02/01/2020
ဒစ်ဘရိတ်ချွတ်ယွင်းချက် ပြုပြင်ထိန်းသိမ်းခြင်း
================================================================================================
မော်တော်ယာဉ်တစ်စီးတွင် ဘရိတ်စနစ်သည် အရေးကြီးဆုံး Safety Device ဖြစ်သည်။ ဘရိတ်စနစ်ချွတ်ယွင်း၍ ကြီးမားသော ယာဉ်တိုက်မှု (Accident) ဖြစ်ရသည်။ ထိခိုက်ဒဏ်ရာရကြသည်။ ကံမကောင်းပါက အသက်ခန္ဓာကိုယ်အထိ ဆုံးရှုံးသွားစေနိုင်သည်။ ကားတစ်စီးတွင် ဘရိတ်သည် အကြိမ်ရေအများဆုံး အလုပ်လုပ်ရသော အစိတ်အပိုင်းများ ဖြစ်သည်။ အသုံးပြု အကြိမ်ရေများ၍ ပျက်စီးချွတ်ယွင်းမှုများလည်း မကြာခဏဖြစ်တတ်သည်။ နေ့စဉ်ခိုင်း ကားများဖြစ်သော Taxi နှင့် ဘတ်စ်ကားများတွင် ပို၍ အပျက်များသည်။
ဘရိတ်စနစ်တွင် ကားဘီးနေရာ၌ ဒစ်ဘရိတ်နှင့် ဒရမ်ဘရိတ်ဟူ၍ (၂) မျိုးရှိသည်။ ဘရိတ်ဖမ်းစဉ် ပွတ် တိုက်မှုကြောင့် အပူဖြစ်ပေါ်ပြီး ကားဘီးများပူလာတတ်သည်။ ကားဘီးအပူချိန်များလျှင် အငွေ့တထောင်းထောင်းထပြီး ဘရိတ်ညှော်နံ့ပါ ထွက်လာတတ်သည်။ ဘရိတ်စနစ်တွင် ကားဘီးများ အပူချိန်မတက်စေရန် မြန်မြန်အေးသွားဖို့ လိုသည်။ ဒရမ်ဘရိတ်ထက် ဒစ်ဘရိတ်စနစ်က အအေးခံနိုင်စွမ်း ပို၍ကောင်းသည်။ ပြင်ပလေထုနှင့် ထိတွေ့မှုများ၍ မြန်မြန်အေးနိုင်သည်။ ထို့ကြောင့် ဒစ်ဘရိတ်ကို ပိုမိုသုံးစွဲမှုများပြားသည်။ လူစီးကားငယ်များနှင့် မော်တော်ဆိုင်ကယ်များတွင် ဒစ်ဘရိတ် (Disc Brake) ကိုပို၍ အသုံးများလာကြသည်။
ဒစ်ဘရိတ်ကိုရှေ့ဘီးတစ်စုံအတွက် အများအားဖြင့် တပ်ဆင် အသုံးပြုသည်။ အဆင့်မြင့်ကားများတွင် (၄) ဘီး စလုံးကို Disc Brake တပ်ဆင်ထားသည်။ ဒစ်ဘရိတ်ယူနစ်သည် ဟိုက်ဒြောလစ် ဆီဖိအားဖြင့်သာ အလုပ်လုပ်သော စနစ်ဖြစ်သည်။ ယာဉ်မောင်းသူခြေဖျားကနင်းလိုက်သော ခြေနင်းအားကြောင့် ဘရိတ်ခြေနင်းတံသည် မာစတာ ဆလင်ဒါကိုတွန်းပို့သည်။ မာစတာဆလင်ဒါ ဆီခံခွက်ထဲမှ ဘရိတ်ဆီများသည် ပစ္စတင်ဝါရှာများ၏ တွန်းပို့ဖိအားကြောင့် ဆီလိုင်းများမှ တစ်ဆင့် ဒစ်ဘရိတ်အုံသို့ ရောက်လာသည်။
