Ko Shae Gyi

Ko Shae Gyi Korea Car Auto Service

Temperature Sensorsအပူချိန်ကိုတိုင်းတာသောSensor များမော်တော်ယာဥ်၏အင်ဂျင်အတွက်အသုံးပြုထားသောကွန်ပျူတာ (ECU,ECM) များသည် အ...
15/01/2021

Temperature Sensors

အပူချိန်ကိုတိုင်းတာသောSensor များ

မော်တော်ယာဥ်၏အင်ဂျင်အတွက်အသုံးပြုထားသောကွန်ပျူတာ (ECU,ECM) များသည် အင်ဂျင်၏ Coolant အပူချိန်ကိုအခြေခံပြီး အခြားသောစနစ်များ ဥပမာဆီပန်းသွင်းမှု (Fuel Injection)၊ မီးပေးတိုင်ပင်( Ingnition Timing)၊ VVT.i (Variable Valve Timing Intelligent)၊ ဂီယာချိန်း (Transmission Shifting)စသည်တို့ကိုချိန်ညှိပြင်ဆင်မှူပြုလုပ်ရသည်။ထို့ကြောင့် အင်ဂျင်၏ (Coolant) အပူချိန်ကို ECU မှတ်ကျစွာ သိရန်လိုအပ်သည်။ မော်တော်ယာဥ် များတွင် အပူချိန်ကိုတိုင်တာသော Sensor(10)ခုဝန်းကျင်ရှိသည်။ အရေးကြီးသော Temperature Sensor တွေကတော့

(1) Water Temperature Sensor/ECT(THW) 30°Cတွင် 1.6KΩ ဝန်းကျင်

(2) Intake Air Temperature Sensor/IAT(THA)30°C တွင် 1.6KΩ ဝန်းကျင်

(3) EGR Temperature Sensor/(THG) 30°Cတွင် 110KΩ မှ 250KΩ အတွင်း

(4) Auto Fuel Temperature Sensor/(THF) 30°C တွင် 2KΩ မှ 6KΩ အတွင်း

(5) Fuel Temperature Sensor/ (THF) 30°C တွင် 1.6KΩဝန်းကျင်

(6) Exhaust Gas Temperature Sensor/ (THG) 30°C တွင် 110KΩ မှ 250KΩ အတွင်း

Water Temperature Sensor

၎င်းကို Engine Coolant Temperature (ECT) Sensor ဟုလည်းခေါ်သည်။ECU Pin အဓိပ္ပါယ် နှင့် Wiring လိုင်းအဓိပ္ပါယ် သတ်မှတ်ချက်အရ THW ဟုခေါ်သည်။ Temperature Sensor များ၏သဘောသဘာဝအရ Thermistor ပါရှိပြီး NTC (Negative Temperature Coefficent) ဖြင့်အလုပ်လုပ်သည်။ NTC ဆိုသည်မှာ အပူချိန်မြင့်လာလျှင် ခုခံမှု (Resistance (Ohm)) နိမ့်လာခြင်းဖြစ်သည်။ ရန်ကုန်မြို့၏ ပုံမှန်နေ့ဘက် အပူချိန်သည် 30°C မှ 40°C ဝန်းကျင်ရှိသည်။ မော်တော်ယာဥ် အတွက် 57°C နှင့်အထက်ရောက်သွားမှ Normal Operating Temperature ဖြစ်သည်။ ဂျပန်နိုင်ငံထုတ် မော်တော်ယာဥ်များသည် 80°C နှင့်105°C အတွင်းတွင် ကောင်းမွန်စွာ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်သည်။ 106°C နှင့်အထက်တက်သွားခဲ့လျှင် Overheat ဖြစ်သွားပြီး အင်ဂျင်အစိတ်ပိုင်းများပျက်စီးခြင်း ဖြစ်လာနိုင်သည်။THW လိုင်းသည် 5 Volt (Constant Voltage) လာသောလိုင်းဖြစ်သည်။

နောင်နေ့တွေမှာ တခြား Sensorများအကြောင်း ဆက်၍ ရှင်းပြပေးသွားပါမယ်

မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ပါသည် ခင်ဗျာ🙏🙏🙏

  (Anti-Lock Braking System) !!!■ ကားတစီးရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ဘရိတ်စနစ်တွေ အကြောင်း ■- ABS ဘရိတ်စနစ်ဆိုတ...
04/12/2020

(Anti-Lock Braking System) !!!

■ ကားတစီးရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ဘရိတ်စနစ်တွေ အကြောင်း ■

- ABS ဘရိတ်စနစ်ဆိုတာ ဘာလဲ ?
- ဘယ်လိုအလုပ်လုပ်သလဲ ?
- ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ် ဘာတွေကွာခြားလဲ ?
- ABS မီးဘာကြောင့် လင်းရသလဲ ?
- ဘယ်လိုပြုပြင်နိုင်သလဲ ?
ဆိုတာတွေကို ဒီနေ့ ဆွေးနွေးတင်ပြပေးပါ့မယ်။

** ဒီဆောင်းပါးလေးဖတ်ပြီးရင် ကားလောကရဲ့ ဗဟုသုတအမှားတွေ ဖြစ်တဲ့ ** -

- ABS ဘရိတ်စနစ်က မကောင်းဘူးလို့ ပြောကြတယ်၊ အဲ့ဒါ ဖြုတ်လို့ ရမလား။
- ABS ဆိုတာ Auto Braking System ကို ပြောတာလား။
- ABS ဘရိတ် တပ်ထားရင် ဘရိတ်ရှူးတွေ ပိုစားတယ်ဆို။
- ကားလမ်းကြပ်ရင် အဲ့ဘရိတ်စနစ်က မကောင်းဘူးဆို။
- ABS မီးလင်းလာတာနဲ့ ဘရိတ်လုံးဝမမိတော့ဘူး။
လို့ ပြောနေကြတဲ့ နားလည်မှု လွဲနေတဲ့ အမှားတွေကို သိပ္ပံနည်းကျ နားလည်ဖြေရှင်းတတ်သွားမယ်လို့ အာမခံပါတယ်။

■ ABS ဘရိတ်စနစ်ဆိုတာ ဘာလဲ ?
ABS ဆိုတဲ့ စကားလုံးကိုတော့ အခုခေတ် ကားမောင်းနေတဲ့သူတိုင်း ကြားဖူးနားဝ ရှိမှာပါ။ ABS ဆိုတာက အခု ကားသမားအများစုထင်နေသလို Auto ဘရိတ်ဖမ်းတဲ့စနစ် မဟုတ်ပါဘူး။ ABS ဆိုတာ Anti-Lock Braking System ဆိုတဲ့ စကားလုံးကို အတိုကောက် ယူထားတာပါ။ Anti-Lock Braking System ဆိုတာကို ဘာသာပြန်လိုက်ရင် ဘရိတ်နင်းလိုက်တဲ့အခါ လည်နေတဲ့ဘီးတွေကို ၁၀၀ ရာခိုင်နှုန်း မချုပ်ထားဘဲ လိုသလောက်ပဲ ထိန်းချုပ်တဲ့ (Anti-Lock) စနစ်လို့ မြန်မာမှု ပြုနိုင်ပါတယ်။ ဘီးမလည်အောင် ဘရိတ်ဖမ်းပါတယ်ဆိုမှ ဘီးလည်အောင် လွှတ်ပေးတယ်ဆိုတဲ့ ABS စနစ်က ကောင်းပါ့မလားလို့ ထင်မြင်ယူဆဖွယ်ရာတွေ ရှိလို့ ဘာကြောင့် ဘီးတွေကို အသေချုပ်မထားဘဲ လိုသလောက်ဖမ်းချုပ် ပြန်လွှတ် ပြန်ဖမ်းပေးရသလဲ ဆိုတာ ထပ်ရှင်းပြပါ့မယ်။

ဟိုးအရင်ကတည်းက ဘရိတ်စနစ်တွေကို ကျနော်တို့ ကိုးတန်း၊ ဆယ်တန်း ရူပဗေဒမှာသင်ရတဲ့ ပါစကယ်ရဲ့နိယာမ (Pascal 's Law) P = F/A ဆိုတာကို အခြေခံပြီး အရည်ဖိအားသုံး (Hydraulic Braking) နည်းတွေနဲ့ တီထွင်အသုံးပြုပါတယ်။

အဲ့ဒီနည်းတွေက ရိုးရိုးဘရိတ်စနစ်တွေ ဖြစ်ပြီး လည်နေတဲ့ ဘီးတွေအကုန်လုံးကို ၁၀၀ ရာခိုင်နှုန်း အသေဖမ်းချုပ်ကိုင်လိုက်တဲ့ (Lock) စနစ် ဖြစ်ပါတယ်။ အဲ့လို့ အရှိန်များများနဲ့ ရွေ့လျားနေတဲ့ကားရဲ့ ဘီးတွေကို အသေဖမ်းချုပ်လိုက်တယ် ဆိုရင်ပဲ
ရွှေ့လျားနေသော အရာဝတ္ထုသည် ဆက်လက်ရွှေ့လျားခြင်း (Law of Inertia) ဆိုတဲ့ အင်နာရှားသဘောတရားအရ ဘီးတွေ အကုန်ချုပ်ကိုင်နိုင်ပေမယ့် ရွှေ့လျားနေတဲ့ ကားရဲ့ ဘော်ဒီတခုလုံးက ဆက်လက်အရှိန်နဲ့ ရွှေ့လျားကာ ကားက သင့်ထိန်းချုပ်မှုအောက်က လွတ်သွားပြီး တရွတ်တိုက်ဆွဲသွားကာ တိုက်ချင်တဲ့ဆီကို ၀င်တိုက်၊ ချော်ချင်တဲ့လမ်းကြောင်းပေါ်ကို ချော်ထွက်ပြီး မလိုလားအပ်တဲ့ Accident တွေ ဖြစ်ကုန်ပါတော့တယ်။ ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့အတွက် ဘီးတွေကို အသေမထိန်းချုပ်ဘဲ ဘရိတ်ဖမ်းတဲ့အချိန် ကားကို လိုသလိုကွေ့နိုင်၊ ခေါက်နိုင်၊ ထိန်းချုပ်နိုင်တဲ့ ABS စနစ် ဆိုတာကို တီထွင်ခဲ့ကြတာပါ။

