MyCar Myanmar Car Share - Owner & Driver Registration
MyCar Myanmar Car Share - Owner & Driver Registration ကားပိုင်ရှင် နှင့် ကားငှားရမ်းလိုသည့်ကုမ္ပဏီများ၊ ကားလိုအပ်ချက်ရှိသူများ အမြန်ဆုံးဆက်သွယ
Unicodeကား ဆီအရမ်းစားနေတာ ဘာကြောင့်လဲကားအမျိုးအစားများပေါ်မူတည်ပြီး ဆီစားနှုန်းတွေဟာ မူတူညီကြပါဘူး။ သို့သော် အချို့ကားတွ...
29/10/2019
Unicode
ကား ဆီအရမ်းစားနေတာ ဘာကြောင့်လဲ
ကားအမျိုးအစားများပေါ်မူတည်ပြီး ဆီစားနှုန်းတွေဟာ မူတူညီကြပါဘူး။ သို့သော် အချို့ကားတွေမှာ လိုအပ်တာထက်ပိုပြီး ဆီအရမ်းစားတတ်ကြပါတယ်။ ကားဆီစားနှုန်းသက်သာအောင်ရည်ရွယ်ပြီး အင်ဂျင်
အသေးစားတပ်ဆင်ထားတဲ့ မော်ဒယ်တွေကို အသုံးပြုနေပေမယ့် အသုံးပြုမောင်းနှင်မှု နည်းစနစ်မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။ အဲ့ဒီလို ဆီအရမ်းစားလာတဲ့အခါ မိမိရဲ့ကားကို ပြန်လည်စစ်ဆေးဖို့ လိုအပ်တဲ့အချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
ကားတစ်စီးမှာ Plus မကောင်းတဲ့အတွက် အဂျင်ပေါက်ကွဲချက်မမှန်တာကြောင့် ဆီကိုပိုစားစေတတ်ပါတယ်။ ဒါဟာ စွမ်းအင်ထွက်ရှိမှု မမှန်တာကြောင် ဆီပိုမို အသုံးပြုမောင်းနှင်ရတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် Plus ကို ကီလို ၁၅၀ မောင်းနှင်ပြီးတိုင်းဖြစ်စေ၊ တစ်လတစ်ခါဖြစ်စေ အနည်းဆုံး စစ်ဆေးလဲလှယ်သင့်ပါတယ်။
Air-Con အသုံးပြုမှုတွေဟာ အင်ဂျင်ပါဝါကို ပိုမို အလုပ်လုပ်စေတာကြောင့် ဆီပိုမိုစားသုံးစေနိုင်ပါတယ်။ ဒါ့ကြောင့် ခရီးဝေးမောင်းနှင်မှုတွေမှာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာက အကောင်းဆုံးဖြစ်ပါတယ်။
မှန်ကန်တဲ့ ဂီယာချက်ပြောင်းလဲအသုံးပြုမှု မရှိခြင်းကလည်း ကားတစ်စီးမှာ လိုအပ်တာထက် ဆီစားများစေပါတယ်။ Manual မှာတော့ ဂီယာချက်ပြောင်းလဲ အသုံးပြုမှု မှားစရာမရှိပေမယ့် Auto မှာ လူအများစုက D တစ်ခုတည်းကိုပဲ အသုံးပြုမောင်းနှင်လေ့ ရှိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေတာဖြစ်ပါတယ်။ ဒီအတွက် လိုအပ်သည်ထက် အင်ဂျင်က ပိုမိုရုန်းကန်ရတာတွေ ရှိလာတတ်ပြီး ဆီစားများစေ
နိုင်ပါတယ်။
အရည်အသွေးနိမ့်တဲ့အဂျင်ဝိုင်၊ အရည်အသွေးမရှိတော့တဲ့ အင်ဂျင်ဝိုင်အသုံးပြုမှုကြောင့်လည်း ဆီစားများစေတတ်ပါတယ်။ ဒါ့ကြောင့် အင်ဂျင်ဝိုင်ကို မကြာခဏစစ်ဆေးဖို့လိုသလို မကြာခဏလည်း လဲလှယ်အသုံးပြုဖို့
လိုအပ်ပါတယ်။ ဒါ့အပြင် တန်ပိုတင်ခြင်းကလည်း ဆီစားခြင်းကို အကျိုးသက်ရောက်မှု ကောင်းကောင်းပေးနိုင်ပါတယ်။ ကားတစ်စီးရဲ့ ဝန်ဆ့ံ့အားအလိုက် ပစ္စည်းများကို သင့်သင့်စွာ တင်ဆောင်သင့်ပါတယ်။
လေပေါင်ချိန်မပြည့်တဲ့ ဘီးတွေနဲ့ မောင်းနှင်တဲ့အခါ ကားတစ်စီးရဲ့ ပြေးအားကျသွားစေတတ်ခြင်းကြောင် လိုအပ်တာထက်ဆီကို ပိုမို ကုန်စေတတ်ပါတယ်။ ဒါ့ကြောင့် ယာဉ်မထွက်မှီကားရဲ့ ဘီများကို လေပေါင်ချိန်စံနှုန်းပြည့်မပြည့် စစ်ဆေးပြီးမှ မောင်းနှင်သင့်ပါတယ်။ဒါ့အပြင် အင်ဂျင်အရွယ်ကြီးမားတဲ့ ယာဉ်တွေမှာ မီးပွိုင့်မိလိုဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင်ယာဉ်ခတ္တရပ်ထားချိန်များ ဖြစ်စေ အချိန်အကြာင်း စက်နိုးပြီးရပ်ထားခြင်းကလည်း
ဆီကို ပိုမိုစားသုံးစေပါတယ်။ ဒါ့ကြောင့် အချိန်အကြာကြီးရပ်ထားရမယ်ဆိုရင် စက်သပ်ပြီးမှ ရပ်ထားသင့်ပါတယ်။
REF:CG GPS
Zawgyi
နိုင်ပါတယ်။
REF:CG GPS
O/D ခလုတ်အကြောင်းO/D ခလုတ်ဆိုတာ ယဉ်မောင်းသမားတွေအနေနဲ့ Over Drive မမောင်းနှင်ချင်တဲ့အခါ ပိတ်လို့ရအောင် တပ်ဆပ်ပေးထားတဲ့ O...
