Fiber Technologies and Workshop

Fiber Technologies and Workshop Trainer Of Fiber Technologies

Fiber Technologies နှင့်ပတ်သက်သည့်နည်းပညာများ၊
Transmission and Networking ပညာရပ်များ၊
Fiber Installation သုံးစက်ပစ္စည်းများပြု ပြင်ခြင်းများ၊ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
အထက်ပါကိစ္စရပ်များအားလက်တွေ့ဆောင်ရွက်နေသူ

Cable Fault Locator အသုံးပြုပုံအဆင့်ဆင့်
29/05/2020

Cable Fault Locator အသုံးပြုပုံအဆင့်ဆင့်

Bandwidth of Optical Fiber====================Fiber Optic Cable မှာ Bandwidth Capacity ဘယ်လောက်ရှိလဲ?▶ Fiber အသုံးပြုထား...
26/05/2017

Bandwidth of Optical Fiber
====================
Fiber Optic Cable မှာ Bandwidth Capacity ဘယ်လောက်ရှိလဲ?

▶ Fiber အသုံးပြုထားတဲ့ ဆက်သွယ်မှုစနစ်တစ်ခုမှာ Bandwidth Capacity ဘယ်လောက်ရှိလဲဆိုတာ Fiber နဲ့သက်ဆိုင်ခြင်းမရှိဘဲ ၊ အသုံးပြုတဲ့ Equipment နဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။

▶ အခြေခံအကျဆုံး Bandwidth က 1E1= 2Mb/s

2Mb/s ဘယ်လိုရလာလဲဆိုတော့ -
E1 Frame Structure မှာ 32 Timeslots ရှိတယ် ၊1 Timeslot မှာ 8bit ရှိတယ်၊ A-law algorithm Standard အရ Analog ကနေ Digital ပြောင်းဖို့အတွက် 8000 ကိုထည့်သွင်းတွက်ချက်လိုက်တဲ့အခါမှာ

1E1 Data rate ▶ 8 × 8,000 × 32 = 2,048,000 b/s(2.048Mb/s)

ဒါကြောင့် 1E1 ရဲ့ Data rate အတိအကျက 2.048 Mb/s ဖြစ်ပါတယ် ။

IT သမားဖြစ်ချင်ရင် ဒါတွေခံနိုင်ရည်ရှိပြီလား=============================ဒီဘက် ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ...
08/10/2016

IT သမားဖြစ်ချင်ရင် ဒါတွေခံနိုင်ရည်ရှိပြီလား
=============================

ဒီဘက် ခေတ်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တိုင်းမှာ စိမ်ခေါ်မှုတွေ များပြားလာတာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါတယ်။
အထူးသဖြင့် IT နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူတိုင်း ပိုသတိထားမှာပါ။

အလုပ်နဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်အောင်
ပြင်ဆင်ထားရပါမယ် ။
ကိုယ်မလုပ်နိုင်ဘူးလား ရတယ် လုပ်နိုင်မယ့်သူကို ခိုင်းမယ်ဆိုတာချည်းပါပဲ။

IT နဲ့အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေ မလွဲမသွေကြုံတွေ့လာနိုင်တဲ့အချက်တွေရှိပါတယ်။
အဲဒီအချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်တော့ IT နဲ့
အသက်မွေးမှုကို စွန့်လွှတ်လိုက်တာလိုက်တာ ပိုသင့်တော်ပါလိမ့်မယ်။ မစွန့်လွှတ်ချင်ဘူးဆိုရင်တော့
အနည်းဆုံး အချက်ဆယ်ချက်လောက်တော့ ခံနိုင်ရည်ရှိအောင် လုပ်ရပါ့မယ်။ အဲဒါတွေကတော့

