CDW Sinotruk Myanmar

CDW Sinotruk Myanmar Quality Make the Future
အရည် အသွေး ဖြင့် အနာဂတ် ကို တည်ဆောက်ပါ Tharaphu Soe Myint Co., Ltd

🙏သန္ဓေ ၊ တောထွက် ၊ ဓမ္မစက် ၊ မွန့်မြွတ်သံချို လဝါဆို 🙏ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ စနေနေ့ သည် ဗုဒ္ဓဘာသာမြန်မာလူမျိ...
20/07/2024

🙏သန္ဓေ ၊ တောထွက် ၊ ဓမ္မစက် ၊ မွန့်မြွတ်သံချို
လဝါဆို 🙏

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ စနေနေ့ သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် "ဝါဆိုလပြည့်နေ့" ဖြစ်ပါသည်။

🌕ဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့)🌕 လေးမှာ ၇ ရက်သားသမီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ တရားဘာ၀နာများအားထုတ်နိုင်ကြပါစေကြောင်း ကျွန်တော်တို့ CDW Sinotruk Myanmar မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ...🙏

(၁၉) ဇူလိုင် မမေ့နိုင်*******************ယနေ့ကျရောက်သော ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ သောကြာနေ့သည် (၇၇)နှစ်မြောက် "...
19/07/2024

(၁၉) ဇူလိုင် မမေ့နိုင်
*******************
ယနေ့ကျရောက်သော ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ သောကြာနေ့သည် (၇၇)နှစ်မြောက် "အာဇာနည်နေ့" ဖြစ်ပါသည်။ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ကျွန်တော်တို့ Sino Truck Myanmar မှ ဝမ်းနည်းစွာ ဦးညွတ်အလေးပြုအပ်ပါသည်ခင်ဗျာ။

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ထူးမြတ်လကဆုန်"ယနေ့ မေလ (၂၂) ရက်နေ့သည် ဗုဒ္ဓဘာသာ၀င်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သ...
22/05/2024

"ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ထူးမြတ်လကဆုန်"

ယနေ့ မေလ (၂၂) ရက်နေ့သည် ဗုဒ္ဓဘာသာ၀င်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် "ကဆုန်လပြည့်နေ့" ဖြစ်ပါသည်။ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏

🙏 ဗျာဒိတ်ခံယူတော်မူသောနေ့ (ဗျာဒိတ်)
🙏 ဖွားမြင်တော်မူသောနေ့ (ဖွားမြင်)
🙏 ဘုရားဖြစ်တော်မူသောနေ့ (ဗောဓိပင်)
🙏 ပရိနိဗ္ဗာန်စံတော်မူသောနေ့ (စံ၀င်နိဗ္ဗာန်လမ်း)
ဤ ထူးခြားချက်လေးမျိုး နှင့် ပြည့်စုံသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့" ဟု အမွှန်းတင် ခေါ်ဆိုကြလေသည်။

"ကဆုန်လပြည့်နေ့ ‌ဗုဒ္ဓနေ့" လေးမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ နိုင်ငံသူ/သား များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်း ကျွန်တော်တို့ CDW Sinotruk Myanmar မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။

#ကဆုန်လပြည့်နေ့
#ညောင်ရေသွန်းပွဲတော်

"မေလ(၁)ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့"ယနေ့ကျရောက်သော ၂၀၂၄ ခုနှစ်၊ မေလ(၁) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပါသ...
01/05/2024

"မေလ(၁)ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့"

ယနေ့ကျရောက်သော ၂၀၂၄ ခုနှစ်၊ မေလ(၁) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကာယ၊ ဉာဏ အားနှင့်ဘ၀ကိုအလုပ်ဖြင့် တည်ဆောက်ကာ လောကအကျိုးသယ်ပိုးကြသော အလုပ်သမားများအားလုံး ကျန်းမာပျော်ရွှင်ပြီး အောင်မြင်သော လုပ်ငန်းခွင်များ ရရှိပိုင်ဆိုင်ကြပါ‌စေလို့ ကျွန်တော်တို့ Sino Truck- CDW မှ ဆုတောင်းမေတ္တာပို့သအပ်ရင်း အလုပ်သမားနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။


