Renew Auto Detailing

Renew Auto Detailing feel again with Renew

24/10/2021

🚘Toyota Mark2
✨Interior detailing

☎️09425304608

24/10/2021

🚘Toyota Mark2
✨Interior detailing

☎️09425304608

24/10/2021

🚘Toyota Mark2
✨Polish & paint protection
Used chemical by
🇺🇸Chemical Guys
🇺🇸Meguiars

☎️09435304608

🙂ဒီနေ့ Premium Wash လုပ်ပေးဖြစ်တဲ့ကားလေးပါ🙂အရင်လိုဆိုင်မှာ ကလေးတွေလည်းမရှိတော့ တစ်ယောက်ထဲ ဖြေးဖြေးနဲ့အေးအေးဆေးဆေးပဲ လုပ်...
17/09/2021

🙂ဒီနေ့ Premium Wash လုပ်ပေးဖြစ်တဲ့ကားလေးပါ

🙂အရင်လိုဆိုင်မှာ ကလေးတွေလည်းမရှိတော့ တစ်ယောက်ထဲ ဖြေးဖြေးနဲ့အေးအေးဆေးဆေးပဲ လုပ်ပါတယ်

🙂ကားလာအပ်ပေးတဲ့အစ်ကိုကလည်းနားလည်မှုအပြည့်နဲ့ ညီလေးအေးဆေးလုပ်တဲ့
ဒီနေ့တခြားကားပဲသုံးမယ်တဲ့

🙂အဲ့လိုနားလည်ပြီးအချိန်ပေးတာကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ

🙂အချိန်ပေးတာနဲ့ထိုက်တန်အောင်အကောင်းဆုံးကြိုးစားပြီး service ပေးထားပါတယ်

🚘Lexus V8 LX470
🧼Premium Wash & Wax
🦠Nano mist

🙏Thanks for coming
🙏ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေ

# Renew Auto Detailing
# wash
# detailing
# polish
# coating
No.886,U Yarzat St,35 Ward,
North Dagon Tps,Ygn.
📲09 425304608

ကားပိုင်ရှင်များ အတွက် ဗဟုသုတ​​လေးပါ။ 💢ကားအသစ် တစီးဝယ်လာတယ်      Polish and Coating လုပ်သင့်ပါသလား?💢ကားအသစ် ဆိုသည်မှာ ၂မ...
28/05/2021

ကားပိုင်ရှင်များ အတွက် ဗဟုသုတ​​လေးပါ။

💢ကားအသစ် တစီးဝယ်လာတယ်
Polish and Coating လုပ်သင့်ပါသလား?💢

ကားအသစ် ဆိုသည်မှာ ၂မျိုးရှိပါတယ်....
USE ကားကို ဝယ်လာတာလား?Zero Kilo ကားလား?
၂မျိုးလုံး​သော ကားအသစ်​ရော ကားအ​ဟောင်း​ရော အတွက် Polish and Coating လုပ်ကို လုပ်ထားသင့်ပါတယ်။
ကားတစီး၏​ဆေးသား သက်တမ်းသည် အကြမ်းဖျဥ်း ၁၀နှစ် Warranty ​ပေးထားပါတယ်။USE ကားအသစ် သည် ဘယ်သူ့လက်ထဲတွင် မည်ကဲ့သို့ စီးနင်းထားမှန်းမသိပါ။ZERO KILO ကားသည် မိမိ လက်ထဲတွင် မိမိ ​မောင်း
သည့်အတိုင်း ​ဆေးသား တန်ဖိုး ​လျော့လာမည် ဖြစ်သည်။
ထို့​ကြောင့် ကားအသစ်​ရော ကားအ​ဟောင်း​ရော စဝယ်သည့်အချိန်မှ စ၍ (သို့) ယခုအ​ကြောင်းအရာကို သိသည့်အချိန်မှ စ၍ Polish and Coating လုပ်ပီး ထိန်းသိမ်းခြင်းဖြင့် မူလ ဝယ်ကထဲက အတိုင်း စို​ပြေ​တောက်​ပြောင်ခြင်း​လျော့လာမှု့ အ​ရောင်မွဲ​ခြောက်မှု့ အ​ရောင်လွင့်မှု့ အ​ရောင်​ပြောင်းမှု့ စင်းရာ ခြစ်ရာ ​များဖြစ်​ပေါ်မှု့ ​နေဒဏ်​လေဒဏ်​ရေဒဏ် ဖုန်မှုန့်သဲ စသည့်ရာသီဥတု ဒဏ်တို့မှ အပြည့်အဝ ကာကွယ်​
​ပေးထားပီး ကားတန်ဖိုး ကျဆင်းမှု့ကို ကာကွယ်နိုင်ပါတယ်။