၁၊ စိတ်ရှည်ရမယ်။စိတ်တည်ငြိမ်ရမယ် ပြဿနာတစ်ခုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပီး စိတ်ရှည်လက်ရှည်
ဖြေရှင်းတတ်မှုကတော့ IT မှာ အရေးအကြီးဆုံးတစ်ခုပါပဲ။ တစ်ချို့ IT ပြဿနာတွေမှာ အချိန်မှီ
မြန်မြန်ဆန်ဆန် ပြန်လည်ဖြေရှင်းပေးရမယ် ကိစ္စတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ စိတ်တည်ငြိမ်မှု မရှိဘူးဆိုရင်တော့
ဟိုတွေးဒီတွေးနဲ့ အဲဒီ ပြဿနာကို အချိန်မှီ ဖြေရှင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်တော့
IT အလုပ်ဆက်မလုပ်တာ ကောင်းပါတယ်။

၂၊ ကျောင်းဆက်တက်ဖို့တွေ စာမေးပွဲတွေ ဖြေဖို့တွေ စိတ်ဝင်စားရပါ့မယ်။
IT က အမြဲတမ်း အသစ်တွေ ထွက်ထွက်နေတာပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အမြဲတမ်း refresh လုပ်နေရပါမယ်။
စာတွေ ဖတ်ရမယ်။ သတင်းတွေ ဖတ်နေရမယ်။ ဘာတွေ အသစ်တွေ ထွက်နေပြီလည်း အမြဲတမ်းလေ့လာနေရပါမယ်။
selfstudy လုပ်ဖို့ ၀ါသနာကို ပါနေရပါမယ်။ workshop တွေတက်ရမယ်။ အမြဲတမ်း learning လုပ်နေဖို့ လိုပါတယ်။

၃၊ ရုံးချိန်မဟုတ်တဲ့ အချိန်မှာလည်း အလုပ်လုပ်ရပါ့မယ်
နည်းပညာဆိုတာကြီးက ကိုယ်သတ်မှတ်ထားတဲ့ schedule အတိုင်း တသတ်မှတ်တည်း အမြဲတမ်းသွားနေမှာ မဟုတ်ပါဘူး။
Servers ဆိုတာမျိုးက သူဒေါင်းချင်တဲ့ အချိန် ဒေါင်းမှာ business ဆိုတာကတော့ ဒေါင်းလို့မရဘူး။
အဲဒီတော့ ညကြီးသန်းခေါင်းမှာ Server ဒေါင်းသွားလို့ ထလုပ်ရင်လည်း လုပ်ရမယ်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေလည်း သူများတွေလို နားချင်မှ နားရမယ်။ ကိုယ်က ရုံးပိတ်ရက်တွေမှာ
သူများတွေ နည်းတူ လုပ်စရာတွေ အမြဲတမ်း ရှိနေတယ်ဆိုရင်တော့ ကိုယ်က IT အလုပ်နဲ့ သိပ်မကိုက်ဘူးလို့
သတ်မှတ်လိုက်ပါ။

၎၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းရပါမယ်
ဒါကတော့ ရှင်းပြဖို့လိုမယ်တောင် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ IT မှာ support end users
ဆိုတာလည်း ပါတာကိုး။ စကားများများပြောရမယ်။ တဖက်လူ နားလည်းအောင် ဥပမာများနဲ့တကွ သေသေချာချာ
ရှင်းပြရမယ်။

၅၊ လွယ်လွယ်အရှုံးမပေးနဲ့
ကိုယ့်အရည်အချင်းကို ဘယ်နှစ်ခါလောက် ပြန်လည် သုံးသပ်ဖူးလည်း။ ပြဿနာ တစ်ခုကို အကောင်းဆုံးဖြစ်အောင်
ဘယ်နှစ်ခါ ဖြေရှင်းဖူးလည်း။ အဆုံးမသတ်နိုင်တဲ့ ပြဿနာတွေ ဘယ်လောက်များများ ထားခဲ့ဘူးသလည်း။
အဲလိုမျိုးတွေထားထားခဲ့တာကို ကိုယ့်ကိုကိုယ် မွေ့လျှော်နေပီလား။ အဲဒါမျိုးတွေက IT's ethic မှာ ဘယ်လိုမှ
လက်မခံနိုင်တဲ့အချက်တွေပဲ။ တစ်ခုတော့ ရှိတယ်။ အချိန်နည်းနည်း ထပ်စောင့်ရအုံးမှာလား။
အဲဒီ ပြဿနာကို ဖြေရှင်းဖို့ skill လိုသေးတာလား။ အိုကေ။ အချိန်စောင့်နိုင်တယ် ထားအုံး။
လက်ခံထားဖို့ တစ်ချက်ကတော့ အဲဒီ အလုပ်ကို ပြီးအောင် အဆုံးသတ်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုတာကိုတော့လက်ခံနိုင်ရပါမယ်။