CDW

🌿💦 နှစ်သစ်ကူးအတာသင်္ကြန်ဆုတောင်း 💦🌿မြန်မာ့နှစ်သစ်ကူးသင်္ကြန်အခါသမလေးမှာ မြန်မာပြည်သူ/ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်...
13/04/2024

🌿💦 နှစ်သစ်ကူးအတာသင်္ကြန်ဆုတောင်း 💦🌿

မြန်မာ့နှစ်သစ်ကူးသင်္ကြန်အခါသမလေးမှာ မြန်မာပြည်သူ/ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် လိုအင်ဆန္ဒများပြည့်စုံပြီး စီးပွာလာဒ်လာဘများ တိုးတက်ကြပါစေကြောင်း CDW Sinotruk Myanmar မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ

#နှစ်သစ်ကူးအတာသင်္ကြန်

🌾 တောင်သူလယ်သမားနေ့ 🌾မြန်မာပြည်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ဆောင်ရာမှာ အဓိကကျတဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများကိုဂုဏ်...
02/03/2024

🌾 တောင်သူလယ်သမားနေ့ 🌾

မြန်မာပြည်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် လုပ်ဆောင်ရာမှာ အဓိကကျတဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများကိုဂုဏ်ပြုသောနေ့ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့ တွင် ကျရောက်သော "တောင်သူလယ်သမားနေ့" မှာ ကျေးဇူးရှင်တောင်သူဦးကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး တစ်နှစ်ထက်တစ်နှစ် ဆန်ရေ၊ စပါးများ ပေါကြွယ်၀ပါစေလို့ ကျွန်တော်တို့ CDW Sinotruk Myanmar မှ ဆုမွန်ကောင်းတောင်း၍ ဦးညွှတ်ဂါရ၀ ပြုအပ်ပါသည်။

's_Day
#တောင်သူလယ်သမားနေ့

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲𝟕𝟕𝐭𝐡 𝐔𝐧𝐢𝐨𝐧 𝐃𝐚𝐲 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟎𝟐𝟒၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထ...
12/02/2024

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

𝟕𝟕𝐭𝐡 𝐔𝐧𝐢𝐨𝐧 𝐃𝐚𝐲 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝟐𝟎𝟐𝟒

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့ တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား CDW Sinotruk Myanmar မှ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။


#ပြည်ထောင်စုနေ့

🎉𝑮𝒐̄𝒏𝒈 𝑿ǐ 𝑭𝒂̄ 𝑪𝒂́𝒊🎉 🧧  恭喜发财  🧧🎆𝐇𝐀𝐏𝐏𝐘 𝐂𝐇𝐈𝐍𝐄𝐒𝐄 𝐍𝐄𝐖 𝐘𝐄𝐀𝐑 𝟐𝟎𝟐𝟒 𝒀𝑬𝑨𝑹 𝑶𝑭 𝑻𝑯𝑬 𝑫𝑹𝑨𝑮𝑶𝑵 🎆🐉တရုတ်နှစ်သစ်ကူး(နဂါးနှစ်)🐉မှာ ကာစတန်မာမျ...
09/02/2024

🎉𝑮𝒐̄𝒏𝒈 𝑿ǐ 𝑭𝒂̄ 𝑪𝒂́𝒊🎉
🧧 恭喜发财 🧧

🎆𝐇𝐀𝐏𝐏𝐘 𝐂𝐇𝐈𝐍𝐄𝐒𝐄 𝐍𝐄𝐖 𝐘𝐄𝐀𝐑 𝟐𝟎𝟐𝟒
𝒀𝑬𝑨𝑹 𝑶𝑭 𝑻𝑯𝑬 𝑫𝑹𝑨𝑮𝑶𝑵 🎆

🐉တရုတ်နှစ်သစ်ကူး(နဂါးနှစ်)🐉မှာ ကာစတန်မာများအားလုံး လုပ်ငန်းစီးပွားများတိုးတက်အောင်မြင်ပြီး စီးပွားဥစ္စာဒီရေအလားတိုးတက်ကြပါစေကြောင်း ကျွန်တော်တို့ CDW Sinotruk Myanmar မှ ဆုမွန်မေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ🐲