ဒစ်ဘရိတ်ကလစ်ပါ (Caliper) ၌ ဘရိတ် Pads ပြားနှင့် ပစ္စတင် (Piston) ရှိသည်။ မာစတာဆလင်ဒါမှ တွန်းပို့ လိုက်သော ဘရိတ်ဆီဖိအားသည် ဒစ်ဘရိတ် ပစ္စတင်ကို တွန်းသဖြင့် ကလစ်ပါထံမှ ပစ္စတင်တိုးထွက်လာသည်။ ပစ္စတင်သည် ဘရိတ် Pads ပြားကို တွန်းကန်သဖြင့် ရိုတာ (Rotor) ဒစ်ပြားကို ညှပ်ဖမ်းလိုက်သဖြင့် ပွတ်မှုအား (Friction) ဖြစ်ပေါ်သည်။
ဘရိတ် Pads ပြားမျက်နှာပြင်သည် ပွတ်မှုအား တန်ဖိုးမြင့်သော ဘရိတ်လိုင်နာဖြစ်၍ Rotor သံပြားမျက် နှာပြင်ကို ဖမ်းထားနိုင်ခြင်းဖြစ်သည်။ ဘီး Hub နှင့် အတူ လိုက်လည်နေသော ဒစ်သံပြားဖြစ်သည်။ ပတ်ဝန်းကျင် လေအေးများနှင့် တိုက်ရိုက်ထိတွေ့နေ၍ ဘရိတ်ဖမ်းစဉ် ဖြစ်ပေါ်လာသော အပူများကိုအမြန်ဆုံး စွန့်ထုတ်နိုင်သည်။ တစ်နည်းအားဖြင့် ဒစ်ဘရိတ် ယူနစ်တစ်ခုလုံး အပူချိန် အမြန်ဆုံး ကျဆင်းနိုင်သည်။
ယာဉ်မောင်းသူမှ ဘရိတ်ခြေနင်းတံကို ပြန်လွှတ်လိုက်ပါက မာစတာဆလင်ဒါသည် စပရိန်ကန်အားကြောင့် နောက်သို့ ပြန်ရွှေ့သွားပြီး ဘရိတ်ဆီဖိအားလည်း ပြန်ကျသွားသည်။ ဘရိတ်ဆီဖိအားကျသွားသဖြင့် ဒစ်ဘရိတ်ယူနစ်မှ ဘရိတ် Pads ပြားကို ဖိတွန်းထားသော ပစ္စတင်သည် တွန်းအားကျဆင်းသွားပြီး မူလအနေအထားသို့ ပြန်ရောက်သွားသည်။ ဘရိတ် Pads ပြား (၂) ချပ်မှ Rotor ကို ညှပ်ဖမ်းထားသော ဖိအားများကျ ဆင်းသွား၍ Rotor သည် လွတ်လပ်စွာ ပြန်လည်ပတ်နိုင်သည်။
ဒစ်ဘရိတ်ယူနစ်တွင် Floating Caliper ခေါ် လွတ်လပ်စွာ အရှင်ကစားနိုင်သော ကလစ်ပါနှင့် Fixed Caliper ခေါ်ပစ္စတင် (၂) လုံးပါသော အသေကလစ်ပါ ဟူ၍ ကလစ်ပါ (Calipers) (၂) မျိုးရှိသည်။ Floating Caliper အမျိုးအစားတွင် ပစ္စတင် (၁) လုံးတည်းသာပါပြီး ဘရိတ်နင်းလိုက်ပါက ပစ္စတင်တွန်းအားသည် ဘရိတ် pads (၂) ချက်စလုံးပေါ်သို့ သက်ရောက်မှုရှိစေရန် ကလစ်ပါများက Slide ကစားပေးနိုင်သည်။ ထို့သို့ အလွတ်ကစားနိုင်ရန် ကလစ်ဘွတ်ရှင်း (Bushing) များပါရှိသည်။
