John Deere - Capital Automotive Ltd, Myanmar

Call Directions Website Contact the business

John Deere - Capital Automotive Ltd, Myanmar Authorized John Deere Dealer in Myanmar.

30/09/2026

🚜 John Deere 5045D အား လက်တွေ့မောင်းနှင်ပြသခြင်း! 💚

ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တောင်သူဦးကြီးများနှင့်အတူ John Deere 5045D Tractor Demonstration ပြုလုပ်စဥ်က မောင်းနှင်ပြသမှုတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ 🌱

လက်တွေ့မောင်းနှင်မှု၊ စွမ်းဆောင်ရည်နဲ့ လယ်ယာလုပ်ငန်းခွင်အတွေ့အကြုံများကို အတူတကွ လေ့လာခဲ့ကြပါတယ်။ 🚜💪

💚 John Deere – တောင်သူတို့နဲ့အတူ ရှေ့ဆက်မယ်။

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🍃တဖြည်းဖြည်းဆုတ်ခွာလာတဲ့ မုတ်သုန်လေနဲ့အတူ မကြာခင်ရောက်ရှိလာတော့မယ့် မိုးနှောင်းစိုက်ပျိုးရေးအတွက် အရေးအကြီးဆုံးကတော့ အချ...
28/09/2026

🍃တဖြည်းဖြည်းဆုတ်ခွာလာတဲ့ မုတ်သုန်လေနဲ့အတူ မကြာခင်ရောက်ရှိလာတော့မယ့် မိုးနှောင်းစိုက်ပျိုးရေးအတွက် အရေးအကြီးဆုံးကတော့ အချိန်မီမြေပြင်ဆင်နိုင်ရေးပါပဲ။ မိုးနှောင်းကာလဟာ ရေနဲ့ မြေအစိုဓာတ်အတွက် စိန်ခေါ်မှုကြီးမားပြီး စိုက်ပျိုးချိန်ကန့်သတ်ထားတဲ့ စိုက်ရာသီဖြစ်တဲ့အပြင် စိုက်ချိန်နောက်ကျသွားတဲ့အခါ သီးနှံအထွက်နှုန်းကိုပါ တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။

ဒီရာသီမှာ တောင်သူတို့အတွက် တန်ဖိုးအကြီးဆုံးဖြစ်တဲ့ စိုက်ပျိုးချိန်ကို အကောင်းဆုံးလုပ်အားနှုန်းနဲ့ ဖြည့်ဆည်းပေးမှာကတော့ John Deere 5075E ထွန်စက်တွေပဲဖြစ်ပါတယ်။

⚙️ မြင်ကောင်ရေ (၇၅)ကောင်ရှိတဲ့ အင်ဂျင်ရဲ့ရုန်းအား
⛽ ဆီစားနှုန်းသက်သာတဲ့ ဂျွန်ဒီးယားရဲ့ 3029 တာဘိုအင်ဂျင်
⏱️၂၄နာရီလုံးလုံး မရပ်မနား မောင်းနှင်နိုင်မယ့် အင်ဂျင်အအေးပေးတဲ့စနစ်
🕹️ ရှေ့ဂီယာ (၉)ချက် ၊ နောက်ဂီယာ (၃)ချက်နဲ့ အကောင်းဆုံးဂီယာစနစ်
🛑 စက်အရှိန်ကို တိကျစွာနဲ့ အန္တရာယ်ကင်းစေမယ့် ဟိုက်‌ဒရောလစ်ဆီမြှုပ် Disc Brake
🦾 (၂)လုံးတွဲ Hydraulic pump ကြောင့် စတီယာရင်နဲ့ ဝန်အတင်အချကို တပြိုင်တည်း အသုံးပြုနိုင်ခြင်းတွေကြောင့်..
ဂျွန်ဒီးယားရဲ့ 5075E ထွန်စက်နဲ့သာဆိုရင် အချိန်နဲ့တစ်ပြေးညီလုပ်ရတဲ့ စိုက်ပျိုးရေးပုံစံတွေအတွက် လုပ်ငန်းကို သိသိသာသာတွင်ကျယ်စေပါတယ်။

