Suzuki HTOO HTOO -Dagon Seikkan

Suzuki HTOO HTOO -Dagon Seikkan Suzuki Authorized car dealer for Suzuki brand new cars and service provider for all Suzuki cars.

29/05/2026

Suzuki ကားမောင်းနေရင်း ဂီယာ loose ဖြစ်သွားရင် ဘာကြောင့်လဲ? 🚗💥

Suzuki Swift, Ertiga, Ciaz တို့လို ကားတွေမှာ မောင်းနေရင်းဖြစ်ဖြစ်၊ မနက်ခင်း ကားစနှိုးချိန်မှာဖြစ်ဖြစ် ဂီယာတံက ချောင်ချောင်ကြီးဖြစ်ပြီး ဂီယာဝင်မရတော့ဘဲ loose ဖြစ်သွားတာမျိုး ကြုံဖူးကြလားဗျာ?

ဒါဟာ အဖြစ်များတဲ့ "ဂီယာကြိုးပြတ်တာ (သို့) ဂီယာကြိုးခေါင်း ဆွေးပြီးပြုတ်ထွက်တာ)" ကြောင့် ဖြစ်ရတာပါ။

🔍 ဘယ်လိုလက္ခဏာတွေပြတတ်လဲ?

ဂီယာတံကို ကိုင်လိုက်ရင် ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေမယ်။

P ကနေ D ကို ဆွဲလဲ ဂီယာမဝင်ဘဲ loose ဖြစ်နေမယ်။

တချို့ဆို မောင်းနေရင်းနဲ့ ဂီယာအောက်ကျသွားပြီး လီဗာနင်းပေမယ့် ကားမရွေ့တော့ဘူး။

💡 ဘာကြောင့်ဖြစ်ရတာလဲ?

အဓိကကတော့ သက်တမ်းကြာလာတာနဲ့အမျှ အပူရှိန်ကြောင့် ဂီယာကြိုးရဲ့ ကြက်ပေါင်ကွင်း (Bushing) ခေါင်းလေးတွေ ကြွပ်ပြီး ကွဲထွက်သွားလို့ပါ။

အကောင်းဆုံးဖြေရှင်းနည်း: ဂီယာကြိုးအသစ်လဲတာ ဒါမှမဟုတ် အရည်အသွေးကောင်းတဲ့ genuine အပိုပစ္စည်းတွေနဲ့ အစားထိုးတာက စိတ်မညစ်ရဆုံးပါပဲ။

မိမိတို့ရဲ့ Suzuki ကားလေးတွေ ဂီယာပိုင်း စိတ်ချရအောင် ပုံမှန်စစ်ဆေးဖို့ မမေ့ကြနဲ့ဦးနော်။ တခြား Suzuki အကြောင်း သိချင်တာရှိရင်လည်း ကွန်မန့်မှာ မေးခဲ့လို့ရပါတယ်ခင်ဗျာ။ 👇

📍 Showroom လိပ်စာ:

အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Google Map: https://goo.gl/maps/x9GTmHaqSrovUEN6

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:

