Ga Mone Pwint - GMP Motors

Ga Mone Pwint - GMP Motors GMP(GaMonePwint)Co.,Ltd was established in 1991 and is involved in all kinds of vehicles.
(1177)

Chiron ၏ နောက်ဆုံးတစ်စီး (သို့) Chiron အခန်းကဏ္ဍရပ်တန့်ခြင်း----------------------------အစီးရေ ၅၀၀ မြောက်ဖြစ်သော L'Ultim...
03/06/2024

Chiron ၏ နောက်ဆုံးတစ်စီး (သို့) Chiron အခန်းကဏ္ဍရပ်တန့်ခြင်း
----------------------------
အစီးရေ ၅၀၀ မြောက်ဖြစ်သော L'Ultime သည် Chiron lineage ၏ နောက်ဆုံးတစ်စီးဖြစ်ပါတယ်။ ၎င်း၏အရင်က Veyron လိုမျိုး Chiron သည် အရေအတွက်ပိုများသော special editions များနှင့် one-offs များကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် Bugatti က နောက်ဆုံးကားကို ထုတ်ဖော်ပြသလိုက်တာကြောင့် ဒီနေ့မှာ အားလုံးပြီးဆုံးသွားပါပြီ။ Bugatti မှာ Chiron lineage ရပ်တန့်လိုက်တဲ့သဘောပါ။ Monégasque ယာဉ်မောင်း Louis Chiron ကို အစွဲပြု၍ အမည်ပေးထားသော Chiron ၏ နောက်ဆုံး ဟိုက်ပါကား L'Ultime ကို Molsheim ရှိ အိမ်တွင် လက်ဖြင့် တပ်ဆင်ဖန်တီးထားခြင်းဖြစ်ပါတယ်။ Super Sport ကိုအခြေခံ၍ 2016 Geneva Motor Show တွင်ပြသခဲ့သောကား၏ အလှတရားကို inspiration ယူထားတာကြောင့် Chiron ၏ epilogue သည် မူရင်းကားနှင့် ထပ်တူနီးပါးတူနေပါတယ်။

ဆွဲဆောင်မှုရှိတဲ့ French Racing Blue မှ Atlantic Blue သို့ မှိန်သွားသော ၎င်း၏ နှစ်ရောင်စပ်ပုံစံတွင် ယာဉ်စတင်မိတ်ဆက်ချိန်မှစပြီး ရှစ်နှစ်တာကာလအတွင်း အရေးပါသောအခန်းမှပါဝင်ခဲ့သည့် အဖြစ်အပျက်များနှင့် နေရာများ၏ အမည်များကို လက်ရေးဖြင့် ထပ်လောင်းအလှဆင်ထားပါတယ်။ Chiron အတွက် 304 mph မှတ်တမ်းတင်ခဲ့သောနေရာ Ehra-Lessien, ၎င်းကိုစမ်းသပ်ခဲ့သောနေရာ Paul Ricard, ၎င်းကိုမိတ်ဆက်ခဲ့သောနေရာ Geneva နှင့် Chantilly စသော အမည်များဖြင့် တန်ဆာဆင်ထားပါတယ်။ ဒါ့အပြင် Château Saint Jean နှင့် Cape Canaveral ဆိုသော နေရာအမည်များအပြင် နောက်ဘက် အတောင်၏‌အောက်နှင့် ဘီးဖုံးများပေါ်တွင်လည်း "500" ဆိုတဲ့အမည်ကို ရေးထားပါသေးတယ်။ Chiron ဖြတ်သန်းခဲ့သော သက်တမ်းတစ်လျှောက် အမှတ်တရာဖြစ်စေသော အမည်များကို ရေးထိုးထားတဲ့သဘောဖြစ်ပါတယ်။