ဒါ့အပြင် မတူညီတဲ့ ဆက်စပ်ကိရိယာများစွာနဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ကိုယ်ပိုင် စိုက်ခင်းအတွက် သာမက တခြားစိုက်ခင်းတွေကိုပါ အငှားလိုက်ပြီး ငွေဖော်လို့ရတဲ့ ဘက်စုံသုံး လက်ကုန်သုံး အကြမ်းခံလွန်းတဲ့ ထွန်စက်အမျိုးအစားပဲ ဖြစ်ပါတယ်။

စိုက်ပျိုးမြေနေရာတွေကို ကုန်း/ရေ/တောင်တက်/တောင်စောင်းမရွေးပဲ အသုံးပြုနိုင်ပြီး Standard mode နဲ့ ဆီစားသက်သာစေတဲ့ Eco mode အမျိုးအစားကိုပါ (၂)မျိုးအသုံးပြုနိုင်တဲ့ John Deere 5075E ထွန်စက်တွေဟာ မိုးနှောင်းကာလရဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ စိုက်ပျိုးနှုန်းကို အရှိန်နှစ်ဆတင်ပေးပြီး တောင်သူမိတ်ဆွေတို့ကို သေချာပေါက်အကျိုးဖြစ်ထွန်းစေမှာ အသေအချာပါပဲနော် 🚜🌦️

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ်_ အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217693, 09 949217690

📌 မန္တလေးရုံးခွဲ_အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞 09949217695

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား #မိုးနှောင်းစိုက်ပျိုးရေး

🔔(၁၀) ရက်သာ ကျန်တော့တယ်🎉John Deere နဲ့ဆိုရင် သိန်း (၄၈၀) ဝန်းကျင် သုံးလိုက်ရုံနဲ့ ကိုယ့်ရဲ့ စိုက်ပျိုးရေးကို နောက်တစ်ဆင့...
21/09/2026

🔔(၁၀) ရက်သာ ကျန်တော့တယ်🎉

John Deere နဲ့ဆိုရင် သိန်း (၄၈၀) ဝန်းကျင် သုံးလိုက်ရုံနဲ့ ကိုယ့်ရဲ့ စိုက်ပျိုးရေးကို နောက်တစ်ဆင့်မြှင့်တင်နိုင်ပြီနော်‼️

John Deere 5045D ထွန်စက်တွေကို ကနဦးသွင်းငွေ သိန်း (၄၈၀) ဝန်းကျင်ပေးသွင်းရုံနဲ့ လက်ဝယ်ပိုင်ဆိုင်သွားနိုင်မယ့် အခွင့်အရေးကြီးကို စက်တင်ဘာလကုန်တဲ့အထိ အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

အစောဆုံးဝယ်ယူတဲ့ အစီးရေး (၃)စီးမှာသာ ဒီပရိုမိုးရှင်းကို ခံစားရရှိနိုင်မှာဖြစ်ပြီး..
John Deere 5045D ထွန်စက် + ရှေ့ဂေါ် + နောက်ဗန်း အစုံလိုက်ရရှိသွားမှာဖြစ်တဲ့အတွက် နှစ်ခါပြန်စဉ်းစားစရာမလိုတဲ့ ဒီလိုအထူးအခွင့်အရေးကြီးကို လုံးဝလက်လွှတ်မခံပဲ အမြန်ဆုံးဝယ်ယူကာ အကောင်းဆုံးရင်းနှိးမြှုပ်နှံလိုက်ဖို့ တောင်သူမိတ်ဆွေတို့ကို တိုက်တွန်းလိုက်ရပါတယ်နော် 🚜✨

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ်_ အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217693, 09 949217690

📌 မန္တလေးရုံးခွဲ_အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞 09949217695

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

John Deere နဲ့ လက်တွဲပြီး စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်နေကြတဲ့ တောင်သူတို့ရဲ့ ထွန်စက်တွေအတွက် ပြုပြင်ထိန်းသိမ်းမှုတွေ လိ...
17/09/2026