💢Polish and Coating ဘာ​ကြောင့် ပြုလုပ်သင့်
ပါသလည်း?💢

ကားတစီး ကို Polish & Coating လာ​ကြောင့် ပြုလုပ်ရသလဲဆိုတော့ နိင်ငံအခြေနေကြောင့် ကားတစီးကို မောင်းနှင်သွားသည့်အချိန်မှာ လေထုထဲတွင် ဖုန်များ/သဲများကြောင့်/ရေဆေးရာတွင်နည်းစနစ် မမှန် သောကြောင့်/​ရေသုတ် ဝတ်များ ဖုန်သုတ်ဝတ်များ စသည်တို့​ကြောင့်
ကား၏​ဆေးသား လိုက်ကာပေါ်တွင် Paint Scratch - Hologream- Swal Mart တို့ဖြစ်ပေါ်လာမှု့ကို
ကာကွယ်ရန်ဖြစ်ပါသည်။
Light Swirls (သာမာန်အစင်းကြောင်း အစင်းရာတွေ)
Acid rain (အက်ဆက်ဓာတ်လွန်ကဲသောမိုး/မိုး​ရေ)
Light Sceatches(သာမာန်အခြစ်ရာများ/​ခွေး​ကြောင်ထြစ်ရာ အ​သေး​လေးများ)
Water Spots(ရေခြောက်ကွက်များ)
သဘာဝပတ်ဝန်းကျင်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ (Oxidation)ဂျီးများ
Tars(ကတ္တရာအစက်များ)
Bird Dropping etching(ငှက်/ခိုချေးများ)
Treesept (သစ်ပင်အစေးများ )
ထို့အပြင် ကားရဲ့ဆေးသားတွေဟာ ရှိသင့်ရှိအပ်သော အရောင်မထွက်ဘဲ အရောင်မှိန်ခြင်း/အ​ရောင်မွဲခြင်း
များကို ကာကွယ်ပေးရန် Polish and Coating ပြုလုပ်
ကြခြင်း ဖြစ်သည်။

Coating တင်ထားလျှင် ကားမှာ မတော်တဆ ထိခိုက်မိသော ခဲစင်ခြင်း၊အစင်းရာ၊အခြစ်ရာများကိုလည်း ကာကွယ်စေပါတယ်။
ထို့အပြင် သူ့ရဲ့ စွမ်းဆောင်ရည်က Coating ရဲ့ မာကြောမှု Level အလိုက် သာမာန် ထိခိုက်မိတဲ့ အစင်းရာ အခြစ်ရာလေးတွေဖြစ်ခဲ့ရင် လွယ်ကူစွာ ကျွမ်းကျင်သည့် Detailing ပညာရှင်များ အ​နေဖြင့်နဲ့ ဖျောက်လို့ရပါတယ် ။ ဘာလို့လည်းဆိုတော့ အောက်ကဆေးသားကို သွားမထိဘဲနဲ့ Coating သားပေါ်မှာဖြစ်လာတဲ့ အစင်းရာခြစ်ရာ များဖြစ်ခြင်းကြောင့်ပါ။