နောက်ယက် 8.0-liter W-16 monster အင်ဂျင်၏ အဖုံးပေါ်တွင် quad-turbo ဆိုသော အမည်ကိုလည်းရေးထိုးထားပါသေးတယ်။ Chiron ၏မွေးရပ်မြေကို ရည်ညွှန်းသော ပြင်သစ်အလံ logos များကို လေးကြည့်မှန်များပေါ်မှာတွေ့နိုင်ပါသေးတယ်။ ၎င်းကား farewell edition ကို ဘယ်သူပိုင်သလဲ ဆိုတာကိုတော့ Bugatti က မပြောပါဘူး။ ၎င်းသည် နည်းပညာအရ Chiron-တံဆိပ်တပ်ထားသော နောက်ဆုံး ကားဖြစ်သော်လည်း Chiron ခေတ်၏ အဆုံးသတ်တော့မဟုတ်ပါဘူး။ Bugatti သည် Chiron ကိုအခြေခံထားသော Mistral roadster (99 units) စီး၊ track-only Bolide (40 units) စီးကိုထုတ်လုပ်လျှက်ရှိပါတယ်။ ကုမ္ပဏီ၏ ကားသစ်သည် ပုံမှန် V-16 အင်ဂျင်ဖြင့် ယခု ဇွန်လအတွင်းထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။

Tesla နှင့်ပြိုင်ဘက်ဖြစ်သော တရုတ်ကားထုတ်လုပ်သူ BYD က ၎င်း၏ ဟိုက်ဘရစ်ကားအသစ်များသည် ဆီဖြည့် သို့မဟုတ် အားသွင်းစရာမလိုအပ်ဘ...
31/05/2024

Tesla နှင့်ပြိုင်ဘက်ဖြစ်သော တရုတ်ကားထုတ်လုပ်သူ BYD က ၎င်း၏ ဟိုက်ဘရစ်ကားအသစ်များသည် ဆီဖြည့် သို့မဟုတ် အားသွင်းစရာမလိုအပ်ဘဲ မိုင် 1,250 သွားလာနိုင်ပြီး အဆိုပါပမာဏသည် အချို့သော US hybrid များ၏ range ထက် နှစ်ဆနီးပါးရှိတယ်လို့ ဆိုပါတယ်။ ဤနည်းပညာပါရှိသော မော်ဒယ်နှစ်မျိုးထဲမှ တစ်ခုဖြစ်သည့် BYD Seal 06 သည် တစ်ဂါလံလျှင် 81 မိုင်ခန့် ရရှိပြီး US လောင်စာဆီ ပျမ်းမျှနှုန်းကို သိသိသာသာ ကျော်လွန်ပါတယ်။ အဆိုပါအောင်မြင်မှုသည် ဟိုက်ဘရစ်ယာဉ်များ၏ ဆွဲဆောင်မှုကို မြှင့်တင်နိုင်ပြီး သမားရိုးကျနှင့် အပြည့်အဝ လျှပ်စစ်ကားများကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ကြောင်းဆိုထားပါတယ်။ အောင်မြင်တယ်လို့ဆိုသော်လည်း BYD ၏ ကားများ မကြာမီ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်လာဖို့ဆိုတာတော့ မျှော်လင့်လို့မရနိုင်သေးပါဘူး။

ငွေကိုရေလိုသုံးကြသော UAE က ဘရိုများရဲ့ ထူးခြားသော ဝါသနာတစ်ခု, 🥹😎
31/05/2024

ငွေကိုရေလိုသုံးကြသော UAE က ဘရိုများရဲ့ ထူးခြားသော ဝါသနာတစ်ခု, 🥹😎

30/05/2024

ကမ္ဘာအကြီးဆုံး ကွန်တိန်နာတင် သင်္ဘောတစ်စီးဖြစ်သော "Evergreen Ever Ace"
----------------------------
အရွယ်အစားအားဖြင့် ဘောလုံးကွင်း ၄ ခုစာ (1,312 ပေ) ရှည်လျားပြီး အကျယ် (190 ပေ) နှင့် အလေးချိန် 241,960 တန်ချိန် ရှိသော ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘောများထဲမှ တစ်စီးဖြစ်ပါတယ်။ ကွန်တိန်နာအလုံးရေ ၂၃,၉၉၂ အထိတင်ဆောင်နိုင်ပြီး ကုန်အပြည့်တင်ကာ 25km/h (13 knots) နှုန်းဖြင့်မောင်းနှင်နိုင်ပါတယ်။၎င်းကို Samsung Heavy Industries သင်္ဘောကျင်းတွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Evergreen Marine Coporation မှ operate လုပ်ဆောင်ပါတယ်။ ၂၀၂၁ ခုက ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘောကြီးဖြစ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် မတ်လမှာတော့ MSC Irina သည် အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ကိုရယူသွားခဲ့ပါတယ်။