၆၊ ဒေါသထွက်မလွယ်နဲ့
IT သမားလည်း စိတ်နဲ့ပဲ ဒေါသတော့ တစ်ခါတစ်လေထွက်တာပေါ့နော်။ ဒါပေမယ့် IT သမားကEnd users တွေရဲ့ ပြဿနာကို အနည်းနဲ့အများ နေ့တိုင်း ဖြေရှင်းပေးနေရတာဆိုတော့ ဒေါသထွက်လွယ်လို့ကတော့ တစ်နေ့လုံး ဒေါသထွက်နေရပြီး သွေးတိုးရောဂါ ရမယ်။

၇၊ Multitask လုပ်နိုင်ရမယ် တစ်ခါတလေကျရင် IT သမားတွေက အချိန်မှီပြီးအောင် အလုပ်နှစ်ခု သုံးခု
တစ်ပြိုင်နက်တည်း လုပ်ရတာတွေ ရှိပါတယ်။ အလုပ်ကို တစ်ခုပြီးပြတ်မှ တစ်ခုလုပ်တတ်တဲ့သူလည်း IT လောကမှာ
မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် Multitask လုပ်နိုင်တဲ့သူက ပိုသာမှာပေါ့လေ။Multitask လုပ်ရင်း ဟိုလိုလိုဒီလိုလိုလည်းမဖြစ်စေနဲ့ ။

၈၊ တဖြည်းဖြည်းနဲ့ ရာထူးတွေ တိုးတိုးသွားတာကို လိုချင်တာလား IT အလုပ်အတွက်တော့ အဲဒါက သိပ်မဖြစ်နိုင်ပါဘူး။
ရာထူးတော့ တိုးတာတော့ ရှိပါတယ်။ အိုင်တီ မန်နေဂျာလောက် အထိပေါ့။
CEO အဆင့်လောက်အထိ မျော်လင့်ထားတယ်ဆိုရင်တော့ ....

၉၊ နည်းပညာတွေ မကြိုက်ဘူးလား ဒါကတော့ မဖြစ်နိုင်ပါ။ ဥပမာ ဘာလဲဟ စမတ်ဖုန်း၊
ဖုန်းပဲကွာ ဖုန်းပြောလို့ရတော်ရောပေါ့ ဆိုတာမျိုး၊ စာအုပ်ဆို လက်ထိပ်လေး တံတွေးဆွတ်ပြီး လှန်ရမှ စာဖတ်တယ်လို
ထင်တာမျိုး (ebook မဖတ်ချင်ဘူးဆိုသလို) Server တွေ Desktop switches, routers ဘာတွေလည်းဟ
အင်တာနက်လေး သုံးရဖို့ ဘာတွေ မှန်းကို မသိဘူးဆိုတာမျိုး၊ စက်ပစ္စည်းတွေ များလို့ green earth
ထိခိုက်တယ်ဆိုတာမျိုးတွေ ၊ အဲဒါတွေ ရှိနေမယ်ဆိုရင်တော့ ...

