ONE TWO Lubricants Shop & Oil Change Service

ONE TWO Lubricants Shop & Oil Change Service MOBILE CHANGE

၁။၃-၁ ၊သံသုမာလမ်း၁၄/၃ ရပ်ကွက် တောင်ဥက္ကလာပ၊မြင်သာစျေးကားမှတ်တိုင်
၂။ BOCဆီဆိုင်ဝန်းအတွင်း တောင်မြောက်လမ်းဆုံအနီး၊အမှတ်၂လမ်း ၃။၄၉၂ရတနာလမ်း၁၄/၁၅လမ်းဆုံအနီး ၁၁ ရပ်ကွက်၊တောင်ဥက္ကလာပ
09 767 737 111
09 767 399 169

"အင်ဂျင်ဝိုင်လဲလှည် ပြီး အိမ်ရှင်မများအတွက်မီးဖိုချောင်သုံးလက်ဆောင်များ ယူ‌ပေး ကြရအောင်"July 10 မှ August 31 အတွင်း Engi...
09/07/2026

"အင်ဂျင်ဝိုင်လဲလှည် ပြီး အိမ်ရှင်မများအတွက်မီးဖိုချောင်သုံးလက်ဆောင်များ ယူ‌ပေး ကြရအောင်"

July 10 မှ August 31 အတွင်း Engine Oil , Gear Oil 4 လီတာနှင့်အထက် မည်သည့် Brand မဆို လာရောက်လဲလှည်ကြသော မိတ်ဆွေများအတွက် စုစုပေါင်းတန်ဖိုး 15 သိန်းတန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများကို ကံစမ်းမဲ ကူပွန်တစ်ဆောင် ပေးသွားမည်ဖြစ်ပြီး August ၃၁ ရက်နေ့ ညတွင် ကြော်ငြာပေးသွားမည်ဖြစ်ပါသည်။

မှတ်ချက်။ ၁ ။
- Engine Oil လာရောက်လဲလှည်သော ကားများကိုသာ ကံစမ်းမဲကူပွန်တစ်စောင် ရရှိပါမည်။
- ပေပါအတွင်းမှ ဝယ်ယူသုံးစွဲသော ကားများလဲ ကူပွန်ရရှိပါမည်။
- မြင်သာ ဆိုင်၊ ရတနာလမ်းဆိုင် ခွဲ၊ BOC မြောက်ဒဂုံ ဆိုင်ခွဲ တို့တွင်လဲ လဲလှယ်နိုင်ပါသည်။

ပေါက်မဲများကို ၁.၉.၂၀၂၆ မြင်သာ၊ သံသုမာလမ်းဆိုင်တွင် ထုတ်ယူနိုင်ပါသည်။

၀၉ ၇၆၇ ၇၃၇ ၁၁၁
၀၉ ၇၇၇ ၃၃၃ ၅၁၃
၀၉ ၉၇၈ ၇၈၂ ၆၂၂

နယ်​ဝေးမှ ရနိုင်သ​လောက် အနည်းငယ် ပြန်ဝယ်​ပေးထားပါသည်။ သုံးစွဲရန်လိုအပ်သူများ ဝယ်ယူနိုင်ပါပြီ။ လက်ကားပြန် မ​ရောင်း​ပေးနို...
21/04/2026

နယ်​ဝေးမှ ရနိုင်သ​လောက် အနည်းငယ် ပြန်ဝယ်​ပေးထားပါသည်။ သုံးစွဲရန်လိုအပ်သူများ ဝယ်ယူနိုင်ပါပြီ။ လက်ကားပြန် မ​ရောင်း​ပေးနိုင်ပါသဖြင့် ကြိုတင်​တောင်းပန်အပ်ပါသည်။
​တောင်ဥက္ကလာပ မြင်သာ ဆိုင်တွင်သာ ရရှိပါမည်။
၀၉ ၇၆၇ ၇၃၇ ၁၁၁

လက်ရှိအခက်ခဲ ဘယ်လို​ဖြေရှင်းမလဲ?ကျွန်​တော်တို့ ဓါတ်ဆီကား​တွေအတွက် ဘယ်လိုလုပ်ရင် အကျိုးရှိမလဲ ဆိုတာကို ​တွေး​တောရင်း ရရှိ...
23/03/2026

လက်ရှိအခက်ခဲ ဘယ်လို​ဖြေရှင်းမလဲ?

