Suzuki HTOO HTOO - Thingangyun

Suzuki HTOO HTOO - Thingangyun Suzuki Authorized car dealer for Suzuki brand new cars and service provider for all Suzuki cars. Car Dealership

Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
03/02/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

အရှိန်လျှော့လိုက်တိုင်း စွမ်းအင်ပြန်ရနေမယ့် Ertiga Smart Hybrid

သာမန်အားဖြင့် အရှိန်လျှော့လိုက်တဲ့အခါ စွမ်းအင်တွေဆုံးရှုံးသွားတတ်ပေမယ့် SHVS နည်းပညာကို အသုံးပြုထားတဲ့ Ertiga Smart Hybrid ကားမှာတော့ အရှိန်လျှော့လိုက်တဲ့ အချိန်တိုင်းမှာ စွမ်းအင်တွေက အလဟဿ ဖြစ်မသွားဘဲ ဘက်ထရီထဲကို အလိုအလျှောက် အားပြန်ဝင်နေတာပါ။

Battery အားပြန်ဝင်ဖို့အတွက် ဘယ်လိုမောင်းနှင်မှုမျိုးတွေက အထောက်အကူဖြစ်စေတာလဲဆိုရင်တော့

၁။ အရှိန်လျှော့ဖို့ လိုအပ်လာတဲ့အခါ လီဗာကို ဖြေးဖြေးချင်း လွှတ်ပြီး ကားကို ပုံမှန်အတိုင်း အရှိန်လျော့အောင် လုပ်တာမျိုးက ISG (Integrated Starter Generator) က ထွက်ပေါ်လာတဲ့ Kinetic Energy တွေကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး Lithium-ion Battery ထဲကို အားပြန်ဝင်နေမှာ ဖြစ်ပါတယ်။

၂။ မီးပွိုင့်တွေမှာ အနီးနားရောက်မှ ရုတ်တရက် ဘရိတ်အုပ်ပြီး ရပ်လိုက်တာမျိုးထက်စာရင် မရောက်ခင်မှာကတည်းက ကြိုတင်ပြီး ဖြည်းဖြည်းချင်း အရှိန်လျှော့တာက Battery အားဝင်ဖို့ (Regeneration time) ကို ပိုရစေပါတယ်။

၃။ မကြာခဏ ရပ်လိုက်၊ သွားလိုက်လုပ်နေရတဲ့ မြို့တွင်းလမ်းတွေမှာ ကားကို ဖြည်းဖြည်းချင်း အရှိန်လျှော့ပေးတာမျိုးကလည်း ဘက်ထရီကို အားပြန်ဝင်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

၄။ ရုတ်တရက် ဘရိတ်အုပ်တာမျိုးတွေက စွမ်းအင်တွေကို အလဟဿ ဖြစ်စေတာကြောင့် ပုံမှန် အရှိန်နဲ့ မောင်းနှင်ခြင်းကသာ ဆီစားနှုန်းကို သက်သာစေသလို ဘက်ထရီ အားပြန်ဝင်မှုနှုန်းကိုလည်း ကောင်းမွန်စေမှာပါ။

ဒီလိုနည်းနဲ့ ရရှိလာတဲ့ စွမ်းအင်တွေကို (Lithium-ion) ဘက်ထရီထဲမှာ အလိုအလျောက် သိမ်းဆည်းပေးတာဖြစ်လို့ စွမ်းအင်ဆုံးရှုံးမှုတွေ မဖြစ်တော့ပါဘူး။ Lithium-ion battery ထဲမှာ သိုလှောင် ထားတဲ့ လျှပ်စစ်စွမ်းအင်တွေကိုတော့ ကားစက်နှိုးတဲ့ အချိန်နဲ့ ကားကို အရှိန်မြှင့်တင်တဲ့အချိန်တွေမှာ ပြန်လည်အသုံးပြုတာ ဖြစ်ပါတယ်။

ဒါကြောင့် လောင်စာဆီအသုံးပြုမှုကိုလျော့ကျစေပြီး သဘာဝ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုစေမှာ ဖြစ်တဲ့အပြင် စမတ်ကျတဲ့ မောင်းနှင်မှုမျိုးကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

