29/10/2019
Unicode
ကားဘရိတ်စနစ်အကြောင်း သိကောင်းစရာများ
ကားတစ်စီးဟာ ရွေ့လျားနေဖို့၊ မိုင်တွေအများကြီးမောင်နှင်နိုင်ဖို့၊ ပိုပြီးမြန်မြန်မောင်းနှင်နိုင်ဖို့ သက်သက်ကြီးပဲ မဟုတ်ပါဘူး။ ကားတစ်စီးမှာ Safe Trip ဖြစ်ဖို့ မဖြစ်မနေ အရေးကြီးဆုံးအရာက ဘရိတ်စနစ် ကောင်းမွန်စွာ
အလုပ်လုပ်နေဖို့ပဲ ဖြစ်ပါတယ်။ ကားတစ်စီးရဲ့ ဘရိတ်စနစ်မှာ ဆလင်ဒါ၊ ဘိုစတာ၊ ဒရမ်၊ ဘီလုံးတွေ စသဖြင့် သက်ဆိုင်ရာပစ္စည်းအများကြီးနဲ့ တည်ဆောက်ထားတာကြောင့် မိမိထင်တာထက် ပိုမို ရှုပ်ထွေးလွန်းပါတယ်။
အချုပ်ကို ပြောရမယ်ဆိုရင် ဘရိတ်စနစ်ဟာ လိုက်ပါစီးနင်းသူတွေနဲ့ ကားတစ်စီးလုံးကို ဘေးကင်းလုံးခြုံစွာ ရပ်တန့်နိုင်ဖို့ တစ်ခုထဲအတွက်ဖြစ်ပါတယ်။
ခေတ်မှီတိုးတက်လာတာနဲ့ ယခုခေတ်ဆိုရင် လေခွန်းအားကောင်းတဲ့ ကားဒီဇိုင်းတွေကြောင့် အရှိုန်မြန်နှုန်းကို ထိရောက်စွာ ကောင်းကောင်းမြှင့်တင်ပေးနိုင်ကြပါတယ်။ ဒါကိုကျွန်တော်တို့အနေနဲ့ သိရမှာက လုံလောက်တဲ့
အရှိုန်မောင်းနှင်မှုမှာ ကားရဲ့လီပါကို ခြေထောက်လွှတ်လိုက်ရုံနဲ့ အရှိုန်ကို လုံလောက်စွာ ကျမသွားစေပါဘူးဆိုတာပါပဲ။ ဒါ့အပြင် ယခုခေတ်ကားအများစုဟာ ရှေ့ဆွဲကားအမျိုးအစားတွေ ဖြစ်တာကြောင့် ကားတစ်စီးရဲ့
လုံခြုံရေးဟာ ရှေ့ဘရိတ်တွေရဲ့ အလုပ်လုပ်မှုအပေါ် (၈၀) ရာခိုင်နှုန်းခန့် မူတည်နေပါတယ်။
ယခုခေတ်ကားဘရိတ်များဟာ အရင်ခေတ်တွေထက် ပိုပြီး သေးငယ်ပေါ့ပါတဲ့ ဘရိတ်အစိတ်အပိုင်းတွေကို အသုံးပြုလာကြပါတယ်။ ဒီလိုရှုပ်ထွေးတဲ့ ဘရိတ်စနစ်တွေကို ၂၄ နာရီလုံးလုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့
ကားဘရိတ်ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ ပြင်ဆင်ရေးကိစ္စတွေကို အတွေ့အကြုံကျွမ်းကျင်သူတွေကပဲ လုပ်ဆောင်နိုင်ကြပါတယ်။ ဒါ့ကြောင့် ကားတစ်စီးလုံးမှာ အခန့်မသင့်ရင် သင့်တို့ရဲ့ အသက်အန္တရာယ်ကိုပါ ဒုက္ခပေး
စေနိုင်လောက်တဲ့ ဘရိတ်စနစ်ကို ပြုပြင် ထိန်းသိမ်းနိုင်ဖို့ ဘရိတ်ချို့ယွင်းမှု လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒါတွေကတော့ ဘရိတ်သတိပေးမီးလင်းနေခြင်း၊ ဘရိတ်နင်းလိုက်ချိန်မှာ တပြေးညီရပ်တန့်သွားရမယ့်အစား တစ်ဖက်ဖက်ကို ဆွဲနေခြင်း၊ ဘရိတ်နင်းလိုက်ချိန်တွင် ဆောင့်ရပ်သွားခြင်း နှင့် အသံမျိုးစုံထွက်နေခြင်း၊ ဘရိတ်
ခြေနင်းလေးပြီး နင်းရခက်နေခြင်း၊ ဘရိတ်ကို တော့ပေးမှာ ပုံမှန်အလုပ်လုပ်နေခြင်း၊ ခရီးတိုလေးမောင်းှင်ရာမှာ ဘီးတွေအပူလွန်နေခြင်း၊ ဘီးတစ်ခုခု သို့မဟုတ် အင်ဂျင်အစိတ်အပိုင်းများအနီးမှာ ဘရိတ်ဆီများယိုစိမ့်နေခြင်း၊
