Mobil Myanmar

Mobil Myanmar Welcome to Mobil Myanmar Official page. We are the official distributor of Mobil lubricants for Myanmar.Feel free to ask questions to our site.

Our office is opened from 8:00 AM to 4:30 PM.

မနက်ခင်း ရုံးတက်ရုံးဆင်း ယာဉ်ကြောပိတ်ဆို့မှုတွေကြားထဲ ဖြတ်မောင်းရတာပဲဖြစ်ဖြစ်...ညနေဘက် ဘော်ဒါတွေနဲ့ မြို့ပတ်ပြီး လေညှင်း...
05/07/2026

မနက်ခင်း ရုံးတက်ရုံးဆင်း ယာဉ်ကြောပိတ်ဆို့မှုတွေကြားထဲ ဖြတ်မောင်းရတာပဲဖြစ်ဖြစ်...
ညနေဘက် ဘော်ဒါတွေနဲ့ မြို့ပတ်ပြီး လေညှင်းခံထွက်တာပဲဖြစ်ဖြစ်...

ခရီးစဉ်တိုင်းမှာ Scooter ဆိုင်ကယ်လေး အရှိန်မြှင့်လိုက်တိုင်း အိကနဲ ပေါ့ပါးသွက်လက်နေ ဖို့ဆိုရင် 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐌𝐨𝐭𝐨 𝐒𝐜𝐨𝐨𝐭𝐞𝐫 10𝐖-30 ရှိပါတယ်။

✅ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐌𝐨𝐭𝐨 𝐒𝐜𝐨𝐨𝐭𝐞𝐫 10𝐖-30 ကတော့ စွမ်းဆောင်ရည်မြင့် 𝐒𝐲𝐧𝐭𝐡𝐞𝐭𝐢𝐜 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 အင်ဂျင်ဝိုင်ဖြစ်ပြီး 𝐉𝐀𝐒𝐎 𝐌𝐁,𝐀𝐏𝐈 𝐒𝐋 𝐀𝐩𝐩𝐫𝐨𝐯𝐞𝐝 ရထားတာဖြစ်လို့ အင်ဂျင်ပွန်းစားမှု့ကို သတ်မှတ် စံချိန်စံညွှန်းထက် 57% အထိ ကာကွယ်ပေးတဲ့အပြင် မြင့်မားတဲ့အပူချိန်မှာ အင်ဂျင်ဝိုင်ခမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

⚡Scooter ဆိုင်ကယ်တွေအပြင် Honda Auto Series နဲ့ Click စတဲ့ဆိုင်ကယ်တွေမှာပါ အသုံးပြုနိုင်ပြီးအရည်သွေးကလည်း 𝐌𝐨𝐛𝐢𝐥 ဆိုတာနဲ့ အထူးပြောစရာမလိုတာကြောင့် စိတ်ချရတာကြောင့် " ပေါ့ပါးသွက်လက်တဲ့ လမ်းခရီးတိုင်းအတွက် " အခုပဲ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐌𝐨𝐭𝐨 𝐒𝐜𝐨𝐨𝐭𝐞𝐫 10𝐖-30 ကို အသုံးပြုကြည့်လိုက်ပါခင်ဗျာ။

(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး 𝐌𝐨𝐛𝐢𝐥 အင်ဂျင်ဝိုင်များကို 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)

🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar




𝐇𝐞𝐥𝐥𝐨 𝐉𝐮𝐥𝐲
30/06/2026

𝐇𝐞𝐥𝐥𝐨 𝐉𝐮𝐥𝐲


⚙️ စက်တွေ အရှိန်အဟုန်နဲ့ လည်ပတ်လို့ အပူချိန် မြင့်တက်လာတဲ့အခါ၊ ဒါမှမဟုတ် ဝန်အား (Heavy Load) အလွန်အမင်း များလာတဲ့အခါ အရည...
30/06/2026

