25/05/2026
DTF Sticker မှာပြီး ချက်ချင်းမရိုက်ဖြစ်လို့ အစိုပြန်ရင် ဘယ်လိုလုပ်မလဲ?
DTF Sticker မှာထားပြီး ရက်ပိုင်းကြာမှ ထုတ်ရိုက်တဲ့အခါ Sticker ပေါ်မှာ ရေငွေ့တွေ ထွက်နေပြီး အင်္ကျီမှာ ကပ်လို့မရတော့တဲ့ ပြဿနာမျိုး ကြုံဖူးကြမှာပါ။ ဒါက တခြားကြောင့်မဟုတ်ပါဘူး၊ ရာသီဥတု စိုထိုင်းဆကြောင့် Sticker ပေါ်က ကော်မှုန့် (Hot Melt Powder) က လေထဲက အစိုဓာတ်တွေကို စုပ်ယူလိုက်လို့ပါ။
အလဟဿ ဖြစ်သွားပြီဆိုပြီး စိတ်မပူပါနဲ့ဦး။ အောက်ကနည်းလမ်းလေးအတိုင်း အစိုဓာတ် အရင်ထုတ်ပြီး ပုံမှန်အတိုင်း ပြန်သုံးလို့ ရပါတယ်။
💡 အစိုပြန်နေတဲ့ Sticker ကို ပြန်ပြင်နည်း
Sticker ကို အင်္ကျီပေါ် တိုက်ရိုက်မကပ်ခင် အစိုဓာတ် အရင်ကုန်အောင် ခြောက်သွေ့အောင် လုပ်ပေးဖို့ လိုပါတယ်။
Heat Press စက်နဲ့ အစိုဓာတ် အရင်ထုတ်ပါ: စက်ကို အပူချိန် 140°C - 150°C ဝန်းကျင် ထားပါ။ ပြီးရင် Sticker ကို ကော်မှုန့်ရှိတဲ့ဘက် အပေါ်လှန်ပြီး Heat Press ပြားရဲ့ အောက်နားလေးမှာ အပူရှိန်ပြပေးပါ။
စက်ကို လုံးဝ ဖိမချပါနဲ့။ စက်ပြားနဲ့ Sticker ကို ၁ လက်မ၊ ၂ လက်မလောက် ခွာထားပြီး အပေါ်ကထွက်တဲ့ အပူရှိန်နဲ့တင် ရေငွေ့တွေ ပျောက်သွားအောင် စက္ကန့် ၃၀ ကနေ ၁ မိနစ်လောက် အပူခံပေးပါ။
အင်္ကျီကိုပါ အစိုဓာတ် ထုတ်ပေးပါ
အင်္ကျီသားထဲမှာလည်း အစိုဓာတ် ရှိနေနိုင်တဲ့အတွက် Sticker မကပ်ခင် အင်္ကျီကို Heat Press နဲ့ ၃ စက္ကန့် လောက် အရင်ဖိချပေးပါ။
လုံးဝအေးမှခွာပါ
အပူပေးပြီးတာနဲ့ ချက်ချင်းမခွာပါနဲ့ဦး။ ပုံနှိပ်ထားတဲ့နေရာ လုံးဝ အေးစက်သွားတဲ့အထိ စောင့်ပြီးမှ DTF film ကို ဖြည်းဖြည်းချင်း ခွာပေးပါ။
📦 နောက်နောင် အစိုမပြန်အောင် ဘယ်လိုသိမ်းမလဲ
Sticker တွေကို မှာပြီး ချက်ချင်းမရိုက်ဖြစ်သေးဘူးဆိုရင် လေထုထဲက စိုထိုင်းဆနဲ့ မထိတွေ့အောင် Zip Bag (လေလုံအိတ်) ထဲ သေချာထည့်ပိတ်ထားပါ။ အိတ်ထဲကို အစိုဓာတ်ထိန်းဆေးဘူးတွေမှာပါတဲ့ Silica Gelလေးတွေပါ တွဲထည့်ထားပေးရင် အစိုပြန်တာကို ရာနှုန်းပြည့် ကာကွယ်နိုင်ပါတယ်။
Ph : 09269017209 (Viber/ Telegram)
0943027705
Email : [email protected]
#