အရှိန်လျှော့နေစဉ်အတွင်း ISG စနစ်ဖြင့် Lithium-ion Battery ကို အားသွင်းပေးခြင်းက လောင်စာဆီချွေတာမှုကို အထောက်အကူပြုပေမယ့် ISG တစ်ခုတည်းဖြင့် အရှိန်လျှော့ခြင်းက ဘေးကင်းသော ရပ်တန့်အကွာအဝေး ရရှိရန်အတွက် လုံလောက်မှုမရှိတဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းစွာ မောင်းနှင်နိုင်ဖို့ အတွက် ဘရိတ်ကို လိုအပ်သလို စနစ်တကျ အသုံးပြုဖို့အတွက်လည်း လိုအပ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ Suzuki ကားတွေရဲ့ အကြောင်းအရာအချက်အလက်နဲ့ ဝန်ဆောင်မှုတွေကို သိချင်ရင် အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/





Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မေခအိမ်ရာကြား သင်္ဃန်းကျွန်းမြို...
24/01/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မေခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520080
* -09267520090
* -09267520010
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Air Filter ကို နောက်ဆုံးဘယ်တုန်းက စစ်ဆေးခဲ့တာလဲ ….

အင်ဂျင်လည်ပတ်ဖို့ဆိုရင် လေနဲ့ လောင်စာဆီတို့ အချိုးကျရောစပ်ပြီး မီးလောင်ပေါက်ကွဲရတာပါ။ အင်ဂျင်ထဲမှာ လောင်စာဆီတွေ ကောင်းကောင်း လောင်ကျွမ်းဖို့အတွက် သန့်ရှင်းတဲ့လေကို ရရှိဖို့လိုအပ်ပါတယ်။

ပြင်ပကနေ ဝင်လာတဲ့ လေတွေ သန့်ရှင်းစေဖို့နဲ့ ဖုန်မှုန့်၊ အမှုန်အမွှားတွေ အင်ဂျင်အတွင်းထဲကို မဝင်စေဖို့အတွက်ကိုတော့ Air Filter က အဓိက စစ်ထုတ်ပေးတာပါ။ ဒါကြောင့် အချိန်ကြာလာတာနဲ့ အမျှ Air Filter မှာ အညစ်အကြေးတွေ ပိတ်ဆို့လာတဲ့အပြင် အင်ဂျင်ထဲကိုလည်း လေအလုံအလောက်မဝင်တော့ဘဲ လောင်စာဆီအချိုးက ပိုများနေပါလိမ့်မယ်။

ဒီလိုမျိုး ဖြစ်လာပြီဆိုရင်တော့

- ဆီပိုစားလာခြင်း
- အင်ဂျင်စွမ်းဆောင်ရည်ကျခြင်းနဲ့
- Spark Plug တွေကိုပါ ပျက်စီးစေနိုင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ Air Filterကို ကီလို ၃၀၀၀၀ ဝန်းကျင်လောက်ရောက်တိုင်း ပုံမှန်စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်။ ဖုန်ထူတဲ့ ပတ်ဝန်းကျင်မှာ မောင်းနှင်နေရတယ်ဆိုရင်တော့ ကီလို ၅၀၀၀ လောက်ရောက်တိုင်း စစ်ဆေး သန့်ရှင်းရေးလုပ်ပြီး လိုအပ်ပါက လဲလှယ်သင့်ပါတယ်။

ပုံမှန်စစ်ဆေး လဲလှယ်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက် လူကြီးမင်းတို့နဲ့အနီးစပ်ဆုံး Suzuki Authorized Service Center တွေရဲ့ လိပ်စာတွေကို အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer


Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
10/01/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Smart Key Battery အားကုန်နေရင် ကားစက် ဘယ်လို နှိုးမလဲ