⚙️ စက်တွေ အရှိန်အဟုန်နဲ့ လည်ပတ်လို့ အပူချိန် မြင့်တက်လာတဲ့အခါ၊ ဒါမှမဟုတ် ဝန်အား (Heavy Load) အလွန်အမင်း များလာတဲ့အခါ အရည်အသွေးနိမ့်တဲ့ အမဲဆီတွေဟာ မူလပုံစံ ပျက်ပြယ်ပြီး အရည်ပျော်ကျလာတတ်ပါတယ်။
❌ အမဲဆီတွေ ပျော်ကျကုန်တဲ့အခါ Bearings တွေမှာ ချောဆီမကျန်တာတွေ
❌ စက်ပစ္စည်းအချင်းချင်း ပွတ်တိုက်မိပြီး ပျက်စီးကုန်တာတွေ
❌ အဆိုးဆုံးကတော့ စက်တွေအပူလွန်ကဲပြီး ရုတ်တရက် ရပ်တန့်သွားလို့ ကုန်ထုတ်လုပ်မှုလိုင်းတစ်ခုလုံး ပြတ်တောက်သွားတာတွေ ရှိလာနိုင်ပါတယ်။
ဒီလို စိတ်ညစ်စရာ ဒုက္ခတွေကနေ ကင်းလွတ်စေဖို့အတွက် 𝐌𝐨𝐛𝐢𝐥𝐮𝐱 𝐄𝐏 3 ကို ပြောင်းလဲအသုံးပြုဖို့ အချိန်တန်ပါပြီခင်ဗျာ။ 🛠️
𝐌𝐨𝐛𝐢𝐥𝐮𝐱 𝐄𝐏 3 ကတော့ 𝐋𝐢𝐭𝐡𝐢𝐮𝐦 𝐓𝐡𝐢𝐜𝐤𝐧𝐞𝐫 သုံးထားတဲ့အတွက် ပုံမှန်အမဲဆီတွေထက် 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥 𝐒𝐭𝐚𝐛𝐢𝐥𝐢𝐭𝐲 ပိုမြင့်မားပြီး NLGI Grade လို့ခေါ်တဲ့ အပျော့အမာအဆင့် (၃) ဖြစ်တာကြောင့် စက်ရုံအလုပ်ရုံများ၊ စက်ယန္တရားများနှင့် ရေကြောင်းဆိုင်ရာစက်ပစ္စည်းများတွင် အသုံးပြုနိုင်တဲ့အပြင်
• ပွန်းစားမှုဒဏ်ခံနိုင်ခြင်း
• သံချေးတက်ခြင်းမှကာကွယ်ပေးခြင်း
• အစိတ်အပိုင်းများချောမွေ့စွာလည်ပတ်လှုပ်ရှားနိုင်အောင် ကူညီပေးခြင်း
• အပူချိန်မလွန်ကဲအောင်နှင့်ဖိအားဒဏ်ခံနိုင်ခြင်း အပြင်
• ရေနှင့် ဖုန်မှုန့်ရောနှောခြင်းကို ကာကွယ်ပေးပြီး အမဲဆီထိုးရသော အကြိမ်အရေအတွက်ကို လျော့ချ ပေးနိုင်ပါတယ်။
ဒါ့အပြင် အပူချိန်ကလည်း -20ºC to 120ºC အထိခံနိုင်တာကြောင့် အမဲဆီသုံးနေရင်အရည်ပျော်လို့ စိတ်ညစ်ရတဲ့ ဒုက္ခကို ကင်းလွတ်စေတာကြောင့် မိတ်ဆွေတို့စက်ရုံရဲ့ ကုန်ထုတ်လုပ်မှု အရှိန်အဟုန်ကို ဆက်လက် တိုးမြှင့်နိုင်ဖို့ဆိုရင် 𝐌𝐨𝐛𝐢𝐥𝐮𝐱 𝐄𝐏 3 ကိုသာယုံကြည်စိတ်ချစွာ အသုံးပြုလိုက်ပါခင်ဗျာ..🏭⚙️
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar
#ယုံကြည်စိတ်ချရဆုံးမိုဘေး

#ခိုင်းချင်သလောက်ခိုင်းအကြမ်းခံတဲ့မိုဘေး


#အမဲဆီ

မြို့ပြရဲ့ ပိတ်ဆို့နေတဲ့ လမ်းတွေပေါ်မှာ ခဏခဏ ရပ်လိုက်၊ ထွက်လိုက် လုပ်ရတဲ့အခါ အင်ဂျင်အတွင်းပိုင်းမှာ ပွတ်တိုက်မှု တွေ ပို...
27/06/2026

