Oh Myanmar

Oh Myanmar Photo and video ( pre wedding)
Car Rental Service
ကားအငှါးဝန်ဆောင်မှု

🎇( #သောတာပန်တွေဟာ) သစ္စာတရားတွေသတိပဋ္ဌာန်တရားတွေနာကြားပြီးတဲ့အခါမှာဝမ်းမြောက်ဝမ်းသာနဲ့ ပြောလို့ကို-မဆုံးနိုင်ဘူးတဲ့။အနှစ...
17/03/2026

🎇( #သောတာပန်တွေဟာ)
သစ္စာတရားတွေ
သတိပဋ္ဌာန်တရားတွေ
နာကြားပြီးတဲ့အခါမှာ
ဝမ်းမြောက်ဝမ်းသာနဲ့
ပြောလို့ကို-မဆုံးနိုင်ဘူးတဲ့။
အနှစ်သာရရှိတဲ့တရားတွေ
ဟုတ်လိုက်တာ-မှန်လိုက်တာ။
ဒါ နိဗ္ဗာန်ရောက်ကြောင်း-တရားတွေပဲ။
ရင်ထဲမှာ-တော်ကြာရင်းပီတိဖြစ်လာ။
တော်ကြာရင်း-ပီတိဖြစ်လာ။

ဝိပဿနာအားထုတ်လို့-မဂ်ဉာဏ်
ဖိုလ်ဉာဏ်မရသေးတာတောင်-ဝိပဿနာ
တရားများများ အားထုတ်ထားတဲ့
ယောဂီဟာဘုရားအကြောင်း
တရားအကြောင်း
ကုသိုလ်တွေအကြောင်း
မြတ်စွာဘုရားဟောကြားတဲ့
သစ္စာတရားတွေအကြောင်း
ရတနာမြတ်သုံးပါးနဲ့ပတ်သက်လို့
ဟောပြောပြသတဲ့၊
အသံလေးများ ကြားလိုက်ရရင်
တစ်ခါတည်း ရင်ထဲမှာ
ဖျန်းဖျန်းဖျန်းဖျန်းနဲ့
ကြက်သီးတွေထလာတယ်။

ဝိပဿနာဉာဏ်တွေ,အတော်အတန်ရင့်
ကျက်နေတဲ့ယောဂီ-ရိပ်သာတွေမှာ
လည်းရှိပါတယ်။
အနိစ္စ ဒုက္ခ အနတ္တအကြောင်း
များပြောလိုက်လို့ရှိရင်-
မိမိကို တည့်တည့်ဟောနေသလိုပဲ။
ဟုတ်လိုက်တာ။ မှန်လိုက်တာနဲ့
ကျေနပ်လို့ကိုမဆုံးဘူး။

မြတ်စွာဘုရားအကြောင်းများ
ပြောလိုက်လို့ရှိရင်လည်း
တစ်ခါတည်းမျက်ရည်တွေ
ဝဲပြီးကျလာတာ။
အဲဒါ ဓမ္မပီတိကြောင့်ကျတဲ့
မျက်ရည် နိဗ္ဗာန်ရောက်မယ့်
မျက်ရည်လို့ ခေါ်တယ်။

မျက်ရည်က နှစ်မျိုးရှိတယ်။
နောက်တစ်မျိုးက
ဆွေမျိုးသားချင်းတွေသေလို့
စီးပွားဥစ္စာတွေဆုံးရှုံးလို့
သောကပရိဒေဝကြောင့်
ကျတဲ့မျက်ရည်။
အဲဒီမျက်ရည်မျိုးကတော့
အပါယ်ကျ,မယ့်မျက်ရည်လို့ခေါ်ရမယ်။

ဘုရားပေါ်မှာ ယုံကြည်လွန်းအားကြီးလို့
ကြည်ညိုလွန်းအားကြီးလို့၊
တရားအပေါ်မှာ
ယုံကြည်လွန်းအားကြီးလို့ ကြည်ညို
လွန်းအားကြီးလို့ ဟုတ်ကြောင်းမှန်
ကြောင်းတွေကို ရင်ထဲက သိနေတယ်။
ဖွယ်ဖွယ်ရာရာ၊ပြန်မပြောတတ်သော်လည်းပဲ
ကိုယ်ကအများကြီးအားထုတ်ထားတာဆိုတော့
ဟုတ်လိုက်တာ။ မှန်လိုက်တာ။
သင်္ခါရတရားတွေပဲ။အနိစ္စတရားတွေ
ဘယ်ဟာမှမမြဲဘူး။
ဟာ-တကယ်ညှဉ်းဆဲနှိပ်စက်တာပဲ။
ငါက-သူက-နှိပ်စက်တာမဟုတ်ဘူး။
သင်္ခါရတရားတွေဟာ-အမြဲတမ်းပြုပြင်နေရ
တယ်။ ဒါတွေဟာ ဆင်းရဲတဲ့တရားတွေပဲ။
အနတ္တတရားတွေပဲ။ ဘယ်ဟာမှအစိုးမရဘူး။

ကိုယ်ဖြစ်စေချင်သလို ဘယ်ဟာမှမဖြစ်ဘူး။
သူ့အကြောင်းအားလျော်စွာဖြစ်တာပဲ။
အင်မတန်မှန်တာပဲ။
အင်မတန်နက်နဲတဲ့တရားတွေပဲ။
မိမိတို့က မကြာခဏလေ့လာနေရလို့
တရားတော်တော်သိနေတော့ လွယ်တယ်လို့
အောက်မေ့ရတယ်။ မလွယ်ဘူး။
နာကြားဖို့ကိုမလွယ်တာ။
အားထုတ်ဖို့ကိုအသာထားဦး၊
တရားလေး ခဏနာပါဦးဗျာ။