#တရုတ်နှစ်သစ်ကူး

🇲🇨 အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပပြုလုပ်လျှက်ရှိသော 𝐒𝐡𝐚𝐧𝐝𝐨𝐧𝐠 𝐇𝐞𝐚𝐯𝐲 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 𝐆𝐫𝐨𝐮𝐩 မှ ကျင်းပသည့် 𝐒𝐢𝐧𝐨𝐭𝐫𝐮𝐤 𝐆𝐥𝐨...
23/01/2024

🇲🇨 အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပပြုလုပ်လျှက်ရှိသော 𝐒𝐡𝐚𝐧𝐝𝐨𝐧𝐠 𝐇𝐞𝐚𝐯𝐲 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 𝐆𝐫𝐨𝐮𝐩 မှ ကျင်းပသည့် 𝐒𝐢𝐧𝐨𝐭𝐫𝐮𝐤 𝐆𝐥𝐨𝐛𝐚𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 မှာ ကျွန်တော်တို့ သရဖူစိုးမြင့် ကုမ္ပဏီမှလည်း နည်းပညာအသစ်များကို ထပ်မံလေ့လာရင်း ၂၀၂၄ ခုနှစ်အတွက် Business Plan စာချုပ်သစ်ချုပ်ဆိုပြီး 𝐒𝐢𝐧𝐨𝐭𝐫𝐮𝐤 နဲ့ 𝐒𝐢𝐭𝐚𝐫𝐤 ကားများကို ရောင်းချခွင့် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို တက်ရောက်ခဲ့သည့် ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ
#သရဖူစိုးမြင့်ကုမ္ပဏီ

နှစ်သစ်မှာ ကျပ်သိန်း(၅၀) လျှော့ဈေးဖြင့် ဝယ်ယူနိုင်မယ့် လုပ်ငန်းသုံး 𝐒𝐢𝐧𝐨 𝐓𝐫𝐮𝐤 (𝐆𝐨𝐨𝐝 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐚𝐧𝐝)လူကြီးမင်းများအားလုံး မင...
08/01/2024

နှစ်သစ်မှာ ကျပ်သိန်း(၅၀) လျှော့ဈေးဖြင့် ဝယ်ယူနိုင်မယ့် လုပ်ငန်းသုံး 𝐒𝐢𝐧𝐨 𝐓𝐫𝐮𝐤 (𝐆𝐨𝐨𝐝 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐚𝐧𝐝)

လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျာ

နှစ်သစ်မှာ လုပ်ငန်းသုံး စီနို ၈ပေါက် ၃ကျင်းကား (𝐆𝐨𝐨𝐝 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐚𝐧𝐝) တစ်စီးကို ကျပ်သိန်း (၅၀)လျှော့ဈေးနဲ့ ဝယ်ယူနိုင်မယ့်ပရိုမိုးရှင်းတစ်ခု လူကြီးမင်းတို့ထံ ရောက်ရှိလာပါပြီခင်ဗျာ။

လုပ်ငန်းသုံး စီနို ၈ပေါက် ၃ကျင်းကား (𝐆𝐨𝐨𝐝 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐚𝐧𝐝)
မူရင်းဈေးနှုန်း - သိန်း ၄၉၀
ပရိုမိုးရှင်းလျော့ဈေး - သိန်း ၅၀
ပရိုမိုးရှင်းဈေးနှုန်း - သိန်း ၄၄၀ ဖြင့် ဇန်နဝါရီလကုန်အထိ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

#ပရိုမိုးရှင်းကာလ (၈.၁.၂၀၂၄ မှ ၃၁.၁.၂၀၂၄) နေ့အထိဖြစ်လို့ အမြန်ဆုံးဆက်သွယ် ဝယ်ယူလိုက်ပါခင်ဗျာ။

(ပရိုမိုးရှင်းအစီအစဉ်ကတော့ ကားလက်ကျန်ရှိသည့် အချိန်ထိသာ ဖြစ်ပါတယ်ခင်ဗျာ။)