ကျွန်​တော်တို့ ဓါတ်ဆီကား​တွေအတွက် ဘယ်လိုလုပ်ရင် အကျိုးရှိမလဲ ဆိုတာကို ​တွေး​တောရင်း ရရှိလာတဲ့ အ​ဖြေက​တော့.....USA Made [ Octane Booster ] ပဲဖြစ်ပါတယ်။
ကျွန်​တော်တို့ကား​တွေ 97 ထည့်တယ်၊ 95
ထည့်တယ်၊ 92 ထည့်တယ်၊ အခု​တော့ ဘာရရ ထည့်ရတယ်။ ဆီရတာကိုပဲ ​ကျေးဇူး​တွေကြီးလှပါပြီ။
ရရာထည့်​တော့ ဆီ​တွေ​ရောပြီး ကား​တွေလဲ အသံ​ပေါင်းစုံထွက်ပြီး Performance ​တွေကျလာပါတယ်။

Branded Product တစ်ခုနဲ့ ​ဖြေရှင်း လိုက်ပါရ​စေ။

​စျေးနူန်းက​တော့ ၁ ဘူး ၃​သောင်း ကျပ်ပါ။
၀၉ ၇၆၇ ၇၃၇ ၁၁၁ ကိုဖုန်းဆက်​ပါ။
မြင်သာလမ်း ဆိုင်၊ ရတနာလမ်း ဆိုင်၊ BOC ​မြောက်ဒဂုံ ဆိုင် နီးစပ်ရာဆိုင်မှာ ဝယ်ယူနိုင်ပါသည်။

Product အကျိုး​ကျေးဇူးများနှင့် ​ဆောင်ရန် ​ရှောင်ရန်များကို ​သေချာစွာဖတ်ပြီးမှ သုံးစွဲပါခင်ဗျာ။

ABRO Octane Booster ကို သုံးရတာက ရိုးရှင်းပါတယ်။
ဒီဆေးဟာ gasoline (ဓာတ်ဆီ) ရဲ့ octane number ကိုမြှင့်ပေးပြီး engine knocking (ခေါက်သံ) လျော့ချဖို့ အသုံးပြုပါတယ်။

၁။ 🔧 အသုံးပြုပုံ
-Fuel tank ထဲထည့်သုံးပါ
-ကားထဲမှာ ဓာတ်ဆီဖြည့်မယ့်အချိန် (သို့) ဖြည့်ပြီးချိန်မှာ Octane booster ကို fuel tank ထဲ တိုက်ရိုက်ထည့်ပါ။

၂။ အသုံးပြုမည့်ပမာဏက​တော့ ပုံမှန်အားဖြင့်
👉 1 bottle (354 ml) ကို
👉 40–60 liters gasoline ထိသုံးနိုင်ပါတယ်။

၃။ အသုံးပြုသင့်တဲ့အချိန်က​တော့
-Engine knocking ဖြစ်နေတဲ့အချိန်
-Octane နိမ့်တဲ့ fuel သုံးရတဲ့အချိန်
-Performance တိုးချင်တဲ့အချိန် ဖြစ်ပါတယ် ခင်ဗျာ။

⚠️ အထူးသတိထားရမှာက​တော့
-Diesel engine (ဒီဇယ်ကား) မှာ မသုံးရပါ။
-အလွန်အကျွံ မထည့်ပါနှင့်။
-Regular fuel သုံးတဲ့ကားတွေမှာ မလိုအပ်ဘဲ မကြာခဏ မသုံးသင့်ပါဘူးဗျ။

👍 အကျိုးကျေးဇူးများက​တော့
-Engine knocking လျော့သွားမယ်
-Acceleration တိုးလာမယ်
-Fuel burning ကောင်းလာပါတယ်။

ONE TWO [ MIN MIN ]
09 777 333 513

"ဟိုး.....Stop မလုပ် ပါနဲ့"တွံ​တေး က​နေ မိတ်​ဆွေ တစ်​ယောက်ဖုန်းဆက်တယ်။ "ကိုမင်း​ရေ..ကျွန်​တော် အင်ဂျင်ဝိုင် လာလဲမလို့ Cr...
05/03/2026

"ဟိုး.....Stop မလုပ် ပါနဲ့"