"အောင်မြင်သော BMW အမှတ်တံဆိပ်တစ်ခုဘယ်လိုဖြစ်လာခဲ့သလဲ"-------------------------BMW (Bayerische Motoren Werke AG) သည် ဇိမ်...
29/05/2024

"အောင်မြင်သော BMW အမှတ်တံဆိပ်တစ်ခုဘယ်လိုဖြစ်လာခဲ့သလဲ"
-------------------------
BMW (Bayerische Motoren Werke AG) သည် ဇိမ်ခံကားများနှင့် မော်တော်ဆိုင်ကယ်များကို ထုတ်လုပ်သည့် ဂျာမန်နိုင်ငံစုံ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ BMW ၏သမိုင်းအကျဉ်းကိုလေ့လာကြည့်ရအောင်။

(1916-1930) အစောပိုင်းနှစ်များ

BMW ကို Bayerische Flugzeugwerke AG အဖြစ် 1916 ခုနှစ် မတ်လ 7 ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး 1922 ခုနှစ်တွင် Bayerische Motoren Werke AG အဖြစ်အမည်ပြောင်းလဲခဲ့ပါတယ်။ ကုမ္ပဏီသည် ပထမကမ္ဘာစစ်အတွင်း လေယာဉ်အင်ဂျင်များကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ပြီးနောက် Versailles စာချုပ်သည် ဂျာမနီ၏ လေယာဉ်အင်ဂျင်များ ထုတ်လုပ်နိုင်စွမ်းကို ကန့်သတ်ထားခဲ့သောကြောင့် BMW သည် ၁၉၂၃ ခုနှစ်တွင် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုဆီသို့ အာရုံပြောင်းခဲ့ပြီး R32 သည် ၎င်း၏ ပထမဆုံး မော်ဒယ်ဖြစ်လာခဲ့ပါတယ်။

ပြောင်းလဲခြင်းနှင့် ချဲ့ထွင်ခြင်း (1930s-1950s)

1920 ခုနှစ်နှောင်းပိုင်းတွင် BMW သည် ကားထုတ်လုပ်သူ Fahrzeugfabrik Eisenach ကို ဝယ်ယူခြင်းဖြင့် မော်တော်ကားများကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကုမ္ပဏီ၏ ပထမဆုံးကားဖြစ်သော BMW 3/15 ကို 1929 ခုနှစ်တွင် ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း BMW သည် လေယာဉ်အင်ဂျင်ကို ပြန်လည်ထုတ်လုပ်ခဲ့ပြီး ဂျာမန်စစ်တပ်အတွက် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားများကို ထုတ်လုပ်ခဲ့ပါတယ်။

စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးနှင့် ကြီးထွားမှု (1950s-1970s)

စစ်ပွဲအပြီးတွင် BMW သည် ဗုံးကြဲခံစက်ရုံ နှင့် မဟာမိတ်များ ချမှတ်ထားသော မော်တော်ကားထုတ်လုပ်ခြင်းအား တားမြစ်ပိတ်ပင်ခြင်းအပါအဝင် သိသာထင်ရှားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ ကုမ္ပဏီသည် ၁၉၄၈ ခုနှစ်တွင် မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုကို ပြန်လည်စတင်ခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ကားထုတ်လုပ်မှုကို ပြန်လည်စတင်ခဲ့ပါတယ်။ 1960 ခုနှစ်များတွင် BMW သည် ငွေကြေးအခက်အခဲများကို တွေ့ကြုံခဲ့ရသော်လည်း ပြိုင်ကားဆန်ပြီး အရည်အသွေးမြင့်ကားများထုတ်လုပ်သည့် ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းကို ထူထောင်နိုင်ခဲ့သော BMW 1500 ၏ အောင်မြင်မှုနှင့်အတူ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။

ခေတ်သစ် (၁၉၈၀ ခုနှစ်များ မှ ယနေ့ခေတ်)