John Deere နဲ့ လက်တွဲပြီး စိုက်ပျိုးရေးကဏ္ဍကို ချဲ့ထွင်နေကြတဲ့ တောင်သူတို့ရဲ့ ထွန်စက်တွေအတွက် ပြုပြင်ထိန်းသိမ်းမှုတွေ လိုအပ်လာတဲ့အခါ John Deere Service Team ရဲ့ စိတ်ချယုံကြည်ရတဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေ ရယူနိုင်ပါပြီ။

🛠️တာဝန်ယူတာဝန်ခံမှုအပြည့်ရှိတဲ့ John Deere Service Team အနေနဲ့ Service ပြီးစီးသွားတဲ့နေ့မှ (၁၅) ရက်အတွင်း လက်ရာပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်စုံတရာ ဖြစ်ပေါ်ခဲ့တယ်ဆိုရင် အခမဲ့ ပြန်လည်ပြုပြင်ပေးလျက်ရှိပါတယ်။

⚙️အပိုပစ္စည်းများကိုလည်း ဝယ်ယူတဲ့နေ့မှ ရက်(၃၀)အထိ အာမခံပြီးရောင်းချပေးလျက်ရှိကာ Electrical System နှင့် Fuel System ပိုင်းဆိုင်ရာတွေကတော့ Warranty မှာအကျုံးမဝင်ပါဘူးနော်။

John Deere ရဲ့ အာမခံစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အခြေအနေတွေကတော့..
⚠️ ယာဉ်အသုံးပြုမှု မှားယွင်းခြင်း
⚠️ ယာဉ်မတော်တဆမှု
⚠️ခွင့်ပြုချက်မရှိဘဲ ပြုပြင်ခြင်း
⚠️ရေဘေး၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်များနှင့်
⚠️ပုံမှန်အသုံးပြုရင်း ဖြစ်ပေါ်သော ဟောင်းနွမ်းပျက်စီးမှုများပဲဖြစ်ပြီး..
ဒီအချက်တွေကြောင့်မဟုတ်တဲ့ အခြေအနေတိုင်းအတွက် John Deere မှ စိတ်အချရဆုံးဝန်ဆောင်မှုတွေကို ရယူနိုင်ပါတယ်။

တောင်သူမိတ်ဆွေတို့အတွက် အားထားရပြီး တန်ဖိုးလည်းကြီးမားတဲ့ ဂျွန်ဒီးယားထွန်စက်တွေကို John Deere Service နဲ့ အကောင်းဆုံးပြုပြင်ထိန်းသိမ်းပြီး ရာသီမရွေး ရေရှည်အသုံးပြုစိုက်ပျိုးလိုက်ကြမယ်နော် 🚜🌱

☎️ အသေးစိတ်ဆက်သွယ်ရန်
📌 ရန်ကုန်ရုံးချုပ် အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217670, 09 949217673
📌 မန္တလေးရုံးခွဲ အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞 09 949217674, 09 949217675
📌 ဟဲဟိုး (ရှမ်းတောင်) 📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား #ထွန်စက်

🌧️အခုလို မိုးများတဲ့ကာလတွေမှာတော့ ရေနက်စိုက်ကွင်းတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုလို့ ဆိုနိုင်ပ...
14/09/2026

🌧️အခုလို မိုးများတဲ့ကာလတွေမှာတော့ ရေနက်စိုက်ကွင်းတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုလို့ ဆိုနိုင်ပါတယ်။ ရေနက်စိုက်ကွင်းတွေဟာ ရွှံမြေနဲ့ ရေအနက်မြင့်ခြင်းတွေကြောင့် တောင်သူတို့အတွက် စိုက်ပျိုးရခက်ခဲတဲ့စိုက်ကွက်အမျိုးအစားပဲဖြစ်ပါတယ်။

ဒီလိုစိန်ခေါ်မှုများပြားတဲ့ ရေနက်စိုက်ကွင်းတွေရဲ့ အခက်အခဲတွေကို အရုန်းအဆွဲကောင်းပြီး လုပ်အားနှုန်းကောင်းကောင်းပေးနိုင်တဲ့ John Deere 5045D ထွန်စက်တွေက ဖြေရှင်းပေးနိုင်ပါတယ်။

