Taw Win Tun Business

Taw Win Tun Business Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taw Win Tun Business, Automotive Dealership, Yangon.

လူတယောက်က ဘဝမှာ အောင်မြင်ချင်ရင် စည်းကမ်းရှိဖို့ လိုပါတယ်ပါးစပ်စည်းကမ်းမရှိဘူးဆိုရင် စားချင်တာတွေ စားဖြစ်လာမယ်၊ ကိုယ့်ခန...
02/02/2024

လူတယောက်က ဘဝမှာ အောင်မြင်ချင်ရင် စည်းကမ်းရှိဖို့ လိုပါတယ်

ပါးစပ်စည်းကမ်းမရှိဘူးဆိုရင် စားချင်တာတွေ စားဖြစ်လာမယ်၊ ကိုယ့်ခန္တာကိုယ်နဲ့ တည့်တာ မတည့်တာ မသိတော့ဘူး၊ ဒီတော့ ကျန်းမာရေးကို ထိခိုက်လာတာတွေရှိတယ်

လေ့ကျင့်ခန်းစည်းကမ်းမရှိဘူးဆိုရင် ဘယ်လိုမှ ကိုယ်လိုချင်တဲ့ ခန္တာကိုယ်ပုံစံကို ရမှာမဟုတ်ဘူး

စာဖတ်စည်းကမ်းမရှိဘူးဆိုရင် တလနေဖို့လည်း စာတအုပ်မှ ဖတ်ဖြစ်မှာမဟုတ်ဘူး၊ စာအုပ်တွေဝယ်ထားလည်း အပိုဘဲဖြစ်နေမယ်

အလုပ်စည်းကမ်းမရှိဘူးဆိုရင် ကိုယ်ပိုင်လုပ်ငန်းလုပ်နေလည်း ပိုပြီး လုပ်ငန်းက ကြီးလာမှာ မဟုတ်ဘူး။ ဝင်ငွေလည်း ပိုကောင်းလာမှာမဟုတ်ဘူး
ဝန်ထမ်းလုပ်နေတယ်ဆိုရင်လည်း အရင်ကလည်း ဒီရာထူး၊ ဒီလစာ
ခုလည်း ဒီရာထူး၊ ဒီလစာ ဒီလိုနဲ့ တိုင်ပတ်နေတတ်တယ်

ငွေကြေးစီမံခန့်ခွဲမှုစည်းကမ်းမရှိဘူးဆိုရင် ခင်ဗျားပိုက်ဆံ ရှာသလောက် လောက်မှာမဟုတ်ဘူး
အိပ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေမယ်၊ ဝင်ငွေဘယ်လောက်ကောင်းကောင်း လက်ထဲစုမိဆောင်းမိ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး

ဒါကြောင့် ခင်ဗျားအနေနဲ့ စည်းကမ်းရှိဖို့လိုတယ်၊
ခင်ဗျားဖြစ်ချင်တဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေက ခင်ဗျားဘယ်လောက် စည်းကမ်းရှိလဲဆိုတဲ့အချက်ပေါ်မှာ မူတည်နေတယ်ဆိုတာကို မမေ့ပါနဲ့
#အလီဘာဘာ

"ချမ်းသာဖို့အတွက် ပိုက်ဆံသုံး ပါ"နည်းနည်းထူးဆန်းသွားလား သူငယ်ချင်း??!ငါတို့က ချမ်းသာဖို့ ပိုက္ဆံစု ပါပဲ သိခဲ့တာလေ...... ...
01/02/2024

"ချမ်းသာဖို့အတွက် ပိုက်ဆံသုံး ပါ"

နည်းနည်းထူးဆန်းသွားလား သူငယ်ချင်း??!

ငါတို့က ချမ်းသာဖို့ ပိုက္ဆံစု ပါပဲ သိခဲ့တာလေ......

သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်း......
သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်းချမ်းသာနေကြတယ်......

ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း....
ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်.....

ဘာဖြစ်လို့လဲ.......

ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်

ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း....

Workers spend what they get, Rich men get what they spend... တဲ့

အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်
သူဌေး = အသုံးစရိတ် to ဝင်ငွေ

ဒါဆို သူဌေးတွေ ဘယ္လို ဘယ္လို ပိုက်ဆံသုံးတာလဲ?

သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့ အတွက် ပိုက္ဆံ သုံးကြတယ်.....

သူတို့ ရဲ့ ပိုက်ဆံတွေကို

စီးပွားရေးတိုးတက်ဖို့ ...လုပ်ငန်းတွေချဲ့ထွင်ဖို့ ပညာသစ်တွေရဖို့ အတွက်သုံးကြတယ်.....

ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်

များများသုံးလေ များများဝင်ငွေရလေပေါ့.....

ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်းချမ်းသာတော့တာပဲ.....