မြို့ပြရဲ့ ပိတ်ဆို့နေတဲ့ လမ်းတွေပေါ်မှာ ခဏခဏ ရပ်လိုက်၊ ထွက်လိုက် လုပ်ရတဲ့အခါ အင်ဂျင်အတွင်းပိုင်းမှာ ပွတ်တိုက်မှု တွေ ပိုများလာပြီး အင်ဂျင်သံ ဆူညံလာတတ်ပါတယ်။
ဒါဟာ သင့်အင်ဂျင် ထိခိုက်နေပြီဆိုတဲ့ အချက်ပြလက္ခဏာပါပဲ။
ဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးဖို့ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 10𝐖-40 (𝐀𝐏𝐈 𝐒𝐐) ရှိပါတယ်။
နောက်ဆုံးပေါ် API SQ စံနှုန်းဖြစ်ပြီး သူ့မှာပါဝင်တဲ့ အဆင့်မြင့် Friction Fighter မော်လီကျူးတွေက အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေပေါ်မှာ ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့အပြင်
✔အင်ဂျင်ဝိုင် အရည်အသွေး ပျက်စီးကျဆင်းမှု့ကိုနှေးကွေးစေခြင်း
✔ဆီစားသက်သာခြင်း
✔အင်ဂျင်ပွန်းစားမှု့ဖြစ်စဉ်ကိုကာကွယ်ပေးခြင်း
✔အင်ဂျင်အတွင်း အညစ်ကြေးများမကျန်အောင် ကာကွယ်ပေးပြီး အင်ဂျင်အတွင်းပိုင်းကို သန့်ရှင်းစေခြင်း
✔LSPI (မီးသံခေါက်ခြင်း) ဖြစ်စဉ်တွေကိုပိုမိုထိရောက်စွာတားဆီးပေးခြင်း
✔Timing Chain ပွန်းပဲ့မှု့ကို အထူးကာကွယ်ပေးနိုင်သည့်အတွက် အင်ဂျင်စက်သံကိုလည်းပိုမိုငြိမ်သက်စေပါတယ်။
API SQ အပြင် CF ပါရထားတာဖြစ်လို့ ဓာတ်ဆီ၊ ဒီဇယ်၊ LPG နှင့် CNG အင်ဂျင်သုံး Passenger cars, light trucks car ,vans car တွေနဲ့ Turbo-Chargers Car တွေမှာပါမကျန် အသုံးပြုနိုင်တာကြောင့် “အင်ဂျင်ငြိမ့်ညောင်း၊ မောင်းနှင်မှုကောင်း” ဖို့အတွက် 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 10𝐖-40 (𝐀𝐏𝐈 𝐒𝐐) ကို ဒီနေ့ပဲရွေးချယ်လိုက်‌တော့ဗျို့ ....
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar

#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်

တစ်ခါတစ်ရံမှာ..ကားမောင်းနေရင်း အင်ဂျင်သံတွေ ဆူလာတာ၊ အရှိန်တက်တာ နှေးနေတာမျိုး ခံစားလာရပြီဆိုရင် "ငါ့ကားတော့ အင်ဂျင်ဝိုင်...
25/06/2026