John Deere 5045D ထွန်စက်တွေဟာ မြင်းကောင်ရေ (၄၅)ကောင်ရှိတဲ့ ဂျွန်ဒီးယားအင်ဂျင်အပြင် အင်ဂျင်အအေးပေးစနစ်ကို တပ်ဆင်အသုံးပြုထားတာကြောင့် (၂၄)နာရီလုံးလုံး မရပ်မနား မောင်းနှင်အသုံးပြုနိုင်ပြီး မြေပြင်နဲ့ စက်ရဲ့ အကွာအဝေးမြင့်တာကြောင့်လည်း ရေနက်စိုက်ကွင်းတွေမှာ အကောင်းဆုံးအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင်..

⛽ဆီစားနှုန်းသက်သာခြင်း
🦾အကြမ်းခံပြီး ဝန်အားကောင်းခြင်း
🛠️ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း
🌱ရွှံနွံ၊ ရေနက်၊ တောင်ကုန်း၊ တောင်စောင်း လယ်မြေမရွေး ထွန်ယက်စိုက်ပျိုးနိုင်ခြင်းတွေဟာ တောင်သူတိုင်းက အားထားရတဲ့ John Deere 5045D ထွန်စက်ရဲ့ အားသာချက်တွေပါပဲ။

👉အစိုထယ်ရေး၊ အမာထယ်ရေး မရွေးပဲ ရေနက်တဲ့ လယ်ကွင်းတွေမှာ မောင်းနှင်တဲ့အခါမှာလည်း ဂျွန်ဒီးယားရဲ့ PTO စနစ်ကြောင့် အနှေး/အမြန် (၂)မျိုးကို လိုသလို အသုံးပြုနိုင်တာကြောင့် လုပ်ငန်းတွင်လွန်းပြီး အသုံးပြုနေကြတဲ့ တောင်သူများက "ရေဘုရင်"လို့ တင်စားခေါ်ဝေါ်ကြတဲ့အထိပါပဲ။

ရေနက်စိုက်ကွင်းတွေသာမက စိုက်ကွင်းစိုက်ကွက်အစုံမှာ အကောင်းဆုံးထွန်ယက်စိုက်ပျိုးပေးနိုင်တဲ့ John Deere 5045D ထွန်စက်တွေကို အခုအချိန်မှာ အရစ်ကျစနစ်နဲ့ ပိုင်ဆိုင်နိုင်မယ့် Promotion ကြီးလည်းရှိနေတာကြောင့် တောင်သူတို့အနေနဲ့ အမြန်ဆုံး စုံစမ်းဝယ်ယူပြီး John Deere နဲ့အတူ အောင်မြင်ဖြစ်ထွန်းတဲ့ စိုက်ပျိုးရာသီတစ်ခုကို ပိုင်ဆိုင်လိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော် 🚜✨

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ်_ အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217693, 09 949217690

📌 မန္တလေးရုံးခွဲ_အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞 09949217695

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား #ရေနက်စိုက်ကွင်း #ထွန်စက်

✨John Deere မှာ ဘယ်အပိုပစ္စည်းပဲဝယ်ဝယ် 5% Discount လျှော့ဈေးရရှိမယ့် အထူးအခွင့်အရေး✨ တောင်သူမိတ်ဆွေတို့အနေနဲ့ John Deere...
08/09/2026

✨John Deere မှာ ဘယ်အပိုပစ္စည်းပဲဝယ်ဝယ် 5% Discount လျှော့ဈေးရရှိမယ့် အထူးအခွင့်အရေး✨

တောင်သူမိတ်ဆွေတို့အနေနဲ့ John Deere မှာ အပိုပစ္စည်းတွေ လာရောက်ဝယ်ယူတဲ့အခါ ကိုယ်ဝယ်ယူထားတဲ့ John Deere ထွန်စက်ရဲ့ Serial number နှင့် ဝယ်ယူစဉ်က ဖြည့်သွင်းခဲ့တဲ့ ကိုယ့်ရဲ့ ဖုန်းနံပတ်၊ နေရပ်လိပ်စာစတဲ့ Information တွေကို ပေးလိုက်ရုံနဲ့ ဝယ်ယူသမျှ အပိုပစ္စည်းများအတွက် "၅% အထူးလျှော့ဈေး" ကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်...