09 266 723 090

09 266 723 080

09 400 998 070

09 400 998 050

23/05/2026

💦မိုးတွင်းမှာ ကားထဲ ရေဝင်တာ၊ အနံ့အသက်ဆိုးတွေ ဖြစ်တာ ကားတံခါး အပြင်မှန်တင်လိုက်နာရော်ဘာ ကြောင့်ဆိုတာ သိပါသလား? 🌧️🚪
"မိုးမရွာခင် ဒါလေးတွေကို အရင်စစ်ဆေးကြည့်ပါ 🌧️👇
မိုးတွင်းမှာ ကားတံခါးမှန်အောက်က အပြင်လက်တင်လိုက်နာရော်ဘာတွေ ဟောင်းနွမ်းနေရင် ကားတံခါးအောက်ခြေက ရေထွက်ပေါက်တွေ ပိတ်ပြီး တံခါးထဲ ရေအိုင်တာ၊ မှန်မော်တာ လောင်တာတွေ အဖြစ်များပါတယ်။
အကယ်၍ သင့်ကားရဲ့ မှန်တင်လိုက်နာရော်ဘာက -
✅ အက်ကွဲကြောင်းတွေ ဖြစ်နေရင်
✅ ရော်ဘာသား မာကြောပြီး မှန်နဲ့ ကွက်တိမရှိဘဲ ဟနေရင်
✅ မှန်တင်/မှန်ချလုပ်တဲ့အခါ အသံဗြတ်ဗြတ်တွေ မြည်နေရင်
မိုးရာသီ အခါပြည့်မှာ စိတ်အေးလက်အေး မောင်းနှင်နိုင်ဖို့ တံခါးအပြင်မှန်တင်လိုက်နာ အသစ်လေးတွေ အမြန်လဲလှယ်လိုက်ပါ။
ကျွန်တော်တို့SuzukiHtooHtooDGSမှာ ကားမော်ဒယ်အလိုက် ပစ္စည်းအစုံရှိလို့ အခုပဲ မေးမြန်းတပ်ဆင်နိုင်ပါပြီ။"
📍 Showroom လိပ်စာ:
အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Google Map: https://goo.gl/maps/x9GTmHaqSrovUEN6

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
09 266 723 090
09 266 723 080
09 400 998 070
09 400 998 050

📍 Showroom လိပ်စာ:အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့...
20/05/2026

📍 Showroom လိပ်စာ:

အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Google Map: https://goo.gl/maps/x9GTmHaqSrovUEN6

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 266 723 090

09 266 723 080

09 400 998 070

09 400 998 050

မပေါ့ဆသင့်တဲ့ Engine Warning Light

ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။

⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။

အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။

အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာ‌တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




📍 Showroom လိပ်စာ:အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့...
20/05/2026

📍 Showroom လိပ်စာ:

အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Google Map: https://goo.gl/maps/x9GTmHaqSrovUEN6

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:
09 266 723 090

09 266 723 080

09 400 998 070

09 400 998 050

လမ်းခရီးတွေမှာ ဘေးကင်းစေမယ့် Electronic Stability Program

ကားမောင်းနေစဉ် ရုတ်တရက် လမ်းချော်တာမျိုး ဒါမှမဟုတ် အရေးပေါ် ကွေ့ရှောင်လိုက်ရတဲ့အခါ ကားကတည်ငြိမ်မှု မရှိတော့တာမျိုး ကြုံဖူးပါသလား?

မိုးရွာပြီး လမ်းချော်တဲ့အချိန်တွေ၊ အရေးပေါ် ယာဉ်လမ်းအကူးအ‌ပြောင်း လုပ်ရတဲ့အချိန်တွေမှာ အရှိန်နဲ့ ကွေ့မိလို့ ကားခေါင်းလျှောထွက်တာ (Understeer) ဒါမှမဟုတ် ကားနောက်ပိုင်းရမ်းပြီး လည်ထွက်တာ (Oversteer) စတဲ့ အခြေအနေတွေမှာ ကားကို တည်ငြိမ်မှုရှိ‌အောင် ESP (Electronic Stability Program) က ကူညီပေးနိုင်ပါတယ်။

ESP System က Safety System တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ Sensor တွေမှတဆင့် Steering Direction၊ ဘီးလည်ပတ်နှုန်းနဲ့ ကားရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးပါတယ်။ ကားတည်ငြိမ်မှု ပျက်စပြုလာတာနဲ့ ဘီးတစ်ဘီးချင်းစီကို အလိုအလျောက် အရှိန်ထိန်းပေးခြင်း၊ Engine Power ကို ချိန်ညှိပေးခြင်းတို့ကို ပြုလုပ်ပြီး ကားကို ထိန်းချုပ်နိုင်အောင် ကူညီပေးတာပါ။

ESP ရဲ့ အဓိကအားသာချက်များ

◾လမ်းချော်ပြီး လည်ထွက်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးခြင်း
◾အရေးပေါ်အခြေအနေတွေမှာ ကားတည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုကို မြှင့်တင်ပေးခြင်း