မနာနိုင်ဘူး။ မအားလို့. နားထောင်လို့ကို
မရဘူး။ ရင်ထဲမှာ မီးတောင်ကြီးလို
ဖြစ်နေတာ။နိဗ္ဗာန်ရောက်ကြောင်းတရားဆိုရင်
သူတို့နားမှာ မီးလောင်နေပြီ။
သူတို့နားက၊ကိလေသာဖြစ်မယ့်
အသံမှနားထောင်လို့ရတာ။
ဝိသဘာဂ အသံဆို
နားထောင်လို့ကိုမဝ‘´နိုင်ဘူး။

တရားရကြောင်း နိဗ္ဗာန်ရကြောင်းဆိုရင်
ပျင်းရိသွားမှာပဲ။ အိပ်ချင်လာမယ်။
တစ်ခါတည်း၊ဘယ်လိုမှနားထောင်လို့မရဘူး။
ခေါင်းတွေဘာတွေမူးပြီးတော့
ပစ်လှဲချင်သလိုဖြစ်လာတာ။

ဘဝအဆက်ဆက်ကလည်း
အဝိဇ္ဇာတဏှာအားကြီးတယ်။
အခုသာသနာတော်ကြီးနဲ့တွေ့ပြန်တော့လည်း
မလေ့လာမလိုက်စားတဲ့အခါကျတော့
သစ္စာတရားအသံတွေ ဆိုရင်
စိတ်မဝင်စားတော့ဘူး။ဘယ်လိုမှရင်ထဲမှာ
လက်မခံနိုင်တော့ဘူးဖြစ်လာတယ်။

တချို့ကျ တော့လည်း ခက်ခက်ခဲခဲ
အဆန်းလုပ်မနေပါဘူးကွာ။
ဒါနလောက်ပြုတာတော်ရာပေါ့။
နှလုံးသွင်းမှားတာတွေ။အဲဒါ အဝိဇ္ဇာကြာင့်
အယောနိသောမနသိကာရ။
အယောနိသောမနသိကာရကြောင့် အဝိဇ္ဇာ။
အပြန်အလှန်ပေါ့။

တချို့-ဒေသနာတွေမှာကျတော့လည်း
အဝိဇ္ဇာ ဘာကြောင့်ဖြစ်သလဲ။ ဝိစိကိစ္ဆာ
နဲ့ ပမာဒကြောင့်။ ဒါလောကသုတ္တန်အရ
အဓိကက အဝိဇ္ဇာပါပဲ။ အမှန်တရား
မသိလို့။ အဝိဇ္ဇာအားကြီးပြီဆိုရင်
တဏှာလည်းအားကြီးတာပဲ။

အဝိဇ္ဇာတဏှာအားကြီးပြီဆိုရင်
သဒ္ဓါနဲ့ပတ်သက်တဲ့တရား။ ပညာနဲ့
ပတ်သက်တဲ့တရားတွေကို မကြားချင်ဘူး။
သဒ္ဓါတရားခေါင်းပါတဲ့ပုဂ္ဂိုလ်ကို
ရတနာသုံးပါးနဲ့ကံ၊ ကံရဲ့အကျိုးသွားပြောရင်
သူ့မှာနားကြားပြင်းကပ်တယ်တဲ့။

မစ္ဆရိယ-ဝန်တိုတဲ့ပုဂ္ဂိုလ်ကို ဒါနအကြောင်း
သွားပြောရင် သူ့မှာနားကြားပြင်း
ကပ်တယ်တဲ့။ ဗဟုသုတနည်းတဲ့ပုဂ္ဂိုလ်ကို
ဗဟုသုတအကြောင်းသွားပြောရင် နားကြားပြင်း
ကပ်တယ်။ ပညာနည်းတဲ့ပုဂ္ဂိုလ်ကို
ပညာအကြောင်းသွားပြောရင်
နားကြားပြင်းကပ်တယ်။ နားမထောင်ချင်ဘူး။

တရားကိုပွားများအားထုတ်ထားတဲ့ယောဂီက
သစ္စာတရားကိုနာကြားလို့မဝနိုင်ဘူး။
တော်ကြာရင်းနာချင်၊တော်ကြာရင်းနာချင်
ခဏခဏနာချင်တယ်။
နာလည်းနာချင်တယ်။
အားလည်း,အားထုတ်ချင်တယ်။
ဘယ်လိုမှ မအားလို့သာ
နေမယ်။ နည်းနည်းလေးအားတာနဲ့
သတိပဋ္ဌာန်တရားနာတယ်။
ဝိပဿနာတရားအားထုတ်တယ်။

သောတာပန်တွေဟာ သစ္စာတရားကို
အမြဲတမ်းနာကြားချင်တဲ့စိတ်ရှိတယ်။
အဲဒီလို သစ္စာတရား သတိပဋ္ဌာန်တရားတွေ
နာပြီးတဲ့အခါမှာလည်း ပါဠိတွေမသိပေမဲ့
အဓိပ္ပါယ်တွေကို အထိုက်အလျောက်သိနေတော့
စိတ်ထဲမှာ အားရပါးရလည်းဖြစ်တယ်။
ဝမ်းသာလို့လည်း မဆုံးနိုင်ဘူး။
ပီတိသောမနဿက တော်တော်နဲ့ မပျောက်ဘူး။
တစ်ကိုယ်လုံးတသိမ့်သိမ့်ဖြစ်နေတာ။