ဒီပရိုမိုးရှင်းကို John Deere ရုံးခွဲတိုင်းမှာ ရရှိနိုင်မှာဖြစ်လို့ John Deere မှာ အပိုပစ္စည်းတွေ ဝယ်ယူတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ အချက်အလက်လေးတွေကို မမေ့မလျော့ ယူလာပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ...

ကိုယ်လိုအပ်တဲ့ အပိုပစ္စည်းတွေနဲ့ ဝန်ဆောင်မှုအားလုံးအတွက် သိလိုသမျှကိုလည်း John Deere ကို ရုံးချိန်အတွင်း ဖုန်းနဲ့ဖြစ်စေ Messenger မှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 🚜🌱...

(ℹ️မှတ်ချက် - လျှော့ဈေးအစီအစဥ်တွင် Lubricant မပါဝင်ပါ)

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ် (အပိုပစ္စည်းဌာန)
📞 09 949217670, 09 949217673

📌 မန္တလေးရုံးခွဲ (အပိုပစ္စည်းဌာန)
📞 09 949217674, 09 949217675

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🚜 John Deere 5045D ထွန်စက်ကို ကျပ်သိန်း (၄၈၀)ဝန်းကျင်ရှိရုံနဲ့ လက်ဝယ်ပိုင်ဆိုင်နိုင်မယ့် အထူးအခွင့်အရေးကြီး 📢✨🌧️❄️မိုး‌န...
01/09/2026

🚜 John Deere 5045D ထွန်စက်ကို ကျပ်သိန်း (၄၈၀)ဝန်းကျင်ရှိရုံနဲ့ လက်ဝယ်ပိုင်ဆိုင်နိုင်မယ့် အထူးအခွင့်အရေးကြီး 📢✨

🌧️❄️မိုး‌နှောင်းရာသီအပြီး ဆောင်းထယ်ရေးလုပ်ငန်းခွင်အချိန်မီ မြင်းကောင်ရေ (၄၅)ကောင် ရုန်းအားနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်အားနှုန်းအပြည့်သုံးနိုင်တဲ့ John Deere 5045D ထွန်စက်အုပ်စုံကို ကနဦးပေးသွင်းငွေ (၄၈၀) ဝန်းကျင်ပေးသွင်းရုံနဲ့ အရစ်ကျစနစ်ဖြင့် ပိုင်ဆိုင်ရရှိနိုင်ပါပြီ...

🚜ဂျွန်ဒီးယားရဲ့ 5045D ထွန်စက်အပြင် ‌ရှေ့ဂေါ်၊ နောက်ဗန်း အားလုံးကိုပါ အစုံလိုက်ရရှိသွားမှာဖြစ်တဲ့ ဒီလိုအထူးအခွင့်အရေးကြီးကို..
⌛(၁.၉.၂၀၂၆) ရက်နေ့မှ (၃၀.၉.၂၀၂၆) ရက်နေ့အထိ စက်တင်ဘာတစ်လတည်းမှာပဲ ရရှိနိုင်မှာဖြစ်ပြီး ပထမဆုံးဝယ်ယူမယ့် အစီးရေ (၃)စီးအတွက်သာ ပရိုမိုးရှင်းခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်...

ဒါကြောင့် တောင်သူမိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကို အအောင်မြင်ဆုံးချဲ့ထွင်ဖို့အတွက် John Deere 5045D ထွန်စက်ကို ငွေတလုံးတခဲသုံးစရာမလိုပဲ ပိုင်ဆိုင်နိုင်မယ့် ဒီအခွင့်အရေးကို လုံးဝလက်လွှတ်မခံပဲ အမြန်ဆုံးဆက်သွယ်ဝယ်ယူလိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် 🚜✅

☎️ အသေးစိတ်ဆက်သွယ်ရန်
📌 ရန်ကုန်ရုံးချုပ်
အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217693, 09 949217690
📌 မန္တလေးရုံးခွဲ
အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞09949217695
📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