ESP ကို အဖွင့်အပိတ် ပြုလုပ်လို့ရတဲ့ ESP On/Off ခလုတ်လည်း ပါဝင်တာကြောင့် လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ပုံမှန်လမ်းခရီးတွေမှာတော့ အမြဲတမ်း On ထားသင့်ပြီး၊ ကားရွှံ့နစ်တာ ဒါမှမဟုတ် သဲထဲကျွံလို့ ရုန်းထွက်ရမယ့် အခြေအနေမျိုးမှာပဲ Off လုပ်ပြီး အသုံးပြုသင့်ပါတယ်။

အခုလို ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ အထောက်အကူဖြစ်စေတဲ့ နည်းပညာတွေ ပါဝင်တယ်ဆိုပေမယ့် အရှိန်လွန်မောင်းနှင်ခြင်း၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုပုံစံတွေက မတော်တဆမှု ဖြစ်စေနိုင်တာကြောင့် ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးပြီး မောင်းနှင်ကြဖို့ အကြံပြုလိုက်ပါတယ်။

ဒီလို ESP (Electronic Stability Program) ပါဝင်တဲ့ Ertiga Smart Hybrid မှာ နောက်ထပ် ထူးခြားမှုဘာတွေရှိသေးလဲဆိုတာကို ဒီ Link ထဲမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/ertiga





ကားလေးတွေ အခုလို မိုးရာသီမှာ ကြုံတွေ့ရတတ်တဲ့ ကားအတွင်းထဲ မိုးရေယိုတဲ့ ပြဿနာက ဘာကြောင့်လဲ?အင်တာနာအထိုင် (Base Antenna) 👈က...
15/05/2026

ကားလေးတွေ အခုလို မိုးရာသီမှာ ကြုံတွေ့ရတတ်တဲ့ ကားအတွင်းထဲ မိုးရေယိုတဲ့ ပြဿနာက ဘာကြောင့်လဲ?

အင်တာနာအထိုင် (Base Antenna) 👈

ကားခေါင်မိုးပေါ်မှာ တပ်ဆင်ထားတဲ့ အင်တာနာ အထိုင် (Base Antenna) မှာ ကြားခံရော်ဘာသားလေးပါရှိပါတယ်။

ကြားခံရော်ဘာသားလေးဟာ နွေမိုးဆောင် ဥတုရာသီရဲ့ အပြောင်းအလဲတွေကြားမှာ ပူလိုက်အေးလိုက်နှင့် အချိန်ကြာလာတော့ မာ‌ဆက်ဆက်ဖြစ်လာပြီး ကွဲထွက်သွားတတ်ပါတယ်။

ကြားခံရော်ဘာသားလေး ဒီလိုကွဲထွက်သွားပြီဆိုရင်တော့ (Base Antenna) အင်တာနာအထိုင်ကနေတစ်ဆင့် ကားအတွင်းပိုင်းထဲကို မိုးရေယိုတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အခုလိုမိုးရာသီ ကိုယ့်ကားလေးမှာ ဒီလိုပြဿနာတွေရှိနေရင် ဘယ်လောက် အာရုံနောက်စရာကောင်းသလဲဗျာ?

ကျွန်တော်တို့ရဲ့ မှာ ဒီလိုအာရုံနောက်စရာတွေကို ဖြေရှင်းလို့ရပါတယ်ခင်ဗျ။🤗🤗🤗

📍 Showroom လိပ်စာ:

အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Google Map: https://goo.gl/maps/x9GTmHaqSrovUEN6

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:

09 266 723 090

09 266 723 080

09 400 998 070

09 400 998 050







07/05/2026

Suzuki ကားချစ်သူတို့အတွက် ဘရိတ်စနစ်နဲ့ပတ်သက်ပြီး သတိထားရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်-

​စူးရှသော အသံများ: ဘရိတ်နင်းတဲ့အခါ စူးရှတဲ့အသံ (သို့) သတ္တုချင်းပွတ်တိုက်တဲ့အသံတွေ ကြားရရင် ဘရိတ်အုပ်လဲဖို့ လိုအပ်နေပါပြီ။