သာမာန်အလုပ်သမားတွေ ဘယ္လို ပိုက်ဆံသုံးကြလဲ?

ရသမ်ွကို သုံးဖို့ပဲစဉ်းစားကြတယ်.....

လစာလေးရပြီဆိုပါစို့....

အဝတ်အစားလေးပြေးဝယ်.... ဆိုင်ကောင်းလေးပြေးထိုင်
အရက်လေးသောက်.... ဖုန်းအသစ်လေးကိုင်.....

သာမာန်အလုပ်သမားတွေဟာ

ဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ်
အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင် လုပ္မလဲ မစဉ်းစားကြဘူး.....

ဒီလိုနဲ့ ဆင်းရဲပြီးရင်းဆင်းရဲ လာတာပေါ့......

သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ်
အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ရှာတယ်..

သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်..... (များများသုံး.. များများချမ်းသာ)

အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့ သူတို့အတွက် အသုံးစရိတ်ပဲဖြစ်သွားတယ်.... (များများသုံး .. များများဆင်းရဲ)

ဒီိမှာ သူငယ်ချင်း....

မင်းရဲ ပိုက္ဆံကို ဆင်းရဲဖို့အတွက် သုံးမလား? ချမ်းသာဖို့အတွက် သုံးမလား?

ဆင်းရဲဖို့သုံးမယ်ဆိုရင်တော့.... မင်းလိုချင်တာတွေလျှောက်ဝယ်ပေါ့.....

ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ...
ရင်နှီးမြုပ်နှံပေါ့ကွာ.......

Taw Win Tun pageမှာ BMWလိုင်စင်ကားကို ငွေ15000ksတည်းနဲ့ ကံစမ်းလို့ရနေပီနော်


အလုပ်လည်း ကြိုးစား ကံလည်းစမ်းကြည့်ပေါ့ဗျာ🥰ကံကောင်းရင် ငွေ15000ksတည်းနဲ့ BMW E90 လိုင်စင်ကားကို ပိုင်ဆိုင်မှာနော်🤗Crd pho...
01/02/2024

အလုပ်လည်း ကြိုးစား ကံလည်းစမ်းကြည့်ပေါ့ဗျာ🥰

ကံကောင်းရင် ငွေ15000ksတည်းနဲ့ BMW E90 လိုင်စင်ကားကို ပိုင်ဆိုင်မှာနော်🤗

Crd photo

စိတ်ဓါတ်ကျရင် မရပ်တန့်လိုက်ပါနဲ့၃စင်တီမီတာကို သတိရလိုက်ပါ။ဝါးပင်တစ်ပင်က ၃ စင်တီမီတာကြီးဖို့၄ နှစ်အချိန်ပေးရပါတယ်။အဲ့ဒီ ၄...
29/01/2024

စိတ်ဓါတ်ကျရင် မရပ်တန့်လိုက်ပါနဲ့

၃စင်တီမီတာကို သတိရလိုက်ပါ။

ဝါးပင်တစ်ပင်က ၃ စင်တီမီတာကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ်နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ တစ်ရက်ကို
၃၀ စင်တီမီတာထိ ကြီးထွားနိုင်ပါတယ်။

၆ပတ်အတွင်း ၁၅ မီတာလောက် အမြင့်ကို ရောက်နိုင်ပါတယ်ါ

ဒါဟာ ဘာလို့လည်း ဆိုတော့
ပထမဆုံး ၄ နှစ်မှာ အဲ့ဒိဝါးပင်က အမြစ်မှာ အခြေခိုင်အောင်
အားစိုက်နေလို့ဘဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနေ့ ကိုယ်လုပ်သမျှ
အကျိုးရလဒ်မမြင်ရတဲ့အချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာအတွက်
အခြေခိုင်အောင်လုပ်ရမယ်။
အဲ့တော့ အချိန်က ၁ နှစ်ကြာရင် ကြာမယ်။

ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကို ခံနိုင်တဲ့ အခြေ ခံ ရှိရမယ်လေ။
အဲ့ဒီတော့ ၁၀ နှစ်အချိန်ပေးရင် ပေးရမယ်လို့ထင်ပါတယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက်
ချက်ခြင်းအကျိုးမမြင်ရရင်လည်း စိတ်ဓါတ်ကျပြီးတော့
နောက်မဆုပ်လိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

ကိုယ်သာ အခြေခိုင်အောင် အမြစ်ဟွား ကြိုးစားနေသ၍
တစ်ရက်ကျရင် အမြင့်ရောက်နိုင်ပါလိပ့်မယ်။

ဘာဖြစ်လို့လည်းဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာကနေ မကျော်နိုင်ကြဘူး
အဲ့ဒါကြောင့် ကျရှူံးတဲ့သူက အောင်မြင်သူထက်များနေတာပေါ့။

