ကို အနီးကပ် ကောင်းစွာ လေ့လာနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဆိုင် တဆိုင် စတင် ဖွင့်လှစ် လိုသူတွေ အတွက် အရွေးချယ်သင့်ဆုံး သင်တန်းကျောင်းဖြစ်ပါတယ် ။

🎓အပတ်စဉ် တခု လျှင် သင်တန်းသား ၁၀ ယောက်သာကန့်သတ် ပြီး အနီးကပ် ကြပ်မတ်မှု နဲ့ လေ့ကျင့်သင်ကြားပေးပါတယ် ။

အသေးစိတ်ကို အားမနာတမ်း ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

📲Ph -09450000577 , 09401537024

🏁ဆိုင်သို့ လူကိုယ်တိုင် လာရောက် လိုသူများအတွက်
အမှတ် -၁၀၅၄ ၊ ဗိုလ်မင်းရောင်လမ်း ၊၃၅ ရပ်ကွက် ၊ မြောက်ဒဂုံ ။

10/08/2026

🌧️မိုးတွေ သည်းနေလဲ ကို့ဆရာ တွေ က အချစ်မလျော့ခဲ့ ဘူး ✨

Address

No. 1054, Bo Min Yaung Road , (35) Ward, North Dagon Township
Yangon
11421

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959450000577

Website

Alerts

Be the first to know and let us send you an email when New Shine Premium Car Polish & Coating posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Shine Premium Car Polish & Coating:

Shortcuts

Share