Suzuki KL Seven - North Okkalapa

Call Directions Website

Suzuki KL Seven - North Okkalapa Your Trusted Suzuki Dealership - Suzuki KL Seven NOK

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း Suzuki KL...
26/10/2026

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း Suzuki KL Sevenမှ ဆုမွန်ကောင်း
တောင်းအပ်ပါတယ်ခင်ဗျာ 🙏
#သီတင်းကျွတ်လပြည့်နေ့

🚘 ကားက လမ်းကြမ်းတိုင်း “တောက်တောက်” မြည်နေပြီလား?ကားအောက်ပိုင်းကနေ အသံသေးသေးလေးထွက်လာတာကို“ဘာမှမဖြစ်ပါဘူး” ဆိုပြီး လျစ်လ...
05/09/2026

🚘 ကားက လမ်းကြမ်းတိုင်း “တောက်တောက်” မြည်နေပြီလား?

ကားအောက်ပိုင်းကနေ အသံသေးသေးလေးထွက်လာတာကို
“ဘာမှမဖြစ်ပါဘူး” ဆိုပြီး လျစ်လျူမရှုလိုက်ပါနဲ့။ ⚠️

အထူးသဖြင့် Suspension Link (Stabilizer Link) ပိုင်းမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ 🔧

🔩 Link က ဘာလုပ်ပေးတာလဲ?

Link က Stabilizer Bar နဲ့ Suspension ကို ချိတ်ဆက်ပေးပြီး ကားကွေ့တဲ့အချိန်၊ လမ်းမညီတဲ့နေရာတွေ ဖြတ်တဲ့အချိန်မှာ ကားကို ပိုမိုတည်ငြိမ်အောင် ကူညီပေးပါတယ်။

ဒါကြောင့် Link အခြေအနေကောင်းနေခြင်းဟာ
ကားရဲ့ Handling နဲ့ Driving Comfort အတွက် အရေးကြီးပါတယ်။

❗ Link လဲသင့်နေပြီလား?

အောက်ပါအချက်တွေထဲက တစ်ခုခုတွေ့ရင် စစ်ဆေးသင့်ပါတယ်—

🔸 လမ်းကြမ်း/ချိုင့်တွေဖြတ်တဲ့အခါ တောက်တောက်၊ ခေါက်ခေါက် အသံထွက်ခြင်း
🔸 ကားကွေ့တဲ့အခါ ကိုယ်ထည်ယိမ်းယိုင်မှု ပိုလာခြင်း
🔸 ကားအောက်ပိုင်းက အသံတွေ ပုံမှန်မဟုတ်ဘဲ ထွက်လာခြင်း
🔸 Link ရဲ့ Bush သို့မဟုတ် Joint ပိုင်းတွေ လျော့ရဲ၊ ပျက်စီးနေခြင်း

👉 အသံထွက်မှ လဲမယ်ဆိုတာထက် ပုံမှန်စစ်ဆေးပေးတာ ပိုကောင်းပါတယ်။

Link ပျက်စီးနေတယ်လို့ သံသယရှိရင် ကျွမ်းကျင်တဲ့ Technician နဲ့ စစ်ဆေးပြီး လိုအပ်ပါက အသစ်လဲလှယ်ပေးပါ။

🚗 ကားကောင်းကောင်းမောင်းဖို့ အောက်ပိုင်းအစိတ်အပိုင်းလေးတွေကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။

🛑 သင့်ကားရဲ့ ကြာရှည်ခံမှုနဲ့ ဘေးကင်းလုံခြုံရေးအတွက် Third-party ပစ္စည်းတွေကို ရှောင်ပြီး Suzuki KL Seven Showroom မှာရှိတဲ့ Original Suzuki Genuine Parts တွေကိုပဲ ယုံကြည်စိတ်ချစွာ လဲလှယ်အသုံးပြုလိုက်ပါ။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ -
📞 ရန်ကုန် - 09443669933
📞 ထောက်ကြန့်/ မှော်ဘီ - 09772980001
📞 မန္တလေး - 09420077997