ပုထုဇဉ်တွေကျတော့ တရားနာနေတဲ့
အချိန်လေးပဲ သံဝေဂဉာဏ်ဖြစ်နေသလိုလို
အမြင်မှန်ရသလိုလိုရှိတယ်။ တရားသိမ်းလို့
သာဓု သာဓု သုံးကြိမ်လည်းခေါ်
ပြီးရော တရားနဲ့ပတ်သက်လို့ ရင်ထဲမှာ
ဘာမှမကျန်တော့ဘူး။နာတုန်းခဏပဲ
ပြီးရင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ။

အဲဒီလို ပုထုဇဉ်စိတ်ထားနဲ့
သောတာပန်စိတ်ထားက,ကွဲပြားမှုရှိတယ်။
လူပုံသဏ္ဌာန်က,ကွဲပြားသွားတာမဟုတ်ဘူးနော်။

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်
ဘုရားကြီးက ဘယ်လိုမိန့်သလဲဆိုတော့-

‘သောတာပန်ဆိုတာ ချိုပေါက်လာတာ
မဟုတ်ဘူး. အသား အရေစိုပြည်ပြီးရုပ်
အဆင်းလှလာတာလည်း မဟုတ်ဘူး။
စိတ်ထဲမှာ ကိလေသာပါးရှားပြီး သောတာပန်
စိတ်ပေါ်လာတာကို သောတာပန် လို့ခေါ်တာ။
သေသေချာချာမှတ်ထားကြ’

ဒီလောက်ဆို ယောဂီတွေအနေနဲ့ မိမိကိုယ်
မိမိ သောတာပန်ဖြစ်မဖြစ် ဒီတရား
မှတ်ကျောက်နဲ့စစ်ကြည့်လို့ မရနိုင်ဘူးလား။

‘ရနိုင်ပါတယ်ဘုရား’

အချိန်ယူပြီး သေသေချာချာစစ်ကြည့်ကြနော်။
တစ်ငါတည်းငါနေတဲ့အတ္တဒိဋ္ဌိ ငါစွဲတွေအားကြီး
နေသေးတယ်ဆိုရင်တော့ မဟုတ်သေးဘူး.
သောတာပန်တကယ်မဖြစ်သေးဘဲ
ကိုယ့်ကိုယ်ကို အထင်မကြီးမိကြစေနဲ့။
အခုလို သာသနာတွင်းမှာ လူလာဖြစ်ဖို့ဆိုတာ
လွယ်တာမဟုတ်ဘူး။ အချိန်လွန်မှသိရရင်
ကိုယ်ပဲနစ်နာမှာ။

သောတာပန်ဖြစ်တာသေချာတဲ့ယောဂီတွေ
ကတော့ကိုယ်အပါယ်တံခါးပိတ်သလို
တခြားသူတွေလည်း အပါယ်တံခါးပိတ်အောင်
သာသနာပြု ပြီး မြတ်စွာဘုရားကို
ကျေးဇူးဆပ်ကြနော်။ တရားနဲ့ပူဇော်။
တရားနဲ့ ကျေးဇူးဆပ်ကြ။
ကဲ ••• အခုတော့ သာဓု သုံးကြိမ်ခေါ်ပြီး၊
တရားသိမ်းကြစို့ •••

သာဓု ••• သာဓု ••• သာဓုပါဘုရား။

မြစိမ်းတောင်ဆရာတော်ကြီး
ရတနာသုံးပါး-ထံမှ
ကူးယူ-ပူဇော်မျှဝေပါ၏။
(ဓမ္မမိတ်ဆွေများအား-အစဥ်လေးစားလျှက်)
ကိုထွန်းဝေ(သစ္စာ)
…………………………………………


#မူရင်းpostတင်သူ_အဆင့်ဆင့်မျှဝေသူများကိုကျေးဇူးတင်စွာဖြင့်
ူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည်။

"ဒုတိယသဂ်မသုတ်ကောသလမင်း စစ်နိုင်ခြင်း"အခါတပါး၌ မဂဓတိုင်းကိုအစိုးရသော အဇာတသတ်မင်းနှင့် ကောသလမင်းတို့သည် ကာသိရွာကိုအကြောင်...
17/03/2026

"ဒုတိယသဂ်မသုတ်
ကောသလမင်း စစ်နိုင်ခြင်း"

အခါတပါး၌ မဂဓတိုင်းကိုအစိုးရသော အဇာတသတ်မင်းနှင့် ကောသလမင်းတို့သည် ကာသိရွာကိုအကြောင်းပြု၍ စစ်တိုက်ကြပြန်ရာ အဇာတသတ်မင်းစစ်ရှုံးလေသည်။ ကောသလမင်းသည် အဇာတသတ်မင်းကို လက်ရဖမ်းမိသော်လည်း မိမိ၏တူဖြစ်၍အသေမသတ်ဘဲ စစ်သည်ဗိုလ်ပါအားလုံးကိုသာ သိမ်းပြီး အဇာတသတ္ကို လွှတ်လိုက်၏။ ထိုအကြောင်းကို ရဟန်းတို့က လျှောက်ထားသောအခါ ဗုဒ္ဓကအောက်ပါဂါထာတို့ကို မိန့်မြွက်တော်မူ၏ -