လူကြီးမင်းတို့ အနေနဲ့ Smart Key Battery သာ အားကုန်သွားခဲ့ရင် ကားစက်ဘယ်လို နှိုးရမလဲဆိုပြီး တွေးကြည့်ဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင်တော့ အရမ်းကြီးစိတ်မပူပါနဲ့ Smart Key Battery အားကုန်နေလို့ ပုံမှန်အတိုင်း စက်နှိုးမရရင်တောင် အလွယ်တကူ ကားစက်နှိုးလို့ရတဲ့ နည်းလမ်းလေး ရှိပါတယ်။

အဲ့ဒါကတော့
👉 ပုံမှန်အတိုင်း ဘရိတ်ကိုနင်းထားပါ။
👉 အားကုန်နေတဲ့ Smart key နဲ့ ကားရဲ့ Push Start Button ကို ဖိပြီး စက်နှိုးပါ။
ဒါဆိုရင်တော့ ကားစက်နိုးသွားပါလိမ့်မယ်။

ဒီနည်းလမ်းလေးက ယာယီအတွက်သာ ဖြစ်လို့ လူကြီးမင်းတို့ အနေနဲ့ Smart Key ရဲ့ Battery အားကုန်သွားခဲ့ရင် Battery အသစ်ကို အမြန်ဆုံး ပြန်လဲဖို့ အကြံပြုလိုက်ပါရစေ။

လူကြီးမင်းတို့နဲ့ အနီးစပ်ဆုံး Suzuki Authorized Showroom တွေရဲ့ လိပ်စာကို အောက်ပါ Website Link လေးမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer



Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
09/01/2026

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

ကားတစ်စီး ဘရိတ်မကောင်းရင် ဘာဖြစ်မယ်ဆိုတာထက် လူကြီးမင်းတို့ရဲ့ ကားမှာသုံးထားတဲ့ Brake Pads တွေက Genuine Brake Pads တွေ ဟုတ်ရဲ့လား ဆိုတာက ပိုပြီး အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့ အရှိန်နဲ့ လည်ပတ်နေတဲ့ ကားဘီးတွေကို တည်ငြိမ်တိကျစွာနဲ့ ရပ်တန့်သွားစေမယ့် Brake Pads တွေရဲ့ စွမ်းဆောင်ရည်အပေါ် ကိုယ်တိုင် ယုံကြည်စိတ်ချမှု အပြည့်အဝရှိဖို့ လိုပါတယ်။

လူကြီးမင်းတို့ရဲ့ SUZUKI ကားအတွက် လဲလှယ်ထားတဲ့ Brake Pads တွေက SUZUKI Genuine Brake Pads တွေဖြစ်နေတယ်ဆိုရင်တော့ ရွေးချယ်မှုဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကြောင်းကို ဒီအချက်(၄) ချက်က သက်သေပြနေမှာပါ။

(၁) Perfect Fit
တိကျသေချာတဲ့ စံနှုန်းများနဲ့အညီ SUZUKI ကား မော်ဒယ်တစ်ခုချင်းစီအလိုက် ထုတ်လုပ်ထားတဲ့ Genuine Parts တွေ ဖြစ်တဲ့အတွက် ကားရဲ့ ဘရိတ်စနစ်နဲ့ တိတိကျကျ ကိုက်ညီမှု ရှိနေမှာပါ။

(၂) Stable Braking Performance
ဘယ်လို လမ်းအခြေအနေအမျိုးမျိုးမှာဖြစ်ဖြစ် တည်ငြိမ်တဲ့ ဘရိတ်စွမ်းဆောင်ရည်ကို အတိအကျရရှိနေမှာဖြစ်လို့ ယုံကြည်မှု အပြည့်အဝနဲ့ စိုးရိမ်မှုမရှိဘဲ ကားကို ကောင်းမွန်စွာ ထိန်းချုပ် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

(၃) High-Quality Material
အရည်အသွေးမြင့် ကုန်ကြမ်းများကို အသုံးပြုထားတဲ့အတွက် ဆူညံသံထွက်ခြင်းနှင့် တုန်ခါခြင်းများကို လျော့နည်းစေပြီး Brake Pads အလွယ်တကူ ပွန်းစားသွားခြင်းမျိုးမရှိအောင် ကာကွယ်ပေးပါတယ်။