တောင်သူဦးကြီးများအနေနဲ့ လယ်ယာစိုက်ကွင်းထဲမှာ ထွန်စက်တွေ အဆင်ပြေပြေ မောင်းနှင်နိုင်ဖို့ မကြာခဏ စစ်ဆေးလေ့ ရှိကြပေမယ့် မျက်...
31/08/2026

တောင်သူဦးကြီးများအနေနဲ့ လယ်ယာစိုက်ကွင်းထဲမှာ ထွန်စက်တွေ အဆင်ပြေပြေ မောင်းနှင်နိုင်ဖို့ မကြာခဏ စစ်ဆေးလေ့ ရှိကြပေမယ့် မျက်လုံးနဲ့ မမြင်ရတဲ့ အင်ဂျင်အတွင်းပိုင်းက သတ်မှတ် မောင်းနှင်နာရီ ပြည့်သွားတဲ့ အပိုပစ္စည်းအချို့ကိုတော့ သတိမမူဘဲ ဆက်လက် အသုံးပြုနေမိတတ်ကြပါတယ်နော်...

👉ဒါကြောင့် ဦးကြီးတို့ရဲ့ ဂျွန်ဒီးယားထွန်စက်တွေ ရေရှည်ကြံ့ခိုင်ပြီး စွမ်းအားပြည့် ရုန်းကန်နိုင်ဖို့အတွက် မောင်းနှင်နာရီအလိုက် လဲလှယ်/စစ်ဆေးရမှာတွေကတော့..
⏰ နာရီ ၂၅၀ ပြည့်တိုင်း ဒီဇယ်ဆီစစ် ဖစ်တာ (Fuel Filter) ကို လဲလှယ်ပေးခြင်း
⏰ နာရီ ၂၅၀ ပြည့်တိုင်း အင်ဂျင်ဝိုင် ဖစ်တာ (Engine Oil Filter) ကိုလည်း လဲလှယ်ပေးခြင်း
⏰ နာရီ ၅၀၀ ပြည့်တိုင်း ဟိုက်ဒရောလစ်ဆီ ဖစ်တာ (Hydraulic Oil Filter) ကို လဲလှယ်ပေးခြင်း
⏰ နာရီ ၁၀၀၀ ပြည့်တိုင်း အပြင်လေစစ် (Outer Air Filter) ကို လဲလှယ်ပေးခြင်း
⏰ နာရီ ၂၀၀၀ ပြည့်တိုင်း အတွင်းလေစစ် (Inner Air Filter) ကို လဲလှယ်ပေးခြင်း
⏰ နေ့စဉ် မောင်းနှင်နာရီ ၂၀ တိုင်းမှာ ထွန်စက်ရဲ့ အဆစ်အဆက်များတွင် အမဲဆီပုံမှန်ထိုးပေးခြင်း အစရှိတာတွေကို ပုံမှန်စစ်ဆေးပေးမယ်ဆိုရင် ရာသီမီ စိုက်ပျိုးချိန်များတွင် ထွန်စက်များ ရုတ်တရက် ရပ်နားခြင်း မရှိဘဲ အရှိန်မပျက် မောင်းနှင်နိုင်သလို ထွန်စက်ရဲ့ အင်ဂျင်သက်တမ်းကို ပိုမို ရှည်ကြာစေပြီး မူလ စွမ်းဆောင်ရည်အတိုင်း ရုန်းအားကောင်းမွန်စေမှာပဲဖြစ်ပါတယ်...

ဒါ့ကြောင့် ဂျွန်ဒီးယား ထွန်စက်များကို အသစ်အတိုင်း စွမ်းအားပြည့် မောင်းနှင်အသုံးပြုနိုင်ဖို့အတွက် ဂျွန်ဒီးယား မူရင်းအပိုပစ္စည်း (Genuine Parts) များကို သတ်မှတ်ချိန်အတွင်း အချိန်မီ လဲလှယ်/စစ်ဆေး သုံးစွဲကြဖို့ တိုက်တွန်းလိုက်ပါရစေနော်...