13/09/2019
O/D ခလုတ်အကြောင်း
O/D ခလုတ်ဆိုတာ ယဉ်မောင်းသမားတွေအနေနဲ့ Over Drive မမောင်းနှင်ချင်တဲ့အခါ ပိတ်လို့ရအောင် တပ်ဆပ်ပေးထားတဲ့ Off ခလုတ်လေးဖြစ်ပါတယ်။ အချို့ကားတွေမှာ ပါပေမယ့် ကားတိုင်းမှာတော့ မပါပါဘူး။ Over Drive မောင်းနှင်ခြင်းဆိုတာကတော့ အင်ဂျင်ရှုန်းအားကို လျော့ချပြီး အမြန်
နှုန်းမြင့်မောင်းနှင်ခြင်းဖြစ်တာကြောင့် အင်ဂျင်ကို သက်သာစေရုံမက ဆီစားလည်း သက်သာစေပါတယ်။ ဒါ့အပြင် ခရီးမြန်မြန်ရောက်စေပြီး ဆူညံမှုတွေကို ထိန်းပေးနိုင်ပါတယ်။
O/D ခလုတ်ဖွင့်ထားပါက မီးဝါလေးလင်းလာပြီး Over Drive မဖြစ်အောင် စတင်အလုပ်လုပ်ပေးပါတယ်။ ဥပမာD နဲ့ မောင်းနေသော်လည်း D တာဝန် ကို အပြည့်မလုပ်ဘဲ နောက်ဆုံး ဂီယာ တစ်ချက် မဝင်ဘဲ သွားနေမှာပါ။ ပုံမှန်အင်ဂျင်အပတ်အရေထက် နောက်ကျပြီး ဂီယာချိန်းပေးတာဖြစ်တဲ့အတွက်
လီဗာနင်းပါက အထကောင်းစေပါတယ်။ ရိုးရိုးဂီယာ ဆို လီဘာ ကုန်နင်းပီးမှ ဂီယာ ချိန်းသလိုမျိုး အရှိုန်မြင့်ဆုံး ဂီယာ တစ်ချက်မဝင်ပါဘူး။
O/D off ကို ဘယ်အချိန်တွေမှာ သုံးသင့်လဲဆိုရင် ကြီးမားတဲ့ တောင်တက်လမ်းတွေ၊ မိုးရွာနေခြင်းကြောင့်ဖြစ်စေ စသဖြင့် လမ်းချော်နေတဲ့အချိန်မျိုးတွေ ၊ ကီလို ၆၀ ကားကျော်တက်ချိန်မျိုးတွေမှာ အသုံးပြုကြပါတယ်။ တောင်တက်လမ်းများတွက် ယာဉ်များမောင်းနှင်တဲ့အခါ ဂီယာဘောက်အတွင်းမှာ
ဂီယာ ခဏခဏချိန်းရသဖြင့် ဆီပူလာပြီး ကလပ် ပလိတ်နာကာ ဂီယာကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါ့ကြောင့် O/D ခလုတ်ကို အသုံးပြုသင့်ခြင်း ဖြစ်ပါတယ်။
O/D ခလုတ်က တောင်တက်တောင်ဆင်းတွေမှာလည်း လမ်းချော်ခြင်းကို အရှိုန်လွန်မောင်းနှင်ခြင်းမျိုး မဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။လမ်းကောင်းမြေပြန့်မှာသုံးမယ်ဆိုရင်တော့ ဂီယာတစ်ချက်ကျန်နေသေးတာကြောင့် ဆီးစားစေပါတယ်။ ဒါ့အပြင် ကြာကြာမောင်းနှင်ပါက ကားအင်ဂျင်ကို ထိ
ခိုက်စေနိုင်ပါတယ်။ မလိုအပ်ပဲ O/D ခလုတ်ကို အသုံးမပြုသင့်ပါဘူး။ သတိထားရမှာက O/D ခလုတ်ဆိုတာ အရှိုန်မြှင့်မောင်းနှင်နေချိန် ဂီယားဒေါင်းပေးတဲ့ ခလုတ်မဟုတ်ဘူးဆိုတာပါ။
REF_kotoe
Unicode Version
O/D ခလုတ်အကြောင်း