​ပုံမှန်မဟုတ်သော တုန်ခါမှု: ဘရိတ်နင်းရတာ ပျော့နေတာ၊ ဘရိတ်ဖမ်းတဲ့အခါ ကားက တုန်ခါနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

​သတိပေးမီးများ: ဒိုင်ခွက်မှာ Brake မီး (သို့) ABS မီးလင်းလာရင် အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။

​ဘရိတ်ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေအတွက် Suzuki Htoo Htoo DGS မှာ စိတ်ချလက်ချ လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ။ 🤗

​📍 Showroom လိပ်စာ:

အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

​🗺️ Google Map:

https://goo.gl/maps/x9GTmHaqSrovUEN6

​📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:

09 400 998 050

09 266 723 090

09 266 723 080

09 400 998 070

02/05/2026

ကားတစ်စီးရဲ့ Dashboard (ဒိုင်ခွက်)မှာ Engine Coolant Temperature Warning Light (အင်ဂျင်အပူချိန်သတိပေးမီး) လင်းလာတာဟာ အင်ဂျင်အပူလွန်ကဲနေပြီ (Overheating)😓 ဆိုတာကို အချက်ပေးတာဖြစ်လို့ အထူးဂရုစိုက်သင့်တဲ့ အခြေအနေတစ်ခုပါ။
ဒီမီးလင်းရတဲ့ အဓိကအကြောင်းရင်းတွေကို အောက်ပါအတိုင်း ခွဲခြားကြည့်နိုင်ပါတယ် 👇
၁။ အအေးခံရည် (Coolant) နည်းပါးခြင်း သို့မဟုတ် ယိုစိမ့်ခြင်း။
ဒါဟာ အဖြစ်အများဆုံး အကြောင်းရင်းပါ။
ရေတိုင်ကီ (Radiator)၊ ရေပိုက်များ သို့မဟုတ် ရေစုပ်ပန့် (Water Pump) တို့မှာ ယိုစိမ့်မှုရှိနေရင် အင်ဂျင်ကို အေးအောင်လုပ်ပေးဖို့ Coolant မလုံလောက်တော့တဲ့အတွက် အပူချိန်တက်လာတာ ဖြစ်ပါတယ်။
၂။ Thermostat (သာမိုစတတ်) ပျက်စီးခြင်း။
Thermostat ဆိုတာ အင်ဂျင်ထဲက အပူချိန်ကို ထိန်းညှိပေးပြီး Coolant တွေကို ရေတိုင်ကီဆီ စီးဆင်းဖို့ ဖွင့်ပေး/ပိတ်ပေးလုပ်တဲ့ အဆို့ရှင်လေးပါ။
သာမိုစတတ် Thermostat က "ပိတ်" လျက်သား ပျက်သွားတဲ့အခါ အေးမြတဲ့ Coolant တွေ အင်ဂျင်ထဲကို မဝင်နိုင်တော့ဘဲ အင်ဂျင်အတွင်းမှာတင် အပူတွေပိတ်မိပြီး မီးလင်းလာတတ်ပါတယ်။
၃။ ရေတိုင်ကီပန်ကာ (Radiator Fan) မလည်ခြင်း။
ရေတိုင်ကီထဲက ရေပူတွေကို အပြင်လေနဲ့ အေးအောင်လုပ်ပေးဖို့ ပန်ကာက အရေးကြီးပါတယ်။
ပန်ကာမော်တာလောင်တာ၊ Fuse ပြတ်တာ ဒါမှမဟုတ် ပန်ကာဆင်ဆာ (Fan Switch) ပျက်တာမျိုးကြောင့် ပန်ကာမလည်ရင် ကားရပ်ထားချိန် ဒါမှမဟုတ် ဖြည်းဖြည်းမောင်းချိန်မှာ အပူချိန် ချက်ချင်းတက်လာပါလိမ့်မယ်။
၄။ ရေစုပ်ပန့် (Water Pump) အလုပ်မလုပ်ခြင်း။
Water Pump က Coolant တွေကို အင်ဂျင်နဲ့ ရေတိုင်ကီအကြား တစ်ချိန်လုံး လည်ပတ်နေအောင် တွန်းပို့ပေးတာပါ။
Water Pump ရဲ့ ဒလက်တွေ ပျက်စီးတာ ဒါမှမဟုတ် Pump ကို မောင်းနှင်ပေးတဲ့ ကြိုး (Belt) ပြတ်သွားတာမျိုး ဖြစ်ရင် ရေလည်ပတ်မှု ရပ်တန့်သွားပါလိမ့်မယ်။
၅။ Coolant Temperature Sensor ပျက်စီးခြင်း။
တစ်ခါတလေမှာ အင်ဂျင်က တကယ်အပူမတက်ဘဲ Sensor က အချက်အလက်အမှား ပို့မိတာမျိုးလည်း ရှိနိုင်ပါတယ်။
အပူချိန်တိုင်းတဲ့ ဆင်ဆာပျက်နေရင် Dashboard မှာ သတိပေးမီး အမှားအယွင်း လင်းနေတတ်ပါတယ်။