■ ABS စနစ်က ဘယ်လိုအလုပ်လုပ်သလဲ ?
ABS စနစ်မှာ တွဲဖက်လုပ်ဆောင်နေတာတွေကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve၊ Hydraulic Control Unit၊ ECU ( Electronic Control Unit ) တို့ ဖြစ်ပါတယ်။ ကားတစီး အရှိန်နဲ့ မောင်းနေတဲ့အချိန် ABS စနစ်သုံး ဘရိတ်တခုနဲ့ ဘရိတ်ဖမ်းလိုက်တယ်ဆိုရင် ဘီးမှာတပ်ဆင်ထားတဲ့ အာရုံခံစနစ်တွေကနေ ဘီးဘယ်လောက်အရှိန်နဲ့ လည်ပတ်နေသလဲ၊ ဘရိတ်ဖမ်းလိုက်ချိန် ဘယ်လောက်အရှိန်လျော့သွားသလဲ ဆိုတာကို ECU (Electronic Control Unit) ကို သွားသတင်းပို့ပါတယ်။ ECU (Electronic Control Unit) ကနေတဆင့် ရထားတဲ့ ဒေတာတွေကို Hydraulic Control Unit ကို တဆင့်စေခိုင်းပြီး အဲ့ဒီကနေမှ ဘရိတ်ဖမ်းဖို့ ဘယ်လောက် ဖိအားပေးသင့်တယ် ဆိုတာကို တွက်ချက်ပြီး Solonid Valve တွေကနေတဆင့် ဘရိတ်ဖမ်းလိုက်တဲ့ ဖိအားကို ရပ်တန့်ပေးတာ၊ လျော့ချပေးတာ၊ တိုးပေးတာတွေ လုပ်ပြီး ဘရိတ်ကို ၁၀၀ ရာခိုင်နှုန်း ဖမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ အဲ့ဒီဖြစ်စဉ်တွေဟာ စက္ကန့်အစိတ်အပိုင်းလေးမှာဘဲ တွက်ချက်ပေးပြီး အလုပ်လုပ်သွားတာမျိုးပါ။

■ ABS စနစ်ရဲ့ အားသာချက်တွေက ဘာတွေလဲ ?
- ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာပဲ စီယာတိုင်ကို လိုသလို ထိန်းချုပ်မောင်နှင်နိုင်တယ်။
- ဘီးတွေကို အသေချုပ်ကိုင်တာမျိုးမဟုတ်ဘဲ လိုသလောက်ဘဲ ထိန်းချုပ်တာမို့ ကားကို စလစ်ဖြစ် ချော်ထွက်ခြင်းမှ ကာကွယ်နိုင်တယ်။
- အရှိန်ပြင်းပြင်းနဲ့ မောင်းနေချိန်ဘရိတ်ဖမ်းလိုက်လို့ မိသွားရင်လည်း ကားက ပုံမှန်အနေအထားအတိုင်း တည်ငြိမ်တယ်။
- ရိုးရိုးဘရိတ်စနစ်တွေထက် ဘရိတ်မိတဲ့အကွာအဝေး တိုတာမို့ ပိုလို့ အန္တရာယ်ကင်းဝေးတယ်။
- အကွေ့တွေမှာ ဘရိတ်ဖမ်းလိုက်ရင် တဖက်ကိုစောင်းပြီ ချော်ထွက်သွားတာမျိုးကို ကာကွယ်ပေးတယ်။
- လမ်းမညီမညာဖြစ်နေတဲ့ နေရာမျိုးမှာ ဖမ်းလိုက်ရင်လည်း ဘီးတခုချင်းဆီရဲ့ လည်ပတ်နှုန်းကို အာရုံခံတာမို့ လမ်းကနေ ချော်ထွက်သွားတာမျိုး ကာကွယ်ပေးတယ်။
- ကြမ်းတမ်းနေတဲ့ လမ်းအနေအထား၊ ရေတို့၊ ချောဆီတို့ ရှိနေတဲ့ လမ်းအနေအထားမျိုးမှာ ဘရိတ်ဖမ်းလိုက်ရင် ချော်ထွက်ခြင်းမှ ကင်းဝေးစေတယ်။
အောက်က ပြထားတဲ့ပုံတွေမှာလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။

■ ABS မီး ဘာကြောင့်လင်းရသလဲ ?
ABS မီးလင်းရတဲ့ အကြောင်းအရင်းတွေကတော့ အပေါ်မှာ ဖော်ပြထားတဲ့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve၊ Hydraulic Control Unit၊ ECU (Electronic Control Unit) တို့ တခုခုချို့ယွင်းပျက်စီးခဲ့မယ် ဆိုရင် ABS မီးလင်းလာပါမယ်။ အဓိကအားဖြင့် အဖြစ်များဆုံးကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ကနေ အဖြစ်များပါတယ်။ ရေထဲမောင်းပြီး ရေစိုသွားရင်လည်း အာရုံခံစနစ်တွေ ကြောင်ပြီး
ABS မီး လင်းလာတတ်ပါတယ်။ သံကြေးတက်သွားတာမျိုး၊ ဘရိတ်ပြုပြင်ရင်း မတော်တဆထိခိုက်မိတာမျိုး Wheel Speed Sensors တွေ ပြန်မတပ်မိတာမျိုးတွေကလည်း ABS မီး လင်းလာတတ်ပါတယ်။ တချို့ကားတွေမှာ နောက်ဘရိတ်မီးသီး ကျွမ်းနေတာကနေလည်း ABS မီး သွားလင်းနေတတ်ပါတယ်။ Brake Pad တွေ ကုန်နေရင်လည်း ABS မီး လာလင်းတာမျိုးတွေ တချို့ကားတွေမှာ ဖြစ်တတ်ပြီး၊ တချို့မော်ဒယ်မြင့်ကားတွေမှာတော့ Brake Pad ကုန်နေတာ
ကို Warning Light သီးသန့်ဖော်ပြပေးပါတယ်။

■ ABS မီး လင်းလာရင် ဘာလုပ်သင့်လဲ ?
ABS မီးက ပုံမှန်အားဖြင့် ကားသောဖွင့်လိုက်ရင် လင်းနေမှာဖြစ်ပြီး၊ စက်နှိုးလိုက်တဲ့အခါမှာ ပြန်မှိတ်သွားရမှာပါ။ မဟုတ်ဘဲ ဆက်လင်းနေတယ် ဆိုရင်တော့ ABS System တခုခု ချို့ယွင်းနေပါပြီ။ ဒါပေမယ့် သင့်ကားမှာ
ရိုးရိုးဘရိတ်စနစ်ကတော့ အလုပ်လုပ်နေဆဲပါ။ ABS မီးတခုတည်း လင်းနေတာမျိုးဆိုရင်တော့ ကားရဲ့ ဘရိတ်ခြေနင်းအပေါ်မှာ အားဘယ်လိုသက်ရောက်သေးလဲ၊ ဘရိတ်လျော့ကျသွားလား၊ ဘရိတ်ချော်နေပြီလား ဆိုတာမျိုးကို သတိထားစမ်းသပ်ပြီး ကျွမ်းကျင်ဝပ်ရှော့မှာ စစ်ဆေးပြုပြင်ရမှာပါ။

■ Brake Warning Light ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ ?
အခြေခံဘရိတ်မီးလင်းလာတာ (ABS မီးနဲ့ မတူပါဘူး။ အောက်မှာပြထားပါတယ်။) မျိုးကတော့ Parking Brake (ဟန်းဘရိတ်ဆွဲထားတာ)၊ Master Cylinder Fluid Reservoir (ဘရိတ်အပေါ်ဆုံ) မှာ ဘရိတ်ဆီနည်းနေတာ၊ ဘရိတ်ဆလင်ဒါတွေက ၀ါရှာတွေ ပေါက်နေတာ၊ ဘရိတ်ရူးတွေ ပါးနေတာ၊ ဘရိတ်ဆီလိုင်းတွေ ပေါက်နေတာတွေကြောင့် ဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင် စစ်ဆေးနိုင်တာကတော့ ဟန်းဘရိတ်ကြီး ဆွဲထားမိသလား ဆိုတာ ပြန်စစ်ပါ။ ဆွဲထားမိရင်
ဟန်းဘရိတ် ပြန်ချပါ။ အပေါ်ဆုံမှာ ဘရိတ်ဆီ နည်းနေသလား ဆိုတာ ပြန်စစ်ပါ။ နည်းနေရင် Max အမှတ်ရောက်အောင် ဖြည့်ပေးပါ။ ကားစက်သတ်ပြီး တဖန် ကားစက်ပြန်နှိုးကြည့်ပါ။ မပျောက်သေးရင် ကျွမ်းကျင်ဝပ်ရှော့ကို ပြသစစ်ဆေးဖို့ လိုနေပါပြီ။
တချို့ကားတွေမှာ Brake Warning Light ကိုပဲ အ၀ါရောင်နဲ့ အနီရောင် နှစ်မျိုးခွဲထားပြီး အ၀ါရောင်က သင့်ရဲ့ ဘရိတ်စနစ် မကြာခင် ချို့ယွင်းတော့မယ်ဆိုတာမျိုးကို ဖော်ပြတာဖြစ်ပြီး၊ အနီရောင်ကတော့ ပြုပြင်ထိန်းသိမ်းဖို့ ချက်ခြင်းလိုအပ်နေပြီ ဆိုတာကို ဖော်ပြတာဖြစ်ပါတယ် ။

■ ABS မီးရော Normal Brake Warning Light ရော ပေါ်နေတယ်ဆိုရင် ?
ဒါဆိုရင်တော့ သင့်ကားရဲ့ ဘရိတ်စနစ်တခုလုံး ချို့ယွင်းပျက်စီးနေပါပြီ။ အရမ်းအန္တရာယ်ကြီးတာမို့ မောင်းနှင်ဖို့ မသင့်တော့ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဆွဲကားနဲ့ ဆွဲပြီး ကျွမ်းကျင်ဝပ်ရှော့တွေမှာ သွားရောက်ပြုပြင်သင့်နေပါပြီလို့ Prime Auto Technology က အကြံပြု တင်ပြလိုက်ရပါတယ် ...။
အခြားမျိုးတူ မူခြား ဘရိတ်နည်းပညာတွေလည်း ရှိသေးပေမယ့် အခုလောက်ဆိုရင် ABS စနစ်နဲ့ ပတ်သတ်တဲ့ ဗဟုသုတအခြေခံတွေ သိလောက်ပြီလို့ ယူဆရပါတယ်။
မှတ်ချက်။ ။ တချို့ကားတွေမှာ Brake Pad (ဘရိတ်ရူးကုန်တာမျိုး)၊ Parking Brake (ဟန်းဘရိတ်) ဆွဲထားတာမျိုးတွေကို သီးသန့်အချက်ပြမီးတွေ ပြတာမျိုး ရှိပါတယ်။ ဘရိတ်နည်းပညာတွေ ဘယ်လိုပဲကောင်းကောင်း မဆင်မခြင်နဲ့ Over Speed မောင်းနှင်ခြင်းက သင်နဲ့ သင်ကားကို ထိခိုက်ပျက်စီးစေမှာမို့ အသိ၊ သတိနဲ့ ဆင်ခြင်ကြပါလို့ စေတနာထား တိုက်တွန်းရပါတယ် ...။

