Suzuki Myint Myat Maung

Suzuki Myint Myat Maung SUZUKI ကားအသစ်များကို အိမ်တိုင်ရာရောက် ရောင်းချပေးနေပါပြီ။

23/05/2026
21/05/2026

လမ်းခရီးတွေမှာ ဘေးကင်းစေမယ့် Electronic Stability Program

ကားမောင်းနေစဉ် ရုတ်တရက် လမ်းချော်တာမျိုး ဒါမှမဟုတ် အရေးပေါ် ကွေ့ရှောင်လိုက်ရတဲ့အခါ ကားကတည်ငြိမ်မှု မရှိတော့တာမျိုး ကြုံဖူးပါသလား?

မိုးရွာပြီး လမ်းချော်တဲ့အချိန်တွေ၊ အရေးပေါ် ယာဉ်လမ်းအကူးအ‌ပြောင်း လုပ်ရတဲ့အချိန်တွေမှာ အရှိန်နဲ့ ကွေ့မိလို့ ကားခေါင်းလျှောထွက်တာ (Understeer) ဒါမှမဟုတ် ကားနောက်ပိုင်းရမ်းပြီး လည်ထွက်တာ (Oversteer) စတဲ့ အခြေအနေတွေမှာ ကားကို တည်ငြိမ်မှုရှိ‌အောင် ESP (Electronic Stability Program) က ကူညီပေးနိုင်ပါတယ်။

ESP System က Safety System တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ Sensor တွေမှတဆင့် Steering Direction၊ ဘီးလည်ပတ်နှုန်းနဲ့ ကားရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးပါတယ်။ ကားတည်ငြိမ်မှု ပျက်စပြုလာတာနဲ့ ဘီးတစ်ဘီးချင်းစီကို အလိုအလျောက် အရှိန်ထိန်းပေးခြင်း၊ Engine Power ကို ချိန်ညှိပေးခြင်းတို့ကို ပြုလုပ်ပြီး ကားကို ထိန်းချုပ်နိုင်အောင် ကူညီပေးတာပါ။

ESP ရဲ့ အဓိကအားသာချက်များ

◾လမ်းချော်ပြီး လည်ထွက်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးခြင်း
◾အရေးပေါ်အခြေအနေတွေမှာ ကားတည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုကို မြှင့်တင်ပေးခြင်း

ESP ကို အဖွင့်အပိတ် ပြုလုပ်လို့ရတဲ့ ESP On/Off ခလုတ်လည်း ပါဝင်တာကြောင့် လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ပုံမှန်လမ်းခရီးတွေမှာတော့ အမြဲတမ်း On ထားသင့်ပြီး၊ ကားရွှံ့နစ်တာ ဒါမှမဟုတ် သဲထဲကျွံလို့ ရုန်းထွက်ရမယ့် အခြေအနေမျိုးမှာပဲ Off လုပ်ပြီး အသုံးပြုသင့်ပါတယ်။

အခုလို ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ အထောက်အကူဖြစ်စေတဲ့ နည်းပညာတွေ ပါဝင်တယ်ဆိုပေမယ့် အရှိန်လွန်မောင်းနှင်ခြင်း၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုပုံစံတွေက မတော်တဆမှု ဖြစ်စေနိုင်တာကြောင့် ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးပြီး မောင်းနှင်ကြဖို့ အကြံပြုလိုက်ပါတယ်။

ဒီလို ESP (Electronic Stability Program) ပါဝင်တဲ့ Ertiga Smart Hybrid မှာ နောက်ထပ် ထူးခြားမှုဘာတွေရှိသေးလဲဆိုတာကို ဒီ Link ထဲမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/ertiga





16/05/2026

မပေါ့ဆသင့်တဲ့ Engine Warning Light

ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။

⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။

အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။

အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာ‌တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