(၄) Longer Lifespan
SUZUKI ရဲ့ ကမ္ဘာ့အဆင့်မီ စံချိန်စံညွှန်းများနှင့်အညီ စမ်းသပ် စစ်ဆေးထားတဲ့အတွက် ကာလကြာရှည်စွာ အသုံးပြုနိုင်ပြီး Brake Pads များ လဲလှယ်ရမယ့် အကြိမ်ရေကို လျှော့ချပေးနိုင်တဲ့အတွက် ရေရှည်မှာ ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။

ဒါကြောင့် ဘေးကင်းလုံခြုံပြီး ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်နိုင်ဖို့ အတွက် SUZUKI Genuine Brake Pads တွေကို ရွေးချယ်ဖို့ တိုက်တွန်းပါရစေ။

ဘရိတ်စနစ်များ စစ်ဆေးခြင်းနှင့် SUZUKI Genuine Brake Pads များလဲလှယ်ခြင်းတွေကို လူကြီးမင်းတို့နဲ့ နီးစပ်ရာ Authorized SUZUKI Showroom မှာ သွားရောက် စစ်ဆေးလဲလှယ်လို့ ရပါတယ်။

SUZUKI Genuine Brake Pads နှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/sparepart

SUZUKI Smart Order Application မှ တစ်ဆင့်လည်း ဝယ်ယူရရှိနိုင်ပါတယ်။
Download Link : http://suzukithilawa.com.mm/



 #အကျင့်ပျက်ဝန်ထမ်း❌❌ လုပ်ငန်းရှင်များ သတိထားပါစေရန် ❌❌အမည် - ဝသုန်ဦးမှတ်ပုံတင်အမှတ် - ၁၂/ဒဂတ(နိုင်)၀၉၃၆၆၆အဖအမည် - ဦးဌေး...
07/01/2026

#အကျင့်ပျက်ဝန်ထမ်း

❌❌ လုပ်ငန်းရှင်များ သတိထားပါစေရန် ❌❌

အမည် - ဝသုန်ဦး
မှတ်ပုံတင်အမှတ် - ၁၂/ဒဂတ(နိုင်)၀၉၃၆၆၆
အဖအမည် - ဦးဌေးလင်း

ဝသုန်ဦးသည် Suzuki Htoo Htoo Body & Paint Centre တွင် နေ့စားပတ်တီးဆရာအဖြစ် ၂၈ ရက် ဧပြီလ ၂၀၂၅ တွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။

ဘော်ဒီရုံ၏ policy အရ နေ့စားဝန်ထမ်းများအတွက် ကြိုတင်ငွေ ချေးငွေထုတ်ယူခြင်းမပြုသော်လည်း အမျိုးသမီး ကလေးမွေးစရိတ် နှင့် ကလေးအတွက် လူသားချင်းစာနာသောအားဖြင့် အတိုးမယူ ကြိုတင်ငွေများထုတ်ပေးခဲ့ပါသည်။ ၃ ရက် နိုဝင်ဘာလ ၂၀၂၅ တွင် သမီးကလေးအတွက်ဟုဆိုကာ ကြိုတင်ငွေ ၄ သိန်းထပ်ထုတ်ပြီးသည့်အချိန်မှစ၍ အလုပ်မဆင်းတော့ဘဲ ဖုန်းအဆက်အသွယ်များလည်း ဖြေကြားခြင်းမရှိတော့ပါ။

ဘော်ဒီရုံမှ ကလေးအတွက် လူသားချင်းစာနာသောအားဖြင့် အတိုးမယူ ကြိုတင်ငွေထုတ်ပေးခဲ့သော်လည်း တာဝန်ယူလိုစိတ်မရှိဘဲ ငွေနှင့်အတူ တိမ်းရှောင်ခဲ့ပါသည်။ ဘော်ဒီရုံဘက်မှ ချေးငွေပြန်ဆပ်နိုင်ရန် အချိန်ပေးခဲ့သော်လည်း ယခုအခါ ဖုန်းမကိုင် စာမပြန် တာဝန်မယူတော့သည့်အတွက် ကျန်သူများအားလည်း သတိထားကြစေရန် အသိပေးပြောကြားအပ်ပါသည်။

