08/03/2023
🔋🔋🔋 𝐁𝐘𝐃 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 (𝐋𝐅𝐏) ဆိုတာဘာလဲ ❓
ဒီနေ့ 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးမဲ့ စိတ်ဝင်စားစရာ 𝐓𝐨𝐩𝐢𝐜 လေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို
တင်သွင်းလာတဲ့ 𝐄𝐕 ကားတွေထဲကမှ မကြာခင်ရောက်ရှိ လာတော့မယ့် 𝐁𝐘𝐃 𝐌𝐨𝐝𝐞𝐥𝐬 တွေ မှာ
ထည့်သွင်းတပ်ဆင်အသုံးပြုထားတဲ့ 𝐁𝐘𝐃 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 (𝐋𝐅𝐏) အကြောင်းလေးပဲ ဖြစ်ပါတယ်။
𝐁𝐘𝐃 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 (𝐋𝐅𝐏) အကြောင်းကို မပြောခင်မှာ 𝐁𝐘𝐃 ရဲ့ 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 လေးကို အနည်းငယ် ပြောပြပေးမှာဖြစ်ပါတယ်၊
𝐁𝐘𝐃 ရဲ့အကြောင်း
𝐁𝐘𝐃 လို့ ဆိုလိုက်တာနဲ့ ဘက်ထရီ၊ လျှပ်စစ်မော်တာများ နှင့် ယာဉ်ထိန်းချုပ်မူဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်အောင်လုပ်ဆောင်နိုင်တဲ့ 𝐄𝐕 ထုပ်လုပ်တဲ့ 𝐂𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬 များအနက် တစ်ခု အပါအဝင်ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပဲ ဖြစ်ပါတယ်၊
𝟏𝟗𝟗𝟓 ခုနှစ်မှာ 𝐌𝐫. 𝐖𝐚𝐧𝐠 𝐂𝐡𝐮𝐚𝐧𝐟𝐮 (𝐂𝐄𝐎) က 𝐁𝐘𝐃 𝐜𝐨𝐦𝐩𝐚𝐧𝐲 ကို စတင်တည်ထောင်ခဲ့ပြီး ထိုစဉ်ကတည်းက 𝐁𝐘𝐃 က သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟ စနစ်ရဲ့ တရားဝင် ပံ့ပိုးကူညီသူအဖြစ် ရပ်တည်နေခဲ့တာပဲ ဖြစ်တယ်၊ 𝐁𝐘𝐃 ရဲ့ 𝐌𝐢𝐬𝐬𝐢𝐨𝐧 ကတော့ ကမ္ဘာပေါ်မှာ ရေနံ မှီခိုမူကို လျှော့ချပေးတဲ့ သန့်ရှင်းတဲ့ စွမ်းအင်နဲ့ လည်ပတ်တဲ့ ပြီးပြည့်စုံတဲ့ (ဓာတ်ငွေ့ထုပ်လွတ်မူ လုံးဝမရှိသော) ဂေဟစနစ် ကို ဖန်တီးခြင်းဖြင့် ကမ္ဘာကြီးကို ပြောင်းလဲပေးပြီး လူသားအရင်းမြစ်ကို အကျိုးပြုရန်ပဲဖြစ်ပါတယ်။
𝐁𝐘𝐃 ကနေထုပ်လုပ်တဲ့ 𝐄𝐕 𝐕𝐞𝐡𝐢𝐜𝐥𝐞 တွေ မှာ ထည့်သွင်းတပ်ဆင် အသုံးပြုထားတဲ့ ဘက်ထရီဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာ စိတ်ချယုံကြည်ရသော၊ 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ပိုင်းမှာ တခြားသော 𝐄𝐕 အသုံးပြု ဘက်ထရီများထက် သာလွန်သော၊ ဘက်ထရီ သက်တမ်းမှာလည်း ကြာရှည်အသုံးခံမူ စတာတွေနဲ့ ပတ်သတ်ပြီး လူသိများထင်ရှား တဲ့ 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 (𝐋𝐅𝐏) ပဲ ဖြစ်ပါတယ်။ ဒါအပြင် 𝐁𝐘𝐃 အနေဖြင့် 𝐁𝐥𝐚𝐝𝐞 ( 𝐋𝐢𝐭𝐡𝐢𝐮𝐦 𝐈𝐫𝐨𝐧 𝐏𝐡𝐨𝐬𝐩𝐡𝐚𝐭𝐞 - 𝐋𝐅𝐏) ဘက်ထရီ ဟာဆိုရင် လွန်ခဲ့တဲ့ (၂၇) နှစ်အတွင်း ရှေ့ဆောင်ခဲ့ ရုံသာမကပဲ 𝐓𝐞𝐬𝐥𝐚 ကဲ့သို့သော 𝐖𝐨𝐫𝐥𝐝𝐬 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐁𝐫𝐚𝐧𝐝 ကလည်း 𝐄𝐮𝐫𝐨𝐩𝐞, 𝐁𝐞𝐫𝐥𝐢𝐧 မြို့ရှိ ၄င်း ၏ 𝐆𝐢𝐠𝐚 𝐅𝐚𝐜𝐭𝐨𝐫𝐲 တွင် ထုပ်လုပ်တဲ့ 𝐌𝐨𝐝𝐞𝐥 𝐘 ကားများမှာ လည်း 𝐁𝐘𝐃 ရဲ့ "𝐁𝐥𝐚𝐝𝐞" ဘက်ထရီများကို အသုံးပြု ထားပါသေးတယ်။
𝐁𝐘𝐃 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐋𝐅𝐏 ဆိုတာ ❓
𝐁𝐘𝐃 ရဲ့ 𝐁𝐥𝐚𝐝𝐞 ဘက်ထရီ မှာ အသုံးပြုထားတာကတော့ 𝐒𝐚𝐟𝐞𝐭𝐲 အတွက် အဓိကလုံခြုံ မူပေးနိုင်ပြီး ကုန်ကျစရိတ်အထူးသက်သာစေတဲ့ အပြင် ဘက်ထရီသက်တမ်း ပိုရှည်
ကြာသည့် 𝐋𝐅𝐏 ဓာတုဗေဒနည်းပညာကို အသုံးပြုထားပါတယ်၊ ဒါကြောင့် တခြားသော 𝐓𝐞𝐫𝐧𝐚𝐫𝐲 𝐋𝐢𝐭𝐡𝐢𝐮𝐦 ဘက်ထရီများနှင့် ယှဉ်ကြည့်မယ်ဆိုရင် စွမ်းအင်သိပ်သည်းဆ က မဆိုစလောက် နည်းပါးသော်လည်း သုံးစွဲသူကို ဘေးအန္တာရယ် ဖြစ်စေနိုင်သော စမ်းသပ်မူ မြောက်များစွာကို အောင်မြင်ဖြတ်သန်း ခဲ့ပြီးတာကြောင့် 𝐔𝐬𝐞𝐫 များအနေနဲ့ လုံးဝ စိတ်ချ ယုံကြည် စွာ မောင်းနှင် အသုံးပြု နိုင်မှာပဲ ဖြစ်ပါတယ်။
𝐁𝐘𝐃 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 ရဲ့ ပျမ်းမျှ သက်တမ်း ကြာချိန် ❓
𝐁𝐘𝐃 ရဲ့ ထုပ်ပြန်ကြေညာမူ အရ ၄င်းတို့ အသုံးပြုထားသော နည်းပညာမြင့် 𝐁𝐥𝐚𝐝𝐞 ဘက်ထရီများဟာ 𝟑,𝟎𝟎𝟎+ အားသွင်းသည့် လည်ပတ်မူ သက်တမ်း (𝐋𝐢𝐟𝐞 𝐒𝐩𝐚𝐧 𝐨𝐟 𝐂𝐡𝐚𝐫𝐠𝐞 𝐂𝐲𝐜𝐥𝐞𝐬) အချိန်တို တခုအတွင်း ဘက်ထရီ ရဲ့ သက်တမ်းကြောင့်ဖြစ်ပေါ်လာနိုင်မဲ့ ပြသာနာကိစ္စ များမရှိတော့သလောက်နည်းပါးမည့် အပြင် မိုင်နှင့် ဖော်ပြမည်ဆိုပါကလည်း ပျှမ်းမျှ (𝟕𝟒𝟓,𝟎𝟎𝟎) မိုင်ကို မောင်းနှင်ခြင်းနှင့် ညီမျှသည် ဟု ဆိုထားပါတယ်။
𝐁𝐘𝐃 𝐁𝐥𝐚𝐝𝐞 ဘက်ထရီတွင် ပါဝင်သော 𝐂𝐞𝐥𝐥𝐬 ❓
