Tyre 78

Call Directions Website Contact the business

Tyre 78 Tyre 78
Complete Car Care Service is a full-service auto maintenance and auto repair shop

📣 ဆိုင်ပိတ်ရက်ကြေငြာခြင်း📣
25/10/2026

📣 ဆိုင်ပိတ်ရက်ကြေငြာခြင်း📣

မြန်မာနိုင်ငံတွင် EV battery များအများဆုံးလာရောက်လဲလှယ်ကြသောဆိုင် Tyre 78 EV's 12V starter battery ဟာ ရိုးရိုးကား ဘက်ထရီ...
25/10/2026

မြန်မာနိုင်ငံတွင် EV battery များအများဆုံးလာရောက်လဲလှယ်ကြသောဆိုင် Tyre 78

EV's 12V starter battery ဟာ ရိုးရိုးကား ဘက်ထရီလိုပဲ 12V battery တစ်လုံးပါပါတယ်။ ဒါကို Starter battey သို့မဟုတ် System battery လို့ခေါ်ပါတယ်။ ဒီဘက်ထရီကို ပုံမှန် ဆီကားတွေက ဒိုင်နမိုကနေအားသွင်းပေမဲ့ EV ကားမှာ ဒိုင်နမို မပါပဲ သူ့ရဲ့ Power pack (High voltage main battery)ကနေ DC-to-DC converter မှတဆင့်အားပြန်သွင်းပါတယ်။

ဒီဘက်ထရီ သက်တမ်းကပုံမှန်ပါပဲ ၂နှစ်ခန့်ပါ။ သူပျက်လျင်ကားက ဘာမှလုပ်မရပါ။ စက်ပါနှိုးမရ။ ဂီယာပါပြောင်းမရပါ။

မြန်မာပြည်ကို ပထမ Series ဝင်ထားတဲ့ EV တွေရဲ့ System battery တွေ သက်တမ်းကုန်လာပါပြီ။ မကုန်မီစစ်ပြီးလဲတဲ့လူထက် လမ်းမှာရပ်လို့ခေါ်လဲသူက ၉၅% ရှိပါတယ်။

ဒါကြောင့် BZ4X တို့ ENS1 တို့ စောသွင်းထားတဲ့ကားတွေ Battety Stage ကို အခမဲ့လာရောက်စစ်ဆေးကြည့်နိုင်ပါတယ်။ SOC 45% အောက်ကျပြီဆို လဲသင့်ပါတယ်။ Battery စျေးကစျေးမကြီးပါပုံမှန် ကားသေးအိုးစျေးပါပဲ။

ဒီဘက်ထရီ အကြောင်း သိကောင်းစရာ...

EV (လျှပ်စစ်ကား) တွေကို အသုံးမပြုဘဲ ရေရှည်ပစ်ထားရင် ကားနှိုးမရတော့ဘဲ System Battery (12V Auxiliary Battery) Breakdown ဖြစ်သွားတတ်တဲ့ အကြောင်းအရင်းကို လူကြီးမင်းတို့ နားလည်လွယ်အောင် ရှင်းပြပေးပါမယ်။

EV ကားတွေမှာ Battery စနစ် နှစ်မျိုး ပါဝင်ပါတယ်။
1. Main High-Voltage Battery Pack ကားမောင်းနှင်ဖို့ မော်တာကို အဓိက စွမ်းအင်ပေးတဲ့ ဘက်ထရီကြီး ဖြစ်ပါတယ်။
2.12V System Battery (Auxiliary Battery) ရိုးရိုးဆီကား (ICE) တွေမှာပါတဲ့ ဘက်ထရီမျိုး ဖြစ်ပြီး ကားရဲ့ ကွန်ပျူတာစနစ်၊ သော့ (Smart Key) ဆင်ဆာ၊ မီးကြီး၊ အချက်ပြမီးနဲ့ လုံခြုံရေးစနစ်တွေကို စွမ်းအင်ပေးပါတယ်။

EV ကားကို မသုံးဘဲ ပစ်ထားရင် ဘာလို့ အားကုန်သွားတာလဲ?

