HINO Myanmar

HINO Myanmar Brand New Trucks - LHD
Service
Spare Parts
Total Support

ဒီနေ့မှာတော့ Customer လူကြီးမင်းရဲ့ လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ကူညီပေးမယ့် Japan Made HINO 300 Series ၁၄ ပေ dry box...
16/06/2026

ဒီနေ့မှာတော့ Customer လူကြီးမင်းရဲ့ လုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ကူညီပေးမယ့် Japan Made HINO 300 Series ၁၄ ပေ dry box (၁) စီးကို အပ်နှံပေးခဲ့ပါတယ်။

HINO 300 Series ရဲ့ ထူးခြားချက်ကတော့ ကြံ့ခိုင်မှုပိုင်းမှာ အထူးကောင်းမွန်ရုံတင်မကဘဲ ပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာစေတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် အမြတ်ကို ပိုမိုဖြစ်ထွန်းစေတာပါ။ ကားကောင်း၊ ကားသစ်ကြီးတွေနဲ့အတူ လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်းများလည်း ဒီထက်မက တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏✨





Japan Made HINO ကားရဲ့ အစွမ်းနဲ့ မိမိလုပ်ငန်းတွေကို အရှိန်မြှင့်လိုက်ပါ! 🚀🚛လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေမှာ အားကိုးရမယ့်...
09/06/2026

Japan Made HINO ကားရဲ့ အစွမ်းနဲ့ မိမိလုပ်ငန်းတွေကို အရှိန်မြှင့်လိုက်ပါ! 🚀🚛

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေမှာ အားကိုးရမယ့် HINO 300 Series 14ft Dry Box ကားသစ်ကြီးတွေကို လွှဲပြောင်းပေးအပ်ခဲ့ပြီပါပြီ။
ဂျပန်နည်းပညာစစ်စစ်ရဲ့ ခံနိုင်ရည်နဲ့ အမိုက်စား Performance တွေက လူကြီးမင်းတို့ရဲ့ စီးပွားရေးကို ပိုမိုမြန်ဆန်သွက်လက်စေမှာပါ။

ယုံကြည်စွာ အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိသလို၊ စီးပွားရေးတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်စည်ကားပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ✨💼





ကျွန်တော်တို့ HINO Myanmar မှ ဖောက်သည် Customer ဆီသို့ Japan Made HINO 300 Series 14FT Dry Box ကားကောင်းတစ်စီးကို စစ်ဆေး...
04/06/2026

ကျွန်တော်တို့ HINO Myanmar မှ ဖောက်သည် Customer ဆီသို့ Japan Made HINO 300 Series 14FT Dry Box ကားကောင်းတစ်စီးကို စစ်ဆေးပြီး အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ခိုင်ခံ့မှု၊ စိတ်ချရမှုနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဘက်ကင်းတဲ့ HINO ကားတွေက လူကြီးမင်းရဲ့ စီးပွားရေးကို တစ်ထောင့်တစ်နေရာကနေ အင်အားဖြည့်ပေးနိုင်မှာပါ။ လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုအသစ်များစွာ ပိုင်ဆိုင်နိုင်ပါစေ။ 🙏✨





ကျွန်တော်တို့ HINO Myanmar သည် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ HINO Motors Limited မှ ထုတ်လုပ်ရောင်းချသော Brand New ဂျပန်လုပ...
29/05/2026

ကျွန်တော်တို့ HINO Myanmar သည် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ HINO Motors Limited မှ ထုတ်လုပ်ရောင်းချသော Brand New ဂျပန်လုပ်ငန်းသုံးယာဥ်များကို မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းရောင်းချနေသည့် HINO Authorized Distributor ဖြစ်ပါတယ်။

HINO Brand ကို ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၉၀ ကျော်တွင် ယုံကြည်စိတ်ချစွာ အသုံးပြုလျက် ရှိပါတယ်။
HINO Myanmar မှ လက်ရှိတွင် Sales, Aftersales နှင့် Spare Parts စသည့် အလုံးစုံပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး HINO ကားများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက -

📲 Yangon Sales Hotline - 09765 651 691, 09765 651 690
📌 HINO Yangon Showroom (1) - အမှတ် ၈၊ မြေကွက် ၅၀၅၊ အမှတ် ၃ လမ်းမကြီး၊ ရေတလပေါင်ကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။

📌 HINO Yangon Showroom (2) - အမှတ် ၁၁၅၉၊ ​FMI City၊ Gate (2)၊ ရန်ကုန် - ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

📲 Mandalay Sales Hotline - 09765 651 692
📌 HINO Mandalay Showroom - အမှတ် G1-B2, ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ၁၃၃လမ်းနှင့် ၁၃၄လမ်းကြား၊ စက်မှုဇုန် ၁၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။



မြို့ပြလေထုမညစ်ညမ်းအောင်  Hino Euro 3 Engine ဟီးနိုးကားတွေမှာ ပါဝင်တဲ့ Euro 3 အင်ဂျင်နည်းပညာဟာ မြို့တွင်းပတ်ဝန်းကျင်နဲ့ ...
22/05/2026

မြို့ပြလေထုမညစ်ညမ်းအောင် Hino Euro 3 Engine

ဟီးနိုးကားတွေမှာ ပါဝင်တဲ့ Euro 3 အင်ဂျင်နည်းပညာဟာ မြို့တွင်းပတ်ဝန်းကျင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်အောင် ဖန်တီးထားပါတယ်။💯

ဖိအားမြင့်လောင်စာထိုးသွင်းစနစ်ကြောင့် ဆီစားသက်သာရုံတင်မကဘဲ နိုက်ထရိုဂျင်အောက်ဆိုဒ် (NOx) နဲ့ ကာဗွန်မိုနောက်ဆိုဒ် (CO) ထုတ်လွှတ်မှုကိုပါ လျှော့ချပေးပါတယ်။

✅အဆင့်မြင့် Common Rail Direct Injection စနစ်ကြောင့် လောင်စာဆီကို တိကျစွာ ထိုးသွင်းပေးပြီး ပေါက်ကွဲမှုအား ကောင်းမွန်စေပါတယ်။
✅ ကာဗွန်အမှုန့်နဲ့ အဆိပ်ငွေ့ထုတ်လွှတ်မှုကို အထိရောက်ဆုံး လျှော့ချထားလို့ လေထုညစ်ညမ်းမှုကို သိသိသာသာ သက်သာစေပါတယ်။
✅ မြို့နေလူထုရဲ့ ကျန်းမာရေးကို မထိခိုက်စေဘဲ မြို့တွင်းမှာ စိတ်ချလက်ချ မောင်းနှင်နိုင်ပါတယ်။

မြို့တော်တခွင် လေထုညစ်ညမ်းမှုကင်းစင်ပြီး မြို့နေလူထုကျန်းမာမှုအတွက် ဟီးနိုးကားများကို အသုံးပြုကြပါစို့။ 💯

ဒီနေ့မှာတော့ Customer လူကြီးမင်းဆီကို Japan Made HINO ကား 300 Series 18ft Dry Box နဲ့ 14ft Dry Box ကားတွေကို လွှဲပြောင်း...
20/05/2026

ဒီနေ့မှာတော့ Customer လူကြီးမင်းဆီကို Japan Made HINO ကား 300 Series 18ft Dry Box နဲ့ 14ft Dry Box ကားတွေကို လွှဲပြောင်းပေးခဲ့ပါတယ်။ 🤝
ကျွန်တော်တို့ HINO Myanmar ကို ယုံကြည်စိတ်ချစွာနဲ့ ရွေးချယ်အားပေးခဲ့တဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ် 🙏