အခုလိုအချိန်ကာလမှာ လုပ်ငန်းသုံး မြေသယ်ကားအသစ် ဝယ်ယူဖို့ စရိတ်များလွန်းတာကြောင့် ပရိုမိုးရှင်းလျှော့ဈေးလည်းရှိပြီး ကားအမျိုးအစားလည်းကောင်းတဲ့ ၈ပေါက် ၃ကျင်းကား 𝐒𝐢𝐧𝐨 𝐓𝐫𝐮𝐤(𝐆𝐨𝐨𝐝 𝐒𝐞𝐜𝐨𝐧𝐝 𝐇𝐚𝐧𝐝) ကို ဝယ်ယူကြဖို့ လူကြီးမင်းတို့ကို အကြံပြုပါရစေခင်ဗျာ။ ပုံမှာပြထားတဲ့အတိုင်း ကားတစ်စီးလုံး အတိုင်းအတာနဲ့ အင်ဂျင်ပိုင်း၊ ခေါင်းခန်းပိုင်း၊ ဘော်ဒီပိုင်းများက အသစ်နီးပါး ကောင်းမွန်ဆဲပါဗျ။ စိတ်ဝင်စားပါက ကိုယ်တိုင်လာရောက် စမ်းသပ်မောင်းနှင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

လူကြီးမင်းတို့က ကားများကို စိတ်ဝင်စားလို့ ဝယ်ယူလိုပါက (သို့) အသေးစိတ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းဝယ်ယူနိုင်သလို သရဖူစိုးမြင့်အရောင်းပြခန်းမှာလည်း လာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

👉ရန်ကုန်ရုံးချုပ်- အမှတ်(၂၂) မလိခလမ်း၊ လှိုင်သာယာ၊ ရွှေသံလွင်စက်မှုဇုန်၊ 𝐁𝐎𝐂 အဝိုင်းအနီး။ (𝐓𝐡𝐚𝐫𝐚𝐩𝐡𝐮 𝐒𝐨𝐞 𝐌𝐲𝐢𝐧𝐭 𝐆𝐫𝐨𝐮𝐩 𝐨𝐟 𝐂𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬)

👉ရန်ကုန်အရောင်းပြခန်းလိပ်စာ - အမှတ် ၃၈၆/ ၃၈၇၊ အမှတ်(၃) လမ်းမကြီး ၊ ပတ္တမြားမှတ်တိုင်အနီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟒𝟒𝟒 𝟓𝟓𝟓 𝟏𝟐𝟒
𝟎𝟗 𝟒𝟐𝟓 𝟕𝟓𝟒 𝟏𝟗𝟐

👉မန္တလေးအရောင်းပြခန်းလိပ်စာ - စက်မှု (၁) ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ၇၈လမ်း နှင့် ယောမင်းကြီး ၁၃၅ လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။
𝐏𝐡𝐨𝐧𝐞 - 𝟎𝟗 𝟒𝟐𝟓𝟕𝟓𝟒𝟐𝟎𝟒
𝟎𝟗 𝟒𝟐𝟓𝟕𝟓𝟒𝟐𝟎𝟐
𝟎𝟗 𝟒𝟓𝟕𝟕𝟗𝟗𝟗𝟑𝟑

🇲🇲 လွတ်လပ်ရေးနေ့ တို့မမေ့ 🇲🇲၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အား မြန်မာပြည်...
04/01/2024

🇲🇲 လွတ်လပ်ရေးနေ့ တို့မမေ့ 🇲🇲

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အား မြန်မာပြည်သူ၊ ပြည်သား အားလုံးနှင့်အတူ CDW Sinotruk Myanmar မှကြိုဆိုဂုဏ်ပြုအပ်ပါသည်။🙏

#လွတ်လပ်ရေးနေ့

🎉🎇 HAPPY NEW YEAR 2024 🎇 🎉မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေခင်ဗျာ။CDW Sinotruk Myanmar ကို အမြဲအားပေးချစ်ခင်ကြတဲ့ ချစ်မိတ...
31/12/2023

🎉🎇 HAPPY NEW YEAR 2024 🎇 🎉

မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေခင်ဗျာ။

CDW Sinotruk Myanmar ကို အမြဲအားပေးချစ်ခင်ကြတဲ့ ချစ်မိတ်ဆွေများအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စီးပွားလာဒ်လာဘများ နေ့စဉ်အမျှ ဒီရေအလား တိုးတက်ကြီးပွားကြပါစေကြောင်း CDW Sinotruk Myanmar မှ လှိုက်လှိုက်လှဲလှဲ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


Address

No 386/387, No (3) Main Road, Mingalardon Township
Yangon
09-425754192/09-425754197

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959444477811

Website

Alerts

Be the first to know and let us send you an email when CDW Sinotruk Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CDW Sinotruk Myanmar:

Share

Category