O/D ခလုတ်ဆိုတာ ယဉ်မောင်းသမားတွေအနေနဲ့ Over Drive မမောင်းနှင်ချင်တဲ့အခါ ပိတ်လို့ရအောင် တပ်ဆပ်ပေးထားတဲ့ Off ခလုတ်လေးဖြစ်ပါတယ်။ အချို့ကားတွေမှာ ပါပေမယ့် ကားတိုင်းမှာတော့ မပါပါဘူး။ Over Drive မောင်းနှင့် ခြင်းဆိုတာကတော့ အင်ဂျင်ရှုန်းအားကို လျော့ချပြီး အမြန်
နှုန်းမြင့်မောင်းနှင်ခြင်းဖြစ်တာကြောင့် အင်ဂျင်ကို သက်သာစေရုံမက ဆီစားလည်း သက်သာစေပါတယ်။ ဒါ့အပြင် ခရီးမြန်မြန်ရောက်စေပြီး ဆူညံမှုတွေကို ထိန်းပေးနိုင်ပါတယ်။
O/D ခလုတ်ဖွင့်ထားပါက မီးဝါလေးလင်းလာပြီး Over Drive မဖြစ်အောင် စတင်အလုပ်လုပ်ပေးပါတယ်။ ဥပမာD နဲ့ မောင်းနေသော်လည်း D တာဝန် ကို အပြည့်မလုပ်ဘဲ နောက်ဆုံး ဂီယာ တစ်ချက် မဝင်ဘဲ သွားနေမှာပါ။ ပုံမှန်အင်ဂျင်အပတ်အရေထက် နောက်ကျပြီး ဂီယာချိန်းပေးတာဖြစ်တဲ့အတွက်
လီဗာနင်းပါက အထကောင်းစေပါတယ်။ ရိုးရိုးဂီယာ ဆို လီဘာ ကုန်နင်းပီးမှ ဂီယာ ချိန်းသလိုမျိုး အရှိုန်မြင့်ဆုံး ဂီယာ တစ်ချက်မဝင်ပါဘူး။
O/D off ကို ဘယ်အချိန်တွေမှာ သုံးသင့်လဲဆိုရင် ကြီးမားတဲ့ တောင်တက်လမ်းတွေ၊ မိုးရွာနေခြင်းကြောင့်ဖြစ်စေ စသဖြင့် လမ်းချော်နေတဲ့အချိန်မျိုးတွေ ၊ ကီလို ၆၀ ကားကျော်တက်ချိန်မျိုးတွေမှာ အသုံးပြုကြပါတယ်။ တောင်းတက်လမ်းများတွက် ယာဉ်များမောင်းနှင်တဲ့အခါ ဂီယာဘောက်အတွင်းမှာ
ဂီယာ ခဏခဏချိန်းရသဖြင့် ဆီပူလာပြီး ကလပ် ပလိတ်နာကာ ဂီယာကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါ့ကြောင့် O/D ခလုတ်ကို အသုံးပြုသင့်ခြင်း ဖြစ်ပါတယ်။
O/D ခလုတ်က တောင်တက်တောင်ဆင်းတွေမှာလည်း လမ်းချော်ခြင်းကို အရှိုန်လွန်မောင်းနှင်ခြင်းမျိုး မဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။လမ်းကောင်းမြေပြန့်မှာသုံးမယ်ဆိုရင်တော့ ဂီယာတစ်ချက်ကျန်နေသေးတာကြောင့် ဆီးစားစေပါတယ်။ ဒါ့အပြင် ကြာကြာမောင်းနှင်ပါက ကားအင်ဂျင်ကို ထိ
ခိုက်စေနိုင်ပါတယ်။ မလိုအပ်ပဲ O/D ခလုတ်ကို အသုံးမပြုသင့်ပါဘူး။ သတိထားရမှာက O/D ခလုတ်ဆိုတာ အရှိုန်မြှင့်မောင်းနှင်နေချိန် ဂီယားဒေါင်းပေးတဲ့ ခလုတ်မဟုတ်ဘူးဆိုတာပါ။
REF_kotoe
ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာများအကြောင်းပုံမှန်အနေအထား မိုင် ၂၀ အထက်ပိုမောင်းနှင်ရင်း ရုတ်တရက်ရပ်တန့်ဖို့ ဘရိတ်ကို နင်း...