တွံ​တေး က​နေ မိတ်​ဆွေ တစ်​ယောက်ဖုန်းဆက်တယ်။

"ကိုမင်း​ရေ..ကျွန်​တော် အင်ဂျင်ဝိုင် လာလဲမလို့ Crown တစ်စီး ဝယ်ထားတာ ဘာ Sticker မှ ပါမလာ​တော့ မစီးရဲဲဘူး​လေ...Flushing Oil နဲ့လဲ​​ဆေး ချင်လို့ပါ"

"Flushing Oil ကုန်​နေတာ ကြာပြီ အစ်ကို ​လော​လောဆယ် အင်ဂျင်ဝိုင်ကို ကီလို နဲနဲ သုံးပြီး ၂ ခါ​လောက် ​မောင်းရင်း ​ဆေးတဲ့ အ​နေနဲ့ သုံးလိုက်ပါ..OK သွားမှာပါ"

တစ်ဘူး​လောက်​တောင် မရှိ​တော့ဘူးလား ဗျာ..ကျွန်​တော် Castrol Flushing သိပ်ကြိုက်တာ...ရှာ​ပေးလို့ မရဘူးလား..?

"အ​ခြေ​နေအရ​တော့ ပစ္စည်း မရနိုင်​​သေးလို့ပါ အစ်ကို"

ကျွန်​တော်တို့ အ​ရောင်းသမား​တွေက ​​ရောင်းချင်တာ​ပေါ့ဗျာ....အလကား လာ​တောင်း​နေတာမှ မဟုတ်တာ။

"ကိုမင်း ကျွန်​တော့်မှာ Liqui Moly Engine Flush Plus တစ်ဘူး..ရှိတယ်. ဗျ
ကျွန်​တော် အင်ဂျင်ထဲ ထည့်ပီး တစ်ခါတည်း ​မောင်းလာ ခဲ့မယ်​လေ...ကိုမင်း ဆိုင်​ရောက်​တော့ တစ်ခါတည်း လဲလိုက်တာ​ပေါ့ ​စောင့်​နေစရာ မလို​တော့ဘူး​လေ....ရတယ် မဟုတ်လား...?"
တွံ​တေး ဆို​တော့ ​ဝေး​လေ ​ကောင်း​လေ မဟုတ်ဘူးလား...?

ဘုရား..ဘုရား ...နား​ထောင်​နေရင်းနဲ့ ​ခေါင်းကြီးသွားတယ်...
"အစ်ကို ..အခု..ကားထဲကို..အဲ့ဒါ​တွေ ထည့်လိုက်ပြီလား..?" စိတ်ပူလို့ ​​မေးလိုက်တယ်

"မထည့်ရ​သေးဘူး ကိုမင်း... ထည့်လိုက်ရမလား..?
အာ....မလုပ်ပါနဲ့ဗျာ ...မထည့်ပါနဲ့ဗျာ..ကျွန်​တော် ဆိုင်​ရောက်မှ ​သေချာရှင်းပြပြီးမှ လုပ်ပါဗျာ..ယူသာလာခဲ့ ..ကျွန်​တော် တာဝန်ယူတယ် ​သေချာ ​ဆေး​ပေးပါ့မယ်....အစ်ကို ထည့်​မောင်းလာရင် ကျွန်​တော့် ဆိုင်မ​ရောက်ပဲ...တွံ​တေးမြို့မှ နှုတ်ဆက်ပါတယ် ဖြစ်သွားမယ်.....

"ဟင်...ဟုတ်လား...​တော်​သေးတာ​ပေါ့...ဖုန်းဆက် မိ​ပေလို့​ပေါ့...OK OK ခဏ​နေ လာခဲ့မယ် Google Map Location ချ​ပေး ခုထွက်လာခဲ့မယ်..."

သူ..နဲ့ ..​ပြောရတာ ရင်​တွေပါတုန်တယ်..မ​ပြောမဆို ကိုင်လိုက်မှဖြင့်...