🌧️ မိုးရာသီမှာ ကားမောင်းမယ်ဆို သတိထားရမယ့် အချက်များ 🚗မိုးရွာတဲ့အချိန်မှာ လမ်းချော်ခြင်း၊ ရေကြီးခြင်း၊ မြင်ကွင်းမရှင်းခြ...
17/08/2026

🌧️ မိုးရာသီမှာ ကားမောင်းမယ်ဆို သတိထားရမယ့် အချက်များ 🚗

မိုးရွာတဲ့အချိန်မှာ လမ်းချော်ခြင်း၊ ရေကြီးခြင်း၊ မြင်ကွင်းမရှင်းခြင်းတို့ကြောင့် ယာဉ်မောင်းနှင်ရာမှာ ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မိုးရာသီခရီးမထွက်ခင် အောက်ပါအချက်လေးတွေကို စစ်ဆေးထားဖို့ မမေ့ပါနဲ့ 👇

🔹 တာယာ (Tyres) – တာယာပန်းအနက်နဲ့ လေဖိအားကို စစ်ဆေးပါ။
🔹 ဘရိတ် (Brake) – ဘရိတ်အခြေအနေ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးပါ။
🔹 Wiper & Washer – Wiper Blade ကောင်းမွန်ပြီး ရှေ့မှန်ကို သန့်ရှင်းစွာ သုတ်ပေးနိုင်မှုရှိ/မရှိ စစ်ဆေးပါ။
🔹 မီးများ (Lights) – Headlights, Brake Lights, Signal Lights စတဲ့ မီးများ အလုပ်လုပ်မှုရှိ/မရှိ စစ်ဆေးပါ။
🔹 ရှေ့မှန် နှင့် မှန်များ – မြင်ကွင်းရှင်းလင်းစေရန် သန့်ရှင်းထားပါ။
🔹 Engine & Fluids – Engine Oil, Coolant နဲ့ အခြားလိုအပ်တဲ့ Fluid Level တွေကို စစ်ဆေးထားပါ။

🌧️ မိုးရွာနေစဉ် ကားမောင်းတဲ့အခါ
🚗 အရှိန်လျှော့မောင်းပါ။
↔️ ရှေ့ကားနဲ့ အကွာအဝေး ပိုထားပါ။
💡 မိုးသည်းထန်ပြီး မြင်ကွင်းမရှင်းပါက Headlights အသုံးပြုပါ။
⚠️ ရေကြီးနေတဲ့နေရာတွေမှာ အန္တရာယ်ရှိနိုင်တာကြောင့် မလိုအပ်ဘဲ မဖြတ်သန်းပါနဲ့။

မိုးရာသီတိုင်း လုံခြုံစွာ ခရီးသွားနိုင်ဖို့ — ကားမောင်းမထွက်ခင် စစ်ဆေးပါ။ သတိထားမောင်းပါ။ 💙

လိုအပ်သောစစ်ဆေးလဲလှယ်မှုများအားလုံးအတွက် Suzuki KL Seven Showroom များတွင် ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေးလဲလှယ်နိုင်ပါတယ်ခင်ဗျာ။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း Suzuki KL Seven...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း Suzuki KL Sevenမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ 🙏
#ဝါဆိုလပြည့်နေ့

🚗လမ်းတိုင်းမှာ ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်ဖို့ Suzuki Genuine Shock Absorber ကို ရွေးချယ်ပါ။🟦သင့်Suzuki ကားအားသက်တောင...
21/07/2026

🚗လမ်းတိုင်းမှာ ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်ဖို့ Suzuki Genuine Shock Absorber ကို ရွေးချယ်ပါ။

🟦သင့်Suzuki ကားအား
သက်တောင့်သက်သာမောင်းနှင်နိုင်ဖို့ Suzuki Genuine Shock Absorber ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

🔹Shock Absorber ဟာ
သက်တမ်းကြာမြင့်လာတာနှင့်အမျှ ဟောင်းနွမ်းလာနိုင်ပြီး

🔹 ကားတုန်ခါမှုပိုများလာခြင်း
🔹 ဘရိတ်အုပ်ချိန်တွင် မတည်ငြိမ်ခြင်း
🔹 အကွေ့များတွင် ယိုင်လွယ်လာခြင်း
🔹 တာယာအစားမညီခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