ရိုးရိုးဆီကားတွေမှာ ဘက်ထရီကို အားပြန်သွင်းဖို့ Alternator (ဒိုင်နမို) ပါရှိပြီး အင်ဂျင်လည်ပတ်နေမှသာ ၁၂ ဗို့ဘက်ထရီကို အားပြန်သွင်းပေးတာ ဖြစ်ပါတယ်။ EV ကားတွေမှာတော့ Alternator မပါဝင်ပါဘူး။

အဓိက ကွာခြားချက် က EV ကားတွေမှာတော့ DC-to-DC Converter စနစ်ကို သုံးပြီး Main Battery Pack ကြီးဆီကနေ 12V System Battery ဆီကို အားပြန်သွင်းပေးတာဖြစ်ပါတယ်။

ကားကို စက်နှိုးပြီး မောင်းနှင်နေချိန် (သို့မဟုတ်) Ready Mode ဖြစ်နေချိန်မှာသာ Main Battery ကနေ ၁၂ ဗို့ဘက်ထရီဆီကို စဉ်ဆက်မပြတ် အားဖြည့်ပေးနေမှာ ဖြစ်ပါတယ်။ အကယ်၍ ကားကို လုံးဝမောင်းနှင်ခြင်းမရှိဘဲ (စက်မနှိုးဘဲ) ပိတ်ပြီး ပစ်ထားမယ်ဆိုရင်
Phantom Drain (ပါဝါသုံးခံရခြင်း) လို့ခေါ်တဲ့ကားကို ပိတ်ထားပေမဲ့ ကားရဲ့ လုံခြုံရေးစနစ်၊ Alarm၊ စမတ်သော့ဆင်ဆာနဲ့ နောက်ခံ ကွန်ပျူတာစနစ်တွေက ၁၂ ဗို့ဘက်ထရီဆီကနေ လျှပ်စစ်အားကို တဖြည်းဖြည်းချင်း ဆွဲသုံးနေပါတယ်။ ကားစက်ပိတ်ထားတဲ့အတွက် Main Battery Pack ကြီးကနေ ၁၂ ဗို့ဘက်ထရီဆီကို အားလှမ်းမသွင်းပေးတော့ပါဘူး။ဒီလိုနဲ့ ရက်သတ္တပတ် အတော်ကြာသွားတဲ့အခါ ၁၂ ဗို့ဘက်ထရီဟာ လုံးဝအားပြတ်တောက်ပြီး System Battery Breakdown ဖြစ်ကာ ကားတံခါးဖွင့်မရတာ၊ စက်နှိုး (Ready Mode) မတက်တော့တာမျိုး ဖြစ်သွားရခြင်း ဖြစ်ပါတယ်။

EV ကားကို ရေရှည်ရပ်နားထားဖို့ ရှိတယ်ဆိုရင် ဒီအချက်တွေကို သတိပြုပေးပါခင်ဗျာ

တစ်ပတ် တစ်ကြိမ် စက်နှိုးပေးပါ။အနည်းဆုံး တစ်ပတ်တစ်ကြိမ် ကားကို Ready Mode အနေအထားနဲ့ မိနစ် ၂၀ မှ ၃၀ ခန့် ပေးနှိုးထားပါ။ ဒါမှ Main Battery ကနေ ၁၂ ဗို့ဘက်ထရီဆီ အားပြန်ဖြည့်ပေးမှာ ဖြစ်ပါတယ်။

Main Battery အားကို ချန်ထားပါ။ ၁၂ ဗို့ဘက်ထရီကို အားထိန်းပေးဖို့အတွက် Main Battery Pack ရဲ့ အားကိုလည်း 30% အောက် မကျအောင် ထိန်းသိမ်းထားပေးဖို့ လိုအပ်ပါတယ်။

Battery Charger သုံးပါ။ အကယ်၍ လပေါင်းများစွာ ပစ်ထားရမယ်ဆိုရင် ၁၂ ဗို့ဘက်ထရီအတွက်သီးသန့် Smart Trickle Charger (ဘက်ထရီအားထိန်းစက်) တပ်ဆင်ထားပေးနိုင်ပါတယ်။ *(TYRE 78 မှာဝယ်ယူရရှိနိုင်ပါတယ်။ 09783336678)

အကယ်၍ လူကြီးမင်းတို့ရဲ့ EV ကား ၁၂ ဗို့ဘက်ထရီ အားကုန်သွားလို့ လမ်းခုလတ်မှာ အရေးပေါ် အကူအညီလိုအပ်ပါက ကျွန်တော်တို့ 78 Roadside Assistance
09783335578 ကို အချိန်မရွေး ဆက်သွယ်ခေါ်ယူနိုင်ပါတယ်ခင်ဗျာ။

Tyre 78
Professional Tyre and Battery Services
296 Wayzayantar Road, Yangon
09 783335578

သီတင်းကျွတ်လပြည့်နေ့ဆိုင်ပိတ်ပါတယ်ခင်ဗျာ...ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သီတင်းကျွတ်အခါသမယဖြစ်ပါစေ။​မိသားစုများ...
25/10/2026

သီတင်းကျွတ်လပြည့်နေ့ဆိုင်ပိတ်ပါတယ်ခင်ဗျာ...

ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော သီတင်းကျွတ်အခါသမယဖြစ်ပါစေ။
​မိသားစုများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးတက်ပွားများကြပါစေ။

​78 Business Group

78 မှာ Battery လဲပါ.... Policy ကတော့ပြတ်သားပါတယ်.... အာမခံ ပေးထားတဲ့ကာလ ဘာဖြစ်ဖြစ် User fault တို့ မသုံးတာကြာလို့တို့ ကာ...
25/10/2026

78 မှာ Battery လဲပါ....
Policy ကတော့ပြတ်သားပါတယ်....
အာမခံ ပေးထားတဲ့ကာလ ဘာဖြစ်ဖြစ် User fault တို့
မသုံးတာကြာလို့တို့ ကားမှာ Charging အဝင်နည်းလို့တို့တစ်ခုမှမပြောဘူး....
အာမခံကုန်ခါနီးဖြစ်လို့ အဟောင်းပြန်မတပ်ပေးဘူး

စိတ်ချမ်းသာစေရမယ် ချက်ချင်းအသစ်တစ်လုံးလဲပေးပါမယ်။

ကျွန်တော်တို့ဆိုင်က Battetyတပ်ထားသရွေ့

Roadside Assistance and Jump Start Free of charge ပဲ...

The Customer is always Right ....

78 Professional Battery Services

TPMS sensor တပ်ဆင်ထားသောကား ဆိုလျှင် ဘားတိုင်ကိုကြည့်သည်နှင့်သိနိုင်ပါတယ်။ ယနေ့ လာပြသောကားလေးက တာယာ လဲရာမှာ Sensor Circu...
23/10/2026

TPMS sensor တပ်ဆင်ထားသောကား ဆိုလျှင် ဘားတိုင်ကိုကြည့်သည်နှင့်သိနိုင်ပါတယ်။ ယနေ့ လာပြသောကားလေးက တာယာ လဲရာမှာ Sensor Circuit ကွဲလာတာ တွေ့ရပါတယ်။ အထူးသဖြင့် တာယာဖြုတ်တပ် ဘီးဖားချိန် ဂရုမစိုက်လျင် ဖြစ်တတ်ပါတယ်။

ဒီအတွက် နယ် / လမ်းခရီးမှာဆိုလျင် ကြိုသတိပေးပေးပါ။

သီတင်းကျွတ် အထူးစျေး .. Dongfeng E70 MG4 Jetpur X50 Kia Seltos Depal S07 Dongfeng Courage VoyahMake poster EV tyre speci...
22/10/2026

သီတင်းကျွတ် အထူးစျေး ..

Dongfeng E70
MG4
Jetpur X50
Kia Seltos
Depal S07
Dongfeng Courage
Voyah

Make poster EV tyre special discount
30% to 40%

Limited Quantity Only

TYRE 78
296 Wayzayantar Road, Yangon

🚗 သင့် EV ကား မောင်းရတာ ငြိမ်ချက်မရှိဘဲ လှုပ်ရမ်းနေပါသလား။ ⚡​Wheel Balancing စစ်ဆေးလိုက်လို့ အတွင်း 15 ၊ အပြင် 20 ဝန်းကျ...
22/10/2026

🚗 သင့် EV ကား မောင်းရတာ ငြိမ်ချက်မရှိဘဲ လှုပ်ရမ်းနေပါသလား။ ⚡
​Wheel Balancing စစ်ဆေးလိုက်လို့ အတွင်း 15 ၊ အပြင် 20 ဝန်းကျင်လောက် လွဲနေပြီဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူးနော်!

​⚡ EV ကားတွေမှာ Wheel Balancing လွဲရင် ဘာတွေဖြစ်လာနိုင်လဲ?
​ဘက်ထရီစားနှုန်း ပိုများလာမယ် (Range လျှော့ကျမယ်)။
​တာယာ ပွန်းစားမှု မညီမညာဖြစ်ပြီး သက်တမ်းတိုသွားမယ်။
​အရှိန်မြှင့် မောင်းနှင်ချိန်မှာ စတီယာရင် တုန်ခါခြင်း၊ တည်ငြိမ်မှု မရှိခြင်းတို့ ဖြစ်ပေါ်မယ်။

​🛠️ Tyre 78 ကမှာ အရည်အသွေးမြင့် ကွန်ပျူတာစနစ်ဖြင့် ဘာတွေ ဆောင်ရွက်ပေးလဲ?