ကိုယ့်ရဲ့ ၃ စင်တီမီတာကို ကျော်ဖြတ်နိုင်ရင်တော့
သင်က မကြာခင် အမြင့်ကို ရောက်မယ့် သူတွေပါဘဲ။

စိတ်ဓါတ်ကျရင် ၃ စင်တီမီတာကို သတိရပါ။
ငါ့ရဲ့ ၃စင်တီမီတာလို့ဘဲ ပြောပြီး အားအင် ပြန်ပြည့်နိုင်ပါစေ။

Taw Win Tun pageမှာ ငွေ15000ksတည်းနဲ့ BMW လိုင်စင်ကားကို ကံစမ်းလို့ရနေပီနော်


Original Writer& uploader

စိတ်မညစ်ချင်ရင် ပိုက်ဆံကို ပိုးစိုးပက်စက်ရှာဖို့လိုတယ်ပိုက်ဆံကို ပိုးစိုးပက်စက်ရှာပါလူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆ...
29/01/2024

စိတ်မညစ်ချင်ရင် ပိုက်ဆံကို ပိုးစိုးပက်စက်ရှာဖို့လိုတယ်

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာပါ
လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆံမရှိတာ၊ရှိတဲ့ပိုက်ဆံ လျော့သွားတာ။ အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ၊ဝင်ငွေနည်းသွားမှာကြောက်တာ၊

ဒီတော့ ဥပဒေတစ်ခုထားထားတာက“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”ဆိုတာဘဲ
နေ့တိုင်း ၂၄ နာရီမှာ ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။အနာဂတ်မှာ ပိုက်ဆံရှာဖို့ အချိန်ဘယ်လောက်ပေးလိုက်သလဲ။
ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာနေဖို့ လိုတယ်

အမှတ်တံဆိပ်တည်ဆောက်တာ။ ဈေးရောင်းတာ၊ ဗီဒီယိုတွေ ဖန်တီးတာ၊ စာတွေဖတ်တာ။ စမ်းသပ်မှုတွေ လုပ်တာ။ ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။ ဒါကြောင့် စိတ်မညစ်ချင်ရင်“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”ဖို့လိုပါမယ်

တနှစ်​ဆိုတဲ့အချိန်က ကုန်တာအရမ်းမြန်ပါတယ်၊ အပြောဘဲများနေပြီး လက်တွေ့မပါဘူးဆိုရင် အချိန်တွေသာ ကုန်သွားမယ်၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရှိလာမှာ မဟုတ်ဘူး

စီးပွါးရေး၊ငွေကြေးပညာ၊ ဘဝတိုးတတ်အောင်မြင်ရေးစာပေတွေဟာ ကျွန်တော့်ဘဝအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် လူဆိုတာ သူသိထားသလောက်ဘဲ လုပ်ဆောင်နိုင်စွမ်း၊ အောင်မြင်နိုင်စွမ်းရှိလို့ ဖြစ်ပါတယ်
ဒါကြောင့် ကိုယ့်ရဲ့ အောင်မြင်မှုကို ကန့်သတ်မထားချင်ရင် များများလေ့လာနေဖို့၊ များများသင်ယူနေဖို့ လိုပါတယ်


လူနဲ့ 'အ'သုံးလုံးလူချင်းတူပေမဲ့ လူတွေကို ကွဲပြားခြားနားစေတဲ့ 'အ' သုံးလုံး ၁။  အတွေး      လူတွေအားလုံးအစိုးရတဲ့တခုတည်းသော...
28/01/2024

လူနဲ့ 'အ'သုံးလုံး

လူချင်းတူပေမဲ့ လူတွေကို ကွဲပြားခြားနားစေတဲ့ 'အ' သုံးလုံး

၁။ အတွေး
လူတွေအားလုံးအစိုးရတဲ့တခုတည်းသောအရာ အတွေးပါ။ ကိုယ်အာရုံစိုက်တွေးခေါ် စဥ်းစားချင်တာကို လွတ်လပ်စွာ တွေးခေါ်နိုင်တယ်။ လူတွေကိုဘာတွေးရမယ်လို့ တိုက်ရိုက်ကန့်သတ်ထားလို့မရဘူး။ လူတိုင်းလူတိုင်းဟာသူတွေးတဲ့အတွေးတွေရဲ့ ရလဒ်တွေဖြစ်တယ်။

၂။ အဓိပ္ပါယ်
အတွေးချင်းတူပေမဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာ တူချင်မှတူလိမ့်မယ်။ အသက်ငယ်တာအတူတူ ငါကအသက်ငယ်လို့ မအောင်မြင်နိုင်ဘူး၊ အတွေ့အကြုံမရှိဘူးလို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သလိုအသက်ငယ်တော့ခွန်အားပိုရှိတယ်။ ပိုလေ့လာနိုင်တယ်။ ပိုကြိုးစားနိုင်တယ်။ ပိုတက်ကြွတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမတူနိုင်ပါဘူး။