ဘရိတ်ဆီ နည်းနေပြီး အလွန်ညစ်ပတ်နေခြင်း တို့ဖြစ်ကြပါတယ်။
Zawgyi
ကားဘရိတ္စနစ္အေၾကာင္း သိေကာင္းစရာမ်ား
ကားတစ္စီးဟာ ေရြ႕လ်ားေနဖို႔၊ မိုင္ေတြအမ်ားၾကီးေမာင္နွင္နိုင္ဖို႔၊ ပိုျပီးျမန္ျမန္ေမာင္းနွင္နိုင္ဖုိ႔ သက္သက္ၾကီးပဲ မဟုတ္ပါဘူး။ ကားတစ္စီးမွာ Safe Trip ျဖစ္ဖို႔ မျဖစ္မေန အေရးၾကီးဆံုးအရာက ဘရိတ္စနစ္ ေကာင္းမြန္စြာ
အလုပ္လုပ္ေနဖို႔ပဲ ျဖစ္ပါတယ္။ ကားတစ္စီးရဲ႕ ဘရိတ္စနစ္မွာ ဆလင္ဒါ၊ ဘိုစတာ၊ ဒရမ္၊ ဘီလံုးေတြ စသျဖင္႔ သက္ဆိုင္ရာပစၥည္းအမ်ားၾကီးနဲ႔ တည္ေဆာက္ထားတာေၾကာင္႔ မိမိထင္တာထက္ ပိုမို ရႈပ္ေထြးလြန္းပါတယ္။
အခ်ဳပ္ကို ေျပာရမယ္ဆိုရင္ ဘရိတ္စနစ္ဟာ လိုက္ပါစီးနင္းသူေတြနဲ႔ ကားတစ္စီးလံုးကို ေဘးကင္းလံုးျခံဳစြာ ရပ္တန္႔နိုင္ဖို႔ တစ္ခုထဲအတြက္ျဖစ္ပါတယ္။
ေခတ္မွီတိုးတက္လာတာနဲ႔ ယခုေခတ္ဆိုရင္ ေလခြန္းအားေကာင္းတဲ႔ ကားဒီဇိုင္းေတြေၾကာင္႔ အရိႈန္ျမန္ႏႈန္းကို ထိေရာက္စြာ ေကာင္းေကာင္းျမွင္႔တင္ေပးနိုင္ၾကပါတယ္။ ဒါကိုကြ်န္ေတာ္တို႔အေနနဲ႔ သိရမွာက လံုေလာက္တဲ႔
အရိႈန္ေမာင္းနွင္မႈမွာ ကားရဲ႕လီပါကို ေျခေထာက္လႊတ္လိုက္ရံုနဲ႔ အရိႈန္ကို လံုေလာက္စြာ က်မသြားေစပါဘူးဆိုတာပါပဲ။ ဒါ႔အျပင္ ယခုေခတ္ကားအမ်ားစုဟာ ေရွ႕ဆြဲကားအမ်ိဳးအစားေတြ ျဖစ္တာေၾကာင္႔ ကားတစ္စီးရဲ႕
လံုျခံဳေရးဟာ ေရွ႔ဘရိတ္ေတြရဲ႕ အလုပ္လုပ္မႈအေပၚ (၈၀) ရာခိုင္နႈန္းခန္႔ မူတည္ေနပါတယ္။
ယခုေခတ္ကားဘရိတ္မ်ားဟာ အရင္ေခတ္ေတြထက္ ပိုျပီး ေသးငယ္ေပါ႔ပါတဲ႔ ဘရိတ္အစိတ္အပိုင္းေတြကို အသံုးျပဳလာၾကပါတယ္။ ဒီလိုရႈပ္ေထြးတဲ႔ ဘရိတ္စနစ္ေတြကို ၂၄ နာရီလံုးလံုး ေကာင္းမြန္စြာ အလုပ္လုပ္နိုင္ဖို႔
ကားဘရိတ္ျပဳျပင္ထိန္းသိမ္းမႈေတြနဲ႔ ျပင္ဆင္ေရးကိစၥေတြကို အေတြ႕အၾကံဳကြ်မ္းက်င္သူေတြကပဲ လုပ္ေဆာင္နိုင္ၾကပါတယ္။ ဒါ႔ေၾကာင္႔ ကားတစ္စီးလံုးမွာ အခန္႔မသင္႔ရင္ သင္႔တို႔ရဲ႕ အသက္အႏၱရာယ္ကိုပါ ဒုကၡေပး
ေစနိုင္ေလာက္တဲ႔ ဘရိတ္စနစ္ကို ျပဳျပင္ ထိန္းသိမ္းနိုင္ဖို႔ ဘရိတ္ခ်ိဳ႕ယြင္းမႈ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ဒါေတြကေတာ႔ ဘရိတ္သတိေပးမီးလင္းေနျခင္း၊ ဘရိတ္နင္းလိုက္ခ်ိန္မွာ တေျပးညီရပ္တန္႔သြားရမယ္႔အစား တစ္ဖက္ဖက္ကို ဆြဲေနျခင္း၊ ဘရိတ္နင္းလိုက္ခ်ိန္တြင္ ေဆာင္႔ရပ္သြားျခင္း နွင္႔ အသံမ်ိဳးစံုထြက္ေနျခင္း၊ ဘရိတ္
ေျခနင္းေလးျပီး နင္းရခက္ေနျခင္း၊ ဘရိတ္ကို ေတာ႔ေပးမွာ ပံုမွန္အလုပ္လုပ္ေနျခင္း၊ ခရီးတိုေလးေမာင္းွင္ရာမွာ ဘီးေတြအပူလြန္ေနျခင္း၊ ဘီးတစ္ခုခု သို႔မဟုတ္ အင္ဂ်င္အစိတ္အပိုင္းမ်ားအနီးမွာ ဘရိတ္ဆီမ်ားယိုစိမ္႔ေနျခင္း၊
ဘရိတ္ဆီ နည္းေနျပီး အလြန္ညစ္ပတ္ေနျခင္း တုိ႔ျဖစ္ၾကပါတယ္။