🔸ဒစ်ဘရိတ်စနစ်တွင် ဖြစ်လေ့ဖြစ်ထရှိသော ချွတ်ယွင်းချက်များ
ဒစ်ဘရိတ်ယူနစ်သည် ကားဘီးနှင့် တွဲလျက်ရှိသဖြင့် လမ်းပေါ်မှ ရေ၊ ရွှံ့၊ သဲ နှင့် အညစ်အကြေးမျိုးစုံသည် ဒစ်ဘရိတ်အုံတစ်ခုလုံးကို အမြဲထိတွေ့နေသည်။ ညစ်ညမ်းသောရေနှင့် ရွှံ့၊ သဲများကြောင့် ဘရိတ်အစိတ်အပိုင်း ပွန်းစားလွယ်ပြီး သံချေးတတ်နိုင်သည်။ ဘရိတ်ကလစ်ပါ ဘွတ်ရှင်းများကြားသို့ အညစ်အကြေးများ ဝင်၍ ကလစ်ပါ ဂျမ်းဖြစ်ပြီး ဘရိတ်ငြိနိုင်သည်။
ဒစ်ဘရိတ်အုံနှင့် ဘရိတ်ပိုက်လိုင်းကို ဆက်သွယ်ထားသော ဘရိတ်ပိုက်ပျော့အဆက်များမှ ဆီယိုနိုင်သည်။ ကလစ်ပါနှင့် ဘရိတ်ပစ္စတင်မှ ဘရိတ်ဆီယိုစိမ့်နိုင်သည်။ ဘရိတ်ဖမ်းစဉ် ဘရိတ် Pads ပြားများ တုန်ခါမှု (Vibration) ကြောင့် ဆူညံသံများ ထွက်ပေါ်နိုင်သည်။
ဘရိတ် Pads ပြား မျက်နှာပြင်မှ ဘရိတ်လိုင်နာသားများ ပွန်းစားပြီး သံပြားသာ ကျန်ရှိချိန်တွင် Rotor ဒစ်ပြား မျက်နှာပြင်နှင့် ပွတ်တိုက်ပြီး တကျွီကျွီမြည်သံထွက်နေမည်။ Rotor ဒစ်ပြား မျက်နှာပြင်ပွန်းစားမှု မညီမညာဖြစ်ရာမှ လှိုင်းတွန့်များ ဖြစ်ပေါ်ပြီး ဘရိတ်နင်းစဉ် တုန်ခါမှုဖြစ်ပေါ်မည်။ ဘရိတ်လေချူခေါင်းမှ ဆီယိုနိုင်သည်။ ဘရိတ်ကလစ်ပါ Bushing များကြားတွင် အမဲဆီများ ခန်းခြောက်ပြီး ရေနှင့်သဲများကြောင့် ကလစ်ပါမကစားနိုင်တော့ဘဲ ဘရိတ်ငြိနိုင်သည်။
🔸 ပြုပြင်ထိန်းသိမ်းခြင်း
ဒစ်ဘရိတ်မှ ထူးခြားသော တုန်ခါမှုနှင့် ဆူညံသံများ ဖြစ်ပေါ်ပါက အသေးစိတ်စစ်ဆေးအဖြေရှာသင့်သည်။ ကားရေဆေးတိုင်း အောက်ပိုင်းကို ရေပန်းနှင့် ထိုးဆေးပြီး ဒစ်ဘရိတ်ယူနစ်မှ သဲ၊ ရွှံ့အညစ်အကြေးများကိုပါ သန့်ရှင်း ဆေးကြောသင့်သည်။
ဘရိတ် Pad တုန်ခါမှုကြောင့် ဘရိတ်နင်းစဉ် ဆူညံသံဖြစ်ပေါ်ခြင်းရမှာ ဘရိတ်ကလစ်ပါ အထိုင်နေရာ၌ ဘရိတ် Pad ပြားချောင်နေ၍ ဖြစ်နိုင်သည်။ တုန်ခါမှုကို ထိန်းပေးသော Noise Shim နှင့် Anti-Rattle Clips များကို စစ်ဆေးပါ။ ဘရိတ်ကလစ်ပါ (Caliper) အထိုင် Bolt-Nut များ ချောင်နေသလားစစ်ဆးပါ။ ကလစ်ပါ အထိုင်များ တင်းကျပ်နေရပါမည်။ ဒစ်ဘရိတ်မှ ထူးခြားသောအသံများ မြည်လာပါက ဘရိတ်သီးသန့် ပြုပြင်ပေးသောဝပ်ရှော့တွင် ပြသ၍ ပြုပြင်ပါ။