၃။ အက်ရှင်(အကောင်အထည်ဖော်မှု)
လူတွေကို ကွဲပြားခြားနားစေတဲ့အရာက အက်ရှင် လုပ်ရပ်ဖြစ်ပါတယ်။ သိပြီးအသုံးမချတာနဲ့ မသိတာနဲ့အတူတူပါပဲ။ ဒါကြောင့်ဘဝမှာ အပြောင်းအလဲလုပ်ချင်ရင် ပြင်းထန်တဲ့လှုပ်ရှားအားထုတ်မှုတွေလိုပါတယ်။ အ သုံးလုံးဟာတဆင့်ပြီးမှတဆင့်လာပါတယ်။ အတွေး၊ အဓိပ္ပာယ်တွေရဲ့နောက်မှာ အက်ရှင်ဖြစ်လာတယ်။
ဥပမာ~
အတွေး ---- ငါစာဖတ်ရမယ်။
အဓိပ္ပါယ်---- အောင်မြင်ချင်ရင် စာမဖတ်လို့မရဘူး။
အက်ရှင်--- တကယ်စာဖတ်မယ်

တိုးတက်ရေး အတွေးအခေါ်များ◾

၁။ ဘူကောင်တွေကို ရှောင်ပါ။

၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေ နေ့စဉ်လုပ်ပါ။

၃။ အလုပ်ကို ပိုးစိုးပ,က်စက်လုပ်ပါ။

၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။

၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ နေပါ။

၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။

၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။

၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။

၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။

၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာရှိတာ ဆက်လုပ်ပါ။

၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။

၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံ၊းမှာ မကြော က်နဲ့။ ဒူပေနာပေခံပါ။

Credit

၁။ ငွေစုပါ ။ကိုယ့်ဝင်ငွေရဲ့အနည်းဆုံး ဆယ်ပုံတစ်ပုံကို ကိုယ့်ရဲ့ စုငွေ အတွက် အရင်ဖယ်ထားပါ ။ အသုံးစားရိတ်ထဲမထည့်လိုက်ပါနဲ့ ...
28/01/2024

၁။ ငွေစုပါ ။
ကိုယ့်ဝင်ငွေရဲ့အနည်းဆုံး ဆယ်ပုံတစ်ပုံကို ကိုယ့်ရဲ့
စုငွေ အတွက် အရင်ဖယ်ထားပါ ။
အသုံးစားရိတ်ထဲမထည့်လိုက်ပါနဲ့ ။

၂။ အသုံးစားရိတ်ကို ထိန်းချုပ်ပါ ။
လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြား
သိပါစေ ။
သုံးငွေ နဲ့ ဖြုန်းငွေကို ခွဲခြားတတ်ပါစေ ။

၃။ စုဆောင်းထားတဲ့ငွေကို တိုးပွားအောင် လုပ်ပါ ။

၄။ ဖြတ်လမ်းနဲ့ ငွေအမြန် တိုးပွားနည်းထက် သမ္မာအာဇီဝကျကျ မှန်ကန်တဲ့လမ်းကို လျှောက်ပြီး ဖြေးဖြေးချင်း ကြိုးစားပါ ။

၅။ကိုယ်ပိုင်အိမ်ဆောက်နိုင်အောင် ကြိုးစားပါ ။

၆။ ပုံမှန်ဝင်ငွေရှိပါစေ ။
ဝင်ငွေနည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဆယ်ပုံတစ်ပုံကိုစုဖြစ်အောင် စုပါ ။ အနာဂတ်အတွက် ရေရှည်ခိုင်မြဲရေးအတွက် ကြိုတင်ပြင်ဆင်မူရှိပါစေ ။

၇။ ကိုယ့်ရဲ့စွမ်းရည်ကို မြင့်တင်ပါ ။
ကိုယ့်ရဲ့ဝင်ငွေ ပိုတိုးအောင် ကြိုးစားပါ ။ လူတစ်ယောက်ဟာ အမြဲတိုးတတ်ဖို့ လိုပါတယ် ။ လုပ်ငန်းမှာ ပိုကျွမ်းကျင်အောင် အမြဲလေ့လာပါ ။ မိမိစွမ်းရည် ပိုတိုးတက်ဖို့ လေးစားထိုက်သူဖြစ်ဖို့ မိမိအပြုအမူ ဂုဏ်သိက္ခာများကို စောင့်ထိန်းပါ ။