22/08/2019
ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာများအကြောင်း
ပုံမှန်အနေအထား မိုင် ၂၀ အထက်ပိုမောင်းနှင်ရင်း ရုတ်တရက်ရပ်တန့်ဖို့ ဘရိတ်ကို နင်းလိုက်တဲ့အခါ အဆိုပါကား၏ ဘီးတွေဟာ အခြားဦးတည်ရာဘက်ကို ဆွဲသွားပြီဆိုရင် ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သိထားရပါ့မယ်။ ကားတစ်စီးလုံးမှာ ဘရိတ် System ကို ကောင်းကောင်း ဂရုစိုက်နိုင်မှသာ Safe ဖြစ်ဖို့ ရာခိုင်နှုန်းများတာပါ။
ဒါ့အပြင် ရပ်တန့်ဖို့အတွက် ဘရိတ်ကို ပုံမှန်ထိ ဖိနင်းနေရပြီဆိုရင်လည်း ဘရိတ်စနစ်ကို စစ်ဆေးသင့်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ဘရိတ်လိုင်းတွေ ပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကိုစစ်ဆေးပြီး လဲသင့်တဲ့နေရာမှာ အသစ်ကို အစားထိုးလဲပေးတာက ပိုပြီး ကောင်းပါတယ်။ ဘရိတ်နင်းတဲ့အခါ အသံတွေကြားနေရပြီဆိုရင်တော့ ဘရိတ်ပက်ဒ် အသစ်လဲဖို့ လိုနေတာလို့ ယူဆလို့ရပါတယ်။ ဒါ့အပြင် ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန်ထက်ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာက brake power boost unit ကို စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။
ဘရိတ်ကို ပိုပြီး ဖိနင်းရတဲ့ ပြဿနာ နောက်တစ်ခုဖြစ်နိုင်တာက ဘရိတ်ဆီ ညစ်ညမ်းနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဘရိတ်ဆီညစ်ညမ်းခြင်းနှင့် ဘရိတ်ဆီလျော့နည်းခြင်းကလည်း ဘရိတ်စနစ်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒါကိုလည်း အထူးစစ်ဆေးသင့်ပါတယ်။
ပါကင်ဘရိတ်ကို လက်နဲ့ဆွဲပေမဲ့ ယာဉ်ကရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆိုရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဖြစ်နိုင်ခြေအများဆုံးကတော့ ဘရိတ်စနစ်ကို ချိတ်ဆက်ထားတဲ့ကြိုး ပြတ်တောက်သွားးခြင်း ဒါမှမဟုတ် မာစတာဆလင်ဒါ ဘရိတ်စနစ် ချိတ်ဆက်မှုအပိုင်းမှာ တွေ ပြဿနာရှိနေခြင်းတွေကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘရိတ်စနစ်အတွင်းမှာ လည်ပတ်နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။
အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။ဘရိတ်စနစ်နဲ့ ပတ်သက်ပြီး ပြဿနာတွေ အများကြီးရှိပါသေးတယ်။ အထက်ပါအရာတွေကတော့ အဖြစ်များလေ့ရှိတဲ့ အကြောင်းအရာလေးတွေ ပဲဖြစ်ပါတယ်။ ယာဉ်မောင်းတိုင်း ဖြောင့်ဖြူးသာယာတဲ့ လမ်းခရီးစဉ်များပိုင်ဆိုင်ကြပါစေ....
16/08/2019
Unicode Version
မိုးရွာနေစဉ် ကားကို ဘယ်လိုမောင်းကြမလဲ
ခရီးစဉ်တစ်ခုမှာ ရာသီဥတုကအရေးပါသလို ယာဉ်မောင်နှင်မှုမှာလည်း ခရီးစဉ်က အရေးပါနေပါတယ်။ ဒါ့ကြောင့် ခရီးတစ်ခုအတွက်ပြင်ဆင်တဲ့အခါ ယာဉ်မောင်းနှင်မှုအဆင်ပြေ ချောမွတ်စေဖို့ ရာသီဥတုကို အရင်လေ့လာရပါတယ်။
ယခုလို မိုးရာသီမှာ ကားမောင်းတဲ့အခါ မျိုးဆိုရင် ပုံမှန်အားဖြင့် ရှေ့ မီတာ(၁၀၀) လောက်ကို မမြင်နိုင်ဘူးဆိုရင် ကားရှေ့မီးကို ဖွင့်သင့်ပါတယ်။ မိုးရာသီမှာ ယာဉ်မောင်းသမားများအနေနဲ့ အန္တရာယ်ကင်းတဲ့ မောင်းနှင်မှုမျိုးဖြစ်အောင် အောက်ပါအကြံပြုချက်များကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
မိုးရွာနေစဉ် ယာဉ်မောင်းတဲ့အခါ အကောင်းဆုံးကတော့ ကားအရှိန်လျော့မောင်းနှင်တာပဲဖြစ်ပါတယ်။ လမ်းပေါ်ရေမတင်တဲ့ဘက်အခြမ်းကိုယူပြီး မောင်းနှင်ရပါမယ်။ ရှေ့ကားနောက်ကား အကွာအဝေးကို အထူးဂရုစိုက် မှတ်သားနေသင့်ပါတယ်။ ကားကြီးတွေ နောက်က ကပ်မလိုက်ပါနဲ့။ ကျော်ဖြတ်မယ်ဆိုရင်လည်း ကားကြီးဘီးမှ ရေဖြာထွက်မှုကို ဂရုစိုက်ပြီး ကျော်ဖြတ်ပါ။ ကားကြီးနောက်ဘီးကနေ ရေဖြာထွက်မှုက သင့်ရဲ့ မြင်ကွင်းကို ထိခိုက်နိုင်လို့ဖြစ်ပါတယ်။ အချို့ယာဉ်မောင်းတွေဟာ