💢Polish and Coating လုပ်ထားခြင်းဖြင့်
မည်သည့် ကောင်းအကျိုးများ ရ​စေပါသလဲ?💢

ဘာမှမဖြစ်သေးသည့်အချိန်တွင် ကြိုတင်ကာကွယ်မှု့ကအကောင်းဆုံးပါ..Coating တင်ထားခြင်းဖြင့် Car Polish ခဏခဏ တိုက်စရာမလိုတော့ခြင်း ဆေးသား
လိုက်ကာကို အပေါ်ယံ အလွှာတခုနေဖြင့် ဖုံးအုပ်ကာ
ကွယ်ထားခြင်းကြောင့် စင်းရာခြစ်ရာများ/နေလောင်
ဒဏ်များ/သစ်ဆေး/ငှက်​ချေး များကြောင့် ဆေးသားထဲ
စိမ့်ဝင်သွားခြင်းများကို ကာကွယ်မှု့ပေးပါသည်။
ကာကွယ်ရာတွင် အချိန်ကြာမြင့်သွားချိန်လျှင်​တော့ မလွယ်ကူပဲ သိသိခြင်း ရေဆေးချပေးယုံဖြင့် ဆေးသားလိုက်ကာထဲစိမ့်ဝင်သွားမှု့ကို ကာကွယ်မှု့ပေးပြီးပြန်လည်တောက်ပြောင်စိုပြေလာခြင်းတို့ကို စွမ်းဆောင်ပေးပါသည်။
Car Coating လုပ်တာဟာ Car Body ရဲ့
တန်ဖိုးကြီးတဲ့ ဆေးသားလိုက်ကာ အလွှာအပေါ်ကို ပိုပြီး တောက်ပြောင်ရုံသာမက ရေရှည် ဒဏ်ခံနိုင်မှု့များ ရရှိအောင် အထူးစီမံပြုလုပ်ထားတဲ့
တန်ဘိုးကြီးအလွှာ တစ်ခု ထပ်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။
မူလဆေးသားသက်တမ်း ကြာရှည်ခံနိုင်ရည် ရှိတဲ့အပြင်
အမြဲ အလှပဆုံးအခြေအနေကိုလည်း ဖန်တီးနိုင်ပါတယ်။

💢Car Polish and Coating လုပ်ဖို့ ဘယ်လို​
ရွေးချယ်ရမလည်း?💢

Car Polish and Coating ကိုလဲရွေးချယ်မှု့မှန်ကန်ဖို့လိုအပ်ပါသည်။
Coating လုပ်မယ်ဆိုရင် Waxs၊ Sealants တို့ထက် စျေးပိုကြီးတာက သူရဲ့ စျေးသည် High Price/High Value မှာရှိနေပြီး ၊ Coating တင်တဲ့ Step by Step Procedure အတိုင်းစနစ်တကျ ကျွမ်းကျင်စွာ လုပ်ဆောင်ရပါတယ်။Condition Of The Car ​ပေါ်မှာ မူတည်ပီး ကျွမ်းကျင်စွာ စနစ်တကျ Polish တိုက်ပီးမှသာ Coating တင်ရန် ဖုန် အညစ်အကြေး Chemical တွေ ကျန်မနေစေဖို့က အစ ရာသီဥတုအပူချိန် စိုစွတ်ထိုင်းမှိုင်းမှု့များ စတဲ့ အ​သေးစိတ်ကအစ ဂရုတစိုက် ပြုလုပ်ရပါတယ်။

တန်ဘိုးကြီး Coatings တွေမှာတော့ Organic ပစ္စည်းက မပါဝင်သလောက်တွေ့ ရပါတယ်။
Ingredients အများစု ကဓာတုဗေဒ ပစ္စည်းတွေပဲ
ဖြစ်ပါတယ်။ အနံ့လည်းအရမ်းပြင်းပါတယ်။
ဒါကြောင့် အသုံးပြုမယ်ဆိုလျှင် လက်အိတ်/မျက်မှန်/မျက်နှာဖုံးစတဲ့ Personal Protective Equipment တွေအသုံးပြုဖို့လိုအပ်ပါတယ်။
အသားအရေနဲ့ မျက်နှာ၊မျက်လုံး စတာတွေကိုမထိခိုက်မိဖို့ သတိပြု ရမှာပါ။