တစ်ခါတစ်ရံမှာ..ကားမောင်းနေရင်း အင်ဂျင်သံတွေ ဆူလာတာ၊ အရှိန်တက်တာ နှေးနေတာမျိုး ခံစားလာရပြီဆိုရင် "ငါ့ကားတော့ အင်ဂျင်ဝိုင် လဲရတော့မလား မသိဘူး" ဆိုပြီးတော့ တွေးမိတတ်ကြပါတယ်။
ဒီတစ်ခေါက်မှာတော့ အင်ဂျင်သက်တမ်းရှည်ပြီး ကားမောင်းရတာ ပေါ့ပါးနေစေဖို့ ကားအင်ဂျင်ဝိုင် လဲသင့်၊ မလဲသင့် ဆုံးဖြတ်လို့ရတဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။
📅 မိုင်နှုန်း (သို့) လအလိုက် ကြည့်ခြင်း 📅
ပျမ်းမျှအားဖြင့် ကားထုတ်လုပ်တဲ့ ကုမ္ပဏီအများစုကတော့ Mineral Oil ဆိုရင် မိုင် ၃,၀၀၀ မောင်းပြီးတိုင်း ,Semi-Synthetic ကတော့ မိုင် ၅,၀၀၀ မောင်းပြီးတိုင်း နဲ့ Fully Synthetic Oil ဆိုရင်တော့ မိုင် ၈,၀၀၀ ကနေ ၁၀,၀၀၀ မောင်းပြီးတိုင်းမှာ လဲသင့်တယ်လို့ ဆိုကြပါတယ်။ ကမ္ဘာ့ကားထုတ်လုပ်ရေး အဖွဲ့အစည်းကြီးတွေနဲ့ အင်ဂျင်ဝိုင် ကုမ္ပဏီကြီးတွေကတော့ မိုင်နှုန်းမပြည့်သေးရင်တောင် "အများဆုံး ၁ နှစ်နီးပါ" ရောက်ရင် ဆီရဲ့ အင်ဂျင်ကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တိတွေ ပျက်ပြယ်သွားတတ်ပြီး အင်ဂျင်ထဲ ဂျိုး (Sludge) တွေ တက်လာနိုင်တာကြောင့် မဖြစ်မနေ လဲလှယ်ဖို့ တိုက်တွန်းထားပါတယ်။
🚘 အင်ဂျင်ဝိုင်အမှတ်တံဆိပ်နှင့် ကားအမျိုးအစား 🚘
ကိုယ့်ကားရဲ့ Engine ဖွဲ့စည်းပုံနဲ့ အသုံးပြုတဲ့ အင်ဂျင်ဝိုင် Grade အပေါ်မူတည်ပြီး လဲလှယ်ရမယ့်အချိန်တွေကလည်း ကွာခြားနိုင်ပါတယ်။ဥပမာ- Toyota Raize ကားလေးတွေမှာ သုံးတဲ့ Fully Synthetic 0W-20 ဝိုင်ဟာ မိုင် ၈,၀၀၀ ကနေ ၁၀,၀၀၀ အထိ မောင်းလို့ရတဲ့ ဆီအမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Engine ဖွဲ့စည်းပုံမှာ Turbo (တာဘို) ပါဝင်တဲ့အတွက် အဲဒီတာဘိုဟာ အလွန်ပူပြင်းတဲ့အပြင် တစ်မိနစ်ကို အပတ်ရေ သိန်းချီလည်ပတ်တာကြောင့် အင်ဂျင်ဝိုင်ကို အမြန်ဆုံး အပူလွန်ကဲပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် Fully Synthetic သုံးထားပေမယ့် တာဘိုအင်ဂျင်ရဲ့ တည်ဆောက်ပုံကြောင့် မိုင် မိုင် ၈,၀၀၀ /၁၀,၀၀၀ ထိ မစောင့်ဘဲ မိုင် ၅,၀၀၀ ကနေ ၆,၀၀၀ ဝန်းကျင် ရောက်တာနဲ့ စောပြီး လဲလှယ်ပေးရတတ်ပါတယ်။
🔎 အင်ဂျင်ဝိုင်တိုင်းတံ (Dipstick) ကို စစ်ဆေးခြင်း 🔎
မိုင်နှုန်းမပြည့်သေးရင်တောင် အင်ဂျင်ဝိုင်တိုင်းတံကို ဆွဲထုတ်ကြည့်လိုက်တဲ့အခါ အင်ဂျင်ဝိုင်အရောင်က မည်းညစ်ပြီး ပစ်ချွဲနေရင် (သို့) သတ်မှတ် Level အောက် လျော့နည်းနေရင် ချက်ချင်းလဲပေးဖို့ လိုအပ်ပါတယ်။
အခုပြောပြပေးသွားတာကတော့ ကားအင်ဂျင်ဝိုင်လဲသင့်၊မလဲသင့် ဆုံးဖြတ်နိုင်မယ့် အချက်တွေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။
မိတ်ဆွေတွေလည်း အင်ဂျင်ဝိုင် လဲတဲ့အခါ ဘယ်လိုအချက်တွေကို ‌ရွေးချယ်ဆုံးဖြတ် ဖြစ်လဲဆိုတာ Comment မှာ မျှဝေပေးသွားပါအုန်းခင်ဗျာ...


မနက်ခင်း အင်ဂျင်အေးနေချိန်မှာဖြစ်ဖြစ်၊ ခရီးဝေးသွားခါနီးမှဖြစ်ဖြစ် ဒီဇယ်ကားတွေ နှိုးရခက်တာဟာ တော်တော်လေး စိတ်အနှောင့်အယှက...
19/06/2026

မနက်ခင်း အင်ဂျင်အေးနေချိန်မှာဖြစ်ဖြစ်၊ ခရီးဝေးသွားခါနီးမှဖြစ်ဖြစ် ဒီဇယ်ကားတွေ နှိုးရခက်တာဟာ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ဒီတစ်ခေါက်မှာတော့ ဒီဇယ်အင်ဂျင်နှိုးရခက်တဲ့ အကြောင်းရင်းများထဲမှ (၃)မျိုးကို Mobil မှ မျှဝေပေးချင်ပါတယ်ခင်ဗျာ။

🔹 Glow Plug (အပူပေးပလပ်) အားနည်းခြင်း
Glow Plug ဆိုတာကတော့ စက်မနှိုးခင် ဒီဇယ် အင်ဂျင်တွေအတွက် မီးလောင်ခန်းကို အပူပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ဒီဇယ်အင်ဂျင်တွေဟာ အပူချိန်နဲ့ ဖိသိပ်ပေါက်ကွဲရတာဖြစ်လို့ အပူပေးပလပ် မကောင်းခြင်း၊Glow Plug ဝါယာရိန်းနဲ့ Glow Plug Control မကောင်းတဲ့အခါ အင်ဂျင်မီးလောင်ခန်းကို အပူမပေးနိုင်တော့ပဲ နှိုးရခက်စေပါတယ်။

