12/05/2024
Nissan Cedric ကားအကြောင်း
Nissan motor corporation ရဲ့ ပထမဆုံးကိုယ်ပိုင်အမှတ်တံဆိပ် ဖြစ်တဲ့ ဒီ Cedric တွေ အကြောင်းရေးရတာ အရမ်းကြီး သမိုင်းကြောင်း ကြီးလှပါတယ်။ တိုယိုတာ မှာ Crown နဲ့ Nissan မှာ Cedric တို့ဟာ အစဉ်အဆက်အပြိုင်အဆိုင် ထုတ်ကြတာ ၁၉၆၀ ဝန်းကျင်ကတည်းကပါပဲ။
1960 ကနေ 2004 အထိ Cedric အမည်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ Nissan ရဲ့ အဓိက အရောင်းဆိုင်နှစ်ခုဖြစ်တဲ့ Bluebird နဲ့ Prince တို့ကနေ ရောင်းချရာမှာ နာမည်ကွဲသွားပါတယ်။ Bluebird က Cedric လို့ တံဆိပ်တပ်ပေမယ့် ၊ Prince ကတော့ Gloria လို့ တံဆိပ်တပ်ပါတယ်။ အမှန်တော့ အထွေအထူး ကွဲပြားခြင်းမရှိပါဘူး။
Cedric ရဲ့ မျိုးဆက် ၁၀ ဆက်မြောက်မှာတော့ Fuga ဆိုတဲ့ မော်ဒယ်တစ်မျိုးတည်းကို အကုန်လွှဲပြောင်းပြီး၊ Nissan အနေနဲ့ရော Infinity အနေနဲ့ရော ထုတ်ပါတယ်။ Infinity အဖြစ်ထွက်လာတဲ့ Fuga မှာတော့ အတွင်းခန်း ပစ္စည်းတွေ ပိုမိုစုံလင်ပြီး ဂရိတ်မြင့်သလို ရူပ်ထွက်ကတော့ အတူတူပါပဲ။
First Generation ( 1959-1963)
Nissan 30 series အနေနဲ့ ထွက်ပေါ်လာတဲ့ Cedric ဟာ ပုံစံအမျိုးမျိုးနဲ့ စျေးကွက် ဝင်ခဲ့တာပါ။
Engines တွေကတော့
1.5 L G I4
1.9 L H I4
2.8 L K I4
2.0L SD20 diesel I4 တွေနဲ့ ရနိုင်သလို
Transmission မှာလည်း 3 speed auto / 4 speed manual ဆိုပြီး ရှိပါသေးတယ်။
1963 နောက်ပိုင်းမှာ 31 series အနေနဲ့ထပ်ထုတ် ပြီး ပုံစံအနည်းငယ်ပြောင်းခဲ့ပါတယ်။
Second Generation ( 1965-1971)
ဒုတိယမျိုးဆက်မှာတော့ ဂျပန်နိုင်ငံအတွက် ကို Cedric 130 ဆိုပြီးနာမည်ပေး ခဲ့သလို၊ ပြည်ပအတွက်တော့ Datsun အနေနဲ့တင်ပို့ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့ကတော့ Nissan ရဲ့ လက်အောက်ခံ ကွဲပြားနေတဲ့ ကုမ္ပဏီငယ်တွေကို စုပြီး Nissan လက်အောက် ကို သွင်းလိုက်တဲ့ အတွက် ကြီးမားတဲ့ အင်အားစုတစ်ခုဖြစ်ပေါ်လာရာက ပြည်ပစျေးကွက်ကို အဓိက ထိုးဖေါက်ဖို့ ရည်ရွယ်လာတာပါပဲ။ ဒီမျိုးဆက်မှာ ထူးခြားတာကတော့ Nissan ရဲ့ ပထမဆုံး OHC နည်းပညာ သုံး အင်ဂျင်တွေ တပ်ဆင်ပေးခဲ့တာပါပဲ။ ပထမဆုံး V8 engine သုံး Cedric ရဲကား ကို ဂျပန်ရဲဌာနအတွက် ထုတ်လုပ်ပေးခဲ့ပါတယ်။
Third Generation ( 1971-1975)
တတိယမျိုးဆက်ကိုတော့ 230 series လို့ ခေါ်ခဲ့ပြီး ထူခြားချက်ကတော့ တံခါး နှစ်ပေါက် သာပါတဲ့ Coupe မော်ဒယ်ကို မှာယူရရှိနိုင်ပါတယ်။ Datsun 200/220/240/260 စသဖြင့်သာ နိုင်ငံတကာမှာတွေ့ရလေ့ရှိပြီး Cedric နဲ့ Gloria ကိုတော့ ဂျပန်နဲ့ ဂျပန် ကားအဟောင်း အသုံးပြုတဲ့ နိုင်ငံတွေမှာတွေ့နိုင်ပါတယ်။ ဥရောပစျေးကွက်မှာတော့ diesel အင်ဂျင်တပ် Datsun နာမည်သာ ရောင်းချခဲ့ပြီး Nissan ရဲ့ emission control technology ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Transmission အနေနဲ့ 5 speed manual တစ်မျိုးထပ်ပြီး တိုးတက်လာပါတယ်။