12/05/2026

လုပ်ငန်းသုံးယာဉ်ဆိုတာထက် ပိုတဲ့ Carry Pro

Carry Pro ဆိုတာ သာမန်လုပ်ငန်းသုံးယာဉ်တစ်စီးထက် ပိုပါတယ်။ ဆီစားသက်သာမှုကို အဓိက ဦးစားပေး ဒီဇိုင်းထုတ်ထားတဲ့ ကားတစ်စီးဖြစ်တဲ့အပြင် ကြံ့ခိုင်မာကြောပြီး ပေါ့ပါးသွက်လက်စေဖို့ အတွက် အဆင့်မြင့် နည်းစနစ်များကို ထည့်သွင်းထားပါတယ်။

• VVT Engine (1.5L K15B) – VVT (Variable Valve Timing) နည်းပညာပါဝင်တဲ့ 1.5-Litre K15B Engine က ဆီစားသက်သာမှု နဲ့ ရုန်းအားကောင်းမှု ကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးတဲ့အတွက် သာမန်လုပ်ငန်းသုံးကားများထက် ပိုမိုထိရောက်တဲ့ စွမ်းဆောင်ရည် ကို ရရှိစေပါတယ်။

• Electronic Fuel Injection (EFI) - အင်ဂျင် အပူချိန်၊ လည်ပတ်နှုန်းနဲ့ ဝန်တင်ဆောင်ထားမှု အခြေအနေတွေကိုတွက်ချက်ပြီး အင်ဂျင်အတွက် တကယ်လိုအပ်တဲ့ ဆီပမာဏကိုပဲ တိတိကျကျ အသုံးပြုပေးတဲ့ EFI စနစ်ပါရှိပါတယ်။

• Electric Power Steering (EPS) - ဝန်အပြည့်တင်ဆောင်ထားချိန်တွေမှာလည်း ပေါ့ပါး လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ဖို့အတွက် Electric Power Steering ကို အသုံးပြုထားပါတယ်။

• High-Tensile Galvanized Steel Body - ကုန်တင်ခန်း နဲ့ ကားအောက်ပိုင်းတို့ကို ပိုမိုခိုင်မာ တောင့်တင်းစေဖို့သာမက သံချေးတက် ဆွေးမြေ့ခြင်းကိုပါ ကာကွယ်နိုင်ဖို့အတွက် High-Tensile Galvanized Steel Plate များဖြင့် တည်ဆောက်ထားပါတယ်။

လုပ်ငန်းသုံးယာဉ်တစ်စီးဆိုတာထက် ပိုတဲ့ Carry Pro က လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လို ကိုက်ညီမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကို အောက်ပါ Link ထဲမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုပေးပါဦး။

https://suzukimyanmar.com/suzuki/carrypro




05/05/2026

နေပူပူ မိုးရွာရွာ အမြဲအသုံးဝင်မယ့် Door Visor

နွေရာသီမှာ ကားကို နေပူထဲမှာ အကြာကြီး ရပ်ထားခဲ့ရတဲ့အခါ ကားထဲကို ပြန်ဝင်လိုက်တိုင်း အပူရှိန်ပြင်းတာကို လူတိုင်းကြုံဖူးမှာပါ။ ဒါ့အပြင် မိုးရာသီမှာဆိုရင်လည်း မှန်ဖွင့်ထားတဲ့အခါ ကားအတွင်းခန်း မိုးရေစိုတာမျိုးနဲ့ မှန်ပိတ်ထားတဲ့အခါ ကားအတွင်းခန်း လေလုံပြီး အနံ့ဆိုးထွက်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုအခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတစ်ခုကတော့ နေပူပူ မိုးရွာရွာ အသုံးဝင်မယ့် Door Visor လေးတွေကို လူကြီးမင်းတို့ရဲ့ကားမှာ တပ်ဆင်ထားလိုက်ရုံပါပဲ။

Door Visor ကို တပ်ဆင်အသုံးပြုထားခြင်းအားဖြင့်

✅ လေဝင်လေထွက် ကောင်းမွန်ခြင်း
နေပူထဲမှာ ကားမှန်တွေကို အကုန်လုံး ပိတ်ပြီး ရပ်ထားတဲ့အခါ ကားအတွင်းထဲမှာ လေဝင်လေထွက် မရှိဘဲ လေပူတွေ အောင်းနေတတ်ပါတယ်။ Door Visor ကို တပ်ထားလိုက်မယ်ဆိုရင်တော့ မှန်ကို အနည်းငယ် ဟထားနိုင်တာကြောင့် လေဝင်လေထွက်ရှိပြီး အပူဒဏ်ကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