၁၀၊ ဖုန်းပိတ် အိပ်တတ်သလား IT သမားတွေဟာ ညလယ်သန်းခေါင်ကလည်း
ကိုယ့်အလုပ်လုပ်ချိန်ပဲ ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ မနက်ကတည်းက ညနေအထိ အလုပ်လုပ်ပြီးပြီ
အလုပ်ချိန်ပြီးပြီလို့တော့ လက်လွတ်စပယ် နေလို့ မဖြစ်နိုင်ပါ။ 24/7 on call ဖြစ်နေရပါ့ မယ်။
မိသားစု တွေ့ဆုံပွဲကိုလည်း ခနထားခဲ့ပြီး Server ဒေါင်းလို့ အလုပ်လုပ်ရင် လုပ်ရပါ့မယ်။
သားဦးလေး မွေးမှာမို့လို့ လာလို့မရဘူး လည်း လုပ်လို့မရပါဘူး။ အလုပ်ချိန်ပြင်ပ ဖြစ်တဲ့အတွက်
အလုပ်က ဖုန်းခေါ်ရင် မကိုင်ချင်ဘူး ဆိုရင်တော့ သေချာပါပြီ..

OTDR ( Optical Time Domain Reflectometer )================================Fiber Optic Cable အတွင်းသို့ အလင်းတစ်ခုထုတ်လွှ...
30/09/2016

OTDR ( Optical Time Domain Reflectometer )
================================
Fiber Optic Cable အတွင်းသို့ အလင်းတစ်ခုထုတ်လွှတ်ပြီး
Cable ၏ အလျားကို တွက်ချက်တိုင်းတာသည့် နည်းပညာကိုအသုံးပြုထားတဲ့ပစ္စည်းကို
OTDR လို့ခေါ်ပါတယ်။ Fiber Network တွေမှာ ပြစ်ချက်နေရာရှာဖို့အတွက် မရှိမဖြစ်
အရေးပါတဲ့ Tester ပဲဖြစ်ပါတယ်။

OTDR တိုင်းတာရာတွင်အဓိကအရေးကြီးသည့် Setting (၃)ခုရှိပါသည် -
(၁) Range
တိုင်းတာမည့် Fiber အကွာအဝေးထက် နည်းလွန်းခြင်း၊များလွန်းခြင်းမဖြစ်စေရ။
ဥပမာ - အကွားအဝေး 100km ရှိသည့် Fiber အား တိုင်းတာမည်ဆိုပါကRange ကို 150km ထားပါ။
(၂) Pulse Width
Pulse Width အနည်း/အများ ကို အကွာအဝေးပေါ်မူတည်၍ထားပေးရမည်။
ဥပမာ - Range =100km ရှိလျင် Pulse Width ကို 1μs ထားပေးရမည်။
(၃) Averages (Time)
တိုင်းတာသည့် ကြာချိန်ဖြစ်ပါသည်။အနည်းဆုံး ၂ စက္ကန့် မှ ၁၀ မိနစ်ထိ သတ်မှတ်ပေးနိုင်ပါသည်။
ပျမ်းမျှအားဖြင့် ၁၀ စက္ကန့် (သို့) ၁ မိနစ် သည်
တိကျ/မှန်ကန်/မြန်ဆန် မှုအတွက်အကောင်းဆုံးဖြစ်ပါသည်။
အခြား Setting များအနေဖြင့် -
(၄) Wavelength
လှိုင်းအလျားမှာ Single Mode Fiber များအတွက် (1310 nm နဲ့ 1550 nm) နှစ်မျိုးရွေးချယ်တိုင်းတာနိုင်ပါတယ်။
FTTx / PON Network များအတွက် 1652 nm ကိုရွေးချယ်တိုင်းတာနိုင်ပါတယ်။
(၅) Reflect Index
1310nm အတွက် = 1.4677
1550nm အတွက် = 1.4682

အခြားသော Setting များမှာ ပြောင်းလဲရန်မလိုအပ်သဖြင့် Default အတိုင်းထားနိုင်ပါသည်။

Total Loss(Typically) ~0.35 dB/km for 1310; ~0.25 dB/km for 1550

( ယခုမှစ လေ့လာမည့်သူများအတွက် ရည်ရွယ်ပါသည် )

============== Thanks ========================

မြန်မာနိုင်ငံမှာ Fiber နဲ့ပတ်သက်လို့=========================မြန်မာနိုင်ငံမှာ 2000 နောက်ပိုင်း Fiber backbone တွေ အနှံ့အ...
14/09/2016