စာဖတ်သူမိတ်ဆွေအပေါင်း နည်းပညာဗဟုသုတများ ကြွယ်ဝပြီး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် ...။

======================

(ပြန်လည်မျှဝေခြင်းသာ)

Credit :::

ATF(Automatic Transmission Fluid)အမျိုးစားများကားအမျိုးစားအလိုက် အသုံးပြုရသော  ATF အမျိုးစားများကို ဖော်ပြပေးလိုက်ပါတယ် ...
03/10/2020

ATF(Automatic Transmission Fluid)အမျိုးစားများ

ကားအမျိုးစားအလိုက် အသုံးပြုရသော ATF အမျိုးစားများကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

. Allison C4
.Dexron III H
. Ford Mercon V
. Honda ATF Z1 (ausser CVT)
• Hyundai SP-II
• Hyundai SP-III
• JASO 1-A
• Kia SP-II
• Kia SP-III
• Mazda ATF M-III
• Mazda ATF M-V
• Mitsubishi SP-II
• Mitsubishi SP-III
• Nissan AT-Matic D Fluid
• Nissan AT-Matic J Fluid
• Nissan AT-Matic K Fluid
• Toyota Type T-II
• Toyota Type T-IV
• Allison TES 295
• BMW 7045 E
• BMW 8072 B
• BMW LA 2634
• BMW LT 71141
• Caterpillar TO-2
• Chrysler ATF +3
• Chrysler ATF +4
• Daimler NAG-1
• JWS 3309 (Aisin Warner)
• MAN 339 Typ V1
• MAN 339 Typ Z1
• MAN 339 Typ Z2
• MB 236.2
• MB 236.5
• MB 236.6
• MB 236.7
• MB 236.9
• MB 236.10
• MB 236.11
• Subaru ATF
• Voith H55.6335.XX (G 607)
• Volvo 97340
• Volvo 97341
• VW G 052 162
• VW G 052 990
• VW G 055 025
• ZF TE-ML 02F
• ZF TE-ML 03D
• ZF TE-ML 04D
• ZF TE-ML 05L
• ZF TE-ML 09
• ZF TE-ML 11A
• ZF TE-ML 11B
• ZF TE-ML 14A
• ZF TE-ML 14B
• ZF TE-ML 17C

အားလုံးပဲ အသိပညာ၊ ဗဟုသုတတိုးပွားကြပါစေ။
ကျန်းမာရေး ဂရုစိုက်ကြပါခင်ဗျာ၊
တတ်နိုင်သမျှအိမ်မှာပဲနေပါ၊
မကြာခဏ လက်ဆေးပါ၊
ကပ်ရောဂါဆိုးကြီး မှကင်းဝေးကြပါစေ၊

Variable Valve Timing Intelligent(VVT-iစနစ်)  VVT-i စနစ်မပေါ်ခင် အင်ဂျင်များသည် အင်ဂျင်၏ Speed တိုင်းတွင် Inlet Valve ၏ဖ...
08/09/2020

Variable Valve Timing Intelligent(VVT-iစနစ်)

VVT-i စနစ်မပေါ်ခင် အင်ဂျင်များသည် အင်ဂျင်၏ Speed တိုင်းတွင် Inlet Valve ၏ဖွင့်ချိန်ပိတ်ချိန်တို့သည် ကိန်းသေဖြစ်နေသည်။ထိုအခါ Idel နှင့် Medium Speed တို့တွင် အစဥ်ပြေသော်လည်း Hight Speed တွင်အဆင်မပြေမှူ တစ်ချို့ရှိလာသည်။အင်ဂျင်၏ Speed သည်မြန်လာလျှင် Inlet Valve ပွင့်နေချိန်တိုလာသည်။ ထိုအခါအင်ဂျင် အတွင်းသို့ လေဝင်နှုန်း ကျဆင်းလာသည်။အကယ်၍ Inlet Valve ကို အနည်းငယ်စောဖွင့်ပြီး အချိန်ပိုကြာအောင်ပြုလုပ်နိုင်လျှင် အင်ဂျင်အတွင်းသို့လေများပိုဝင်လာမည်ဖြစ်သည်။ဤအချက်များကိုပညာရှင်များက စဥ်းစားပြီး Inlet Valve ကို ကိန်းသေဖွင့်ပိတ် မလုပ်ဘဲအရှင်ပြုလုပ် လာသည်။၎င်းစနစ် ကို VVT-i ဟုခေါ်သည်။VVT-i စနစ်ကြောင့်အင်ဂျင်၏ စွမ်းရည်ပိုကောင်းလာခြင်း၊ ဆီစားနှုန်းသက်သာလာခြင်း၊လူနှင့်ပတ်ဝန်းကျင်ကို ဒုက္ခပေးသော Exhaust Emission များကိုလျော့ချနိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိပါသည်။ VVT-i စနစ်ပါသော အင်ဂျင်များသည် Intake Camshaft ၏Valve များ ဖွင့်ပိတ်ချိန်ကို 40°လောက်အထိ လိုအပ်သလိုစော၍ဖွင့်ခြင်း၊နောက်ကျပြီးမှ ပိတ်ခြင်းပြုလုပ်နိုင်သည်။ Inlet Valve ၏ ဖွင့်ချိန် ပိတ်ချိန်ကို ECU သည် အင်ဂျင်ရှိ Senosr များ၏ အခြေနေကိုကြည့်ပြီး တွက်ချက်သည်။

အဓိကအသုံးပြုမှုများ
(1) Engine Oil Pressure
(2) Duty-Cycle-Oil control valve (OCV)
(3) VVTi Controller ( Housing)
(4) ECU

မော်တော်ယဥ်အချို့တွင် P_1349 VVT-i system Malfunction စသော ပြစ်ချက်ဖြစ်ပေါ်လေ့ရှိသည်။ဤပြစ်ချက်သည်လည်း စွမ်းဆောင်ရည်ပြစ် ချက်ဖြစ်ပြီး VVT-i စနစ်ကို နားလည်ထားမှ ဖြေရှင်းနိုင်မည်ဖြစ်သည်။ ပြစ်ချက်ဖြစ်နိုင်သော ဧရိယာများမှာ

(1) Dirty or Low Engine Oil (အင်ဂျင်ဝိုင်များညစ် ပြစ်တွဲနေခြင်း (သို့) အင်ဂျင်ဝိုင်လျော့နည်းနေခြင်း (သို့) အင်ဂျင်ဝိုင် Pressure နည်းနေခြင်း)

(2) Valve Timing ( Timing လွဲနေခြင်း)
(3) Oil Control Valve( OCV)
(4) VVT-i Controller. Assembly
(5) ECU

ယခုနောက်ပိုင်း အင်ဂျင်များတွင် Exhaust Camshaft ကိုပါ VVT-i စနစ်ပြုလုပ်လာပြီး Dual VVT-i စနစ်များ ပေါ်လာပြီဖြစ်သည်။

အော်တိုဂီယာနှင့် သတိပြုစရာအော်တိုဂီယာနဲ့ မန်နျူရယ်ဂီယာ ၂ မျိုးမှာ အော်တိုက ကားမောင်းရ တဲ့လူ သက်သာတာကြောင့် ပိုပြီးလူ ကြိ...
11/08/2020

