27/06/2023
ွေ_ဘာကြောင့်_ခဏခဏ_ပြတ်တာလဲ 🤔
🔺Heat တက်ထားသော အင်ဂျင် တစ်လုံးမှာ
ကြုံဖူးပါတယ်။
🔺ဟက်ပဲ ခွာပြီး မျက်နှာပြင်သနဲ့ လိုအပ်တာတွေ
လုပ်ပြီး ပြန်လည် တပ်ဆင်ပြီး အုပ်ကြည့်လိုက်တယ်။💁♂️
ပထမတော့ ဟုတ်နေတာပဲ
ရေဆူ ရေမှုတ်မရှိလုံးဝ မရှိပါဘူး။ 🙅♂️
သို့ပေမယ့် နှစ်လလောက် အကြာမှာတော့
ဂတ်စကက် ပြတ်သွားပြန်တယ်။ 🤦♂️🤦♂️
နောက် ဂတ်စကက် ထပ်လဲတယ် သိပ်မကြာဘူး
အဲ့လိုပဲ ဂတ်စကက် ထပ်ပြီးပြတ်ပြန်တယ်။🤦♂️🤦♂️
အဲ့ဒါနဲ့ မေးမြန်းကြည့် တော့ အင်ဂျင် မျက်နှာပြင်ရော စစ်သေးလားလို့ မေးကြည့်လိုက်တဲ့အခါ
မစစ်မိဘူးလို့ သိရပါတယ်။💁♂️🤦♂️
ဒါဆို ဖြစ်နိုင်ခြေက အင်ဂျင် မျက်နှာပြင် လိမ်ဖို့
များပါတယ်။
🔺အင်ဂျင် ရောက်လာတဲ့အခါ စစ်ဆေး ကြည့်လိုက်တော့ မျက်နှာက သတ်မှတ်ထားတဲ့ Limit ထက်
ကျော်လွန်ပြီး လိမ်နေတာ တွေ့ရပါတယ်။
အင်ဂျင် မျက်နှာပြင်ကို ညီသွားအောင်သပေးပြီး ပြန်လည် တပ်ဆင် သုံးကြည့်ခိုင်းလိုက်တော့
၂ လအကြာမှာ Heat က ပုံမှန်ဖြစ်သွားပြီး
အရုန်းအဆွဲလည်း ပြန်လည် ကောင်းမွန်လာတယ်တဲ့။
အင်ဂျင်က အခုမှ လုံသွားတာကြောင့်ပါ
မျက်နှာ ပြင်က နည်းနည်း လွတ်နေတဲ့အခါကျတော့
ဂတ်စကက်က အင်ဂျင်ရဲ့ Combustion နဲ့ ခဏခဏအတိုးခံရပြီး ဂတ်စကက်ပြတ်သွားတာပါ။
ဒါကတော့ Gasket ခဏခဏပြတ်တဲ့
အင်ဂျင်မှာကြုံဖူးတဲ့ အတွေ့အကြူံလေးပါ။
စာဖတ်သူမိတ်ဆွေများနှင့် စက်ပြင်ဆရာများ
အားလုံးကို အစဉ်လေးစားလျက်...✍✍✍
Credit_Ko Thein Zaw (MESR)
မူရင်းရေးသားသူအားလေးစားစွာဖြင့်