ယာဉ်ကြောရှင်းတယ်ဆိုပြီး မိုးရွာနေတုန်း အရှိန်တင်မောင်းတတ်ကြပါတယ်။ ပုံမှန်အားဖြင့် မိုးရွာတုန်းမှာ သတ်မှတ်အရှိန်ထက် ပိုပြီးမမောင်းသင့်ပါဘူး။ ရှေ့ကား နောက်ကား မီးအချက်ပြများကို ကြည့်သင့်ပါတယ်။
မိုးရွာထဲမှာ လမ်းကြမ်း သို့မဟုတ် ချော်တဲ့လမ်းများကို မောင်းနှင်ရပါက ကားဘရိတ်အသုံးပြုမှုကို သာမာန်အချိန်ထက် ပိုပြီးအာရုံစိုက်ထားရပါ့မယ်။ လမ်းကြောအခြေအနေနဲ့ ကားဝန်ကိုကြည့်ပြီး အရှိန်ကို သတ်မှတ်မောင်းနှင်သင့်ပါတယ်။ သင်လမ်းရဲ့
မြင်ခွင်းမှာ မြူကြောင့်ဖြစ်စေ၊ မိုးကြောင့်ဖြစ်စေ သာမာန်မြင်ကွင်းလို မရှင်းပါက ကားရှေ့မီး၊ နောက်မီးကို အသုံးပြုမောင်နှင်ရပါ့မယ်။ ထို့အပြင် ဝိုက်ဘာများအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ မိုးတွင်းမှာ လဲလှယ်သင့်ပါတယ်။
ခရီးစဉ်မှာ ချိုင့်ခွက်ကြောင့်ဖြစ်၊ ရေလွှမ်းလို့ဖြစ်စေ လမ်းကြောပေါ်ရေပိတ်ဝင်နေပါက ရေအနက်ကို မသိနိုင်ပါဘူး။ ဒါ့ကြောင့် ခြေနင်းခုံလောက် ရေရောက်နေမယ်ဆိုပါက ကားကို ဖြည်းဖြည်းမောင်းပါ။ ကားတံခါးအထိ ရေရောက်လာပြီဆိုရင်တော့
အခြားတစ်လမ်းကို ရှာပြီးကွေ့သွားပါ။
မိုးရွာနေစဉ် လမ်းပေါ်မှာ ရေဝပ်နေတဲ့ ချိုင့်ခွက်သေးသေးလေးတွေ ရှိတာကြောင့် လမ်းခရီးသွားသူတွေကို မစင်အောင် ဖြေးဖြေးနဲ့ မှန်မှန်ပဲ မောင်းနှင်သင့်ပါတယ်။
ရှမ်းပြည်နယ် လားရှိုးမြို့အထိုင် ကွတ်ခိုင်၊မိုင်းရှူး၊လောက်ကိုင် ဘက်တွင်အသုံးပြုရန် 10'Canter 2စီး ငှါးရန်အလိုရှိပါသည်။3လ...
15/08/2019
ရှမ်းပြည်နယ် လားရှိုးမြို့အထိုင် ကွတ်ခိုင်၊မိုင်းရှူး၊လောက်ကိုင် ဘက်တွင်အသုံးပြုရန် 10'Canter 2စီး ငှါးရန်အလိုရှိပါသည်။3လစာချုပ်ချုပ်ပါမည်။
ဆက်သွယ်ရန်လိပ်စာ......
📩Email: [email protected]
Unicode Version
ရှမ်းပြည်နယ် လားရှိုးုမြို့အထိုင် ကွတ်ခိုင်၊မိုင်းရှူး၊လောက်ကိုင် ဘက်တွင်အသုံးပြုရန် 10'Canter 2စီး ငှါးရန်အလိုရှိပါသည်။3လစာချုပ်ချုပ်ပါမည်။
အထက်ဖော်ပြပါ ကားအမျိုးအစားအား ယာဉ်မောင်း
နှင့်တကွ ငှားရမ်းလိုပါသဖြင့် ငှားရမ်းလိုသူများ အောက်ပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်လိပ်စာ......
📲Hotline: 0996 445 6666, 0996 445 7777
📩Email: [email protected]
💬Chat Box တွင်လည်း သင်၏ဖုန်းနံပါတ်အား ထားခဲ့နိုင်ပါသည်။ ပြန်လည်ဆက်သွယ်ပေးပါမည်။
Address: အမှတ် ၁၇၆/၁၇၈၊ က့ံကော်ဆေးခန်းအပေါ် ၃ လွှာ၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို ့နယ်၊ ရန်ကုန်။
08/08/2019
ရှမ်းပြည်နယ် လားရှိုးမြို့အထိုင် ကွတ်ခိုင်၊မိုင်းရှူး၊လောက်ကိုင် ဘက်တွင်အသုံးပြုရန် 10'Canter 2စီး ငှါးရန်အလိုရှိပါသည်။3လစာချုပ်ချုပ်ပါမည်။
ဆက်သွယ်ရန်လိပ်စာ......
📩Email: [email protected]
💸 💸 💸 သင့်ငွေကြေးတွေကို မှားယွင်းစွာ အသုံးပြုနေပြီလား 💸 💸 💸Asset ဆိုတဲ့ ပိုင်ဆိုင်မှု နှင့် Liability ဆိုတဲ့ ပေးဆပ်ရန်အြေ...
16/05/2019
Monday: 9:00 AM to 5:00 PM
📩Email: [email protected]
Unicode Version !!!
💸 💸 💸 သင့်ငွေကြေးတွေကို မှားယွင်းစွာ အသုံးပြုနေပြီလား 💸 💸 💸
Asset ဆိုတဲ့ ပိုင်ဆိုင်မှု နှင့် Liability ဆိုတဲ့ ပေးဆပ်ရန်အကြွေးဆိုတာဘာလဲ?