Suzuki Htoo Htoo
Body & Paint Centre

Happy New Year 🙏🙏🙏ကိုယ့်ဘဝရဲ့မရှိမဖြစ်အဖော် Suzuki cars လေးတွေအတွက် 2026 New Year’s Resolutions တွေ ချပြီးကြပြီလားဗျ 👋👋👋...
03/01/2026

Happy New Year 🙏🙏🙏

ကိုယ့်ဘဝရဲ့မရှိမဖြစ်အဖော် Suzuki cars လေးတွေအတွက် 2026 New Year’s Resolutions တွေ ချပြီးကြပြီလားဗျ 👋👋👋

✅ Periodical maintenance ပုံမှန်လုပ်ဖို့ မမေ့ပါနဲ့
✅ ကျန်းမာတဲ့အင်ဂျင် နဲ့ ဂီယာဘောက်စ်ဖြစ်ဖို့အတွက် အင်ဂျင်ဝိုင် နဲ့ transmission oil လဲဖို့ မမေ့ပါနဲ့
✅ ရည်ဓာတ်ဖြည့်ဖို့လည်းလိုပါတယ်နော် Coolant, Brake Oil, မှန်ကြည်ဆေးရည် ဖြည့်/လဲဖို့မမေ့ပါနဲ့
✅ Plug, brake, suspension တွေစစ်ဖို့ မမေ့ပါနဲ့
✅ Oil filter, air filter, air con filter, fuel filter တွေစစ်ဖို့ မမေ့ပါနဲ့
✅ ရှေ့မီး နောက်မီး အချက်ပြမီး ဘရိတ်မီး နှင်းခွဲမီး မီးအားလုံးစစ်ဖို့ မမေ့ပါနဲ့
✅ တာယာလည်းစစ်ဖို့မမေ့ပါနဲ့
✅ Fuel pump၊ ဓာတ်ဆီပိုက်လိုင်း၊ အင်ဂျက်တာစစ်ဆေးဖို့ မမေ့ပါနဲ့

လူကြီးမင်းတို့အတွက် 2026 resolutions တွေ အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ မှ အကောင်းဆုံး Service များဖြင့် ကူညီ အားဖြည့် တာဝန်ယူပေးပါရစေခင်ဗျာ 🤗🤗🤗

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မေခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520010
* -09267520080
* -09267520090
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Suzuki Htoo Htoo (Dagon Seikkan)
အမှတ် 1609-1612 ရတနာလမ်းမကြီး ပဲခူးမြစ်လမ်းမအနီး (ရတနာနှင်းဆီအိမ်ရာအနီး) ဒဂုံဆိပ်ကမ်းမြို့နယ်
* -09400998050
* -09266723090
* -09266723080
📍https://goo.gl/maps/x9GTFmHaqSrovUEN6





🎉🎆 Happy New Year 2026 🎆🎉တစ်ချို့အတွက်တော့ ဝမ်းနည်း ၊တစ်ချို့အတွက်တော့ ဝမ်းသာ ကိုယ်စီ အမှတ်တရပေါင်းများစွာကျန်ရှိခဲ့တဲ့ ...
31/12/2025

🎉🎆 Happy New Year 2026 🎆🎉

တစ်ချို့အတွက်တော့ ဝမ်းနည်း ၊တစ်ချို့အတွက်တော့ ဝမ်းသာ ကိုယ်စီ အမှတ်တရပေါင်းများစွာကျန်ရှိခဲ့တဲ့ 2025ကို နှုတ်ဆက်ရတော့မည် အချိန်ရောက်ရှိလို့လာခဲ့ပြီဗျာ ။