၈။ ကူညီပါ သို့သော် ချင့်ချိန်ပြီးကူညီပါ ။
သူရဲ့ ဝန်ထုတ်ဝန်ပိုးက ကိုယ့်ကျောပေါ်တင်ပြီး ထမ်းပိုးပေးရတာ မဖြစ်စေရန် ချင့်ချိန်ပါ ။ နောင်တကြီးစွာ မရမိစေရန် ကြိုတင် စဥ်းစားမှု အနည်းငယ်ပြုပါ ။

၉။ အချိန်ဆွဲတတ်တဲ့ အကျင့်ကို ပြင်ပါ ။
ကံကြမ္မာကောင်းကို မစောင့်ပါနဲ့ ။ ကံဆိုတာ ဉာဏ်အမြော်အမြင်နဲ့ ဝိရိယထားပြီး အလုပ်ကြိုးစားခြင်းပါပဲ ။

၁၀။ အလုပ်လုပ်ပါ ။
အလုပ်က လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ ။
အလုပ်လုပ်ရင် အရည်အချင်းပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်စေပါတယ် ။ ဘယ်သူဘယ်ဝါက အသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ အရေးမစိုက်နဲ့ ။ အရေးကြီးတာ ကိုယ်အလုပ် ကောင်းနေဖို့ပါပဲ ။ ကျကျနနလုပ်တဲ့ အလုပ်တစ်ခုဟာ လုပ်သူကို တစ်နည်းမဟုတ်တနည်း ကောင်းကျိုးပြုစမြဲ ဖြစ်သည် ။

ဒီစာအုပ်ဟာ လောကဓံ အခက်အခဲကြားမှာ ကြိုးစားနေရသူအတွက် ခွန်အားဖြစ်စေ နိုးကြွပေးစေတယ် ။

ငွေစုလိုသူအတွက် ငွေစုနည်း နဲ့ အလုပ်ထဲမှာ
စိတ်ပင်ပန်းခြင်း စိတ်ဖိစီးခြင်း ဖြစ်စေတဲ့သူအတွက် ဖတ်သင့်တဲ့ စာအုပ်ပါပဲ ။

ဒီစာအုပ်က အလုပ်အပေါ် ငွေကြေးအပေါ် စတဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးစေပြီး ရှေ့ဆက်ရမယ့်မနက်ဖြန်တွေကို ရင်ဆိုင်ရဲတဲ့ ခွန်အား သတ္တိတွေ ပေးစေပါတယ်။

Credit
#ဖေမြင့်
#ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
#ထိခေါင်

25/01/2024

" သင်ခန်းစာ ယူပါ "

အလုပ်တွေ အဆင်မပြေတဲ့အချိန်
ငွေကြေး အဆင်မပြေတဲ့အချိန်
မိသားစုရေး အဆင်မပြေတဲ့အချိန်
အချစ်ရေး အဆင်မပြေတဲ့အချိန်

စတဲ့အခက်အခဲများစွာ ရင်ဆိုင်ရတဲ့အချိန်မှာ
ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ထိ
လူတိုင်း စိတ်ညစ်ဖူးကြပါလိမ့်မယ်.....

ဘာကိုမှ မတွေးနိုင်ဘဲ
စိတ်ထဲမှာ ဒီအကြောင်းတွေပဲ
အက်ကြောင်း ထပ်နေပါလိမ့်မယ်.....

ဖြေရှင်းနိုင်မည့် နည်းလမ်းထက်
သင့်စိတ်ဓာတ်ကို ကျစေမည့်
ဖိအားတွေကသာ နေရာယူထားပြီး
အတွေးကို လွန်ကဲစေမိမှာပါ.....

ဒီချိန်မှာ သင်တွေးရမှာက
ဒိလို အခက်အခဲတိုင်းဟာ လူတိုင်းမှာလည်း
ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ .....

သင် အသက်ရှင်နေသမျှ ကာလပတ်လုံး
အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက
တစ်ခု မဟုတ် တစ်ခု ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ .....

ဖြစ်လာတဲ့ ပြဿနာတိုင်းကို
ခေါင်းအေးအေးနဲ့ အချိန်ပေးစဉ်းစားပါ
ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့. ....

လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့်
ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာပါ
သင် တစ်ယောက်တည်း
မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ.....

ဘယ်လိုအခက်အခဲ ရှိနေပါစေ
ရင်ဆိုင်ပါ
တွေဝေနေခြင်းက
သင့်အတွက် ရှုံးနိမ့်ခြင်းပါပဲ.....

အခက်ခဲ ဒုက္ခ ပြဿနာတွေကို
တွေးကြောက်ရမှာထက်
သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ
ကျမသွားဖို့သာ အရေးကြီးပါတယ်.....

ဆာလောင်နေတဲ့ဗိုက်
ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ.....