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ် အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ 📞 09 949217670, 09 949217673

📌 မန္တလေးရုံးခွဲ အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။ 📞 09 949217674, 09 949217675

📌 ဟဲဟိုး (ရှမ်းတောင်) 📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🧑‍🌾🌾တောင်သူမိတ်‌ဆွေများအနေနဲ့ သီးနှံတစ်မျိုးတည်း မဟုတ်ဘဲ ရာသီအလိုက် သီးထပ်သီးညှပ် စိုက်ပျိုးတာ၊ လယ်မြေအပြင် ကုန်းမြေနဲ့ ...
27/08/2026

🧑‍🌾🌾တောင်သူမိတ်‌ဆွေများအနေနဲ့ သီးနှံတစ်မျိုးတည်း မဟုတ်ဘဲ ရာသီအလိုက် သီးထပ်သီးညှပ် စိုက်ပျိုးတာ၊ လယ်မြေအပြင် ကုန်းမြေနဲ့ တောင်ယာစိုက်ခင်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာကြတဲ့အခါ အလုပ်တိုင်းကို ရုန်းအားကောင်း အကြမ်းခံ ဆောင်ရွက်ပေးနိုင်မယ့် စွမ်းအားမြင့် ထွန်စက်တွေကို ပိုမိုလိုအပ်လာမှာပါ...

🚜မြင်းကောင်ရေ ၇၅ကောင် စွမ်းအား အပြည့်ပါဝင်တဲ့ ဂျွန်ဒီးယား 5075E ထွန်စက်ဟာဆိုရင် ဘယ်လို မြေမျက်နှာသွင်ပြင်မျိုး၊ ဘယ်လို စိုက်ပျိုးရေး ရာသီမှာမဆို လယ်ယာလုပ်ငန်းခွင်အရှိန်မပျက် စွမ်းအားပြည့် မောင်းနှင်ပေးနိုင်ရခြင်း အကြောင်းရင်းများကတော့...

⭐ အင်ဂျင်ရုန်းအား မြင့်မားစွာ ပါဝင်သောကြောင့် လယ်ယာပြင်ဆင်ချိန်၊ ရိုးပြတ်ထွန်ယက်ချိန်များသာမက ကုန်းမြေ၊ တောင်ယာနှင့် သိုင်းမြေမာများတွင်ပါ အလုပ်တွင်ကျယ်စွာ မောင်းနှင်ခိုင်းစေနိုင်ခြင်း

⭐ စပါး၊ ပြောင်း၊ ကြံ၊ ပဲ အစရှိတဲ့ သီးနှံမျိုးစုံ စိုက်ပျိုးရေးအတွက် ရိုတာရီ၊ ထွန်စက်တွဲယာဉ်များနှင့် နောက်တွဲကိရိယာ အမျိုးမျိုးကို သက်တောင့်သက်သာ တပ်ဆင်အသုံးပြုနိုင်ခြင်း

⭐ လေးလံသော စိုက်ပျိုးရေးကိရိယာများကို အလွယ်တကူ မြှောက်တင်နိုင်ပြီး ဘရိတ်နှင့် ဂီယာစနစ်များ ကြံ့ခိုင်မှုကြောင့် စက်ရပ်နားချိန်မလိုဘဲ တစ်နေကုန် အားစိုက်မောင်းနှင်နိုင်ခြင်း

ဒါကြောင့် ရာသီမရွေး၊ သီးနှံမရွေး စိုက်ပျိုးရေး လုပ်ငန်းခွင်အမျိုးမျိုးမှာ စွမ်းအားပြည့် အလုပ်လုပ်ပေးနိုင်မယ့် ဂျွန်ဒီးယား 5075E ထွန်စက်နဲ့အတူ လူကြီးမင်းတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့မောင်းနှင်ချင်တယ်ဆိုရင်တော့ နီးစပ်ရာ ဂျွန်ဒီးယား အရောင်းပြခန်းကြီးများမှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်...

