21/06/2024
သင့်ကားထဲ အနံ့ဆိုးတွေပျောက်ကင်းစေဖို့
ခုလို မိုးတွင်းကာလမှာ ကားကိုအသုံးမပြုဘဲ အကြာကြီးရပ်ထားမယ်ဆိုရင် ကားအတွင်းပိုင်းထဲမှာ အနံ့ဆိုးတွေဖြစ်ပေါ်တတ်ပါတယ်။ အခုလိုမိုးရွာပြီး စိုထိုင်းထိုင်းဖြစ်နေချိန်ဆို မှိုစော်လည်းနံနေတတ်ပါတယ်။ ဒီလိုအနံ့ဆိုးတွေက ကားမောင်းတဲ့အခါမှာ သင့်ကိုစိတ်အနှောက်အယှက်ဖြစ်ရသလို လိုက်ပါစီးနင်းရသူအတွက်လည်း စိတ်ရှုပ်ရစေပါတယ်။
ဒါကြောင့် ကျွန်တော်တို့ MG Myanmar မှ ကားချစ်သူတွေအတွက် ကားထဲကအနံ့ဆိုးတွေ ပျောက်အောင် လုပ်သင့်တဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။
ကားအတွင်းပိုင်းကို သန့်ရှင်းပေးပါ
အဓိကက ကားအတွင်းပိုင်းသန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ ခုံအတွင်းပိုင်းတွေပါ သန့်ရှင်းနေစေဖို့ လိုအပ်သလို ကားအတွင်းခန်းထဲ မလိုအပ်တဲ့အမှိုက်တွေကို ရှင်းပစ်ပြီး အမြဲသန့်ရှင်းပေးသင့်ပါတယ်။ ကားထိုင်ခုံအောက်မှာရှိနေတဲ့ အမှိုက် တစ်ရှူးအစရှိတာတွေကို လွှင့်ပစ်ပေးပါ။
ဖုန်စုပ်စက်နဲ့ သန့်ရှင်းပေးပါ
ကားအတွင်းပိုင်းကို ဖုန်စုပ်စက်နဲ့မသန့်ရှင်းခင်မှာ Brush နဲ့အရင်ဖုန်တွေကို စင်အောင်လှည်းကျင်းပေးမှ ဖုန်စုပ်စက်နဲ့ သန့်ရှင်းပေးတာက ကားအတွင်းပိုင်းကို ပိုပြီးသန့်ရှင်းစေပါတယ်။
Air con ကောင်းအောင် ပြင်ဆင်ပါ
အမှိုက်တွေဖယ်ပြီး ကားတစ်စီးလုံး သန့်ရှင်းရေးလုပ်ပြီးသွားရင်တော့ ကားထဲက ပန်ကာတွေ၊ အဲကွန်းတွေဖွင့်ထားပါ။ Car Air Fresher သုံးတာပဲဖြစ်ဖြစ်၊ အမွှေးဆီပုလင်းထားတာပဲဖြစ်ဖြစ်၊ ကားလေဝင်လေထွက်ပေါက်တွေမှာ Vent Clip တပ်ထားတာတို့ဖြစ်ဖြစ် လုပ်ပြီး အနံ့ဆိုးတွေကို ဖယ်ရှားဖို့ လုပ်လို့ရပါတယ်။ ကား Aircon ကိုကြာရှည်ပိတ်ထားခြင်းကလည်း ဘက်တီးရီးယားနဲ့မှိုတွေ အများအပြားပေါက်ဖွားပြီး အနံ့ဆိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ Air con Filter တွေ သန့်စင်နေမှသာ ဖုန်မှုန့်နဲ့ အနံ့အသက်တွေကို ကာကွယ်ပေးပြီး လေဝင်လေထွက်ကောင်းမှာမို့ Air Con Filter တွေကိုလည်း သန့်ရှင်းအောင် လုပ်ထားသင့်ပါတယ်ဆိုတဲ့အကြောင်းကို ကားချစ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။======Our Car Service Network======
🌍 PIT&GO Bawga Auto Service Center
အမှတ်(၉/၂၀)၊ အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံ၊ ဘောဂသီရိကားဝင်းအနီး၊ ပျဉ်းမနားမြိုနယ်၊ နေပြည်တော်။
📱 : 09-401227700, 09-401227711, 09-401227722, HL : 09448536881
⏰ ဆိုင်ဖွင့်ချိန် ⏰
>
🌍 PIT&GO Shwe Kyar Pin Car Service Center
အမှတ်(Z - 01)၊ တော်ဝင်ရတနာလမ်း နှင့် ပဒုမ္မာ (၂) လမ်းထောင့်၊ ရွှေကြာပင်ရပ်ကွက်၊ ၊ ဇမ္ဗူသီရိမြိုနယ်၊ နေပြည်တော်။
Ph :09 – 693 402 821, 09693402822, 09 – 940 005 024, HL : 09-420757061
>
>
🌍 PIT&GO BAGO Car Service Center
အမှတ်(၆၅၈)၊ ရန်ကုန် - မန္တလေးအမြန်လမ်း(လမ်းဟောင်း)၊ ပြည်တော်အေးရွာအနီး၊ ဘုရားကြီးနှင့် ပဲခူးမြိုရှောင်လမ်းကြား၊ ပဲခူးမြို။
Ph : 09409708507, 09409708508 HL : 09254570240
>
>
🌍 PIT&GO Lay Daunt Kan Car Service Center
အမှတ်(29-A)၊ လေးထောင့်ကန်လမ်း၊ ဘဝမြင့် ကားမှတ်တိုင်အနီး၊ သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်မြို။
Ph :09 – 266 662 290 , 09 266 662 291 , 09 266 662 292
>
>
🌍 PIT&GO Zay Kabar Car Service Center
အမှတ်(၃၃၊၃၄)၊ ဇေကမ္ဘာ (၅) လမ်း၊ မင်္ဂလာဒုံမြိုနယ်၊ ရန်ကုန်မြို။
Ph : 09 - 448 857 974 , 09 - 448 857 975
>
>