Myo Thein

Myo Thein လိုချင်တာရှိရင် call 09978293155

Onlin Shoping လုပ်ငန်ရှင်များတွက် ဝမ်းမြောက်ဖွယ်------------------------------------------------------------------------...
05/08/2021

Onlin Shoping လုပ်ငန်ရှင်များတွက် ဝမ်းမြောက်ဖွယ်
------------------------------------------------------------------------
ကျနော်တို့ရဲ့ ဝန်ဆောင်မှု့မှ ရန်ကုန်မြို့တွင်း မည်သည့်နေရာမဆို ကျနော်တို့ရဲ့ Delivery ဝန်ဆောင်မှု့ အိမ်အရောက် ပို့ဆောင်ပေးဖို့ စတင်လိုက်ပါပြီ။ ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ဆောင်လိုသော Onlin Shoping လုပ်ငန်းရှင် ကြီးငယ်မဆို ဆက်သွယ်နိုင်ပါပြီ။

#တိကျမှု့
#မြန်ဆန်မှု့
#လုံခြုံစိတ်ချရမှု့

ဆက်သွယ်ရန် 09978293155 , 09444810160

မင်္ဂလာပါ မိတ်ဆွေအပေါင်း===================မိတ်ဆွေများခင်ဗျာ ဒီlike pageလေးလုပ်ထားတာ ကြာပါပြီ သိပ်မသုံးဖြစ်ခဲ့ဘူး။ ခုပြန်သ...
15/09/2018

မင်္ဂလာပါ မိတ်ဆွေအပေါင်း
===================
မိတ်ဆွေများခင်ဗျာ ဒီlike pageလေးလုပ်ထားတာ ကြာပါပြီ သိပ်မသုံးဖြစ်ခဲ့ဘူး။ ခုပြန်သုံးတော့မယ်လို့ စဉ်းစားမိတော့ အများလည်း အကျိုးရှိ ကိုယ်လည်းအကျိုးရှိမယ့် စာတွေ ဗဟုသုတ ဟာသအပါဝင် နောက်ဆုံးရ မြန်မာပြည်တွင်းပြည်ပ သတင်းလေးတွေလည်း တင်သွားပေးဖို့ ရွည်ရွယ်ပါတယ်။ နောက်ပြီး online ပေါ်ကနေ စီးပွားရေးလေးကို စပြီးစမ်းလုပ်ကြည့်ချင်လို့ အားပေးကြပါအုံး (y)

စီးပွားရေးကြော်ငြာကတော့ မကြာခင် ဒီလိုပုံထဲကပစ္စည်းများ အပါဝင် Japan Use ရေခဲသေတ္တာ အဝတ်လျှော်စက်များ နှင့်တခြားလျှပ်စစ်ပစ္စည်းများကို door to door စနစ်ဖြင့် အိမ်အရောက် ဝန်ဆောင်မှု့ပေးပါတော့မယ်။

27/02/2017

လောကနိယာမ
=========
ကျနော်ငယ်ငယ်က လူတကာအနိုင်ကျင့်တာကို အတော်ခံခဲ့ရတာ။ ဒါကြောင့်လည်း ကျနော့အဖေက အမြဲဆူတယ်။နောက်ဆုံး အဖေက ဘာပြောလည်း ဆိုရင် တစ်ယောက်ယောက်က လုပ်လိုက်လို့ ခံပြီး အိမ်ပြန် လာရရင် မင်းကိုငါထပ်ရိုက်မယ်အကယ်၍ မင်းကသူများကို လုပ်လိုက်လို့ ဖြစ်လာတဲ့ပြသနာတိုင်း ငါလိုက်ရှင်းမယ်ဆိုပြီး အဖေကနောက်ဆုံး ရာဇသံပေးလိုက်တယ်။