ဘရိတ် Pads ပြားစားသွား၍ အသစ်လဲရလျှင် မူလအော်ရီဂျင်နယ် ရအောင်ကြိုးစားပါ။ မရနိုင်ပါမှ စျေးကွက်ရှိ အလားတူပုံစံတူကို ရှာလဲပါ။ ဘရိတ်ကလစ်ပါ တစ်စုံ၏ သက်တမ်းသည် ခရီးမိုင် (၁ဝဝ,ဝဝဝ) သာ ခိုင်းသင့်သည်။ ဘရိတ် Rotor မျက်နှာပြင်များ မညီမညာ စားနေခြင်းသည် တုန်ခါမှုကိုဖြစ်စေပြီး အသံမြည်စေသည်။ Rotor မျက်နှာပြင် ညီညာစေရန် စက်ခုတ်စားခြင်း ပြုလုပ်ပေးရပါသည်။
ကလစ်ပါ ပစ္စတင်ကြားတွင် ဆီလုံစေရန်ထားသော ဝိုင်းဆီး (Oil Seal) နှင့် (Dust Boot) သဲကာများသည် အသုံးပြုချိန်ကြာလာလျှင် ရာဘာသားများ မာကြောကွဲအက်လာတတ်သည်။
ဝိုင်းဆီးမကောင်းပါက ဘရိတ်ဆီ ယိုစမ့်နိုင်သည်။ ပစ္စတင် မျက်နှာပြင်သည်လည်း ပွန်းစားခြင်း၊ သံချေးတတ်ခြင်းများကြောင့် ဆီယိုနိုင်သည်။ ဘရိတ်ဆားဗစ်လုပ်လျှင် ဘရိတ်ကလစ်ပါနှင့် ဘွတ်ခ်ျ (Bushing) များကို ဆေးကြောသန့်ရှင်းပြီး ဘရိတ်စနစ်သုံး၊ အပူခံအဆင့်မြင့် အမဲဆီကို ထည့်ပေးရပါသည်။
ဘရိတ်သုံးအမဲဆီသည် အောက်ပိုင်းထိုးရသော အမဲဆီနှင့်မတူပါ။ အပူခံအမဲဆီဖြစ်ပါသည်။ ဘရိတ်ဖမ်းစဉ် မြင့်မားသော အပူချိန်ဖြစ်ပေါ်၍ ရိုးရိုးအမဲဆီသုံးပါက အရည်ပျော်ကျသွားပါသည်။ Brake & Caliper Grease ဟူ၍ သီးသန့် အထူးထုတ်ထားပါသည်။
ဘရိတ်အစိတ်အပိုင်းများတွင် သုံးသောအမဲဆီသည် မြင့်မားသောအပူချိန်ကို ခံရည်နိုင်ရှိရမည်။ အရည်ပျော်ခြင်း၊ အငွေ့ပျံခန်းခြောက်ခြင်းဒဏ်များကို ခံနိုင်ရည်ရှိသော ဂုဏ်သတ္တိရှိရမည်။ ထို့ကြောင့် ဘရိတ်စနစ်သုံးသော အမဲဆီသည် Moly-based Grease (သိုမဟုတ်) Synthetic High Temperature Grease အမျိုးအစားကို သုံးသင့်သည်။
ကားဘီး Hub Ball စားပြီး ချောင်နေလျှင် ဒစ်ဘရိတ်စနစ်အတွက် အားနည်းချက်ဖြစ်နိုင်သည်။ Hub ဘောလ် အထိုင်များကို စစ်ဆေးပြီး အမဲဆီထည့်၍ ပြန်လည်ချိန်ညှိတင်းကျပ်ပေးပါ။ ဘရိတ်ဆီလေချူခေါင်းအရစ် ချောင်နေပါက ဆီယိုနိုင်သည်။ လေချူခေါင်းမကောင်းပါက အသစ်လဲပါ။