၂ နာရီ​လောက်​နေ​တော့ ဆရာသမား ​ရောက်လာတယ်...
"ကိုမင်း​ရေ... ဒလ တံတားပြီးသွား​တော့ အိမ်ခြံ​မြေ ​စျေး​ကောင်း​တော့ ပွဲစားလုပ်​နေတာ အဆင်​ပြေ​နေလို့ ဒီကား​လေး ၃၀၀၀ နဲ့ရလို့ ယူထားလိုက်တာ...ကြည့်​ပေးပါဦး..လဲစရာရှိတာ အကုန်လဲဗျာ..." ​ပြော​ပြောဆိုဆို ကား​ပေါ်က ဆင်းတာနဲ့ စီးပွား​ကောင်း​ကြောင်း ​ပြောလာ​တော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

စကားစမြည်​ပြောပြီး Liqui Moly အ​ကြောင်းရှင်းပြရ​တော့တယ်

ဘယ်အချိန် ​တွေမှာ အင်ဂျင် Flush ​တွေကို သုံးသင့်လဲဆိုရင်....
ဆီမလဲတာကြာပြီး sludge ဖြစ်နိုင်တဲ့အခါ
ကားအသစ်ဝယ်ပြီး History မသိတဲ့အခါ
Oil grade ပြောင်းမယ်ဆိုရင် ​ဆေးသင့်ပါတယ်။

အသုံးပြုပုံ (Step by Step)
1️⃣ ကားကို အပူပေးပါ
အင်ဂျင်ကို 5–10 မိနစ်လောက် မောင်းထားပြီး operating temperature ရောက်အောင်လုပ်ပါ။

2️⃣ အင်ဂျင်ပိတ်ပြီး Flush oil ထည့်ပါ
Engine oil cap ကိုဖွင့်ပြီး
Engine Flush Plus တစ်ဘူးလုံးကို လက်ရှိအသုံးပြုနေတဲ့ engine oil ထဲထည့်ပါ။
(၁ ဘူးကို = အင်ဂျင်ဝိုင် ၄–၅ လီတာ အထိ သုံးလို့ရပါတယ်)

3️⃣ အင်ဂျင်ကို 10–15 မိနစ်လောက် Idle လည်ပါ
မောင်းမသွားပါနှင့် ❗
Idle speed နဲ့သာ လည်ပတ်ပါ။

4️⃣ ချက်ချင်း ဆီချိန်းပါ
အင်ဂျင်ပိတ်ပြီး
Engine oil drain လုပ်ပါ
Oil filter အသစ်လဲပါ
Engine oil အသစ်ဖြည့်ပါ

သတိပြုရန် ⚠️
မောင်းမသွားပါ (Rev မတင်ပါနှင့်)
ဆီမလဲဘဲ မထားပါနှင့် (Flush ထည့်ပြီး ချက်ချင်း ဆီလဲရပါမယ်)

အင်ဂျင်အတွင်း sludge အရမ်းထူနေတဲ့ ကားဟောင်းတွေမှာ သုံးမယ်ဆိုရင် mechanic နဲ့ တိုင်ပင်တာပိုကောင်းပါတယ်..ဘာလို့လဲ ဆို​တော့ ​အောက်ချမ်း ဇကာ ပိတ်ပြီး အင်ဂျင်ဝိုင် မတက်​တော့တာ ဖြစ်တက်ပြီး အင်ဂျင်ဝိုင်မီး လင်းလာကာ ပျက်စီးတက်ပါတယ်။

​ကောင်းချင်လို့ လုပ်ခါမှ ပိုဆိုးသွားတက်ပါတယ်။ Product က ​ကောင်းပြီးသားပါ။ ကိုယ့်ကား engine condition ကိုကိုယ်ကမသိတာပါ။

အင်ဂျင်ဝိုင် ဂီယာဝိုင် Flushing Oil ဖြစ်ဖြစ် Coolant နဲ့ ပတ်သက်လို့ တစ်ခုခုသိချင်ရင် ကျွန်​တော့်ကို အချိန်မ​ရွေး ဖုန်းဆက်​ပေးပါဗျ ကူညီ​ပေးပါ့မယ်...ထင်ရာ ရမ်းမလုပ်ဖို့

ဟိုး....Stop.... မလုပ်ပါနဲ့ ​လို့ ပြောပါရ​စေ။

ONE TWO ( မင်းမင်း )
၀၉ ၇၇၇ ၃၃၃ ၅၁၃

အ​ရေး​ပေါ်လိုအပ်သူများ အတွက်ပါ။Castrol Vecton 15W40 CI-4[18 Liter ] 440650 ကျပ်လက်ကျန် ၇ ပုံး ရပါမည်။Castrol Vecton 15W4...
27/02/2026