ကျွန်တော် တို့ ချစ်ရသော customer (ကာကာ)တွေအတွက်လဲ အမှတ်တရကောင်းများစွာ
SUZUKI HTOO HTOO မှာ ကျန်ရှိခဲ့မယ်လို့မျော်လင့်မိပါတယ်ဗျာ။
နောင်လာမည် နှစ်သစ် 2026ကိုကြိုဆိုရင်း အကောင်းဆုံးဆိုတဲ့ အရာတွေ service တွေပေးနိုင်ဖို့ ကြိုးစားသွားပါဦးမည်။

Suzuki Htoo Htoo Thingangyun နှင့် Suzuki Htoo Htoo Dagon Seikkanရဲ့ နှစ်သစ်ကူးပိတ်ရက် အဖြစ်
📌 ၁.၁.၂၀၂၆ (ကြာသပတေးနေ့) တွင်
ဆိုင်ပိတ်ထားမည် ဖြစ်ပါသည်။

📌 ၂.၁.၂၀၂၆ မှ စ၍ ပုံမှန်အတိုင်း
ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည် 🚗✨

မိတ်ဆွေများအားလုံး
နှစ်သစ်မှာ ကျန်းမာချမ်းသာပြီး
အောင်မြင်မှုများစွာ ရရှိပါစေကြောင်း
Suzuki Htoo Htoo မှ ဆုတောင်းပေးအပ်ပါသည် 🙏❤️

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Suzuki Htoo Htoo (Dagon Seikkan)
အမှတ် 1609-1612 ရတနာလမ်းမကြီး ပဲခူးမြစ်လမ်းမအနီး (ရတနာနှင်းဆီအိမ်ရာအနီး) ဒဂုံဆိပ်ကမ်းမြို့နယ်
* -09400998050
* -09266723090
* -09266723080
📍https://goo.gl/maps/x9GTFmHaqSrovUEN6

23/12/2025

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

20/12/2025

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
20/12/2025

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

ဆောင်းရာသီဟာ ချမ်းအေးတဲ့အတွက် အများစုက ကားအဲကွန်း (AC) ကို ဖွင့်လေ့မရှိကြပါဘူး။

တကယ်တော့... ချမ်းစိမ့်တာမျိုး မလိုချင်ရင်တောင် လူကြီးမင်းတို့ ကားရဲ့ AC စနစ်ကို အပတ်စဉ် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ကားမောင်းနေစဉ်မှာ ကား AC ကို တစ်ပတ်တစ်ခါ အနည်းဆုံး ၁၀ မိနစ်ခန့်တော့ ဖွင့်ပေးဖို့ အကြံပြုလိုပါတယ်။

ဒီလိုရိုးရှင်းတဲ့ အလေ့အကျင့်လေးဟာ AC စနစ်အတွင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကို အမြဲတမ်းကောင်းနေဖို့ ကူညီပေးနိုင်တဲ့အပြင် AC System လည်း ရေရှည်ခံစေပြီး ပူပြင်းတဲ့ နွေရာသီအတွက် အမြဲတမ်း အသင့်အနေအထားမှာ ရှိနေစေမှာဖြစ်ပါတယ်။

👉 ဒါကြောင့် SUZUKI ကားပိုင်ရှင် လူကြီးမင်းတို့အနေနဲ့ ကားရဲ့ AC စနစ်ကို ပုံမှန်ဂရုစိုက်ပေးပြီး နွေရောက်မှ အလုပ်မရှုပ်ရလေအောင် အခုလို ချမ်းအေးတဲ့အခါမျိုးမှာကတည်းက ကြိုတင်ကာကွယ်ထားလိုက်ပါနော်။


Suzuki Htoo Htoo (Thingangyun)အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြိ...
20/12/2025

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Suzuki ချစ်သူတို့ရေ ဒီဇင်ဘာလဟာ ခရီးထွက်ဖို့ အကောင်းဆုံးအချိန်ပါပဲ

ဒါကြောင့် ခရီးစဉ်တိုင်းကို ပိုမိုလုံခြုံစေဖို့နဲ့ ပိုမိုသက်သောင့်သက်သာ ဖြစ်စေဖို့အတွက် SUZUKI Signature Essential (၅) မျိုးကို ပြောပြပေးပါရစေ 🧐