1980 နှင့် 1990 ခုနှစ်များတွင် BMW သည် ၎င်း၏ product range နှင့် ကမ္ဘာလုံးဆိုင်ရာ တည်ရှိမှုကို တိုးချဲ့ခဲ့ပါတယ်။ ကုမ္ပဏီသည် BMW 3 Series၊ 5 Series နှင့် 7 Series အပါအဝင် မော်ဒယ်လ်သစ်များကို မိတ်ဆက်ခဲ့ပြီး ယင်းသည် ၎င်း၏ lineup ရဲ့ ကျောရိုးဖြစ်လာခဲ့ပါတယ်။ BMW သည် 1994 ခုနှစ်တွင် Rover Group ကိုဝယ်ယူခဲ့သော်လည်း လုပ်ငန်းများ အကြီးအကျယ် မအောင်မြင်ခဲ့ကာ Mini အမှတ်တံဆိပ်ကိုဆက်လက်ထိန်းသိမ်းထားရင်း 2000 ခုနှစ်တွင် Rover ကိုပြန်လည်ရောင်းချခဲ့ပါတယ်။ 21 ရာစုတွင် BMW သည် BMW i3 နှင့် i8 ကဲ့သို့သော လျှပ်စစ်နှင့် ဟိုက်ဘရစ်ကားများကို မိတ်ဆက်ကာ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့မှုအပေါ် အာရုံစိုက်လာခဲ့ပါတယ်။ ကုမ္ပဏီသည် ၎င်း၏ ထုတ်ကုန်အမျိုးအစားနှင့် ထုတ်လုပ်မှုစွမ်းရည်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆက်လက်ချဲ့ထွင်ခဲ့ပါတယ်။ ယနေ့ခေတ်တွင် BMW သည် ၎င်း၏ ဇိမ်ခံကားများ၊ အဆင့်မြင့် အင်ဂျင်နီယာ နှင့် ခိုင်မာသော အမှတ်တံဆိပ် အမှတ်အသားများကြောင့် လူသိများလာခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်း မော်တော်ကား ထုတ်လုပ်သူ များထဲမှ တစ်ခုအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

Where is Public Toilet Pro? 🤔😆😂
28/05/2024

Where is Public Toilet Pro? 🤔😆😂

ပထမဆုံးအကြိမ်အဖြစ် Range Rover မော်ဒယ်များကို အိန္ဒိယနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သွားမည်,---------------------------------...
27/05/2024

ပထမဆုံးအကြိမ်အဖြစ် Range Rover မော်ဒယ်များကို အိန္ဒိယနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သွားမည်,
----------------------------------
သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယ Tata Group ပိုင် Jaguar Land Rover သည် အထင်ကရ Range Rover နှင့် Range Rover Sport မော်ဒယ်များကို အိန္ဒိယနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ယနေ့အချိန်အထိ Range Rover မော်ဒယ်များကို Tata Motors ပိုင်ဆိုင်သော JLR ၏ UK ရှိ Solihull စက်ရုံတွင်သာ သီးသန့်ထုတ်လုပ်ခဲ့ပြီး အိန္ဒိယအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ စျေးကွက် ၁၂၁ ခုသို့ တင်ပို့ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီသည် ယခုအခါ အဆိုပါ အထင်ကရ မော်ဒယ်များကို ၎င်း၏ Pune စက်ရုံတွင် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ၎င်းဟာ UK ပြင်ပတွင် ပထမဆုံး အကြိမ်အဖြစ် ထုတ်လုပ်ခြင်း လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ပြည်တွင်းထုတ် Range Rover ကို HSE နှင့် Autobiography trims များတွင် 3.0L ဓာတ်ဆီနှင့် 3.0L ဒီဇယ်အင်ဂျင် ရွေးချယ်မှု နှစ်မျိုးဖြင့် ရရှိနိုင်မှာဖြစ်ကာ တစ်ဖက်တွင် Range Rover Sport ကိုလည်း Dynamic SE trim တွင် 3.0L ဓာတ်ဆီနှင့် 3.0L ဒီဇယ်အင်ဂျင် ရွေးချယ်မှုဖြင့် ရောင်းချသွားမှာဖြစ်ကြောင်းသိရပါတယ်။ ဒေသချဲ့ထွင်ခြင်းအား တိုးမြှင့်ခြင်းဖြင့် ကျော်ကြားသော ဗြိတိန်အမှတ်တံဆိပ်သည် အိန္ဒိယရှိ ပိုမိုကျယ်ပြန့်သော ဖောက်သည်များကို နှစ်သက်စေရန်အတွက် မော်ဒယ်နှစ်ခု၏စျေးနှုန်းကို ပိုမိုသက်သာစေဖို့ ရည်ရွယ်ကြောင်းဆိုပါတယ်။

