Tyre 78

Tyre 78 Tyre 78
Complete Car Care Service is a full-service auto maintenance and auto repair shop

ကုန်ပစ္စည်းတစ်ခု ရောင်းချပြီးရုံ၊ ဝန်ဆောင်မှုတစ်ခု ပေးပြီးရုံနဲ့ ကျွန်တော်တို့ တာဝန်မပြီးဆုံးသွားပါဘူး။ လူကြီးမင်းတို့ က...
23/05/2026

ကုန်ပစ္စည်းတစ်ခု ရောင်းချပြီးရုံ၊ ဝန်ဆောင်မှုတစ်ခု ပေးပြီးရုံနဲ့ ကျွန်တော်တို့ တာဝန်မပြီးဆုံးသွားပါဘူး။ လူကြီးမင်းတို့ ကားမောင်းရတိုင်း စိတ်အေးချမ်းသာမှု ရှိစေဖို့ Tyre 78 က သစ္စာရှိရှိနဲ့ ရေရှည်ရပ်တည် တာဝန်ခံသွားမှာ ဖြစ်ပါတယ်။

"Modern luxury. Unmatched management. Experience life at 78, proudly managed by CAMM. ✨    "
23/05/2026

"Modern luxury. Unmatched management. Experience life at 78, proudly managed by CAMM. ✨ "

နေ့စဥ် မနားရအောင် နေ့/ည Service ပေးလျက်ရှိပါတယ်။78 Roadside and Home Service 09 783335578
22/05/2026

နေ့စဥ် မနားရအောင် နေ့/ည Service ပေးလျက်ရှိပါတယ်။

78 Roadside and Home Service
09 783335578

78 BatteryHealthy 100%Charge 100%
22/05/2026

78 Battery
Healthy 100%
Charge 100%

Tyre 78 Customer များ အာမခံအတွက် Invoice ပြမှ အကျုံးဝင်တာမျိုး မဖြစ်ရအောင် Customer Name or Phone or Car Number ပြောသည်န...
20/05/2026

Tyre 78 Customer များ အာမခံအတွက် Invoice ပြမှ အကျုံးဝင်တာမျိုး မဖြစ်ရအောင် Customer Name or Phone or Car Number ပြောသည်နှင့် Database မှပြန်လည် ထုတ်ပေးနိုင်အောင်ပြုလုပ်ထားပြီးဖြစ်လို့ Invoice မပြနိုင်လဲ Claim လုပ်နိုင်ပါတယ်။ ဒီအတွက် Issue လုပ်သော Invoice တွင် Customer Name or Phone or Car Number အပြည့်အစုံပါမပါသာ စီစစ်ပေးပါခင်ဗျာ။

78 Management

Battery ဆိုတာ စက်ရုံကထုတ်ထဲက သက်တမ်းစပါတယ်။ Maintenance free ဆိုတာ အိုးခြောက်မဟုတ်ပါ။ အငွေ့မပျံအောင် လုပ်ထားသော Sealed l...
20/05/2026

Battery ဆိုတာ စက်ရုံကထုတ်ထဲက သက်တမ်းစပါတယ်။ Maintenance free ဆိုတာ အိုးခြောက်မဟုတ်ပါ။ အငွေ့မပျံအောင် လုပ်ထားသော Sealed lead battery ပါပဲ။ အထဲမှာ အရည်ပါပါတယ်။ Date ကြည့်ဝယ်ပါ။ မဟုတ်ရင် ဆိုင်ကိုစစ်ခိုင်းလို့ရပါတယ်ခင်ဗျာ။

တာယာဝယ်တဲ့အခါမှာ အပြင်လူအများစုက “ဆိုက်တူရင် ပြီးရော၊ တံဆိပ်ကြီးရင် ပြီးရော” ဆိုပြီး ဈေးကို ရွေးတတ်ကြပါတယ်။ တကယ်တော့ တာယ...
18/05/2026

တာယာဝယ်တဲ့အခါမှာ အပြင်လူအများစုက “ဆိုက်တူရင် ပြီးရော၊ တံဆိပ်ကြီးရင် ပြီးရော” ဆိုပြီး ဈေးကို ရွေးတတ်ကြပါတယ်။ တကယ်တော့ တာယာတစ်လုံးရဲ့ တန်ဖိုး၊ စွမ်းဆောင်ရည်နဲ့ နည်းပညာက Brand အပြင် Model (Pattern) ပေါ်မှာ ၅၀% မက မူတည်နေတာပါ။