အော်တိုဂီယာနှင့် သတိပြုစရာ

အော်တိုဂီယာနဲ့ မန်နျူရယ်ဂီယာ ၂ မျိုးမှာ အော်တိုက ကားမောင်းရ တဲ့လူ သက်သာတာကြောင့် ပိုပြီးလူ ကြိုက်များပါတယ်။ လူစီးကားတွေထဲ မှာ အော်တိုဂီယာပါတဲ့ကားတွေ များလာပါတယ်။
အသုံးပြုရလွယ်ကူပြီး လူ သက်သာတယ်။ ပြင်ဆင်ထိန်းသိမ်းရ တာနည်းတယ်။ Manual ဂီယာမှာဆို ရင် ကလပ်ပလိပ်အုံနဲ့၊ ကလပ်ဆုံတွေ ပါနေတယ်။ ကလပ်ဝါရှာပေါက်တာ ကလပ်ပလိပ်ပြားလဲရတာတွေ အလုပ် ပိုတယ်။ ကလပ်ပြဿနာတွေက မကြာခဏဆိုသလို ဖြစ်တတ်တယ်။ ကားမောင်းတဲ့အခါမှာလည်း ကလပ် ခြေနင်းတံကို အမြဲနင်းပြီးမှ ဂီယာ ပြောင်းလို့ရတယ်။ မြို့ထဲမှာ ကားကျပ် တဲ့အချိန်ဆိုရင် ကလပ် ခဏခဏ နင်းနေရလို့ ကြာရင် ဒူးဆစ်တွေ၊ ခြေထောက်တွေညောင်းလာတယ်။ ကြာကြာကားမောင်းရင် Manual ဂီ ယာက လူကိုပင်ပန်းစေတယ်။
အော်တိုဂီယာစနစ်မှာတော့ ကလပ်ရဲ့အလုပ်တာဝန်နဲ့ ဂီယာဘောက်စ်အလုပ်တာဝန် နှစ်မျိုး စလုံးကို အလိုအလျောက်ဆောင်ရွက် ပေးတယ်။ ကားမောင်းရတဲ့သူသက် သာတယ်။ ပြုပြင်ထိန်းသိမ်းစရိတ် သက်သာတယ်။ ATF (Automatic Transmission Fluid) ပါဝါဆီ မှန်မှန် လဲပေးရုံးဘဲ။
အော်တိုဂီယာစနစ်မှာ ယေဘု ယျအားဖြင့် အစိတ်အပိုင်း ၃ မျိုးပါ ဝင်တယ်။
(၁) တော့ကွန်ဗာတာ (Torque Converter)
(၂) ပလန်နက်ထရီဂီယာ (Planetary Gear Unit)
(၃) ဟိုက်ဒြောလစ်ထိန်းချုပ်ယူ နစ် (Hydraulic Control Unit)
တော့ကွန်ဗာတာ (Torque Converter) ကတော့ အော်တိုဂီယာ ဘောက်စ်စနစ်ရဲ့ အဓိက မောင်းနှင် အား ယူနစ်ဖြစ်တယ်။ ကားသမား တွေ အလွယ်ခေါ်ကြတာတော့”သ ပိတ်လုံး” တဲ့။ သပိတ်နဲ့ပုံစံတူလို့ခေါ် တာဖြစ်ပါလိမ့်မယ်။
တော့ကွန်ဗာတာ (Torque Converter)
တော့ကွန်ဗာတာဆိုတာ ဟိုက် ဒြောလစ်ပါဝါဆီတွန်းအားနဲ့ အင်ဂျင် လည်အား (Torque) ကို ကူးပြောင်း ပေးနိုင်တဲ့ ကိရိယာဖြစ်လို့ တော့ကွန် ဗာတာလို့ခေါ်တာပါ။
တော့ကွန်ဗာတာမှာ Pump Impeller, Turbine Runner နဲ့ Stator တို့ပါဝင်ဖွဲ့စည်းထားတယ်။ Impeller နဲ့ Turbine ကြားမှာ Stator ရှိတယ်။ တော့ကွန်ဗာတာအတွင်းပိုင်း မှာ ATF လို့ခေါ်တဲ့ ပါဝါဆီရှိတယ်။ ဒီပါဝါဆီက Auto ဂီယာရဲ့အသက်ပါ ဘဲ။ ATF ဆိုတာ Automatic Transmision Fluid ဆိုတဲ့ ဟိုက်ဒြောလစ် ပါဝါဆီရဲ့ အတိုကောက်စကားလုံးပါ။ အင်ဂျင်ဖလိုင်းဝှီးလည်ပါက Impeller ပါလိုက်လည်တယ်။ Impeller မှာ ပါဝါဆီကိုခတ်ပေးနိုင်တဲ့ ဒလက်တွေ ပါတယ်။ Impeller လည်ရင် ပါဝါဆီ တွေပါလိုက်ပြီးလည်တယ်။ Impeller လည်အားကြောင့် ပါဝါဆီတွေဟာ Stator ကိုဖြတ်ပြီး Runner တာဘိုင် ဒလက်တွေကို ရိုက်ခတ်မိတာကြောင့် Runner တာဘိုင်ပါလိုက်ပြီးလည် တယ်။
အင်ဂျင် Torque လည်နေတဲ့အချိန် မှာ အင်ဂျင်ဖလိုင်းဝှီးကလည်း တစ် ပတ်ချင်းလည်နေတဲ့အတွက် တော့ ကွန်မာတာအုံထဲမှာရှိတဲ့ ပါဝါဆီရဲ့ တွန်းအား၊ ဖိအားဟာ အားနည်းနေ တယ်။ ဒါကြောင့် အင်ဂျင် မှာ တော့ ကွန်ဗာတာအလုပ်မလုပ်ဘူး။ လီဗာနင်းပြီး အင်ဂျင်စက်ရှိန်မြင့်တက် လာတာနဲ့ ကွန်ဗာတာစပြီးအလုပ်လုပ် တယ်။ အော်တိုဂီယာစနစ်မှာ အင် ဂျင်ရုန်းအား လှည့်အား (Torque) ကို တော့ကွန်ဗာတာကနေတဆင့် အော်တိုဂီယာအုံကို လည်ပတ်စေတာ၊ ATF ပါဝါဆီစီးဆင်းမှုတွန်းအားကြောင့် ဖြစ်တယ်။
တော့ကွန်ဗာတာမှာ အင်ဂျင် လှည့်အားကိုလွှဲပြောင်းပေးတာ။ ATF ပါဝါဆီရဲ့ တွန်းအားက အဓိကဘဲ။ Impeller မှာ Blades ဒလက်တွေ တပ်ဆင်ထားတယ်။ Impeller လည် ပတ်ရင် Blade တွေရဲ့ ရိုက်ခတ်မှု ကြောင့် ပါဝါဆီတွေလိုက်လည်တယ်။ ပါဝါဆီတွေက Stator ကိုဖြတ်စီးပြီး မှာရှိတဲ့ တာဘိုင်ဒ လက်တွေကို သွားရိုက်တယ်။ ပါဝါဆီရဲ့တွန်းအားကြောင့် Turbine Wheel လိုက်လည်ပြီး Converter လည်ပတ်ရခြင်းဖြစ်ပါ တယ်။ Auto Gear စနစ်မှာ အင်ဂျင် လှည့်အား၊ ရုန်းအား (Torque) ကို ပို့လွှတ်ရာမှာဖြစ်စေ၊ ဆပွားတိုးပြီး အားပိုမိုကောင်းလာစေရန်ဖြစ်စေ၊ အဓိ ကလုပ်ဆောင်ပေးတဲ့အရာကတော့ ATF လို့ခေါ်တဲ့ ဟိုက်ဒြောလစ်ပါဝါဆီ ပဲဖြစ်ပါတယ်။
Impeller နဲ့ Turbine ကြားမှာ Stator ရှိတယ်။ Stator ရဲ့ တာဝန် က Impeller နဲ့ Turbine နှစ်ခုကြား မှာရှိတဲ့ Oil Flow Circuit ကို မြင့် တင်ပေးဖို့ဘဲ။ အင်ဂျင်လည်ပတ်တာ နဲ့ Impeller လိုက်လည်ပြီး၊ ဟိုက် ဒြောလစ်ပါဝါဆီတွေကို Impeller ဒလက်တွေကတွန်းတယ်။ Impeller နဲ့ Turbine ကြားထဲမှာ Stator ရှိ နေတာကြောင့် တွန်းပို့လိုက်တဲ့ပါဝါဆီ တွေရဲ့ ဦးတည်ရာလမ်းကြောင်းပြောင်း လဲသွားပြီး ပါဝါဆီရဲ့ Oil Flow စီး ဆင်းမှုနှင့် ဖိအားကို တိုးပွားစေတယ်။ ဒီလိုမျိုး ပါဝါဆီလည်ပတ်ရာလမ်း ကြောင်းကို “Vortex Flow” လို့ခေါ် ပါတယ်။ Vortex Flow ကြောင့် အော်တိုဂီယာစနစ်မှာ Driving Efficiency ကို တိုးတက်စေတယ်။ ဒီလို မျိုး စွမ်းဆောင်ရည်တိုးပွားစေတာ ကြောင့် တော့ကွန်ဗာတာရဲ့ စွမ်းအား မြှင့်တင်ပေးနိုင်မှုဟာ ၂ ဆကျော်တိုး လာတယ်။ Impeller ရဲ့ လည်ပတ် မှု ၉၀ ရာနှုန်းကို Turbine သို့ပို့ဆောင် ပေးနိုင်ပါတယ်။
အော်တိုဂီယာစနစ်မှာ ဟိုက် ဒြောလစ်စနစ်နဲ့ အလုပ်လုပ်နေတာ ကြောင့် ATF (ခေါ်) ဟိုက်ဒြောလစ် ပါဝါဆီဟာ အဓိကကျပြီး အရေးကြီး ပါတယ်။ အော်တိုဂီယာစနစ်ပျက်စီး ချွတ်ယွင်းရတဲ့ အကြောင်းတရားတွေ ထဲမှာ၊ ပါဝါဆီ Level ကျပြီး ဆီနည်း လွန်းနေတာမျိုး၊ ပါဝါဆီအရည်အသွေး ကျတာမျိုး၊ ပါဝါဆီသစ်လဲမပေးဘဲ နှစ်ပေါင်းများစွာ၊ မိုင်ပေါင်းများစွာသုံး နေတာမျိုး၊ ATF ဆီမျိုးအစား ရွေး ချယ်မှုမှားနေတာမျိုး ဒီအချက်တွေက အော်တိုဂီယာပျက်စီးစေတာပါပဲ။
ATF ပါဝါဆီဆိုတာ အော်တိုဂီ ယာစနစ်မှာ ဂီယာသွားတွေ၊ ပီနီယံ တွေလည်ပတ်နေတဲ့ အစိတ်အပိုင်း တွေ၊ ဘောလ်ဘယ်ရင်တွေအတွက် ချောဆီဖြစ်တယ်။ အော်တိုဂီယာ ဘောက်စ်အလုပ်လုပ်လည်ပတ်ရာက နေ အပူတွေထွက်လာတယ်။ အပူ ချိန်မြင့်တက်မလာအောင် ATF ပါဝါ ဆီက အအေးခံပေးတယ်။ အင်ဂျင်က ရုန်းအားကို တော့ကွန်ဗာတာမှတဆင့် ဂီယာတွေ အဆင့်မဆင့်ခံပြီး နောက် ဆုံး Drive Train သို့ရောက်စေတဲ့အ ရာကလည်း ATF ပါဝါဆီပါဘဲ။
အော်တိုဂီယာစနစ်မှာ ထိန်းချုပ် မှုအပိုင်းကို ဆောင်ရွက်ပေးတာ၊ ဟိုက်ဒြောလစ်စနစ်ဖြစ်ပါတယ်။ အော်တိုဂီယာစနစ်အတွင်းမှာ ဘရိတ်တွေ ကလပ်တွေ အလုပ်လုပ်စေတာလဲ ATF ပါဝါဆီဖိအားပါဘဲ။ ဒါကြောင့် အော်တိုဂီယာစနစ်မှာ ATF ပါဝါဆီဟာ အဓိကကျတဲ့အချက်ပါဘဲ။
Manual Gear မှာ အသုံးပြုတာ ကြာသွားရင် ကလပ်ပလိတ်လိုက်နာ တွေစားပြီး ကလပ်ပလိတ်ချော်ရာက နေ ကလပ်ပလိတ်လောင်သွားနိုင်ပါ တယ်။ ကလပ်ညှော်နံ့တွေထွက်ပြီး အင်ဂျင်ဆွဲအား၊ ရုန်းအားကို ဂီယာ ဘောက်စ်ရောက်အောင်မပို့နိုင်တာမျိုး ကို ကလပ်စလစ်ဖြစ်တယ်လို့ ခေါ် ပါတယ်။
အော်တိုဂီယာမှာလည်း ဒီလိုမျိုး စလစ်ဖြစ်တတ်ပါတယ်။ ဂီယာထိုးတံ ကို “N” ကနေပြီး “D” ကိုပြောင်းထိုး၊ လီဗာနင်းကြည့်ပါ။ အသံထူးထူးခြား ခြားမြည်လာပြီး ကားမဆွဲဘဲ တုံ့ဆိုင်း တုံ့ဆိုင်းဖြစ်နေခဲ့လျှင် စလစ်ဖြစ်ချစ် တဲ့လက္ခဏာမျိုးပါပဲ။
အော်တိုဂီယာဘောက်ထဲမှာ ATF ပါဝါဆီနည်းပြီး ဆီ Level ကျ နေခဲ့လျှင် ပါဝါဆီဖိအားကျဆင်းပြီး စလစ်ဖြစ်စေပါတယ်။ အော်တိုဂီယာ မှာ တစ်ခုခုချွတ်ယွင်းတဲ့လက္ခဏာပြ ရင် ATF ပါဝါဆီကို စစ်ဆေးပါ။ ပါဝါဆီနည်းသွားရင် ကွန်ဗာတာက ဆီဖိအားအပြည့်အဝမရတော့ဘဲ တုံ့ ဆိုင်းစေပါတယ်။ ပါဝါဆီ Level တိုင်းတဲ့ဒုတ်တံနဲ့ ဆီ Level တိုင်း ကြည့်ပါ။ ဆီလျော့နေရင် ဆီထပ် ဖြည့်ပါ။ ဆီထည့်တာများသွားပြီး Level ကျော်သွားတာမျိုးလည်း မဖြစ်ပါစေနဲ့။
ATF ပါဝါဆီရဲအရောင်အသွေး ကိုစစ်ပါ။ အနီရောင် သို့မဟုတ် နီညှိ ရောင်ပျော့ပျော့ရှိရင် ဆီအခြအနေ ကောင်းပါတယ်။ ဆီအရောင်မည်း ညစ်နေပြီဆိုရင်တော့ ပါဝါဆီဖောက် ချပြီး အသစ်လဲလိုက်ပါတော့။
အော်တိုဂီယာစနစ်မှာ လည်ပတ် နေတဲ့ ATF ပါဝါဆီဟာ ဖိအားများ တာကြောင့် အပူချိန်မြင့်တက်လာပါ တယ်။ ATF ပါဝါဆီတွေရဲ့ အပူတွေ ကို Oil Cooler က အအေးခံပေးပါ တယ်။ Oil Cooler ကို အင်ဂျင်အ အေးခံစနစ်နဲ့ တွဲဖက်ထားပါတယ်။ တကယ်လို့ ATF ပါဝါဆီရဲ့ အရောင် ဟာ နို့ရောထားတဲ့ အညှိရောင်မျိုး ပြောင်းနေပြီးဆိုရင်တော့ ပါဝါဆီထဲမှာ ရေရောက်နေပါပြီ။ ရေရောနေတဲ့ပါဝါ ဆီဟာ အော်တိုဂီယာစနစ်အတွက် အလွန်အန္တရာယ်များပါတယ်။ ချက်ချင်းဖောက်ချပြီး ဆေးကြောသန့်ရှင်း ပြီးမှ ဆီသစ်ထည့်ပါ။
ခရီးမိုင် ၁၅၀ဝဝ ကနေ မိုင် ၃၀ဝဝဝ လောက်သုံးပြီးတိုင် ATF ပါဝါဆီလဲလှယ်ပေးပါ။ ATF ပါဝါဆီကို ထုတ်လုပ်သူညွန်ကြားထားတဲ့ဆီအမျိုးအစားကိုဘဲ သုံးရပါတယ်။ ပိုင်ရှင် လက်စွဲစာအုပ်မှာ ATF ပါဝါဆီအမျိုး အစားကို ဖော်ပြထားပါတယ်။ ဆီတိုင် တဲ့ ဒုတ်တံ (Dipstick) မှာလည်း ဖော်ပြထားပါတယ်။
အော်တိုဂီယာစနစ်မှာ ATF ပါဝါ ဆီတွေ အကြောင်းအမျိုးမျိုးနဲ့ ယိုစိမ့် နိုင်ပါတယ်။ ဆီနည်းသွာရင် အော်တို ဂီယာစနစ်ပျက်စီးသွားပါတယ်။ ဒါ ကြောင့် ဆီ Level ကို ဂရုစိုက်စစ် ဆေးပါ။ ဆီအရောင်ကိုစစ်ဆေးပါ။ မိုင် ၃၀ဝဝဝ ထက် ပိုမသုံးပါနဲ့။ ဆီသစ် လဲပေးရင် အမျိုးအစားမှန်တာကိုဘဲ သုံးပါ။ အော်တိုဂီယာပျက်ရင် ပြင်သုံး လို့မရပါဘူး။ အလုံးလိုက်အသစ်လဲ ပေးရပါတယ်။
သက်တမ်းကြနေပြီဖြစ်တဲ့ 1999, 2000, 2001, 2002 model ကားတွေမှာ ATF ပါဝါဆီကို ဂရုစိုက် ပေးပါ။ Used ကားဝယ်ရင် ATF ပါဝါ ဆီကိုစစ်ဆေးပြီး လိုအပ်ပါက ဆီအ သစ်လဲပေးပါ။ အင်ဂျင်တစ်လုံးရဲ့ အသက်ဟာ အင်ဂျင်ဝိုင်ဖြစ်သလို အော်တိုဂီယာတစ်လုံးရဲ့အသက်ဟာ လည်း ATF ပါဝါဆီဘဲဖြစ်ပါတယ်။
========================