၁။ အပြင်ထွက်တဲ့အခါ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပြီး အရိပ်ရဖို့အတွက် အထောက်အကူပြုတဲ့ UV protection ပါရှိတဲ့ ထီး Parasol (UV Protection)
၂။ မနက်ခင်းစောစော ခရီးသွားကြတဲ့အခါ လမ်းခရီးမှာ နွေးနွေးထွေးထွေး ရှိနေစေဖို့ မပါမဖြစ် Blanket (Jimny)
၃။ ခရီးဝေး မောင်းနှင်ရတဲ့အခါ ညောင်းညာတာ၊ ဇက်ကြောတက်တာမျိုးတွေ မဖြစ်စေဘဲ သက်သောင့်သက်သာ အပြည့်အဝရှိစေဖို့အတွက် Leather Neck Pillow
၄။ ပိုက်ဆံအိတ်၊ မှတ်ပုံတင်၊ Charger နဲ့ အရေးကြီးပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်းနိုင်ဖို့ SUZUKI Loom Pouch (Small/Big)
၅။ ကားအတွင်း အစားအသောက်များ ပေကျံခြင်းနဲ့ အခြားသောညစ်ပေမှုများကို သန့်ရှင်းရေးလုပ်တဲ့အခါ Tissue များကို အလွယ်တကူအသုံးပြုနိုင်အောင် ထည့်ထားနိုင်တဲ့ Tissue Box cover

ဒါကြောင့် SUZUKI ချစ်သူ လူကြီးမင်းတို့ဟာ SUZUKI Signature Essentials လေးတွေသာ ဆောင်ထားမယ်ဆိုရင် လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာနဲ့ အန္တရာယ်ကင်းဘေးရှင်းတဲ့ ခရီးစဉ်တိုင်းကို ပိုင်ဆိုင်နိုင်မှာပါ

👉 လူကြီးမင်းတို့အနေနဲ့ ခရီးသွားတဲ့အခါ ဒီထဲက ဘယ်ပစ္စည်းကို မပါမဖြစ် အမြဲဆောင်ထားချင်လဲဆိုတာ Comment မှာ ပြောပြပေးခဲ့ပါဦး

အသေးစိတ်သိရှိလိုရင် မိမိနှင့်အနီးဆုံး SUZUKI တရားဝင်အရောင်းပြခန်းများတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

SUZUKI Myanmar Motor ရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေနဲ့ အခြားဝန်ဆောင်မှုများကိုလည်း SUZUKI Myanmar Motor Website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Website Link - https://suzukimyanmar.com/

SUZUKI Smart Order Application မှ တစ်ဆင့်လည်း ဝယ်ယူရရှိနိုင်ပါတယ်။
Download Link : http://suzukithilawa.com.mm/


09/12/2025

Suzuki Htoo Htoo (Thingangyun)
အမှတ် 52/53, လေးဒေါင့်ကန်လမ်းမကြီး ဘီအိုစီမှတ်တိုင် နှင့် မလိခအိမ်ရာကြား သင်္ဃန်းကျွန်းမြို့နယ်
* -09267520050
* -09267520040
* -09267520030
📍 https://goo.gl/maps/pnPX2CHmW21b4L2aA

Address

No. 52/53 Lay Daungkan Road, (Sa/Kha) Quarter, Thingangyun Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959267520030

Website

Alerts

Be the first to know and let us send you an email when Suzuki HTOO HTOO - Thingangyun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category

Suzuki HTOO HTOO

Suzuki ကားသစ်တစ်စီးကို ချိုသာသောစျေးနှုန်း၊ အကောင်းမွန်ဆုံးသော ၀န်ဆောင်မှု၊ ၀ယ်ယူပြီးသည့်တိုင် ကျေနပ်စေမည့် After Sale Service များဖြင့် Customer စိတ်တိုင်းကျသည်ထိ စေတနာထားကာ တာဝန်ယူရောင်းချပေးနေတာ Suzuki HTOO HTOO ပါ။