🔹ဆင်ဆာနှင့် အင်ဂျင်ကွန်ထရိုးယူနစ် ပြစ်ချက်ရှိခြင်း
ကရိုင်းရှပ်ဆင်ဆာ(Crankshaft Position Sensor) ဆိုတာ အင်ဂျင်လည်ပတ်မှုကို အာရုံခံပြီး အင်ဂျင်ကွန်ထရိုးယူနစ်ကို သတင်းပို့နေတဲ့ အင်ဂျင်ကရိုင်းရှပ်ပူလီ(သို့) ဖလိုင်းဝှီးနားမှာတပ်ဆင်ထားတဲ့ ဆင်ဆာဖြစ်ပါတယ်။အဲ့ဒီဆင်ဆာ မူမမှန်တဲ့အခါ(သို့) ပျက်နေတဲ့အခါ၊ချေးကပ်နေတဲ့အခါဆိုရင်တော့ အင်ဂျင်နှိုးရခက်တာဖြစ်စေနိုင်ပါတယ်။

🔹( Hand Pump) ဟန်းပန့် နှင့် Fuel Filter (ဆီစစ်) မကောင်းခြင်း
Hand Pump ကိုတော့ အများအားဖြင့် Fuel filter housing ပေါ်မှာ(သို့)Injection pump (fuel injection pump) နားမှာနဲ့ Engine block ဘေး fuel system အပိုင်းမှာ တပ်ဆင်ထားတတ်ပြီး Hand Pump မကောင်းတဲ့အခါ ဆီလိုင်းထဲက ဆီဖိအားကို မတောင့်ထားနိုင်တော့ပဲ ပြန်ကျသွားတဲ့အတွက် စက်နှိုးတဲ့အခါ စတတ်ရှည်ခြင်းကို ဖြစ်စေပါတယ်။(စက်နှိုးတဲ့အခါ Hand Pump ကို ရိုက်နှိုးရင် အဆင်ပြေတတ်ပါတယ်။)ဒါ့အပြင် ဆီစစ်ပိတ်နေတဲ့အခါမှာဆိုရင်လည်း ဆီကောင်းကောင်းမလိုက်တဲ့အတွက် စတတ်ရှည်ခြင်း၊အင်ဂျင်တုန်ခြင်းနဲ့ အဆွဲရုန်းကိုလည်း ကျစေပါတယ်။ ဒါကြောင့် ဆီစစ်ကိုလည်း ပုံမှန်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အခုပြောပြပေးသွားတာကတော့ ဒီဇယ်အင်ဂျင် နှိုးရခက်စေတဲ့ အကြောင်းရင်းများထဲမှ (၃)ခုကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဒီဇယ်အင်ဂျင်တွေအတွက် အင်ဂျင်ဝိုင်လိုအပ်လာပြီ ဆိုရင်လည်း “ခိုင်းချင်သလောက်ခိုင်း အကြမ်းခံတဲ့ ဒီဇယ်အင်ဂျင်ဝိုင် Mobil Delvac” ရှိနေပါပြီခင်ဗျာ။
အင်ဂျင်တွေရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး Grade အမျိုးမျိုး ထုတ်လုပ်ပေးထားတာကြောင့် စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar



#ခိုင်းချင်သလောက်ခိုင်းအကြမ်းခံမယ့်မိုဘေးလ်ဒဲလ်ဘက်

ဆိုင်ကယ်သမားတိုင်း အင်ဂျင်ဝိုင်လဲတော့မယ်ဆိုရင် ဗူးခွံပေါ်မှာ JASO MA (သို့မဟုတ်) MB ဆိုတာကို မြင်ဖူးကြမှာပါ...ဒါက ဘာကိုပ...
12/06/2026

ဆိုင်ကယ်သမားတိုင်း အင်ဂျင်ဝိုင်လဲတော့မယ်ဆိုရင် ဗူးခွံပေါ်မှာ JASO MA (သို့မဟုတ်) MB ဆိုတာကို မြင်ဖူးကြမှာပါ...

