Suzuki Mega 6.SPT

Suzuki Mega 6.SPT (SUZUKI CAR SHOWROOM CENTER OF YANGON)
, Service & Spare Parts

26/05/2026



Carry Pro ရဲ့ ဝန်တင်ဆောင်နိုင်စွမ်းက ဘယ်လောက်လဲ?

SUZUKI Carry Pro ရဲ့ ဝန်တင်ဆောင်နိုင်စွမ်းက ဘယ်လောက်ဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်လိုက်ရအောင်…

A. 500 kg
B. 750 kg
C. 950 kg
D. 1,000 kg

လူကြီးမင်းတို့ ရွေးချယ်ထားတဲ့ အဖြေမှန်လေးတွေကိုလည်း Comment မှာ ပြောပြပေးခဲ့ပါဦး။

ဘက်စုံအသုံးပြုနိုင်တဲ့ SUZUKI Carry Pro က လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လို ကိုက်ညီမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကို အောက်ပါ Link ထဲမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/carrypro




23/05/2026


23/05/2026

🔸️ လေကာမှန် ဝိုင်ဘာများသည် ကားတစ်စီး၏ လေကာမှန်မှ အစိုဓာတ်နှင့် မလိုလားအပ်သော ပစ္စည်းအပိုင်းအစများကို ဖယ်ရှားရန် အသုံးပြုသည့် ကိရိယာများဖြစ်သည်။
Windshield wiper blades များသည် ပျမ်းမျှအားဖြင့် ခြောက်လမှ တစ်နှစ်အထိ ကြာရှည်နိုင်ပါတယ်။
Blade ၏ သက်တမ်းသည် သန့်ရှင်းမှုအကြိမ်ရေ၊ ပတ်ဝန်းကျင်ဆိုင်ရာအချက်များနှင့် နေရောင်ခြည်ထိတွေ့မှု အပါအဝင် အမျိုးမျိုးသော အကြောင်းများကြောင့် ပျက်စီးမှုဖြစ်စဉ်များ ကွဲပြားနိုင်ပါတယ်

လေကာမှန် ဝိုင်ဘာနှင့်ဘလိတ်များကို အစားထိုးသင့်တဲ့ လက္ခဏာများကတော့
*** Wiper Arms ပေါ်တွင်ရှိသော blade များသည် အက်ကွဲနေခြင်း
*** wipers လှုပ်ရမ်းနေသော လေကာမှန်တွင် အကြောအရာများထင်ကျန်ပြီး ပြောင်စင်မှုမရှိခြင်း ...
*** ပွတ်တိုက်မှုကြောင့်ထွက်ပေါ်လာသော ဆူညံသံများကြားနေရခြင်း ( ဆပ်ပြာအဆီများကို ဝိုင်ဘာရေဘူးထဲသို့ကြာရှည်စွာထည့်သွင်းအသုံးပြုခြင်းကလည်း ဘလိတ်ချိုးတက်ခြင်းနှင့်လေကာမှန်သားချောမွတ်မှုကို အဟန့်အတားဖြစ်စေပါတယ် )
*** Wiper Arms များနှင့် Blade များသည် ယေဘုယျထက်ကွေးကောက်နေခြင်း
*** တို့ဖြစ်ပါတယ်

Suzuki တွင်အသုံးပြုသော Rubber Blade ( Hybrid & Standard Blade ) များသည် ရေကိုစုပ်ယူခြင်းမရှိသောကြောင့် သံချေးတက်ခြင်း သို့မဟုတ် ပျက်စီးခြင်း မရှိပါ။
၎င်းသည် Blade များ၏ ထိရောက်မှုကို မြှင့်တင်ပေးပြီး ထိခိုက်စေနိုင်သော အောက်မျက်နှာပြင်နှင့် သံချေးများ ထိတွေ့ခြင်းမှ ကင်းဝေးစေပါသည်။
Suzuki Wiper များ၏ အရည်အသွေးအစစ်အမှန်ကို ဝယ်ယူခံစားကြည့်လိုပါက ကျွန်တောတို့ရဲ့ Suzuki Mega 6မှ ဖိတ်ခေါ်ပါရစေခင်ဗျာ။



☎️ - 09 443364499

Friday Morning!Spare Parts ရော ပြုပြင်ထိန်းသိမ်းရေးပါမကျန် ဆောင်ရွက်ဖို့ Mega 6 က အမြဲအဆင်သင့်ပါ 💛Service Hotline 094433...
22/05/2026

Friday Morning!