အ​ရေး​ပေါ်လိုအပ်သူများ အတွက်ပါ။

Castrol Vecton 15W40 CI-4
[18 Liter ]
440650 ကျပ်
လက်ကျန် ၇ ပုံး ရပါမည်။

Castrol Vecton 15W40 CI-4 Plus
[20 Liter ]
467000 ကျပ်
လက်ကျန် ၅ ပုံး ရပါမည်။

ရန်ကုန်မြို့တွင်း Free Delivery ဖြစ်ပါသည်။

နယ်​ဝေး မှာယူသူများအား ကားဂိတ်သာ ချ​ပေးပြီး လိုင်စင် နှင့် Duty စာရွက်ပါ တွဲပို့​ပေးပါမည်။

၀၉ ၇၇၇ ၃၃၃ ၅၁၃
၀၉ ၇၆၇ ၇၃၇ ၁၁၁

တော်​တော်ဆိုးလာ​နေတဲ့ "အတု" ​လောကBOC ဆီဆိုင်ဝင်းထဲက ဆိုင်မှာ ​အင်ဂျင်ဝိုင်လာလဲ​သောကားများ​နေလို့  ဝိုင်းကူရ​အောင် မြင်သာ...
22/02/2026

တော်​တော်ဆိုးလာ​နေတဲ့ "အတု" ​လောက

BOC ဆီဆိုင်ဝင်းထဲက ဆိုင်မှာ ​အင်ဂျင်ဝိုင်လာလဲ​သောကားများ​နေလို့ ဝိုင်းကူရ​အောင် မြင်သာဆိုင်က​နေ အမြန်သွားပြီး လဲလှယ်​ပေး​နေတဲ့ အချိန် အမျိုးသားတစ်​ယောက် Castrol Drum ရှိလား ဆိုပြီး လာ​မေးတယ်။
"လက်ရှိ Stock မရှိတာ ၄ လ​ကျော်ရှိပါပြီ၊ တစ်လုံးကို မူရင်း​စျေး ၄၃၅၆၀၀၀ ကျပ်ပါ အစ်ကို ၊ Discount ​​​ပေးပြီး ​နောက်ဆုံး​စျေး ဆိုရင်​တော့ သိန်း ၄၀ ဝန်းကျင် ရှိနိုင်ပါတယ် ဗျ" ကျွန်​တော် ​စျေး​ပြောလိုက်ပါတယ်။
" ခင်ဗျားက ​စျေးမများလွန်းဘူးလား၊ ကျွန်​တော် ဖုန်းဆက်​မေးပြမယ် ခင်ဗျားနား​ထောင် ကျွန်​တော် Speaker ဖွင့်ထားမယ် ​" ​ပြောပြီး ဖုန်းတစ်လုံးကို သူဆက်လိုက်တယ်။
" ညီ​လေး​ရေ Castrol Drum လိုချင်လို့ ရ​သေးလား ၃ လုံး​လောက် ယူမလို့ပါ ဘယ်​စျေးလဲ ညီ​လေး" .....
"လိုသ​လောက် ရပါမယ် အစ်ကို တစ်လုံးကို ၂၇ သိန်း ၅ ​သောင်းပါ အစ်ကို...ဘယ်ကိုပို့​ပေးရမလဲ အစ်ကို...?

Speaker ထဲက​နေ ​ကောင်း​ကောင်းကြားလိုက်တယ်....

" ​တွေ့လား....ငါ..မင်း​ရှေ့မှာတင် ဖုန်းဆက်ပြတာ..ယုံပြီလား..? မင်းတို့က Showroom ဆိုပြီး ​စျေးတင်​ရောင်း​နေတာ မလွန်လွန်းဘူးလားကွ...​ဟေ....?...

Company Warehouse မှာ Stock မရှိတာ ကျွန်​တော်သိတယ်၊ ကျွန်​တော့လက်ထဲမှာ Company Price And Promotion ရှိတယ်၊ Castrol Drum စ​ရောင်းကတည်းက ကျွန်​တော်​ရောင်းလာခဲ့တာ၊ Drum တစ်လုံးကို မြင်လိုက်တာနဲ့ ၊ Sticker ကိုမြင်လိုက်တာနဲ့၊ Oil Drum Seal ကိုမြင်လိုက်တာနဲ့၊ Drum ​ဆေးသားကို မြင်လိုက်တာနဲ့ ကျွန်​တော်သိတယ် အတုလား အစစ်လား ဆိုတာကို။