ဂျပန်နိုင်ငံထုတ် အရည်အသွေးစစ်စစ်ဖြစ်လို့ ဘယ်လိုရာသီဥတု၊ ဘယ်လိုလမ်းခရီးကြမ်းမျိုးမှာမဆို စိတ်အေးချမ်းသာစွာနဲ့ မောင်းနှင်နိုင်မှာဖြစ်သလို၊ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအောင်မြင်မှုတွေအတွက်လည်း အကောင်းဆုံး တွန်းအားတစ်ခု ဖြစ်လာမှာပါ။ စီးပွားရေးတွေ အဆင်ပြေတိုးတက်ပြီး လာဘ်လာဘများ အဆမတန် တိုးပွားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏💰





ကားမောင်းတတ်ရုံတင်မကဘူး၊ ကားမောင်းတာ "စမတ်" ကျဖို့ Eco-driving System! 🚛💡Eco-driving ဆိုတာ ပတ်ဝန်းကျင်ကို ချစ်ရုံတင်မကဘဲ...
15/05/2026

ကားမောင်းတတ်ရုံတင်မကဘူး၊

ကားမောင်းတာ "စမတ်" ကျဖို့ Eco-driving System! 🚛💡

Eco-driving ဆိုတာ ပတ်ဝန်းကျင်ကို ချစ်ရုံတင်မကဘဲ လူကြီးမင်း အိတ်ကပ်ထဲက ငွေကြေးကုန်ကျစရိတ်ကိုပါ သက်သာစေမယ့် "Win-Win" မောင်းနှင်မှု နည်းစနစ်တစ်ခုပါ။

📌Eco-driving ဆိုတာ ဘာလဲ❓

✅ အရှိန်မြှင့်ခြင်း/လျှော့ခြင်းကို ညင်သာစွာလုပ်ဆောင်ခြင်း (ရုတ်တရက် အရှိန်တင်တာမျိုး မလုပ်ခြင်း)။
✅ ပုံမှန်အရှိန်နှုန်း (Constant Speed) ဖြင့် ထိန်းမောင်းခြင်း။
✅ ဂီယာပြောင်းလဲမှု ကို အင်ဂျင်အပတ်ရေ (RPM) မှန်ကန်စွာ အသုံးပြုခြင်း။
✅ အင်ဂျင်ကို လိုအပ်တာထက် ပိုမနှိုးထားခြင်း (Idling) စတဲ့ စမတ်ကျတဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။

📌ဘာကြောင့် Eco-driving စနစ်နဲ့ မောင်းနှင်သင့်တာလဲ❓

✅ လောင်စာဆီ သုံးစွဲမှုကို အထိရောက်ဆုံး လျှော့ချပေးလို့ ဆီဖိုးကို သိသိသာသာ သက်သာစေပါတယ်။
✅ ဖန်လုံအိမ်ဓာတ်ငွေ့ (CO2) ထုတ်လွှတ်မှုကို လျှော့ချပေးပြီး လေထုညစ်ညမ်းမှုကို တားဆီးပေးပါတယ်။
✅ စနစ်တကျနဲ့ တည်ငြိမ်စွာ မောင်းနှင်ရတဲ့ အလေ့အကျင့်ကြောင့် လမ်းခရီးကို ပိုမိုဘေးကင်းစေပါတယ်။
စမတ်ကျတဲ့ ယာဉ်မောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် Eco-driving နည်းပညာနဲ့ အလေ့အကျင့်ကောင်းတွေကို ဒီနေ့ပဲ စတင်လိုက်ပါ။✨


ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ "ဒီဇယ်လောင်စာစနစ်" ကို စနစ်တကျ ဂရုစိုက်ရဲ့လား? 🚛💨ကားတစ်စီးလုံးရဲ့ စွမ်းဆောင်ရည်ဟာ အင်ဂျင်ပ...
08/05/2026

ကားတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ "ဒီဇယ်လောင်စာစနစ်" ကို စနစ်တကျ ဂရုစိုက်ရဲ့လား? 🚛💨