"သူတစ်ပါးကို
နှိပ်စက်ဖျက်ဆီးသူသည်
မိမိနှိပ်စက်ဖျက်ဆီးသည့်
အတိုင်းအတာနှင့်အမျှ
မိမိကိုယ်တိုင်လည်း
နှိပ်စက်ဖျက်ဆီးခြင်းခံရ၏။ "

"လူမိုက်သည် မကောင်းမှု
အကျိုးမပေးသေးသမျှ
ကာလပတ္လုံး
သင့်လျော်လျောက် ပတ်၏ဟု
ထင်မှတ်၍နေ၏။
မကောင်းမှု
အကျိုးပေးသောအခါ၌ကား
ဆင်းရဲခြင်းသို့ရောက်ရ၏။"

"သူတစ်ပါးကို
ညှင်းဆဲသတ်ဖြတ်သူသည်
သူတစ်ပါး၏
ညှင်းဆဲသတ်ဖြတ်ခြင်းကိုခံရ၏။

သူတစ်ပါးကို အနိုင်ယူသူသည်
သူတပါး၏အနိုင်ယူခြင်းကို
ခံရ၏။

သူတစ်ပါးကိုဆဲရေးသူသည်
သူတစ်ပါး၏ ဆဲရေးခြင်းကို
ခံရ၏။

သူတစ်ပါးကို ချုပ်ချယ်သူသည်
သူတပါး၏ချုပ်ချယ်ခြင်းကို
ခံရ၏။

သူတစ်ပါးကို လုယက်သူသည်
အတုံ့အလှည့်အားဖြင့်
သူတပါး၏ လုယက်ခြင်းကို ခံရ၏။

14/03/2026
 #ငါးပိလှန်းပြီးပန်းရနံ့သင်းခြင်လို့မရဘူးရုပ်ပြင်ပြီးစိတ်မပြင်ရင်အပုပ်နံ့ထွက်မှာပဲ
14/03/2026

#ငါးပိလှန်းပြီးပန်းရနံ့သင်းခြင်လို့မရဘူးရုပ်ပြင်ပြီးစိတ်မပြင်ရင်အပုပ်နံ့ထွက်မှာပဲ

 #သေရမှာကြောက်စရာလား ( #တရားအားထုတ်သည့်အလေ့အကျင့်ကသူ့အလုပ်သူလုပ်သွားပါလိမ့်မည်)(ဒေါက်တာ ဖေသက်ထွန်း)မိမိရဲ့ဆရာဝန်သက်တန်းတ...
08/08/2025

#သေရမှာကြောက်စရာလား

( #တရားအားထုတ်သည့်အလေ့အကျင့်ကသူ့အလုပ်သူလုပ်သွားပါလိမ့်မည်)

(ဒေါက်တာ ဖေသက်ထွန်း)

မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ၊ ရောဂါပြင်းထန်သူများစွာ၊ သေတဲ့သူ များစွာနဲ့ လုပ်ငန်း သဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။

အများစုကတော့ပုထုဇဉ်ပီပီသေရမှာကြောက်တဲ့သူတွေသာများပါတယ်
တချို့ဆိုဘာမဟုတ်တဲ့ အနာရောဂါလေးဖြစ်တာ ခေါင်းကိုက်တာ တုတ်ကွေးဖျားလေး ဖျားတာလောက်ကိုပဲ မျက်စိမျက်နှာတွေ ပျက်ပြီး တခွေခွေနဲ့ အိပ်ရာထဲ လဲနေလောက်အောင် စိတ်ဆင်းရဲနေကြပါတယ်။

ဦနှောက်သွေးကြောပြတ်ပြီး သေသွားသူတွေ အကြောင်းကို ကြားဘူးနားဝနဲ့ သာမာန် ခေါင်းမူးတာလေးကိုပဲ သူ့ကိုယ်သူ ဦးနှောက်ကြော ပြတ်တော့မှာလို့ ထင်တဲ့စိတ်နဲ့ ငိုကာယိုကာ ထိမ်းမနိုင် သိမ်းမရ သေမှာကြောက်နေတဲ့ သူတွေကိုလည်း မကြာခဏ ဆေးကုပေးခဲ့ရ ပါတယ်။

နေမကောင်းတာနဲ့ အိပ်ရာထဲက မထတော့ပဲ မျက်နှာငယ်ကလေးနဲ့ တငြီးငြီး တငြူငြူလုပ်နေတဲ့
#တရားသမားအရင့်အမာကြီးတွေကိုတောင်တွေ့ဘူးပါတယ်။

ကျန်းမာရေးကောင်းနေတဲ့အခါမှာတော့သေရမှာမကြောက်ဘူးလို့ပြောတတ်တဲ့သူတွေလည်း ရှိပါတယ်။

အများစုကတော့ အခုလောလောဆယ်တော့ ကိုယ်ကိုယ်ကို မသေနိုင်လောက်သေးဘူး ဆိုတဲ့ အထင်နဲ့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင်း ဟန်ဆောင်ကြွားဝါပြီး မကြောက်ဘူး ပြောနေ ကြတာများပါတယ်

#တကယ့်အရေးမှာကျတော့လူအများစုဟာသေရမှာကိုသေမတတ်ကြောက်ကြပါတယ်

တစ်ချို့လူတွေလည်း သေလောက်တဲ့ရောဂါတွေ ဖြစ်နေပြီလို့ သိကာစမှာ ကြောက်တဲ့စိတ်နဲ့ ပူကာ လောင်ကာ ဖြစ်တတ်ပေမဲ့ တကယ်တမ်း ကြိုးစားကုသရင်း ဘယ်လိုမှ ကုသလို့ မရနိုင် တာကိုသိပြီး
တကယ်သေရတော့မှာကိုနားလည်သွားတဲ့အခါမှာတော့စိတ်လျှော့ပြီးလက်ခံနိုင်လိုက်တာမျိုးလည်းရှိပါတယ်