နောက်ပိုင်းဝင်လာသော ဂျပန်ကားများသည် ဒစ်ဘရိတ်စနစ်သုံး ကားများသာဖြစ်သည်။ ဘရိတ် Pad လိုင်နာ စားသွား၍ အသစ်လဲလှယ်ရလျှင် မူရင်းတံဆိပ် အမျိုးအစားကိုသာသုံးပါ။ အရည်အသွေးညံ့သော ပုံစံတူဘရိတ်Pads များသည် ကြာရှည်မခံသည့်အပြင် ဘရိတ်ဖမ်းအားမှာလည်း လျော့နည်းကျဆင်းနေတတ်သည်။ မိုးရာသီစွတ်စိုသော အခြေအနေတွင် ဘရိတ်ဖိအား နည်းတတ်သည်။
ဘရိတ်စနစ်သည် ကားတစ်စီးအတွက် အရေးကြီး အစိတ်အပိုင်းဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးသင့်သည်။ (၆) လတစ်ကြိမ် စစ်ဆေး၍ လိုအပ်သည်များကို ထိန်းသိမ်းပါက သင့်ကားဘရိတ်စနစ်သည် အမြဲကောင်းနေသော အဆင့်သင့်အနေအထားတွင် ရပ်တည်နေပါလိမ့်မည်။
#ဆရာမာစတာ
(Unicode)
ဒစ်ဘရိတ်ချွတ်ယွင်းချက် ပြုပြင်ထိန်းသိမ်းခြင်း
================================================================================================
မော်တော်ယာဉ်တစ်စီးတွင် ဘရိတ်စနစ်သည် အရေးကြီးဆုံး Safety Device ဖြစ်သည်။ ဘရိတ်စနစ်ချွတ်ယွင်း၍ ကြီးမားသော ယာဉ်တိုက်မှု (Accident) ဖြစ်ရသည်။ ထိခိုက်ဒဏ်ရာရကြသည်။ ကံမကောင်းပါက အသက်ခန္ဓာကိုယ်အထိ ဆုံးရှုံးသွားစေနိုင်သည်။ ကားတစ်စီးတွင် ဘရိတ်သည် အကြိမ်ရေအများဆုံး အလုပ်လုပ်ရသော အစိတ်အပိုင်းများ ဖြစ်သည်။ အသုံးပြု အကြိမ်ရေများ၍ ပျက်စီးချွတ်ယွင်းမှုများလည်း မကြာခဏဖြစ်တတ်သည်။ နေ့စဉ်ခိုင်း ကားများဖြစ်သော Taxi နှင့် ဘတ်စ်ကားများတွင် ပို၍ အပျက်များသည်။
ဘရိတ်စနစ်တွင် ကားဘီးနေရာ၌ ဒစ်ဘရိတ်နှင့် ဒရမ်ဘရိတ်ဟူ၍ (၂) မျိုးရှိသည်။ ဘရိတ်ဖမ်းစဉ် ပွတ် တိုက်မှုကြောင့် အပူဖြစ်ပေါ်ပြီး ကားဘီးများပူလာတတ်သည်။ ကားဘီးအပူချိန်များလျှင် အငွေ့တထောင်းထောင်းထပြီး ဘရိတ်ညှော်နံ့ပါ ထွက်လာတတ်သည်။ ဘရိတ်စနစ်တွင် ကားဘီးများ အပူချိန်မတက်စေရန် မြန်မြန်အေးသွားဖို့ လိုသည်။ ဒရမ်ဘရိတ်ထက် ဒစ်ဘရိတ်စနစ်က အအေးခံနိုင်စွမ်း ပို၍ကောင်းသည်။ ပြင်ပလေထုနှင့် ထိတွေ့မှုများ၍ မြန်မြန်အေးနိုင်သည်။ ထို့ကြောင့် ဒစ်ဘရိတ်ကို ပိုမိုသုံးစွဲမှုများပြားသည်။ လူစီးကားငယ်များနှင့် မော်တော်ဆိုင်ကယ်များတွင် ဒစ်ဘရိတ် (Disc Brake) ကိုပို၍ အသုံးများလာကြသည်။
ဒစ်ဘရိတ်ကိုရှေ့ဘီးတစ်စုံအတွက် အများအားဖြင့် တပ်ဆင် အသုံးပြုသည်။ အဆင့်မြင့်ကားများတွင် (၄) ဘီး စလုံးကို Disc Brake တပ်ဆင်ထားသည်။ ဒစ်ဘရိတ်ယူနစ်သည် ဟိုက်ဒြောလစ် ဆီဖိအားဖြင့်သာ အလုပ်လုပ်သော စနစ်ဖြစ်သည်။ ယာဉ်မောင်းသူခြေဖျားကနင်းလိုက်သော ခြေနင်းအားကြောင့် ဘရိတ်ခြေနင်းတံသည် မာစတာ ဆလင်ဒါကိုတွန်းပို့သည်။ မာစတာဆလင်ဒါ ဆီခံခွက်ထဲမှ ဘရိတ်ဆီများသည် ပစ္စတင်ဝါရှာများ၏ တွန်းပို့ဖိအားကြောင့် ဆီလိုင်းများမှ တစ်ဆင့် ဒစ်ဘရိတ်အုံသို့ ရောက်လာသည်။
ဒစ်ဘရိတ်ကလစ်ပါ (Caliper) ၌ ဘရိတ် Pads ပြားနှင့် ပစ္စတင် (Piston) ရှိသည်။ မာစတာဆလင်ဒါမှ တွန်းပို့ လိုက်သော ဘရိတ်ဆီဖိအားသည် ဒစ်ဘရိတ် ပစ္စတင်ကို တွန်းသဖြင့် ကလစ်ပါထံမှ ပစ္စတင်တိုးထွက်လာသည်။ ပစ္စတင်သည် ဘရိတ် Pads ပြားကို တွန်းကန်သဖြင့် ရိုတာ (Rotor) ဒစ်ပြားကို ညှပ်ဖမ်းလိုက်သဖြင့် ပွတ်မှုအား (Friction) ဖြစ်ပေါ်သည်။
ဘရိတ် Pads ပြားမျက်နှာပြင်သည် ပွတ်မှုအား တန်ဖိုးမြင့်သော ဘရိတ်လိုင်နာဖြစ်၍ Rotor သံပြားမျက် နှာပြင်ကို ဖမ်းထားနိုင်ခြင်းဖြစ်သည်။ ဘီး Hub နှင့် အတူ လိုက်လည်နေသော ဒစ်သံပြားဖြစ်သည်။ ပတ်ဝန်းကျင် လေအေးများနှင့် တိုက်ရိုက်ထိတွေ့နေ၍ ဘရိတ်ဖမ်းစဉ် ဖြစ်ပေါ်လာသော အပူများကိုအမြန်ဆုံး စွန့်ထုတ်နိုင်သည်။ တစ်နည်းအားဖြင့် ဒစ်ဘရိတ် ယူနစ်တစ်ခုလုံး အပူချိန် အမြန်ဆုံး ကျဆင်းနိုင်သည်။
