27/05/2026
Legendary Mid-Size SUV – Toyota Hilux Surf! 🏔️
[ထာဝရခိုင်မာတဲ့ အကြမ်းခံဘုရင်]
Toyota Hilux Surf ကတော့ Toyota ရဲ့ လူကြိုက်များတဲ့ Mid-size SUV တွေထဲက တစ်မျိုးဖြစ်ပါတယ်။ North America Market မှာ 4Runner လို့ လူသိများပြီး Japan နဲ့ Asian Markets တချို့မှာတော့ Hilux Surf ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ခဲ့တာပါ။
1980s ကတည်းက Hilux Platform ကို အခြေခံပြီး စတင်ထုတ်လုပ်ခဲ့တဲ့ Surf ဟာ Generation အလိုက် Design, Suspension နဲ့ Engine Technology တွေ တိုးတက်ပြောင်းလဲလာခဲ့ပြီး SUV Fan တွေအကြား နာမည်ကြီးကားတစ်စီး ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ အထူးသဖြင့် Third Generation (N180 / N185) မော်ဒယ်တွေကို လူကြိုက်အများဆုံးဖြစ်ပြီး 1KZ-TE Turbo Diesel Engine ဆိုတာ
အထင်ရှားဆုံး ဖြစ်ပါတယ်။
ပိုမိုငြိမ့်ညောင်းတဲ့ Rear Coil Suspension နဲ့ စိတ်ချရတဲ့ 4WD System တွေကြောင့် Durability (ရေရှည်အကြမ်းခံမှု) အကောင်းဆုံး SUV အဖြစ် လူသိများပါတယ်။
✨ Surf Series တွေရဲ့ အားသာချက်များ -
✅ Long Trip - ခရီးဝေးမောင်းနှင်ဖို့အတွက် အလွန်အဆင်ပြေခြင်း။
✅ Off-Road Performance - ကြမ်းတမ်းတဲ့ လမ်းခရီးတွေမှာပါ အဆင်ပြေချောမွေ့ခြင်း။
✅ Diesel Engine Torque - ရုန်းအား၊ ဆွဲအား အထူးကောင်းမွန်ခြင်း။
✅ Spare Parts - အပိုပစ္စည်းများ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ခြင်း။
စတဲ့ အားသာချက်တွေကြောင့် ယနေ့ထိတိုင် ကားချစ်သူတွေအကြား ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
🛠️ သင့် SUV စွမ်းဆောင်ရည် အမြဲကောင်းမွန်နေဖို့ဆိုရင်...
ကားတစ်စီး အင်ဂျင်သက်တမ်း ရှည်ကြာဖို့နဲ့ အဆွဲ
အရုန်း အပြည့်ရဖို့ဆိုရင် Engine, Pump, Injector & Fuel System ရဲ့ အခြေအနေက အသက်ပါပဲ။
Dyzo Diesel Services မှာတော့ Toyota Hilux Surf အပါအဝင် Diesel SUV မျိုးစုံရဲ့ -
🔧 Pump (ဒီဇယ်ပန့်)
🔧 Injector (အင်ဂျက်တာ)
🔧 Common Rail System (ကွန်မွန်ရေးလ်စနစ်)
🔧 Conventional Diesel System (ရိုးရိုးဒီဇယ်စနစ်)
တွေကို ခေတ်မီစက်ကိရိယာများ၊ ကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ် စစ်ဆေးပြုပြင်ပေးနေပါတယ်ဗျ။
───
👨🔧 Dyzo Diesel Services
📍 အမှတ် (၂၁)၊ စက်မှုဇုံ (၁)လမ်း၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
🤙 09-783789555
🤙 09-783789444
#တောင်ဥက္ကလာ