ဘဝရဲ့ အကောင်းဆုံး
သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ် .....

credit

စီးပွါးရေး လုပ်တယ်ဆိုတာ ဘယ်တော့မှ နောက်ကျတယ်မရှိဘူးကိုယ်ဝင်မဲ့ ဈေးကွက်ထဲမှာ ကိုယ့်ထက် ကြီးတဲ့ ကျားကြီး တွေ ရှိနေလဲ ဂရုစိ...
22/01/2024

စီးပွါးရေး လုပ်တယ်ဆိုတာ ဘယ်တော့မှ
နောက်ကျတယ်မရှိဘူး
ကိုယ်ဝင်မဲ့ ဈေးကွက်ထဲမှာ ကိုယ့်ထက် ကြီးတဲ့
ကျားကြီး တွေ ရှိနေလဲ ဂရုစိုက်စရာမလိုဘူး

အဲ့လိုကြေးဆို ဖုန်းလောကမှာ Nokia (နိုကီရာ) ကို ကျော်ပြီး (အက်ပဲလ်) Apple တို့ (ဆမ်ဆောင်း) Samsung တို့ဖြစ်လာမှာမဟုတ်ဘူး

(ဝိုင်ကေကေအို) YKKO ဆိုတာ
မြန်မာနိုင်ငံမှာ ပထမဆုံး ကြေးအိုးစတီထွင်တဲ့
ဆိုင်မှမဟုတ်တာ...ခု သူ ဘယ်ဈေးကွက်အနေအထားမှာရှိနေလဲ

လွန်ခဲ့တဲ့ အနှစ် ၂၀ ဒွေးနဲ့ ထက်ထက်မိုးဦး ​
ကြော်ငြာ ခေတ်တုန်း က ရွှေဆိုင်လောကမှာ ဇွဲထက်ဆိုတာ ရှိခဲ့လို့လား...

(စီးတီးမတ်)City mart ဆိုတာ မြန်မာပြည်ရဲ့ ပထမဆုံး (စူပါ မားကတ်)Super market မှ မဟုတ်ခဲ့တာ...

ကားလောက ရဲ့ စဦးတီထွင် အနောက်နိုင်ငံတွေကို
ရှိန်နေလို့ ကားလောကထဲ ဝင်မလာခဲ့ရင်
ယနေ့ (တိုယိုတာ) Toyota, (နစ်ဆန်)Nissan,
(ဟွန်ဒါ) Honda, (မာဇဒါ) Mazda, (ဟွန်ဒေး) Hyundai, (ကီရာ)Kia ကားတွေ ကမ္ဘာ့ လမ်းမထက်တွေမှာ မြင်ရမှာမဟုတ်ဘူး

လုပ်ငန်းတူတွေကို ကြောက်ပြီး အဲ့လောကထဲ
မဝင်ကြေးသာဆို (ဘရန်း)Brand အသစ် လုပ်ငန်းအသစ်တွေ ပေါ်လာစရာမရှိဘူး

တစ်ခုဘဲ...

ဗျူဟာ မှန်ဖို့ရယ် ကိုယ့်ထက် အရင် ဦးပြီးသား (စီနီယာ) Seniorလုပ်ငန်းတွေထက် ပိုကောင်းအောင် မတူကွဲပြားအောင်လုပ်ဖို့တော့လိုတယ်...

မူရင်း​ရေးသားသူကို လေးစားစွာ credit ပေးပါတယ်။

" ကုဋေရှစ်ဆယ် သူဌေးသားကသိပ်သနားဖို့ကောင်းတယ်နော် ဆရာမ "ဆရာမ မျက်ထောက်နီနဲ့ ကြည့်တဲ့အကြည့် ကျွန်တော်သိသည်။" နင်က ဘာသနားတာ...
15/01/2024

" ကုဋေရှစ်ဆယ် သူဌေးသားကသိပ်သနားဖို့ကောင်းတယ်နော် ဆရာမ "

ဆရာမ မျက်ထောက်နီနဲ့ ကြည့်တဲ့အကြည့် ကျွန်တော်သိသည်။

" နင်က ဘာသနားတာလဲ "

" နင်သာ လူမိုက် ဒုစရိုက်တဲ့..လား ဆရာမရယ် သူကဘာမဟုတ်တာ လုပ်လို့လဲ "

ဆရာမ မျက်လုံးပြူးပြီး ကြည့်တယ်။ ဘာမှမပြောသေးဘူး။

" သူ့ရှိတဲ့ ပိုက်ဆံလည်း အခိုးခံရတယ်။ လူတွေက ကျေးဇူးတရား နားမလည်ကြဘူးနော် "

" သူက ပညာမှ မတတ်တာ "

" ပညာမတတ်ရင် နှလုံးသားမဲ့ရောလား...ဆရာမ။ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီးမခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်းသိလို့ တောင်းစားတာလေ....ဘာလို့ဝိုင်းရိုက်တာလဲ "