✅ လုံခြုံစိတ်ချရခြင်း
Door Visor ရဲ့ ဒီဇိုင်းက မှန်အပေါ်နားကို ဖုံးအုပ်ထားတာကြောင့် အပြင်ကကြည့်ရင် မှန်ဖွင့်ထားမှန်း သိပ်မသိသာစေလို့ ကားအတွင်းပိုင်း လုံခြုံရေးအတွက်လည်း စိတ်ချရစေပါတယ်။

✅ Air Con ဝန်ကို လျှော့ချပေးခြင်း
ကားထဲမှာ အပူအောင်းတာ နည်းသွားတဲ့အတွက် ကားပြန်မောင်းလို့ အဲကွန်းအသုံးပြုတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် အေးစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ SUZUKI ကားလေးတွေမှာ Door Visor မတပ်ရသေးဘူးဆိုရင် အခုပဲ နီးစပ်ရာ Suzuki Authorized Service Center တွေမှာ Genuine Accessories အဖြစ် ဝယ်ယူတပ်ဆင်နိုင်ပါပြီ။

https://suzukimyanmar.com/suzuki/dealer




03/05/2026

SUZUKI က မြန်မာနိုင်ငံမှာ ဘယ်တုန်းက စတင်ခြေချခဲ့တာလဲ?

မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ကာလရှည်ကြာစွာရပ်တည်လာခဲ့တဲ့ SUZUKI ဟာ သုံးစွဲသူ Customer များရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ရရှိစေဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်လျက်ရှိပါတယ်။

ဒါကြောင့် SUZUKI ဟာ မြန်မာနိုင်ငံမှာ ဘယ်အချိန်ကတည်းက စတင်ခဲ့သလဲဆိုတာကို SUZUKI ချစ်သူတွေအနေနဲ့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်…

Suzuki (Myanmar) Motor Co., Ltd. အဖြစ် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအနေနဲ့ မစတင်မီ “Myanmar Suzuki Motor” ဆိုတဲ့ နာမည်နဲ့ ဘယ်တုန်းက၊ ဘယ်နေရာမှာ စတင် လည်ပတ်ခဲ့သလဲ ဆိုတာကို သိတဲ့ SUZUKI ချစ်သူများက Comment မှာ ဝေမျှပေးသွားပါဦး..

အဖြေကို မသေမချာဖြစ်နေတဲ့ SUZUKI ချစ်သူတွေကို Hint လေးတစ်ခု ပေးချင်တာမို့ ဒီ link လေးထဲမှာ အဖြေရှာလိုက်ပါဦးနော်…
https://suzukimyanmar.com/suzuki/aboutus



မေလ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာအလုပ်သမားနေ့ကို Suzuki Myint Myat Maung မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ် ခင်ဗျ။အမှတ...
01/05/2026

မေလ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာအလုပ်သမားနေ့ကို Suzuki Myint Myat Maung မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ် ခင်ဗျ။

အမှတ်(၁၅/၁၆)၊ ရန်ကုန် - ပဲခူးလမ်းမ (ရုံးရှေ့မှတ်တိုင်အနီး)၊ ရိပ်သာရပ်ကွက်၊လှည်းကူးမြို့နယ်၊ ရန်ကုန်။

အသေးစိတ်သိရှိလိုပါက
ဖုန်းနံပါတ် 09-695145313, 09-965145313 (သို့) Chat Box တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ

# Car Spare Parts
# Service Center
# Suzuki Myint Myat Maung

✨ အေးချမ်းသာယာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယ ✨ဗုဒ္ဓဘာသာဝင်တိုရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီကနေ့ ကဆု...
29/04/2026