ဒီမီးလင်းလာရင် ဘာလုပ်သင့်သလဲ?🤔
ချက်ချင်းရပ်ပါ: လုံခြုံတဲ့နေရာမှာ ကားကို ချက်ချင်းထိုးရပ်ပြီး အင်ဂျင်ကို စက်သတ်ပါ။
ချက်ချင်းရေတိုင်ကီအဖုံးမဖွင့်ပါနဲ့: အင်ဂျင်ပူနေတုန်း ရေတိုင်ကီအဖုံးဖွင့်ရင် အတွင်းက ရေနွေးငွေ့တွေကြောင့် အပြင်းအထန် အပူလောင်နိုင်ပါတယ်။ အနည်းဆုံး မိနစ် ၂၀-၃၀ ခန့် အအေးခံပါ။
Coolant စစ်ဆေးပါ: ရေလျော့နေရင် ဖြည့်ပါ။ ဒါပေမဲ့ ရေခဏခဏပြန်လျော့နေရင်တော့ ယိုစိမ့်တဲ့နေရာကို ရှာဖွေပြင်ဆင်ဖို့ လိုအပ်ပါတယ်။
အင်ဂျင်အပူတက်တာကို လျစ်လျူရှုပြီး ဆက်မောင်းမယ်ဆိုရင် အင်ဂျင် Head ဂတ်စကတ် ပြတ်တာ ဒါမှမဟုတ် အင်ဂျင်တစ်လုံး(လုံး) ပျက်စီးသွားတာမျိုး အထိ ဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။

ကားလေးတွေမှာ ဘယ်လို ရောဂါမျိုးတွေပဲ ရလာပါစေ
ပျောက်ကင်းသွားအောင် ကုသပေးဖို့ HTOO HTOO DGS တာဝန်ထားဗျာ🧑‍🔧🤗

Showroom လိပ်စာ:

အမှတ် (၁၆၀၉-၁၆၁၂)၊ ရတနာလမ်းမကြီး၊ ပဲခူးမြစ်လမ်းအနီး (ရတနာနှင်းဆီအိမ်ရာအနီး)၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Google Map: https://goo.gl/maps/x9GTmHaqSrovUEN6

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ:

09 266 723 090
09 266 723 080
09 400 998 070
09 400 998 050

အလုပ်သမားနေ့ အထိမ်းအမှတ် 💙 အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် အလုပ်သမားများ၏ ကြိုးပမ်းအားထုတ်မှုများ ရှိနေပါသည်။   မှ အလု...
01/05/2026

အလုပ်သမားနေ့ အထိမ်းအမှတ် 💙

အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် အလုပ်သမားများ၏ ကြိုးပမ်းအားထုတ်မှုများ ရှိနေပါသည်။