အထူးသဖြင့် နာမည်ကြီး Brand တွေမှာ Brand တူ၊ ဆိုက်တူရင်တောင် Pattern ခေါ်တဲ့ ပန်း ဒီဇိုင်း (ရည်ရွယ်ချက်) မတူရင်၊ ဒါမှမဟုတ် New Model နဲ့ Old Model ဆိုရင် ဈေးနှုန်း ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားတတ်ပါတယ်။

ဥပမာ Michelin (မစ်ချလင်) မှာ ဆိုက်တူ (ဥပမာ - 225/45R18) တံဆိပ်တူ ဖြစ်နေပါစေဦးတော့၊ Pattern မတူရင် ဈေး လုံးဝမတူပါဘူး။

Michelin Energy XM2+ (Old/Comfort Model)
ဒါက ဆူညံသံသက်သာဖို့နဲ့ အကြမ်းခံဖို့ပဲ ဦးစားပေးတဲ့ Pattern ဖြစ်လို့ ဈေးအသက်သာဆုံးထဲမှာ ပါပါတယ်။

Michelin Pilot Sport 5 (PS5 - New/Performance Model)ဒါက မကြာသေးခင်ကမှ ထွက်ထားတဲ့ နည်းပညာမြင့် မော်ဒယ်အသစ်ပါ။ အရှိန်ပြင်းပြင်း မောင်းတာ၊ ကွေ့တာ၊ ဘရိတ်ဖမ်းတာတွေမှာ ကပ်အား (Grip) အလွန်ကောင်းအောင် Compound သစ်နဲ့ လုပ်ထားလို့ ဈေး အဆမတန် မြင့်ပါတယ်။

"မစ်ချလင် ဆိုက်တူတာပဲ၊ ဟိုဆိုင်က တစ်လုံးကို၁ ၂ သိန်းခွဲ၊ ဒီဆိုင်က ၁၈ သိန်း ဖြစ်နေတယ်" ဆိုပြီး ဈေးသက်သာတဲ့ဆိုင်မှာ သွားဝယ်ရင် ကိုယ်ရလိုက်တာက Performance မြင့် PS5 မဟုတ်ဘဲ Eco/Comfort တန်းဝင် XM2+ ဖြစ်နေတတ်ပါတယ်။ ဈေးကြည့်ဝယ်ရင်ခံရနိုင်ပါတယ်။

နောက်တစ်ခါ Pirelli က ပြိုင်ကားနဲ့ Luxury ကားတွေအတွက် အဓိက ထုတ်တာမို့ Pattern ခွဲခြားမှု ပိုသိသာပါတယ်။Pirelli Cinturato P7 (Old Generation) က ပီရယ်လီရဲ့ နာမည်ကြီးခဲ့တဲ့ မော်ဒယ်ဟောင်းပါ။ ကားအသစ်တွေမှာ အော်ရီဂျင်နယ် ပါလေ့ရှိပေမယ့် နည်းပညာအရ ဆယ်စုနှစ်တစ်ခုစာ ဟောင်းနေပါပြီ။
Pirelli Cinturato P7 (P7C2 - New Generation) နာမည်တူပေမယ့် နောက်ဆုံးထွက် P7C2 က ဆီစားသက်သာမှု၊ မိုးရွာတဲ့လမ်းမှာ ဘရိတ်မိမှုနဲ့ လမ်းဆွဲအားအပိုင်းမှာ မော်ဒယ်ဟောင်းထက် အများကြီး သာလွန်အောင် သုတေသနလုပ်ပြီး ပြောင်းလဲထားတာပါ။ Pirelli P7 Size တူလို့ ဝယ်လိုက်ရင် ဒါဟာကျန်နေတဲ့ Old Model Pattern Series ဖြစ်နေနိုင်ပါတယ်။ အသစ်ထွက်တဲ့ P7C2 ကတော့ နည်းပညာအသစ်ကြောင့် ဈေးပိုမြင့်မှာ ဖြစ်ပါတယ်။ နာမည်တူ ဆိုက်တူဆိုပြီး ဈေးသက်သာတာ လိုက်ရှာရင် တာယာအဟောင်း နည်းပညာပဲ ရပါလိမ့်မယ်။