Credit : ဆရာ KMA
(သိပ္ပံနှင့်နည်းပညာ)

Motors com mm

01/08/2020

Diesel Engine Turbocharger&Inter Cooler

Deisel Engine Turbo

မော်​​တော်တာ်ယဥ်နှင့်ပတ်သက်သော ပညာရှင်များက သူတို့အင်ဂျင်များကို စွမ်းအားပိုမိုတိုးတက်စေရန်၊ဆီစားနှုန်းသက်သာစေရန်၊လူနှင့်ပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေရန်အမြဲ တီထွင်ကြံဆနေကြသည်။ထို့​ကြောင့်နည်းပညာများသည် အမြဲတိုးထက်နေကြသည်။
Turbocharger သည်နည်းပညာတိုးတက်မှု တစ်ခုပင်ဖြစ်သည်။ Turbo မပါသော အင်ဂျင်များသည် လေကိုစုပ်ယူရာတွင် Piston နှင့် Ring တို့၏စုပ်ယူအားသာရှိသည်။
Turbo ပါဝင်သော အခါ ထိုစုပ်ယူအားထက်ပိုသော တွန်းထည့်အား(မှုတ်ထည့်အား) ဖြစ်လာသဖြင့် Sleeve ထဲသို့ လေများပို ၍ဝင်လာသည်။ထိုကြေောင့်အင်ဂျင်၏စွမ်းအားသည်10%မှ15%လောက်တိုးလာသည်။
Turbo၏ အလုပ်လုပ်ပုံကိုသေချာစွာ လေ့လာကြည့်သောအခါ ရှပ်(Shaft) တစ်ချောင်းကို ( Full floating boot bearing) ဘွတ်တွင်ထိုင်လိုက်ပြီးနောက် ရှပ်၏တစ်ဖက်တစ်ချက်စီတွင် Turbine ဒလပ်နှစ်ခုကို တပ်ဆင်လိုက်သည်။ ၎င်းရှပ်ကိုပေါ့ပါးသွက်လက်စွာလည်ပတ် န်ုင်ရန် တည်ဆောက်ပေးထားသည်။ Turbine ဒလပ် တစ်ဖက်သည် Exhaust ငွေ့လမ်းကြောင်းနှင့် ဆက်သွယ်ထားသဖြင့် အင်ဂျင်နှိုး၍ အိပ်ဇောငွေ့များတိုးထွက်လာသောအခါ ၎င်း Turbine ဒလက်သည် လည်ပတ်သွားသည်။ အခြား တစ်ဖက်ရှိ ဒလပ်သည် ရှပ်တစ်ချောင်းတည်း ပေါ်တွင်ဖြစ်သောကြောင့် လည်ပတ်သွားသည်။ ၎င်းဒလပ်သည် လေဝင်လမ်းကြောင်း (Inlet) တွင်ရှိသဖြင့် Piston မှစုပ်ယူသောလေထက်ပိုသော လေများကို Sleeve ထဲသို့ တွန်းထည့်လိုက်သည်။ မော်တော် ယဥ်သုံး Turbo ၏ရှပ်လည်ပတ်မှုသည် တစ် စက္ကန့်တွင် အပတ်ရေ ၂၀၀ မှ ၂၀၀၀ နီးပါးအထိလည်ပတ်သည်။ ရှပ်၏ ဘွတ်များလွယ်ကူစွာ မပျက်စီးစေရန် အင်ဂျင်ဝိုင်ပေးပြီး လည်ပတ်စေသည်။
ထို့ကြောင့် Turbo တစ်လုံးကောင်းမကောင်း မျက်မြင်စစ်ဆေးသောအခါ ရှပ်သည်ပေါ့ပေါ့ပါးပါး လည်လား၊ ရှပ်လှုပ်ယမ်းနေလား၊ Inlet Port ဘက် Exhaust Port ဘက် များသို့ အင်ဂျင်ဝိုင်ကျော်နေလား စသည်တို့ဖြင့်စစ်ဆေးရသည်။ အလျားလိုက် ရှေ့နောက် လှုပ်ယမ်းမှု ကို (0.11mm)နှင့် ရှပ်ယမ်းမှု ကို (0.112mm) အထိသာခွင့်ပြုသည်။
Model နိမ့်ကားများ၏ Turbo သည် (Wastegate) valve စနစ်ဖြစ်သည်။ Wastegate valve ဆိုသည်မှာ Turbo အပတ်ရေ အရမ်းများလာပြီး လေ၏တွန်းအားအရမ်းများလာလျှင် ပြန်လျှော့ပေးနိုင်သော စနစ်ပင်ဖြစ်သည်။ ယခုနောက်ပိုင် Model မြင့်ကားများ ၏ Turbo များမှာ Variable Geometry Turbo (Variable Nozzle Turbine VNT) စနစ်ဖြင့်ပြုလုပ်လာသည်။ VNT စနစ် ဆိုသည်မှာ Nozzle Turbine များကို အသေမပြုလုပ်ဘဲ အင်ဂျင်၏ rpm/load တို့နှင့် လိုက်လျောညီထွေမှု ရှိသည့်အနေအထား ဖြစ်အောင်ပြုလုပ်နိုင် ခြင်းပင်ဖြစ်သည်။ (Turbo ၏ boost pressure ကို အတို့လျော့ပြုလုပ်နိုင်ခြင်းပင် ဖြစ်သည်။)ထို့ကြောင့် VNT Turbo စနစ်တွင်Engine ECU အပြင် Turbo ကို မောင်းနှင် မည့် Turbo Motor driver (Turbo ECU) တစ်ခုပိုလာသည်။