Polish and Coating မလုပ်ခင်မှာ Detailing ရဲ့မဖြစ်မနေလုပ်ရမယ့် အဆင့်တွေကိုလုပ် ဆောင်ရပါ မယ်။
သုံးသည့်ဆေး Coating ​ဆေးလည်း အဓိကကျပါသည်။
အွန်လိုင်းပေါ်တွင် ပေါပေါပဲပဲ ဝယ်လို့ရသလို တကယ့်အရည်သွေးကောင်း ကမ္ဘာအဆင့်မှီ Coating တွေလည်းများစွာရှိပါသည်။
Coating ကို ထုတ်လုပ်သည့်နိင်ငံမှ တိုက်ရိုက်ဝယ်
ယူသုံးစွဲပီး Warranty အပြည့်ဖြင့် Professional နှင့် စနစ်တကျတက်ကျွမ်းသည့် ဆိုင်​တွေ မှာ Service အပ်သင့်ပါတယ်။
Service ပြုလုပ်သည့် ဆိုင်များ အ​နေဖြင့်
လည်း အပူချိန်အကြောင်းကို ကောင်းစွာသိရှိနားလည်
ခြင်း ကျွမ်းကျင်ပိုင်နိင်ခြင်း စေတနာအပြည့်ဝထားပြီး
လုပ်ကိုင်ဆောင်ရွက်ခြင်း ဟာလည်း အရေးကြီးပါသည်။ အထူးသတိပြုရမှာက Coating မှာ အပူချိန်/အခန်း
တွင်းအပူချိန် နှင့် တင်သည့်နည်းစနစ်တွေဟာ အရေး
ကြီးပါသည်။
(အ​တွေ့အကြုံများအရ တချို့ youtube မှကြည့်၍ အလွယ်တကူ ​စျေးသက်သာသည့် ...made coating များလုပ်၍ ​ဆေးသားပြသာနာများ အ​မြောက်အများ ကြုံ​တွေ့ပီး ပြန်​ဆေး ဖြစ်သွားသည့် နစ်နာသည့် ကားပိုင်ရှင်များ
များစွာ​တွေ့ဖူးပါသည်။)

ကားကိုအရမ်းကြီး ခဏတာပြောင်လတ်သွားစေဖို့ထက် ကား၏ဆေးသားလိုက်ကာကို အမြဲ အပြည့်အဝ ကာကွယ့်မှု့ပေးထားသည့်လုပ်ဆောင်ချက်က ပိုအရေးကြီးပါသည်။
ယခု​နောက်ပိုင်းကား​ဆေးသားလိုက်ကာများသည် ယခင်ကားဆေးသားများကဲ့သို့ လိုက်ကာထုထည်ကြီးများမပါရှိတော့သည်မှာ တိုင်းတာချက်များအရ သိရှိရပါသည်။

မိမိ ကားကို coating တင်ထားတာဘဲ ​ဟိုင်း​​ဝေး​တွေလည်း
အမြဲ​မောင်း ပြန်လာရင်လည်း ​ရေမ​ဆေး မိုး​ရေထဲအမြဲပစ်ထား ကြုံရာ ဆပ်ပြာကြမ်း​တွေ ​ဂေါင်း​​လျော်ရေ​တွေနဲ့​ဆေး မ​ကျေနပ်ဘူးဆိုပီး သံ​ချောင်းနဲ့ ဒင်းကြမ်းခြစ် လုပ်မယ်ဘာညာ ဆိုလျှင်​တော့ coating မ​ပြောပါနဲ့ ​​နောက်ထပ်သံပြားတချပ် ထပ်အုပ်ထား​တောင် အဆင်မ​ပြေနိုင်ပါဘူး​နော်။

လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်ကဆေးသားနှင့်ယခု
ဆေးသား တူညီမှု့မရှိတော့ပါ။ယခင်က ကြွေဆေး
ပုံစံ ဆေးမူတ်သော်လည်း ယခုကားများထုတ်လုပ်သည့်အခါ ပလပ်စတစ် ဖလင်ပြားအထူလောက်ပဲရှိတော့သော ဆေးမှုတ်သည့်နည်းစနစ်ကို ပြောင်းလည်းကျင့်သုံးလာကြပါသည်။
ထို့​ကြောင့် ဆံချည်မျှင်တပင်မျှသာ အထူရှိ​သော မိမိတို့၏ကား​ဆေးသား ကို မူလတန်ဖိုး အတိုင်းရှိ​နေ​စေရန်
ကြိုတင်ကာကွယ်မှု့ထားမှု့များ လိုအပ်ပါသည်။
Coating သည် အော်ရီဂျင်နယ်ဆေးသားကို ထူအောင်အလွှာ တခု ထပ် ပြုလုပ်လိုက်ခြင်းဖြစ်ပါသည်။

💢Car Polish and Coating လုပ်ပြီးသွားရင်
ကား​ဆေးသား ကစိတ်ချရပီလား သူ့အတွက်
ပီးပီ​ပေါ့?💢

Car Polish and Coating မှာက သူ့ရဲ့ သတ်မှတ်ချက်
Warranty အတိုင်း ကို ပုံမှန် သေချာ​လေး 1month/2months တစ်ကြိမ် Wax သို့ Sealant တင်ပီး ထိန်းသိမ်းပေးပီး ​ရေ​ဆေးတိုင်း car shampoo ​လေးသုံး​ပေးရုံဖြင့် သတ်မှတ်ကာလ နှစ်ပြည့်လျှင် နောက်ထပ် Coating ထပ်မံပြုလုပ်နိုင်ပါတယ်။Coating တင်ထားတာ သတ်မှတ်ကာလပြည့်လျှင် ထိန်းသိမ်းမှု့​ကောင်းရင် ​ကောင်းသလိုဆက်လက်၍စီးနိုင်ပီး ထပ်မံကာကွယ်မှု့လိုချင်ပါက နှစ်
ပြည့်လျှင် ထပ်မံPolish and Coating Service လုပ်တာက ပိုမို ​ကောင်းမွန်ပါသည်။Car Coating သည် နှစ်ပြည့်လျှင် အလွှာလိုက်ကွာကျတာမျိုး အဖတ်​တွေကွာလာတာမျိုး မဟုတ်ပါ သူ၏သက်တမ်း အတွင်းမှာ Layer တခုအ​နေနဲ့ကာကွယ်​ပေးထားပီး တ​ဖြေး​ဖြေး ​ရေ​ဆေးရင်း ​ရေစိုရင်း သွားလာရင်း ပါးလာပီး ကုန်လာသလိုမျိုးပါ။
ဒါကြောင့် မိမိကားအပေါ်ထိန်းသိမ်း​ပေးနိုင်​လေ ကြာရှည်ခံနိုင်ရည် ရှိ​လေ ဖြစ်ပါသည်။

အချိန်​ပေး ဖတ်​ပေးတဲ့ အတွက် ​​ကျေးဇူးတင်ပါတယ်။
ကား​ဘော်ဒီ ​ဆေးသား ထိန်းသိမ်းမှု့ ကြုံ​တွေ့​နေရတဲ့
ပြသာနာများနဲ့ပက်သက်ပီး အကြံဥာဏ်များလိုအပ်ပါက တိုင်ပင်​ဆွေး​နွေးချင်ပါက ကြိုဆိုပါတယ်။

-Sir Aung Aung Oo

😊Services Avaiable.