(Asset) ပိုင်ဆိုင်မှုဆိုတာကတော့ မိတ်ဆွေရဲ့ ဝင်ငွေတွေပဲဖြစ်ပါတယ်။ (Liability) ပေးဆပ်ရန်အကြွေး ဆိုတာကတော့ ထွက်ငွေတွေပဲ ဖြစ်ပါတယ်။ ဥပမာ - မိတ်ဆွေက ဇိမ်ခံပစ္စည်းတစ်ခုကို ဝယ်ထားမယ်။ အဲ့ပစ္စည်းအတွက် လစဉ်ပိုက်ဆံထွက်နေမယ်ဆိုရင် အဲ့ဒါက မိတ်ဆွေအတွက် ပေးဆပ်ရန်အကြွေးပဲဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ အဲ့ဇိမ်ခံပစ္စည်းကနေ ဝင်ငွေရနေမယ်ဆိုရင် အဲ့ဒါက မိတ်ဆွေအတွက် ပိုင်ဆိုင်မှုပဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအထဲမှာ စီးပွားရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေတွေ၊ စတော့ခ်ရှယ်ယာတွေ၊ ဝင်ငွေရမဲ့ လုပ်ငန်းတွေ အကုန်ပါဝင်ပါတယ်။
ချမ်းသာတဲ့လူတွေက (Asset) ပိုင်ဆိုင်မှုတွေဝယ်တယ်။ လူလတ်တန်းစားတွေက (Liability) ပေးဆပ်ရန် အကြွေးတွေကို ဝယ်နေကြပါတယ်။ ဆင်းရဲတဲ့လူတွေက Expense(ကုန်ကျစရိတ်) တွေပဲရှိနေပါတယ်၊ အဲ့အတွက်ကြောင့် ဆင်းရဲပါတယ်။
ဥပမာပြောရရင် ဝင်ငွေကောင်းလာတဲ့ လူတစ်ယောက်ဟာ ကားတစ်စီးဝယ်လိုက်တယ်၊ သူအနေနဲ့ (Asset) ပိုင်ဆိုင်မှုတိုးလာတယ်လို့ ယူဆတယ်။ အမှန်တကယ်တော့ ကားအတွက် လစဉ်ကုန်ကျမဲ့ (Liability) ပေးဆပ်ရန်အကြွေးတွေ တိုးလာခြင်းဖြစ်ပါတယ်။
ချမ်းသာတဲ့လူတွေကတော့ ငွေကြေးကို ရင်းနှီးမြုပ်နှံမှုလုပ်ကြပါတယ်။ မိမိပိုင် အိမ်ခြံမြေ၊ မော်တော်ကား၊ အားကစားရုံစသည်တို့မှ ဝင်ငွေပြန်ရှာကြပါတယ်။
ငွေကြေးကို မှန်ကန်စွာ စီမံခန့်ခွဲပါ။
Robert Kiyosaki ရဲ့ Rich Dad & Poor Dad စာအုပ်မှ ကောက်နုတ်ပါသည်။
🚙 မိတ်ဆွေအနေနဲ့ ကားနှင့်ပတ်သတ်ပြီး ရင်းနှီးမြုပ်နှံမှုတစ်ခု စတင်လိုပါက MyCar Myanmar Car Share ကိုဆက်သွယ်လိုက်ပါ။
🚗 MyCar Myanmar Car Share မှ Probox 2010 (အဖြူရောင်) လချုပ်ငှားရန် အလိုရှိပါသည်။ Company သုံးရန် အနည်းဆုံး (၃) လ စာချုပ် ချုပ်ရမည် ဖြစ်ပါတယ်။
💡 အထက်ပါ ကားအမျိုးအစားအား ယာဉ်မောင်းနှင့်တကွ ငှားရမ်းလိုပါသဖြင့် ငှားရမ်းလိုသူများအောက်ပါ လိပ်စာကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Monday: 9:00 AM to 5:00 PM
Saturday: 9:00 AM to 1:00 PM
📲Hotline: 0996 445 6666, 0996 445 7777
📩Email: [email protected]
🌐Web: www.mycarmyanmar.com
💬Chat Box တွင်လည်း သင်၏ဖုန်းနံပါတ်အား ထားခဲ့နိုင်ပါသည်။ ပြန်လည်ဆက်သွယ်ပေးပါမည်။
Address: အမှတ် ၁၇၆/၁၇၈၊ ကံ့ကော်ဆေးခန်းအပေါ် ၃ လွှာ၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
07/05/2019
မင်္ဂလာပါခင်ဗျာ… 🙏 🙏 🙏
📩 Email: [email protected]
Unicode Version !!!
