13/09/2022
Honda Fit Shuttle ကို ဝယ်မည့်သူများ အတွက်အထောက်အကူဖြစ်စေရန် Model Year ၊ Grade ခွဲနည်းများအကြောင်းကို တင်ပေးလိုက်ပါတယ်-
Honda Fit Shuttle မှာ 1.3 Hybrid(GP2) နဲ့ 1.5 Petrol Only(GG7) တို့ဖြင့်လာပြီ ဒီမှာအသုံးများတဲ့ Fit Shuttle Hybrid(GP2) အကြောင်းပဲပြောပါမယ်၊
Model Year
———-
Fit Shuttle ကို 2011/6 လပိုင်းတွင်စတင်ထုတ်ပြီ 2013/8 လပိုင်းမှာ အတွင်းအပြင်ရုပ်အနည်းငယ်ပြောင်းလဲသွားပါတယ်၊ Grade တွေကလဲ Model ပေါ်မှုတည်ပြီ ကွဲပြားသွားပါတယ်၊
Grade ခွဲများ
———-
2011/6 ~ 2012/6 လပိုင်းထိ C grade , Hybrid grade , Smart Selection grade , Navi Premium Selection grade တွေလာပါတယ်၊ ဒီမှာ မှတ်သားစရာတစ်ခုက 2012/6 လ နောက်ပိုင်းမှာ ကျွန်တော်တို့မြန်မာတွေကြိုက်ကြပြီ Premium ဂရိတ်မှာပါတဲ့ ပ စောက်တီဗွီကိုမထုတ်တော့ပါဘူး၊ နောက်ပိုင်းမော်ဒယ်မြင့်တွေမှာ Honda ရဲ့ genuine audio access ဖြစ်တဲ့ Gathers TV တွေနဲ့ပဲလာပါတော့တယ်၊ ဒါကြောင့်မို့လို့ 2012/6 နောက်ပိုင်းမှာ ပ စောက်တီဗွီပါတဲ့ Premium ဂရိတ်လဲမရှိတော့ပါဘူး၊
2012/7 ~ 2013/7 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade , Hybrid Fine Line , Hybrid Smart Selection Fine Line ဆိုတဲ့ Limited ဂရိတ်တွေထပ်ထွက်လာပါတယ်၊
ရုပ်ပြောင်းဖြစ်တဲ့ New Facelift တွင် 2013/8 ~ 2013/11 လပိုင်းမှာ C grade , Hybrid grade , Smart Selection grade ထုတ်ပြီ 2013/12 ~ 2014/4 လပိုင်းမှာ Hybrid Cool Edition , Hybrid Smart Cool Edition ဆိုတဲ့ Limited ဂရိတ်တွေအဖြစ်ထုတ်ခဲ့ပါတယ်၊
–
ဂရိတ်ခွဲတွေရဲ့အကြောင်းကို အကြမ်းဖျဉ်းပဲပြောပြပါ့မယ်၊ ဘာလို့လဲဆိုရင် ဂျပန်first ower က သူ့စိတ်ကြိုက်ဆင်ပြီစီးထားတဲ့ကားဆိုရင် မှန်းရခက်ပါတယ်၊ ဒါပေမယ့် ဘယ်ဂရိတ်မှာ ဘာဟာတော့ပါရမယ်ဆိုတာကိုပြောပါမယ်၊
C grade က အနိမ့်ဆုံးဂရိတ်ပါ၊ ဘက်မှန်မီးချောက်မပါ ပါးခြမ်းမီးနဲ့၊ ရိုးရိုးထိုင်ခုံ၊ Curise Control မပါ၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ် မပါ၊ Side Skirt မပါ၊ လက်ကိုင်ကွင်းတစ်ခုသာပါ ပါသည်၊
Hybrid grade တွင်အတော်စုံလင်လာပါတယ်၊ ဘက်မှန်မီးချောက် ပါးခြမ်းမီးမပါဝင်တော့၊ half leather seats၊ curise control၊ A/C ဒိုင်ခွက် နဲ့ ဂီယာအထိုင်နီကယ်ကွပ်၊ Side Skirt ပါ၊ လက်ကိုင်ကွင်းလေးကွင်းတွေပါသွားပြီဖြစ်ပါတယ်၊
Smart Selection grade မှာ smart key system၊ HID headlight၊ စတီယာရင်ကြိုးချုပ်၊ ရှေ့လေကာမှန် ဆန်းရှိတ်ဖြစ်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Navi Premium Selection grade ကအစုံဆုံးဂရ်ိတ်ဖြစ်ပြီ ပ စောက်တီဗွီ၊ Cool Box၊ စီယာရင်ကြိုးချုပ်၊ ဘက်မှန် ရှေ့လေကာမှန် အပူပေးစနစ်၊ foglight၊ နောက်ယင်လိပ်၊ alloy wheels တို့ပါဝင်ပြီ ကျန်တာအားလုံး Hybrid grade အတိုင်းဖြစ်ပါတယ်၊
Hybrid Fine Line ကို 2012 နှစ်လယ်လောက်မှာစထုတ်တဲ့ limited ဂရိတ်ဖြစ်ပါတယ်၊ ပါးခြမ်းနှစ်ဖက်တွင် hybrid တံဆိပ်၊ အအေးဗူးထည့်ခွက်အတွင် မီး၊ စတီယာရင်ကြိုးချုပ် တို့ဖြစ်သွားပါတယ်၊ ကျန်တာ Hybrid ဂရိတ်အတိုင်းပဲဖြစ်ပါတယ်၊
Hybrid Smart Fine Line က smart key system၊ HID headlight၊ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
2013 Smart Selection grade ရုပ်ပြောင်းမှာတော့ paddle shift၊ smart key system၊ အဲကွန်း ion လေသန့်စနစ်၊ ထိုင်ခုံအပူပေးစနစ်၊ နောက်ထိုင်ခုံလက်တင်၊ ကျန်တာ Navi Premium ဂရိတ်အတိုင်းဖြစ်ပါတယ်၊
Hybrid Cool Edition ကို 2013late နဲ့ 2014 မှာသာတွေ့ရပါတယ်၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ Hybrid Fine Line အတိုင်းဖြစ်ပါတယ်၊
Hybrid Smart Cool Edition က smart key system၊ ထိုင်ခုံအသား နဲ့ ကြိုးချုပ်အရောင်ပြောင်းသွားပြီ ကျန်တာ 2013 Smart Selection grade အတိုုင်းပဲဖြစ်ပါတယ်။