တစ်နေ့ ကျနော့ထက်ကြီးတဲ့ကောင်က ကစားနေရင်း ကျနော့ကို နဘမ်ကျင်းတာခံလိုက်ရတယ်။ ဒီအချိန်မှာ အဖေမှာထားတဲ့စကားချက်ချင်းပေါ်လာတယ်။ "ငါငိုပြီး အိမ်ပြန်တိုင်ရင်တော့ အဖေရိုက်တာ ထပ်ခံရမယ်" ဒီအချိန်မှာ ချက်ချင်းဆိုသလိုပဲ လမ်းဘေးမှာတွေ့တဲ့ အုတ်နီခဲနဲ့ ခုန နဘမ်ကျင်းတဲ့ကောင်ကို နောက်ကနေ အသာလေးသွားပြီး ခေါင်းကိုတေ့ထုပြီး အိမ်ကိုတကျိုးထဲ တန်းပြေးတာနောက်ကဘယ်လိုတွေဖြစ် ကျန်ခဲ့တယ်မသိ။

နောက်မကြာခင်ပဲ ထုခံလိုက်ရတဲ့ကောင်ရဲ့မိဘတွေ အိမ်လိုက်လာပြီးသူ့သားခေါင်းကွဲသွားတာကို လာတိုင်တယ်။ အဖေက စိတ်မကောင်းဖြစ်တဲ့ပုံနဲ့ အမေ့ကို "ဟိုကောင်ဘယ်သွားလဲ ခေါ်လိုက်စမ်း"အမေက "အိမ်မှာမရှိဘူး အဖေဆူမှာစိုးလို့ တခြားအိမ်သွားနေနေ တယ်။ တောက် ဒီကောင်တော့ ပြန်လာရင်သေပြီသာမှတ်" (အမှန်တော့ ကျနော်က အခန်းထဲမှာ ပုန်းနေတာပါ သူတို့မလာခင် အဖေနဲ့အမေဇတ်တိုက်လိုက်တာ) အဖေက တဖက်ကမိဘတွေကို ကဲ ဒီကောင်ကို ငါမှတ်လောက် အောင်ဆုံးမမယ်။ ခုဖြစ်ပြီးတာလည်းဖြစ်ပြီးနေပြီ လူငယ်ချင်း ကလေးချင်းဆိုတော့ ဒီလိုပဲရှိမှာပေါ့။ စိတ်ထဲဘာမှမထားနဲ့ ကျန်တာအကုန် ငါ လုပ်ပေးမယ် ဟုတ်ပြီးလားတဲ့။ တဖက်ကလည်း လူကြီးပြောတာဆိုတော့ (ကျနော့အဖေက စခန်းမှူးပါ ခံလိုက်ရတာ ရဲတပ်ကြပ်သား) ဟုတ်ကဲ့ပါ ဗိုလ်ကြီးသားကိုသာ သေချာဆုံးမပေးပါ ဆိုပြီး ကိစ္စပြီးသွားတယ်။

ညရောက်တော့ ကိစ္စတွေအကုန်လည်းပြီးရော အဖေအိမ်ပြန်လာတယ်။ ရင်ထဲတော့ တထိတ်ထိတ်ပေါ့ အဖေငါ့များ ဆူအုံးမလား ရိုက်အုံးမလားပေါ့။ ဒါပေမယ့် အဖေက ကျနော့ခေါင်းကိုပုတ်ပြီး "ဒါမှငါ့သားကွ အဖေကဒီလိုမျိုးကို ဖြစ်စေချင်တာတဲ့" ကျနော့ငယ်ဘဝရဲ့ သူတဖက်သားအပေါ် ရှားရှားပါးပါး မတရားလုပ်လိုက်တဲ့ ဖြစ်ရပ်လေးကို ဦးကိုနီကိစ္စသတင်းစာရှင်းလင်းပွဲမှာ အောင်ဝင်းခိုင် နေပြည်တော်မှာ အစပျောက်သွားတယ် ဆိုတာလေးကြည့်ပြီး ဒါလေးပြန်ပေါ်လာလို့ ချရေးလိုက်တာပါ။ မည်သူ့ကိုမှ မရည်ရွယ်ပါ။

သဘောရိုးနဲ့ပါ======== တစ်ခါက ရွာတစ်ရွာမှာ အရူးတစ်ယောက်ရှိတယ်။ အဲ့အရူးက ရိုးရိုးအရူးမဟုတ်ဘူး။ တဏှာရူးနေတဲ့ အရူး။ခုလို တဏှ...
26/09/2016