Inter Cooler

Turbo များသည် အိပ်ဇောငွေ့၏တွန်းအားကို အသုံးပြောသောအရာ ဖြစ်သဖြင့် အပူချိန်မြင့်မားသည်။အင်အတွင့်သို့ဝင်ရမည့်လေရများသည် Turbo ကို ဖြတ်သန်းဝင်ရဖြင့်အပူချိန်မြင့်မားလာသည်။ လေ၏သိပ်သည်းစသည် အပူချိန်နှင့်ပြောင်းပြန် အချိုးကျသည်။ လေများပူလာသော အခါသိပ်သည်းစ နည်းလာသည်။၎င်းကိုအင်ဂျင်များက သိပ်မကြိုက်ပေယာ ထို့ကြောင့်သိပ်သည်းစနည်းပြီး ပူနေသောလေများကို Inter cooler ထဲသို့ဖြတ်သန်းစီးဆင်းစေသော အခါ ထွက်လာသော အပူချိန်လဲ လျော့သွားပြီး သိပ်သည်းစလဲ မြင့်တက်ပြီးမှ အင်ဂျင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါအင်ဂျင်ပါဝါ တိုးလာသလို လူနှင့်ပတ်ဝန်းကျင်ကို ဒုက္ခ ပေးသော Nitric Oxide များကိုလည်း လျော့ကျသွားစေသည်။
အောက်က Video မှာ ထပ်ပီးလေးလာကြည့်ပါအုံးနော်။
Video Credit #

29/07/2020

Diesel Engine&Technology
ဒီဇယ်အင်ဂျင်နှင့် နည်းပညာများ

ဒီဇယ်အင်ဂျင်သည်ရုန်းအားပိုကောင်းခြင်း၊ဆီစားနှုန်းသက်သာခြင်း၊အင်ဂျင်ပါဝါကြီးသော အင်ဂျင်များပြုလုပ်နိုင်ခြင်း စသောအချက်များကြောင့် အိမ်စီးကားလေးများ၊လုပ်ငန်းသုံးစက်ငယ်များ၊Bus ကားများ၊Truck ကားများ၊မီးရထားနှင့်သင်္ဘောမှစပီး ယန္တရားသုံးအင်ဂျင်များတွင်များစွာအသုံးပြုကြသည်။Diesel Engine သည်သုံးစွဲမှု့များသလို နည်းပညာပိုင်းတွင်ကျယ်ပြန့်နက်နဲသည်။
ဒီဇယ်အင်ဂျင်တစ်လုံး၏ Cylinder (စလစ်)ထဲသို့ဝင်ရောက်သွားသောလေသည် ပြန်လည်ဖိကျစ်ရသောအခါ Pressure အားဖြင့် 28kgfcm မှ 40kgfcm လောက်ထိဖြစ်လာသည်။ လေ၏အပူချိန်သည်လည်း 500C နှင့်အထက်လောက်ဖြစ်သည်။၎င်းအချိန်တွင် ဒီဇယ်အမှုန်အမွှားများကို Cylinder အတွင်းသို့ပန်းထည့်လိုက်ပြီး မီးလောင်ပေါက်ကွဲမှု ကိုဖြစ်စေသည်။ဒီဇယ်အင်ဂျင်များ၏ Compression Ratio မှာ ယေဘုယျ အားဖြင့် 16.1 မှ 24.1 အတွင်းရှိရမည်။ Compression Ratio မြင့်မားလာသဖြင့် မီးလောင်ပေါက်ကွဲမှုမြင့်မားလာပြီးတုန်းခါမှု၊ ဆူညံသံများကိုဖြစ်စေသည်။ ထို့ကြောင့် ဒီဇယ်အင်ဂျင်ကို တောင့်တင်းခိုင်မာစွာပြုလုပ်ရသည်။

ဒီနေ့တော့ Compression Test အကြောင်းပြောပြပေးပါမယ်။ဓါတ်ဆီအင်ဂျင်အား Compression စစ်ဆေးခြင်း(1)  ဆီပေးစနစ်များ၊မီးပေးစနစ်မ...
24/07/2020

ဒီနေ့တော့ Compression Test အကြောင်းပြောပြပေးပါမယ်။

ဓါတ်ဆီအင်ဂျင်အား Compression စစ်ဆေးခြင်း

(1) ဆီပေးစနစ်များ၊မီးပေးစနစ်များကိုဖြတ်တောက်ထားပါ။ဥပမာ-Injector Socket များ Coil Socket များကိုဖြုတ်ထားပါ။

(2) အင်ဂျင်တွင်ရှိသော Plug အားလုံးကိုဖြုတ်လိုက်ပါ။

(3) Plug အရစ်နေရာတွင် Gauge ၏အရစ်ကိုတပ်ဆင်ပြီး Gauge တပ်ဆင်ပါ။

(4) Starter Motor ကိုဆွဲပါ။ အင်ဂျင် RPM သည် 250 နှင့်အထက်ဖြစ်ရမည်။ဓါတ်ဆီအင်ဂျင်များ၏ သတ်မှတ် Pressure 13.5kgf/cm²
အနည်းဆုံးရှိသင့်သော Pressure 10kgf/cm²ရှိရမည်။(10kgf/cm² အောက်ရောက်သွားလျှင် မီးလောင်ပေါက်ကွဲမှုမဖြစ်တော့ပါ။) Cylinder တစ်လုံးနှင့်တစ်လုံးခြားနားမှု 1kgf/cm² အောက်တွင်သာရှိရမည်။

ဒီဇယ်အင်ဂျင်အား Compression စစ်ဆေးခြင်း

(1) အင်ဂျင်အား Normal Operating Temperature (over 57°C)ရောက်အောင် နှိုးထားပြီးမှ ပြန်ရပ်ပါ။

(2) Fule System ကိုဖြတ်တောက်ထားပါ။ဥပမာ- Spill Valve Socket ကိုဖြုတ်ထားခြင်း၊Injector Socker များကိုဖြုတ်ထားပါ။

(3) Glow Plug Wiring လိုင်းနှင့် Glow Plugs များကိုဖြုတ်ပါ။Glow Plug Wiring ရှော့မဖြစ်စေရန် ဝါယာတိတ်ဖြင့်ပါတ်ထားပါ။

(4) Gauge ကို Glow Plug အရစ်တွင် တပ်ဆင်ပါ။

(5) Starter ဆွဲပါ။အင်ဂျင် RPM လုံလောက်သောအပတ်ရေ 250 နှင့်အထက်ဖြစ်ရမည်။ ဒီဇယ်အင်ဂျင်များ၏ Comperssion Pressure 31kgf/cm² နှင့်အထက်ဖြစ်ရမည်။ အနည်းဆုံးရှိသင့်သော Pressure မှာ20kgf/cm² ဖြစ်ရမည်။ Cylinder တစ်လုံးနှင့်တစ်လုံး ခြားနားမှု 5kgf/cm² အောက်တွင်သာရှိရမည်။

နောက်လဲ Knowledge post တေ တင်ပေးအုံးမှာမို့ Page ကို Like & Share လေးလုပ်ပေးကြပါအုံးနော်။
ကျေးဇူးတင်ပါတယ်ခဗျ။

Cooling System(အင်ဂျင်အအေးခံစနစ်)ဒီအကြောင်းအရာလေးကတော့ ကားနှင့်ပတ်သက်သူတိုင်း သိထားသင့်တယ်ထင်ပါတယ်။အင်ဂျင်တစ်လုံးတွင်အအေ...
20/07/2020

Cooling System(အင်ဂျင်အအေးခံစနစ်)

ဒီအကြောင်းအရာလေးကတော့ ကားနှင့်ပတ်သက်သူတိုင်း သိထားသင့်တယ်ထင်ပါတယ်။

အင်ဂျင်တစ်လုံးတွင်အအေးခံစနစ်သည်အဓိကတာဝန်နှစ်ခုကိုထမ်းဆောင်ရသည်။ပထမတစ်ခုကတော့ Normal Operation Temperature ကိုလျင်လျင်မြန်မြန်ရောက်စေရန်ဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ အင်ဂျင်၏အစိတ်ပိုင်းများမပျက်ဆီးနိုင်သောအပူချိန် (82°C မှ 105°C)အတွင်း၌ထိမ်းထားနိုင်ရန်ဖြစ်ပါတယ်။အင်ဂျင်၏ Combustion Stroke တွင် Air-Fuel mixture နှင့် Spark တို့ထိတွေ့ပြီး အင်ဂျင်အတွက် Power ရရှိသလို မြင့်မားသောအပူချိန် (350°C မှ 925°C)ကိုလဲ ဖြစ်စေသည်။၎င်းအပူချိန်သည် အမြဲတမ်းဆက်လက်တည်ရှိနေပါက အင်ဂျင်၏အစိတ်ပိုင်းများကိုပျက်စီးစေလိမ့်မည်။သို့သော်၎င်းအပူချိန်မှ သုံးပုံတစ်ပုံသည် Exhaust ငွေ့ နှင့်အတူ ပြင်ပလေထဲသို့ လွတ်ထွက်သွားသည်။ Cooling System ကအင်ဂျင်အတွက် အန္တရယ် မဖြစ်စေနိုင်သောအပူလချိန်(82°C မှ 105°C)အတွင်း ဆက်လက်လျော့ချပေးနေသည်။

အင်ဂျင် Over Heat ဖြစ်ခြင်း

မော်တော်ယာဥ်အင်ဂျင်များ Over Heat ဖြစ်လျှင်ဖြေရှင်းရခက်ခဲသည်။ကုန်ကျငွေများသည်။အင်ဂျင်တစ်လုံး Heat တက်စေသောအကြောင်းရင်းများ.......