Spare Parts ရော ပြုပြင်ထိန်းသိမ်းရေးပါမကျန် ဆောင်ရွက်ဖို့ Mega 6 က အမြဲအဆင်သင့်ပါ 💛

Service Hotline
09443364499
09420054395

အမှတ် 96 ပုလဲလမ်း စက်မှုဇုန် 3 ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

www.suzukimega6.com

19/05/2026

လမ်းခရီးတွေမှာ ဘေးကင်းစေမယ့် Electronic Stability Program

ကားမောင်းနေစဉ် ရုတ်တရက် လမ်းချော်တာမျိုး ဒါမှမဟုတ် အရေးပေါ် ကွေ့ရှောင်လိုက်ရတဲ့အခါ ကားကတည်ငြိမ်မှု မရှိတော့တာမျိုး ကြုံဖူးပါသလား?

မိုးရွာပြီး လမ်းချော်တဲ့အချိန်တွေ၊ အရေးပေါ် ယာဉ်လမ်းအကူးအ‌ပြောင်း လုပ်ရတဲ့အချိန်တွေမှာ အရှိန်နဲ့ ကွေ့မိလို့ ကားခေါင်းလျှောထွက်တာ (Understeer) ဒါမှမဟုတ် ကားနောက်ပိုင်းရမ်းပြီး လည်ထွက်တာ (Oversteer) စတဲ့ အခြေအနေတွေမှာ ကားကို တည်ငြိမ်မှုရှိ‌အောင် ESP (Electronic Stability Program) က ကူညီပေးနိုင်ပါတယ်။

ESP System က Safety System တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ Sensor တွေမှတဆင့် Steering Direction၊ ဘီးလည်ပတ်နှုန်းနဲ့ ကားရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးပါတယ်။ ကားတည်ငြိမ်မှု ပျက်စပြုလာတာနဲ့ ဘီးတစ်ဘီးချင်းစီကို အလိုအလျောက် အရှိန်ထိန်းပေးခြင်း၊ Engine Power ကို ချိန်ညှိပေးခြင်းတို့ကို ပြုလုပ်ပြီး ကားကို ထိန်းချုပ်နိုင်အောင် ကူညီပေးတာပါ။

ESP ရဲ့ အဓိကအားသာချက်များ

◾လမ်းချော်ပြီး လည်ထွက်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးခြင်း
◾အရေးပေါ်အခြေအနေတွေမှာ ကားတည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုကို မြှင့်တင်ပေးခြင်း

ESP ကို အဖွင့်အပိတ် ပြုလုပ်လို့ရတဲ့ ESP On/Off ခလုတ်လည်း ပါဝင်တာကြောင့် လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ပုံမှန်လမ်းခရီးတွေမှာတော့ အမြဲတမ်း On ထားသင့်ပြီး၊ ကားရွှံ့နစ်တာ ဒါမှမဟုတ် သဲထဲကျွံလို့ ရုန်းထွက်ရမယ့် အခြေအနေမျိုးမှာပဲ Off လုပ်ပြီး အသုံးပြုသင့်ပါတယ်။

အခုလို ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ အထောက်အကူဖြစ်စေတဲ့ နည်းပညာတွေ ပါဝင်တယ်ဆိုပေမယ့် အရှိန်လွန်မောင်းနှင်ခြင်း၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုပုံစံတွေက မတော်တဆမှု ဖြစ်စေနိုင်တာကြောင့် ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးပြီး မောင်းနှင်ကြဖို့ အကြံပြုလိုက်ပါတယ်။

ဒီလို ESP (Electronic Stability Program) ပါဝင်တဲ့ Ertiga Smart Hybrid မှာ နောက်ထပ် ထူးခြားမှုဘာတွေရှိသေးလဲဆိုတာကို ဒီ Link ထဲမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/ertiga





16/05/2026

မပေါ့ဆသင့်တဲ့ Engine Warning Light

ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။

⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။

အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။

အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာ‌တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




🚸 ကျောင်းဖွင့်ရာသီ ရောက်လာပြီဆိုတော့ …ဖေဖေမေမေတို့အတွက် အရေးအကြီးဆုံးတာဝန်က သားသမီးတွေကို “လုံခြုံစိတ်ချစွာ” ကျောင်းပို့...
12/05/2026