ဒါက ဘာကိုပြောတာလဲ?? ဘာလို့ အရေးကြီးတာလဲ? ဆိုတာကို ကျနော်က မိတ်ဆွေတို့ နားလည်လွယ်အောင် ဝေမျှပေးချင်ပါတယ်ခင်ဗျာ။

𝐉𝐀𝐒𝐎 ဆိုတာကတော့ 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐀𝐮𝐭𝐨𝐦𝐨𝐛𝐢𝐥𝐞 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 (ဂျပန် မော်တော်ယာဉ် စံချိန်စံညွှန်း အဖွဲ့အစည်း) ရဲ့ အတိုကောက်ဖြစ်ပါတယ်။ အလွယ်ဆုံးပြောရရင်တော့ - "ဒီအင်ဂျင်ဝိုင်ဟာ ဆိုင်ကယ်တွေရဲ့ ကလပ်ပြားစနစ် နဲ့ ကိုက်ညီမှု ရှိ၊ မရှိ" ကို စစ်ဆေးပေးတဲ့ စံနှုန်းပဲ ဖြစ်ပါတယ်။

𝐉𝐀𝐒𝐎 မှာဆိုရင်တော့ 𝐉𝐀𝐒𝐎 𝐌𝐀 နဲ့ 𝐌𝐁 ဆိုပြီး ခွဲခြားထားပါတယ်။
• 𝐉𝐀𝐒𝐎 𝐌𝐀 ရဲ့ အောက်မှာဆိုရင် MA1 နဲ့ MA2 ဆိုပြီး ထပ်မံခွဲခြားထားပြီးတော့ ကလပ်ပြား မချော်အောင် ပွတ်တိုက်မှုအားကို ထိန်းညှိပေးထားနိုင်တဲ့အတွက် ဂီယာပါတဲ့ Manual ဆိုင်ကယ်တွေ (Wave, Dream, CBR, R15 ...) မှာအသုံးပြုရမှာဖြစ်ပါတယ်။

• 𝐉𝐀𝐒𝐎 𝐌𝐁 ချောဆီစံနှုန်းကတော့ 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐌𝐨𝐝𝐢𝐟𝐢𝐞𝐫𝐬 𝐀𝐝𝐝𝐢𝐭𝐢𝐯𝐞𝐬 များပါဝင်တာကြောင့် ပွတ်တိုက်မှုကို အနည်းဆုံးဖြစ်အောင် လုပ်ထားလို့ အင်ဂျင်ကို ပေါ့ပါးစေပြီး ဆီစား သက်သာစေပါတယ်။သူ့ကိုတော့ Click, Scoopy စတဲ့ ဘီးတွေမှာ အသုံးပြုနိုင်ပါတယ်။

အလွယ်ဆုံး မှတ်ရရင်တော့ 𝐉𝐀𝐒𝐎 𝐌𝐀ကတော့ Gear ဘီး (Manual) ဘီးတွေအတွက်ဖြစ်ပြီးတော့ 𝐉𝐀𝐒𝐎 𝐌𝐁 ကတော့ Scoopy,Click ဘီးတွေအတွက်ဖြစ်ပါတယ်။

အခုပြောပြပေးသွားတာကတော့ 𝐉𝐀𝐒𝐎 𝐌𝐀 နဲ့ 𝐌𝐁 အကြောင်းဖြစ်ပြီးတော့ မိတ်ဆွေတို့ရဲ့ ဆိုင်ကယ်မှာလည်း ဘယ်လို အမျိုးအစားတွေသုံးလဲဆိုတာ ဝင်ရောက်ဆွေး‌နွေးသွားပါအုန်းခင်ဗျာ။

(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို 𝐀𝐊𝐓 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)

🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar

#မိုင်တွေလွန်ရင်းစီးမျောရှင်သန်ဖို့

အင်ဂျင်ဝိုင် (𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥) ဗူးတွေမှာ ပါလေ့ရှိတဲ့ 𝐀𝐏𝐈 (𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐏𝐞𝐭𝐫𝐨𝐥𝐞𝐮𝐦 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞) ဆိုတာ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးနဲ့ လု...
05/06/2026

အင်ဂျင်ဝိုင် (𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥) ဗူးတွေမှာ ပါလေ့ရှိတဲ့ 𝐀𝐏𝐈 (𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐏𝐞𝐭𝐫𝐨𝐥𝐞𝐮𝐦 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞) ဆိုတာ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်နိုင်စွမ်းကို သတ်မှတ်ပေးတဲ့ အရေးကြီးတဲ့ စံနှုန်းဖြစ်ပြီး အင်ဂျင်ဝိုင်တစ်ဗူးဟာ ဘယ်လိုအင်ဂျင်မျိုးနဲ့ ကိုက်ညီလဲ၊ အင်ဂျင်ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ " အရည်အသွေးနှင့် စွမ်းဆောင်ရည်" ကို အသိအမှတ်ပြုပေးတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။✅