✨ အေးချမ်းသာယာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယ ✨
ဗုဒ္ဓဘာသာဝင်တိုရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီကနေ့ ကဆုန်လပြည့်နေ့အခါသမယမှာ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်ရင်း စိတ်နှလုံးအေးချမ်းကြပါစေလို Suzuki Myint Myat Maung မိသားစုမှ ဆုတောင်းမေတ္တာပိုသအပ်ပါတယ်။

29/04/2026

နေပူထဲရပ်ထားမိတဲ့အခါ ကားထဲမှာ အမြန်ဆုံးအေးစေဖို့ ဘယ်လိုလုပ်သင့်လဲ။

နွေရာသီမှာ နေပူထဲ ကားရပ်ထားတဲ့အခါ ကားထဲဝင်လိုက်တာနဲ့ အတော်လေး ပူလှောင် အိုက်စက်နေတဲ့ ခံစားချက်ကို အားလုံး ကြုံဖူးကြမှာပါ။ ဒါကို အမျိုးမျိုးသော နည်းလမ်းတွေနဲ့ဖြေရှင်းလေ့ရှိပြီး လူကြီးမင်းတို့အနေနဲ့ရော ကားထဲဝင်ဝင်ချင်း အမြန်ဆုံးအေးစေဖို့ ဘယ်လို နည်းလမ်းတွေကို သုံးလေ့ရှိကြလဲ

(A) အဲကွန်းကို အအေးဆုံးဖွင့်ပြီး ကားထဲမှာပဲ စောင့်မယ်။
(B) မှန်တွေအကုန်ချပြီး အတွင်းက လေပူတွေကို အရင်ထုတ်မယ်။
(C) ရှေ့လေကာမှန်ပေါ်ကို ရေလောင်းချမယ်။
လူကြီးမင်းတို့ အသုံးပြုနေကြ နည်းလမ်းလေးတွေကိုလည်း Comment မှာ ပြောပြပေးခဲ့ပါဦး။

SUZUKI ကားမော်ဒယ်တစ်ခုချင်းစီရဲ့ အဓိကအားသာချက်တွေနဲ့ အသေးစိတ် အကြောင်းအရာ အချက် အလက်တွေကို ပြည့်ပြည့်စုံစုံသိရှိချင်တယ်ဆိုရင်တော့ အောက်ပါ website Link မှာ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

www.suzukimyanmar.com



22/04/2026

သင်္ကြန်ကာလကို SUZUKI ကားတွေနဲ့အတူ ဖြတ်သန်းခဲ့ပြီးတဲ့‌နောက်

သင်္ကြန်ကာလတစ်လျှောက်လုံး အမျိုးမျိုးသော ရေတွေနဲ့ ဖုန်မှုန့်တွေက လျှပ်စစ်ဆိုင်ရာ အစိတ်အပိုင်းများ၊ အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ အပြင် တာယာနဲ့ ဘရိတ်စနစ် တို့လို အစရှိတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အခုလို သင်္ကြန်ကာလကို ဖြတ်သန်းခဲ့ပြီးတဲ့‌နောက်မှာတော့ လူကြီးမင်းတို့ရဲ့ SUZUKI ကားတွေမှာ ရေရှည် ကြံ့ခိုင်မှုတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ရရှိစေနိုင်ဖို့အတွက် General Inspection တွေကို ပြန်လည် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

General Inspection ပြုလုပ်ခြင်းအားဖြင့်

✅ မမြင်နိုင်တဲ့ ချို့ယွင်းချက်တွေကို ကြိုတင်သိရှိနိုင်ခြင်း
✅ ကြီးမားတဲ့ ပြင်ဆင်စရိတ်တွေကို သက်သာစေခြင်း
✅ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်ခြင်း
✅ ဘေးကင်းလုံခြုံမှုကို ရရှိစေနိုင်ခြင်း
✅ စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ခြင်း