Fourth Generation ( 1976-1979)
330 series လို့ ခေါ်တွင်မယ့် ဒီမျိုးဆက်မှာတော့ ဂရိတ်မျိုးစုံထုတ်လုပ်ပေးခဲ့ပေမယ့် GL-E နဲ့ SGL-E တွေကိုသာ အဓိကရောင်းချခဲ့ရပါတယ်။ SGL ဂရိတ်ဟာ အမြင်ဆုံး ဖြစ်သလို E ဆိုတာကတော့ electronic fuel ejection စနစ်တပ်ဆင်ထားတယ်လို့ ဆိုလိုတာပါ။
Fifth Generation ( 1979-1983)
ဒီ 430 series မှာတော့ မီးခွက် လေးထောင့်ပုံစံနဲ့ ခပ်ပြားပြား လေ့ထောင့်စပ်စပ်ဖြစ်လာပါတယ်။ အမိုးဖွင့်လို့ရတဲ့ convertible ပုံစံလည်း ထပ်ထွက်လာပါတယ်။ 2.0 L Lseries L20ET နဲ့ turbo လည်းပါလာပါတယ်။ 4 speed auto transmission ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။
Sixth Generation Y30 ( 1983-1987)
ယနေ့ မြန်မာပြည်မှာ တွေ့ဖူး မြင်ဖူးကြတဲ့ Y series တွေရဲ့ အစလို့ ခေါ်ရမှာဖြစ်ပြီး Nissan ရဲ့ အထူးထုန် VG engine တွေ စတင်တွေ့မြင်ရတဲ့ မျိုးဆက်ပါပဲ။ FR layout ကို ကျောရိုးချတဲ့ ဂျပန် ကားတွေ အတိုင်းပဲ အင်ဂျင်ပါဝါကြီးကြီး စွမ်းဆောင်ရည်ကောင်းကောင်း နဲ့ mid range luxury ကား အဖြစ်တွေ့မြင်ရပါတယ်။အင်ဂျင်အနေနဲ့တော့ 2.0 နဲ့ 3.0 ကို ရိုးရိုး VG V6 အပြင် တာဘိုလည်း တပ်ဆင်ပေးပါတယ်။ ဒီဇယ်ဗားရှင်းကတော့ 2.8L LD28 I6 တစ်မျိုးတည်းသာ ရနိုင်ပြီး မန်နူရယ်ဂီယာ ၅ ချက်နဲ့တွဲလာလေ့ရှိပါတယ်။ အမြင့်ဆုံး အတွင်းခန်းဂရိတ်ကတော့ Brougham VIP ဂရိတ်ဖြစ်ပါတယ်။
Seventh Generation Y31 ( 1987-1991)
Cedric ရဲ့ အအောင်မြင်ဆုံး မျိုးဆက်လို့ခေါ်ရလောက်အောင် ရောင်းကောင်းခဲ့တဲ့ ဒီ မျိုးဆက်မှာတော့ ယခင် ဒေါင့်ကျကျ လိုင်းတွေကို လုံးပစ်လိုက်တဲ့ အတွက် ခပ်ရှည်ရှည် လုံးလုံးလေး နဲ့ လှပလာသလိုပါပဲ။အဓိက Twin Cam turbo နဲ့ ထွက်လာသလို Sport version ဖြစ်တဲ့ Gran Turismo ဆိုပြီး ထွက်လာပါတယ်။ ယခင်အမြင့်ဆုံး ဂရိတ်ဖြစ်တဲ့ Brougham VIP ကိုပဲ I, II , III ပြန်ခွဲပြီး build in TV , Sony CD player , JBL speaker စသဖြင့် ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံး ပစ္စည်းတွေ တပ်ဆင်ပေးခဲ့ပါတယ်။ Chassis အနေနဲ့ E-Y31 ထွက်ပြီး ( 3.0 Brougham ဆို E-PAY31) Diesel ဗားရှင်းဆိုရင် Q-UY31 ထွက်ပါတယ်။
Eight Generation Y32 ( 1991-1995)
ရှေ့မျိုးဆက်ရဲ့ ပုံစံကနေ ပိုမိုအချိုးကျ လုံးဝန်းလာတဲ့ ဒီ Y32 series မှာတော့ အဓိက အင်ဂျင် အမျိုးအစား သာ ထူးခြားမှု ရှိလာပါတယ်။ VG series မှာပဲ SOHC နဲ့ DOHC ဆိုပြီး V6 အင်ဂျင်နှစ်မျိုး ထုတ်ပေးပါတယ်။ SOHC = Single overhead camshaft, DOHC= Double overhead camshaft.