🔷Suzuki Genuine Shock Absorber ကို အသုံးပြုခြင်းအားဖြင့်

-သက်တောင့်သက်သာ
မောင်းနှင်နိုင်ခြင်း

-ကားရဲ့ တည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်စွမ်းအား ပိုမိုကောင်းမွန်လာခြင်း

-တာရှည်အသုံးခံပြီး Suzuki စံချိန်စံညွှန်းနှင့် ကိုက်ညီသော အရည်အသွေးဖြစ်တဲ့အတွက်
သင့်ကားအား အံဝင်ခွင်ကျဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့
စွမ်းဆောင်ရည်ရရှိနိုင်ခြင်း
အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်

သင့်ရဲ့ ခရီးစဉ်တိုင်းကို ပိုမိုလုံခြုံပြီး သက်တောင့်သက်သာဖြစ်စေဖို့အတွက် Suzuki Genuine Parts ကိုသာ ရွေးချယ်အသုံးပြုပါ။

"Genuine Parts. Genuine Safety. Genuine Confidence" 💙

📍အောက်ဖော်ပြပါ Suzuki KL Seven Showroomများတွင်
Suzuki Genuine Shock Absorber များကို စိတ်ချယုံကြည်စွာ လဲလှယ်တပ်ဆင်နိုင်ပါသည်။

🏠 Suzuki KL Seven Showroom (မြောက်ဥက္ကလာပ)
အမှတ်(၁၃၆/၁၃၇) ၊ သုဓမ္မာလမ်း၊ (ဌ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊(ခြောက်ကွေ့မှတ်တိုင်အနီး၊ ဇမ္ဗူအေးကျောင်းတိုက်လမ်းထိပ်)
၊ရန်ကုန်မြို့။
☎ 09-443669933 , 09-443669944

🏠 Suzuki KL Seven Showroom (ထောက်ကြန့်/မှော်ဘီ)
အမှတ်(၁၁၇) ၊ သန္ဓေပင်ရပ်ကွက်၊ ကိုးလုံးကွင်း/တောင်ဘက်၊
မှော်ဘီမြို့နယ်၊(ပြည်လမ်းဘေး၊
မှော်ဘီတိုးဂိတ်အနီး)
☎ 09-772980001,09-772980002

🏠 Suzuki KL Seven Showroom (မန္တလေး)
အမှတ်(၆၀၂)၊စျေးချိုရပ်ကွက်
(လမ်းငါးခွဆုံ)၊
အမရပူရမြို့နယ်၊မန္တလေးမြို့။
☎ 09-420077997,09-266667929


ယနေ့ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့အား Suzuki KL Seven မှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
19/07/2026

ယနေ့ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့အား Suzuki KL Seven မှ လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။


13/06/2026

SUZUKI အကြောင်း အစုံအလင်ကို တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် Website

Suzuki ကားပိုင်ရှင်တွေနဲ့ Suzuki ကားတွေကို စိတ်ဝင်စားသူတွေအတွက် SUZUKI ကားမော်ဒယ်တွေအကြောင်း ရှာဖွေရတာကစလို့ ပြုပြင်ထိန်းသိမ်းမှုအပိုင်းအထိ SUZUKI ရဲ့ အချက်အလက်အားလုံးကို SUZUKI Myanmar Motor Website တစ်နေရာတည်းမှာ အလွယ်တကူ ကြည့်ရှုနိုင်ပါပြီ။