မင်္ဂလာပါခင်ဗျာ… 🙏 🙏 🙏
လူကြီးမင်းတို့၏ မော်တော်ယာဉ်များအား ငှားရမ်းထားလိုပါက
ကျွန်တော်တို့ MyCar Myanmar Car Share သို့ သင့်လျော်သော ဈေးနှုန်းဖြင့် အငှားချထားနိုင်ပါပြီ ခင်ဗျာ။
🚗🚙🚚 လုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ်၊ အပျော်ခရီးသွားဖို့ပဲ ဖြစ်ဖြစ် အသုံးပြုရန် ကားငှားရမ်းလိုသူများနှင့် အဆင်အပြေဆုံးဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ပေးနေပါပြီ။
🚗🚙🚚 လူကြီးမင်းတို့၏ ကားများကို ယာဉ်သီးသန့်ဖြစ်စေ၊ ယာဉ်မောင်းနှင့်တကွဖြစ်စေ MyCar Myanmar တွင် အငှားချထားဖို့ စာရင်းပေးသွင်းထားလိုက်ပါ။
👌👌👌 လူကြီးမင်းတို့၏ကားများ လုံခြုံစိတ်ချဖို့ နှင့် ဝင်ငွေအများဆုံးရှာနိုင်ဖို MyCar Myanmar မှ တာဝန်ယူ ဆောင်ရွက် ပေးနေပါပြီ။
🚐 လူကြီးမင်းတို့၏ ကားများကို ငှားရမ်းလိုပါက
ရုံးဖွင့်ချိန် - Monday: 9:00 AM to 5:00 PM
Saturday: 9:00 AM to 1:00 PM
📞 Hotline: 0996 445 6666, 0996 445 7777
📩 Email: [email protected]
💬 Chat Box တွင်လည်း လူကြီးမင်း၏ဖုန်းနံပါတ်အား ထားခဲ့နိုင်ပါသည်။ ပြန်လည်ဆက်သွယ်ပေးပါမည်။
Address: အမှတ် ၁၇၆/၁၇၈၊ ကံ့ကော်ဆေးခန်းအပေါ် ၃ လွှာ၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။
22/04/2019
⚙️ pump မကောင်းခြင်း။
Unicode version !!!
👉 အင်ဂျင်အပူလွန်ကဲရသည့် အကြောင်းအရင်းများထဲမှ အဖြစ်အများဆုံး အကြောင်းအရင်းများကို ဖော်ပြပေး လိုက်ပါတယ်။ 👈
⚙️ Thermostat မကောင်းခြင်း။
အင်ဂျင်အေးနေတဲ့အချိန်မှာ အင်ဂျင်ထဲက coolant(အအေးပေးအရည်) ကို radiator ထဲ မစီးအောင် တားပေးဖို့ သာမိုစတတ်ကိုသုံးရတယ်၊ အင်ဂျင်ပူလာရင် သာမိုစတတ်မှာပါတဲ့ bar ပွင့်ပြီး coolant ကို radiator ထဲ ဖြတ်စီးစေပြီး အအေးခံ စေပါတယ်၊ သာမိုစတတ်မကောင်းတဲ့အခါ coolent ကိုအအေးမခံနိုင်တဲ့အတွက် အင်ဂျင်အပူတက်ပါတယ်။
⚙️ coolant မှားထည့်ထားခြင်း။
ကားတစ်စီးနဲ့တစ်စီးမှာသုံးတဲ့ coolant မတူပါဘူး ၊ မှားထည့်မိရင် လည်း အင်ဂျင်ကို အအေးပေးတဲ့ စွမ်းအားမတူလို့ အင်ဂျင်အပူတက်ပါတယ်။
⚙️ coolant လမ်းကြောင်းပိတ်နေခြင်း။
Coolant စီးဆင်းတဲ့လမ်းတွေမှာ အမှုန်တွေ စုပြီး ပိတ်ဆို့နေတတ်ပါတယ်၊ ဒီလိုအခါမျိုးမှာလည်း coolant မစီးနိုင်လို့ အင်ဂျင်အပူတက်ပါတယ်။
⚙️ pump မကောင်းခြင်း။
Coolant တွေကို အင်ဂျင်ပတ်လည်မှာ စီးဆင်းနေစေဖို့ အင်ဂျင်ပန့်က တွန်းပေးပါတယ်၊ pump ရဲ့ ဘလိတ်တွေ ကြွေနေရင်.. ပန့်ကိုလှည့်ပေးတဲ့ ရှပ် ချောင်းချော်နေရင် coolantကိုအင်ဂျင်ထဲ တွန်းပြီးအအေးမပေးနိုင်လို့ အင်ဂျင်အပူတက်ပါတယ်။
⚙️ Radiator ညစ်ပတ်နေခြင်း
Radiator က coolant ကိုအအေးခံပေးပါတယ်၊ Radiator မှာ ဖုန်တွေရွံ့တွေကပ်ပြီးညစ်ပတ်နေရင် အအေးကောင်းကောင်းမခံနိုင်လို့ အင်ဂျင်အပူတက်ပါတယ်။
⚙️ အအေးပေးစနစ် ယိုစိမ့်ခြင်း
အင်ဂျင်အအေးပေးစနစ်မှာပါတဲ့ radiator, pump, coolant စီးဆင်းတဲ့လမ်းကြောင်း, သာမိုစတတ် နဲ့ ပိုက်လိုင်းတွေပေါက်နေတာ ၊ ဆက်ကြောင်းတွေ မှာ အရည်စိမ့်နေရင် coolant တွေ.ဆုံးရှုံးသွားတဲ့အတွက် အင်ဂျင်မှာ အပူတက်လာစေပါတယ်။
⚙️ မိမိရဲ့ကားမှာ အပူတက်နေပြီဆိုရင် ကျွမ်းကျင်တဲ့ စက်ပြင်သူနဲ့ပြပြီးအမြန်ဆုံးပြင်ဆင်ပါ၊ အင်ဂျင်အပူတက်ခြင်းသည် အင်ဂျင်လည်ပတ်တဲ့စနစ်ကိုပါ ပျက်စီးစေနိုင်တဲ့အပြင် အင်ဂျင်ခန်းထဲက ကိရိယာတွေကိုလည်းထိခိုက်ပျက်စီးစေနိုင်တယ် ၊ အင်ဂျင်ကိုလည်းမီးလောင်စေနိုင်တယ်။
ထို့ကြောင့် အမြန်ဆုံးပြင်ဆင်သင့်ပါသည်။
Credit to original post.