သဘောရိုးနဲ့ပါ
========
တစ်ခါက ရွာတစ်ရွာမှာ အရူးတစ်ယောက်ရှိတယ်။ အဲ့အရူးက ရိုးရိုးအရူးမဟုတ်ဘူး။ တဏှာရူးနေတဲ့ အရူး။ခုလို တဏှာစိတ်ကြောင့် ရူးနေတော့ ခဏခဏ ပြသနာတက်တယ်။

တစ်နေ့ အိမ်တအိမ်ပေါ်ကို ဒီအရူးက တက်လာတယ်။ အိမ်ပေါ်မှာတွေ့တဲ့ အိမ်ရှင်ရဲ့သမီး မိန်းမပျိုလေးကို မုဒိမ်းကျင့်ဖို့ လုပ်ပါလေရော။ ဒါကို အိမ်ပေါ်မှာရှိနေတဲ့ သူတွေကမြင်တော့ ဝိုင်းပြီးဆဲဆိုရိုက်ပုတ် နှင်ထုတ်ရလိုက်ရတယ်။ သူ့ကြောင်းသိနေတော့လည်း ပြသနာက ကြီးကြီး မားမား သိပ်မဖြစ်ဘူး။

အိမ်အောက်ရောက်တော့ ဒီအရူးက ပါးစပ်က ပွစိပွစိနဲ့ ဘာပြောသွားလဲ မှတ်လဲ "ဟွန်း ဒီအိမ်ကလူတွေက ဧည့်ဝတ်ကိုမကျေဘူး ဒီကသဘောရိုးနဲ့လုပ်တာကို ဒင်းတို့က နားမလည်"ဘာရယ်တော့ဟုတ်ပါဘူး သဘောရိုးနဲ့ရယ်ဖို့ပါ :p

တိုက်တိုက်ဆိုင်ဆိုင်===========ဒီအကောင့်ပြန်ရတဲ့အချိန်မှာ တကယ့်ကို တိုက်ဆိုင်မှု့တွေ အများကြီးနဲ့ပါ။ ဘာတွေလဲ ဆိုတော့ ဒီအေ...
24/09/2016

တိုက်တိုက်ဆိုင်ဆိုင်
===========
ဒီအကောင့်ပြန်ရတဲ့အချိန်မှာ တကယ့်ကို တိုက်ဆိုင်မှု့တွေ အများကြီးနဲ့ပါ။ ဘာတွေလဲ ဆိုတော့ ဒီအကောင့်မှာ ဗိုလ်မှူးကျော်နုမော် အိမ်က အိမ်ဖော်ကလေးမလေးကို နှိပ်စက်တဲ့ သတင်းတင်ပြီးထဲက ပျက်သွားတာ ခု ၁၀ လကျော် အကြာ အင်းဝအပ်ချုပ်ဆိုင်က ကလေးမလေးတွေ နှိပ်စက်ခံရတဲ့ သတင်းပေါ်ထွက်လာတဲ့အချိန်ကြမှ ဒီအကောင့်ပြန်သုံးရတာ တိုက်ဆိုင်နေပါတယ်။

နောက်ပြီး ဒီအကောင့်မရသေးခင် ဟိုရက်လေးက ထူးထူးခြားခြား ၈၈ အဖွဲ့က မမီးမီးက ဖုန်းဆက်တယ်။ ဗဟန်းကလေးမလေး ကိစ္စ လိုက်နေတုန်း နိုင်ငံရေး ပုဒ်မနဲ့စွဲထားတဲ့ အမှု့ တစ်ခုကြောင့် သူ့တို့ထောင်ကျသွားတယ်။ အဲ့လို ထောင်ကျသွားတဲ့ အချိန် ဗဟန်းက ကလေးမလေး ကိစ္စကို ဖိဖိစီးစီး လိုက်မယ့်ပေးမယ့်သူမရှိတော့ဘူး။ ခုသူတို့ ထောင်ကပြန်ထွက်လာတဲ့ အချိန်ကလေးမ လေး အမှု့ကလျော့တိလျော့ရဲနဲ့ဖြစ်နေတယ်တဲ့။ ဒီအမှု့ကို ပြန်ပြီး လိုက်ကြဖို့ ဖုန်းဆက်ပြောတာ။