ယာဉ်မောင်းသူမှ ဘရိတ်ခြေနင်းတံကို ပြန်လွှတ်လိုက်ပါက မာစတာဆလင်ဒါသည် စပရိန်ကန်အားကြောင့် နောက်သို့ ပြန်ရွှေ့သွားပြီး ဘရိတ်ဆီဖိအားလည်း ပြန်ကျသွားသည်။ ဘရိတ်ဆီဖိအားကျသွားသဖြင့် ဒစ်ဘရိတ်ယူနစ်မှ ဘရိတ် Pads ပြားကို ဖိတွန်းထားသော ပစ္စတင်သည် တွန်းအားကျဆင်းသွားပြီး မူလအနေအထားသို့ ပြန်ရောက်သွားသည်။ ဘရိတ် Pads ပြား (၂) ချပ်မှ Rotor ကို ညှပ်ဖမ်းထားသော ဖိအားများကျ ဆင်းသွား၍ Rotor သည် လွတ်လပ်စွာ ပြန်လည်ပတ်နိုင်သည်။
ဒစ်ဘရိတ်ယူနစ်တွင် Floating Caliper ခေါ် လွတ်လပ်စွာ အရှင်ကစားနိုင်သော ကလစ်ပါနှင့် Fixed Caliper ခေါ်ပစ္စတင် (၂) လုံးပါသော အသေကလစ်ပါ ဟူ၍ ကလစ်ပါ (Calipers) (၂) မျိုးရှိသည်။ Floating Caliper အမျိုးအစားတွင် ပစ္စတင် (၁) လုံးတည်းသာပါပြီး ဘရိတ်နင်းလိုက်ပါက ပစ္စတင်တွန်းအားသည် ဘရိတ် pads (၂) ချက်စလုံးပေါ်သို့ သက်ရောက်မှုရှိစေရန် ကလစ်ပါများက Slide ကစားပေးနိုင်သည်။ ထို့သို့ အလွတ်ကစားနိုင်ရန် ကလစ်ဘွတ်ရှင်း (Bushing) များပါရှိသည်။
🔸ဒစ်ဘရိတ်စနစ်တွင် ဖြစ်လေ့ဖြစ်ထရှိသော ချွတ်ယွင်းချက်များ
ဒစ်ဘရိတ်ယူနစ်သည် ကားဘီးနှင့် တွဲလျက်ရှိသဖြင့် လမ်းပေါ်မှ ရေ၊ ရွှံ့၊ သဲ နှင့် အညစ်အကြေးမျိုးစုံသည် ဒစ်ဘရိတ်အုံတစ်ခုလုံးကို အမြဲထိတွေ့နေသည်။ ညစ်ညမ်းသောရေနှင့် ရွှံ့၊ သဲများကြောင့် ဘရိတ်အစိတ်အပိုင်း ပွန်းစားလွယ်ပြီး သံချေးတတ်နိုင်သည်။ ဘရိတ်ကလစ်ပါ ဘွတ်ရှင်းများကြားသို့ အညစ်အကြေးများ ဝင်၍ ကလစ်ပါ ဂျမ်းဖြစ်ပြီး ဘရိတ်ငြိနိုင်သည်။
ဒစ်ဘရိတ်အုံနှင့် ဘရိတ်ပိုက်လိုင်းကို ဆက်သွယ်ထားသော ဘရိတ်ပိုက်ပျော့အဆက်များမှ ဆီယိုနိုင်သည်။ ကလစ်ပါနှင့် ဘရိတ်ပစ္စတင်မှ ဘရိတ်ဆီယိုစိမ့်နိုင်သည်။ ဘရိတ်ဖမ်းစဉ် ဘရိတ် Pads ပြားများ တုန်ခါမှု (Vibration) ကြောင့် ဆူညံသံများ ထွက်ပေါ်နိုင်သည်။
ဘရိတ် Pads ပြား မျက်နှာပြင်မှ ဘရိတ်လိုင်နာသားများ ပွန်းစားပြီး သံပြားသာ ကျန်ရှိချိန်တွင် Rotor ဒစ်ပြား မျက်နှာပြင်နှင့် ပွတ်တိုက်ပြီး တကျွီကျွီမြည်သံထွက်နေမည်။ Rotor ဒစ်ပြား မျက်နှာပြင်ပွန်းစားမှု မညီမညာဖြစ်ရာမှ လှိုင်းတွန့်များ ဖြစ်ပေါ်ပြီး ဘရိတ်နင်းစဉ် တုန်ခါမှုဖြစ်ပေါ်မည်။ ဘရိတ်လေချူခေါင်းမှ ဆီယိုနိုင်သည်။ ဘရိတ်ကလစ်ပါ Bushing များကြားတွင် အမဲဆီများ ခန်းခြောက်ပြီး ရေနှင့်သဲများကြောင့် ကလစ်ပါမကစားနိုင်တော့ဘဲ ဘရိတ်ငြိနိုင်သည်။