အဲဒီလို သေချာပေါက် သေရတော့မယ်ဆိုတာကို သိသွားတဲ့ အချိန်မှာ
#စိတ်လျှော့လက်လျှော့နဲ့သေခြင်းတရားကိုကျေကျေနပ်နပ်လက်ခံလိုက်တာတောင်မှအလွန်အကျိုးများပါတယ်

အဲဒီလို လက်ခံနိုင်လိုက်တဲ့စိတ် ထားနိုင်တဲ့ သူတွေဟာ ငြင်းဆန်နေတဲ့သူတွေစာရင်
သူတို့ရဲ့နောက်ဆုံးခရီးဟာပိုပြီးသက်တောင့်သက်သာနဲ့ငြင်ငြင်သာသာရှိတတ်ပါတယ်။

နိုင်ငံခြားက ရောဂါပြင်းထန်လို့ သေခါနီးတဲ့ လူနာတွေကို သီးသန့် ပြုစုစောင့်ရှောက်ပေးတဲ့ ဋ္ဌာနတွေက မှတ်တမ်းတွေမှာ ရေးထားတာတွေ ရှိပါတယ်။

အဲဒီလို သေလောက်တဲ့ရောဂါတွေနဲ့သေဖို့စောင့် နေကြတဲ့ လူနာတွေထဲမှာ
သေမှာကိုကျေကျေနပ်နပ်လက်ခံလိုက်တဲ့သူတွေဟာ နာကျင်မှုတွေကိုဆိုးဝါးစွာမခံစားရပဲတည်ငြိမ်အေးဆေးစွာ
သေခြင်းတရားကိုရင်ဆိုင်သွားကြတဲ့အကြောင်း
သုတေသနလုပ်ထားတာတွေနဲ့အထင်အရှားသက်သေပြထားပါတယ်။

#သေမှာကိုကျေနပ်စွာလက်ခံလိုက်တဲ့စိတ်ကလေးထားနိုင်လိုက်တာနဲ့
#သေခြင်းတရားကိုရင်ဆိုင်တဲ့နေရာမှာများစွာလွယ်ကူသက်သာသွားစေပါတယ်။

#တကယ်သေရမှာမကြောက်ပဲ
#သေခြင်းတရားကိုစိတ်အေးလက်အေးနဲ့ရင်ဆိုင်သွားတဲ့သူတွေလည်းရှိပါတယ်။

အဲဒီအထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ သေရမှာ မကြောက်တဲ့သူ ( ၂ )ယောက်အကြောင်းကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။

တစ်ယောက်ကအသက် ၉၀ လောက် အမေကြီး တစ်ယောက် ပါ။မိမိသိသလောက် နှစ်ပေါင်းများစွာ ဘယ်သူ့ကိုမှ အပြစ်တင်တာမျိုး ဒုက္ခပေးတာမျိုး မရှိပါဘူး။

မသေခင် (၂ )နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး သေမသေ ဆုံးဖြတ်ပေးဖို့ မိမိကို မှာထားပါတယ်။
ပြီးတာနဲ့ ချက်ချင်း အသုဘချဖို့ ကြိုပြောထားတာပါ။
သူအသည်း အသန်ဖြစ်တော့ မိမိသွားကြည့်ပေးရပါတယ်။
ဘယ်လိုမှ အခြေအနေမကောင်းတဲ့ ကြားက မိမိကို ခပ်ယဲ့ယဲ့ပြုံးပြရင်း
#ဆရာလေးမရတော့ဘူးမဟုတ်လားလို့မေးလိုက်ပါသေးတယ်
တစ်နာရီလောက်ကြာတော့ ဆုံးသွားပါတယ်။ တချက်မှမငြီးပါဘူး။ အေးအေးဆေးဆေး သေသွားတာပါပဲ။

သမထ ဝိပဿနာတွေ အားထုတ်မထားပေမဲ့ သူဟာ
#နှစ်ပေါင်းများစွာသီလတွေလုံခဲ့ပါတယ်
#စိတ်ကောင်းတွေရှိခဲ့ပါတယ်
#အဲဒီနှစ်ချက်နဲ့သေခြင်းတရားကိုမတုန်မလှုပ်ရင်ဆိုင်သွားနိုင်ခဲ့ပါတယ်

နောက်တစ်ယောက်ကတော့
#နည်းလမ်းမှန်စွာတရားအားထုတ်ထားတဲ့မိတ်ဆွေတစ်ယောက်ပါ
#သေခါနီးမှာနီးပြီနဲ့တူတယ်ဆိုတဲ့စကားတစ်ခွန်းသာပြောပြီးတည်ငြိမ်အေးဆေးစွာတရားနဲ့သေသွားခဲ့တာပါ။

#သူတို့နှစ်ယောက်လုံးဟာအားလုံးကြားဘူးထားကြသလို
#ဝေဒနာတွေပြင်းပြင်းထန်ထန်ခံစားသွားရတာမျိုးမရှိပါဘူး။

