31/08/2020
Plug လဲဖို့လိုအပ်နေပြီလား?
_လူကြီးမင်းတို့ရဲ့ကား စက်နှိုးရခက်နေမယ်.အင်ဂျင်အထနှေးပြီးအဆွဲအရုံးကျလာမယ်.RPMမမှန်တော့ဘူး.ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမယ်.ဆီစားများနေမယ်.အင်ဂျင်တုန်ခါနေမယ်ဆိုရင်တော့ plug စစ်ဆေးကြည့်ဖို့ လိုနေပါပြီ.
_ပုံမှန်ဆိုရင်တော့ plug ကိုkilo10000ပြည့်တိုင်းလဲလှယ်သင့်ပါတယ်.Injector နဲ့ Air Filter မှာ ဂျေးပိတ်နေခဲ့ရင် plugမှာ ကာဗွန်တွေ ကပ်ငြိပြီး ပျက်နိုင်သလိုIgnition coil အက်နေရင်လဲ plug မကောင်းဖြစ်တတ်ပါတယ်.
_Spark plug ကိုစစ်ကြည့်လို့ plug ငုတ်ကဖြူနေရင် ဆီနဲ့ လေ အချိုးမှာ ဆီအချိုးနဲနေပြီး plug ငုတ်မဲနေခဲ့ရင် ဆီနဲ့လေ အချိုးမှာ ဆီအချိုးများနေတာ သိနိုင်ပါတယ်ဗျ.
_Head Range က plug ရဲ့ထိပ်ဖျားကနေ engine cylinder head ဆီကိုအပူချိန်မြန်မြန်ရွေ့လျားပေးဖို့ လုပ်ဆောင်ပေးပါတယ်.မီးပွားထွက်လာတဲ့အချိန်မှာ plug ထိပ်အပူချိန်လျော့နေခဲ့ရင် carbon,engine oil နဲ့ မီးကြွင်းမီးကျန် ဖုန်မှုန့်တွေက plug မှာကပ်ငြိပြီး မီးပွားအထွက်နည်းနိုင်သလို plug ထိပ်အပူချိန် အရမ်းပူနေခဲ့ရင် pre-ignition ဖြစ်နိုင်ပြီး center electrode ပျက်စီးနိုင်သလို piston ထိခိုက်နိုင်ပါတယ်.
_Terminal က ignition စနစ်နဲ့ ဗို့အားတွေ plug ဆီရောက်ဖို့ လုပ်ဆောင်ပေးပြီး High tension cord (ဗို့အားမြင့် လျှပ်စစ်)နဲ့ ဆက်သွယ်ထားပါတယ်.High tension cord မှတဆင့် terminal ဆီ ဖြတ်ပြီး plug မှ မီးပွားထွက်လာပါတယ်.Terminal က Center electrode နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်.
_Plug လဲမယ်ဆိုရင် iridium plug တွေက မီးပွားထွက်ရှိမှု ပိုကောင်းပြီး head range တူတာကိုပဲ လဲလှယ်သင့်ပါတယ်.
👉🏻ကျွန်တော်တို့ရဲ့ Total Car Care မှာလည်းလူကြီးမင်းတို့ ကားများကို စိတ်တိုင်းကျ စစ်ဆေးပြုပြင်နိုင်ပါတယ်ခင်ဗျား.
🛠Total Car Care🛠
အမှတ် 904,ပင်လုံလမ်းမကြီး,34 ရပ်ကွက်,အသင်းဝင်နှင့် 35မှတ်တိုင်ကြား,မြောက်ဒဂုံမြို့နယ်,ရန်ကုန်မြို့
☎09-886562886,09-799777567
Zawgyi.
Plug လဲဖို႔လိုအပ္ေနၿပီလား?