🚸 ကျောင်းဖွင့်ရာသီ ရောက်လာပြီဆိုတော့ …
ဖေဖေမေမေတို့အတွက် အရေးအကြီးဆုံးတာဝန်က သားသမီးတွေကို “လုံခြုံစိတ်ချစွာ” ကျောင်းပို့နိုင်ဖို့ပါပဲ။
နေ့တိုင်း ကျောင်းကြိုကျောင်းပို့ လုပ်ဖို့အတွက်
🚗 ကားရဲ့ အင်ဂျင်၊ ဘရိတ်၊ တာယာ၊ Battery ၊ Air-Con နဲ့ Wiper တွေ အကောင်းဆုံးအခြေအနေမှာ ရှိနေဖို့ အရေးကြီးပါတယ်ခင်ဗျာ။
🌧️ အထူးသဖြင့် မိုးတွင်းလည်း ရောက်တော့မှာဆိုတော့ မိုးရေကြောင့် လမ်းချော်တာ၊ မြင်ကွင်းမရှင်းတာမျိုးတွေ ဖြစ်နိုင်တာကြောင့်
ပုံမှန် 𝐑𝐞𝐠𝐮𝐥𝐚𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐡𝐞𝐜𝐤-𝐔𝐩 လုပ်ထားခြင်းက သင့်မိသားစုအတွက် စိတ်အေးချမ်းမှုတစ်ခုပါ။
'𝐒𝐮𝐳𝐮𝐤𝐢 𝐌𝐞𝐠𝐚-𝟔' မှ . . .
👨‍🔧 အတွေ့အကြုံရှိသော ကျွမ်းကျင်Technician များက
🔧 Suzuki Standard နဲ့ကိုက်ညီသော စက်ကိရိယာများအသုံးပြုပြီး
🛢️ Engine Oil & Fluid စစ်ဆေးခြင်း
🚗 Brake System နှင့် တာယာများ
🔋 Battery နှင့် Electriacl System Check-Up
💨 Air-Con & Wiper စစ်ဆေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးပါရစေခင်ဗျာ။
🛢️ ပစ္စည်းလဲလှယ်ဖို့ လိုအပ်ရင်လည်း အရည်အသွေးမြင့် Suzuki Genuine Parts နှင့် Lubricants တွေကိုပဲ အသုံးပြုမှာဆိုတော့ စိတ်ချယုံကြည်လို့ ရပြီပေါ့။

👧 👦 သားသားမီးမီးတို့ကို နေ့တိုင်း လုံခြုံစိတ်ချစွာ ကျောင်းပို့နိုင်ဖို့ သင့်ရဲ့ Suzuki ကားကို Authorized Service Center မှာ Service Check-Up လုပ်ထားလိုက်ပါနော် . . .
📍 '𝐒𝐮𝐳𝐮𝐤𝐢 𝐌𝐞𝐠𝐚-𝟔' 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦, 𝐒𝐞𝐫𝐯𝐢𝐜𝐞 & 𝐏𝐚𝐫𝐭𝐬 𝐂𝐞𝐧𝐭𝐫𝐞
Hot Line : 095119806
Mega-6 Service : 09420054395
09 4433 644 77 , 09 4433 644 88 , 09 4433 644 99 ,
အမှတ် (၉၆)၊ ပုလဲလမ်း၊ ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းစျေးအနီး၊ ရန်ကုန်မြို့။

12/05/2026

လုပ်ငန်းသုံးယာဉ်ဆိုတာထက် ပိုတဲ့ Carry Pro

Carry Pro ဆိုတာ သာမန်လုပ်ငန်းသုံးယာဉ်တစ်စီးထက် ပိုပါတယ်။ ဆီစားသက်သာမှုကို အဓိက ဦးစားပေး ဒီဇိုင်းထုတ်ထားတဲ့ ကားတစ်စီးဖြစ်တဲ့အပြင် ကြံ့ခိုင်မာကြောပြီး ပေါ့ပါးသွက်လက်စေဖို့ အတွက် အဆင့်မြင့် နည်းစနစ်များကို ထည့်သွင်းထားပါတယ်။

• VVT Engine (1.5L K15B) – VVT (Variable Valve Timing) နည်းပညာပါဝင်တဲ့ 1.5-Litre K15B Engine က ဆီစားသက်သာမှု နဲ့ ရုန်းအားကောင်းမှု ကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးတဲ့အတွက် သာမန်လုပ်ငန်းသုံးကားများထက် ပိုမိုထိရောက်တဲ့ စွမ်းဆောင်ရည် ကို ရရှိစေပါတယ်။

• Electronic Fuel Injection (EFI) - အင်ဂျင် အပူချိန်၊ လည်ပတ်နှုန်းနဲ့ ဝန်တင်ဆောင်ထားမှု အခြေအနေတွေကိုတွက်ချက်ပြီး အင်ဂျင်အတွက် တကယ်လိုအပ်တဲ့ ဆီပမာဏကိုပဲ တိတိကျကျ အသုံးပြုပေးတဲ့ EFI စနစ်ပါရှိပါတယ်။