☎️ အသေးစိတ်ဆက်သွယ်ရန်

📌 ရန်ကုန်ရုံးချုပ်
အမှတ် ၉၉၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ ရွှေသံလွင်စက်မှုဇုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
📞 09 949217693, 09 949217690

📌 မန္တလေးရုံးခွဲ
အမှတ် (G1-B2)၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား၊ စက်မှုဇုန်(၁)၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
📞09949217695

📌 ဟဲဟိုး (ရှမ်းတောင်)
📞 09-949217694

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

🚜ထွန်စက်တစ်စီး ဝယ်ယူတဲ့အခါ ရင်းနှီးမြှုပ်နှံမှုများတာမို့လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူဦးကြီးတို့အနေနဲ့ ထွန်စက်ကြ...
24/08/2026

🚜ထွန်စက်တစ်စီး ဝယ်ယူတဲ့အခါ ရင်းနှီးမြှုပ်နှံမှုများတာမို့လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူဦးကြီးတို့အနေနဲ့ ထွန်စက်ကြီးတွေကို စွမ်းအားအပြည့်နဲ့ ရေရှည်သုံးနိုင်မယ့် ထိန်းသိမ်းနည်းတွေကို သိထားဖို့ အရမ်းအရေးကြီးပါတယ်နော်...

စက်က ပုံမှန်လည်ပတ်နေပေမဲ့ အတွင်းထဲမှာ စက်ဆီခမ်းတာ၊ သံချေးတက်တာနဲ့ ဖုန်ပိတ်တာတွေက တဖြည်းဖြည်း ဖြစ်နေတတ်ပါတယ်။ "မပျက်မချင်း မပြင်ဘူး" ဆိုပြီး ဒီအတိုင်း သုံးနေမယ်ဆိုရင် စပါးပေါ်ချိန်၊ ထွန်ယက်ချိန်ကျမှ စက်က ကောက်ခါငင်ကာ ရပ်သွားပြီး ရာသီအမီ လယ်မထွန်နိုင်ဘဲ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်...

ဒါကြောင့်မို့လို့ စက်မနှိုးခင် ပုံမှန် စစ်ဆေးပေးရမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို တောင်သူတို့ အကျိုးရှိစေဖို့ မျှဝေပေးလိုက်ပါတယ်...
✅ စက်မနှိုးခင် အင်ဂျင်ဝိုင် အမှတ်အသားကို ဆွဲကြည့်ပြီး ဆီလျော့နေသလား၊ မည်းညစ်နေသလားဆိုတာ ပုံမှန် စစ်ပေးပါ။
✅ ရေတိုင်ကီထဲမှာ ရေ (Coolant) အလုံအလောက် ရှိ၊ မရှိ စစ်ဆေးပါ။
✅ လေစစ် (Air Filter) ထဲ ဖုန်တွေ ပိတ်နေပါက ခါပေးပါ။ စိုက်ပျိုးရေးကွင်းထဲက ဖုန်အရမ်းထူတာမို့လို့ အင်ဂျင်သက်တမ်းအပြည့်သုံးနိုင်ဖို့အတွက်ဆိုရင် ဒါက အရေးကြီးပါတယ်။
✅ ဘီးတွေရဲ့ လေဖိအား မှန်ရဲ့လား၊ တာယာတွေ စုတ်ပြဲနေသလားနဲ့ ဘရိတ်၊ ကလပ် (Clutch) အလုပ်လုပ်ပုံ ကောင်း၊ မကောင်း စမ်းသပ်ပါ။
✅ သတ်မှတ်ထားတဲ့ မောင်းနှင်နာရီ ရောက်ပြီဆိုတာနဲ့ Maintenance Schedule မှာ ပါရှိတဲ့အတိုင်း John Deere ရဲ့ မူရင်းအပိုပစ္စည်းများကို ပုံမှန် လဲလှယ်အသုံးပြုပေးပါ။

#တောင်သူဝင့်ကြွား_ဂျွန်ဒီးယား

Address

No. 99, Min Gyi Mahar Min Gaung St. Yangon-Pathein Road, Hlaingtharyar
Yangon
11401

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959958229697

Alerts

Be the first to know and let us send you an email when John Deere - Capital Automotive Ltd, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to John Deere - Capital Automotive Ltd, Myanmar:

Shortcuts

Share