တစ်နေ့က အရေးပေါ် လူနာလာပင့်တာနဲ့ လိုက်ကြည့်ပေးရပါတယ်။
လူနာနေတဲ့အိမ်က မိမိအိမ်နဲ့ နီးနေတာမို့ ချက်ချင်းဆိုသလို ရောက်သွားပါတယ်။
မိမိရောက်သွားတော့ လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သား တွေ့ရပါတယ်။အိပ်ပျော်နေသလိုပါပဲ။ စမ်းသပ်ကြည့်တော့ အသက်တော့မရှိတော့ပါဘူး။

အသက် ၇၈ နှစ် ရှိပါပြီ။ အထွေအထူး ရောဂါမရှိပါဘူး။

နေ့တိုင်းဒီကုလားထိုင်မှာ ထိုင်ရင်း သားသမီးတွေနဲ့ စကားပြောနေကျပါ။ ဆုံးတဲ့နေ့ကသမီး တစ်ယောက်က အနားမှာ ဆန်ရွေးနေတာပါ။ သူ့အမေနဲ့ စကားပြောနေရင်း သူ့ကိုဘာမှပြန်မပြောလို့ အိပ်ပျော်နေတယ်ပဲ ထင်နေခဲ့တာ။

တော်တော်ကလေးကြာမှ စိတ်ထဲမှာ မသင်္ကာလို့ သေချာကြည့်တဲ့အခါ အသက်ရှုတာ မတွေ့တာနဲ့ တခုခုမှားတယ် ထင်ပြီး မိမိကို လာပင့်တာပါ။
#ရုန်းရင်းဆန်ခတ်မရှိရုံမကဘာတခုမှတောင်မသိသာလိုက်ပါဘူး
#ဒီလူနာဘဝကူးသွားပုံဟာညင်သာလှပါတယ်
အကြောင်းသိတဲ့ လူနာတွေမို့ မိမိ သိထားတာတွေ ရှိပါတယ်။

သူဟာ တရားတွေကြိုးစား အားထုတ်ထားတာ လုံးဝ မရှိပါဘူး။ သာမာန်မိရိုးဖလာ ဗုဒ္ဓဘာသာပါပဲ။

မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်းမှာ မြို့ခံ ဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ လူနာတွေ များစွာကို လုပ်ငန်းသဘာဝအရ ကြည့်ခဲ့ရပါတယ်။ တချို့လည်းသေခါနီးဆဲဆဲပါ

#စောစောကလူနာလိုပဲတချို့လူတွေသေဆုံးသွားကြတာဟာအလွန်ငြင်သာပါတယ်
#ခြုံထားတဲ့စောင်ကလေးတောင်မတွန့်ပါဘူး
တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့ မသေခင်မှာ နာကျင်မှုကို တော်တော် ခံစားကြရ ပါတယ်။

ဘာဘဲပြောပြော လူအများစုဟာ သေမှာကို တော်တော် ကြောက်ကြပါတယ်။
တချို့အစ အနောက်တောင် မခံနိုင်ပါဘူး။ အစမ်းသေကြည့်တာတောင် စိတ်ထဲမှာမခံနိုင်ပါဘူးဆိုတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။
မိမိလေ့လာကြည့်မိသလောက်လူတွေဟာ

(၁)
#ကြားဘူးနားဝစကားတွေနဲ့မသေခင်မှာသေလောက်အောင်နာမှာပဲဆိုပြီး
#အဲဒီနာမဲ့အနာကြီးကိုတွေးပြီးကြောက်နေကြတာမို့
#သေရမှာကိုကြောက်ကြပါတယ်

(၂)
#ထားခဲ့ရမဲ့သက်ရှိသက်မဲ့အရာတွေအပေါ်မှာစွဲလန်းတဲ့စိတ်နဲ့လည်းသေမှာကိုကြောက်ကြပါတယ်

(၃)
နောက်ဆုံးအချက်က
#သေပြီးရင်အပါယ်ကျမှာစိုးလို့လည်းဒီဘဝကိုစွန့်ပြီးမသေရဲကြပါဘူး

သေတာနဲ့ပါတ်သက်ပြီး ဒီအကြောင်းတွေကို နည်းနည်း စဉ်းစားကြည့် စေချင်ပါတယ်။
တကယ်တော့ သေတယ်ဆိုတာဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အရာကြီးတစ်ခု
ကိုယ့်ဆီရောက်လာတာ မဟုတ် ပါဘူး။

#မနေရတော့တာတစ်ခုပါပဲ

#နေခွင့်မရှိတော့တာနေခွင့်တစ်ခုကုန်ဆုံးသွားတာဟာသေတာပါပဲ

#ရှေ့ကလူတွေလည်းဒီလိုပဲနေခွင့်တွေကုန်ဆုံးသွားခဲ့ရတာပါ

#ကြောက်တဲ့သူလည်းကြောက်ရင်းသေရတာပါပဲ

#မကြောက်တဲ့သူလည်းမကြောက်ပေမဲ့သေရတာပါပဲ

#ခံစားချက်တွေဘယ်လိုပဲရှိရှိ

#နောက်ဆုံးမှာတော့သူတို့လည်းဒီလိုပဲရင်ဆိုင်သွားခဲ့ကြတာပါ

ကိုယ်လောက်အသိဥာဏ်မရှိ၊ ကိုယ်လောက် ပြင်ဆင်ထားတာ မရှိတဲ့ သူတွေတောင် ရင်ဆိုင်နိုင်သေးတာ

#ဘုရားရှင်ရဲ့တရားတော်တွေကိုကျင့်ကြံပွားများအားထုတ်ခွင့်ရနေတဲ့ကိုယ်ကဘာလို့ကြောက်နေရမှာလဲ