• Electric Power Steering (EPS) - ဝန်အပြည့်တင်ဆောင်ထားချိန်တွေမှာလည်း ပေါ့ပါး လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ဖို့အတွက် Electric Power Steering ကို အသုံးပြုထားပါတယ်။

• High-Tensile Galvanized Steel Body - ကုန်တင်ခန်း နဲ့ ကားအောက်ပိုင်းတို့ကို ပိုမိုခိုင်မာ တောင့်တင်းစေဖို့သာမက သံချေးတက် ဆွေးမြေ့ခြင်းကိုပါ ကာကွယ်နိုင်ဖို့အတွက် High-Tensile Galvanized Steel Plate များဖြင့် တည်ဆောက်ထားပါတယ်။

လုပ်ငန်းသုံးယာဉ်တစ်စီးဆိုတာထက် ပိုတဲ့ Carry Pro က လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လို ကိုက်ညီမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကို အောက်ပါ Link ထဲမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုပေးပါဦး။

https://suzukimyanmar.com/suzuki/carrypro




အမေဆိုတာ ကိုယ့်အတွက်ဆို အမြဲတွန့်တိုတတ်ပေမဲ့ သားသမီးတွေအတွက်ဆိုရင်တော့ အကောင်းဆုံးတွေကိုပဲ ပေးဆပ်တတ်သူပါ။ အမေ့ရဲ့ နေ့စဉ်...
10/05/2026

အမေဆိုတာ ကိုယ့်အတွက်ဆို အမြဲတွန့်တိုတတ်ပေမဲ့ သားသမီးတွေအတွက်ဆိုရင်တော့ အကောင်းဆုံးတွေကိုပဲ ပေးဆပ်တတ်သူပါ။

အမေ့ရဲ့ နေ့စဉ်သွားလာမှုတွေမှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့နဲ့ အန္တရာယ်ကင်းစေဖို့ ဒီနေ့မှာ အမေ့ကို Suzuki Mega 6 ရဲ့ Service Checkup နဲ့ လက်ဆောင်ပေးလိုက်ရအောင်။

အမေမောင်းတဲ့အခါ အဲကွန်းလေးက ပိုအေးနေဖို့၊ ဘရိတ်က ပိုစိတ်ချရဖို့နဲ့ အင်ဂျင်သံလေးက ငြိမ့်ညောင်းနေဖို့ ကျွန်ုပ်တို့ Mega 6 က အထူးဂရုစိုက်ပေးသွားမှာပါ။

🛠 အမေများနေ့ အထိမ်းအမှတ်အဖြစ် အမေကိုယ်တိုင် မောင်းနှင်လာတဲ့ Suzuki ကားလေးတွေကို Free Service Checkup အပြင် အခြားသော Special Discount အစီအစဉ်များဖြင့် ကြိုဆိုနေပါတယ်။
အမေ့ရဲ့ အပြုံးတွေ ခရီးလမ်းတိုင်းမှာ လန်းဆန်းနေပါစေ။ ❤️

Suzuki Mega 6 Car Showroom နှင့် Service Centre

ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
☎️ - 09 443364499
☎️ - 09 420054395
☎️ - 09 443364477
☎️ - 09 443364488

Mega6 Hotline:📱 09 5119806

Website: www.suzukimega6.com

တည်နေရာ: အမှတ် ၉၆, ပုလဲလမ်း ၊ ရွှေပြည်သာမြိုနယ် တညင်းကုန်းစျေးအနီး၊ ရန်ကုန်မြို

𝐒𝐮𝐳𝐮𝐤𝐢 ကားတိုင်းအတွက် Genuine Parts အကုန်ရှိအောင် ဂိုဒေါင်အပြည့် ကြိုတင်ပြင်ဆင်ထားပါတယ် . . .သင့်ရဲ့ ဆူဇူကီးကားကို  အကော...
10/05/2026