SUZUKI Website မှာ ဘာတွေ လေ့လာနိုင်မလဲ?
✅ SUZUKI ကားမော်ဒယ်များကို လေ့လာနိုင်ခြင်း၊
✅ Specifications နဲ့ Features အသေးစိတ် ကြည့်ရှုနိုင်ခြင်း၊
✅ နီးစပ်ရာ Suzuki Authorized Dealers နှင့် Service Centers များကို ရှာဖွေနိုင်ခြင်း၊
✅ Owner’s Manuals များကို မြန်မာ၊ အင်္ဂလိပ် ဘာသာ ၂မျိုးလုံးဖြင့် အလွယ်တကူ Download ရယူနိုင်ခြင်း၊
✅ After-Sales Service Information များကို ကြည့်ရှုနိုင်ခြင်း၊
✅ Suzuki Genuine Parts နှင့် Accessories များကို လေ့လာနိုင်ခြင်း၊

ကားနဲ့ပတ်သက်ပြီးတော့ အချက်အလက် ရှာဖွေနေသူများ၊ Genuine Parts နှင့် Accessories များ လေ့လာချင်သူများအတွက် SUZUKI Myanmar Motor Website က ပိုမိုလွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။

အခုပဲ Website ထဲဝင်ရောက်ပြီး SUZUKI အကြောင်း အချက်အလက်အစုံအလင်ကို တစ်နေရာတည်းမှာ လေ့လာလိုက်ပါ။

www.suzukimyanmar.com



13/06/2026

Spark Plug မကောင်းတော့တဲ့အခါ

Spark Plug ဆိုတာ အင်ဂျင်ရဲ့ Combustion Chamber (လောင်ကျွမ်းခန်း) အတွင်းမှာ လေနဲ့ လောင်စာဆီအရောအနှော (Air-Fuel Mixture) ကို စနစ်တကျ မီးလောင်ပေါက်ကွဲစေဖို့ လျှပ်စစ်မီးပွား (Electric Spark) ထုတ်ပေးရတဲ့ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီလို ပေါက်ကွဲမှု ဖြစ်ပေါ်မှသာ အင်ဂျင်လည်ပတ်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ရရှိမှာပါ။

Spark Plug တွေ သက်တမ်းကြာလာပြီး ဟောင်းနွမ်းလာတဲ့အခါ သို့မဟုတ် ကာဗွန်ချိုးတွေ များလာတဲ့ အခါ လုံလောက်တဲ့ Electric Spark ကို မထုတ်ပေးနိုင်တော့ပါဘူး။

Spark Plug တွေကို ပုံမှန်စစ်ဆေးမှုတွေ မပြုလုပ်ဘူးဆိုရင်တော့…

🛑ကားစက်နှိုးရခက်ခြင်း၊
🛑Engine တုန်ခါခြင်း၊ Misfire ဖြစ်ခြင်း သို့မဟုတ် Idle မငြိမ်ခြင်း၊
🛑ကားအရုန်းအဆွဲ မကောင်းတော့ခြင်း၊
🛑ဆီစားနှုန်း ပိုများလာခြင်း၊
🛑ကားဒိုင်ခွက်မှာ Engine Warning Light ပေါ်လာခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Spark Plug တွေကို သတ်မှတ်ထားတဲ့ကီလိုနဲ့ အချိန်ကာလတွေမှာ ပုံမှန် စစ်ဆေးပြီး Genuine Spark Plug တွေကို အစားထိုးလဲလှယ်ပေးသင့်ပါတယ်။

SUZUKI Genuine Spark Plug တွေဟာ လူကြီးမင်းတို့ SUZUKI ကားအင်ဂျင်ရဲ့ Specifications နဲ့အညီ တိတိကျကျ ကိုက်ညီအောင် ထုတ်လုပ်ထားတာကြောင့် ရေရှည်အသုံးခံပြီး အခြားအင်ဂျင် အစိတ်အပိုင်းတွေကိုလည်း ထိခိုက်မှုမဖြစ်စေတဲ့အတွက် အင်ဂျင်သက်တမ်းကို ပိုမိုရှည်ကြာစေမှာဖြစ်ပါတယ်။

Spark Plug တွေကို အခုပဲ စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Centers တွေရဲ့ လိပ်စာကို အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer




13/06/2026

Address

No. 136/137, Thudama Street, North Okkalapa Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959899992125

Alerts

Be the first to know and let us send you an email when Suzuki KL Seven - North Okkalapa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby autos & automotive services