မြန်မာပြည်မှာ အသုံးအျားတဲ့ ဂျပန်တံဆိပ် Toyo မှာလည်း ဆိုက်တူရင်တောင် အိမ်စီးကားသုံးလား၊ ပြိုင်ကားမောင်းမလား ပန်းပေါ်မူတည်ပြီး ဈေးကွာပါတယ်။Toyo Proxes CR1 (Comfort/Silent) က မြို့တွင်းစီးမယ့် အိမ်စီးကားတွေအတွက် ငြိမ့်ညောင်းဖို့နဲ့ အသံတိတ်ဖို့ ထုတ်ထားတဲ့ ပန်းပါ။ ဈေးနှုန်း သင့်တင့်ပါတယ်။ Toyo Proxes Sport 2 (Ultra High Performance)ကတော့ အရှိန်နှုန်းမြင့်မောင်းတဲ့ ပြိုင်ကားစတိုင်တွေအတွက် လမ်းကပ်အား အလွန်ကောင်းအောင် လုပ်ထားတဲ့ မော်ဒယ်အသစ်ပါ။ နည်းပညာမြင့် ပစ္စည်းတွေ သုံးထားလို့ ဈေး ပိုကြီးပါတယ်။ ကိုယ်က ကားကို High-performance စီးချင်လို့ Toyo ဝယ်တာကို ဈေးပဲကြည့်ပြီး Proxes CR1 သွားတပ်မိရင် အရှိန်ပြင်းပြင်းမောင်းတဲ့အခါ တာယာက လမ်းမကပ်ဘဲ အန္တရာယ်ရှိနိုင်ပါတယ်။

တာယာဝယ်တဲ့အခါ ဈေးနှုန်းဆိုတာBrand ရော၊ Pattern ရော၊ ထွက်ရှိတဲ့ Generation ရောအားလုံးပေါင်းပြီးမှ ထွက်လာတဲ့ ရလဒ်ဖြစ်ပါတယ်။

Old Model Series တွေက ကွန်ပေါင်း (Rubber Compound) နည်းပညာ ကို သုံးတဲ့အတွက် လမ်းစိုမှာ ဘရိတ်အကွာအဝေး ပိုရှည်တတ်ပြီး သက်တမ်းတိုတတ်ပါတယ်။ New Model တွေကတော့ နောက်ဆုံးပေါ် Silica နည်းပညာတွေ သုံးထားလို့ လမ်းကပ်အား ပိုကောင်းသလို၊ ဆီစား ပိုသက်သာစေပါတယ်။ (အထူးသဖြင့် အလေးချိန်စီးတဲ့ ကားကြီးတွေနဲ့ EV ကားတွေမှာ New Model Pattern တွေက ပိုပြီး မရှိမဖြစ် လိုအပ်ပါတယ်)။

ဒါကြောင့် တာယာဝယ်ရင် Size ကိုပဲ ကြည့် Brand ကိုပဲကြည့် ဆိုင်အစုံပါတ် စျေးထောက် အတန်ဆုံးမှာထည့်တာထက် မိမိကားမောင်းနှင်မယ့် ပုံစံနဲ့ ကိုက်ညီတဲ့ Pattern / Model အသစ် ဟုတ်မဟုတ်ကို အဓိက နှိုင်းယှဉ်ပြီးမှ ဝယ်ယူသင့်ပါတယ်ခင်ဗျာ။

အနည်းဆုံး Size တူရင် Silica လား Rubber Compound လား ခွဲပြီးမှ စျေးကို ချိန်စေချင်ပါတယ်။

Tyre 78

16/05/2026

Tyre Care

အိမ်မှာပဲအေးအေးဆေးဆေးနေပါ။ ကျွန်တော်တို့ကိုခိုင်းပါ။ 09 783335578
14/05/2026

အိမ်မှာပဲအေးအေးဆေးဆေးနေပါ။ ကျွန်တော်တို့ကိုခိုင်းပါ။ 09 783335578

ဒီနေ့ မိတ်ဆွေတစ်ဦး သူ့ Rolls-Royce Phantom အတွက်တာယာမေးတော့ ကိုယ်ကတော့ပုံမှန်ပဲပေါ့ Size ကအစကြည့်တော့ 265/750 R540Aစျေး...
14/05/2026

ဒီနေ့ မိတ်ဆွေတစ်ဦး သူ့ Rolls-Royce Phantom အတွက်တာယာမေးတော့ ကိုယ်ကတော့ပုံမှန်ပဲပေါ့ Size ကအစကြည့်တော့ 265/750 R540A

စျေးမေးတာ Italy ကမှာရမယ် Specialized တာယာ တဲ့ စျေးက ဒီအရောက်ဆို သိန်း ၂၀၀ (တစ်လုံးစျေး)

ဘာလို့လဲ? သိန်း ၈၀၀ ကျမယ် လဲရင်

Michelin 265/750 R540A ဆိုတာ Rolls-Royce Phantom တွေမှာပဲ သီးသန့်သုံးတဲ့ PAX System တာယာဖြစ်ပါတယ်။ ဒါက သာမန်တာယာတွေနဲ့ လုံးဝမတူဘဲ နည်းပညာအရ အရမ်းထူးခြားလို့ ဈေးနှုန်းက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားတာပါ။