𝐒𝐮𝐳𝐮𝐤𝐢 ကားတိုင်းအတွက် Genuine Parts အကုန်ရှိအောင် ဂိုဒေါင်အပြည့် ကြိုတင်ပြင်ဆင်ထားပါတယ် . . .
သင့်ရဲ့ ဆူဇူကီးကားကို အကောင်းဆုံးအခြေအနေမှာ အမြဲထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးဆုံးက Suzuki Genuine Parts တွေ တပ်ဆင်အသုံးပြုခြင်းပါပဲခင်ဗျာ။
ဒါကြောင့်မို့လို့ 𝐒𝐮𝐳𝐮𝐤𝐢 𝐌𝐞𝐠𝐚-𝟔 မှာ ဆူဇူကီးစက်ရုံထုတ် အစိတ်အပိုင်းတွေ အချိန်မရွေး အသင့်ဝယ်ယူနိုင်အောင် စီစဉ်ထားပါတယ်နော်။
⚙️ Suzuki Genuine Spare Parts
ပုံမှန်လဲလှယ်ဖို့လိုအပ်တဲ့ Engine Oil Filter, Air-Filter, မီးထွက်ပလပ်တွေ, Brake Pads, Engine Mounting နဲ့ ရှော့ဘား စတဲ့အစိတ်အပိုင်းတွေ၊

🔩 Suzuki Genuine Body Parts
Suzuki Original Body Parts တွေဖြစ်တဲ့ အရှေ့မီးကြီး၊ အနောက်မီးခွက်တွေ၊ ဘောနက်အဖုံး၊ အရှေ့မှန်ကြီး၊ ပါးခြမ်း၊ တံခါးချပ်စတဲ့ မော်တော်ယာဉ်အစိတ်အပိုင်းတွေ
အကုန်နီးပါး in-stock ရှိအောင် ဂိုဒေါင်အပြည့် သိုလှောင်ထားပါတယ်။

🚗 ဘာကြောင့် Suzuki Genuine Parts တွေပဲ သုံးသင့်တာလဲ?
💯 ဂျပန်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးတိကျကောင်းမွန်မှုကို အာမခံနိုင်ခြင်း၊
💰 လဲလှယ်တပ်ဆင်သမျှပစ္စည်းတိုင်းက ကြာရှည်ခံပြီး ရေရှည်ပြုပြင်စရိတ်များ လျော့နည်းစေခြင်း၊
🏆 ကားရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝ ထိန်းသိမ်းပေးပြီး
💵 ကားတန်ဖိုးကိုလည်း တိုးမြင့်စေနိုင်ခြင်း။

📦 ဘာလို့ 𝐒𝐮𝐳𝐮𝐤𝐢 𝐌𝐞𝐠𝐚-𝟔 မှာ လာရောက်ရွေးချယ်ဝယ်ယူသင့်တာလဲ ?
- SKD ဆူဇူကီးကား မော်ဒယ်အမျိုးမျိုးအတွက် Genuine Spare Parts နှင့် Genuine Body Parts များ အစုံအလင်ရရှိနိုင်ခြင်း၊
- စျေးနှုန်းအသေးစိတ်စုံစမ်းနိုင်ခြင်း၊
- ပစ္စည်းအများစုက In-Stock ထားရှိသောကြောင့် စိတ်ကြိုက်ရွေးချယ်နိုင်ပြီး
- တာဝန်ယူမှုရှိသော Suzuki-Trained ကျွမ်းကျင် Technician များမှ တိကျစွာတပ်ဆင်ပေးမှာဆိုတော့ . . .
သင့်ရဲ့ဆူဇူကီးကားအတွက် လိုအပ်တဲ့ Genuine Parts တွေကို အချိန်ကုန်ခံ၊ ရှာဖွေဖို့ မလိုဘဲတဲ့
👉 𝐒𝐮𝐳𝐮𝐤𝐢 𝐌𝐞𝐠𝐚-𝟔 ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါခင်ဗျာ။

✅️ '𝐒𝐮𝐳𝐮𝐤𝐢 𝐌𝐞𝐠𝐚-𝟔' 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦, 𝐒𝐞𝐫𝐯𝐢𝐜𝐞 & 𝐏𝐚𝐫𝐭𝐬 𝐂𝐞𝐧𝐭𝐫𝐞
Hot Line : 095119806
Mega-6 Service : 09420054395
09 4433 644 77 , 09 4433 644 88 , 09 4433 644 99 ,
အမှတ် (၉၆)၊ ပုလဲလမ်း၊ ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းစျေးအနီး၊ ရန်ကုန်မြို့။

09/05/2026

Address

No. 96, Pearl Road, Industry Zone/3, Shwe Pyi Thar, Myanmar
Yangon
11411

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 05:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 05:30
Sunday 09:00 - 17:30

Telephone

+9595119806

Alerts

Be the first to know and let us send you an email when Suzuki Mega 6.SPT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suzuki Mega 6.SPT:

Share

Category