(1) သက်ဆိုင်ရာရေလိုင်းတစ်လျောက်တွင် Coolantယိုစိမ့်မှု ရှိခြင်း။

(2) Coolant အသုံးမပြုဘဲ ရေများကိုသာ အချိန်ကြာရှည်စွာ အသုံးပြုခဲ့သဖြင့် ရေတိုင်ကီများ သံချေးတက်ပိတ်ဆို့နေခြင်း။

(3) Fan လုံးဝမလည်ခြင်း(သို့) လည်ပတ်ပုံနှေးကွေးခြင်း။

(4) Thermostat သည် ပွင့်ရမည့်အချိန်တွင့် ပြည့်ဝစွာမပွင့်ခြင်း။သို့မဟုတ် လုံးဝမပွင့်ခြင်း။

(5)Gasket Leakage ဖြင့်သဖြင့် Heat တက်ခြင်း။

ယခုလိုမိုးတွင်းကာလာမှာ လူကြီးတို့၏ကားများအောက်ပိုင်းကြံ့ခိုင်း မှု ဘရိတ်များကောင်းမွန်မှုကို အထူးဂရု​ပြု​သင့်ပါသည်။ခရီးဝ...
17/07/2020

ယခုလိုမိုးတွင်းကာလာမှာ လူကြီးတို့၏ကားများအောက်ပိုင်းကြံ့ခိုင်း မှု ဘရိတ်များကောင်းမွန်မှုကို အထူးဂရု​ပြု​သင့်ပါသည်။ခရီးဝေးသွားလျှင် အောက်ပိုင်းများကောင်း မကောင်းစစ်ဆေးပြီးမှသာ သွား​ရန် အကြံပြုပါသည်။ဘရိတ်ရှူးများကို အရည်သွေးကောင်းမွန်သောပစ္စည်းများကိုသာ အသုံးပြုသင့်ပါသည်။အောက်ပိုင်းပစ္စည်းများကိုလဲ Orginal ပစ္စည်းများကိုသာ ရွေးချယ် အသုံးပြုသင့်ပါသည်။အရည်သွေးမပြည့်မှီသောပစ္စည်းများကို အသုံးပြုပါ ကလူကြီးမင်းတို့အား အန္တရာယ် ဖြစ်လာနိုင်ပါသည်။

အောက်ပိုင်းများ ဖြုတ်စစ်သင့်သောပစ္စည်းများမှာ
(1)Ball Joyint (ဘောဂျိုင်းများ)
(2)တိုက်ရော့၊ရော့အမ်းများ
(3)လင့်များ
(4)ဂိုင်းဘွတ်များ
(5)စီယာတိုင်ဂန်း
(6)စီယာတိုင် Cross ဘောများ
(7)ဟတ်ဘောများ
(8)ရှော့ဘားများ
(9)ဘရိတ်ရှူးများ
(10)ဆီယိုစိမ့်မှုရှိမရှိ
(11)အလိုင်းမင့် တို့ကို စစ်ဆေးပါ။

ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းရာလေးကတော့မိမိကားအင်ဂျင်ကိုသက်တန်းကြာအောင်ဘယ်လိုထိမ်းသိမ်းရမယ်ဆိုတဲ့ ဗဟုသုတရစရာအကြောင်းရာလ...
11/07/2020

ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းရာလေးကတော့မိမိကားအင်ဂျင်ကိုသက်တန်းကြာအောင်ဘယ်လိုထိမ်းသိမ်းရမယ်ဆိုတဲ့ ဗဟုသုတရစရာအကြောင်းရာလေးပါ။

ခုလိုဗဟုသုတ ရတဲ့ စာတေဖက်ချင်တယ်ဆိုရင်တော့ကျနော့ရဲ့ Page ကို Like&Followလုပ်ပေးဖို့မမေ့ပါနဲ့နော်။

ပထမဦးစွာအင်ဂျင်ပျက်စီးစေနိုင်တဲ့ အကြောင်းအရာလေးကိုတင်ပြပါရစေ။

(1) Coolant(ရေ)ယိုစိမ့်မှုရှိနေခြင်းကိုအချိန်မှီစစ်ဆေးပြုပြင်မှုမရှိသဖြင့် Over Heat ဖြစ်သွားပြီး အင်ဂျင်ပျက်စီးသွားခြင်း။
(2) အင်ဂျင်ဝိုင်ယိုစိမ့်မှုရှိနေခြင်း(သို့မဟုတ်)အင်ဂျင်ဝိုင်စားနေခြင်းတို့အားအချိန်မှီ စစ်ဆေးပြုပြင်မှုမရှိသဖြင့်အင်ဂျင်ပျက်စီးသွားခြင်း။
(3) မိုးများသောမိုးရာသီတွင်ရေကျော်နေသောကားလမ်းများသို့ဖြတ်သန်းမောင်းနှင်ခြင်းကြောင့် အင်ဂျင်အတွင်းသို့ရေများဝင်ရောက်ပြီး အင်ဂျင်အစိတ်ပိုင်းများ ပျက်စီးခြင်းကြောင့် အင်ဂျင်ပျက်စီးသွားခြင်း။
(4) Timing Baltကြိုးပြတ်သဖြင့် အင်ဂျင်အစိတ်ပိုင်းများပျက်စီးခြင်းကြောင့် အင်ဂျင်ပျက်စီးသွားခြင်း။

မိမိကားအင်ဂျင်အားသက်တန်းကြာရှည်စွာ အသုံးပြုလိုလျှင်အောက်ပါအချက်များကို လိုက်နာသင့်ပါသည်။

(1) ရုတ်တရက်အရေးပေါ်ပျက်စီးစေနိုင်သောအကြောင်းအရာများကို သတိထားစဥ်ခြင်ပါ။
(2) Maintenance(ပြုပြင်ထိမ်းသိမ်းမှုမှန်မှန်လုပ်ပါ)
(3) Km5000 အသုံးပြုပြီးတိုင်းအင်ဂျင်ဝိုင်နှင့် Oil Filterကိုလဲပါ။
(4) အရည်သွေးကောင်းမွန်သော အင်ဂျင်ဝိုင်နှင့် Oil Filterကိုအသုံးပြုပါ။
(5) ဒီဇယ်ဖြစ်လျှင် ဒီဇယ် Filter ကိုတစ်ပါတည်းလဲပါ။
(6) အင်ဂျင်ဝိုင်လဲတိုင်း Air Cleaner ကိုလေမှုတ်သန်စင်ပါ။
(7) အင်ဂျင်ဝိုင်သုံးကြိမ်မြောက်လဲလျှင် Air Cleaner ကိုအသစ်လဲပါ။
(8)Km30000(or)အချိန်တစ်နှစ်လောက်တွင်Auto Gearbox Oil Pan ကိုခွာပြီးအော်တိုဆီ အသစ်လဲပါ။မှန်ကန်သောအော်တိုဆီအမျိုးအစားကိုလဲပါ။
(9)တစ်နှစ်လျှင်တစ်ကြိမ်လောက် ဆီတိုင်ကီကို ဖြုတ်ချပြီးသန့်ရှင်းရေးပြုလုပ်ပါ။ဓါတ်ဆီ Filter ကိုအသစ်လဲပါ။
(10) Combination Meter(ဒိုင်ခွက်)ရှိအချက်ပြမှုအမျိုးမျိုးကို ဂရုစိုက် သတိထားပြီး ယာဥ်ကိုမောင်းနှင်အသုံးပြုပါ။

Engine Overhul(အင်ဂျင်ကိုင်ရခြင်း)ဒီအကြောင်းရာလေးကတော့ ကားပိုင်ရှင်များသာမက ယာဥ်မောင်းများနှင့် ကားနဲ့ပတ်သင်သောသူများအား...
10/07/2020

Engine Overhul(အင်ဂျင်ကိုင်ရခြင်း)

ဒီအကြောင်းရာလေးကတော့ ကားပိုင်ရှင်များသာမက ယာဥ်မောင်းများနှင့် ကားနဲ့ပတ်သင်သောသူများအားလုံးသိထားသင့်တဲ့ အတွက်ကြောင့် တင်ပေးရခြင်းဖြစ်ပါတယ်။Commentမှာမေးထားတဲ့ သူတေလဲ ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဘာကြောင့်အင်ဂျင်ကိုင်ရတာလဲ ?