🔸 ပြုပြင်ထိန်းသိမ်းခြင်း
ဒစ်ဘရိတ်မှ ထူးခြားသော တုန်ခါမှုနှင့် ဆူညံသံများ ဖြစ်ပေါ်ပါက အသေးစိတ်စစ်ဆေးအဖြေရှာသင့်သည်။ ကားရေဆေးတိုင်း အောက်ပိုင်းကို ရေပန်းနှင့် ထိုးဆေးပြီး ဒစ်ဘရိတ်ယူနစ်မှ သဲ၊ ရွှံ့အညစ်အကြေးများကိုပါ သန့်ရှင်း ဆေးကြောသင့်သည်။
ဘရိတ် Pad တုန်ခါမှုကြောင့် ဘရိတ်နင်းစဉ် ဆူညံသံဖြစ်ပေါ်ခြင်းရမှာ ဘရိတ်ကလစ်ပါ အထိုင်နေရာ၌ ဘရိတ် Pad ပြားချောင်နေ၍ ဖြစ်နိုင်သည်။ တုန်ခါမှုကို ထိန်းပေးသော Noise Shim နှင့် Anti-Rattle Clips များကို စစ်ဆေးပါ။ ဘရိတ်ကလစ်ပါ (Caliper) အထိုင် Bolt-Nut များ ချောင်နေသလားစစ်ဆးပါ။ ကလစ်ပါ အထိုင်များ တင်းကျပ်နေရပါမည်။ ဒစ်ဘရိတ်မှ ထူးခြားသောအသံများ မြည်လာပါက ဘရိတ်သီးသန့် ပြုပြင်ပေးသောဝပ်ရှော့တွင် ပြသ၍ ပြုပြင်ပါ။
ဘရိတ် Pads ပြားစားသွား၍ အသစ်လဲရလျှင် မူလအော်ရီဂျင်နယ် ရအောင်ကြိုးစားပါ။ မရနိုင်ပါမှ ဈေးကွက်ရှိ အလားတူပုံစံတူကို ရှာလဲပါ။ ဘရိတ်ကလစ်ပါ တစ်စုံ၏ သက်တမ်းသည် ခရီးမိုင် (၁ဝဝ,ဝဝဝ) သာ ခိုင်းသင့်သည်။ ဘရိတ် Rotor မျက်နှာပြင်များ မညီမညာ စားနေခြင်းသည် တုန်ခါမှုကိုဖြစ်စေပြီး အသံမြည်စေသည်။ Rotor မျက်နှာပြင် ညီညာစေရန် စက်ခုတ်စားခြင်း ပြုလုပ်ပေးရပါသည်။
ကလစ်ပါ ပစ္စတင်ကြားတွင် ဆီလုံစေရန်ထားသော ဝိုင်းဆီး (Oil Seal) နှင့် (Dust Boot) သဲကာများသည် အသုံးပြုချိန်ကြာလာလျှင် ရာဘာသားများ မာကြောကွဲအက်လာတတ်သည်။
ဝိုင်းဆီးမကောင်းပါက ဘရိတ်ဆီ ယိုစမ့်နိုင်သည်။ ပစ္စတင် မျက်နှာပြင်သည်လည်း ပွန်းစားခြင်း၊ သံချေးတတ်ခြင်းများကြောင့် ဆီယိုနိုင်သည်။ ဘရိတ်ဆားဗစ်လုပ်လျှင် ဘရိတ်ကလစ်ပါနှင့် ဘွတ်ချ် (Bushing) များကို ဆေးကြောသန့်ရှင်းပြီး ဘရိတ်စနစ်သုံး၊ အပူခံအဆင့်မြင့် အမဲဆီကို ထည့်ပေးရပါသည်။