ဗဟန်းက ကလေးမလေး အမှု့ကို စဖွင့်ထဲက ရဲက တရားလို လုပ်ပြီး အမှု့ကို မဖွင့်ပါဘူး။ လူမှု့ကယ် ဆယ်ရေးကို တရားလို လုပ်ခိုင်းတယ်။ ခု အင်းဝ အပ်ချုပ်ဆိုင်က အမှု့ကြတော့ လူကုန်ကူးမှု့ တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က တရားလို လုပ်ပြီး အမှု့ဖွင့်တယ်။ဘယ်လိုကွာလို့လဲ ဆိုတာတော့ ကျနော်တော့ စဉ်းစားလို့မရ။ ဒီလိုအမှု့တွေကို တာဝန်ယူရမှာက ရဲတပ်ဖွဲ့ကပါ။ဘာလို့ ပုတ်ထုတ် လိုက်လည်းဆိုတာတော့ စဉ်းစားသာကြည့်

နောက်ဆုံးပြောချင်တာကတော့ ခုအင်းဝ အပ်ချုပ်ဆိုင်က ကလေးမလေးတွေ အမှု့လည်း ဗဟန်း ဗိုလ်မှူးကျော်နုမော် အိမ်က ကလေးမလေး အမှု့လိုပဲ အချိန် ၁၀ လကြာတဲ့ထိ ဘာမှဖြစ်မလာ သေးပဲ လျော့တိလျော့ရဲ နဲ့ဖြစ်မသွားဖို့ လိုသလို ဗဟန်းက အမှု့ကိုလည်း တကယ့်စစ်မှန်တဲ့ တရားခံကို အပြစ်ပေး တရားမျှတစွာ စီရင်ချက်ချဖို့ ဆုတောင်းနေပါတယ်။ ပြည်သူအများကလည်း ဒီအမှု့တွေကို ခဏတာလေး စိတ်ဝင်စားပြီး အချိန်ကြာလာတာနဲ့ မေ့ လျော့မသွားဖို့ အမှန်တရား ပေါ်ပေါက်တဲ့ အချိန်ထိ စောင့်ကြည့်ဖော်ထုတ်ပေးကြဖို့လိုပါတယ်။ #ဆင်းရဲသားကိုဥပဒေကအနိုင်ကျင့်သလို
#ဥပဒေကိုလည်းချမ်းသာတဲ့သူကအနိုင်ကျင့်တယ် ဆိုတဲ့ စကားဟာ ခေတ်ဟောင်း အာဏာရှင် လက်ထက်မှာ ကျန်ခဲ့ပြီလို့ယုံကြည်ပါတယ်။ ခုအစိုးသစ်လက်ထက်မှာ မတရားမှု့မှန်သမျှကို ငွေများ တရားနိုင် အာဏာရှိ တရားနိုင်ဆိုတဲ့ ခေတ်ကလို မဟုတ်ပဲ အမှန်တရားဘက်မှာ တရားနိုင်ပါစေ ဥပဒေက နင်းပြားပြည်သူတွေကို နှိပ်စက်ရာ မဖြစ်စေပဲ အားကိုးထိုက်တဲ့ တရားစည်ကြီး ဖြစ်ပါစေလို့ ဆုတောင်းရုံမှ တစ်ပါး

01/06/2015
24/05/2015

24/05/2015

မင်္ဂလာပါသူငယ်ချင်းများ
▄▄▄▄▄▄▄▄▄▄▄▄▄
သူငယ်ချင်း ၅ ထောင် ပြည့်သွားတဲ့ အတွက် ခု like page လေးကို ဖွင့်လိုက်ပါတယ် ။ ဒီကနေလည်း ဗဟုသုတ ရသ ဟာသ အကုန် တင်ပေးသွားပါမယ်။ မိတ်ဆွေများအားလုံးကို ကျေဇူးတင်ပါတယ်။

Address

Yangon

Telephone

09978293155

Website

Alerts

Be the first to know and let us send you an email when Myo Thein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share