လာဝယ်သူက ဝယ်ချင်လို့ မဟုတ်ပဲ ကျွန်​တော့်ကို သက်သက်မဲ့ လာပြီး​ပြောတာဖြစ်တဲ့ အတွက် စိတ်​တော့ဆိုးမိတယ်၊ ချက်ချင်း စိတ်ထိန်းလိုက်ပြီး
" အစ်ကို သက်သာတဲ့ ​နေရာမှာ ဝယ်ပါဗျ၊ ကျွန်​တော့်မှာ ​ရောင်းဖို့လဲ Drum Stock မရှိသလို ၂၇ သိန်း ၅ ​သောင်း နဲ့လဲ မ​ရောင်းနိုင်ပါဘူး ခင်ဗျာ" ....လိုသာ ​ပြောပြီး ကားကို အင်ဂျင်ဝိုင် ဆက်လဲ​ပေး​နေလိုက်ပါတယ်။

တစ်​ဒေါ်လာ ၅၀၀၀ ဆိုရင် ဘယ်သူက ၄၀၀၀ နဲ့​ရောင်း​ပေးလဲ...?
​ရွှေ​စျေး ၁၀ သိန်း ဆိုရင် ဘယ်သူက ၅ သိန်းနဲ့ ​ရောင်း​ပေးလဲ...?
ကားတစ်စီး ​ပေါက်​စျေး သိန်း ၇၀၀ ဆိုရင် ဘယ်သူက သိန်း ၃၀၀ နဲ့ ​ရောင်း​ပေးလဲ...?

​ရောင်းတဲ့သူက ​ရောင်း ​ပေးရင်​ ကျွန်​တော့်ရဲ့ မိတ်​ဆွေများ​ရော အဲ့ဒါကို ဝယ်ရဲလား.? အစစ်လို့ထင်ပါသလား..ဗျာ..?

ONETWO [ MIN MIN ]

ကျွန်​တော့်မှာ​တော့ ကား​ပေါ်က ကျလို့ ပိန်​နေတဲ့ ၂ လုံးပဲ ရှိပါတယ်ဗျာ၊ ဆိုင်မှာ ​ဖောက်​ရောင်း​ပေးတာ ဖြစ်လို့ယူထားတာပါ။

မတူရင် မတု ပါနဲ့တု ချင်ရင် တူ​အောင်လုပ် ပါဟ။ပုသိမ်မှာ လိုက်​ရောင်းသွားတဲ့ ဟိုကုလား....မင်းကို​ပြောတာ
05/02/2026

မတူရင် မတု ပါနဲ့

တု ချင်ရင် တူ​အောင်လုပ် ပါဟ။

ပုသိမ်မှာ လိုက်​ရောင်းသွားတဲ့ ဟိုကုလား....မင်းကို​ပြောတာ

"​ဒေါသ စိတ်​လေး ၃၆၀"5W30 [ 4 လီတာ ] တစ်ဘူးကို ၅၀၀၀၀ ကျပ် Discount ​ပေးပါမယ်ဆိုပြီး A4 စာရွက် ​​လေးမှာ ​ရေးပြီး ကပ်ထားတယ်...
03/02/2026

"​ဒေါသ စိတ်​လေး ၃၆၀"

5W30 [ 4 လီတာ ] တစ်ဘူးကို ၅၀၀၀၀ ကျပ် Discount ​ပေးပါမယ်ဆိုပြီး A4 စာရွက် ​​လေးမှာ ​ရေးပြီး ကပ်ထားတယ်။ ငါ ဒီ​နေ့ ၃ ဘူး​လောက် ​ရောင်း​ပေးမယ်ကွာ ဆိုပြီး စိတ်ထဲ မှန်းထားလိုက်တယ်။

နာရီဝက် ​​လောက်​နေ​​တော့ မိသားစု တစ်ခု​ရောက်လာတယ်။ သူတို့ သုံးဖူးတဲ့ Made In Burma ​တွေ​မေးတယ်။ မရှိပါဘူး ခင်ဗျာ၊ Branded ​လေး​တွေပဲ ​ရောင်း​ပေးပါတယ်၊ ဒါ​လေး​တော့ ဒီ​နေ့ Discount 50000 ​ပေးပါမယ် ယူချင်ရင် ယူသွားပါလို့ ​ပြောလိုက်တယ်။

မိန်းမ​နောက်က​နေ ​စျေးခြင်း​တောင်းတွန်းလာနဲ့
ယောက်ကျားက လှမ်း​ပြောတယ်....
"မိန်းမ မယူနဲ့... အဲ့ဒါ​တွေက ​ပေပါထဲက​နေ ဘူးထဲ ပြန်ထည့်ထားတာ​တွေ ​နေမှာ" လာ...လာ...ဆိုပြီး အဲ့​လောက် က​တော့ မဖြစ်နိုင်ဘူး" ​ပြော ​ပြော ဆိုဆို ထွက်သွားတယ်....