𝐀𝐏𝐈 𝐂𝐥𝐚𝐬𝐬𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 တွင် “S” category သည် 𝐒𝐩𝐚𝐫𝐤 𝐈𝐠𝐧𝐢𝐭𝐢𝐨𝐧 အသုံးပြုသော 𝐠𝐚𝐬𝐨𝐥𝐢𝐧𝐞 𝐞𝐧𝐠𝐢𝐧𝐞𝐬 များအတွက်ဖြစ်ပြီး၊ “C” category သည် 𝐂𝐨𝐦𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧 𝐈𝐠𝐧𝐢𝐭𝐢𝐨𝐧 အသုံးပြုသော 𝐝𝐢𝐞𝐬𝐞𝐥 𝐞𝐧𝐠𝐢𝐧𝐞𝐬 များအတွက်ဖြစ်ပါတယ်။✅

API ရဲ့ “S” နံပါတ်တွေမှာဆိုရင်တော့ 𝐒𝐋,𝐒𝐌,𝐒𝐍,𝐒𝐍 𝐏𝐥𝐮𝐬,𝐒𝐏 စသဖြင့်ရှိပြီး စျေးကွက်ထဲမှာတော့ လက်ရှိမှာ SP Grade က အမြင့်ဆုံးဖြစ်ပါတယ်။ဒါပေမယ့် Mobil မှာဆိုရင်တော့ SP Grade ထက်ပိုမိုကောင်းမွန်တဲ့ API SQ Grade အထိ ထုတ်လုပ်ပေးထားတဲ့ (𝐌𝐨𝐛𝐢𝐥 1 𝐓𝐫𝐢𝐩𝐥𝐞 𝐀𝐜𝐭𝐢𝐨𝐧 𝐏𝐨𝐰𝐞𝐫 5𝐖-30,𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐅𝐫𝐢𝐜𝐭𝐢𝐨𝐧 𝐅𝐢𝐠𝐡𝐭𝐞𝐫 5𝐖-30/10𝐖-40 ) လို Product တွေရှိနေပါပြီခင်ဗျာ။💢

နောက်တစ်ခုကတော့ ဒီဇယ် အင်ဂျင်တွေ အတွက် အသုံးပြုရတဲ့ API “C”နံပါတ်ဖြစ်ပါတယ်။လက်ရှိစျေးကွက်မှာတော့ 𝐂𝐆-4,𝐂𝐇-4,𝐂𝐈-4 𝐂𝐉-4,𝐂𝐊-4,𝐅𝐀-4 ဆိုပြီး အရည်အသွေးကို မြှင့်တင်ကာ အစဥ်အလိုက် ထုတ်လုပ်ထားပြီး FA-4 ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။⚡

✔Mobil မှာဆိုရင်တော့ ဓာတ်ဆီအင်ဂျင်တွေအတွက် နောက်ဆုံး 𝐀𝐏𝐈 𝐒𝐐 𝐠𝐫𝐚𝐝𝐞 အထိ ထုတ်လုပ်ဖြန့်ချိပေးထားပြီး ဒီဇယ်အင်ဂျင်တွေအတွက် 𝐀𝐏𝐈 𝐂𝐊-4 (𝐌𝐨𝐛𝐢𝐥 𝐃𝐞𝐥𝐯𝐚𝐜 𝐌𝐨𝐝𝐞𝐫𝐧 15𝐖-40) အထိ ထုတ်လုပ်ပေးတာတာဖြစ်လို့ မိတ်ဆွေတို့ စိတ်တိုင်းကျရွေးချယ် ဝယ်ယူ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။





#ယုံကြည်စိတ်အချရဆုံးမိုဘေးလ်
#အကောင့်းတကာ့အကောင်းဆုံးအင်ဂျင်ဝိုင်

𝐇𝐞𝐥𝐥𝐨 𝐉𝐮𝐧𝐞
31/05/2026

𝐇𝐞𝐥𝐥𝐨 𝐉𝐮𝐧𝐞


တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ကားဆီက ပိုကောင်းတယ် လို့ ထင်ပြီး ဆိုင်ကယ်ထဲ ထည့်နေတယ်ဆိုရင် ဒါက မိတ်ဆွေရဲ့ ဆိုင်ကယ်ကို ထိခိ...
31/05/2026

တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ကားဆီက ပိုကောင်းတယ် လို့ ထင်ပြီး ဆိုင်ကယ်ထဲ ထည့်နေတယ်ဆိုရင် ဒါက မိတ်ဆွေရဲ့
ဆိုင်ကယ်ကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ ဆိုင်ကယ်ထဲကို ကားအင်ဂျင်ဝိုင်မထည့်သင့်တဲ့ အကြောင်းရင်းတွေကို ‌ပြောပြပေးသွားပါမယ်...
💢 𝐂𝐥𝐮𝐭𝐜𝐡 ချော်တဲ့ ပြသနာဖြစ်ခြင်း
ကားအင်ဂျင်ဝိုင်တွေမှာ ဆီစားသက်သာဖို့အတွက် ပွတ်တိုက်မှုလျှော့ချတဲ့ Friction Modifiers တွေ အများကြီး ပါဝင်ပါတယ်။ဒါကြောင့် ကားဆီထည့်မိတဲ့အခါ Clutch ချော်ထွက်ကုန်တာကြောင့် လီဗာဆွဲပေမဲ့ ဆိုင်ကယ်က အရှိန်မတက်လာဘဲ အင်ဂျင်သံပဲ ဆူညံနေတာမျိုး ဖြစ်တတ်ပါတယ်။
💢အင်ဂျင် အပူလွန်ကဲခြင်း
ဆိုင်ကယ်အင်ဂျင်တွေဟာ ကားထက် ပိုမိုမြင့်မားတဲ့ အင်ဂျင်လည်ပတ်နှုန်း နဲ့ အလုပ်လုပ်ရတာကြောင့် ပိုပူပါတယ်။ ကားအင်ဂျင်ဝိုင်တွေဟာ ဆိုင်ကယ်အင်ဂျင်ရဲ့ မြင့်မားတဲ့ အပူချိန်အောက်မှာ ဆီသားကျဲသွားတတ်ပြီး အကာအကွယ် မပေးနိုင်တော့ဘဲ အင်ဂျင်ကို အပူတက်လာစေပါတယ်။
💢ဆီအမြှုပ်ထခြင်း
ကားအင်ဂျင်ဝိုင်ကို ဆိုင်ကယ်ထဲထည့်ရင် ဆီလေခိုပြီး အမြှုပ်တွေ ထလာတတ်ပါတယ်။ အင်ဂျင်ဝိုင်မှာ အမြှုပ်ထလာတဲ့အခါ lubrication film မတည်ငြိမ်တော့ပဲ အင်ဂျင်အစိတ်အပိုင်းတွေကြားထဲ ပွတ်တိုက်မှုတွေ ပိုတိုးလာပြီး အင်ဂျင်သက်တမ်းကို တိုစေပါတယ်။
💢အင်ဂျင်အတွင်းမှာ ချေးများကျန်ခဲ့ခြင်း
ကားအင်ဂျင်ဝိုင်၏ additive ပါဝင်မှု့ ဟာ ဆိုင်ကယ်အင်ဂျင် လည်ပတ်မှု အခြေအနေ နှင့် မကိုက်ညီတဲ့ အတွက် အင်ဂျင်အတွင်း အညစ်အကြေးတွေ မဖြစ်အောင် မထိန်းနိုင်တော့ပဲ Piston, ring နှင့် engine အတွင်းပိုင်း များတွင် ချေးနဲ့ ကာဗွန်ဖတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
✅ဒီလိုအချက်တွေကြောင့် ဆိုင်ကယ်တွေမှာ 𝐉𝐀𝐒𝐎 𝐌𝐀 သို့မဟုတ် 𝐌𝐀2 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 ပါဝင်တဲ့ 𝐌𝐨𝐛𝐢𝐥 𝐒𝐮𝐩𝐞𝐫 𝐌𝐨𝐭𝐨 လို ဆိုင်ကယ်သီးသန့် အင်ဂျင်ဝိုင်ကိုပဲ သုံးစွဲဖို့ လိုအပ်တာ ဖြစ်ပါတယ်။
မိတ်ဆွေတွေလည်း ကိုယ့်ရဲ့ဆိုင်ကယ်မှာ ဘယ်လို Engine Oil တွေသုံးကြလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုန်းဗျာ,,,
(ကမ္ဘာ့ထိပ်တန်း အရည်အသွေးအကောင်းဆုံး Mobil အင်ဂျင်ဝိုင်များကို AKT Holdings Company Limited မှ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချပါသည်။)
🔹 Viber - https://rb.gy/joeat7
🔹 TikTok - https://www.tiktok.com/
🔹 YouTube - https://youtube.com/-mobildistribut3979
🔹 Telegram - https://t.me/mobildistributormyanmar




#ဆိုင်ကယ်အင်ဂျင်ဝိုင်

Address

NO 4-A, May Kha Road, Mayangone Township
Yangon
11061

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30
Saturday 08:00 - 12:00

Telephone

+959799799805

Alerts

Be the first to know and let us send you an email when Mobil Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobil Myanmar:

Share