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ နီးစပ်ရာ Suzuki Authorized Service Center တွေမှာ General Inspection ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သင်္ကြန်ကာလပြီးတဲ့နောက် ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေမှာ အခုပဲ Service Booking ပြုလုပ်လိုက်ပါ။

https://suzukimyanmar.com/suzuki/dealer





18/04/2026

အမှောင်ထဲမှာ လမ်းပြပေးမယ့် Guide Me Light Function

SUZUKI Ertiga Smart Hybrid နဲ့သာ အတူရှိနေမယ်ဆိုရင်တော့ ညအမှောင်တွေမှာ လမ်းလျောက်ဖို့အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ Guide Me Light Function က ညဘက်မှောင်နေတဲ့အချိန်တွေမှာ ကားပေါ်က ဆင်းပြီး အိမ်ကိုသွားတာပဲဖြစ်ဖြစ်.. အိမ်ထဲကထွက်ပြီး ကားဆီကို လာတာပဲဖြစ်ဖြစ် ကားရှေ့မီးက အလိုအလျောက် လင်းလာပြီး လူကြီးမင်းတို့ကို လမ်းပြပေးမှာ ဖြစ်ပါတယ်။

To Home
ကားပေါ်ကဆင်းပြီး အိမ်ကိုသွားတဲ့အချိန်မှာ ပတ်ဝန်းကျင်က မှောင်နေတယ်ဆိုရင် Guide Me Light Function ကိုသုံးလို့ရပါတယ်။ အသုံးပြုဖို့အတွက်ဆိုရင်တော့ Lighting Control Lever မှာပါတဲ့ Lighting Switch ရဲ့ Position က Auto ဆိုတဲ့နေရာကို လှည့်ထားပါ။ ပြီးရင်တော့ ကားကိုစက်ပိတ်ပြီး Lighting Control Lever ကို လူကြီးမင်းဘက်ကို တချက်ဆွဲမလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ Driver ဘက်ခြမ်း တံခါးကို ဖွင့်လိုက်တာနဲ့ ကားရှေ့မီးတွေက အလိုအလျောက် လင်းလာမှာ ဖြစ်ပါတယ်။ သတိပြုစရာအနေနဲ့ Guide Me Light Function အသုံးပြုတဲ့အခါ စက္ကန့် ၆၀ အတွင်း Driver ဘက်ခြမ်း တံခါးကိုဖွင့်မှသာ မီးလင်းလာမှာပါ။

To Car
ကားဆီကိုသွားဖို့ ပတ်ဝန်းကျင်က မှောင်နေတယ်ဆိုရင်လည်း Smart Key ကနေ Unlock လုပ်လိုက်ရုံနဲ့ ကားရှေ့မီးတွေက အလိုအလျောက်လင်းလာပြီး လူကြီးမင်းကို လမ်းပြပေးမှာဖြစ်ပါတယ်။

Guide Me Light Function တွေမှာ ပုံမှန်အားဖြင့် ပါကင်မီး (Front Position Light) နှင့် ရှေ့မီးကြီး (Low beam) တို့ဟာ သတ်မှတ်ထားတဲ့ ကြာချိန်အတိုင်း မီးလင်းပေးမှာဖြစ်ပြီး သတ်မှတ်ကြာချိန်ကိုလည်း Information Display ထဲမှာ ပြောင်းလဲသတ်မှတ်လို့ရပါတယ်။

Guide Me Light Function တွေက ပတ်ဝန်းကျင်မှောင်နေမှသာ အလုပ်လုပ်မှာဖြစ်ပြီး အသုံးပြုပြီးပြီဆိုရင်တော့ Smart Key ကနေ ကားတံခါးကို Lock ပြန်ချဖို့ မမေ့ဖို့လည်း သတိပေးလိုက်ပါရစေ။

“Guide Me Light Function” ရဲ့ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင် SUZUKI Myanmar Motor ရဲ့ Website မှာရှိတဲ့ ဒီ link က နေ download ရယူပြီး လေ့လာလို့ရပါတယ်။

https://suzukimyanmar.com/frontend/assets/pdf/service/owner-manual/ertiga/4/Ertiga-Type-D-Owner-Manual-MM.pdf




Address

No. (15+16), Yangon-Bago Road, Hlegu Township
Yangon
130104

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959695145313

Website

Alerts

Be the first to know and let us send you an email when Suzuki Myint Myat Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share