ကားတစ်စီးလုံးရဲ့ စွမ်းဆောင်ရည်ဟာ အင်ဂျင်ပေါ်မှာ မူတည်သလို၊ အင်ဂျင်ရဲ့ သက်တမ်းဟာလည်း "လောင်စာဆီစနစ်" အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ လုပ်ငန်းသုံးကား ပျက်စီးမှုကင်းပြီး သက်တမ်းကြာရှည်ဖို့ အချက် (၅) ချက်ကတော့✨

✅ ဆပ်ပလိုင်းပန့် ၊ ဖိဒ်ပန့်နဲ့ အင်ဂျက်တာတွေ ပျက်စီးမှုနည်းဖို့ ပုံမှန်စစ်ဆေးပါ။
✅ ဆာလဖာနည်းတဲ့ဆီကိုပဲ ရွေးပါ - ဂျိုးတက်တာနဲ့ အိတ်ဇောပိတ်တာတွေကို ကာကွယ်ဖို့ Low Sulfur Diesel ကိုသာ အသုံးပြုပါ။
✅ ရေစစ်ထုတ်ဖို့ မမေ့ပါနဲ့ - Fuel Filter မှာ ရေပြည့်ကြောင်း မီးလင်းလာရင် (သို့မဟုတ်) သတ်မှတ်ကီလိုမီတာ ရောက်တိုင်း ရေကို မပျက်မကွက် စွန့်ထုတ်ပါ။
✅ Genuine Parts သာ သုံးပါ - အမှုန်အမွှားတွေကြောင့် Common Rail စနစ် မထိခိုက်ဖို့ HINO Genuine အော်ရီဂျင်နယ် ဆီစစ်တွေကိုသာ သုံးပါ။ အချိန်မှန်လဲလှယ်ပေးပါ။
✅ ဓာတုပစ္စည်းများ သတိထားပါ - ထောက်ခံချက်မပါတဲ့ ဖြည့်စွက်ပစ္စည်းတွေဟာ နော်ဇယ်ထိပ်တွေကို ချေးတက်စေနိုင်လို့ ရှောင်ကြဉ်ပါ။

မသင့်လျော်တဲ့ လောင်စာဆီ သုံးစွဲခြင်းက ကားကို ဒုက္ခပေးရုံသာမက လေထုကိုပါ ညစ်ညမ်းစေနိုင်ပါတယ်။ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှ အင်ဂျင်စွမ်းဆောင်ရည် အပြည့်ရမှာဖြစ်လို့ သက်တမ်းရှည်ရှည် အသုံးပြုဖို့ ဒီအချက်တွေကို လိုက်နာဖို့ မမေ့ပါနဲ့နော်

အရည်အသွေးပြည့်မှီပြီး Quality စစ်မှန်တဲ့ 𝗦𝗽𝗮𝗿𝗲 𝗣𝗮𝗿𝘁𝘀 တွေကို ဝယ်ယူအသုံးပြုချင်တဲ့မိတ်ဆွေများအတွက် HINO Myanmar မှာ  ပစ္စည...
08/05/2026

အရည်အသွေးပြည့်မှီပြီး Quality စစ်မှန်တဲ့ 𝗦𝗽𝗮𝗿𝗲 𝗣𝗮𝗿𝘁𝘀 တွေကို
ဝယ်ယူအသုံးပြုချင်တဲ့မိတ်ဆွေများအတွက် HINO Myanmar မှာ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် လဲလှယ် / တပ်ဆင်ခြင်းများကိုပါပြုလုပ်ပေးတဲ့အတွက် ယုံကြည်စိတ်ချစွာဖြင့် လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ

HINO Spare Parts ဝန်ဆောင်မှုနှင့် ပတ်သက်၍ မေးမြန်းလိုပါက -
Spare Parts Hotlines ☎️☎️☎️
‎Yangon Hotline : 09 765 651 697
‎Mandalay Hotline : 09 765 651 698




Address

Plot 8, Ward 505, No. 3 Main Road, Yay Ta La Poung Village, Hlegu Township
Yangon
11161

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 13:00

Telephone

+959253195272

Alerts

Be the first to know and let us send you an email when HINO Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HINO Myanmar:

Share