😊ကျွန်တော့မိတ်ဆွေများကို အသိပေးအပ်ပါတယ်🏘️ကျွန်တော့ရဲ့   auto detailing ဆိုင်လေးကို ပြန်လည်ဖွင့်လှစ်ပြီး Services များကို...
16/05/2021

😊ကျွန်တော့မိတ်ဆွေများကို အသိပေးအပ်ပါတယ်
🏘️ကျွန်တော့ရဲ့ auto detailing ဆိုင်လေးကို ပြန်လည်ဖွင့်လှစ်ပြီး Services များကိုလည်းပုံမှန်ဆောင်ရွက်ပေးနေပါပြီခင်ဗျာ
👋ခက်ခဲတဲ့ကာလတစ်ခုမှာ အချိန်၃လနီးပါးကြာအောင်လုပ်ငန်းတွေရပ်ထားခဲ့ရပေမယ့် ကျွန်တော်ချစ်တဲ့ကားလေးတွေကို အမြဲလှပတောက်ပြောင်နေတာကိုမြင်ချင်တာရယ် မိတ်ဆွေတို့လည်း မိမိတို့ရဲ့ကားလေးတွေကို အတွင်းအပြင် သန့်ရှင်းလှပစွာစီးစေချင်တဲ့စေတနာကြောင့်လည်းပါပါတယ်
🙏နောက်တစ်ခုကတော့ အခုလိုကာလမှာ ကျွန်တော်တို့လိုတစ်နိုင်တပိုင်လုပ်ငန်းလေးတွေအတွက်လည်း တော်တော်လေးကိုခက်ခဲရုန်းကန်ရပါတယ်
✊အခြေအနေအရဝန်ထမ်းအင်အားတွေလျော့သွားပေမယ့် service တွေကိုတော့အရင်လိုပဲအရည်အသွေးပြည့်ဝစွာကျွန်တော်ကိုယ်တိုင်ဆက်လက်လုပ်ဆောင်ပေးသွားမှာပါခင်ဗျာ😁
💪ကျွန်တော့ကိုယုံကြည်စွာအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
💪အခက်အခဲတွေဘယ်လောက်ပဲရှိရှိဆက်လက်ပြီးကြိုးစားနေဦးမှာမို့ ယုံကြည်စွာနဲ့ဆက်လက်ပြီးအားပေးကြပါဦးလို့တောင်းဆိုပါရစေခင်ဗျာ🙏



detailing



Shop & Mobile Services
No.886,U Yar Zat St,35 Ward,
North Dagon Tps,Yangon.
☎️09425304608

🚘Suzuki Ciaz✨Polish & Sealant paint protection🧹Engine Bay Cleaning🦠Nano mist😊Thanks for coming 😊🥰feel again with Renew🥰 ...
17/01/2021

🚘Suzuki Ciaz
✨Polish & Sealant paint protection
🧹Engine Bay Cleaning
🦠Nano mist

😊Thanks for coming 😊

🥰feel again with Renew🥰

& wax




Auto Detailing
Car Wash,Polish & Coating
Shop & Mobile Service
No.886,U Yar Zat St,35 Ward,
North Dagon Tps,Yangon.
👨‍🔧Ko Sithu
📲09425304608

Suzuki CiazBefore & 2 Step AfterPolish & Sealant paint protection
16/01/2021

Suzuki Ciaz
Before &
2 Step After
Polish & Sealant paint protection

🚘Toyota Wish🧼Wash & Wax🦠Nano mist😊Thanks for coming 😊🥰feel again with Renew🥰  & wax     Auto DetailingCar Wash,Polishing...
09/01/2021

🚘Toyota Wish
🧼Wash & Wax
🦠Nano mist

😊Thanks for coming 😊

🥰feel again with Renew🥰

& wax




Auto Detailing
Car Wash,Polishing & Coating
Shop & Mobile Service
No.886,U Yar Zat St,35 Ward,
North Dagon Tps,Yangon.
👨‍🔧Ko Sithu
📲0 9 4 2 5 3 0 4 6 0 8

Address

No. 886, U Yar Zat Street, 35 Ward, North Dagon Tps
Yangon
11421

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959425304608

Website

Alerts

Be the first to know and let us send you an email when Renew Auto Detailing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Renew Auto Detailing:

Share