𝐁𝐥𝐚𝐝𝐞 ဘက်ထရီ မှာ ပါဝင်တဲ့ နည်းပညာသစ် တစ်ခုတည်းသော 𝐂𝐞𝐥𝐥 (𝐒𝐢𝐧𝐠𝐥𝐞-𝐜𝐞𝐥𝐥) 𝐃𝐞𝐬𝐢𝐠𝐧 က ကျစ်လစ်ပြီး အရှည် ၃၇.၇ လက်မ (၉၆ စင်တီမီတာ)၊ အနံ ၃.၅ လက်မ (၉ စင်တီမီတာ) နှင့် အကျယ် ၀.၅ လက်မ(၁.၃၅ စင်တီမီတာ) ရှိကြပြီး 𝐂𝐞𝐥𝐥 တခုတည်းကို နေရာချထားရာမှာလည်း 𝐏𝐚𝐜𝐤 တခုလုံးထဲတွင် 𝐁𝐥𝐚𝐝𝐞 𝐓𝐲𝐩𝐞 (ဓားသွားများ)အတိုင်း အစီစဉ်တကျ ထည့်သွင်းထား တာကြောင့် ကျစ်လစ်သိပ်သည်းတဲ့ ဖွဲ့စည်းမူနဲ့ စွမ်းဆောင်ရည်ပြည့်ဝ တဲ့ ဘက်ထရီ တခုအနေနဲ့ အသုံးပြုနိုင်မှာ ပဲ ဖြစ်ပါတယ်။
𝐋𝐅𝐏 နဲ့ 𝐍𝐌𝐂 ရဲ့ ကွာခြားချက်
အခုနောက်ပိုင်း 𝐄𝐕 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 ထဲမှာ တွေ့လာရတဲ့ 𝐋𝐅𝐏 (𝐋𝐢𝐭𝐡𝐢𝐮𝐦 𝐈𝐫𝐨𝐧 𝐏𝐡𝐨𝐬𝐩𝐡𝐚𝐭𝐞) နဲ့ 𝐍𝐌𝐂 လို့ အတိုကောက် သိကြတဲ့ (𝐍𝐢𝐜𝐤𝐞𝐥 𝐌𝐚𝐧𝐠𝐚𝐧𝐞𝐬𝐞 𝐂𝐨𝐛𝐚𝐥𝐭) ရဲ့ ကွာခြားချက် ကတော့ - မြင့်မားတဲ့ အပူချိန် 𝐇𝐢𝐠𝐡 𝐓𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞 တွေမှာဆိုရင် 𝐋𝐅𝐏 က 𝐍𝐌𝐂 ထက် ပိုမိုတည်ငြိမ်ပြီး ဘေးအန္တရယ် ကင်းစေနိုင်ပါတယ်၊ ဒါ့အပြင် 𝐋𝐅𝐏 ဘက်ထရီတွေဟာ သူတို့ ရဲ့ လုပ်နိုင်စွမ်းအားအတွင်း ပိုမိုကြီးမားတဲ့ ပါဝါကို ထုတ်လွှတ်နိုင်မူတို့ကြောင့် အပူလွန်ကဲ မူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကားမီးစွဲမူ အန္တာရယ်ကို 𝐍𝐌𝐂 ဘက်ထရီတွေ နဲ့ နိူင်းယှဉ်ကြည့်မယ်ဆိုရင် မဖြစ်နိုင်သလောက်ကို နည်းပါးတာကိုတွေ့ ရပါလိမ့်မယ်။ ဒါကြောင့်လည်း 𝐓𝐞𝐬𝐥𝐚 ကဲ့သို့သော လူသိများထင်ရှားလှ တဲ့ 𝐁𝐫𝐚𝐧𝐝 တွေကလည်း ခုနောက်ပိုင်းထုပ်လုပ်လာတဲ့ ရောင်းအား အကောင်းဆုံး 𝐓𝐞𝐬𝐥𝐚 𝐌𝐨𝐝𝐞𝐥 𝟑 နဲ့ 𝐌𝐨𝐝𝐞𝐥 𝐘 တွေမှာ 𝐋𝐅𝐏 𝐁𝐚𝐭𝐭𝐞𝐫𝐲 တွေကို အသုံးပြုလာ ကြတာပဲ ဖြစ်ပါတယ်။
ကဲ ခုဆိုရင် တော့ 𝐁𝐘𝐃 ရဲ့ 𝐁𝐥𝐚𝐝𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 အကြောင်းကို အတော်လေး သိရှိပြီး သဘောကျ နှစ်သက် မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်၊ နောက်ပြီး မကြာခင် ရောက်လာတော့ မယ် 𝐁𝐘𝐃 𝐄𝐕 ကားတွေ ကို ရင်ခုန်စွာ စောင့်မျှော်ပြီး 𝐁𝐘𝐃 ရဲ့ ဆောင်ပုဒ် 𝐁𝐮𝐢𝐥𝐝 𝐘𝐨𝐮𝐫 𝐃𝐫𝐞𝐚𝐦 ဆိုတဲ့အတိုင်း ကျွန်တော့်တို့ ရဲ့ အိမ်မက်တွေကို ကိုယ်တိုင်တည်ဆောက် ကြရင်း နေ့ရက်တိုင်းမှာပျော်ရွှင်စွာဖြတ်သန်းလိုက်ကြရအောင်။
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬
📲𝐏𝐡 - 09 950450133