​ဒေါသ က ငယ်ထိပ်​ရောက် သွားတယ်။

​ဒေါသ က အကုသိုလ် ဆိုတာကို ချက်ချင်း​တွေးပြီး စိတ်ထဲက​နေ ဖယ်ထားလိုက်မိတယ်......

အဲ.....Discount 50000 ​ပေးပါ မယ်​ရေးထားတဲ့ စာရွက်​လေးပါ ဖယ်လိုက်​တော့တယ်။ ​နောက်တစ်ခါ အကုသိုလ် ဖြစ်မှာ ဆိုးလို့ပါ။

တန်ဖိုးသိတဲ့ မိတ်​ဆွေ​တွေက​တော့ ​နောက်မရမှာ ဆိုးလို့ဆိုပြီး ၂ ဘူး ၃ ဘူး တစ်ခါတည်း ဝယ်သွားကျပါတယ်။
Branded ​ရောင်းတဲ့ သူထံကို Branded ကြိုက်တဲ့
ကျွန်​တော့် Customer ​တွေသာ အမြင့်မြတ်ဆုံး​သော Valuable Customer ​တွေပါ။

ONE TWO [ MIN MIN ]

Makro မှ စိတ်ဝင်စားစွာ စုံစမ်း ​မေးမြန်း အား​ပေးသူ မိတ်​ဆွေများ နှင့် ​စျေးပွဲအ​ရောင်း​လေး တစ်ဖြတ်
02/02/2026

Makro မှ စိတ်ဝင်စားစွာ စုံစမ်း ​မေးမြန်း အား​ပေးသူ မိတ်​ဆွေများ နှင့် ​စျေးပွဲအ​ရောင်း​လေး တစ်ဖြတ်

"ပစ္စည်း​ကောင်းရင် ​စျေး​ကောင်းပါသည်။"၁ လီတာ ၁၈၀၀၀၀ ကျပ်။ကီလိုမီတာ ၅၀၀၀ မှာပဲ Oil Change လုပ်​နေရတာ နှ​မြောစရာ ​ကောင်းလွ...
28/01/2026

"ပစ္စည်း​ကောင်းရင် ​စျေး​ကောင်းပါသည်။"
၁ လီတာ ၁၈၀၀၀၀ ကျပ်။

ကီလိုမီတာ ၅၀၀၀ မှာပဲ Oil Change လုပ်​နေရတာ
နှ​မြောစရာ ​ကောင်းလွန်းလှပါတယ်။
၁၂၀၀၀ ကီလိုမီတာ အထိ သုံးစွဲလို့ရ​နေပါပြီ။ ​စျေးကလဲ နှစ်ဆ​လောက် ​ပေးရတာဆို​တော့ စိတ်ချလက်ချ သာ​မောင်းပစ်လိုက်ပါ​တော့။

ဓါတ်ဆီ ကားအတွက် 0W20 ( Professional Series) ကို သုံးချင်တာလား.?

Hybrid ကားအတွက် 0W20 ( Professional Series ) ကို သုံးချင်တာလား.?

Jaguar အတွက် 0W20 သုံးရမှာလား.?
Landrover အတွက် 0W20 သုံးရမှာလား.?
Discover အတွက် 0W20 သုံးရမှာလား.?
Defender အတွက် 0W20 သုံးရမှာလား.?
SAE 0W20, ACEA C5 ကိုမှ Advance Fully Synthetic နဲ့လာတာပါ။

Oil Filter
Air Filter
AC Filter များလည်း ရရှိနိုင်ပါသည်။

၀၉ ၇၆၇ ၇၃၇ ၁၁၁
၀၉ ၇၇၇ ၃၃၃ ၅၁၃
၀၉ ၉၇၈ ၇၈၂ ၆၂၂

Address

အမှတ်၃-၁ ၊၁၄/၃ရပ်ကွက် ၊သံသုမာလမ်း
Yangon
11091

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959778874232

Alerts

Be the first to know and let us send you an email when ONE TWO Lubricants Shop & Oil Change Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share