Ninth Generation Y33 (1995-1999)
အဓိက အင်ဂျင်ဗားရှင်း ချိန်းသွားတဲ့ ဒီမျိုးဆက်မှာတော့ VQ version အင်ဂျင်နဲ့ AWD= All wheel drive စနစ်တွေ ပါဝင်လာတာပါပဲ။ VQ series ရဲ့ အင်ဂျင်ဘလောက်တွေဟာ အလူမီနီယံသတ္ထုစပ်တွေ ဖြစ်လာတဲ့အတွက် ပိုမိုပေါ့ပါးပြီး ပွန်းစားမှု သက်သာတဲ့အတွက် ကြာရှည်ခံပါတယ်။
3.0L VQ30DET V6 turbo ရဲ့ Output က 143 PS ထိ ရှိပါတယ်။
Tenth Generation Y34 (1999-2004)
လက်ရှိ မြန်မာပြည်တွင်းမှာ သုံးစွဲမှု အသင့်အတင့်ရှိသေးပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ထွက်နဲ့ နောက်ဆုံး မျိုးဆက်မှာတော့ ထူးခြားမှုတွေ ရှိနေတဲ့အတွက် အကျယ်တဝင့်ရေး ပြပါရစေ။ အင်ဂျင်အနေနဲ့ ကတော့
2.5L VQ25DD V6
2.5L RB25DET I6
3.0L VQ30DD V6
3.0L VQ30DET V6 ဆိုပြီး ၄ မျိုး ရှိပါတယ်။
ဒီဇယ်ဗားရှင်း မရှိတော့ပါဘူး။
Transmission ကတော့ မန်နူရယ် မရှိတော့ပဲနဲ့ 4 speed Automatic နဲ့ CVT နှစ်မျိုးသာ ရှိပါတော့တယ်။
Chassis အနေနဲ့ကတော့ 2.5 ဆိုရင် GH-MY34 နဲ့ ထွက်ပြီး 3.0 ဆိုရင်တော့ GH-HY34 နဲ့ ထွက်လေ့ရှိပြီး , 4wd မော်ဒယ်မှာတော့ GF-ENY34 နဲ့ ထွက်လာလေ့ရှိပါတယ်။ အဓိက AT နဲ့ CVT ကွာသွားလေ့ရှိပြီး 2.5 မှာ 250L, 250L Navi , 250L 40th Anniversary, 250LV premium limited ဆိုပြီး ရှိပါတယ်။ 2.5 မှာ CVT နဲ့ တွဲမထုတ်ပါဘူး။
3.0L မှာတော့ AX, LV, LV premium limited , LVS package , LX , LXS package , LX-Z premium limited ဆိုပြီး ရှိပါတယ်။ ဂရိတ်တွေ အများကြီးကွဲပြားပေမယ့် ပါဝင်ပစ္စည်းက အရမ်းကြီးထူးခြားစွာ ပြောင်းလဲတာမျိုး မရှိပါဘူး။
၂၀၀၂ နှစ်ဆန်းပိုင်းမှာ စပြီး Chassis ပြောင်းသွားပါတယ်။ ရုပ်ထွက်လည်း အနည်းငယ် အပြောင်းအလဲ ရှိလာပါတယ်။
Chassis အနေနဲ့ 2.5 မှာ TA-MY34 , 2.5 4WD ဆို GF-ENY34 ( ရှေ့မော်ဒယ်နဲ့တူ), 3.0L မှာ TA-HY34 နဲ့ထွက်လာပြီး CVT ကတော့ 3.0 မှာတောင် LX နဲ့ LX-Z မှာသာ တပ်ဆင်ပေးပါတယ်။
ဒီလောက်ဆိုရင်တော့ Nissan Cedric ရဲ့ အကြောင်းသိရှိလောက်ပြီထင်ပါတယ်ခင်ဗျာ
မူရင်းလူ