" အဲ့ဒါ "

" သားကတော့ အဲ့ဒီလူ့ပတ်ဝန်းကျင်ကိုပဲ အမြင်ကပ်တာ။ သူတို့လည်း ပညာမဲ့လောက်တယ်။ ပညာတင်မကဘူး နှလုံးသားလည်း မဲ့လောက်တယ် "

" ဘာ "

" သားမေးပါရစေ...
အဲ့ဒီကဗျာက သူဌေးသားကို
အကောင်းပြောတာလား....?
မကောင်းပြောတာလား....? "

" ဟို...မကောင်းပြောတာလေ သားရဲ့ "

" ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေက ကောင်းတယ်ပေါ့ "

" ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ "

" နှလုံးသားမဲ့တာကျတော့ရော...?
စာနာစိတ်မဲ့တာကျတော့ရော...?
မြေနိမ့်ရာ လှံစိုက်တာကျတော့ရော...?
ကူညီရကောင်းမှန်း မသိတာကျတော့ရော...? "

" ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား "

" ဆရာမ ဒီမှာကြည့် "

ဆရာမကို သူ လက်ခလယ်ထောင်ပြလိုက်တယ်။

" နင် နင် ရိုင်းလှချည်လား "

" သား ဘာရိုင်းလို့လဲ "

" နင်ငါ့ကို ဘာလို့ လက်ခလယ် ထောင်ပြတာလဲ "

" နင့်ကို ကျောင်းအုပ်ကြီးရုံးခန်း ပို့မယ် "

" သားပေးချင်တဲ့ ဥပမာက အဲ့ဒါ .....!
သား ဘယ်လိုရှင်းပြရှင်းပြ ဆရာမ
လက်ခံမှာ မဟုတ်တော့ဘူး...
သားရဲ့ လက်ခလယ်မှာ မှဲ့ပါတယ်။
ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်။
တူတဲ့အခါ တူမယ်..ကွဲတဲ့အခါ ကွဲမယ်...
ဒါပေမယ့် ပြသူမှာ ပိုတာဝန်ရှိတယ်
ဒီကဗျာလည်း ဒီလိုပြ "

" ဘာဆိုင်လို့လဲ "

" ဆားထုံဆရာတော်က
ပညာမဲ့တာကို အဆိုးရေးထားတယ်။
နှလုံးသားမဲ့တာကို အပြစ်တောင် တင်မထားဘူး။
ဆရာမ ဘယ်လိုမြင်လဲမသိဘူး
သားကတော့ ဒီလိုပဲမြင်တယ် "

" သားထပ်မေးမယ်
ပညာမဲ့တာနဲ့ စာနာစိတ်မဲ့တာ ဘယ်သာ ပိုဆိုးလဲ "

(Error)
#မူရင်းရေးသားသူဆရာစည်သူအားလေးစားစွာcrdပေးပါသည်

ကြီးပွါးကြောင်း (၇) ရပ်(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ...
05/01/2024

ကြီးပွါးကြောင်း (၇) ရပ်

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)......

ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)

ီ_ဘာ_ဘာ

ပညာအတွက်ရင်းနှီးဖို့ မနှမြောပါနဲ့

လူတော်တော်များများ တချို့နေရာတွေမှာသာ ငွေသုံးရတာမနှမြောတာ။ ပညာအတွက်သုံးဖို့ဆိုရင် သိပ်နှမြောတတ်ကြတယ်။

တချို့က ဟော့ပေါ့ဆိုင် တစ်ပတ်တစ်ခါရောက်ချင်ရောက်မယ်။ ငါးထောင်တန်စာအုပ်အုပ်ဝယ်ဖို့ဆိုရင် စျေးကြီးတယ်လို့ထင်တယ်။ ယူတတ်မယ်ဆိုရင် ထောင်ဂဏန်းလောက်တန်တဲ့စာအုပ်တစ်အုပ်က ကိုယ့်ဘ၀တစ်ခုလုံးကို အကြီးအကျယ်ပြောင်းပစ်ပေးနိုင်စွမ်းရှိပါတယ်။ အောင်မြင်ကြီးပွားသူအများစုကိုမေးကြည့်ရင် သူတို့ဘဝကိုအချိုးအကွေ့ဖြစ်စေတဲ့ စာအုပ်တစ်အုပ်နှစ်အုပ်အကြောင်း ပြောပြလိမ့်မယ်။

တချို့ကျတော့ ဘာမှန်းမသိတဲ့ လုပ်ငန်းတစ်ခုမှာသာ ရှယ်ယာထည့်ချင်ထည့်မယ်။ ငွေကြေးပညာသင်တန်းတစ်ခုတက်ဖို့ နှမြောတတ်ကြတယ်။ ငွေကြေးပညာနားမလည်ဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ရင် ရှုံးဖို့များပါတယ်။ ရင်းနှီးမြှပ်နှံမှုဆိုတာ ထီထိုးသလိုကံကိုမျှော်တာထက် ဉာဏ်အမြော်အမြင်နဲ့ ကစားတတ်ဖို့လိုပါတယ်။