✅ Wheel Balancing & Alignment ကို တိကျစွာ ပြန်လည်ချိန်ညှိပေးခြင်း။
✅ Zero Reset ပြုလုပ်ပေးပြီး စတီယာရင်နှင့် တာယာ Alignment များကို မူလအတိုင်း တိကျမှုရှိအောင် ပြန်လည်ချိန်ညှိပေးခြင်း။
✅ EV ကားများ၏ အလေးချိန်နှင့် စွမ်းဆောင်ရည်အလိုက် အထူးကျွမ်းကျင်ပညာရှင်ကိုယ်တိုင် စနစ်တကျ စစ်ဆေးပေးခြင်း။

​ကျွမ်းကျင်ပညာရှင်များနှင့် ခေတ်မီစက်ကိရိယာများ သုံးစွဲထားတာမို့ သင့် EV ကားလေးကို စိတ်ချလက်ချ ယုံကြည်စွာ လာရောက်ပြသနိုင်ပါတယ်။

ပုံထဲတွင် ပြထားသည့် EV ကားတာယာဟာ အတွင်းဘက် ရာဘာလွှာ စားသွားပြီး အတွင်းမှ ကြိုးမျှင်/သံမဏိနန်းကြိုးလွှာများ (Steel belts/...
19/10/2026

ပုံထဲတွင် ပြထားသည့် EV ကားတာယာဟာ အတွင်းဘက် ရာဘာလွှာ စားသွားပြီး အတွင်းမှ ကြိုးမျှင်/သံမဏိနန်းကြိုးလွှာများ (Steel belts/cords) ပေါ်ထွက်လာသည်အထိ ဆိုးရွားစွာ ပွန်းစားပျက်စီးပြီး ပေါက်ထွက်သွားပါတယ်။

ဤသို့ တာယာတစ်နေရာတည်း ပွန်းစားသွားခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်ဘေးစောင်း ပွန်းစားခြင်း ဖြစ်ရသည့် အဓိက အကြောင်းအရင်းများမှာ ..

ကားဘီးချိန် လွဲနေခြင်း (Wheel Alignment / Camber Misalignment)

ကားဘီး Alignment မမှန်ဘဲ စောင်းနေပါက တာယာ၏ ဘေးတစ်ဖက်တည်းကိုသာ ဖိအား အလွန်အမင်း သက်ရောက်ပြီး ထိုနေရာမှ ရာဘာများ လျှင်မြန်စွာ စားသွားတတ်ပါတယ်။

တာယာ လေအား မမှန်ခြင်း (Under/Over Inflation)

တာယာ လေအား လိုအပ်သည်ထက် လျော့နည်းနေပါက တာယာ၏ ဘေးနှုတ်ခမ်းပိုင်းများ ပိုမိုပွန်းစားတတ်ပါသည်။

ဆက်စပ် ပစ္စည်းများ ပျက်စီးနေခြင်း (Suspension / Steering Wear)

ကား၏ Shock Absorber၊ Ball Joint သို့မဟုတ် Bushing စသည့် ဆက်ဆိုင်းပိုင်း ပစ္စည်းများ ဟောင်းနွမ်း ပျက်စီးနေပါက ဘီးလည်ပတ်မှု မမှန်ဘဲ တာယာကို မညီမညာ ပွန်းစားစေပါသည်။

ဤသို့ အတွင်းမှ ကြိုးမျှင်/သံမဏိမျှင်များ ပေါ်လာသည့်အထိ ပျက်စီးနေသော တာယာသည် အလွန် အန္တရာယ်များပါသည်။ ကားမောင်းနှင်နေစဉ် မည်သည့်အချိန်မဆို တာယာပေါက်ထွက်ခြင်း (Blowout) ဖြစ်သွားနိုင်သည့်အတွက် ဒီတာယာဖြင့် ဆက်မမောင်းသင့်ဘဲ တာယာအသစ် သို့မဟုတ် အပိုတာယာဖြင့် ချက်ချင်း လဲလှယ်သင့်ပါတယ်။

တာယာသစ် လဲလှယ်ပြီးပါကလည်း နောက်ထပ် တာယာအသစ် ထပ်မစားစေရန် ကား၏ Wheel Alignment / Balancing နှင့် Suspension များကို စစ်ဆေးသင့်ပါတယ်။

19/10/2026

Daily progress

16/10/2026

Address

Tyre 78, 295 Waizayantar Road
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959783335578

Alerts

Be the first to know and let us send you an email when Tyre 78 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tyre 78:

Shortcuts

Share