ဘာကြောင့် ဒီလောက်ဈေးကြီးရသလဲဆိုတဲ့ အချက်တွေကို ကြည့်ကြည့်ရအောင် -

၁။ PAX System (တာယာမပါဘဲ မောင်းနိုင်တဲ့စနစ်)
ဒီတာယာဟာ ရိုးရိုး Run-flat တာယာတွေထက် အများကြီး ပိုသာပါတယ်။ တာယာရဲ့ အတွင်းထဲမှာ Semi-rigid plastic ring (အမာခံကွင်း) တစ်ခု ပါရှိပါတယ်။တာယာ လုံးဝပေါက်ထွက်သွားရင်တောင် ကားဘီးခွေ (Rim) က လမ်းနဲ့မထိဘဲ အထဲက အဲဒီအမာခံကွင်းပေါ်မှာ တင်ပြီး မောင်းသွားလို့ရပါတယ် ။လေဖိအား လုံးဝမရှိဘဲ ကီလိုမီတာ ၂၀၀ (မိုင် ၁၂၀ ကျော်) အထိ အရှိန်ပြင်းပြင်းနဲ့ ဆက်မောင်းလို့ရတဲ့အထိ စွမ်းဆောင်ရည်မြင့်ပါတယ်။

၂။ အထူးသီးသန့် တိုင်းတာချက် (Metric Sizing)
ဒီတာယာရဲ့ နံပါတ်ကို ကြည့်ရင် 540A လို့ ပါပါတယ်။ ဒါဟာ ရိုးရိုးလက်မ (Inches) နဲ့ တိုင်းတာတာမဟုတ်ဘဲ Millimeters နဲ့ တိုင်းတာတဲ့ သီးသန့်ဘီးခွေတွေအတွက် ထုတ်ထားတာပါ။ဆိုလိုတာက ဒီတာယာကို ရိုးရိုးဆိုင်မှာရှိတဲ့ ဘီးခွေတွေနဲ့ တပ်လို့မရသလို၊ ဒီဘီးခွေမှာလည်း တခြားတာယာ သွားတပ်လို့ မရပါဘူး။ ဒီစနစ်ကို Rolls-Royce Phantom လို ကားမျိုးအတွက် Michelin က သီးသန့် (Custom-made) ထုတ်ပေးရတာ ဖြစ်ပါတယ်။

၃။ Pressure Monitoring & Safety
ဒီတာယာစနစ်မှာ အာရုံခံကိရိယာ (Sensors) တွေက အလွန်တိကျပါတယ်။ တာယာမှာ ပြဿနာတစ်ခုခု ဖြစ်တာနဲ့ ချက်ချင်းသိနိုင်ပြီး ဘေးကင်းမှုကို အမြင့်ဆုံးပေးထားပါတယ်။ ကားရဲ့ အလေးချိန် ၃ တန်နီးပါးကို မြန်နှုန်းမြင့်မောင်းနေချိန်မှာ တည်ငြိမ်မှု အရှိဆုံးဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

၄။ ထုတ်လုပ်မှု နည်းပါးခြင်း (Scarcity)
ဒီတာယာမျိုးကို Rolls-Royce Phantom ပိုင်ရှင်တွေအတွက်ပဲ Michelin က အနည်းငယ်သာ ထုတ်လုပ်ပါတယ်။ အများကြီး အစုလိုက်အပြုံလိုက် ထုတ်တာမဟုတ်တဲ့အတွက် (Mass Production မဟုတ်တဲ့အတွက်) ထုတ်လုပ်မှုစရိတ်က အဆမတန် မြင့်မားနေတာ ဖြစ်ပါတယ်။

ဒီ PAX System တာယာကို လဲတော့မယ်ဆိုရင် သာမန်တာယာဆိုင်တွေမှာ လဲလို့မရပါဘူး။ ဒီစနစ်အတွက် သီးသန့်စက်ပစ္စည်းရှိတဲ့ Rolls-Royce Service Center ဒါမှမဟုတ် အဆင့်မြင့် Service တွေဆီမှာပဲ လုပ်လို့ရတဲ့အတွက် ဝန်ဆောင်မှုစရိတ်ကလည်း အလွန်ကြီးပါတယ်။

Tyre 78
Professional Tyre and Battery Services

Tyre 78 professional tyre and battery services
13/05/2026

Tyre 78 professional tyre and battery services

Address

Tyre 78, 295 Waizayantar Road
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959783335578

Alerts

Be the first to know and let us send you an email when Tyre 78 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tyre 78:

Share