#နေခွင့်မရှိရင်မနေရုံပဲပေါ့

#သေရင်တောင်မသေခင်လေးမှာသေလောက်အောင်နာမှာပဲဆိုတဲ့စကားကိုလည်း သေချာစဉ်းစားဖို့လိုပါတယ်

စောစောက ပြောခဲ့တဲ့လူနာတွေလို ဘာမှ သိပ်မခံစားရပဲ သေသွားတဲ့ သူတွေကိုလည်း အားလုံးကြုံဖူးကြမှာပါ။
ကိုယ့်အလုပ်နဲ့ ဆက်စပ်နေတာမို့
***သေခါနီးလူနာများစွာကို
***နောက်ဆုံးအချိန်အထိ ထိုင်စောင့်ပေးခဲ့ရဘူးပါတယ်
***တကယ်သေခါနီးအချိန်မှာ
***တချို့ဆယ့်ငါးမိနစ်နာရီဝက်လောက် အလိုမှာ အသက်ရှူတယ်ဆိုရုံ ရှူရင်း ငြိမ်ကျသွားပါတယ်
***နာလွန်းလို့ တွန့်လိမ် ရုန်းကန်နေရတာမျိုးတွေ မရှိတော့ပါဘူး
***ငြိမ်းခါနီးမီးတောက်တစ်ခုလိုပဲ တချို့ဆို သေခါနီးမှ စကားတွေ ဘာတွေတောင် ပြောသွားလိုက်ပါသေးတယ်

***သေလောက်အောင် ဖေါက်ပြန်လို့သာ သေသွားတယ် ဆိုတာမှန်ပါတယ်
***ဒါပေမဲ့ အဲဒီ ဖေါက်ပြန်တာကို

#အလွန်နာမှာပဲလို့တော့မယူဆစေချင်ပါဘူး

ိုရောဂါမျိုးမို့နာကျင်မှုတွေခံစားရမယ်ဆိုရင်လည်း

#နာစရာရှိတာနာပေါ့

#အနာသက်သာတဲ့ဆေးတွေနဲ့လည်းကုမှာပေါ့

***အစပိုင်းဘယ်လိုပဲနာနေပေမဲ့

#နောက်ဆုံးအချိန်သေခါနီးမှာတော့မနာတော့ပါဘူး

***အဲဒီအချက်နဲ့ပါတ်သက်ပြီး ဘုရားရှင် ဟောကြားထားတာ ရှိပါတယ်။
***သေခါနီးမှာ ကာယပသာဒတွေ အရင်ဆုံး ချုပ်ပါတယ်။
***ကျန်တာတွေလည်း တဖြည်းဖြည်းချုပ်သွားရင်းနဲ့ တဖြည်းဖြည်း ဆုပ်သွားလိုက်တာ

#နောက်ဆုံးမနောဝိညာဉ်စိတ်ကလေးတစ်ခုသာကျန်ပါတယ်

#ကာယပသာဒချုပ်ကထဲကဘာနာကျင်မှုမှ မရှိတော့ပါဘူး

***ဘာထိတွေ့မှုကိုမှ မသိတော့ပါဘူး
ဒီအကြောင်းတွေကို မြတ်စွာဘုရားဟောတဲ့ ဖဂ္ဂုနသုတ္တန် မှာ အသေးစိတ်ပါပါတယ်

***သေခါနီးလူတွေ အစက ဘယ်လောက်ပဲ နာလို့ အော်ဟစ် ရုန်းကန် နေပေမဲ့
***တကယ်သေတော့မဲ့ အချိန်နီးလာရင်
***ငြိမ်သွားတတ်တာ
***ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ တော်တော်များများ သတိထားမိမယ် ထင်ပါတယ်

#ဆိုလိုချင်တာကမိမိတို့အများစုကြောက်နေကြတဲ့နာကျင်မှုဆိုတာတွေလုံးဝမရှိဘဲနဲ့

#သေခါနီးမှာတရားနှလုံးသွင်းဖို့

#အချိန်ကောင်းစွာရပါတယ်

#ကိုယ့်စိတ်ကလေးကိုကြည့်နေရင်းနဲ့ သေရမှာပါ

#ဆရာတော်ဦးဇောတိကလည်းဒီအကြောင်းတွေဟောခဲ့ဘူးပါတယ်

#အသက်ရှုရပ်ပြီးမိနစ်၂၀လောက်ကြာတဲ့အထိ

#သိတဲ့စိတ်ကဆက်ရှိနေပါတယ်

#အဲဒီအချိန်လေးမှာသာ

#မိမိတို့အနေနဲ့အားထုတ်ရင်းသေနိုင်ခဲ့မယ်

#ကုသိုလ်စိတ်တွေနဲ့သေနိုင်ခဲ့မယ်ဆိုရင်

#ဘာမှကိုပူစရာမလိုတာပါ

မိမိအနေနဲ့ pressure 40/0 နဲ့
***( ၉ )နာရီ လောက် ဘယ်လိုနာကျင်မှုမျိုးကိုမှ မခံစားရတော့ပဲ
***အချိန်ကောင်းစွာ ရပြီး
***တရားအားထုတ်ရင်း ဆုံးသွားတဲ့
***အစာအိမ် cancer လူနာ တစ်ယောက်ကို တွေ့ခဲ့ဘူးပါတယ်။