Rolls-Royce ကားတစ်စီးထုတ်လုပ်ဖို့အတွက် နွား (၈) ကောင်၏ သားရေများကိုအသုံးပြုကြရပါတယ်, 🐂🐃🐄
27/05/2024

Rolls-Royce ကားတစ်စီးထုတ်လုပ်ဖို့အတွက် နွား (၈) ကောင်၏ သားရေများကိုအသုံးပြုကြရပါတယ်, 🐂🐃🐄

အဆောက်အဦး ခေါင်မိုးပေါ်တွင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံက ဆီဆိုင်တစ်ခု, 😬🏢⛽
24/05/2024

အဆောက်အဦး ခေါင်မိုးပေါ်တွင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံက ဆီဆိုင်တစ်ခု, 😬🏢⛽

24/05/2024

တစ်နာရီ ၁၅၃ မိုင်အထိမောင်းနှင်နိုင်သော ကမ္ဘာ့အမြန်ဆုံး Tractor, 😱😱

ဒေါ်လာ 25 သန်းကျော် အကုန်အကျခံ ဖန်တီးထားတဲ့ Rolls-Royce Arcadia Droptail----------------------------------Rolls-Royce Ar...
23/05/2024

ဒေါ်လာ 25 သန်းကျော် အကုန်အကျခံ ဖန်တီးထားတဲ့ Rolls-Royce Arcadia Droptail
----------------------------------
Rolls-Royce Arcadia Droptail သည် Rolls-Royce Coachbuild အစီအစဉ်ထဲမှ တတိယမြောက် ဖောက်သည်စိတ်တိုင်းကျ အမှာစာ တစ်စီးဖြစ်ပါတယ်။ 'Arcadia' ဟူသောအမည်သည် ရှေးဂရိဒဏ္ဍာရီတွင် ‘heaven on Earth’ ဟုဖော်ပြထားသော ဒဏ္ဍာရီလာနယ်ပယ်မှဆင်းသက်လာပြီး အံ့မခန်းလက်ဖြင့်တည်ဆောက်ထားသောကားဖြစ်ပါတယ်။ ၎င်း၏ နိမ့်လွန်းသော ကိုယ်ထည်ရပ်တည်ချက် နှင့် သိသာထင်ရှားသော ကိုယ်ထည်လိုင်းများဖြင့် 'သဘာဝအလှ' နှင့် 'ပြီးပြည့်စုံသောသဟဇာတဖြစ်မှု' အပေါ်မှာ focus လုပ်ထားပါတယ်။ ဖောက်သည်၏ လိုအပ်ချက်များအတိုင်း အသေးစိတ်ဒီဇိုင်းပြုထားပြီး ထူးခြားသော စိန်ခေါ်မှုအခက်အခဲများနှင့်လည်းရင်ဆိုင်ခဲ့ရပါတယ်။ နှစ်နှစ်ကျော် developed လုပ်ခဲ့ပြီး ငါးလကြာ တပ်ဆင်မှုပြုလုပ်ခဲ့ရသော Rolls-Royce Arcadia Droptail သည် အကောင်းဆုံးဆိုသော ဒီဇိုင်းပိုင်း၊ လက်မှုပညာနှင့် အင်ဂျင်နီယာဆိုင်ရာ တိုးတက်မှုများကိုပြသပေးထားပါတယ်။ ၎င်း၏စျေးနှုန်းကိုတရားဝင်မကြေငြာသေးသော်လည်း Rolls-Royce Coachbuild မှထုတ်ဖော်ပြသခဲ့သည့်အခြား limited-edition Droptail convertibles များအပေါ်အခြေခံခြင်းဖြင့် ၎င်းသည် ဒေါ်လာ ၂၅ သန်းကျော် ရှိတယ်လို့ ယူဆရပါတယ်။ ဒီကားကို စင်္ကာပူမှ သန်းကြွယ်သူဌေးကြီး ပိုင်ရှင်ထံ ယခုနှစ်အစောပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Address

No. 11/9, Ywarma Kyaung Street, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595118748

Alerts

Be the first to know and let us send you an email when Ga Mone Pwint - GMP Motors posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ga Mone Pwint - GMP Motors:

Share