🙏 မြန်မာသက္ကရာဇ် ၁၃၈၁ နှစ်သစ်ကူးသင်္ကြန်မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းရ...
12/04/2019
🙏 မြန်မာသက္ကရာဇ် ၁၃၈၁ နှစ်သစ်ကူးသင်္ကြန်မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း 🙏
🖐ဧပြီ ၁၃ ရက်နေ့မှ စ၍ ဧပြီ ၁၇ အထိ နှစ်သစ်ကူးရုံးပိတ်ရက် သတ်မှတ်ပါသည်။🖐
Be safe second part 🙏🙏🙏(၅) ကားတစ်ဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ ၊ တာယာ လေပေါင် တစ်ဖက်နဲ့...
09/04/2019
Be safe second part 🙏🙏🙏
Crd – primeautotechnology
Unicode version !!!
(၅) ကားတစ်ဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ ၊ တာယာ လေပေါင် တစ်ဖက်နဲ့ တစ်ဖက်မညီတာဖြစ်တတ်ပါတယ်။ တာယာလေပေါင်အရင်စစ်ဆေးရပါမယ်၊ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့်ကားတွေမှာတော့ တာယာလေပေါင် မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်းပါတယ်။ တာယာတစ်ဖက်ဖက်စား နေတာ ဖြစ်နိုင်ပါတယ်။ တာယာတဖက်ဖက် မညီမညာစားနေလား ရှေ့နောက်ဘေး သေချာစစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ် စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်းတာလည်းဖြစ်တတ်ပါတယ်။ ကားအောက်ပိုင်းပြုပြင်ရေး ဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။ 👌👌👌
(၆) ဘရိတ်နင်းရတာထိုင်းနေမယ် ၊ ကပ်နေမယ် ၊ လျောနေမယ် ၊ ဘရိတ်အုံတွေအရမ်းပူနေမယ် ၊ ဘရိတ်ကလစ်နဲ. ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေကုန်နေတာ ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ ၊ ဘရိတ်ရူးလျော့နေတာ ၊ ပင်တွေသံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။ 👌👌👌
(၇) စတီယာရင် လှည့်ရတာချော်နေမယ် သင် စတီယာရင်ကို လှည့်တဲ့အခါဖြစ်စေ ၊ လှည့်ထားတဲ့အတိုင်းလေးထိန်းတာတဲ့အခါဖြစ်စေ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ခက်ခဲနေမယ် ဆိုရင် steering Fluid နည်းနေတာဖြစ်နိုင်တယ်။ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်။ Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်။ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါတွေက ကားတစ်စီးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်းရောဂါလက္ခဏာရပ်တွေပါ ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါတွေ အများကြီး ကျန်ရှိပါသေးတယ် ၊ မြန်မာနိုင်ငံမှာက လမ်းမကောင်းတာရယ် ၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်းရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့သဲကာလေးပေါက်တာကို မလဲတာကနေပြီး အဲ့ဒီအရာတွေကြားထဲမှာနေရမယ့် အမဲဆီတွေအပြင်ထွက်ပြီး ၊ အထဲမှာမရှိရမယ့်သဲတွေဖုန်တွေရွှံ့တွေက အထဲဝင်ကာ အောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ.မြင်ရပါတယ်။ အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။ နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံးစုပေါင်းပြီးလည်းဖြစ်နိုင်ပါတယ်။ ကားပေါ်တက်လိုက်လို့ အောက်ပိုင်းဆီကနေ သံစုံတီးဝိုင်းသံတွေကြားနေရရင်တော့ သင့်ကားအောက်ပိုင်းတော်တော်များများပျက်စီးယိုယွင်းနေပြီဆိုတာ သတိပြုသင့်ပါတယ်။ စစဖြစ်ခြင်းရောဂါလက္ခဏာတွေသတိမမူဘဲ မပြုပြင်မထိန်းသိမ်းရင် အောက်ပိုင်းအခြား ဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီး အနည်းဆုံးတာယာစားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင်ထိခိုက်စေမှာပါ။ ဒါကြောင့် သင့်ကားအောက်ပိုင်းကနေ မူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ တွေကို သတိထားပြီး ရောဂါ လက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့သင့်ကားဘေးအန္တရာယ်ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြသသင့်ပါတယ်။ 👌👌👌
Address
Yangon
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00
Telephone
09964456666
Alerts
Be the first to know and let us send you an email when MyCar Myanmar Car Share - Owner & Driver Registration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to MyCar Myanmar Car Share - Owner & Driver Registration:
Share