မှ အလုပ်သမားများအားလုံး၏ ဇွဲလုံ့လနှင့် အားထုတ်မှုများကို အထူးလေးစားဂုဏ်ပြုပါသည်။

သင့်ရဲ့ ခရီးလမ်းတိုင်းမှာ ယုံကြည်စိတ်ချရသော ပါတနာအဖြစ် ဆက်လက်အတူတကွ လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Happy Labour Day! 🚗✨

Suzuki Htoo Htoo (Dagon Seikkan)
အမှတ် 1609-1612 ရတနာလမ်းမကြီး ပဲခူးမြစ်လမ်းမအနီး (ရတနာနှင်းဆီအိမ်ရာအနီး) ဒဂုံဆိပ်ကမ်းမြို့နယ်
* -09400998050
* -09266723090
* -09266723080
📍https://goo.gl/maps/x9GTFmHaqSrovUEN6





📢📢သက်တမ်းတိုးထားတယ်ဗျို့ 📢📢ဟုတ်ပါတယ်   မှာ April လ promotion အတိုင်း May လမှာလဲ  #ကားကျန်းမာရေး_၂၀မျိုး ကို  #အခမဲ့စစ်ဆေ...
30/04/2026

📢📢သက်တမ်းတိုးထားတယ်ဗျို့ 📢📢

ဟုတ်ပါတယ် မှာ April လ promotion အတိုင်း May လမှာလဲ #ကားကျန်းမာရေး_၂၀မျိုး ကို #အခမဲ့စစ်ဆေးပေးသွားမှာဖြစ်ပါတယ် 📣📣📣
နောက်ပြီး April လ ပိတ်ရက်ရှည် ခရီး ထွက်ထားပြီး ကားကြံ့ခိုင်ရေး စစ်မဲ့ လူကြီးတို့အတွက်ဆို ကွက်တိဘဲဗျို့…📣📣📣

Promotion period - 1 May to 31 May 2026
Promotion venue - HTOO HTOO

( )
Promotion time - 9:00 am to 4:30

Service Teamအဖွဲ့က လူကြီးမင်းတို့အတွက် All Ready အသင့်ရှိနေမှာပါဗျို့

အသေးစိပ်စုံစမ်းလိုပါက

Suzuki Htoo Htoo (Dagon Seikkan)
အမှတ် 1609-1612 ရတနာလမ်းမကြီး ပဲခူးမြစ်လမ်းမအနီး (ရတနာနှင်းဆီအိမ်ရာအနီး) ဒဂုံဆိပ်ကမ်းမြို့နယ်
* -09400998050
* -09266723090
* -09266723080
📍https://goo.gl/maps/x9GTFmHaqSrovUEN6





မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် “ကဆုန်လပြည့် ဗုဒ္ဓနေ့”နေ့တွင် ချစ်ခင်ကြင်နာသူတို့ဖြင့် ညှောင်ရေသွန်းရင်း၊ စိတ်၏ချမ်းသာခြင်း ၊...
30/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် “ကဆုန်လပြည့် ဗုဒ္ဓနေ့”နေ့တွင် ချစ်ခင်ကြင်နာသူတို့ဖြင့် ညှောင်ရေသွန်းရင်း၊ စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံ ကျပါစေကြောင်း

မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါသည် ခင်ဗျာ🙏🙏🙏
Suzuki Htoo Htoo (Dagon Seikkan)
အမှတ် 1609-1612 ရတနာလမ်းမကြီး ပဲခူးမြစ်လမ်းမအနီး (ရတနာနှင်းဆီအိမ်ရာအနီး) ဒဂုံဆိပ်ကမ်းမြို့နယ်
* -09400998050
* -09266723090
* -09266723080
📍https://goo.gl/maps/x9GTFmHaqSrovUEN6

Address

1609-1612 Yadanar Road, Dagon Seikkan
Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30
Sunday 09:00 - 16:30

Telephone

+959400998050

Website

Alerts

Be the first to know and let us send you an email when Suzuki HTOO HTOO -Dagon Seikkan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suzuki HTOO HTOO -Dagon Seikkan:

Share

Category