_လူႀကီးမင္းတို႔ရဲ႕ကား စက္ႏွိုးရခက္ေနမယ္.အင္ဂ်င္အထႏွေးၿပီးအဆြဲအ႐ုံးက်လာမယ္.RPMမမွန္ေတာ့ဘူး.ကားကတြန့္ဆုတ္တြန့္ဆုတ္ျဖစ္ေနမယ္.ဆီစားမ်ားေနမယ္.အင္ဂ်င္တုန္ခါေနမယ္ဆိုရင္ေတာ့ plug စစ္ေဆးၾကည့္ဖို႔ လိုေနပါၿပီ.
_ပုံမွန္ဆိုရင္ေတာ့ plug ကိုkilo10000ျပည့္တိုင္းလဲလွယ္သင့္ပါတယ္.Injector နဲ႕ Air Filter မွာ ေဂ်းပိတ္ေနခဲ့ရင္ plugမွာ ကာဗြန္ေတြ ကပ္ၿငိၿပီး ပ်က္နိုင္သလိုIgnition coil အက္ေနရင္လဲ plug မေကာင္းျဖစ္တတ္ပါတယ္.
_Spark plug ကိုစစ္ၾကည့္လို႔ plug ငုတ္ကျဖဴေနရင္ ဆီနဲ႕ ေလ အခ်ိဳးမွာ ဆီအခ်ိဳးနဲေနၿပီး plug ငုတ္မဲေနခဲ့ရင္ ဆီနဲ႕ေလ အခ်ိဳးမွာ ဆီအခ်ိဳးမ်ားေနတာ သိနိုင္ပါတယ္ဗ်.
_Head Range က plug ရဲ႕ထိပ္ဖ်ားကေန engine cylinder head ဆီကိုအပူခ်ိန္ျမန္ျမန္ေ႐ြ႕လ်ားေပးဖို႔ လုပ္ေဆာင္ေပးပါတယ္.မီးပြားထြက္လာတဲ့အခ်ိန္မွာ plug ထိပ္အပူခ်ိန္ေလ်ာ့ေနခဲ့ရင္ carbon,engine oil နဲ႕ မီးႂကြင္းမီးက်န္ ဖုန္မႈန့္ေတြက plug မွာကပ္ၿငိၿပီး မီးပြားအထြက္နည္းနိုင္သလို plug ထိပ္အပူခ်ိန္ အရမ္းပူေနခဲ့ရင္ pre-ignition ျဖစ္နိုင္ၿပီး center electrode ပ်က္စီးနိုင္သလို piston ထိခိုက္နိုင္ပါတယ္.
_Terminal က ignition စနစ္နဲ႕ ဗို႔အားေတြ plug ဆီေရာက္ဖို႔ လုပ္ေဆာင္ေပးၿပီး High tension cord (ဗို႔အားျမင့္ လွ်ပ္စစ္)နဲ႕ ဆက္သြယ္ထားပါတယ္.High tension cord မွတဆင့္ terminal ဆီ ျဖတ္ၿပီး plug မွ မီးပြားထြက္လာပါတယ္.Terminal က Center electrode နဲ႕ တိုက္ရိုက္ခ်ိတ္ဆက္ထားပါတယ္.
_Plug လဲမယ္ဆိုရင္ iridium plug ေတြက မီးပြားထြက္ရွိမႈ ပိုေကာင္းၿပီး head range တူတာကိုပဲ လဲလွယ္သင့္ပါတယ္.
ကြၽန္ေတာ္တို႔ရဲ႕ Total Car Care မွာလည္းလူႀကီးမင္းတို႔ ကားမ်ားကို စိတ္တိုင္းက် စစ္ေဆးျပဳျပင္နိုင္ပါတယ္ခင္ဗ်ား.
Total Car Care
အမွတ္ 904,ပင္လုံလမ္းမႀကီး,34 ရပ္ကြက္,အသင္းဝင္ႏွင့္ 35မွတ္တိုင္ၾကား,ေျမာက္ဒဂုံၿမိဳ႕နယ္,ရန္ကုန္ၿမိဳ႕
09-886562886,09-799777567