မြန်မာနိုင်ငံမှာ Fiber နဲ့ပတ်သက်လို့
=========================

မြန်မာနိုင်ငံမှာ 2000 နောက်ပိုင်း Fiber backbone တွေ အနှံ့အပြားဖြန်ကျက်ခဲ့ပါတယ်၊
မြို့ကြီးတော်တော်များများ မှာ Fiber backbone တွေရှိနေပါပြီ၊ ရှိတဲ့ အဓိကနည်းပညာကတော့
SONET/SDH ကိုသုံးပါတယ်၊ ဒါဟာ TDM ကို အခြေခံတဲ့ နည်းပညာပါ။ SDH မှာ အခြေခံအကျဆုံး
backbone speed ကတော့ STM-1 ဖြစ်ပြီး 155Mbps အမြန်နှုံးရှိပါတယ်၊ Main backbone တွေမှာ STM-4 (622Mbps),
STM-16(2.4Gbps), STM-64(10Gbps) တွေ ဖြစ်ပါတယ်။ ဒီ optical link တွေရဲ့ အခြေခံအကျဆုံး interface ကတော့
T1 နဲ့ E1 ဖြစ်ပါတယ်၊ T1 link တစ်ခုဟာ 1.544Mbps အမြန်နှုံးရှိပါတယ်၊ T-1 ဟာ Bell Labs ကနေ T-Carrier ဆိုတဲ့
standard ကနေဆင်းသက်လာပြီး T1 လိုင်းတွေကို North America, Japan နဲ့ Korea စတဲ့တိုင်းပြည်တွေမှာ
အသုံးများပါတယ်။ E1 ကတော့ European Conference of Postal and Telecommunications Administrations (CEPT)
ရဲ့ E-Carrier standard ကနေ ITU-T ရဲ့ standard တစ်ခုဖြစ်လာပြီး worldwide အသုံးများပါတယ်၊
E1 လိုင်းတစ်ခုဟာ 2.048Mbps အမြန်နှုံးရှိပါတယ်၊ (မြန်မာနိုင်ငံမှာ E1 ကို standard interface အနေနဲ့သုံးပါတယ်)၊
တကယ်တန်း T1/E1, STM-1 ဆိုတာတွေက Multiplexing Technology Term တွေပါ၊ STM-1 link တစ်ခုဟာ
E1 လိုင်း 63 လိုင်း ကိုပေါင်းယူ (multiplexing) လုပ်ထားတာပါပဲ၊ 2.048Mbps speed, E1 63 လိုင်းကို
main data channel တစ်ခုထဲဖြစ်အာင် Synchronous Multiplexing လုပ်လိုက်တဲ့အခါ
(2.048Mbps x 63)+ Frame Overhead Byets = 155Mbps ဖြစ်လာပါတယ်။ATM ဟာ နိုင်ငံတကာမှာ
အသုံးများတဲ့ နည်းပညာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ IP Backbone နဲ့ Infrastructure အရင်က
နဲပါးခဲ့တာတာကြောင့် အသုံးမရှိသလောက်နဲပါတယ်။
SONET/SDH ဟာ လက်ရှိအချိန်ထိတော့ WAN အဆင့်မှာ အကောင်းဆုံးဖြစ်နေသေးတဲ့ နည်းပညာပါ၊
မြို့ကြီးတွေမှာ Fiber Network တွေဖြစ်လာဖို့ Metro-Fiber Mesh Network တွေဖြစ်လာဖို့တော့ လိုအပ်နေဆဲဖြစ်ပါတယ်။

Ref: Oakkar7

31/08/2016

Theory of Light

31/08/2016

စက်ရုံမှ Fiber မျှင် ပြုလုပ်ပုံ အဆင့်ဆင့်

Address

10Mile, Insein
Naypyidaw
11181

Website

Alerts

Be the first to know and let us send you an email when Fiber Technologies and Workshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fiber Technologies and Workshop:

Share