#မိမိတို့သာသူတော်ကောင်းတရားတွေနဲ့

#ထိုက်သင့်သလောက်ပြည့်စုံအောင်ရင့်ကျက်အောင်လေ့ကျင့်ထားမယ်အားထုတ်ထားမယ်ဆိုရင်

#အဲဒီအချိန်လေးမှာဆက်ပြီးအားထုတ်သွားရုံပါပဲ

#အဲဒီလိုသာအားထုတ်နိုင်ရင်

#အခုဘဝတရားမရရင်တောင်

#ဒုတိယဘဝမှာရနိုင်တဲ့အကြောင်းကိုဘုရားရှင်အာမခံထားတော်မူခဲ့ပါတယ်

***အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေနိုင်သွားရင်
***ကျန်ခဲ့တာတွေကို ဘာများစွဲစရာ ရှိသေးလို့လဲ

#နောက်ဘဝဘာဖြစ်မယ်ဆိုတာကိုလည်းတွေးပူစရာမရှိပါဘူး

#အပါယ်ကျဖို့ဆိုတာခေါင်းထဲမှာထည့်ထားစရာတောင်မလိုတာပါ

***အရေးကြီးတာက
***မိမိတို့ဘက်က
***အခုလို ကျန်းမာရေး ကောင်းလို့ စွမ်းနိုင်တုံးမှာ သီလ၊ သမာဓိ၊ ပညာ အကျင့်တွေကို
***နည်းလမ်းမှန်စွာ ကြိုးစားအားထုတ်ဖို့ပါပဲ။

***နေတဲ့အချိန်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ကောင်းသည်ထက်ကောင်းအောင်၊ စိတ်ထားတွေ မြင့်မြတ်သည် ထက် မြင့်မြတ်အောင်၊ ကုသိုလ်စိတ်တွေ အမြဲဖြစ်လို့ ယဉ်ကျေးသည် ထက်ယဉ်ကျေးအောင်၊ စိတ်ထားတွေ စင်ကြယ်သည်ထက် စင်ကြယ်အောင်

#လေ့ကျင့်ထားမယ်ဆိုရင်

#သေတဲ့အခါမှာလည်း

#ဒီအလေ့အကျင့်တွေက

***သူ့အလုပ်သူလုပ်ဆောင်သွားပါလိမ့်မယ်

#တကယ်လေ့ကျင့်ထားတဲ့အားကိုးလောက်တဲ့တရားအသိတွေရှိနေသူအတွက်သေတော့လည်း

#ဂွပ်ကနဲသေလိုက်ရုံပါပဲ

" ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ "
**"တရားကျင့်သောသူကို
***တရားက ပြန်ပြီး စောင့်ရှောက်တယ်ဆိုတဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်ကို

#အကြွင်းမဲ့ယုံစေချင်ပါတယ်

#ကဲသေရမှာကြောက်စရာလား

ဝါဆိုသင်္ကန်းကပ်
09/07/2025

ဝါဆိုသင်္ကန်းကပ်

 #မဟာဝီရဗုဒ္ဓ ကဆွဲထားတဲ့လက်တွေ များပါလျက်နဲ့အလင်းကိုရှာဖွေဖို့အမိုက်တိုက်ကိုဖြိုဖျက်လို့ရုန်းထွက်ခဲ့တယ်။ငါကမိုက်သထက်မိုက...
18/03/2025

#မဟာဝီရဗုဒ္ဓ က

ဆွဲထားတဲ့လက်တွေ များပါလျက်နဲ့

အလင်းကိုရှာဖွေဖို့

အမိုက်တိုက်ကိုဖြိုဖျက်လို့

ရုန်းထွက်ခဲ့တယ်။

ငါက

မိုက်သထက်မိုက်ရာကိုတိုးရင်

ဆွဲထားမဲ့ လက်တစ်စုံကိုပဲ ရှာဖွေနေမိတယ်။

အားနာမိပါရဲ့ဘုရား

လမ်းအမျိူမျိူးညွှန်လို့

အလင်းဆီကို သွားစေလိုပေမဲ့

သည်က လူမိုက် မကျွတ်ထိုက်ဘူးထင်ပါရဲ့။

The Buddha found the way to liberate from all sufferings for the sake of all beings even though he had many things to be attached, such as wealth, kingship, parents, wife and son.

On the other hand, I am still looking for someone or something to be attached to me although I have nothing to be attached, but my parents.

For this reason, I am really apologetic about wondering from the way, the Buddha pointed.

Grade 5
28/02/2025

Grade 5

22/02/2025

#သံသရာခရီးသည်(၇)မျိုး
(၁) ငုပ်ပြီးမြှုပ်သွားသောသူ ( #ဒုဂ္ဂတိဘုံသားများ)
(၂) ပေါ်ပြီး မြှုပ်သွားသောသူ ( #ပုထုဇဉ်များ)
(၃) ပေါ်ပြီး တည်နေနိုင်သောသူ ( #ကလျာဏပုထုဇဉ်များ)
(၄) ပေါ်ပြီး မော်ကြည့်နိုင်သောသူ ( #သောတာပန်များ)
(၅) ပေါ်ပြီး ကူးခတ်သွားသောသူ ( #သကဒါဂါမ်များ)
(၆) ကူးပြီး ထောက်မိသောနေရာရောက်သူ ( #အနာဂါမ်များ)
(၇) ထောက်မိပြီး တစ်ဘက်ကမ်းသို့ လှမ်းတတ်သွားသောပုဂ္ဂိုလ် ( #ရဟန္တာများ)

🙏🙏🙏🙏🙏🙏🙏🙏🙏

Address

뷰산
Yangon
606-815

Website

Alerts

Be the first to know and let us send you an email when Oh Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share