ဒီလိုပဲ သိန်းရာထောင်ချီရှိတဲ့ အိမ်တစ်လုံးဝယ်ချိန်မှာ အိမ်ခြံမြေအကျိုးဆောင်ခအတွက် လက်တွန့်တတ်ကြသူတွေရှိတယ်။ ပြီးမှ ဘူဒိုဇာနဲ့အထိုးခံရရင် အကျိုးဆောင်ခထက် အဆပေါင်းများစွာ ဆုံးရှုံးရပါတယ်။ ကိုယ်ဝယ်လိုက်တဲ့အိမ်ခြံမြေက ဥပဒေနဲ့ ညီလားမညီလားကအစ တကယ်တတ်သိနားလည်သူရဲ့ အကြံဉာဏ်လိုပါတယ်။

ကိုယ်နားမလည်တဲ့၊ မကျွမ်းကျင်တဲ့နယ်ပယ်မှာ အသိပညာတစ်ခုအတွက်ငွေသုံးဖို့နှမြောရင် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံရနိုင်ပါတယ်။

အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

စိတ်မညစ်ချင်ရင် ပိုက်ဆံကို ပိုးစိုးပက်စက်ရှာဖို့လိုတယ်ပိုက်ဆံကို ပိုးစိုးပက်စက်ရှာပါလူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆ...
01/01/2024

စိတ်မညစ်ချင်ရင် ပိုက်ဆံကို ပိုးစိုးပက်စက်ရှာဖို့လိုတယ်

ပိုက်ဆံကို ပိုးစိုးပက်စက်ရှာပါ
လူတွေကို စိတ်ညစ်စေတဲ့အရာတစ်ခုကပိုက်ဆံမရှိတာ၊ရှိတဲ့ပိုက်ဆံ လျော့သွားတာ။ အနာဂတ်မှာ ပိုက်ဆံမဝင်မှာကြောက်တာ၊ဝင်ငွေနည်းသွားမှာကြောက်တာ၊

ဒီတော့ ဥပဒေတစ်ခုထားထားတာက“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”ဆိုတာဘဲ
နေ့တိုင်း ၂၄ နာရီမှာ ဒီနေ့အတွက် ပိုက်ဆံဘယ်လောက်ရှာလိုက်သလဲ။အနာဂတ်မှာ ပိုက်ဆံရှာဖို့ အချိန်ဘယ်လောက်ပေးလိုက်သလဲ။
ဒီအချက်တွေနဲ့ နေ့တိုင်းတိုင်းတာနေဖို့ လိုတယ်

အမှတ်တံဆိပ်တည်ဆောက်တာ။ ဈေးရောင်းတာ၊ ဗီဒီယိုတွေ ဖန်တီးတာ၊ စာတွေဖတ်တာ။ စမ်းသပ်မှုတွေ လုပ်တာ။ ဒါတွေအကုန်လုံးက အနာဂတ်ပိုက်ဆံရှာဖို့ပဲ။ ဒါကြောင့် စိတ်မညစ်ချင်ရင်“ပိုက်ဆံကို ပိုးစိုးပက်စက်ရှာ”တနည်းအားဖြင့် “ပိုက်ဆံပိုးစိုးပက်စက် လာအောင်လုပ်”ဖို့လိုပါမယ်

တနှစ်​ဆိုတဲ့အချိန်က ကုန်တာအရမ်းမြန်ပါတယ်၊ အပြောဘဲများနေပြီး လက်တွေ့မပါဘူးဆိုရင် အချိန်တွေသာ ကုန်သွားမယ်၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရှိလာမှာ မဟုတ်ဘူး

စီးပွါးရေး၊ငွေကြေးပညာ၊ ဘဝတိုးတတ်အောင်မြင်ရေးစာပေတွေဟာ ကျွန်တော့်ဘဝအောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် လူဆိုတာ သူသိထားသလောက်ဘဲ လုပ်ဆောင်နိုင်စွမ်း၊ အောင်မြင်နိုင်စွမ်းရှိလို့ ဖြစ်ပါတယ်
ဒါကြောင့် ကိုယ့်ရဲ့ အောင်မြင်မှုကို ကန့်သတ်မထားချင်ရင် များများလေ့လာနေဖို့၊ များများသင်ယူနေဖို့ လိုပါတယ်
#အလီဘာဘာ

Address

Yangon

Telephone

+959797113318

Website

Alerts

Be the first to know and let us send you an email when Taw Win Tun Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taw Win Tun Business:

Share