(1) အင်ဂျင်တစ်လုံးသည် အချိန်ကြာရှည်စွာလေးငါးဆယ်နှစ် ဝန်းကျင်အသုံးပြုခဲ့ခြင်းကြောင့် အင်ဂျင်အတွင်းရှိအစိတ်ပိုင်းများပွန်းစား ချောင်လာသဖြင့် Overhulပြုလုပ်ရသည်။
အင်ဂျင်တစ်လုံး၏အလုပ်လုပ်ပုံကိုသေချာစွာသေချာစွာလေ့လာကြည့်လျှင် လည်ပတ်နေသောပစ္စည်းအချို့ရှိသည်။၎င်းပစ္စည်းများသက်တန်းကြာလာသောအခါပွန်းစားပြီးချောင်လာသည်။ ထိုအခါအသံများညက်ညောမှုမရှိတော့ဘဲ ဆူညံလာသည်။
ဥပမာ-(Bearingများနှင့်Bootများ)
လုံခြုံနေသောမီးလောင်ခန်းနှင့်စလစ်အတွင်း၌ပေါက်ကွဲတွန်းကန်ကသဖြင့်Cylinder နံရံများသည်ပွန်းစားပြီးကျပ်လာသည်။၎င်းသည်လည်းအင်ဂျင်၏စွမ်းအားကျဆင်းခြင်းဖြစ်သဖြင့်Overhul ပြုလုပ်ရသည်။(Piston များပွန်းစားသဖြင့်Sizeသေးသွားခြင်း၊ Ring များပွန်းစားလာသဖြင့် မကန်နိုင်တော့၍ ပေါက်ကွဲအားလျော့နည်းသွားခြင်းသည်လည်း အင်ဂျင်ကျခြင်းပင်ဖြစ်သည်။

(2) Engine Oil အစားများခြင်းကြောင့်လည်း အင်ဂျင်ကိုင်ခြင်းပြုလုပ်ရသည်။
ဤနေရာတွင်အင်ဂျင်ဝိုင်ယိုစိမ့်မှုမရှိဘဲအင်ဂျင်ဝိုင်လျော့လျော့နေခြင်းသည် အင်ဂျင်ဝိုင်များမီးလောင်ခန်းအတွင်း ဝင်ရောက်သွားသဖြင့် ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။ဤအခြေနေသည်လည်း အင်ဂျင်ကိုင်ခြင်းပြုလုပ်ရမည့်အခြေနေပင်ဖြစ်သည်။
အင်ဂျင်ဝိုင်စားခြင်းဖြစ်နိုင်သောနေရာ(3)ခုရှိသည်။
(1)Piston&Rings(oil ring)&Sleeveတို့ပွန်းစားချောင်လာခြင်းကြောင့်လည်း အင်ဂျင်ဝိုင်စားမှုမြင့်လာနိုင်သည်။
(2)Valve Guide & Valve Stem တို့ချောင်လာခြင်းကြောင့်လည်း အင်ဂျင်ဝိုင်စားမှုမြင့်လာနိုင်ခြင်း။
Valve Guideနှင့် Valve Stem တို့ပွန်းစားခြင်းကြောင့်ချောင်လာသောအခါ Valve Oil Seal သည်အင်ဂျင်ဝိုင်ကို လုံခြုံအောင်းမထိမ်းသိမ်းန်ုင်တော့သဖြင့် အင်ဂျင်ဝိုင်များ Inlet Valve မှဝင်လျှင် မီးလောင်ခန်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး Exhaust Valve မှယိုစိမ့်လျှင် မီးခိုးငွေ့နှင့်အတူဆုံးရှုံးသွားမည်။ဤအခြေနေများသည်အင်ဂျင်ဝိုင်ဆုံးရှုံးမှုများပင်ဖြစ်သည်။
(3)Blow by gasနှင့်အတူ အင်ဂျင်ဝိုင်များပါဝင်သဖြင့် အင်ဂျင်ဝိုင်ဆုံးရှုံးခြင်း။ Piston&Rings&Sleeveများချောင်လာသောအခါ(Combustion Stroke)မီးလောင်ပေါက်ကွဲမှုဖြစ်ချိန်တွင်အခိုးငွေ့များကိုလုံခြုံအောင်တွန်းကန်ထားနိုင်ခြင်းမရှိတော့ဘဲအောက်ဘက် Crankcase ဘက်သို့အခိုးငွေ့များကျော်ဝင်လာသည်။၎င်းအခိုးငွေ့များလွန်ကဲစွာများလာခြင်းသည် အင်ဂျင်ကျခြင်းပင်ဖြစ်သည်။၎င်းအခိုးငွေ့များနှင့်အတူ အင်ဂျင်ဝိုင်များပါလာတတ်သဖြင့် အင်ဂျင်ဝိုင်စားခြင်းများဖြစ်လာသည်။ဤအခြေနေတို့တွင် အင်ဂျင်ကိုင်ခြင်းပြုလုပ်ရန် လိုအပ်သည်။

ဒီနေ့တော့ဒီလောက်ပဲဗျာ။နောက်ရက်ကျရင် မိမိကားအင်ဂျင်ကို သက်တန်းကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို ထပ်တင်ပေးပါ့မယ်။
အားလုံးပဲ Page ကို Like&Follow လုပ်ပြီး စောင့်မျှော်ပေးကြပါအုံးနော်။

Engine Overhul(အင်ဂျင်ကိုင်ရခြင်း)

ဒီအကြောင်းရာလေးကတော့ ကားပိုင်ရှင်များသာမက ယာဥ်မောင်းများနှင့် ကားနဲ့ပတ်သင်သောသူများအားလုံးသိထားသင့်တဲ့ အတွက်ကြောင့် တင်ပေးရခြင်းဖြစ်ပါတယ်။Commentမှာမေးထားတဲ့ သူတေလဲ ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဘာကြောင့်အင်ဂျင်ကိုင်ရတာလဲ ?

(1) အင်ဂျင်တစ်လုံးသည် အချိန်ကြာရှည်စွာလေးငါးဆယ်နှစ် ဝန်းကျင်အသုံးပြုခဲ့ခြင်းကြောင့် အင်ဂျင်အတွင်းရှိအစိတ်ပိုင်းများပွန်းစား ချောင်လာသဖြင့် Overhulပြုလုပ်ရသည်။
အင်ဂျင်တစ်လုံး၏အလုပ်လုပ်ပုံကိုသေချာစွာသေချာစွာလေ့လာကြည့်လျှင် လည်ပတ်နေသောပစ္စည်းအချို့ရှိသည်။၎င်းပစ္စည်းများသက်တန်းကြာလာသောအခါပွန်းစားပြီးချောင်လာသည်။ ထိုအခါအသံများညက်ညောမှုမရှိတော့ဘဲ ဆူညံလာသည်။
ဥပမာ-(Bearingများနှင့်Bootများ)
လုံခြုံနေသောမီးလောင်ခန်းနှင့်စလစ်အတွင်း၌ပေါက်ကွဲတွန်းကန်ကသဖြင့်Cylinder နံရံများသည်ပွန်းစားပြီးကျပ်လာသည်။၎င်းသည်လည်းအင်ဂျင်၏စွမ်းအားကျဆင်းခြင်းဖြစ်သဖြင့်Overhul ပြုလုပ်ရသည်။(Piston များပွန်းစားသဖြင့်Sizeသေးသွားခြင်း၊ Ring များပွန်းစားလာသဖြင့် မကန်နိုင်တော့၍ ပေါက်ကွဲအားလျော့နည်းသွားခြင်းသည်လည်း အင်ဂျင်ကျခြင်းပင်ဖြစ်သည်။

(2) Engine Oil အစားများခြင်းကြောင့်လည်း အင်ဂျင်ကိုင်ခြင်းပြုလုပ်ရသည်။
ဤနေရာတွင်အင်ဂျင်ဝိုင်ယိုစိမ့်မှုမရှိဘဲအင်ဂျင်ဝိုင်လျော့လျော့နေခြင်းသည် အင်ဂျင်ဝိုင်များမီးလောင်ခန်းအတွင်း ဝင်ရောက်သွားသဖြင့် ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။ဤအခြေနေသည်လည်း အင်ဂျင်ကိုင်ခြင်းပြုလုပ်ရမည့်အခြေနေပင်ဖြစ်သည်။
အင်ဂျင်ဝိုင်စားခြင်းဖြစ်နိုင်သောနေရာ(3)ခုရှိသည်။
(1)Piston&Rings(oil ring)&Sleeveတို့ပွန်းစားချောင်လာခြင်းကြောင့်လည်း အင်ဂျင်ဝိုင်စားမှုမြင့်လာနိုင်သည်။
(2)Valve Guide & Valve Stem တို့ချောင်လာခြင်းကြောင့်လည်း အင်ဂျင်ဝိုင်စားမှုမြင့်လာနိုင်ခြင်း။
Valve Guideနှင့် Valve Stem တို့ပွန်းစားခြင်းကြောင့်ချောင်လာသောအခါ Valve Oil Seal သည်အင်ဂျင်ဝိုင်ကို လုံခြုံအောင်းမထိမ်းသိမ်းန်ုင်တော့သဖြင့် အင်ဂျင်ဝိုင်များ Inlet Valve မှဝင်လျှင် မီးလောင်ခန်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး Exhaust Valve မှယိုစိမ့်လျှင် မီးခိုးငွေ့နှင့်အတူဆုံးရှုံးသွားမည်။ဤအခြေနေများသည်အင်ဂျင်ဝိုင်ဆုံးရှုံးမှုများပင်ဖြစ်သည်။
(3)Blow by gasနှင့်အတူ အင်ဂျင်ဝိုင်များပါဝင်သဖြင့် အင်ဂျင်ဝိုင်ဆုံးရှုံးခြင်း။ Piston&Rings&Sleeveများချောင်လာသောအခါ(Combustion Stroke)မီးလောင်ပေါက်ကွဲမှုဖြစ်ချိန်တွင်အခိုးငွေ့များကိုလုံခြုံအောင်တွန်းကန်ထားနိုင်ခြင်းမရှိတော့ဘဲအောက်ဘက် Crankcase ဘက်သို့အခိုးငွေ့များကျော်ဝင်လာသည်။၎င်းအခိုးငွေ့များလွန်ကဲစွာများလာခြင်းသည် အင်ဂျင်ကျခြင်းပင်ဖြစ်သည်။၎င်းအခိုးငွေ့များနှင့်အတူ အင်ဂျင်ဝိုင်များပါလာတတ်သဖြင့် အင်ဂျင်ဝိုင်စားခြင်းများဖြစ်လာသည်။ဤအခြေနေတို့တွင် အင်ဂျင်ကိုင်ခြင်းပြုလုပ်ရန် လိုအပ်သည်။

ဒီနေ့တော့ဒီလောက်ပဲဗျာ။နောက်ရက်ကျရင် မိမိကားအင်ဂျင်ကို သက်တန်းကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို ထပ်တင်ပေးပါ့မယ်။
အားလုံးပဲ Page ကို Like&Follow လုပ်ပြီး စောင့်မျှော်ပေးကြပါအုံးနော်။

လူကြီးမင်းတို့ကားများပြင်ဆင်ရန်လိုအပ်လာခဲ့လျှင် ကျနော်တို့ ရဲ့ (ငွေဇင်ယော်ကားဝပ်ရှော့) ကိုလည်းဆက်သွယ်ပေးဖို့တောင်းဆိုပါတယ်။ ဝပ်ရှော့ကိုလာရန်မအားခဲ့လျှင်လည်း ကားလာယူပေးသည့်ဝန်ဆောင်မှု လည်းရှိပါတယ် ခဗျ။ကျေးဇူးတင်ပါသည်။
ဆက်သွယ်ရန်- 09426492997

Address

Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959954505600

Website

Alerts

Be the first to know and let us send you an email when Ko Shae Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share